← Chapters

မဟာတာအိုက သင့်ဘေးနားမှာ

Vol. 27 Ch. 377

မဟာတာအိုက သင့်ဘေးနားမှာ

Vol. 27 Ch. 377

ဘာသာပြန်- The Fate

ရှန်ရှန်ကျုံဂိုဏ်းချုပ်ခန်းမအတွင်းတွင် ယဲ့မုချင်က ပုလ္လင်ပေါ်တွင် ထိုင်နေခဲ့သည်။ အောက်ဘက်မှာတော့ ဧကရီ မေသုရှား၊ ဝမ်ချုံးယန် ၊ မဟာနတ်ဆိုး ရွှမ်ရှနှင့် အခြားသော စွမ်းအားရှင်များ ထိုင်နေကြသည်။

" အဲ့ဒီမှာ ထျန်းကျွင်းအဆင့်တွေ အများကြီးပဲ...။ "

ယဲ့မုချင်၏စကားဆုံးသွားသည့်အခါ ခန်းမကြီးတစ်ခုလုံးဟာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသောသူများ၏ အမူအရာများမှာ တပြိုင်နက်တည်းဆိုသလို လေးနက်သွားသည်။ဧကရီမေသုရှား၏ လှပသော မျက်နှာကလေးမှာလည်း မှိုင်းညှို့သွားခဲ့သည်။

သူတို့၏ အထွတ်အထိပ်အခြေအနေတွင် ရှိနေပါက သူတို့ဟာ ထျန်းလင်းဂိုဏ်းလို ဂိုဏ်းသေးသေးလေးကို ကြောက်လန့်နေမှာ မဟုတ်ပါ။ အခုချိန်မှာတော့ အလောင်းဆင့်ခေါ်ခြင်း သွေးမျိုးဆက်ဟာ

ပြန်လည်ထမြောက်ခါစသာ ရှိသေးသည်။ သူတို့၏ကျင့်ကြံမှုအဆင့်မှာလည်း အတိတ်ဘဝတုန်းကလို မြင့်မားခြင်းမရှိသေးပါ။

" ကြည့်ရတာ ထျန်းလင်းဂိုဏ်းက ယွမ်ဟွားကောင်းကင်ဘုံက အခြားအင်အားစုတွေကိုပါ ခေါ်ဆောင်လာတဲ့ပုံပဲ။ ဒီလိုမှမဟုတ်ရင် ထျန်းလင်းဂိုဏ်းတစ်ဂိုဏ်းတည်းက ဒီလောက်အဆင့်ရှိတဲ့ သန်မာတဲ့စစ်တပ်ကို စေလွှတ်နိုင်မှာ မဟုတ်ဘူး။" ဧကရီ မေသုရှားက လေးနက်စွာပြောလိုက်သည်။

ထျန်းကျွင်း ဆယ့်ရှစ်ပါးဟာ သူတို့အတွက်တော့ ကပ်ဘေးဒုက္ခဆိုးကြီးသာ။

သခင်မကတောင်မှ ထျန်းကျွင်းအဆင့်ကို ပြန်လည်ရောက်ရှိခါစသာရှိသေးသည်။ သူမဟာလည်း ထျန်းကျွင်းအဆင့်ကိုသာ ရောက်ရှိသေးသည်။ အခြားသော အလောင်းဆင့်ခေါ်ခြင်း စွမ်းအားရှင်များဟာ ထျန်းဝူအထွတ်အထိပ်၌သာ ရှိနေသေးသည်။ သူတို့ဘယ်လိုလုပ် ထျန်းလင်းဂိုဏ်းကို ခုခံနိုင်ပါ့မလဲ။

တိုက်ပွဲအရှုံးအနိုင်မည်သို့ပင်ဖြစ်ပါစေ သူတို့၏ပြန်လည်သက်သာ နိုးထမှုနှုန်းက ပို၍တောင်နှေးကွေးသွားမှာ ဖြစ်သည်။

" သခင်မ ရွေးချယ်စရာမရှိတော့ဘူးဆိုရင် ကျမရဲ့ကောင်းကင်သွေးကြောတွေကို ဖောက်ခွဲပစ်လိုက်ပြီး ထျန်းလင်ဂိုဏ်းက လူတွေကို ဖျက်စီးပစ်မယ်။ " ဧကရီမေသုရှား၏မျက်ဝန်းများဟာ ကျဥ်းမြောင်းသွားပြီး လေးနက်စွာပြောဆိုလိုက်သည်။

အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်၏ အစောင့်အရှာက်ခြောက်ပါးအနက် တစ်ပါးဖြစ်သော ယောင်ဟာ အထွတ်အထိပ်ကာလတုန်းက ဧကရီမေသုရှားထက် တစ်ဆင့်သာ ခွန်အားအရာ၌ နိမ့်ကျသည်။ ယောင်နှင့်သူမသာ မီးကုန်ယမ်းကုန် အသက်စွန့်တိုက်ခိုက်ပါက ထျန်းလင်းဂိုဏ်းမှ လူများကို ခွေးများ ဝက်များလို သတ်ဖြတ်ပစ်နိုင်သည်။

ဧကရီမေသုရှား၏စကားကို ကြားလိုက်ရသည့်အခါ ဝမ်ချုံးယန်နှင့် မဟာနတ်ဆိုးရွှမ်ရှတို့က တိတ်ဆိတ်သွားကြသည်။ ဧကရီမေသုရှားကို ချစ်ခင်နှစ်သက်နေသော မဟာနတ်ဆိုးရွှမ်ရှကတောင် ဤတစ်ကြိမ်တွင် အော်ဟစ်ပြောဆိုခြင်း မပြုခဲ့ပါ။

ယဲ့မုချင်၏အကူညီကြောင့် သူနှင့်ဝမ်ချုံးယန်တို့က ထျန်ဒန် အဆင့်သို့ ရောက်ရှိလာနိုင်ကြသည်။ ရှန်ရှန်ကျုံဂိုဏ်း၏ ဂိုဏ်းသားအများစုမှာ ထိုက်ရွှမ်နတ်မင်းအဆင့်သို့ ရောက်ရှိနေကြသည်။ ယန်တောက်တို့လို ဂိုဏ်းအကြီးအကဲများကတော့ ထျန်းကျိအထွတ်အထိပ်အဆင့်၌သာ ရှိနေသေးသသည်။

ဤသည်မှာ စွမ်းအားကြီးသည်ဟု ဆိုနိုင်သော်လည်း ယွမ်ဟွားကောင်းကင်ဘုံ၏ ထိပ်တန်းအင်းအားစုများကိုတော့ ရင်ဆိုင်ရန် မလုံလောက်သေးပါ။

" ငါပြောတာနားထောင်။ မင်းတို့ တစ်ယောက်ချင်းစီတိုင်းက တန်ဖိုးရှိတဲ့လူတွေပဲ။ မင်းတို့သာ လက်လွှတ်စပယ်ပြုလုပ်လိုက်လို့ရှိရင် အရင်တောက်ပခဲ့တဲ့ နေ့ရက်တွေကို ပြန်ရောက်ဖို့ ခက်ခဲသွားလိမ့်မယ်။ ငါတို့ အတူတကွ ကပ်ဘေးကို ရင်ဆိုင်ကြတာပေါ့။ "

ယဲ့မုချင်က ခေါင်းကိုခါရမ်းလိုက်ကာဖြင့် ဖြည်းလေးစွာ ပြောလိုက်သည်။

သူမ၏ အကူအညီကြောင့်သာ မဟုတ်ပါက ဧကရီမေသုရှားနှင့် အခြားသူများမှာ မေ့လျော့ခံအာကာပြင်အဆင့်ကိုရောက်ရှိဖို့ ဖြစ်နိုင်မှာ မဟုတ်ပါ။

" သခင်မ....သခင်မ ဘာလို့များ ဂိုဏ်းချုပ်ကို အကူအညီမတောင်းရတာလဲ။ "မဟာနတ်ဆိုးရွှမ်ရှကတစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် ပြောဆိုလိုက်သည်။

ဤအချိန်အတောအတွင်းတွင် ဂိုဏ်းချုပ်ကတော်၏ ကူညီစောင်မမှုကြောင့် သူ၏ကျင့်ကြံမှုနှင့် ရှန်ရှန်ကျုံဂိုဏ်း ဂိုဏ်းသားများ၏ ကျင့်ကြံမှုက ခုန်ပျံကျော်လွှား၍ တိုးတက်လာခဲ့သည်။ သူတို့ဟာ ယခင်က မတွေးဆနိုင်သော အခြေအနေထိအောင် ရောက်ရှိလာခဲ့ကြသည်။ သို့ပါသော်လည်း မဟာနတ်ဆိုးရွှမ်ရှ၏နှလုံးသားအတွင်း၌ ဂိုဏ်းချုပ်ကသာ လျို့ဝှက်အဆန်းပြားဆုံးနှင့် စွမ်းအားအကြီးဆုံး တည်ရှိမှုကြီးဖြစ်ပါသည်။

