← Chapters

မင်သိက ဒေါသထွက်လာပြီး စစ်ပွဲအတွက် ပြင်ဆင်ပြီ

Vol. 27 Ch. 371

မင်သိက ဒေါသထွက်လာပြီး စစ်ပွဲအတွက် ပြင်ဆင်ပြီ

Vol. 27 Ch. 371

ဘာသယပြန်- The Fate

အရှေ့ပိုင်းမြို့သစ် တန်အိမ်တော်အတွင်းတွင်...

အဓိကခန်းမကြီးထဲတွင် ဗိုလ်ချုပ်ကြီးမင်သိသည် အဓိက ပုလ္လင်ကြီးပေါ်၌ ထိုင်နေခဲ့ကာ သူ၏ လက်မောင်းနှစ်ဖက်က တန်မိသားစု၏ အချောအလှလေးနှစ်ယောက်ကို အထက်အောက် ကလူမြူဆွယ်ပွတ်သပ်နေခဲ့သည်။ မိန်းမပျိုလေးနှစ်ယောက်မှာ ထပ်ခါထပ်ခါ ပြုံးရယ်နေသည်။ သူ၏အနောက်ဘက်မှာတော့ တန်မိသားစု၏ အကြီးအကဲနှစ်ယောက် ရှိနေကြသည်။ ဗိုလ်ချုပ်ကြီးမင်သိက တန်အိမ်တော် သခင်မလေး၏ ပုခုံးကိုလည်း ဖျစ်ညစ်ပွတ်သပ်နေကာ ကျောပြင်တစ်လျှောက်ကို ဆက်လက်ပွတ်သပ်နေခဲ့သည်။

တန်မိသားစုခေါင်းဆောင်က အောက်ဖက်တွင် ထိုင်နေခဲ့ပြီး ထိုမြင်ကွင်းကိုအပြုံးများဖြင့် ကြည့်နေခဲ့သည်။ သူက သူ့ဇနီးမယားနှင့် သမီးတို့ အပိုင်သိမ်းခံလိုက်ရတာကိုတောင် အရှက်ရပုံမပေါ်ပါ။ သိတကျွင်းအမည်ရ ကောင်းကင်ဘုံစစ်သူကြီးတစ်ယောက်ကလည်း လှပသော အမျိုးသမီးတစ်ယောက်ကို ပျော်ရွှင်ကျေနပ်နေသော အမူအရာဖြင့် ပွေ့ဖက်ထားခဲ့သည်။

"တန်တုံ မင်းပြောတဲ့ ရှန်ရှန့်ကျုံဂိုဏ်းက ဘာမှလည်းမဟုတ်ပါလား ၊ ဒီနေ့အချ်ိန်ထိ ရှန်ရှန့်ကျုံဂိုဏ်း ထွက်ကိုမလာသေးဘူး" စစ်သးကြီးမင်သိက တန်မိသားစုခေါင်း ဆောင် တန်တုံကို စူးစိုက်ကြည့်လိုက်ပြီး လှောင်ပြောင်ပြောဆိုလိုက်သည်။

"အရှင်မင်သိ... ရှန်ရှန့်ကျုံဂိုဏ်းက အထူးအင်အားစု ၃ စုကို အရင်က ဖျက်ဆီးခဲ့ပါတယ်၊ သူတို့ရဲ့ ခွန်အားက မမှန်းဆနိုင်လောက်အောင်ပဲ။ ဒါပေမယ့် အရှင်မင်သိရဲ့ စစ်တပ်ကို တွေ့မြင်ပြီးတဲ့နောက်မှာ ကြောက်လန့်သွားပြီး သူတို့ ထွက်မလာရဲတာ ဖြစ်လောက်တယ်"

တန်တုံက အလျှင်စလို မတ်တပ်ထရပ်လိုက်ပြီး ပြောလ်ိုက်သည်။ သူက အလွန်အမင်းလေးစားသော အကြည့်ဖြင့်ကြည့်နေခဲ့ကာ ချီးမွမ်းပြောဆိုနေခဲ့ခြင်းဖြစ်သည်။ 

"ကြွက်စုတ်တစ်သိုက်ပါပဲလေ..."

