မြေအောက်ဘုံလောကက ကမ္ဘာကြီးကို ကျိန်းသေပေါက် အုပ်စိုးစေရမယ်။
Vol. 27 Ch. 374
ဤအချိန်တွင် ကောင်းကင်ယံပေါ်၌ ခိုင်မြဲစွာ မတ်တက်ရပ်နေပြီး သေရည်အိုးကို ပင့်မလျက် တစ်ကျိုက်ပြီးတစ်ကျိုက်သောက်သုံးနေသော လီပိုင်၏ ပုံသွင်က မြေအောက်ဘုံလောက၏ စစ်သူကြီးများနှင့် တန်မိသားစုဝင်များကို အကြီးအကျယ် ထ်ိတ်လန့်သွားစေခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ထိန်းကွပ်မရ တုန်ယင်နေခဲ့သည်။
ဤသည်က တုနှိုင်းမဲ့သည့် တည်ရှိမှုကြီးဖြစ်ပေသည်။ သူက မြေအောက်ဘုံလောက၏ စစ်ဗိုလ်ကြီး မင်သိကို ဓါးတစ်ချက်ဖြင့် သတ်ဖြတ်ပစ်ခဲ့သည်။
"ဒါ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
မြေအောက်ဘုံလောက၏ ကောင်းကင်ဘုံစစ်သူကြီးများသည် ထိတ်လန့်ကြောင်အစွာဖြင့် ရေရွတ်လိုက်ကြကာ သူတို့၏ အမူအရာများက တုန်လှုပ်ခြောက်ခြားနေကြသည်။ မင်သိ၏ လက်အောက်ငယ်သားများ ဖြစ်သည့်အတွက် သူတို့က မင်သိအဘယ်မျှလောက် စွမ်းအားကြီးကြောင်း သေချာပေါက်သိထားကြသည်။ သွေးအဆီ အနှစ်ကို လောင်ကျွမ်းလိုက်ပြီးနောက် အရှင်မင်သိက ပို၍ပင် ကြောက်လန့်ဖွယ်ကောင်းနေခဲ့သည်။ သူ့ကိုမြေအောက်ဘုံလောက၏ ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ငါးယောက်ကတောင် ဒီလိုမျိုး ဓါးတစ်ချက်ဖြင့် သတ်ပစ်နိုင်မှာမဟုတ်ပါ။
မြေအောက်ဘုံလောကအတွင်း တည်ရှိသော မြေအောက်အမတမင်းဆက်၏ ဒဏ္ဍရီလာဘိုးဘေးကသာ ဒီလိုမျိုး ပြုလုပ်နိုင်လိမ့်မည်။ ဘိုးဘေးဟာ ထိုက်ရွှမ်နတ်မင်းနယ်ပယ်ကို ဖြတ်ကျော်ပြီးပြီ ဖြစ်သည်။ ဒီအဆင့်ထိ ရောက်ဖို့ဆိုတာ ဖြစ်နိုင်လို့လား?။
ဖြစ်န်ိုင်တာက ဒီလူကလည်း မြေအောက်အမတမင်းဆက်ရဲ့ ဘိုးဘေးနဲ့ အဆင့်အတူတူလား?။
ဟင့်အင်း... ဒီလိုစွမ်းအားရှင်မျိုးကို ရှန်းရွှမ်တောင်ပိုင်းဒေသက ဘယ်လိုလုပ် မွေးထုတ်ပေးနိုင်မှာလဲ?။
မြေအောက်ဘုံလောက၏ ကောင်းကင်ဘုံစစ်သူကြီးများအားလုံးဟာ မယုံကြည်နိုင်ဖြစ်နေကြသည်။ သို့ပါသော်လည်း အမှန်တရားက သူတို့ရှေ့တွင် ရှိနေခဲ့သည်။ ထိုလူက မြေအောက်အမတမင်းဆက်၏ ဘိုးဘေးလောက် သန်မာခြင်းမရှိဘူးဆိုရင်တောင် စစ်ဗိုလ်ချုပ်ကြီး မင်သိကို ဓါးတစ်ချက်ဖြင့် သတ်ဖြတ်ခဲ့လေရာ သူတို့ရင်ဆိုင်နိုင်မည့် တည်ရှိမှုကြီး ဟုတ်မနေပါချေ။
သူတို့က မောက်မာထောင်လွှားကြပြိီး ရှန်းရွှမ်ဒေသရှိ လူများကို မျက်လုံးထဲတောင် မထည့်သော်လည်း အရူးများတော့ မဟုတ်ကြပါ။ သူတို့တွင် လူအများကြီး ရှိနေကြပြီး စစ်သည်တော် အယောက်လေးသောင်း ရှိနေသော်လည်း ထိုလူ၏ ပြိုင်ဘက်တော့ မဖြစ်နိုင်ပါချေ။
ဒါ့အပြင် ရှန်ရှန့်ကျုံဂိုဏ်း၏ အခြားသော စွမ်းအားရှင်များကလည်း လွယ်ကူသောပြိုင်ဘက်များ ဖြစ်မနေကြပါ။ သူတို့ဟာ ကိုးကွယ်ခံနတ်မင်း အထွတ်အထိပ်အဆင့် ကျင့်ကြံမှုသာ ရှိကြသော်လည်း မိုးကောင်းကင်နတ်မင်း အထွတ်အထိပ်အဆင့်ဖြစ်သော သူတို့ကို ဖိနှိပ်နိုင်ခဲ့သည်။
ရှန်ရှန့်ကျုံဂိုဏ်းက မကောင်းဆိုးဝါးပဲ...
