အချစ်ကပ်ဘေး ၊ ကပ်ဘေးအားလုံး၏ ဘုရင်။
Vol. 27 Ch. 367
ဘာသာပြန်- The Fate
ခွေးကို ရိုက်ချင်ရင်တောင် ပိုင်ရှင်ကို ကြည့်ရမယ်ဆိုတဲ့ ဆိုရိုး ရှိနေသေးတယ်မဟုတ်ပါလား?။
၎င်းမှာ အဖိုးမတန်သော ခွေးတစ်ကောင်ဖြစ်သော်လည်း သူ့အရှေ့တွင် သတ်ပစ်လ်ိုက်ခြင်းက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းသာ။ ဒါကိုသာ သည်းခံနေလိုက်ပါက ရှန်းရွှမ်ဒေသကြီးမှာ သူဘယ်လိုလုပ် ရပ်တည်နိုင်တော့မှာလဲ။
"ဒီအရှင်ရဲ့ စကားကို နားထောင်ကြ... အဲ့ဒီကောင်လေးကို အပိုင်းပေါင်း ထောင်ချီ ဖြတ်တောက်ပစ်လိုက်စမ်း"
မင်ယန်က ကုချ်ိုးကို ဒေါသတကြီးစိုက်ကြည့်လ်ိုက်သည်။ သူ၏ သွေးနီးရောင်မျက်လုံးများအတွင်း၌ ပြင်းထန်သော သတ်ဖြတ်မှုအရှိန်အဝါများ ပြည့်နှက်လျက်ရှိသည်။
မင်ယန်၏စကား ဆုံးသွားသည့်အခါ သူ့အနောက်ဖက်ရှိ မြေအောက်ဘုံလောက စစ်သား အယောက်တစ်ရာသည် ချက်ချင်း ပြေးထွက်လာခဲ့ကြသည်။ သူတို့က မိုးကောင်း ကင်၏ စွမ်းအားများကို သယ်ဆောင်လျက် ကုချိုးထံ ပြေးဝင်သွားလေသည်။
"မိတ်ဆွေလေး မြန်မြန်ထွက်သွားပါတော့... ဒီနေ့ကျေးဇူးကို ငါတို့ လင်မိသားစုက နှလုံးသားထဲမှာ သိမ်းဆည်းထားပါမယ် ၊ ဒါက ငါတို့လင်မိသားစုနဲ့ မြေအောက်ဘုံလောကကြားက ပဠိပက္ခပဲ"
မြေအောက်ဘုံလောကမှ စစ်သားအယောက်တစ်ရာက ကုချိုးကို သတ်ဖြတ်ရန် ထွက်လာသည်ကို တွေ့မြင်လိုက်ရသည့်အခါ လင်လုံ၏ မျက်နှာက ပြောင်းလဲသွားသည်။ သူ၏ ပုံရိပ်က ဝေဝါးသွားပြီး ကုချိုး၏ အရှေ့၌ ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။ သူက ကုချိုးကို ကာကွယ်ပေးလိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ လေထုအပေါ်မှ စောင့်ကြည့်နေခဲ့ကြသော ဝမ်ဖုန်းနှင့် အခြားသူများက ထပ်ခါထပ်ခါ ခေါင်းညိမ့်လိုက်ကြသည်။ လင်မိသားစုက ကယ်တင်ပေးရန် ထိုက်တန်လေသည်။ တောင်ပိုင်းနယ်မြေတစ်ခုလုံးက ရှန်ရှန့်ကျုံဂိုဏ်းကို အညံ့ခံခဲ့သော်လည်း ဝမ်ဖုန်းက ထိုအင်အားစုများကို ကယ်တင်ရန် သန်မာသောပုဂ္ဂိုလ်များကို မစေလွှတ်ခဲ့ပါ။ သူက မြေအောက်ဘုံလောက၏ စွမ်းအားကို ငှားရမ်းပြီး လေယူရာယိမ်းတတ်သော မြက်ပင်လိုကောင်မျိုးကို စစ်ထုတ်ရန် ပြင်ဆင်ထားခဲ့ခြင်းသာ ။
ထိုသို့သော သူရဲဘောကြောင်ပြီး လေယူရာယိမ်းတတ်သည့် လူမျိိုးကို ပစ်ထားခဲ့ပြီး သစ္စာရှိသော အင်အားစုများကိုသာ ကယ်တင်ဆောင်မရမည်။ ဒီလင်မိသားစုက အတော်ကလေး ကောင်းမွန်ပေသည်။ မျိုးတုန်းလုမတက် ပြင်းထန်သော အန္တရာယ်နှင့် ရင်ဆိုင်နေရသော်လည်း သူတို့က နောက်ဆုံးအချိန်ထိ တောင့်ခံနေဆဲသာ။
