လူယုတ်မာကောင်။
Vol. 27 Ch. 364
ဘာသာပြန်:The Fate
တောင်ပိုင်းနယ်မြေ၏ အရှေ့မြောက်ဘက်တွင် တည်ရှိသော ယွမ်ဟွမ်မြို့တော်သည် တောင်ပိုင်းနယ်မြေရှိ အကြီးဆုံးမြို့တော်များအနက် တစ်ခုဖြစ်လေသည်။ ဤနေရာတွင် အထူးအင်အားစုသုံးစုထက် တစ်ဆင့်သာ နိမ့်ကျသော လင်မိသားစု နေထိုင်၏။
လင်မိသားစု၏ ကံတရားမှာ ဒဏ္ဍာရီဆန်လှသည်။
လင်မိသားစု၏ ပထမဆုံးဘိုးဘေး လင်ယောင်ကျန်းသည် အမှိုက်ကောင်တစ်ကောင်ဖြစ်ပြီး အခြားသောသူများ၏ အနိုင်ကျင့်ခြင်းကို အစဥ်အမြဲခံခဲ့ရသည်။သူဟာ အဆုံးစွန်အထိ ဖိအားပေးခံခဲ့ရပြီး တောင်ထိပ်တစ်ခုပေါ်မှ ခုန်ချခဲ့သည်။ ရလဒ်အနေဖြင့် မြင့်မြတ်သော ထာဝရစွမ်းအားစုတစ်စု၏ အမွေအနှစ်ကို လက်ခံရရှိလိုက်သည်။ ထိုအချိန်မှစ၍ လင်မိသားစုသည် မိသားစုငယ်လေးမှ အထူးအင်အားစုသုံးစုထက် တစ်ဆင့်သာနိမ့်ကျသော မိသားစုကြီးအဖြစ် တိုးတက်ပြောင်းလဲလာခဲ့ကာ တောင်ပိုင်းနယ်မြေတစ်ခွင်၌ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့လေသည်။
လင်ယောင်ကျန်းသေဆုံးသွားသော်လည်း သူချန်ထားခဲ့သည့် အမွေအနှစ်များမှာ လင်မိသားစုကို တောင်ပိုင်းနယ်မြေအတွင်း ရပ်တည်နေထိုင်နိုင်စေရန် လုံလောက်သည်ထက် ပိုနေခဲ့သည်။ ဤကနေ့ လင်မိသားစု၏ခေါင်းဆောင် လင်လုံက ပို၍တောင် သူရဲကောင်းဆန်သေးသည်။ ပြောရပါလျှင် သူဟာ တောင်ပိုင်းနယ်မြေအတွင်းရှိ အသန်မာဆုံး ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သည်။
လင်လုံ၏ကျင့်ကြံမှုမှာ နတ်ဝိဇ္ဇာအထွတ်အထိပ်မျှ မြင့်မားသည်။ ယခင်က အထူးအင်အားစုသုံးစုကတောင် သူ့အပေါ် အတော်လေး တရိုတသေဆက်ဆံခဲ့ရသည်။ သို့ပါသော်လည်း အထူးအင်အားစုသုံးစုဖျက်စီးခံလိုက်ရပြီး ရှန်ရှန်ကျုံဂိုဏ်းက တောင်ပိုင်းနယ်မြေ၏ အရှင်သခင်ဖြစ်လာသည့်အခါ လင်လုံကလည်း တုံ့ဆိုင်းနေခြင်းမရှိဘဲ လင်မိသားစုကို ခေါ်ဆောင်၍ ရှန်ရှန်ကျုံဂိုဏ်းကို အညံ့ခံခဲ့သည်။