ဒီလိုမျိုးထိတ်လန့်စရာ တည်ရှိမှုကြီးတွေ... သူတို့ဘယ်လိုလုပ် တည်ရှိနေနိုင်တာလဲ?
မြေအောက်ဘုံလောက၏ ကောင်းကင်ဘုံစစ်သူကြီးများအပြင် တန်မိသားစုဝင်များကလည်း အေးခဲတောင့်တင်းနေကြသည်။ သူတို့က ရှန်ရှန့်ကျုံဂိုဏ်းကို သစ္စာဖောက်လိုက်ရုံသာမက တောင်ပိိုင်းနယ်မြေတစ်ခုလုံးကို သစ္စာဖောက်ခဲ့လေသည်။ ရှန်ရှန့်ကျုံဂိုဏ်းဟာ မြေအောက်ဘုံလောက ရှေ့ပြေးတပ်ကို ဦးဆောင်လာခဲ့သော ဗိုလ်ချုပ်ကြီးမင်သိကို ဓါးတစ်ချက်ဖြင့် သတ်ဖြတ်နိုင်ခဲ့လိမ့်မည်ဟု သူတို့ထင်မထားခဲ့ကြပါ။
လက်ရှိအခြေအနေကို ဆန်းစစ်ကြည့်ပါက မြေအောက်ဘုံလောကဟာ ရှန်ရှန့်ကျုံဂိုဏ်းကို တားဆီးနိုင်မည့်ပုံ မရှိတော့ချေ။ သူ့ရဲ့ တန်မိသားစုက ဘယ်နေရာကို သွားရတော့မလဲ?
တန်မိသားစုခေါင်းဆောင် တန်တုံဟာ စိတ်လွတ်နေပုံ ပေါ်နေခဲ့သည်။ သူဟာ ဂုဏ်သိက္ခာများကို စွန့်လွှတ်လိုက်ပြီး အသက်ရှင်သန်ရန် ဒူးထောက်ချလိုက်သည်။ သူဘာတွေများ လုပ်နေခဲ့မိတာလဲ?။
သူတို့ရဲ့ တန်မိသားစုက ရှန်းရွှမ်ဒေသကြီးမှာ ခိုင်ခိုင်မြဲမြဲ မတ်တပ်ရပ်နေနိုင်ပြီး အရင်က သူတို့ကို အနိုင်ကျင့်ခဲ့တဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တွေကို ပြန်လက်စားချေနိုင်ရမှာလေ..။
သို့ပါသော်လည်း ရှန်ရှန့်ကျုံဂိုဏ်း၏ ထွက်ပေါ်လာမှုက သူပြုလုပ်ခဲ့သမျှအရာအားလုံးကို ဖျက်ဆီးခဲ့သည်။ ဤကနေ့တွင် ရှန်ရှန့်ကျုံဂိုဏ်းက တန်မိသားစုကို အလွတ်ပေးလိုက်ရင်တောင် သူ၏ တန်မိသားစုက တောင်ပိုင်းနယ်မြေမှာ ရပ်တည်နိုင်မှာမဟုတ်တော့ပါ။
သူ၏ တန်မိသားစုက ကြွက်စုတ်တစ်ကောင်လို့ ဖြစ်နေခဲ့ပြီး တွေ့မြင်မိသူတိုင်းက သူတို့ကို ရိုက်နှက်အော်ဟစ် နှိပ်စပ်ကြမှာပင်။
ဘာလို့များ ဘုရားရှင်က သူတို့တန်မိသားစုကို ဒီလိုဆက်ဆံရတာလဲ?။ ဘာလို့များ ရှန်ရှန့်ကျုံဂိုဏ်းက အရမ်းစွမ်းအားကြီးနေပြီး သူ့ရဲ့အိမ်မက်တွေကို ဖျက်ဆီးပစ်ခဲ့ရတာလဲ?။
"သတ်!"
