← Chapters

ဓါးနယ်မြေတစ်ခု

Vol. 27 Ch. 373

ဓါးနယ်မြေတစ်ခု

Vol. 27 Ch. 373

ဘာသာပြန်- The Fate

"ငါက အဲ့ဒီလူနဲ့ သွားရောက်ရင်ဆိုင်လ်ိုက်မယ်။ မင်းတို့ကတော့ ကျန်တဲ့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ လူတွေကို သတ်ဖြတ်လိုက်ကြ" မင်သိက လီပိုင်ကို လှမ်းကြည့်လ်ိုက်ပြီး မြို့နံရံပေါ်တွင် ရှိနေသော မြောက်များစွာသော ကောင်းကင်ဘုံစစ်သူကြီးများကို အော်ဟစ် အမိန့်ပေးလိုက်သည်။

အန္တိမနတ်မင်း အထွတ်အထိပ်အဆင့် ဖြစ်သည့်အလျောက် မင်သိက လီပိုင်ကို ကြောက်လန့်ခြင်းမရှိပါ။ လီပိုင်က သူနှင့်ထပ်တူညီမျှသည့် ကျင့်ကြံမှုကိုသာ ထုတ်ပြခဲ့သည်လေ။ ရှန်ရှန့်ကျုံဂိုဏ်းတွင် နောက်ထပ် အန္တိမနတ်မင်းအဆင့် စွမ်းအားရှင်များ ရှိနေလိမ့်မည် ဟုတော့ သူလုံးဝမယုံကြည်ပါ။ သူ၏စစ်သူကြီးများဟာ အကုန်လုံး မိုးကောင်းကင်နတ်မင်းအထွတ်အထိပ်အဆင့် စွမ်းအားရှင်များဖြစ်ကြသည်။ သားရဲကြီးလေးကောင်နဲ့ ပေါင်းစပ်လိုက်ပါက ရှန်ရှန့်ကျုံဂိုဏ်းက လူများကို သတ်ဖြတ်နိုင်တာထက်တောင် ပိုနေပြီဖြစ်သည်။

"ဟုတ်ကဲ့!"

မြေအောက်ဘုံလောက၏ ကောင်းကင်ဘုံစစ်သူကြီးများမှာ ဒေါသတကြီး ဟစ်ကြွေးလိုက်ကြပြီး သူတို့ဟာ နတ်ဆိုးဘုရင်များကဲ့သို့ စွမ်းအင်များကို ပေါက်ကွဲထုတ်ဖော်လျက် ဝမ်ဖုန်းနှင့်အခြားသူများကို တိုက်ခိုက်သတ်ဖြတ်ရန် ပြေးထွက်လာကြသည်။

ခမ်းနားကြီးကျယ်ပြီး ထိတ်လန့်ဖွယ်ကောင်းသော သတ် ဖြတ်မှုအရှိန်အဝါများသည် လေထုအတွင်း ပျံ့နှံ့ထွက်ပေါ်လာခဲ့ကာ နှင်းမြူများတောင် ရစ်သိုင်းကျလာခဲ့သည်။ လူအများဟာ အအေးဓာတ်ကြောင့် တုန်လှုပ်သွားကြသည်။

တန်မိသားစုဝင်များကတော့ ဝင်ရောက်လှုပ်ရှားခြင်းမရှိပါ။ သူတို့၏ကျင့်ကြံမှုဖြင့် ဆိုပါက တိုက်ပွဲနယ်မြေအတွင်း ဝင်ရောက်သွားလျှင် သေဖို့သာရှိပေလိမ့်မည်။ သူတို့က မင်သိကို အညံ့ခံထားသော်လည်း သူတို့၏ အသက်များကိုတော့ စွန့်စားတိုက်ခိုက်ပေးမှာ မဟုတ်ပါ။ သူတို့က မြို့နံရံပေါ်တွင် ထိတ်လန့်‌ေခြာက်ခြားနေသော အမူအရာများဖြင့် မတ်တပ်ရပ်နေခဲ့ကာ လေထုအတွင်းရှိ တိုက်ပွဲကို စူးစိုက်ကြည့်နေခဲ့သည်။

ကောင်းကင်ဘုံစစ်သူကြီးများ လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ဖုန်း၏ အနောက်တွင်ရှိနေသော ကျန်းစန်ဖုန်းနှင့် တခြားသူများကလည်း တိုက်ခိုက်ရန် ပြေးထွက်လာခဲ့ကြသည်။

