ဆင့်ခေါ်ခြင်းမရှိဘဲ ဖြတ်သန်းသွားလာသူများ သေဆုံးရမည်။
Vol. 27 Ch. 378
ဘာသာပြန်- The Fate
" ကောင်းတယ်"
အဓိကခန်းမကြီးထဲတွင် ရှိနေသာ ယဲ့မုချင်၏ လှပသောမျက်ဝန်းကလေးများသည် အတားအဆီးများကို ဖြတ်ကျော်ပြီး ကောင်းကင်ခွဲဖြာအရှင်ကို တွေ့မြင်လိုက်ရပုံပေါ်သည်။ သူမ၏လှပသော မျက်နှာကလေးထက်တွင် စိတ်ကျေနပ်နေသော အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ကောင်းကင်ခွဲဖြာက တာအို၏အစစ်အမှန်အဓိပ္ပါယ်ကို မြန်မြန်ဆန်ဆန်နားလည်သွားလိမ့်မည်ဟု သူမ ထင်မထားခဲ့ပါ။
တာအိုအဆင့်များသိရှိနားလည်ခြင်းမှာလည်း တာအိုဖြစ်သည်။ဤအချိန်တွင် ကောင်းကင်ခွဲဖြာနားလည်လိုက်သော အရာမှာလည်း တာအိုပဲဖြစ်သည်။ သို့ပါသော်လည်း ထိုအရာနှစ်ခုကြားတွင် ခြားနားသော လောကကြီးတစ်ခု ရှိနေခဲ့သည်။ တာအိုအဆင့် ပုဂ္ဂိုလ်များသည် ကောင်းကင်နှင် မြေကြီးအတွင်းရှိ မတူကွဲပြားသော တာအိုနိယာမများကိုသာ နားလည်ကြသည်။
လက်ရှိအချိန်တွင် ကောင်းကင်ခွဲဖြာနားလည်လိုက်သည့်အရာကတော့ သူရဲ့ကိုယ်ပိုင်တာအိုလမ်းစဥ်ဖြစ်လေသည်။ ဤသည်မှာ တာအိုအဆင့်၏ သေးငယ်သော တာအိုအဆင့်မဟုတ်သော်လည်း အစစ်အမှန်တာအိုဖြစ်သည်။ ၎င်းမှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီးအတွင်း အစစ်အမှန်တည်ရှိပါသည်။
တာအို...အဲ့ဒါကဘာလဲ။..
နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ကောင်းကင်နှင့်မြေကြီးအကြားရှိ သဘာဝတာအိုလမ်းစဥ်များကို နားလည်သဘောပေါက်ဖို့ ကျင့်ကြံသူများ ကြိုးပမ်းခဲ့ကြသည်။ ၎င်းသဘာဝတာအိုများမှာ ရေ၊မီးအစရှိသည့် တာအိုလမ်းစဥ်များ ဖြစ်ကြသည်။ ကျင့်ကြံသူတိုင်းဟာ သူတို့၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်ကို သန့်စင်ကြပြီး မဟာတာအိုကို နားလည်လာအောင် ကြိုးပမ်းဆောင်ရွက်ကြသည်။ ကောင်းကင်နှင့်မြေကြီးအတွင်းရှိ သဘာဝတာအို နည်းလမ်းများပင်ဖြစ်စေ၊ ၎င်းတို့၏ကိုယ်ပိုင်လမ်းစဥ်များပင်ဖြစ်စေ၊ အရာအားလုံးဟာ တာအိုများဖြစ်ကြသည်။
ဤအချိန်တွင် ကောင်းကင်ခွဲဖြာသည် တာအို၏အရိပ်အငွေ့ကို ဖမ်းဆုပ်မိနိုင်လိုက်ပြီး သူ့ကိုယ်သူ မဟာတာအိုအတွင်းသို့ သွတ်သွင်းပေါင်းစည်းနိုင်ခဲ့သည်။ ထို့နောက်သူဟာ ကိုယ်ပိုင်တာအိုလမ်းစဥ်ကို နားလည်သဘောပေါက်ခဲ့ပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လျို့ဝှက်ဆန်းပြားမှုများကို ထိတွေ့မိလာနိုင်ခဲ့သည်။