ဂိုဏ်းချုပ်က ဒီလိုမျိုးလျို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သည့်သခင်မကို ရယူပိုင်ဆိုင်နိုင်ခဲ့တာလည်း ဂိုဏ်းချုပ်၏အစွမ်းအစကို ဖော်ပြနေပြီးဖြစ်သည်။

ပို၍အရေးကြီးသည်က ဂိုဏ်းချုပ်မှာ ရှန်ရှန်ကျုံဂိုဏ်းကို တည်ထောင်ခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ သူတို့ဟာ သခင်မ၏အကူအညီဖြင့် လက်ရှိအခြေအနေကို ရောက်ရှိလာနိုင်ခဲ့ကြသော်လည်း ဂိုဏ်းချုပ်ဟာ ရှန်ရှန်ကျုံဂိုဏ်း၏ အားနည်းနေသော အခြေအနေမှ ပိုမိုသန်မာအောင် စွမ်းဆောင်နိုင်ခဲ့သူဖြစ်သည်။

မဟာနတ်ဆိုး ရွှမ်ရှ၏စကားကို ကြားလိုက်ရသည့်အခါ ဝမ်ချုံးယန်နှင့် ဧကရီမေသုရှားတို့၏ အမူအရာများမှာ ပြောင်းလဲသွားခဲ့သည်။ ဝမ်ဖုန်း၏ဆင့်ခေါ်မှုကို ခံခဲ့ရသူဖြစ်သည့်အလျောက် ဝမ်ချုံးယန်ဟာ ဝမ်ဖုန်းက အဘယ်မျှလောက် လျို့ဝှက်ဆန်းကြယ်ပြီး စွမ်းအားကြီးကြောင်း သိရှိထားသည်။ ထိုသူက တခြားကမ္ဘာက သူကိုတောင် ဆင့်ခေါ်နိုင်ခဲ့သူဖြစ်သည်။ ထိုသို့သော တည်ရှိမှုကြီးကို သာမန်မျက်စိဖြင့် ရှူ့မြင်၍မရနိုင်ပါ။

ဧကရီမေသုရှားဟာ ဝမ်ဖုန်း၏အဆင့်အတန်းနှင့် သူ၏ကြောက်မက်ဖွယ်ကောင်းမှုကို ပိုလိုတောင်သိလိုခဲ့သည်။ သခင်မလို ပြိုင်ဖက်ကင်းသည့် ပုဂ္ဂိုလ်တစ်ယောက်ကတောင် ဝမ်ဖုန်းကို စွဲလန်းနေသည်။ သူသာ ကိုယ်တိုင်ကိုယ်ကျလှုပ်ရှားပါက ဒီကပ်ဘေးဒုက္ခကြီးကို ဖြေရှင်းနိုင်ပေလောက်သည်။

" ယောကျ်ားက ရှန်းရွှမ်ဒေသကို အခုသိမ်းပိုက်နေလောက်ပြီ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာမှ ပြဿနာသွားမေးစရာမလိုဘူး။ " ယဲ့မုချင်က သူမ၏လက်ကို ခါယမ်းကာဖြင့် ငြင်းပယ်လိုက်သည်။

ထျန်းလင်းဂိုဏ်းက ဒုက္ခအကြီးအကျယ်ပေးနိုင်သော်လည်း သူတို့သာ အလိုရှိပါက ထိုလူများကို လွယ်လင့်တကူ ဖျက်စီးပစ်နိုင်သေးသည်။ ပြဿနာက သူတို့ဟာ ပေးဆပ်ရမည့်တန်ကြေးကို ဤအချိန်အတောအတွင်း၌ မတတ်စွမ်းသာလှပါ။

" ရွှမ်ရှ မင်းဒီအမိန့်ကို ဖြန့်လိုက်ပါ။ ဂိုဏ်းသားတွေကို အခုအချိန်ကစပြီး အပြင်ထွက်ခွင့်မပြုတော့ဘူး။ ဂိုဏ်းထဲမှာပဲ ကျင့်ကြံရမယ်။ "ယဲ့မုချင်က မဟာနတ်ဆိုးရွှမ်ရှကို လှမ်းကြည့်ပြီး ညွှန်ကြားလိုက်သည်။

" ဟုတ်ကဲ့ပါ သခင်မ။" မဟာနတ်ဆိုးရွှမ်ရှက ခေါင်းညိတ်လိုက်သည်။ သူ၏အမူအရာမှာ အနည်းငယ်စိတ်ပျက်နေခဲ့သည်။ သူက ဂိုဏ်းချုပ်ကို အချိန်အတော်ကလေးကြာသည့်တိုင်အောင် မတွေ့မြင်ခဲ့ရရာ ဂိုဏ်းချုပ်ကို လွမ်းဆွတ်နေပြီဖြစ်သည်။ အဓိကအရာမှာ သူဟာ လက်ရှိတွင် ထျန်းဒန်အဆင့်ကို ရောက်ရှိနေခဲ့လေပြီ။ဂိုဏ်းချုပ်သာသိပါက အရမ်းကို ထိတ်လန့်သွားပေလိမ့်မည်။