မင်သိကလှောင်ရယ်လိုက်ပြီး အထင်အမြင်သေးစွာ ပြောဆိုလိုက်သည်။ သူက တောင်ပိုင်းဒေသကို ရောက်လာသည့်အခါ ပြင်းထန်သော တိုက်ပွဲကြီးတစ်ခုနှင့် ရင်ဆိုင်ရလိမ့်မည်ဟု ထင်ခဲ့သည်။ သို့ပါသော်လည်း ရှန်းရွှမ်ဘုံလောကရှိ လူများမှာ အရမ်းကို အားနည်းနေလိမ့်မည်ဟု သူထင်မထားခဲ့ပါ။ မြေအောက်ဘုံလောကစစ်တပ်နှင့် ရင်ဆိုင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူတို့အားလုံးက မခုခံနိုင်အရှုံးပေးလာကြရသည်။ 

"ဒါက အရှင်မင်သိရဲ့ စွမ်းအားက ရှန်းရွှမ်ဒေသကြီးအပေါ်မှာ ကျယ်ပြောတဲ့ နေမင်းကြီးလို တောက်ပနေခဲ့လို့ပါဗျာ ၊ ဘယ်သူက အရှင်မင်သိကို အာခံရဲပါ့မလဲ" တန်တုံက အပြုံးတစ်ပွင့်ဖြင့် ပြောဆိုလိုက်သည်။

"တန်တုံ... မင်းက လူတော်လူကောင်းတစ်ယောက်ပဲ ၊ ငါတို့ မြေအောက်ဘုံလောကက ရှန်းရွှမ်ဒေသကြီးကို အုပ် စိုးဖို့ ကံပါလာပြီးသားပဲ ၊ ငါက ရှေ့ပြေးတပ်ရဲ့ စစ်ဗိုလ်ချုပ်ကြီး တစ်ယောက်သာသာပဲ... မြေအောက်ဘုံလောကကြီးရဲ့ အဓိကစစ်တပ်ကြီးက ငါ့ရဲ့နောက်မှာ ရှိနေသေးတယ် ၊ ရှန်းရွှမ်ဒေသရဲ့ခွန်အားက ငါတို့ကို လုံးဝခုခံနိုင်မှာ မဟုတ်ဘူး... မင်းသာ ဒီအရှင်ရဲ့နောက်ကို လိမ်လိမ်မာမာ လိုက်ပါခဲ့ရင် တန်မိသားစုကို ထာဝရကြီးမြတ်စေရမယ်လို့ ကတိပြုတယ်"

မင်သိက စိတ်ကျေနပ်စွာ ခေါင်းညိမ့်လိုက်ပြီး ကျယ်လောင်စွာပြောဆိုလိုက်သည်။ သူ၏ စကားလုံးများသည် ယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

သူ၏ စစ်တပ် ရှန်းရွှမ်ဒေသအတွင်း ကျူးကျော်လာခဲ့ချိန်မှစ၍ သူဟာ ဘယ်တုန်းကမှ မရှုံးနိမ့်ခဲ့ဖူးပါ။ အရှေ့ပိုင်းနယ်မြေကိုတောင် သူက အလွယ်တကူသိမ်းပိုက်န်ိုင်ခဲ့သည်။ တောင်ပိုင်းနယ်မြေကိုလည်း များမကြာမီတွင် သိမ်းပိုက်နိုင်တော့မည်။ ဤသည်က မင်သိ၏ နှလုံးသားကို ဘဝင်ခိုက်သွားစေခဲ့သည်။

"ဟုတ်ကဲ့ ကျုပ်တို့တန်မိသားစုက အရှင့်နောက်ကို သေတဲ့ထိ လိုက်ပါပါ့မယ်လို့ ကျိန်ဆိုပါတယ် "

တန်တုံ၏ မျက်နှာမှာအေးခဲသွားပြီး အလျှင်အမြန် သစ္စာရှိကြောင်း ပြသလိုက်သည်။ သူ၏ အမူအရာမှာ အလွန်အမင်းလေးနက်နေခဲ့သည်။

မင်သိ စစ်တပ်၏စွမ်းအားကို ကိုယ်ပိုင်မျက်လုံးဖြင့် တွေ့မြင်လိုက်ရပြီးနောက် တန်တုံက ဤရွှေပေါင်လုံးကြီးကို ဖက်ရန် ပြင်ဆင်ထားခဲ့သည်။ ဤသည်မှာ တန်မိသားစုအတွက် မိုးကောင်းကင်က ပေးအပ်ခဲ့သော အခွင့်ထူးကြီးပင် ဖြစ်ချေတော့သည်။

"တွေ့ဆုံပါတယ်..."