ရှန်ရှန်ကျုံးဂိုဏ်းအကြီးအကဲများ ရောက်မလာခင်ကတည်းက လင်မိသားစုနှင့် အပေါင်းအပါများက ရှန်ရှန်ကျုံဂိုဏ်းကို အညံ့ခံပြီဆိုသော သတင်းမှာ အစကတည်းက ထွက်လွှင့်နေပြီးသားဖြစ်သည်။ ထို့အတွက်ကြောင့်ပဲ ကျန်းစန်းဖုန်းတို့ရောက်ရှိလာသည့်အခါ လင်မိသားစုနေထိုင်ရာနှင့် အနီးတဝိုက်မြို့များကို လွယ်လင့်တကူ အညံ့ခံစေလိုက်သည်။
လင်မိသားစု၏ ခန်းမကြီးအတွင်းတွင် ပိုးထည်နှင့် ကျောက်စိမ်းဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်က လင်အိမ်တော် အဓိကပုလ္လင်ပေါ်၌ ထိုင်နေခဲ့သည်။ သူက ခြေထောက်ကို ချိတ်လျက်ထိုင်နေပြီး မောက်မာထောင်လွှားသော အသွင်အပြင်ရှိသည်။
ထိုလူငယ်လေး၏ အမည်နာမမှာ တန်ပုရှောင်ဖြစ်သည်။ သူဟာ အသက်သုံးဆယ်အရွယ်ခန့်မျှရှိပြီး သူ၏ ပုံပန်းသွင်ပြင်မှာ မှတ်မိလောက်စရာ မရှိပါပေ။ သို့ပါသော်လည်း သူ့မျက်နှာထက်ရှိ မောက်မာထောင်လွှားမှုများကတော့ မိုးထိအောင် မြင့်မားနေခဲ့သည်။
တန်ပုရှောင်သည် ဤနေရာတစ်ဝိုက်တွင် ကျော်ကြားသော လူတစ်ယောက် ဖြစ်ပါသည်။ သူဟာ အရှေ့ပိုင်းမြို့သစ်ရှိ အင်အားကြီးမိသားစုဖြစ်သော တန်မိသားစုရဲ့ အကြီးဆုံးသားဖြစ်သည်။ အရှေ့ပိုင်းမြို့သစ်သည် ယွမ်ဟွမ်မြို့၏ အနီးဝန်းကျင်တွင် တည်ရှိလေသည်။ သူဟာ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ဘုံနန်းရှင် နတ်မင်းအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့သည်။ ဤနေရာဒေသတစ်ဝိုက်တွင် ကျော်ကြားသော လူငယ်မျိုးဆက်တစ်ယောက်ဟု ခေါ်ဆိုနိုင်လေသည်။
သို့ပါသော်လည်း တန်မိသားစုမှာ အင်အားကြီးသော်လည်း စက်စုပ်ရွံ့ရှာဖွယ်ကောင်းလှသည်။ သူတို့ဟာ လေယူရာယိမ်းတတ်သော မြက်ပင်များ၏ သဘောသဘာဝကို ထုတ်ဖော်ပြသခဲ့သည်။ ရှန်ရှန်ကျုံ့ဂိုဏ်းက အထူးအင်အားစုသုံးစုကို ဖျက်စီးပြီး တောင်ပိုင်းနယ်မြေ၏ အာဏာရှင်ဖြစ်လာသည့်အခါ သူတို့က အယောင်ပြသာ ခုခံပြီး ဒူးထောက်အရှုံးပေးလိုက်ကာ အသက်ကို ချမ်းသာပေးပါရန် ရှန်ရှန်ကျုံဂိုဏ်းကို တောင်းပန်ခဲ့သည်။
သိပ်မကြာသေးခင်က မင်သိသည် ရှေ့ပြေးတပ်သား အယောက်တစ်ထောင်ဦးဆောင်သော စစ်သူကြီးတစ်ယောက်ကို အရှေ့ပိုင်းမြို့သစ်ထံစေလွှတ်ခဲ့သည်။ တန်မိသားစုဟာ ခုခံခြင်းတောင် အလျဥ်းမရှိပါဘဲ မိသားစုတစ်ခုလုံး ဒူးထောက်အရှုံးပေးခဲ့ကာ ငါးရက်အတွင်း အရှေ့ပိုင်းမြို့သစ်ကို ပေးအပ်ခဲ့သည်။