ဂိုဏ်းချုပ်ကို ထိတ်လန့်အောင် ပြုလုပ်မိမည့်အကြောင်းကို တွေးတောလိုက်သည့်အခါ မဟာနတ်ဆိုးရွှမ်ရှက အလွန်ပျော်ရွှင်လာခဲ့သည်။

ဂိုဏ်းချုပ်သာ ပြန်လာပါက သူက ကောင်းမွန်စွာစွမ်းဆောင်ပြရမည်။ ထိုအချိန်ရောက်ပါက ဂိုဏ်းသားများအားလုံးမှာ ရှန်ရှန်ကျုံအပြင်စည်းဂိုဏ်း၏ အထွေထွေမန်နေဂျာက ဘယ်လောက်တောင်အစွမ်းထက်ကြောင်း သိသွားလိမ့်မည်။

ဘယ်သူကမှ အထွေထွေမန်နေဂျာရာထူးကို သူ့ဆီက ယူဆောင်မသွားနိုင်ပေ။

ရှန်ရှန်ကျုံဂိုဏ်း၏ ဂိတ်တခါးကြီးအရှေ့တွင် ခမ်းနားထည်ဝါသော ဆံနွယ်များရှိနေသည့် ကောင်းကင်ခွဲဖြာအရှင် ရှိနေခဲ့သည်။ သူဟာ အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ညဏ်ပညာကြီးမားပုံပေါ်ကာ သာမန်ဆန်သည့် တံမြက်စည်းတစ်ချောင်းကို ကိုင်ဆောင်ထားပြီး မြေပြင်ပေါ်ရှိ သစ်ရွက်ကြွေများကို တဖြည်းဖြည်းချင်း တံမြက်စည်းလှည်းနေခဲ့သည်။

" မင်းရဲ့ ကျင့်ကြံမှုတွေကို ဖျက်စီးပစ်လိုက်ပြီး အဆုံးအစမဲ့ ချောက်နက်ထဲ ကျသွားတဲ့ပုံပေါ်ပေမဲ့ တကယ်တော့ မင်းချောက်ထဲကတက်ပြီး ရပ်တည်နိုင်ပါသေးတယ်။ ကျင့်ကြံမှု ၊ မင်းအမှန်တကယ်ကျင့်ကြံရမည့်အရာက မင်းရဲ့ခန္ဓာကိုယ်ပဲ။ ပြီးတော့ မင်းရဲ့စိတ်ကိုပေါ့။ မင်းသာ ချောက်နက်ထဲကတွယ်တက်ပြီး ကောင်းကင်ပေါ် ရပ်တည်ချင်တယ်ဆိုရင် မင်းရဲ့ဥာဏ်အရည်အသွေးအပေါ် မူတည်လိမ့်မယ်။ မင်းဘယ်တော့များမှ နားလည်မှာလဲ။ တကယ့်ကျင့်ကြံမှုအခြေခံက မင်းဆီမှာပါ။"

ကောင်းကင်ခွဲဖြာ၏ မျက်ဝန်းများအတွင်း၌ အတိတ်ကဖြစ်ရပ်များ ပြန်လည်ပေါ်ထွက်လာခဲ့သည်။ ဂိုဏ်းချုပ်ထွက်ခွာသွားပြီးနောက် သခင်မက ထိုစကားများပြောကြားခဲ့သည်။ သခင်မကြောင့်သာမဟုတ်ပါက သူဟာ အမှိုက်တစ်ကောင်အဖြစ် ကျန်ရှိနေဦးမှာဖြစ်သည်။

သူ့နှလုံးသားအတွင်းရှိ စိတ်ခံစားမှုများကို ဖိနှိပ်လိုက်ပြီး ကောင်းကင်ခွဲဖြာက သစ်ရွက်ကြွေများကို ဆက်လက်လှည်းကျင်းလိုက်သည်။ သူက အလွန်နှေးကွေးစွာ ၊အားမပါစွာဖြင့် လှည်းကျင်းနေခဲ့သည်။သစ်ရွက်ကြွေများဟာ တံမြက်စည်းသွားရာလမ်းအတိုင်း လိုက်ပါလှုပ်ရှားနေခဲ့သည်။ သူထိုသို့သာ လှည်းကျင်းနေပါက တစ်လကြာသွားရင်တောင် သူ့အရှေ့ရှိသစ်ရွက်ခြောက်ပုံကြီးများကို အောင်မြင်စွာ လှည်းကျင်းနိုင်မှာမဟုတ်ပါ။ သို့ပါသော်လည်း ကောင်းကင်ခွဲဖြာ၏ နှလုံးသားအတွင်းတွင်တော့ စိတ်ပူပင်မှုတစ်စုံတစ်ရာ ရှ်မနေခဲ့ပါ။