ယဲ့မုချင်က ကောင်းကင်ခွဲဖြာကို ချီးမွမ်းလိုက်သည့်အချိန်တွင် သက်ဆိုင်ရာခန်းမများတွင် ရှိနေကြသော ဧကရီမေသုရှားနှင့် အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်မှ သန်မာသော ပုဂ္ဂိုလ်အားလုံးကလည်းသတိထားမိသွားကြသည်။ သူတို့၏မျက်ဝန်းအကြည့်များဟာ တောင်ဂိတ်တံတားရှိရာသို့ ရောက်ရှိသွားခဲ့သည်။ သူတို့ဟာ ထိုနေရာတွင် လူအိုကြီးတစ်ယောက်၏ပုံရိပ်ကို တွေ့မြင်ခဲ့ရသည်။
" သူတည်ထောင်ထားတဲ့ဂိုဏ်း ဆိုတဲ့အတိုင်းပါပဲလား...တံမြက်စည်းလှည်းတဲ့ လူအိုကြီးတစ်ယောက်ကတောင် မဟာတာအိုရဲ့ လျို့ဝှက်ဆန်းပြားမှုတွေကို နားလည်နိုင်ပြီး ဧကရာဇ်အဆင့်ကိုရောက်ရှိဖို့ အဆင့်မှီနေတယ်။ "
ဧကရီမေသုရှားသည် တောင်ဂိတ်တံခါးရှိရာအရပ်သို့ လှမ်းမျှော်ကြည့်ရှု့လိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။
ရှန်ရှန်ကျုံဂိုဏ်း၏အပြင်ဖက်တွင် ဒါဇင်ကျော်သော လူပုဂ္ဂိုလ်များသည် မိုးကောင်းကင်ယံထက်မှ ဆင်းသက်လာခဲ့ကြသည်။ သူတို့က အရှေ့တွင်ရှိနေကြသော ရှင်းယောင်တောင်တန်းနယ်မြေကို ဝေ့ဝဲကြည့်ရှူ့လိုက်သည်။ ဦးဆောင်လာသည့်ပုဂ္ဂိုလ်မှာ သာမန်ဆန်သည့် အဝတ်အစားကို ဝတ်ဆင်ထားသော သတ်လတ်ပိုင်း အမျိုးသားဖြစ်ပြီး တောက်ပသော မျက်ဝန် များ ပိုင်ဆိုင်ထားသည်။ ထိုလူက သူ၏အရှေ့တွင်ရှိနေသော ရှင်းယောင်တောင်တန်းတစ်ခွင်ကို ဝေ့ဝဲကြည့်ရှူ့လိုက်သည်။
ထိုဒါဇင်ကျော်သောလူများသည် ဘယ်အရှိန်အဝါကိုမှ ထုတ်ဖော်မနေသော်လည်း သူတို့ရှေးဟောင်းကမ္ဘာကြီးအတွင်း သက်ဆင်းလိုက်သည့်အခါ ပတ်ဝန်းကျင်ရှိလေထုမှာ ရုတ်တရက်တုန်ခါသွားခဲ့သည်။ လေထုဟာ ပကတိမျက်စိဖြင့် တွေ့မြင်နိုင်သောနှုန်းဖြင့် တွန့်လိမ်သွားခဲ့သည်။ ဤရှေးဟောင်းကမ္ဘာကြီးက ထိုဒါဇင်ချီသောပုဂ္ဂိုလ်များကို ကြောက်လန့်နေသည့်အလားပင်။
" စောင့်ရှောက်သူ၊ ဂိုဏ်းချုပ်က ဒီနေရာမှာ အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက် အကြွင်းအကျန်တွေကို လာရောက်ရှာဖွေခိုင်းလိုက်တာ။ ဒါပေမဲ့ ဒီတောင်တန်းနယ်ေမြကြီးထဲမှာ သန်မာတဲ့အရှိန်အဝါ ဘာမှမရှိပါလား။ ဒီနေရာမှာ အရာအားလုံးက ပုံမှန်လိုပဲနော်။ "