မင်သိ၏စစ်တပ် ရောက်ရှိလာပြီး အင်အားစုပေါင်းများစွာ ဖျက်စီးခံလိုက်ရပြီးနောက် အရှေ့ပိုင်းဒေသတစ်ခုလုံးသည် မြေအောက်ဘုံလောက ကျူးကျော်လာသည့်သတင်းကို လက်ခံရရှိလိုက်ကြသည်။ အရှေ့ပိုင်းဒေသရှိ ကျင့်ကြံသူများအားလုံးမှာ ဒေါ်သထွက်နေကြပြီး မင်သိနှင့်စစ်တပ်ကို မောင်းထုတ်တိုက်ခိုက်ရန် ဆန္ဒရှိကြလေသည်။ ထို့အတွက်ကြောင့် မင်သိ၏စစ်တပ်က စွမ်းအားကြီးသော်လည်း တောင်ပိုင်းနယ်မြေရှိ ဘယ်အင်အားစုကမှ မင်သိ၏စစ်တပ်ကို အညံ့မခံခဲ့ပါ။ မိသားစုတစ်စုလုံး သုတ်သင်ခံခဲ့ရရင်တောင်၊ အခြေခံအုပ်မြစ်တစ်ခုလုံးကို ဖျက်စီးခံလိုက်ရရင်တောင် ဘယ်သူကမှ အညံ့မခံခဲ့ပေ။
တောင်ပိုင်းနယ်မြေ၏အရှေ့ပိုင်းဒေသရှိ ကျင့်ကြံသူများနှင့် အင်အားစုတိုင်းလိုလိုသည် ထုတ်ဖော်မပြောသော နားလည်သိတတ်မှုတစ်ခု ရှိနေကြသည်။အဆိုပါ သိတတ်မှုမှာ မြေအောက်ဘုံလောက၏ အစေခံဖြစ်ရခြင်းထက် သေရတာက ပိုကောင်းသည်ဟူသော နားလည်မှုပင်။ သို့ပါသော်လည်း တန်မိသားစု၏ ပထမဦးဆုံး အညံ့ခံလိုက်ခြင်းက ၎င်းနားလည်သိတတ်မှုကို ချိုးဖျက်လိုက်သည်။ ဤသည်ကို နမူနာပြု၍ အချို့သောအင်အားစုများက တန်မိသားစုနောက်ကို လိုက်ပါကာ မင်သိ၏စစ်တပ်ကိုတောင် အညံ့ခံခဲ့လိုက်ပေသည်။
ထို့အတွက်ကြောင့် တောင်ပိုင်းနယ်မြေ အရှေ့ပိုင်းဒေသရှိ ကျင့်ကြံသူများနှင့် အင်အားစုတိုင်းလိုလိုသည် တန်မိသားစုနှင့် မင်သိ၏စစ်တပ်ကို အညံ့ခံသွားသော အင်အားစုများကို စက်စုပ်ရွံ့ရှာကာ အလျှင်အမြန်သုတ်သင်ပစ်လိုကြသည်။ သို့ပါသော်လည်း တန်မိသားစု၏ အညံ့ခံခဲ့ခြင်းမှာ မင်သိတို့စစ်တပ်ကြီးအတွက် ပျော်ရွှင်စရာ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်လေသည်။
ပြောရပါလျှင် သူတို့က ရှန်းရွှမ်ဒေသကို သတ်ဖြတ်ဖို့ ရောက်လာခဲ့ကြခြင်း မဟုတ်ပါ။ စစ်ပွဲဆိုသည်က မလွှဲမရှောင်သာမှသာ တိုက်ခိုက်မှာဖြစ်သည်။ သတ်ဖြတ်တိုက်ခိုက်ခြင်းများမှာ ရှန်းရွှမ်ဒေသခံများကို ထိတ်လန့်ခြောက်ခြားစေပြီး အကြောက်တရားများ ဖုံးလွှမ်းစေရန် ဖြစ်လေသည်။ သူတို့၏အဓိကရည်မှန်းချက်မှာ ရှန်းရွှမ်ဒေသကြီးရှိ ကျင့်ကြံသူများကို ကျွဲတွေနွားတွေလို အလုပ်လုပ်ခိုင်းကာ သူတို့၏တန်ဖိုးများကို ညှစ်ယူပြီး မြေအောက်ဘုံလောကကို ဆက်သရန် ဖြစ်လေသည်။