ရှီပိုထျန်းက ပထမဦးဆုံး ပြေးထွက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ သတ်ဖြတ်ရေးနတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေခဲ့ကာ သတ်ဖြတ်မှုအရှိန်အဝါများမှာ ကောင်းကင်ယံထိတိုင် ပျံ့လွင့်သွားခဲ့သည်။ သူက နတ်ဆိုးများကို ဖိနှိပ်ရန်အတွက် အာဟတ်မှော်စွမ်းအားကို ချက်ချင်းအသုံးပြုလိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ အဆုံးအစမဲ့စွာ ထွက်ပေါ်လာခဲ့လျက် သူ၏လက်သီးကြီးကို ဖုံးအုပ်ပေးလိုက်သည်။

ဘုန်း!

ရှီပိုထျန်းလက်သီးထိုးလိုက်သည်နှင့်တစ်ပြိုင်နက် ဧရာမ လက်သီးလုံးကြီးသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ကာ တောက်ပသော နေမင်းတစ်စင်းအလား သွားရာလမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်ခဲ့ကာ ကောင်းကင်ဘုံစစ်သူကြီးများနှင့် ထိတွေ့မိသွားသည်။ 

လက်သီးကြီးထံမှ ပျံ့လွင့်ထွက်ပေါ်လာသော ထိတ်လန့်ဖွယ်စွမ်းအားများကို တွေ့လိုက်ရသည့်အခါ ကောင်းကင်ဘုံစစ်သူကြီးက အသက်ကို ခပ်ပြင်းပြင်း ရှုရှိုက်လိုက်သည်။ သူ၏ မျက်ဝန်းထဲ၌ အေးစက်သောအကြည့်တစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူကလည်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် စွမ်းအင်များကို စုစည်းလိုက်ပြီး နတ်ဆိုးလက်သီးကြီးတစ်ခုကို ပစ်ခတ်တိုက်ခိုက်လိုက်သည်။ အဆိုပါဧရာမ နတ်ဆိုးလက်သီးကြီးမှာ ရှီပိုထျန်း၏ လက်သီးနှင့် ထိပ်တိုက်တွေ့ဆုံမိသွားခဲ့သည်။

ဘုန်း!

ထိတ်လန့်ခြောက်ခြား ဖွယ်ကောင်းသော လက်သီးလုံးကြီး နှစ်ခုမှာ လေထုအတွင်းပေါက်ကွဲထွက်သွားပြီး လှိုင်းကယက်များထလာစေခဲ့သည်။ စွမ်းအင်လှိုင်းလုံးများမှာ အရပ်လးမျက်နှာသို့ ပျံ့လွင့်သွားခဲ့သည်။

ရှီပိုထျန်း၏ ကျင့်ကြံမှုမှာ ကိုးကွယ်ခံနတ်မင်း အထွတ်အထိပ်အဆင့်၌သာ ရှိနေသော်လည်း သူဟာ မိုးကောင်းကင်နတ်မင်း အထွတ်အထိပ်စွမ်းအားရှင်များနှင့် ရင်ဆိုင်နိုင်သော စွမ်းအားများကို ထုတ်လွှတ်ခဲ့သည်။ ရန်သူ့ကောင်းကင်ဘုံစစ်သူကြီးမှာ ရှီပိုထျန်း၏ တိုက်ခိုက်မှုများကို ခက်ခက်ခဲခဲ ခုခံနေခဲ့ရသည်။

အခြားတစ်ဖက်တွင် ကျန်းစန်ဖုန်းနှင့် အခြားသူများကလည်း ကျန်ရစ်သော ကောင်းကင်ဘုံစစ်သူကြီများနှင့် ရင်ဆိုင်လိုက်ကြသည်။ ဟုတ်ပါပေသည်! အရေအတွက်အားဖြင့်ဆိုပါက ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးအကဲများမှာ ပို၍သာလွန်နေခဲ့သည်။ ထို့အတွက်ကြောင့် ကောင်းကင် ဘုံစစ်သူကြီးများမှာ အလျင်အမြန်ပဲ ဒဏ်ရာဗရပွ ဖြစ်လာခဲ့ကြသည်။ 