သက်လတ်ပိုင်းအမျိုးသား၏ အနောက်တွင် ရှိနေသော စွမ်းအားရှင်တစ်ယောက်က ရှင်းယောင်တောင်တန်းတစ်ခွင်ကို လှည့်ပတ်ကြည့်ရှူ့လိုက်ပြီး ပြောဆိုလိုက်သည်။ ထိုလူများမှာ ထျန်းလင်းဂိုဏ်းချုပ်က အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက် အကြွင်းအကျန်များ၏ ခွန်အားကို စမ်းသပ်ရန် စေလွှတ်ခဲ့သော အသေခံတပ်သားများ ဖြစ်ပါသည်။
" အရှေ့ဘက်မှာ ဖုံးကွယ်ရေးအစီအရင်ရှိနေတယ်။ အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်က အဲ့ဒီဖုံးကွယ်ရေးအစီအရင်ထဲမှာ ပုန်းအောင်းနေတာဖြစ်လောက်တယ်။ " သက်လတ်ပိုင်းအစောင့်အရှောက်က မျက်မှောင်ကျုံ့လိုက်သည်။ သူဟာ ချင်းယောင်တောင်တန်းနယ်မြေတစ်ခွင်လုံးကို စစ်ဆေးကြည့်ရှူ့လိုက်ပြီး တည်ကြည်စွာ ပြောလိုက်သည်။
" အမ်..."
သက်လတ်ပိုင်းအမျိုးသားအစောင့်အရှောက်၏အသံကို ကြားလိုက်ရသည့်အခါ ဒါဇင်ကျော်သော စွမ်းအားရှင်များက ပတ်ဝန်းကျင်ကို စူးစူးနဲနဲ စိုက်ကြည့်လိုက်ကြပြီး အကာအရံအလွှာကို ရှာတွေ့သွားကြသည်။ စွမ်းအားရှင်တစ်ယောက်က ပြုံးရယ်လိုက်ပြီး ပြောဆိုလိုက်သည်။ " ဒီအကာအရံက ဖုံးကွယ်ဖို့အတွက်တော့ မဆိုးပါဘူး။ ဒါပေမဲ့ ဒီအကာအရံက ထျန်းယုအဆင့်အောက်က လူတွေကိုပဲဖုံးကွယ်နိုင်တဲ့ပုံပဲ။ အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်က အဲ့သလောက်လည်း အစွမ်းမထက်ပါဘူး။"
" လက်လွတ်စပယ်မပြောဆိုနဲ့။ အဲ့ဒီလူတွေက ဂိုဏ်းချုပ်ကိုတောင် သတိကြီးကြီး ထားစေခဲ့တာ။ ဒါကြောင့်မလို့ ဂိုဏ်းချုပ်က တခြားအဓိကအင်အားစုကြီး ငါးစုနဲ့ ပူးပေါင်းခဲ့ရတယ်။ အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်က ကျိန်းသေပေါက်မရိုးရှင်းဘူး။"
ထိုစွမ်းအားရှင်၏အထင်အမြင်သေးသော စကားများကို ကြားလိုက်ရသည့်အခါ သက်လတ်ပိုင်းအစောင့်အရှောက်က အော်ဟစ်ပြောဆိုလိုက်သည်။
သာမန်ကာလျှံကာ ကြည့်ရှူရုံမျှဖြင့် အလောင်းဆင့်ခေါ်ခြင်း သွေးမျိုးဆက်၏ ခွန်အားကို ခန့်မှန်းဖို့ မဖြစ်နိုင်ပါ။ အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်၏ အကြွင်းအကျန်များက တကယ်ပဲအားနည်းနေပါက ဂိုဏ်းချုပ်နှင့် အခြားသူများလည်း ပိုမိုပျော်ရွှင်လိမ့်မည်။ သို့ပါသော်လည်း အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်၏ ခွန်အားမှာ ထိုမျှလောက်မရိုးရှင်းနိုင်ပေ။ ဒီလိုမှမဟုတ်ရင် ဂိုဏ်းချုပ်က ဘာဖြစ်လို့ အရမ်းကြီးသတိထားနေရမလဲ။