အိမ်ရှင်နှင့် ဧည့်သည်များ ပျော်ရွှင်နေကြစဥ်တွင် ဒေါသထွက်နေသော အသံတစ်သံက ခန်းမအပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ ယင်းနောက် မှုန်ဝါးဝါးပုံရိပ်တစ်ခုသည် ခန်းမအတွင်းသို့ အလျင်စလို ဝင်ရောက်လာသည်။

"ဘာအကြောင်းကိစ္စရှိလို့လဲ?"

ရောက်လာသောလူ၏ ရုပ်သွင်ကို တွေ့မြင်လိုက်ရသည့်အခါ မင်သိက မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်စွာမေးလိုက်သည်။ 

"မင်ယန် သေဆုံးသွားပြီ"

"ဘာ!"

"ကျွန်တော့်ရဲ့သားရော..?"

ထိုလူ၏ စကားကိုကြားလိုက်ရသည့်အခါ မင်သိက ဘာမှမပြောခဲ့ပါ။ သို့ပါသော်လည်း တန်တုံကတော့ အံအားတသင့်ရေရွတ်လိုက်ပြီး အစောတလျင် မေးမြန်းလိုက်သည်။ 

ရောက်လာသူက တန်တုံကို အကြည့်တစ်ချက်သာ လှမ်းကြည့်လိုက်ပြီး ထူးမခြားနားစွာ ပြောလိုက်သည်။

"သူလည်း သေပြီ"

"ငါ့သားလေး... "

တန်တုံက ငိုကြွေးမြည်တမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ကာ ကုလားထိုင်ပေါ် ပြိုကျသွားခဲ့သည်။ သူ၏ မျက်နှာထက်၌ ဝမ်းနည်းမှုများ ပြည့်နှက်နေခဲ့သည်။ 

သူ့တွင် သားရတနာများစွာ ရှိသော်လည်း ထိုသားငယ်လေးမှာ အရည်အသွေးအကောင်းဆုံးနှင့် အကြီးဆုံးလည်း ဖြစ်လေသည်။

တန်တုံက တန်မိသားစုရဲ့ ခေါင်းဆောင်ရာထူးကို တန်ပုရှောင် ကို လွှဲပြောင်းပေးဖို့တောင် ဆုံးဖြတ်ခဲ့သေးသည်။ သို့ပါသော်လည်း အခုချ်ိန်မှာတော့ တန်ပုရှောင်သေဆုံးသွားပြီဆိုသော သတင်းကို ရုတ်တရက်ကြားသိလိုက်ရသည်။ 

"ဘယ်သူလုပ်ခဲ့တာလဲ?"

မင်သိက ဝမ်းနည်းနေသော တန်တုံကို လျစ်လျူရှုလိုက်ပြီး မဲမှောင်နေသော မျက်နှာဖြင့် ရောက်လာသော လူကို လှမ်းကြည့်ကာမေးမြန်းလိုက်သည်။ သူက ယခုလေးတင်ကမှ တန်တုံ၏ရှေ့တွင် မြေအောက်ဘုံလောကရဲ့ စစ်တပ်က ပြိုင်ဘက်ကင်းကြောင်း ကြွားဝါပြောဆိုနေခဲ့သည်။ နောက်တစ်ခဏမှာတော့ သူ့ရဲ့မျက်နှာ ဖြတ်ရိုက်ခံလိုက်ရတယ်တဲ့လား။

မင်ယန်က စစ်သူကြီးတစ်ယောက်ထက်မပိုပါပေ။ သူ သေတယ်ဆိုရင်လည်း သေရုံပဲပေါ့။ မြေအောက်ဘုံလောကရဲ့ စစ်သူကြီးအများစုမှာ မိုးကောင်ကင်အဆင့် စွမ်းအားရှင်များဖြစ်ကြသည်။ သို့ပါသော်လည်း သူ့မျက်နှာကို ယခုကဲ့သို့ ဖြတ်ရိုက်လိုက်ခြင်းက သူ့ကို အလွန်အမင်း ဒေါသထွက်စေခဲ့သည်။

"ရှန်ရှန့်ကျုံဂိုဏ်းပါ..."

