← Chapters

ဂုဏ်သရေရှိကြီးမြတ်တဲ့ လုယက်ခြင်းဘုရင် ငါဟာ တိုက်ပွဲမြေပြင်ကို ရောက်ရှိလာပြီ။

Vol. 27 Ch. 366

ဂုဏ်သရေရှိကြီးမြတ်တဲ့ လုယက်ခြင်းဘုရင် ငါဟာ တိုက်ပွဲမြေပြင်ကို ရောက်ရှိလာပြီ။

Vol. 27 Ch. 366

ဘာသာပြန်- The Fate

တန်ပုရှောင်က မြေအောက်ဘုံလောကကို အညံ့ခံခဲ့သည်ဟု ပြောရခြင်းထက် သူက ကိုယ်ပိုင်စိတ်ကျေနပ်မှု ရရှိစေရန် မြေအောက်ဘုံလောကရဲ့ စွမ်းအားကို ငှားရမ်းသုံးစွဲနေသည်ဟု ပြောရပါက ပိုမိုမှန်ကန်လိမ့်မည်။

စိတ်အားပျက်နေကြသော လင်မိသားစုခေါင်းဆောင်လင်လုံနှင့် လင်မိသားစု အကြီးအကဲများကို စူးစိုက်ကြည့်လိုက်ရင်း တန်ပုရှောင်၏နှလုံးသားက အပေျာ်များဖြင့် ပြည့်နှက်သွားသည်။ ဤအတောတွင်းတွင် သူဟာ ကြီးမြတ်သောပုဂ္ဂိုလ်များကို သူ၏ခွန်အားနှင့် စွမ်းပကားအား ပြသနိုင်ခဲ့ပြီး ထိုခံစားချက်က တကယ်ကို အားရကျေနပ်ဖွယ်ကောင်းလှသည်။

" မြေအောက်ဘုံလောကကလူတွေ ဒီမှာရှိနေတယ်လို့ ငါကြားထားတယ်။ ငါလုယက်ခြင်းဘုရင်က လာပြီးကြည့်တယ်ကွ။ မင်းတို့မြေအောက်ဘုံလောကကလူတွေ ထွက်လာပြီး ဒီဘုရင်ကို မနှုတ်ဆက်သေးဘူးလား။ "

ဤအချိန်တွင် မောက်မာထောင်လွှားသော ခြိမ်းခြောက်သံကြီးတစ်သံက လင်မိသားစုခန်းမအတွင်း ပဲ့တင်ထပ်သွားသည်။ ထို့နောက် ခန်းမကြီးအတွင်းသို့ လူဒါဇင်ကျော်ဝင်ရောက်လာခဲ့သည်။

ဦးဆောင်လာသူလူငယ်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မောက်မာထောင်လွှားသော မျက်ဝန်းများဖြင့် ရှိနေကြသောလူများကို အထင်အမြင်သေးစွာ ဝေ့ဝိုက်ကြည့်လိုက်သည်။ လင်ချင်းချင်းကို တွေ့မြင်လိုက်ရသည့်အခါ သူ၏နှလုံးသားက လှုပ်ရှားသွားခဲ့သည်။ ဒီအမျိုးသမီးက အရမ်းကို လှပလိုက်တာ....

ထိုလူငယ်လေးမှာ ရှန်ရှန်ကျုံဂိုဏ်း၏ လက်ရွေးစင်ဂိုဏ်းသား ကုချိုးပဲဖြစ်တော့သည်။

သူ့ရဲ့ဘေးမှာတော့ အမည်မဲ့ဓားသမားနှင့် ရှန်ရှန်ကျုံဂိုဏ်း၏အကြီးအကဲ တစ်ဒါဇင်ကျော် မတ်တပ်ရပ်နေကြသည်။

ဝမ်ဖုန်းက မြေအောက်ဘုံလောကက လူတွေကို ရင်ဆိုင်တိုက်ခိုက်ရန် ရှန်ရှန်ကျုံဂိုဏ်းသားများကို မစေလွှတ်ခဲ့သော်လည်း မြေအောက်ဘုံလောကက လူများကို နာကြင်ခံစားသွားရစေရန် ကုချိုးနှင့်ကုကန်းချိုးတို့နှစ်ယောက်ကိုတော့ စေလွှတ်ခဲ့သည်။