" ဟုတ်ကဲ့"
သက်လတ်ပိုင်းအစောင့်အရှောက်၏စကားကို ကြားလိုက်ရသည့်အခါ ထိုစွမ်းအားရှင်က အလျှင်အမြန်တုန့်ပြန်လိုက်ပြီး အထင်အမြင်သေးမှုများကို ဖယ်ရှားလိုက်သည်။
" သွား...အထဲဝင်ပြီး စုံစမ်းကြရအောင်။ " သက်လတ်ပိုင်းအမျိုးသားက သူ၏လက်ကို ဝေ့ရမ်းလိုက်ပြီး အကာအရံအတွင်းသို့ အရင်ဦးဆုံးဝင်ရောက်သွားခဲ့သည်။ ဒါဇင်ကျော်သော စွမ်းအားရှင်များကလည်း သက်လတ်ပိုင်းအမျိုးသား၏ နောက်ကွယ်မှ လိုက်ပါ၍ အကာအရံအလွှာအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။
အကာအရံအလွှာအတွင်းသို့ ဝင်ရောက်လိုက်ပြီးသည်နှင့် တပြိုင်နက် သက်လတ်ပိုင်းအစောင့်အရှောက်နှင့် ဒါဇင်ကျော်သော စွမ်းအားရှင်များသည် ချက်ချင်းကြောင်အသွားကြသည်။ သူတို့အရှေ့ရှိ မြင်ကွင်းမှာ တကယ့်ကို ထူးဆန်းလှချေသည်။
သူတို့အရှေ့ရှိ မီတာဒါဇင်ကျော်အကွာအဝေးတွင် ကောင်းကင်ကြီးတမျှ ကျယ်ပြောသော ကွင်းပြင်ကြီးရှိနေခဲ့သည်။ ၎င်းကွင်းပြင်ကျယ်ကြီး၏ တစ်ဖက်တစ်ချပ်စီတွင် မိုးထိအောင်မြင့်မားနေသော အပင်များက အစီအရီပေါက်ရောက်နေခဲ့ကြသည်။ ကွင်းပြင်ကြီး၏ အနောက်ဆုံးတွင်တော့ ကြီးမားသော တောင်ဂိတ်တံခါးကြီးတစ်ခု ရှိနေခဲ့ပြီး ၎င်းတောင်ဂိတ်တံခါးကြီး၏ အပေါ်တွင် ရှန်ရှန်ကျုံဟူသော စကားလုံးသုံးလုံးကို ရေးထွင်းထားခဲ့သည်။
ဒါ့အပြင် ၎င်းတောင်ဂိတ်တံခါးကြီးအရှေ့တွင် သာမန်ဆန်သော လူအိုကြီးတစ်ယောက်က တံမြက်စည်းလှည်းနေသေးသည်။ သူတို့တွေ နေရာများ မှားရောက်လာတာလား။ ဒီနေရာက အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက် ပုန်းအောင်းနေတဲ့ နေရာမဟုတ်ဘူးလား။
" အစောင့်အရှောက် ကျွန်တော်တို့တွေ နေရာမှားရောက်လာတာလား။ " သက်လတ်ပိုင်းအစောင့်အရှောက်၏ဘေးတွင်ရှိသော စွမ်းအားရှင်တစ်ယောက်က စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် မေးမြန်းလိုက်သည်။
" မဟုတ်ဘူး။ ဒီနေရာက အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက် ပုန်းအောင်းနေတဲ့ နေရာပဲ" သက်လတ်ပိုင်းအစောင့်အရှောက်က ခေါင်းကို ခါရမ်းလိုက်ပြီး ကျိန်းသေပေါက်ဆိုသော လေသံဖြင့် ပြောဆိုလိုက်သည်။
" အမ်..."