တန်မိသားစု၏ အညံ့ခံလိုက်ခြင်းမှာ ကောင်းမွန်သော အစတစ်ခုဟု ဆိုနိုင်သည်။ စစ်သူကြီးမင်သိက တန်မိသားစုခေါင်းဆောင်ကို ကိုယ်တိုင်ကိုယ်ကျတွေ့ဆုံခဲ့ပြီး သူ့ကို အလွန်ပဲချီးမြှောက်ခဲ့သည်။ ဒါ့အပြင် မြေအောက်ဘုံလောကကို သစ္စာရှိရှိအမှုထမ်းပြီး နယ်မြေများကို သိမ်းပိုက်ပေးဖို့လည်း ပြောဆိုခဲ့သည်။ ရှန်းရွှမ်ဒေသကြီးတစ်ခုလုံး မြေအောက်ဘုံလောက၏ လက်အောက်ကို ရောက်ရှိသွားသည့်အခါ တန်မိသားစုအား ရှန်းရွှမ်ဒေသကြီးတစ်ခုလုံးကို အုပ်စိုးခွင့်ပေးမည်ဟုတောင် ကတိပြုခဲ့သည်။
ထိုကဲ့သို့သော ကတိစကားကြောင့် တန်မိသားစုခေါင်းဆောင်မှာ အလွန်ပဲ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရသည်။ သူဟာ မိမိရင်ဘတ်ကို ထပ်ခါထပ်ခါပုတ်ရင်း မြေအောက်ဘုံလောကအတွက် အစွမ်းကုန် အမှုထမ်းပါမည်ဖြစ်ကြောင်း ပြောဆိုခဲ့လေသည်။
ဤအချိန်မှာတော့.... တန်မိသားစု၏ အကြီးဆုံးေသာ တန်ပုရှောင်သည် ကောင်းကင်ဘုံစစ်သူကြီးတစ်ယောက်နှင့် ရှေ့ပြေးတပ်သား အယောက်တစ်ရာကို ဦးဆောင်လျက် လင်မိသားစုကို ရောက်ရှိနေချိန်ဖြစ်သည်။
ဤအချိန်အတောအတွင်းတွင် တန်ပုရှောင်ဟာ အတော်ကလေး စိတ်လိုလက်ရ နှစ်ခြိုက်နေမိသည်။ သူဟာ မြေအောက်ဘုံလောက၏ လူများကို ခေါ်ဆောင်လာခဲ့ပြီး ဤနေရာဒေသအတွင်း သူတို့အား အစွမ်းပြစေခဲ့သည်။ ဒါ့အပြင် အတိတ်တွင် သူနှင့် ရန်ငြိုးရှိခဲ့သော အင်အားစုများကိုလည်း မြေအောက်ဘုံေလာကစစ်တပ်၏ စွမ်းအားကို အသုံးပြုပြီး ချေမှုန်းခဲ့သေးသည်။ ဒါတင်မကသေးဘဲ မြေအောက်ဘုံလောကကို အညံ့မခံသည့် အင်အားစုများဆိုပါကလည်း သွေးမြေကျသည်အထိ သတ်ဖြတ်ပစ်ခဲ့သေးသည်။
အဆုံးမဲ့အာဏာ၏ နှစ်သက်ဝမ်းမြောက်ခြင်း၊ တကယ့်ကို ခံစားလို့ ကောင်းပါလေစွ။
ဤသည်ကြောင့် တန်ပုရှောင်ဟာ တန်မိသားစုက အရှင်မင်သိကို အညံ့ခံခဲ့သည့်အပေါ် အလွန်ဝမ်းမြောက်နေမိသည်။ ဤသည်က အမှန်ကန်ဆုံး ရွေးချယ်မှုပင် ဖြစ်ပါတော့သည်။