ကုချိုးနှင့်ကုကန်းချိုးတို့ဟာ အသန်မာဆုံးရုပ်ခန္ဓာပိုင်ဆိုင်ထားသည့် ဂိုဏ်းသားနှစ်ယောက်ဖြစ်သည်။ မကြာသေးခင်က သူတို့သည် ရွေးချယ်စရာမရှိခဲ့ဘဲ ကျင့်ကြံရေးကို အားစိုက်ထုတ်ခဲ့ရသည်။ ဖောင့်ပန်းနှင့်အခြားသူများ၏ ကိုယ်တိုင်ကိုယ်ကျ သင်ကြားပေးမှုအပြင် ရှန်ရှန်ကျုံဂိုဏ်း၏ အဆုံးမရှိသော အရင်းအမြစ်များ ထည့်ပေါင်းလိုက်သည့်အခါ သူတို့ရဲ့ ကျင့်ကြံမှုဟာ နတ်ဘုရင်အစောပိုင်းအဆင့်ကို ဝင်ရောက်သွားခဲ့သည်။

သူတို့အလွန်လျင်မြန်စွာ တိုးတက်လာခဲ့တာကြောင့် ဖောင့်ပန်းတို့တတွေတောင် ထိတ်လန့်သွားခဲ့ရလေသည်။

သူတို့ဒီအတောတွင်းတွင် ဘယ်လောက်တောင်ကြိုးစားခဲ့ရသလဲဆိုတာ ကုချိုးတို့ညီအစ်ကို နှစ်ယောက်သာ သိပါလိမ့်မည်။ သူတို့ သွားရောက် လုယက်ခွင့် မရရုံသာမက ဖောင့်ပန်းနှင့် အခြားအကြီးအကဲများ၏ သေလုမျောပါးရိုက်နှက်ခြင်းကိုလဲ နေ့စဥ်နေ့တိုင်းခံစားခဲ့ရသည်။ တာအိုဘုရားကျောင်းကိုသွားပြီး ညဏ်အလင်းပွင့်အောင် လုပ်လိုက်စမ်းပါ။ မင်းသာ ဘာမှနားမလည်ဘူးဆိုရင် နောက်ထပ်အရိုက်ခံရမယ်!

သူတို့၏ကျင့်ကြံမှုအရမ်းမြန်ဆန်ရခြင်းမှာ သူတို့၏စွမ်းဆောင်ရည်ကြောင့်သာမက ဖောင့်ပန်းနှင့်အခြားအကြီးအကဲများ၏ တွန်းအားပေးမှုကြောင့်လည်းဖြစ်လေသည်။

နေ့တိုင်း အကြိမ်မရေမတွက်နိုင်အောင် ရိုက်နှက်ခံခဲ့ရပြီးနောက် တစ်နေ့တစ်လေ အရိုက်မခံလိုက်ရရင်တောင် သူတို့တွေ မသက်မသာခံစားလာကြရသည်။ ဒီလိုထူးထူးဆန်းဆန်းအတွေးမျိုး ဘယ်လိုလုပ် ရလာသလဲဆိုတာ သူတို့လည်း မသိတော့ပါ။ ဒါတွေအားလုံကို ဂိုဏ်းချုပ်ကိုပဲ အပြစ်တင်ရမယ်!

ကုချိုးတို့ညီအကိုနှစ်ယောက်ကို လွှတ်ပေးလိုက်တုန်းက သူတို့တတွေ ဒူးထောက်ပြီး ခါးခါးသီးသီး အော်ဟစ်ငိုကြွေးခဲ့ကြပေသည်။ " ငါတို့လုယက်ခြင်းဘုရင်တွေ နောက်ဆုံးတော့ ပြန်ထွက်လာပြီကွ "

ထိုဝမ်းပန်းတနည်းအော်ဟစ်နေတဲ့ အသံကြီးက ကြားမိသူတိုင်း၏ရင်ကို မချိမဆံ့ ခံစားလိုက်ရစေခဲ့သည်။

ဝမ်ဖုန်းကတောင်မှ သည်းမခံနိုင်ခဲ့ပေ။ ထို့အတွက် ကြောင့် သူက ကုချိုးကို လင်မိသားစုအိမ်တော်ကို သွားရောက်ရန် စေခိုင်းခဲ့သည်။ သွားရောက်ခွင့်မရပဲ ဝမ်ဖုန်း၏ဘေးနားတွင်သာ နေနေရသော ကုကန်းချိုးကတော့ အရမ်းကိုမနာလို ဖြစ်နေခဲ့သည်။