သက်လတ်ပိုင်းအစောင့်အရှောက်၏စကားကို ကြားလိုက်ရသည့်အခါ ဒါဇင်ကျော်သော စွမ်းအားရှင်များအားလုံးသည် သတ်လတ်ပိုင်း အစောင့်အရှောက်ကို သံဿယဝင်စွာ လှမ်းကြည့်မိလိုက်သည်။
" ဒီနေရာ ဘယ်လိုနေရာမျိုးလဲ တွေးကြည့်လိုက်လေ"
သက်လတ်ပိုင်းအစောင့်အရှောက်က တိုက်ရိုက်ဖြေဆိုခြင်းမရှိဘဲ သဲလွန်စပေးလိုက်သည်။
" ဒါက ဘုံလောကကြီး ပြိုကွဲသွားပြီးနောက် ဖြစ်ပေါ်လာတဲ့ ကမ္ဘာငယ်လေးတစ်ခုလေ။ "
" ဟုတ်တယ်...ဒီလိုနေရာသေးသေးလေးထဲမှာ အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက် အကြွင်းအကျန်တွေကလွဲပြီး ထျန်းယုအဆင့်အောက်က လူတွေရဲ့အမြင်အာရုံကို ဖုံးကွယ်ဖို့ ဘယ်သူကများအစီအရင် တည်ဆောက်နိုင်မှာလဲ။ " သက်လတ်ပိုင်းအစောင့်အရှောက်က ခေါင်းညိတ်လိုက်သည်။ သူက အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်ပြီး ညဏ်ပညာကြီးမားသော ပုံစံဖြင့် ပြောဆိုလိုက်သည်။
သူ၏စကားဆုံးသွားသည့်အခါ ဒါဇင်ကျော်သော စွမ်းအားရှင်များမှာ ထိတ်လန့်သွားကြသည်။ ဟုတ်ပေသည် ..ဤနေရာလေးသည် ချောင်ကြိုချောင်ကြား နေရာလေးပင် ဖြစ်ပါသည်။ ဒီနေရာလေးတွင် ထိုက်ရွှမ်နတ်မင်းအဆင့် စွမ်းအားရှင်များတောင် မရှိနိုင်ပါ။ မေ့လျော့ခံအာကာပြင်အဆင့် စွမ်းအားရှင်ဆိုပါက ဘယ်လိုလုပ်ပေါ်ထွန်းလာနိုင်မည်နည်း ။
" သွား....တံမြက်စည်းလှည်းနေတဲ့ အဖိုးကြီးကို သွားတွေ့လိုက်။ အဲ့ဒီ့လူက အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်အကြောင်း သိလောက်တယ်။ " သက်လတ်ပိုင်းအစောင့်အရှောက်က လက်ကိုဝေ့ရမ်းလိုက်ပြီး ပြောဆိုလိုက်သည်။ ထို့နောက်သူဟာ ကောင်းကင်ခွဲဖြာရှိရာသို့ အရင်ဦးဆုံးလမ်းလျှောက်သွားလိုက်သည်။
ဒါဇင်ကျော်သော စွမ်းအားရှင်များကလဲ တုံ့ဆိုင်းမနေရဲကြဘဲ သက်လတ်ပိုင်းအစောင့်အရှောက်၏အနောက်မှ လိုက်ပါပြီး ကောင်းကင်ခွဲဖြာရှိရာသို့ သွားလာနေကြသည်။
" အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက် အကြွင်းအကျန်တွေ ဘယ်နေရာမှာ ပုန်းအောင်းနေလဲဆိုတာ မင်းသိလား။"