ဤအချိန်တွင် လင်မိသားစု၏ခေါင်းဆောင် လင်လုံသည် ခန်းမကြီးအတွင်း၌ တန်ပုရှောင်ကို စူးစူးရဲဲရဲ စိုက်ကြည့်ရင်း မတ်တပ်ရပ်နေသည်။ သူဟာ လုပ်လိုရာလုပ်ရ၍ ဂုဏ်မောက်နေသော လူယုတ်မာကောင် တန်ပုရှောင်ကို စူးစိုက်ကြည့်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။
" တန်ပုရှောင် ငါမင်းလိုချင်တာ အားလုံးပေးပြီးပြီလေ။ မင်းဘာထပ်လိုချင်သေးတာလဲ။ "
လင်မိသားစု နှစ်ပေါင်းမရေမတွက်နိုင်အောင် စုဆောင်းခဲ့ရသော ဥစ္စာပစ္စည်းများကို ဒီလူယုတ်မာကောင်က အရချိုင်ခဲ့လေသည်။ သူ့အနောက်တွင် မတ်တပ်ရပ်နေသော ချပ်ဝတ်တန်ဆာနှင့် လူတန်းကြီးကြောင့်သာ မဟုတ်ပါက လင်လုံဟာ တန်ပုရှောင်ကို လက်ဖဝါးတစ်ချက်နဲ့ အသေရိုက်သတ်ပြီးလောက်သည်။
တွေးကြည့်စမ်းပါ။ သူ၏လင်မိသားစုဟာ ယွမ်ဟွမ်မြို့တော်ကြီးအတွင်း လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့ကာ ကမ္ဘာကတောင် အသိအမှတ်ပြုခဲ့ရသည်။ အခုအချိန်မှာတော့ လူမမယ် လူယုတ်မာကောင် တန်ပုရှောင်၏ အနိုင်ကျင့်ခြင်းကို ခံနေရသည်။ ဘယ်လိုတောင် ရှက်ရွံ့ဖို့ ကောင်းပါလိမ့်။
လင်မိသားစု၏ အကာအကွယ်စည်း ပျက်စီးသွား၍၊ရန်သူက အင်မတန်မှ အင်အားကြီးနေ၍ မဟုတ်ပါက လင်မိသားစုဟာ ရန်သူ၏ဆန္ဒကို လိုက်လျောပေးမှာ မဟုတ်ပါ။ သူရဲကောင်းဆန်သော မျိုးဆက်တစ်ခုအနေဖြင့် သူတို့ အဘယ်မှာ လွယ်လင့်တကူ အရှုံးပေးချင်ပါ့မလဲ။
လင်လုံက တန်ပုရှောင်၏ အနောက်တွင် မတ်တပ်ရပ်နေသော မြေအောက်ဘုံလောကမှ လူအုပ်စုကို လှမ်းကြည့်လိုက်ရင်း ပူဆွေးသောကနှင့် ဒေါ်သများကို တပြိုင်နက်တည်း ခံစားလိုက်ရသည်။ မြေအောက်ဘုံလောကဟာ များစွာသော ဘုံလောကအတွင်း ပထမတန်းစား ဘုံလောကကြီးတစ်ခုဖြစ်ပြီး ယွမ်ဟွားကောင်းကင်ဘုံ၏ လက်အောက်တွင် အသန်မာဆုံးဖြစ်သည်။ ထိုကဲ့သို့သော တည်ရှိမှုကြီးနှင့် ရင်ဆိုင်ရသည့်အခါ သူ့ရဲ့လင်မိသားစုနှင့် တောင်ပိုင်းနယ်မြေအတွက် ဘယ်လိုလုပ် မျှော်လင့်ချက် ရှိနိုင်ပါ့မလဲ။ ရှန်းရွှန်ဒေသကြီးအတွက်ရော မျှော်လင့်ချက် ရှိနိုင်ပါ့မလား?