လင်လုံ၏ အပြုအမူကြောင့် ဝမ်ဖုန်းနှင့် အခြားသူများက အတော်ကလေး ကျေနပ်သွားကြသည်။ သို့ပါသော်လည်း ကုချ်ိုးကတော့ မကျေမနပ်ဖြစ်သွားလေသည်။
ကောင်းလေစွ! ငါကုချိုးက အခုမှထွက်လာပြီး ပြပွဲကောင်းကြီး ပြုလုပ်မလို့လေ ၊ ဒါပေမယ့် ခင်ဗျားလိုအဖိုးကြီးက ကျုပ်ကုချိုးရဲ့ ဟန်ဆောင်ရမယ့် အခွင့်အရေးကို လုယူချင်နေတာလား?။ ကျုပ်လ်ို လုယက်ခြင်းဘုရင် ကုချ်ိုးက ခင်ဗျားအပေါ် မှီခိုရလိမ့်မယ်လို့ ထင်နေတာလား?။
ဘေးနားက သနားစဖွယ်အမူအရာနှင့် မတ်တပ်ရပ်နေသော လင်ချင်းချင်းကို လှည့်ကြည့်လိုက်မိသည့်အခါ ကုချိုးက သူ့နှလုံးသားအတွင်းရှိ စိတ်ပျက်အားလျော့ဖွယ် အတွေးများကို ဖိနှိပ်အားပြု ထ်ိန်းချုပ်လ်ိုက်သည် ။ သူက အသက်ပြင်းပြင်းရှူလျက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"အကြီးအကဲ... နောက်ပြန်ဆုတ်ပါ ၊ ကျုပ်ကုချိုး တစ်ယောက် တည်းက ဒီလူတွေကို သတ်ဖြတ်ပစ်ဖို့ လုံလောက်ပါတယ်ဗျ"
ထိုသို့ပြောလိုက်ပြီးနောက် ကုချိုးက လင်လုံ၏ စကား ပြန်ကိုတောင် မစောင့်တော့ဘဲ ဓါးကို ပင့်မြောက် လိုက် ကာ ရန်သူများကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ မြူခိုးထုများအကြားတွင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအပေါ်၌ လျှို့ဝှက်ဆန်းကြယ်သော ဓါးဆန္ဒများ ဖုံးလွှမ်းနေခဲ့ပြီး သူဟာ ဓါးရှည်က်ို ခုတ်ပိုင်းတိုက်ခိုက်လိုက်သည်။
ခမ်းနားကြီးကျယ်ပြီး အစွမ်းထက်သော ထိတ်လန့်ဖွယ် ဓါးအလင်းတန်းကြီး ထွက်ပေါ်လာခဲ့သည်။ ထက်မြသော ဓါးစွမ်းအင်က ခန်းမကြီးအတွင်းရှိ စားပွဲခုံများနှင့် ကုလားထိုင်များအားလုံးကို စိစိညက်ညက်ကျေအောင် ဖြတ်တောက်လိုက်သည်။ ခန်းမကြီးတစ်ခူလုံး၌ မြူခိုးထုများနှင့် ဖုန်မှုန့်များ တသောင်းသောင်း ထသွားခဲ့သည်။
မြေအောက်ဘုံလောက၏ စစ်သားအယောက်တစ်ရာမှာ တစ်ကယ့်ကို စွမ်းအားကြီးလှလေသည်။ သူတို့အားလုံးက ထွက်ရပ်ပေါက် နတ်မင်းအဆင့်၌ ရှိနေကြပြီး တိုက်ပွဲဝင်စွမ်းအားကလည်း သာမန်မဟုတ် ထူးကဲလှသည်။ သို့ပါသော်လည်း ကုချိုးက နတ်ဘုရင်အစောပိုင်းအဆင့် စွမ်းအားရှင်တစ်ယောက်ဖြစ်ပြီး သူ၏ တိုက်ပွဲဝင်စွမ်းအားကလည်း သာမန်မဟုတ်ပါ။ နတ်ဘုရင်အထွတ် အထိပ် တစ်ပါးဖြစ်သည့်အပြင် သူ၏ ခွန်အားကုန် အသုံးပြုသော ဓါးကွက်ဖြင့်ဆိုပါက မြေအောက်ဘုံလောကရဲ့ ဒီလူတွေက ဘယ်လိုလုပ် တားဆီးနိုင်ပါ့မလဲ?။