တခဏအကြာတွင် သက်လတ်ပိုင်းအစောင့်အရှောက်နှင့် အခြားသူများမှာ ရှန်ရှန်ကျုံဂိုဏ်း တောင်ဂိတ်တံခါးရှိရာသို့ ရောက်ရှိလာကြသည်။ သက်လတ်ပိုင်းအမျိုးသား၏ လက်ဟန်ခြေဟန်ပြမှုအောက်တွင် စွမ်းအားရှင်တစ်ယောက်က ကောင်းကင်ခွဲဖြာ၏အရှေ့သို့ တက်လှမ်းသွားပြီး မေးမြန်းခဲ့သည်။
သက်လတ်ပိုင်းအစောင့်အရှောက်ပင်ဖြစ်ပါစေ၊ဒါဇင်ကျော်သော စွမ်းအားရှင်များပင်ဖြစ်ပါစေ၊ ဘယ်သူကမှ ကောင်းကင်ခွဲဖြာကို အလေးမထားကြပါ။ သူတို့ အကာအရံအလွှာအတွင်းသို့ ဝင်ရောက်လိုက်ပြီးသည်နှင့် တပြိုင်နက် သူတို့ဟာ တံမြက်စည်းလှည်းနေသော အဖိုးအိုကြီးကို စုံစမ်းစစ်ဆေးခဲ့သည်။
ထိုအဖိုးအိုကြီးတွင် သန်မာသောလူပုဂ္ဂိုလ်တစ်ယောက်၏ စွမ်းအားအရှိန်အဝါမျိုး ရှိမနေပါ။
ထျန်းယုအဆင့် သန်မာသောစွမ်းအားရှင်များ ဖြစ်သည့်အလျောက် သူတို့ဟာ သာမန်အဖိုးအိုတစ်ယောက်ကို မျက်လုံးထဲတောင် ထည့်မထားပါ။ သူတို့၏သတိထားမှုနဲ့ ထိုက်တန်သည့်လူများမှာ အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက် အကြွင်းအကျန်များသာ ဖြစ်ကြပါသည်။
ကောင်းကင်ခွဲဖြာက ကျယ်လောင်စွာအော်ဟစ်မေးလိုက်သော စွမ်းအားရှင်ကို လှမ်းကြည့်လိုက်ပြီး ခေါင်းကိုခါယမ်းလိုက်ကာ မြေပြင်ပေါ်ရှိ သစ်ရွက်ကြွေများကို ဆက်လက်လှည်းကျင်းနေခဲ့သည်။
" အဲ့မှာ တုံးအချင်ယောင်ဆောင်နေလိုက်!"
ကောင်းကင်ခွဲဖြာအရှင်၏ အမူအရာကို တွေ့မြင်လိုက်ရသည့်အခါ စွမ်းအားရှင်က တံတွေးထွေးလိုက်ပြီး သူ့ရဲ့ အဖွဲ့သားများရှိရာသို့ မပျော်မရွှင်ပြန်သွားခဲ့သည်။
ထိုလူ၏ရိုင်းပြသော အမူအရာကို သက်လတ်ပိုင်းအစောင့်အရှောက်နှင့် အခြားသူများကလည်း တွေ့မြင်လိုက်ရသည်။သူတို့အားလုံးဟာ ထျန်းယုအဆင့်က စွမ်းအားရှင်များဖြစ်ပါသည်။ သူတို့တွေ တံမြက်စည်းလှည်းတဲ့ လူအိုကြီးတစ်ယောက်ကို ဒေါသထွက်နေရင် သူတို့ရဲ့ဂုဏ်သိက္ခာတွေ မဆုံးရှုံးနိုင်ဘူးလား။
" သွား....အထဲကို ဝင်သွားပြီး စုံစမ်းကြည့်။" သက်လတ်ပိုင်းအစောင့်အရှောက်က လက်ကိုခါရမ်းလိုက်ပြီး ရှန်ရှန်ကျုံဂိုဏ်းအတွင်း၌ အလောင်းဆင့်ခေါ်ခြင်းသွေးမျိုးဆက်၏ အကြွင်းအကျန်များကို ရှာဖွေရန် အဖွဲ့သားများကို ချက်ချင်း ဦးဆောင်သွားခဲ့သည်။
" သခင်မရဲ့ ဆင့်ခေါ်ခြင်း မပါရှိဘူးဆိုရင် ဖြတ်သန်းသွားလာသူမှန်သမျှ သေဆုံးရမယ်!။ "