"ရှန်ရှန့်ကျုံဂိုဏ်းလား? ရဲတင်းလိုက်လေ..."

ပြန်ပြောလာသော စကားကိုကြားလိုက်ရသည့်အခါ မင်သိက မျက်ဝန်းများမှေးကျဥ်းလိုက်ပြီး အေးစက်စွာနှာမှုတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အေးစက်သော သတ်ဖြတ်ခြင်းအရှိန်အဝါများ ရစ်သိုင်းထွက်ပေါ်လာသည်။ ထိုပြင်းထန်သော သတ်ဖြတ်မှုအရှိန်အဝါများကြောင့် ခန်းမကြီးတစ်ခုလုံးက တသိမ့်သိမ့် တုန်သွားခဲ့သည်။ လေးလံသော ဖိအားကြီး၏ အောက်တွင် လှပသော အမျိုးသမီးလေးများမှာ တစ်ကိုယ်လုံးတုန်ရင်လာကာ ကြောက်လန့်နေခဲ့သည်။

မင်သိက အော်ဟစ်သံတစ်သံ ထုတ်လွှတ်လိုက်သော သူ့ဘေးနားက အမျိုးသမီးကို ထူးမခြားနားစွာ စိုက်ကြည့်လိုက်ပြီး လက်ဖဝါးတစ်ချက် ဖြတ်ရိုက်လိုက်သည်။ ထိုအမျိုးသမီး၏ ဦးဏှောက်မှာ ပေါက်ကွဲထွက်သွားပြီး သွေးများပျံ့လွင့်ထွက်ပေါ်လာသည်။ သူက သူ၏ လက်ကို အေးဆေးတည်ငြိမ်စွာ သုတ်လိုက်ပြီး ရောက်လာသော လူကို လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။

"ရှန်ရှန့်ကျုံဂိုဏ်းရဲ့လူတွေ... အဲ့ဒီမှာဘယ်နှစ်ယောက်ရှိနေတာလဲ? သူတို့ရဲ့ကျင့်ကြံမှုက ဘယ်အဆင့်လဲ?"

မြေအောက်ဘုံလောက၏ ကောင်းကင်ဘုံစစ်သူကြီးများကလည်း အမျိုးသမီးလေး၏ သေဆုံးမှုကို တွေ့မြင်ခဲ့ကြရသည်။ သို့ပါသော်လည်း သူတို့၏မျက်နှာမှာ တစ်စုံ တစ်ရာပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေသေးဆဲသာ။ သူတို့က ထိုအမျိုးသမီးလေးကို ဝမ်နည်းစွာဖြင့် တစ်ချက်သာ လှမ်းကြည့်လိုက်ကြသည်။ 

မြေအောက်ဘုံလောက၏ လူများရောက်ရှိလာပြီးနောက် ဆင်းရဲဒုက္ခအခံရဆုံးမှာ အမျိုးသမီးများသာ ဖြစ်ကြသည်။ သူတို့လှပနေသေးပါက အနည်းငယ်ခံသာသေးသည်။ သို့ပါသော်လည်း လှပခြင်းမရှိသောအမျိုးသမီးများကတော့ အနည်းငယ်အမှားလုပ်လိုက်မိသည်နှင့် စောနက အမျိုးသမီးလေးလို သေဆုံးသွားမှာ ဖြစ်သည်။