ပထမဆုံး ဂုဏ်သရေထွန်းပြောင်အောင် ကြိုးစားခွင့်ရမည့်လူက ငါရဲ့ညီငယ်လေးလို့ မထင်ခဲ့မိဘူး။ အစောထဲက ဒီလိုမှန်းသိခဲ့ရင် ငါညီငယ်လေးထက်ပိုပြီး သနားစရာကောင်းအောင် ဟန်ဆောင်ပြခဲ့ပါတယ်။ ဘယ်လိုတောင် အမှားအယွင်း လုပ်လိုက်မိပါလိမ့်။

"မင်းကဘယ်သူလဲ ။ ဒီသံတမန်ရဲ့ရှေ့မှာ ဘယ်လိုလုပ်ပြီး ဒီလိုစကားမျိုး ပြောထွက်ရတာလဲ။ " တန်ပုရှောင်က ကုချိုးကို မှိုင်းညို့စွာစိုက်ကြည့်လိုက်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။

လင်လုံ ၊ လင်ချင်းချင်းနှင့် လင်မိသားစုဝင်များအားလုံးကလည်း ကုချိုးကို လှမ်းကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာထက်၌ ထိတ်လန့်ကြောင်အနေကြသည်။ မြေအောက်ဘုံလောကရဲ့စစ်တပ် ထွက်ပေါ်လာပြီးကတည်းက တောင်ပိုင်းနယ်မြေတစ်ခုလုံးသည် ထိုစစ်တပ်ကို မနှိုင်းယှဥ်နိုင်ခဲ့ပါချေ။

မြေအောက်ဘုံလောကစစ်တပ်သည် တောင်ပိုင်းနယ်မြေအတွင်း ထွက်ပေါ်လာတာ ရက်အနည်းငယ်သာ ကြာသေးသော်လည်း မိသားစုလိုက် သုတ်သင်ခဲ့သည့် ဖြစ်ရပ်များကြောင့် တောင်ပိုင်းနယ်မြေတစ်ခုလုံး ထိတ်လန့်ခြောက်ခြားခဲ့ရသည်။ တန်မိသားစုက ဒူးထောက်ချပြီး အသက်ချမ်းသာပေးရန် တောင်းဆိုခဲ့စဥ်မှစ၍ ကျန်သောမိသားစုများ၏ခိုင်မာသောစိတ်ဓာတ်များ ပြိုပျက်ခဲ့ရသည်။

မြေအောက်ဘုံလောကမှ စွမ်းအားရှင်များကို တန်ပုရှောင်ဦးဆောင်လာသည်နှင့် တပြိုင်နက် သူတို့အားလုံး အညံ့ခံကြရသည်ချည်းသာ။ အချို့သော အညံ့မခံလိုသည့် အင်အားစုများဆိုပါက သုသာန်တစပြင်အလား ဖြစ်ပျက်သွားခဲ့ရသည်။ လင်မိသားစုတွင် လင်းချင်းချင်းလို ပြိုင်ဖက်ကင်းအလှလေးရှိနေ၍သာ မဟုတ်ပါက တန်ပုရှောင်ကလည်း လင်မိသားစုကို အရေးပေးနေမှာမဟုတ်ပါချေ။မင်းတို့အညံ့ခံရင်ခံလိုက်။ အညံ့မခံရင် သေရမယ်။

သို့ပါသော်လည်း တန်ပုရှောင်တစ်ယောက် တွေးထင်မထားခဲ့ပါ။ သူစကားပြောလျှင် ပြောပြီးချင်းဆိုသလို ကုချိုးက လှုပ်ရှားလိုက်သည်။ ထိုသူ၏လက်က နောက်ကျောတွင်လွယ်ထားသော ဓားအိမ်ကို ဆုပ်ကိုင်လိုက်ပြီး သူ၏မျက်ဝန်းများက ထူးမခြားနားစွာ တောက်ပနေခဲ့သည်။

ရုတ်ချည်းဆိုသလို ပြင်းထန်သော အရှိန်အဝါတစ်ခုသည် ကုချိုး၏ခန္ဓာကိုယ်ထံမှ မွေးဖွားလာခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် တန်ပုရှောင်၏အရှေ့၌ တစ္ဆေသရဲလို ထွက်ပေါ်လာခဲ့သည်။ အရှိန်နှုန်းမှာ မြန်ဆန်လွန်းတာကြောင့် နတ်ဘုရင်တစ်ပါးတောင် တုံ့ပြန်နိုင်လိမ့်မှာ မဟုတ်ပါချေ။