သစ်ရွက်များဟာ တစ်နေ့မှာ ကြွေကျမြေခပြီး အမြစ်ထံသို့ ပြန်လည်သွားရောက်ရမည်။ ဘဝကလည်း သစ်ရွက်များအလားပင်။ ဤစကြာဝဠာထုအတွင်းရှိဖုန်မှုန့်တမျှများပြားသော လူပုဂ္ဂိုလ်များဟာ မွေးဖွားခြင်း၊အိုမင်းခြင်းနှင့်သေဆုံးခြင်းဟူသော လောကနိယာမများကို မလွန်ဆန်နိုင်ကြပါ။

လူများဟာ သစ်ရွက်များကဲ့သို့ပင်ဖြစ်၏။ သူတို့ ဘယ်လိုပင်အောင်မြင်ထက်မြက်ခဲ့ကြပါစေ၊ တနေ့နေ့မှာတော့ သစ်ရွက်ကြွေများလို ပြောင်းလဲသွားရမှာသာ။

ကောင်းကင်ခွဲဖြာက သစ်ရွက်များကို ဆက်လက်လှည်းကျင်းနေခဲ့သည်။ အနီးအနားရှိ သစ်ပင်ကြီးများမှာ အဝါရောင်သစ်ရွက်ကြွေများက ကြွေကျနေဆဲသာ။ သို့ပါသော်လည်း ကောင်းကင်ခွဲဖြာရဲ့ တံမြက်စည်းအောက်တွင် ကြွေကျသွားသော သစ်ပင်များသည် အမျိုးစုံသောအရောင်များ ထုတ်လွှတ်လျက် အံ့အားသင့်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ရပ်ကို ဖော်ဆောင်နေသည်။ ကောင်းကင်ခွဲဖြာ တံမြက်စည်းတစ်ချက် ယမ်းလိုက်တိုင်းတွင် သစ်ရွက်များဟာ ထိုလမ်းကြောင်းအတိုင်း လိုက်ပါသွားခဲ့ပြီး လျို့ဝှက်ဆန်းကြယ်သော ပုံသွင်တစ်ခုကို ဆောင်နေပေသည်။

" ဒီသစ်ရွက်ကြွေတွေထဲမှာ ကောင်းကင်နဲ့ကမ္ဘာမြေရဲ့ နိယာမလမ်းစဥ်တွေ ပါဝင်နေတယ်။ ကသောင်းကနင်းအဖြစ်၊အသက်နဲ့သေဆုံးခြင်း၊ ယင်နဲ့ယန် စတာတွေပေါ့။ သာမန်အဆန်ဆုံးအရာတွေကိုတောင် တမူထူးခြားစွာ တွေးတောနားလည်နိုင်တယ်။ဒီကမ္ဘာကြီးထဲက လူတွေက မဟာတာအိုနဲ့ ထာဝရရှင်သန်ခြင်းကို ဖွေရှာကြတယ်။ ဒါပေမဲ့ မဟာတာအိုက သူတို့ဘေးနားမှာ အမြဲအစဥ်ရှိနေခဲ့တာဆိုတာကိုတော့ သူတို့မသိကြဘူး။ "

ကောင်းကင်ခွဲဖြာသည် သူ့လက်ထဲရှိ တံမြက်စည်းကို လွှဲယမ်းရင်း တီးတိုးစွာ ရေရွတ်လိုက်သည်။ သူ၏အသံဟာ အားနည်းဖျော့တော့နေပြီး သူ့တစ်ယောက်တည်းသာ ကြားနိုင်ပေသည်။

မြင့်မြတ်သော ရှန်ရှန်ကျုံဂိုဏ်းတစ်ခုလုံးတွင် ယဲ့မုချင်၊မေသုရှားနှင့် အလောင်းဆင့်ခေါ်ခြင်း သွေးမျိုးဆက်မှ အခြားသော စွမ်းအားရှင်များကသာ ကောင်းကင်ခွဲဖြာ၏ ပြောင်းလဲမှုများကို သိလိုက်ကြသည်။

All Chapters