"အဲ့ဒီကို လူဘယ်နှယောက် ရောက်လာလည်းဆိုတာတော့ အတိအကျမသိဘူး ၊ ဒါပေမယ့် ပြောကြတာတော့ မင်ယန်ကို လူတစ်ယောက်က ဓါးတစ်ချက်နဲ့ သတ်ဖြတ်လိုက်တာတဲ့ " မင်သိ၏မေးခွန်းကို ကြားလ်ိုက်ရသည့်အခါ ရောက်လာသောလူက အလျှင်အမြန် တုန့်ပြန်လိုက်ပြီး လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။

မြေအောက်ဘုံလောကတွင် ကောင်းကင်ဘုံစစ်သူကြီးအဆင့် များစွာသော ဆရာသခင်များ ရှ်ိသော်လည်း သူတို့အကြားရှိ ခွန်အားမှာ ကွာခြားမှုရှိသေးသည်။ မင်ယန်က အဆင့်မြင့်ထဲက လူတစ်ယောက်မဟုတ်သော်လည်း မြေအောက်ဘုံလောက တစ်ခုလုံးတွင် ကောင်းကင်ဘုံစစ်သူကြီးအဆင့်ကို ဝင်ရောက်နိုင်ခဲ့သူဖြစ်ကာ အလယ်အလတ်အဆင့် ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်သည်။ သူ့ကို ဓါးတစ်ချက်ဖြင့် သတ်ဖြတ်ဖို့ဆိုသည်က အလွန်အမင်းသန်မာသော ပုဂ္ဂိုလ်သာ ဖြစ်ရပေလိမ့်မည်။

ထိုလူ၏ စကားဆုံးသွားသည့်အခါ တန်တုံ၏ ငိုကြွေးမြည်တမ်းမှုမှာ ရုတ်တရက် ရပ်တန့်သွားပြီး မျက်ဝန်းများအတွင်း၌ အကြောက်တရားများ ဖြစ်ပေါ်လာခဲ့သည်။ မြေအောက်ဘုံလောက၏ ကောင်းကင်ဘုံစစ်သူကြီးများမှာ မိုးကောင်းကင်နတ်မင်း အထွတ် အထိပ်အဆင့် တည်ရှိမှုများဖြစ်ကြောင်း သူသိရှိထားခဲ့သည်။

မင်သိပင်မဆိုထားနှင့်၊ သာမန်ကောင်းကင်ဘုံ စစ်သူကြီးတစ်ယောက်ကတောင် တန်မိသားစုကို အလွယ်လေး ဖျက်ဆီးပစ်နိုင်သည်။ အခုချိန်မှာတော့ ရှန်ရှန့်ကျုံဂိုဏ်းက စစ်သူကြီးမင်ယန်ကို ဓါးတစ်ချက်ဖြင့် သတ်ဖြတ်လိုက်တာတဲ့လား။ ထိုကဲ့သို့ တည်ရှိမှုကြီးမှာ တန်တုံတွေးထင််ထားသည်ထက် များစွာ ကျော်လွန်နေခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်းက အထူးအင်အားစုကြီး ၃ စုကို ဖျက်ဆီးနိုင်ခဲ့တာ အံဩစရာမဟုတ်တော့ဘူးပဲ။

"စိတ်ဝင်စားစရာပဲ... မင်းတို့က ငါ့ကို အာခံရဲတာ အံ့ဩစရာမဟုတ်တော့ဘူးပဲ"

"ရှန်ရှန့်ကျုံဂိုဏ်းက သေချင်နေမှတော့ သူတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့"

မင်သိ၏ မျက်ဝန်းများမှာ အနည်းငယ်ကျဥ်းမြောင်းသွားပြီး သူ့မျက်နှာပေါ်၌ အေးစက်သောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့ကာ လှောင်ပြောင်ပြောဆိုလိုက်သည်။

မင်ယန်ကို ဓါးတစ်ချက်ဖြင့် သတ်ဖြတ်လိုက်သည်ကို ကြားခဲ့ရသော်လည်း သူက အနည်းငယ်သာ သတိထားခဲ့သည်။ သူက အန္တိမနတ်မင်းအထွတ်အထိပ်အဆင့်တွင် ဖြစ်လေသည်။ ဒါ့အပြင် မြေအောက်ဘုံလောက၏ စစ်သည်ပေါင်း အယောက် ၅ သောင်းလည်း ရှိနေသေးသည်။ အဆင့်တူစွမ်းအားရှင် ဆိုလျှင်တောင်မှ သူ၏ရှေ့တွင် မောက်မာဖို့ မတွေး‌ေလနှင့်။