ဝမ်ဖုန်းက စိတ်လွတ်နေကြသော ကောင်းကင်ဘုံစစ်သူကြီးများနှင့် တန်မိသားစုဝင်များကို လှမ်းကြည့်လိုက်ပြီး အေးစက်သော အကြည့်ဖြင့်ပြောဆိုလိုက်သည်။
ဝမ်ဖုန်၏စကားဆုံးသွားသည့်အခါ ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးအကဲများမှာ တုန့်ဆိုင်းမနေခဲ့ကြပါ။ သူတို့က စွမ်းအားကြီး အရှိန်အဝါများ တစ်ယောက်ပြီးတစ်ယောက် ပေါက်ကွဲထွက်လာခဲ့ကြကာ မြေအောက်ဘုံလောက၏ ကောင်းကင်ဘုံစစ်သူကြီးများကို သတ်ဖြတ်ရန် ရုတ်တရက်ပြေးဝင်သွားခဲ့ကြသည်။
ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ ထုတ်လွှတ်လိုက်သော ထိတ်လန့်ဖွယ်စွမ်းအားများက ထိတ်လန့်ကြောင်အနေသူများကို သတိတရားပြန်လည်ဝင်ရောက်စေခဲ့သည်။ သူတို့က သတ်ဖြတ်ခြင်းအရှိန်အဝါများ ရစ်သိုင်းနေသော ရှန်ရှန့်ကျုံ ဂိုဏ်းအကြီးအကဲများကို လှမ်းကြည့်လိုက်ပြီး သူတို့မျက်လုံးများအတွင်း၌ ရက်စက်ကြမ်းကြုတ်သော အမူအရာများ ဖြစ်တည်လာခဲ့သည်။
"ငါတို့ရဲ့ မြေအောက်ဘုံလောကက ကမ္ဘာလောကကြီးကို အုပ်စိုးစေရမယ်"
မြေအောက်ဘုံလောက၏ ကောင်းကင်ဘုံစစ်သူကြီးတစ်ယောက်က အံကိုတင်းတင်းကြိတ်လိုက်ကာ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် မိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး ဟစ်ကြွေးလိုက်သည်။
ထိုသို့ဟစ်ကြွေးလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် သူက ကျင့်ကြံမှုနည်းလမ်းများကို ပြောင်းပြန်လှန်ပစ်လိုက်ကာ သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များကို ကသောင်းကနင်းဖြစ်တည်စေခဲ့သည်။ ထို့နောက်သူဟာ အားပါပါဖြင့် ရှန်ရှန့်ကျုံဂိုဏ်းအကြီးအကဲများ ရှိရာသို့ ဇွတ်တရွတ် ပြေးဝင်သွားခဲ့သည်။
"သူက ကိုယ့်ကိုကိုယ် ဖောက်ခွဲတော့မယ်... ထွက်ပြေးကြ!"
ကျန်းစန်ဖုန်းနှင့်အခြားသူများက ထိုသူ့၏အခြေအနေကို တွေ့မြင်လိုက်ရသည့်အခါ သူတို့၏ အမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့က အစောတလျင်အော်ဟစ်လိုက်ကာ သူတို့ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများကို ထုတ်ဖော်လျက် အကာအကွယ်ဒိုင်းကာကြီး ဖွဲ့တည်လိုက်ပြီး တဆက်တည်းမှာပဲ ဆုတ်ခွာသွားခဲ့ကြသည်။
သူတို့ဟာ တိုက်ပွဲဝင်စွမ်းအား ထူးကဲသန်မာသော်လည်း မိုးကောင်းကင်နတ်မင်း အထွတ်အထိပ်အဆင့်တစ်ယောက်၏ မိမိကိုယ်ကို ဖောက်ခွဲခြင်းကိုတော့ မတားဆီးနိုင်ကြပါ။ သူတို့မသေဘူးဆိုရင်တောင် ပြင်းပြင်းထန် ထန် ဒဏ်ရာရသွားနိုင်သည်။
ဘုန်း!