ထက်မြက်သောဓားကို လက်ထဲတွင် ကိုင်ဆောင်ထားရင်း ကုချိုးက တန်ပုရှောင်ရှိရာသို့ ခုတ်ပိုင်းလိုက်သည်။ တိုင်တောင်ကြီးတမျှ ကြီးမားလေးလံသော ဓားစွမ်းအားက တန်ပုရှောင်ကို အသက်မရှူရဲလောက်အောင် ဖိနှိပ်ထားခဲ့ပြီး တန်ပုရှောင်၏ မျက်ဝန်းများမှာ ပြူးကျယ်နေကာ ထိတ်လန့်ခြောက်ခြားနေခဲ့သည်။

သူဟာ ဘုံနန်းရှင်နတ်မင်း အထွတ်အထိပ်အဆင့်၌သာ ရှိနေသေးသည်။ ကုချိုးလို နတ်ဘုရင်အစောပိုင်းအဆင့် စွမ်းအားရှင်တစ်ယောက်ရဲ့ တိုက်ကွက်ကို သူဘယ်လိုလုပ် ခုခံနိုင်ပါ့မလဲ။ သူခုခံချင်သော်လည်း သူ၏ခန္ဓာကိုယ်က ခဲတောင့်နေကာ လှုပ်ရှား၍ မရနိုင်ခဲ့ပါချေ။

" ဘုန်း "

လင်မိသားစုခန်းမကြီးအတွင်း၌ ကျယ်လောင်သောပေါက်ကွဲသံကြီး မြည်ဟီးထွက်ပေါ်လာခဲ့သည်။ တန်ပုရှောင်ဟာ ကုချိုးရဲ့ ထက်ပိုင်းဖြတ်ခြင်းကို ခံလိုက်ရပြီး နီစွေးသောသွေးများသည် လင်မိသားစုခန်းမကြီးထဲ ပျံ့နှံ့သွားခဲ့သည်။ တန်ပုရှောင်ထံမှ ပျံ့နှံ့ထွက်ပေါ်လာသော သွေးများကြောင့် ကုချိုး၏ဝတ်ရုံကတောင် နီစွေးသွားလေသည်။

တိတ်ဆိတ်ခြင်း...

သုသာန်တစပြင်အလားတိတ်ဆိတ်ခြင်း...

လင်လုံ ၊ လင်ချင်းချင်းနှင့် လင်မိသားစုမှလူများသည် ကုချိုးကို ထိတ်လန့်ကြောင်အနေသော အမူအရာများဖြင့် လှမ်းကြည့်လိုက်သည်။ ဒါက ဘယ်လိုသူရဲကောင်းလေးပါလိမ့်။ စကားတစ်ခွန်းတောင်မပြောဘဲ သူက မောက်မာထောင်လွှားလွန်းတဲ့ လူယုတ်မာကောင် တန်ပုရှောင်ကို ဓားနဲ့ဖြတ်တောက်ပစ်လိုက်တယ်တဲ့လား။

တန်ပုရှောင်ဟာ အားနည်းပြီး တောင်ပိုင်းနယ်မြေတွင် သူ့ကိုသတ်ချင်သော ကျင့်ကြံသူပေါင်း မရေမတွက်နိုင်အောင် ရှိနေသော်လည်း သူ၏နောက်ခံက အင်မတန်မှ ထိတ်လန့်ဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။

ယင်းမှာ မြေအောက်ဘုံလောကဖြစ်၏။ တန်ပုရှောင်ဟာ သာမညလူသားတစ်ယောက်သာဖြစ်သော်လည်း တန်ပုရှောင်ကို သတ်ဖြတ်လိုက်ခြင်းက မြေအောက်ဘုံလောကကို ရန်စလိုက်ခြင်း ဖြစ်လေသည်။ ထိုသို့ပြုလုပ်လိုက်ပါက မင်သိ၏ စစ်သည်ငါးသောင်းပါသော တပ်မတော်ကြီး၏ အမျက်ဒေါသကို ရင်ဆိုင်ရပေလိမ့်မည်။ ဒီလိုဆိုပါက ဘယ်သူကများ အသက်ရှင်နိုင်ဦးမှာလဲ။

" ငါလို လုယက်ခြင်းဘုရင်ရဲ့ အရှေ့မှာ မင်းလိုလူဆိုးကောင်က စကားပြောဆိုရဲတယ်တဲ့လား။ " ကုချိုးက တန်ပုရှောင်၏ ခန္ဓာကိုယ်ကို ခြေဖြင့်ဆောင့်နင်းလိုက်ပြီး အထင်အမြင်သေးစွာ ပြောဆိုလိုက်သည်။