လေးသောင်းကုန်သော စစ်သည်တော်တို့ အတူတကွ ဖွဲ့တည်ထားသည့် ခမ်းနားကြီးကျယ်သော သားရဲပုံရိပ်များကိုတော့ ရှန်ရှန့်ကျုံဂိုဏ်း ဓါးတစ်လက် ဘုရားကျောင်း၏ လက်ထောက် ခန်းမအရှင်များဖြစ်ကြသော ချီမိန်ချွေရွယ် ၊ ရှဲ့ရှောင်ဖုန်း ၊ ယန်ရှီစန်းနှင့် ယဲ့ကူချန်တို့က ရင်ဆိုင်တိုက်ခိုက်လိုက်ကြသည်။

ချီမိန်ချွေရွယ်တို့လေးယောက်ထံမှ ပေါက်ကွဲထွက်လာခဲ့သော ထက်မြသည့် ဓါးအလင်းတန်းများဟာ ဧရာမသားရဲပုံရိပ်ကြီးများနှင့် ထိတွေ့မိသွားခဲ့သည်။ ဧရာမသားရဲကြီးများက နာနာကျင်ကျင်အော်ဟစ်လိုက်ကြကာရှေ့ပြေးတပ်သားများမှာလည်း ဒဏ်ရာအပြင်းအထန်ရသွားခဲ့ကြသည်။ သူတို့အားလုံးဟာ ချီမိန်ချွေ့ရွှယ်တို့ လေးယောက်၏ ထိတ်လန့်ဖွယ်ကောင်းသော ဓါးစွမ်းအင်များကြောင့် ထိတ်လန့်နေမိကြသည်။

လေထုထဲမှာတော့ မင်သိနှင့် လီပိုင်တို့က ပြင်းထန်စွာ တိုက်ခိုက်နေခဲ့သည်။ 

မင်သိ၏အမူအရာမှာ လေးနက်နေခဲ့ပြီး သူ့လက်ထဲရှိ ဓါးရှည်ကို အဆက်မပြတ် ဝှေ့ယမ်းနေခဲ့သည်။ သူ၏ဓါးချက်တိုင်းတွင် ခမ်းနားကြီးကျယ်သော တစ္ဆေချီများကိန်းဝပ်လျက်ရှိပြီး အင်မတန်မှ ပြင်းထန်ထက်မြက်လှသည်။ သူဟာ အဆက်မပြတ် ရွာသွန်းသော မိုးကဲ့သို့ လျင်မြန်သွက်လက်သော ဓါးများဖြင့် လီပိုင့်ကို ခုတ်ပိုင်းတိုက်ခိုက်နေခဲ့သည်။ ခမ်းနားကြီးကျယ်ပြီး အလွန်အမင်းဆိုးယုတ်သော နတ်ဆိုးစွမ်းအားများသည် လီပိုင်၏ ပတ်ပတ်လည်၌ ဓါးနယ်မြေတစ်ခုကဲ့သို့ ဖြစ်တည်နေခဲ့ကာ လီပိုင့်ကို ဗဟိုပြုလျက် မိုင်တစ်ရာပတ်ပတ်လည်၌ ထိတ်လန့်ဖွယ်ကောင်းသော ဓါးနယ်မြေကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

သာမန်အန္တိမနတ်မင်း အထွတ်အထိပ်စွမ်းအားရှင်ဆိုပါက မင်သိ၏တိုက်ကွက်ဖြင့် ရင်ဆိုင်လိုက်ရလျှင် ထိတ်ထိတ်ပျာပျာဖြစ်သွားပေလိမ့်မည်။ သို့ပါသော်လည်း လီပိုင်ကတော့ တည်ငြိမ်နေသေးဆဲသာ။

ထိုမြင်ကွင်းကြောင့် မင်သိ၏မျက်ခွံများမှာ အရိုင်းဆန်စွာလှုပ်ရှားသွားခဲ့သည်။ သူ၏နှလုံးသား၌ တုန်လှုပ်မှုတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ဤသည်မှာ သူဂုဏ်အယူရဆုံးသော တိုက်ကွက်ဖြစ်ပါသည်။ မြေအောက်ဘုံလောကရှိ သူ့ထက်အဆင့်မြင့်သော စစ်သူကြီးများကတောင် ဤတိုက်ကွက်နှင့်ရင်ဆိုင်ရလျှင် လက်လွတ်စပါယ်မပြုရဲကြပါ။

သူ၏တိုက်ကွက်ကို ပေါ့ပါးသွက်လက်စွာ ခုခံနိုင်ဖို့ဆိုလျှင် ထိပ်တန်းစစ်သူကြီး ၅ ယောက်ကသာ လုပ်ဆောင်နိုင်စွမ်းရှိပါလိမ့်မည်။ 

"သတ်!"