လူအများ၏ စောင့်ကြည့်နေသော အကြည့်များအောက်တွင် ကောင်းကင်ဘုံစစ်သူကြီး၏ ခန္ဓာကိုယ်ထည်မှာ ပကတိမျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် ပုံပျက်လာခဲ့သည်။
ဤအချ်ိန်တွင် ကမ္ဘာလောကကြီးက ရပ်တန့်သွားပုံပေါ်၏။ ယင်းနောက် နားကွဲလုမတက် ကျယ်လောင်သောပေါက်ကွဲသံကြီးသည် လောကကြီးအတွင်း မြည်ဟီးထွက်ပေါ်လာခဲ့ပြီး တိမ်စိုင်များကတောင် ပြိုပျက်လွင့်စင်သွားခဲ့ရသည်။ တောင်ပိုင်းနယ်မြေတစ်ခုလုံးရှ်ိ ပုဂ္ဂိုလ်များသည် အရှေ့ပိုင်းမြို့သစ် တည်ရှိရာနေရာ၌ ဖြစ်ပေါ်နေသော ဧရာမမီးခိုးထုကြီးများကို တွေ့မြင်နိုင်လေသည်။
အရှေ့ပိုင်းမြို့သစ်တည်ရှိရာ မိုင်တစ်သိန်းပတ်ပတ်လည်ရှိမြေပြင်သည် ဧရာမ မြွေနဂါးကြီးတစ်ကောင် အဆက် မပြတ် လူလွန့်လိုက်သလိုမျိုး အက်ကွဲကြောင်းများ ဖြစ်တည်လာခဲ့သည်။
သန်မာသော မုန်တိုင်းကြီးတစ်ခု ဖြတ်သန်းတိုက်ခတ်သွားပြီး ကျန်းစန်ဖုန်းနှင့် အခြားသူများအပေါ် ကာရံထားသော အကာအကွယ်ဒိုင်းကာများသည် အဆက်မပြတ်တုန်ရင်လာခဲ့ကာ ကွဲကြေလုမတက် ဖြစ်နေခဲ့သည်။ မြို့တံတိုင်းပေါ်မှ တန်မိသားစုဝင်များ အားလုံးသည် ပေါက်ကွဲမှုဒဏ်ကြောင့် လွင့်စင်ထွက်သွားကာ သွေးများအန်ထုတ်လိုက်ရသည်။ သူတို့၏ အမူအရာများမှာ အင်မတန်မှ ဖြူဖျော့နေခဲ့ကြသည်။
အချိန်အတော်ကလေးကြာသည့်အခါ သန်မာသော မုန်တိုင်းကြီးသည် တဖြည်းဖြည်းချင်း အားနည်းလာခဲ့သည်။ ကျန်းစန်ဖုန်းနှင့်အခြားသူများက ကျန်ရစ်နေကြသော မြေအောက်ဘုံလောက၏ ကောင်းကင်ဘုံစစ်သူကြီးများကို မဲမှောင်နေသော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြသည်။ သူတို့သာ အချိန်မှီ မတုန့်ပြန်နိုင်ပါက ထိုစစ်သူကြီး၏ ပေါက်ကွဲမှုဒဏ်ကြောင့် ဒဏ်ရာအပြင်းအထန်ရသွားနိုင်သည်။
"ငါတို့ရဲ့ မြေအောက်ဘုံလောကက ကမ္ဘာလောကကြီးကို အုပ်စိုးရမယ်"
သို့ပါသော်လည်း နောက် တဒင်္ဂအကြာတွင် ကျန်းစန်ဖုန်းနှင့် အခြားသူများ၏ အမူအရာများမှာ ထပ်မံပြောင်းလဲသွားခဲ့သည်။ သူတို့မျက်လုံးများအတွင်း၌ ထိတ်လန့်နေသော အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကျန်ရစ်နေသေးသော ကောင်းကင်ဘုံစစ်သူကြီး ဆယ်ယောက်ကျော်နှင့်တကွ မြေအောက်ဘုံလောက၏ စစ်သည်တော် အယောက် ၄ သောင်းတို့သည် လက်သီးများကို ကျစ်ကျစ်ပါအောင်စုပ်လိုက်ကြပြီး လက်များကို ဝှေ့ယမ်းလိုက်ကာ အရှေ့ပိူင်းမြို့သစ်တစ်ခုလုံးကို တုန်ရင်စေလောက်အောင် ကျယ်လောင်သော မြည်သံကြီးဖြင့် ဟစ်ကြွေးလိုက်ကြသည်။
ပို၍ထိတ်လန့်ဖွယ်ကောင်းသည်က ထိုသို့ဟစ်ကြွေးလိုက်ပြီးနောက် သူတို့က တုံ့ဆိုင်းခြင်းမရှိဘဲ ကျင့်စဥ်စွမ်းအားများကို တစ်ယောက်ပြီးတစ်ယောက် ကပြောင်းကပြန် ဖြစ်စေလိုက်ကာ သူတို့ကိုယ်ကို ဖောက်ခွဲရန်ပြင်ဆင်လိုက်သည်။
ဒါက ဘယ်လိုသောက်ကျိုးနဲ ဖြစ်စဥ်ကြီးပါလိမ့်...