ထက်မြသော ဓါးအလင်းတန်းက မြေအောက်ဘုံလောက စွမ်းအားရှင်များ၏ တိုက်ခိုက်မှုများကိုအစိတ်စိတ် အမွှာမွှာ ဖြတ်တောက်လ်ုက်ပြီး ဆက်လက်ပြေးဝင်သွားခဲ့သည်။ ဓါးအလင်းတန်း၏ တိုက်ရိုက်ထိတွေ့ခြင်း ခံလိုက်ရသော ဒါဇင်ကျော်သည့် မြေအောက်ဘုံလောကသား စွမ်းအားရှင်များသည် ထက်ပိုင်းဖြတ်ခံလ်ိုက်ရပြီး သွေးမိုးရွာသကဲ့သို့ သွေးများ လွင့်စင်ထွက်လာခဲ့သည်။
ထိုလူများ အနောက်ဘက်ရှိလူများကတော့ သေမသွားကြသော်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကြကာ အဝေးကို လွင့်စင်ထွက်သွားပြီး နံရံနှင့် တိုက်မိသွားကြသည်။ လင်မိသားစု ခန်းမကြီးမှာ အဆက်မပြတ်ယိမ်းထိုးလာခဲ့သည်။
"ဂိုဏ်းချုပ် ကုချိုးရဲ့ ခွန်အားက အရမ်းကြီး ပြောင်းလဲသွားတာပဲ"
လေထုအပေါ်တွင် ကျန်းစန်ဖုန်းက ထိုမြင်ကွင်းကို စူးစိုက်ကြည့်ရင်း အပြုံးကြီးကြီးပြုံးလျက် ဝမ်ဖုန်းကို ပြောလ်ိုက်သည်။
"ဟုတ်တယ်... ကြည့်ရတာ အနက်ရောင်အခန်းလေးက အရမ်းအသုံးဝင်နေသေးတဲ့ပုံဘဲ ၊ ဒီတစ်ကြိမ် မြေအောက်ဘုံလောကနဲ့ တိုက်ခိုက်မှုတွေ ပြီးဆုံးသွားရင် သူတို့ကို အနက်ရောင်အခန်းလေး ထဲမှာ ပြင်းပြင်းထန်ထန် ပြန်လည်ကျင့်ကြံခ်ိုင်းရမယ် ၊ ဒီလိုမှပဲ ငါတို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တပည့်က ဂုဏ်ရောင်ထွန်းပြောင်နိုင်လိမ့်မယ်"
ကျန်းစန်ဖုန်း၏ စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းကလည်း ခေါင်းညိမ့်လ်ိုက်ပြီး ကျေနပ်အားရစွာ ပြောလိုက်သည်။
ဝမ်ဖုန်း၏ ဘေးနားတွင် ရှိနေသော ကုကန်းချိုးက ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ မျက်ဝန်းများ မှေးမှိန်ကျသွားပြီး မေ့လဲလုမတက် ခံစားလိုက်ရသည်။ သူ စိတ်ပျက်အားလျော့နေသော်လည်း ဂိုဏ်းချုပ်၏ စကားကို ကြားလိုက်ရပြီးနောက် အကြီးအကဲများစွာက တညီတညွတ်တည်း ခေါင်းညိမ့်လိုက်ကြသည်။ ဘယ်သူကမှ ကုညီနောင်အတွက် ဝင်ရောက်ပြောဆို မပေးခဲ့ကြပါ။
ညီငယ်လေးရေ! မင်းတော့ အမှားကြီးတစ်ခု လုပ်လိုက်မိပြီ။ မင်းက မိမိုက်တဲ့ပုံစံ ဟန်ဆောင်ခဲ့ပေမယ့် ငါတို့ ညီကိုနှစ်ယောက်အတွက် ခက်ခဲတဲ့အချိန်တွေ ထပ်ရောက်လာတော့မယ် ၊ မင်းဘာဖြစ်လို့ အရူးတစ်ယောက်လိုပဲ ဟန်မဆောင်ရတာလဲကွာ။ ဒီလိုဆိုရင် အနက်ရောင်အခန်းကျဉ်းထဲမှာ ကျင့်ကြံခိုင်းတာကလည်း ဘာမှအသုံးမဝင်လာပါလားဆိုတာ ဂိုဏ်းချုပ်သိသွားမှာလေ။