လီပိုင် ဓါးနယ်မြေအတွင်း ပိတ်မိနေတာကို အခွင့်ကောင်းယူလိိုက်ပြီး မင်သိ၏မျက်ဝန်းများက ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများမှာ အရိုင်းဆန်စွာ လှည့်ပတ်လာခဲ့သည်။ သူက ချက်ချင်းပဲ သွေးအဆီအနှစ်ကို လောင်ကျွမ်းအောင်ပြုလုပ်လိုက်သည်။ သူ့ကိုယ်တွင်းကထုတ်လွှတ်နေသော စွမ်းအားများမှာ ပို၍ပို၍ ထိတ်လန့်ဖွယ် ကောင်းလာခဲ့သည်။

မြေအောက်ဘုံလောက၏ သူရဲကောင်းတစ်ယောက်ဖြစ်သည်နှင့်အညီ မင်သိဟာ ရန်သူအပေါ် ရက်စက်ရုံသာမက မိမိကိုယ်ကိုလည်း ရက်စက်ကြမ်းကြုတ်လှသည်။ လီပိုင်က သူ့ထက်သန်မာနေတာကို သိရှိလိုက်ရသည့်အခါ တုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏သွေးအဆီအနှစ်ကို လောင်ကျွမ်းအောင် ပြုလုပ်ပြီး တိုက်ပွဲဝင်စွမ်းအားကို တိုးမြှင့်ခဲ့သည်။

သူ့လက်ထဲရှိ ပိန်းပိတ်အောင် မှောင်မဲနေသော မဟူရာဓါးရှည်မှာ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ဖြတ်ပိုင်းထွက်ပေါ်လာခဲ့သည်။

ရုတ်တရက်ဆိုသလို နက်မှောင်လွန်းသော ဓါးအလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ လေထုအတွင်း၌ ရှည်လျားသော အနက်ရောင်မြစ်ကြီးတစ်စင်း ဖြစ်တည်လာခဲ့ကာ လီပိုင်က်ို လွှမ်းခြုံလိုက်သည်။

ဓါးတစ်ချောင်းဖြင့် ပုံဖော်ထားသော မြေအောက်ဘုံလောက၏ မြစ်တစ်စင်းကို တွေ့မြင်လိုက်ရသည့်အခါ သရဲတစ္ဆေများနှင့် ဝိညာဥ်များသည် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။

၎င်းအနက်ရောင်မြစ်ကြီး အတွင်းထဲ၌ သိပ်သည်းထူထပ်သော ဓါးစွမ်းအင််များ လှည့်ပတ်နေခဲ့သည်။ အဝေးတစ်နေရာမှတောင် ထက်မြလွန်းသော အရှိန်အဝါများကို ခံစားသိရှိနိုင်လေသည်။

မိုင်တစ်ရာပတ်ပတ်လည်ကို လွှမ်းခြုံထားခဲ့သည့် မြေအောက်ဘုံလောကဓါးမြစ်ကြီး၏ စွမ်းအားမှာ အင်မတန်မှခြောက်ခြားဖွယ် ဖွယ်ကောင်းနေခဲ့သည်။ ၎င်းက လီပိုင်ကို ခုခံခွင့် အနည်းငယ်တောင် မပေးခဲ့ပါဘဲ ရုတ်တရက် လွှမ်းမိုးသွားခဲ့သည်။ လီပိုင်၏ ခန္ဓာကိုယ်ဟာ ဓါးမြစ်ကြီးအတွင်း စုန်းစုန်းမြုပ်သွားခဲ့သည်။

မြေအောက်ဘုံလောက ဓါးစွမ်းအင်မြစ်ကြီး၏ ခွန်အားကို သိရှိခံစားလိုက်ရသည့်အခါ လီပိုင်၏ မျက်ဝန်းအတွင်းပိုင်း၌ ထူးဆန်းသော အကြည့်တစ်ခုဖြစ်ပေါ်လာခဲ့သည်။ မြေအောက်ဘုံလောက၏ စစ်သည်တော်မှာ တစ်ကယ့်ကို ဆုံးဖြတ်ချက်ပြတ်သားလှသည်။ သို့ပါသော်လည်း သူဘယ်လောက် ကြိုးစား ကြိုးစား အဆုံးမှာတော့ သေဆုံးရမှာသာဖြစ်သည်။

"ခမ်းနားကြီးကျယ်သော လောကရဲ့ ဓါးတေးသံတစ်ပုဒ်"