၎င်းဇွတ်တရွတ်နိုင်သော သူရဲကောင်းဆန်သည့် အပြုအမူက ဘေးတစ်ဖက်တွင်ရှိနေသော လင်ချင်းချင်း၏ လှပသော မျက်ဝန်းလေးများအား လင်းလက်တောက်ပလာစေခဲ့သည်။ သူမက ကုချိုးကို နက်နက်နဲနဲ စူးစိုက်ကြည့်လိုက်မိ၏။ ကမ္ဘာလောကကြီးအတွင်းက သူရဲကောင်းတစ်ယောက် ပေါ်ထွက်လာပြီး သူမနှင့်လင်မိသားစုကို ကယ်တင်ရန် စိတ်ကူးယဥ်ခဲ့မိသည်။

သို့ပါသော်လည်း ၎င်းစိတ်ကူးယဥ်မှုဟာ မဖြစ်နိုင်ကြောင်း သူမသိထားခဲ့သည်။ သူမက တန်ပုရှောင်ကို အယောင်ပြလက်ထပ်ခဲ့ပြီး သူမ၏အရှက်တရားကို ကာကွယ်ရန် မိမိကိုယ်ကိုသတ်သေဖို့ တွေးတောထားခဲ့သည်။ ထိုသို့ပြုလုပ်ရင် လင်မိသားစုထွက်ပြေးဖို့ အချိန်ဆွဲရန်လည်း တွေးထားခဲ့သေးသည်။

စိတ်ပျက်အားလျော့ရဆုံးအချိန်တွင် ကုချိုးက ကောင်းကင်ပေါ်မှ ဆင်းသက်လာသည့် နတ်သားလေးအလား ထွက်ပေါ်လာခဲ့ပြီး လူဆိုးကောင် တန်ပုရှောင်ကို ချက်ချင်းသတ်ဖြတ်ခဲ့သည်။ အဲ့ဒီမြင်ကွင်းက လင်ချင်းချင်း၏စိတ်သန္တာန်၌ မြဲမြံစွာ ခတ်နှိပ်သွားခဲ့လေသည်။

အမျိုးသမီးများဟာ စိတ်ထားအနူးညံ့ အပျော့ပျောင်းဆုံး ထိရှလွယ်ဆုံးလူသားများ ဖြစ်ကြလေသည်။အထူးသဖြင့် ဒီလို စိတ်ပျက်အားလျော့ဖွယ်ကာလမှာပေါ့။

ကုချိုး၏ထွက်ပေါ်လာမှုနှင့် အပြုအမူများက သူမ၏မှောင်မိုက်နေသော နှလုံးသားကို အလင်းပေးနိုင်ခဲ့သည်။ ထိုမြင်ကွင်းက လင်ချင်းချင်း၏နှလုံးသားအတွင်းသို့ အရှိန်ပြင်းစွာ ဝင်ရောက်သွားခဲ့သည်။ သူမတစ်သက်တာလုံး ဒီဖြစ်ရပ်ကို မမေ့ဖျောက်နိုင်မှာကို စိုးရွံ့မိပါရဲ့။

မင်ယန်က ကုချိုးကို မဲမှောင်နေသောမျက်နှာဖြင့် လှမ်းကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး၌ နတ်ဆိုးစွမ်းအင်များ ဖုံးလွှမ်းလျက်ရှိသည်။ ကုချိုး၏တိုက်ကွက်မှာ အင်မတန်မှ ရက်စက်မြန်ဆန်လှသော်လည်း သူ၏ကျင့်ကြံမှုဖြင့် ကုချိုး၏လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်နေခဲ့သည်။ သို့ပါသော်လည်း သူလှုပ်ရှားတော့မည့်အချိန်တွင် ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးနှစ်ခုက သူ့ကိုမြဲမြံစွာ ဖိနှိပ်ထားခဲ့သည်။

မိုးကောင်းကင်နတ်မင်းအထွတ်အထိပ်အဆင့်တွင် ရှိနေသော်လည်း ထိုဖိအားကြီးနှစ်ခုနှင့် ရင်ဆိုင်လိုက်ရသည့်အခါ သူ၏နှလုံးအိမ်က တုန်ယင်သွားခဲ့ရသည်။ သူသာ အနည်းငယ်လှုပ်ရှားလိုက်ပါက ထိုဖိအားကြီးနှစ်ခု၏ အပိုင်းပိုင်းအစစဖြတ်တောက်ခြင်း ခံရတော့မလိုဖြစ်နေခဲ့သည်။

All Chapters