အဲ့ဒီလိုလုပ်တာကမှ မင်းအတွက် ပိုကောင်းလိမ့်ဦးမယ်။ မင်းက အခုချ်ိန်လေးမှာ မိမိုက်အောင် ဟန်ဆောင်ချင်တာပဲ သိတာလေ ၊ ဘဝတစ်လျှောက်လုံး မိမိုက်အောင် ဟန်မဆောင်ချင်ခဲ့ဘူးမလား။ အနက်ရောင် အခန်းကျဥ်းလေးထဲတွင် ထပ်မံပိတ်ဆို့ခံရမည့်အကြောင်းက်ို တွေးတောလ်ိုက်မိသည့်အခါ ကုကန်းချိုးက တုန်ယင်သွားပြီး စိတ်ပျက်အားလျော့သော အကြည့်များ မွေးဖွားဖြစ်တည်လာခဲ့သည်။
လင်မိသားစုအိမ်တော်ကြီးထဲတွင် ကုချိုးက ဓါးတစ်ချောင်းနှင့် မတ်တပ်ရပ်နေခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ ကျောက်တိုင်ကြီးအလား ခိုင်မာတောင့်တင်းလှသည်။ သူ၏မျက်နှာက မချောမောသော်လည်း သူ့တွင် ကိုယ်ပိုင်လွှမ်းမိုး ချုပ်ကိုင်နိုင်သော အရှိန်အဝါများ ပိုင်ဆိုင်ထားလေသည်။ ၎င်းက လင်ချင်းချင်း၏ လှပသော မျက်လုံးများကို ပို၍ တောက်ပလာစေခဲ့သည်။
အမှန်အတ်ိုင်းပြောရပါလျှင် ကုချိုး၏ မျက်နှာက မလှပရုံသာမက အင်မတန်မှလည်း ထ်ိတ်လန့်ဖွယ်ကောင်းလေသည်။ သူ့မျက်နှာတစ်ခြမ်းပေါ်ရှိ ထူးဆန်းသော မျဥ်းကြောင်းများက ထိတ်လန့်အေးစက်ဖွယ်ကောင်းနေခဲ့သည်။ သို့ပါသော်လည်း လင်ချင်းချင်း၏ မျက်လုံးထဲတွင် ကုချိုးက အဆုံးအစမဲ့သော ဆွဲဆောင်မှုများကို ပ်ိုင်ဆိုင်ထားပါသည်။
လင်လုံနှင့်အခြား လင်မိသားစု စွမ်းအားရှင်များကလည်း ကုချိုးကို အံ့အားတသင့် စိုက်ကြည့်လိုက်ကြသည်။ ကုချိုးက တန်ပုရှောင်ကို ဓါးတစ်ချောင်းဖြင့် သတ်ဖြတ်ခဲ့သော်လည်း ထိုအချိန်က ဘယ်ကျင့်ကြံရေးအရှိန်အဝါကိုမှ ထုတ်လွှတ်ခဲ့ခြင်းမရှိပါ။ ထို့အတွက်ကြောင့် သူတို့နှင့် စစ်သူကြီး မင်ယန်တို့က ကုချိုး၏ ကျင့်ကြံမှုကို မသိရှိခဲ့ရပေ။
အခုချ်ိန်မှာတော့ ကုချိုးက ဓါးတစ်ချောင်းကို အသုံးပြုပြီး တစ်ရာခန့်သော နတ်မင်းနယ်ပယ် ကျင့်ကြံသူများကို ရင်ဆိုင်တိုက်ခိုက်နေသည်။ ဤကဲ့သို့သော ခွန်အားနှင့် ကျင့်ကြံမှုက တောင်ပိုင်းနယ်မြေ လူငယ်ပါရမီရှင်များ အကြားတွင်တောင် တောက်ပသည်ဟု ဆိုန်ိုင်သည်။
ထိတ်လန့်သွားပြီး တစ်ချ်ိန်တည်းမှာပဲလင်လုံနှင့် လင်မိသားစုဝင်များက ပိုမို၍ စိတ်ဖိစီးလာကြသည်။ စစ်သူကြီး မင်ယန် ဘယ်လောက်သန်မာသလဲဆိုတာကို သူတို့သိရှိထားကြလေသည်။ သူတို့ လင်မိသားစုတစ်စုလုံးတောင်မှ စစ်သူကြီးမင်ယန်ကို မတိုက်နိုင်ကြပါ။ ကုချိုးလို လူငယ်မျိုးဆက် တစ်ယောက်ဆိုလျှင်က ပြောဖွယ်မရှိတော့ပြီ။
"မင်းက သေချင်နေတာပဲ..."