မြေအောက်ဘုံလောကကို အညံ့ခံရတာက ခက်ခဲလို့လား?
မဟုတ်ဘူး။ သူ့ရဲ့လင်မိသားစုက ကျိန်ဆိုတယ်။ သူတို့က ဘယ်တော့မှ ရှန်းရွှမ်ဘုံလောကကို သစ္စာဖောက်မှာမဟုတ်ဘူး။ ပြင်ပကမ္ဘာက လူတွေကို သူဘယ်တော့မှာ အညံ့မခံဘူး!
လင်မိသားစုက ရှန်ရှန်ကျုံဂိုဏ်းကို အညံ့ခံခဲ့ခြင်းမှာ ရှန်ရှန်ကျုံဂိုဏ်းက စွမ်းအားကြီးရုံသာမက ရှန်းရွှမ်ဒေသရှိ မူရင်းအင်အားစုဖြစ်သောကြောင့်ဖြစ်သည်။
လင်လုံ၏စကားကို ကြားလိုက်ရသည့်အခါ တန်ပုရှောင်က လှောင်ရယ်လိုက်သည်။
" အရှင်မင်သိရဲ့ ချီးမြှောက်မှုကို ကျေးဇူးတင်ရမယ်။ သူက ငါတန်ပုရှောင်ကို မြေအောက်ဘုံလောကရဲ့ သံတမန်အဖြစ်ဆောင်ရွက်ပြီး တောင်ပိုင်းနယ်မြေတစ်ခုလုံးကို သိမ်းပိုက်ဖို့ အမိန့်ပေးထားတယ်။"
" ဒီသံတမန်ရဲ့ အဆင့်အတန်းက အခုမင်းတို့ အန်တုနိုင်မည့်အရာမဟုတ်ဘူး။ ဒီသံတမန်က အတိတ်မှာ ဆုံးရှုံးခဲ့တဲ့အရာကို နာနာခံခံနဲ့ပြန်ပေးဖို့ အကြံပေးတယ်။ ဒီလိုမှမဟုတ်ရင် မင်းတို့လင်မိသားစု ဒီကနေ့မှာ ပျက်စီးရမယ်!။ "
" မင်း..........! "
လင်လုံဟာ ရင်တုန်ပန်းတုန် ဖြစ်သွားခဲ့သည်။ သူဟာ တန်ပုရှောင်ကို ဒေါ်သတကြီး လှမ်းကြည့်လိုက်ပြီး သက်ပြင်းအနည်းငယ် ရှူရှိုက်လိုက်သည်။ သူဟာ နှလုံးသားအတွင်းမှ လှိုက်တက်လာသော သတ်ဖြတ်ခြင်း အရိပ်အငွေ့များကို ဖိနှိပ်လိုက်ခြင်း ဖြစ်ပါသည်။ သူလင်လုံဟာ တောင်ပိုင်းနယ်မြေအတွင်း၌ နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ရှင်သန်နေထိုင်ခဲ့သော်လည်း ဤမျှလောက် အရေထူသည့် ပုဂ္ဂိုလ်မျိုးကို မတွေ့မမြင်ဖူးပါ။ ဘယ်လိုလူယုတ်မာကောင်ပါလိမ့်။