လီပိုင်၏ အမူအရာမှာ ထူးမခြားနား ဖြစ်နေခဲ့ပြီး သူဟာ တိုးညင်းစွာ ရေရွတ်လိုက်သည်။ သူ၏ လက်ချောင်းများမှာ ဓါးများကဲ့သို့ ဖြစ်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌ အလင်းတန်းများ စူးရှစွာ တောက်ပလာခဲ့သည်။ သူ၏ လက်ချောင်းနှစ်ချောင်းပေါ်တွင် မျက်စိကျိန်းလောက်စရာကောင်းသော ဓါးအလင်းတန်းတစ်ခု မွေးဖွားလာခဲ့သည်။ ထို့နောက် သူဟာ လက်နှစ်ချောင်းကို အသုံးပြုပြီး ဓါးစွမ်းအင်မြစ်ကြီးကို ဖြတ်ပိုင်းထုတ်လိုက်သည်။

ဓါးအလင်းတန်းထွက်ပေါ်မလာခင်ကတည်းက ၎င်း၏ အရှိန်အဟုန်ကြောင့် ဓါးမြစ်ကြီးဟာ တစ်စတစ်စ ပြိုပျက်လာခဲ့သည်။ ကမ္ဘာလောကကြီးအတွင်း၌ ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာခဲ့သည်။

"ဘုန်း!"

ဓါးအလင်းတန်း သက်ဆင်းထွက်ပေါ်လာသည့်အခါ ကျယ်လောင်လွန်းသော ပေါက်ကွဲသံကြီးသည် အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားခဲ့ပြီး ထိတ််လန့်ခြောက်ခြား ဖွယ်ကောင်းသော စွမ်းအင်လှိုင်းလုံးများလည်း လွင့်စင်ထွက်သွားခဲ့သည်။ အနီးဝန်းကျင်ရှိ ကောင်းကင်ဘုံစစ်သူကြီးများနှင့် ရှန်ရှန့်ကျုံဂိုဏ်း အကြီးအကဲများမှာ လီပိုင်၏ ဓါးချက်ကြောင့် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ လီပိုင်၏ ဓါးချက်မှာ မိုးကောင်းကင်ကို ဖြတ်ပိုင်းလိုက်သကဲ့သို့ ဖြစ်နေခဲ့ပြီး အင်မတန်မှ ထိတ်လန့်ဖွယ်ကောင်းနေခဲ့သည်။

တိုက်ပွဲမြေပြင်အတွင်းရှိ လူတိုင်းဟာ တိုက်ခိုက်နေရာမှ ရပ်တန့်လိုက်ပြီး ဖုန်မှုန့်များ မြူခိုးများဖြင့်ရစ်သိုင်းနေသော ကွင်းလယ်ကို ထိတ်လန့်ချောက်ချားစွာ လှမ်းကြည့်လိုက်ကြသည်။ တိုက်ပွဲမြေပြင်တစ်ခုလုံးဟာ ဓါးစွမ်းအင်မြစ်ကြီးနှင့် လီပိုင့်ဓါးချက်တို့ ထိတွေ့မှုကြောင့် ရစရာမရှိလောက်အောင် ဖျက်ဆီးခံခဲ့ရသည်။

များမကြာမီတွင် ဖုန်မှုန့်များနှင့် မြူခိုးများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး တိုက်ပွဲမြေပြင် အလယ်ရှိ မြင်ကွင်းကို လူတိုင်းဆွေ့မြင်လိုက်ရသည်။ ၎င်းမြင်ကွင်းမှာ ကောင်းကင်ဘုံစစ်သူကြီးများနှင့် တန်မိသားစုဝင်များအားလုံးကို ကြောင်အထိတ်လန့်သွားစေခဲ့သည်။

ထိတ်လန့်ဖွယ်ကောင်းလှသော မြေအောက်ဘုံလောက၏ စစ်သူကြီးမင်သိမှာ လီပိုင်၏ ဓါးချက်ကြောင့် ထက်ပိုင်းဖြတ်ခံလိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှ အနက်ရောင်သွေးများ စီးဆင်းထွက်ပေါ်လာခဲ့ကာ မြေပြင်တစ်ခုလုံး၌ နတ်ဆိုးသွေးများဖြင့် နက်မှောင်သွားခဲ့သည်။ လီပိုင်၏ ဓါးချက်က မင်သိကိုယ်အတွင်းရှိ ရှင်သန်ခြင်း စွမ်းအားများ အားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

All Chapters