မင်ယန်က ပြင်းပြင်းထန်ထန်ဒဏ်ရာရသွားသော လက်အောက်ငယ်သားများကို ကြည့်ရှုလိုက်ရင်း သူ့ရင်ဘတ်ထဲရှ်ိ ဒေါသတရားများကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်းမရှိတော့ပါ။ သူ့ထံမှ မ်ိုးကောင်းကင်နတ်မင်း အထွတ်အထိပ်အဆင့် စွမ်းအားများသည် ကြိုတင်သတ်ိပေးထားခြင်းမရှိဘဲ ထွက်ပေါ်လာခဲ့ကာ လင်မိသားစုခန်းမကြီး တစ်ခုလုံးကို ယိမ်းထိုးသွားစေခဲ့သည်။ လင်မိသားစုခန်းမကြီးအတွင်း ရုတ်တရက် ပြည့်နှက်လာခဲ့သော ဖိနှိပ်အားများကြောင့် လင်မိသားစုဝင်များ၏ မျက်နှာများက ပြောင်းလဲသွားကြသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပဲ မင်ယန်က ကုချ်ိုး၏ အရှေ့၌ ထွက်ပေါ်လာခဲ့သည်။ သူ၏ ကြီးမားသော လက်ဖဝါးးပေါ်တွင် နှလုံးသားကို ကွဲကြေစေန်ိုင်သော ခမ်းနားကြီးကျယ်သည့်စွမ်းအားများ ထွက်ပေါ်နေခဲ့သည်။ယင်း နောက် လက်ဖဝါးတစ်ချက်က ကုချိုးထံ ပစ်ဝင်သွားလေသည်။ ထိုလက်ဖဝါးချက်၏ စွမ်းအားက ကုချိုး၏ ဦးရေပြားက်ိုတောင် ထုံကျဥ်သွားစေခဲ့သည်။
သို့ပါသော်လည်း ကုချိုးက လက်နှစ်ဖက်ကို အနောက်ပစ်ထားကာ တည်တည်ငြိမ်ငြိမ် မတ်တက်ရပ်နေဆဲပင်။ သူက နှလုံးသားအတွင်း၌ အင်မတန်မှ ထိတ်လန့်နေခဲ့သော်လည်း လွှမ်းမ်ိုးချုပ်ကိုင်နိုင်သောပုံစံ ဟန်ဆောင်ရန် အလို့ငှာ တည်ကြည်သော ရုပ်သွင်ကို ထိန်းသိမ်းထားခဲ့သည်။
အခန်းငယ်လေးထဲတွင် ဖောင့်ပန်းနှင့်အခြားသူများ၏ နှိပ်စက်ခြင်းကို ခံလိုက်ရပြီးနောက် ကုချိုးက လုယက်ခြင်း၏ အစစ်အမှန်အဓိပ္ပါယ်ကို သိရှိနားလည်သွားခဲ့သည်။ လုယက်ခြင်းဆိုသည်က ကောင်းကင်ဘုံလုယက်ခြင်း ၊ မိုးကြိုးလုယက်ခြင်း ၊ လူသားလုယက်ခြင်း ၊ အချစ်လုယက်ခြင်း အစသဖြင့် များစွာရှိလေသည်။ လုယက်ခြင်းက လုယက်ခြင်းဖြစ်သော်လည်း တစ်မျိုးတည်းသော လမ်းစဥ်တော့ မဟုတ်နေပါပေ။ အတိတ်မှာ သူနှင့် သူ့အစ်ကိုကြီးက လုယက်ခြင်းလမ်စဥ်တစ်ခုကိုသာ တွေ့မြင်နိုင်ခဲ့သည်။ ဘယ်လိုတောင် အမြင်ကျဥ်းမြောင်းပါလိမ့်။
သူ ကုချိုးဟာ လုယက်ခြင်း၏ ဘုရင်ဖြစ်ချင်ရုံသာမက ကပ်ဘေးအားလုံး၏ ဘုရင်လည်း ဖြစ်လိုသည်။