"စစ်ပွဲအတွက် စစ်တပ်ကို ပြင်ဆင်ထားလိုက်ပါ ၊ ရှန်ရှန့်ကျုံဂိုဏ်းကို ဒီအရှင်သခင်က သွားရောက်တွေ့ဆုံရမယ်" မင်သိက လက်ကိုဝှေ့ယမ်းကာ လှောင်ပြောင်ပြောလိုက်သည်။ သူက ရှန်ရှန့်ကျုံဂိုဏ်းက်ို ဖိနှပ်ပြီးနောက် မည်သို့ မည်ပုံ ကစားရမည်ကိုတောင် တွေးတောနေခဲ့သည်။ ၎င်းက အလွန်အမင်း စိတ်လှုပ်ရှားဖွယ်ကောင်းပေလိမ့်မည်။

"ဗိုလ်ချုပ်ကြီး... မလိုတော့ပါဘူး ရှန်ရှန့်ကျုံဂိုဏ်းရဲ့လူတွေက အရှေ့ပိုင်းမြို့သစ်ကို ရောက်လာကြပါပြီ ၊ ကြည့်ရတာ ကျွန်တော်တို့ကို စောင့်နေပုံပဲ" မင်သိ၏ စကားဆုံးသွားသည့်အခါ ထိုလူက ပြောဆိုလိုက်သည်။

"အာ...."

ထိုလူ၏ စကားကိုကြားလိုက်ရသည့်အခါ မင်သိ၏ မျက်နှာမှာ ရုတ်တရက်မဲမှောင်သွားသည်။ သူတို့က မြေအောက်ဘုံလောက၏ ကောင်းကင်ဘုံစစ်သူကြီးကို သတ်ဖြတ်ခဲ့ရုံသာမက သူ့ရဲ့ စစ်တပ်ကိုလည်း မျက်လုံးထဲတောင် ထည့်မထားပေ။ ဘယ်သူကများ ဒီလောက်သတ္တိရှိနေရတာလဲ?။

ကြည့်ရတာ သူလုံလောက်အောင် မရက်စက်ပြခဲ့ပုံပဲ။

မင်သိ၏ မျက်လုံးများမှာ မှေးကျဥ်းသွားခဲ့ပြီး ထူးမခြားနားစွာ တွေးတောနေခဲ့သည်။ 

အခြားတစ်ဖက်မှာတော့ ဝမ်ဖုန်းက ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲတစ်အုပ်စုကို ခေါ်ဆောင်လျက် အရှေ့ပိုင်းမြို့သစ်ကို ရောက်လာခဲ့သည်။ ကုချိုးတို့ညီကိုနှစ်ယောက်အတွက်တော့ လင်မိသားစုကို ဦးဆောင်ပြီး တောင်ပိုင်းနယ်မြေတွင် ပျံ့ကျဲနေသော မြေအောက်ဘုံလောက၏ လူများကို သတ်ဖြတ်ရန် ခိုင်းစေထားခဲ့သည်။

ဟုတ်ပါပေသည်! လင်မိသားစုတစ်ခုတည်းက ပျဲ့ကျဲနေသော ထိုအင်အားစုများကို အနိုင်တိုက်နိုင်မည်မဟုတ်ပါ။ ဝမ်ဖုန်းက အမည်မဲ့ဓါးသမားနှင့် ချွမ်ယင်းတို့ကိုလည်း ကုချိုးတို့ညီကိုနှစ်ယောက်နောက် လိုက်ပါသွားဖို့ အမိန့်ပေးခဲ့သေးသည်။ ချွမ်ယင်းတို့၏ တိုက်ခိုက်‌ေရးစွမ်းရည်ဖြင့်ဆိုပါက ကောင်းကင်ဘုံစစ်သူကြီးများကို ရင်ဆိုင်နိုင်သည်ထက် များစွာကျော်လွန်နေပေသည်။

All Chapters