ကျန်းစန်ဖုန်းတို့ကတောင် ဤအချိန်တွင် မကျိန်ဆဲပဲ မနေနိုင်တော့ပါ ။ ထောင်ကျော်သော ပုဂ္ဂိုလ်များ မိမိကိုယ်ကို ဖောက်ခွဲခြင်း...။ ကျန်းစန်ဖုန်းတို့အုပ်စုကတောင် သူတို့နှစ်ဘဝစာ သက်တမ်းအတွင်း၌ ထိုကဲ့သို့ အံ့ကြီးဖွယ်မြင်ကွင်းကြီးကို တွေ့မြင်ဖူးခြင်းမရှိကြပါ။
သူတို့က မထွက်ပြေးခဲ့ကြချေ။ ဒါဇင်ကျော်သော မိုးကောင်းကင်နတ်မင်း အထွတ်အထိပ်အဆင့် စွမ်းအားရှင်များနှင့် ထွက်ရပ်ပေါက်နတ်မင်းအဆင့် ၄ သောင်းကုန်သော စစ်သည်တို့သည် မိမိကိုယ်ကို ဖောက်ခွဲခဲ့ကြခြင်း။ ဤကဲ့သို့သော ပေါက်ကွဲမှုပြင်းအားကြီးက တောင်ပိုင်းနယ်မြေတစ်ခုလုံးကို စိစိညက်ညက်ကျေသွားစေရန် လုံလောက်လေသည်။ သူတို့ဘယ်ကိုများ ထွက်ပြေးရဦးမလဲ?။ တောင်ပိုင်းနယ်မြေကြီးတစ်ခုလုံးဟာ ဤထိတ်လန့်ဖွယ် ပေါက်ကွဲမှုကြီး၏ သက်ရောက်မှုကို ခံရမှာဖြစ်သည်။
မူလက တည်ငြိမ်စွာ မတ်တပ်ရပ်နေခဲ့သော ဝမ်ဖုန်းကတောင် ဤအချိန်တွင် မျက်ဝန်းသူငယ်အိမ်များ လှုပ်ခါသွားခဲ့ပြီး ထိတ်လန့်နေသော အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။ သူဟာ ထောင်ကျော်သော စစ်သူကြီးများ၏ မိမိကိုယ်ကို ဖောက်ခွဲခြင်းအား ဂရုမစိုက်ပါ။ သူဂရုစိုက်သည်က ထိုလူများ၏ စိတ်နေစိတ်ထားကိုပင်။ သူတို့က သေခြင်းကို ကြောက်လန့်နေခြင်း မရှိခဲ့ကြပေ။ ရှင်သန်ရန် အခွင့်အရေးမရှိတော့သည်နှင့် တစ်ပြိုင်နက် သူတို့ဟာ တုံ့ဆိုင်းခြင်းမရှိ ၊မိမိကိုယ်ကို ဖောက်ခွဲရန် ပြင်ဆင်လိုက်ကြသည်။
ဤသည်မှာ မိမိ၏ အသက်ကို စွန့်လွှတ်စတေးခြင်းဖြစ်လေသည်။
ဤအရာက ပြောဆိုရန် လွယ်သော် ထိုသို့ပြုလုပ်ရန် မည်မျှလောက် သတ္တိရှိရမည်နည်း။ သူတို့ကိုယ်ကို ကျိန်းသေပေါက် ဖောက်ခွဲပစ်ပါမယ်ဟု ဘယ်သူကမှ ကံသေကံမ မပြောရဲကြပါ။ သူတို့ ထိုသို့ ဖောက်ခွဲလိုက်ပြီးသည်နှင့်တစ်ပြိုင်နက် သူတို့ဟာ အလောင်းတောင်မကျန်အောင် သေဆုံးသွားရရုံသာမက ပြန်လည်ဝင်စားခွင့်လည်း ရှိကြတော့မှာမဟုတ်ဘဲ ဤလောကကြီးအတွင်းမှ လုံးဝပျောက်ကွယ်သွားရမှာ ဖြစ်သည်။