ထောင်ကျော်သော အတိဒုက္ခကပ်ဘေးများကို ဖြတ်ကျော်နိုင်ခဲ့သော မဟာကပ်ဘေး၏ ဘုရင် ၊ သေဆုံးခြင်းမရှိဘဲ မိမိခန္ဓာကိုယ်ကို မဟာကပ်ဘေးခန္ဓာကိုယ်အဖြစ် ပြောင်းလဲကာ ကောင်းကင်မဟာကပ်ဘေးနှင့် စကြာဝဠာကပ်ဘေး အစရှိသည့် ဘယ်ကပ်ဘေးကမှ သူ့ကို နာကျင်အောင် လုပ်နိုင်မှာမဟုတ်တော့ပါ။
လင်ချင်းချင်းကို စတင်တွေ့မြင်လိုက်ရကတည်းက သူမသည် ကုချိုး၏ အချစ်ကပ်ဘေးဖြစ်ကြောင်းကို ကုချိုးတစ်ယောက် သိရှိလိုက်ရသည်။
"အကြီးအကဲ အမည်မဲ့ဓါး... ငါ ကုချိုးက လှပတဲ့ အမျိုး သမီးတစ်ယောက်ကို ပိုင်ဆိုင်နိုင်မလား? ၊ အချစ်ရဲ့ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မလား? ၊ စိတ်ခံစားချက်ရဲ့ စွမ်းအားတွေကို ငါ့ခန္ဓာကိုယ်အတွင်း သွတ်သွင်းနိုင်ပြီး ကပ်ဘေးအားလုံးရဲ့ ဘုရင်ဖြစ်လာနိုင်မလားဆိုတာ အကြီးအကဲ အမည်မဲ့ဓါးအပေါ်ဘဲ မူတည်တော့တယ်"
ကုချိုးက တည်ငြိမ်သော အသွင်ကို ထိန်းသိမ်းထားရင်း အမည်မဲ့ဓါးသမားကို ကယ်တင်ရန် အဆက်မပြတ်ဆုတောင်းနေခဲ့သည်။
"သတိထား!"
ကုချိုးထံပြေးဝင်လာသော မင်ယန်၏ ပို၍ပို၍ ကြီးမားလာသည့် လက်ဖဝါးကြီးကို တွေ့မြင်လိုက်ရသည့်အခါ လင်ချင်းချင်းက အော်ဟစ်ပြောဆိုလိုက်သည်။ သူမ၏ လှပသော ချောမောသော မျက်နှာကလေးမှာ ငိုတော့လုမတက် စိတ်ဖိစီးမှုများဖြင့် ပြည့်နှက်နေခဲ့ရသည်။
လင်ချင်းချင်း၏ စိုးရိမ်နေသောအသံကို ကြားလိုက်ရသည့်အခါ ကုချိုးက သွားပေါ်သည်အထိ ပြုံးရယ်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ နူးညံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုအမူအရာက မင်းအတွက် ငါ့ရဲ့ဘဝကို စွန့်လွှတ်အနစ်နာခံမယ်ဆိုသည့် အဓိပ္ပါယ်ကို ဖော်ဆောင်နေသည့်အလားပင်။
ကုချိုး၏ အပြုံးက လင်ချင်းချင်း၏ နှလုံးသားကိုအဆက်မပြတ် တုန်လှုပ်စေခဲ့သည်။ သူမဟာ ထိတ်လန့်ကြောင်အနေမိသည်။ ကုချိုးက ရုပ်ဆိုးသော်လည်း သူ၏ နူးညံ့နွေးထွေးသော အပြုံးက သူမ၏ စိတ်သန္တာန်အတွင်းသို့ နက်ရှိုင်းစွာ တိုးဝင်ထားခဲ့သည်။ ဤသည်မှာ လင်ချင်းချင်း ကလေးဘဝအရွယ်ကတည်းက တစ်ကြိမ်တစ်ခါမှ ခံစားခဲ့ဖူးခြင်းမရှိသော စိတ်ခံစားချက်တစ်ခု ဖြစ်လေတော့သည်။