← Chapters

လောကမှာ ထိုသို့သောပုဂ္ဂိုလ် မရှိနိုင်။

Vol. 28 Ch. 388

လောကမှာ ထိုသို့သောပုဂ္ဂိုလ် မရှိနိုင်။

Vol. 28 Ch. 388

Translator - Hsue Htet 

ဘုန်း!

ကျန်းထျန်းလင်နှင့် အခြားသူများမှ ‌ကြောက်ရွံ့ထိတ်လန့်စွာ တုန်လှုပ်နေကြစဉ်တွင် ကြောက်မက်ဖွယ်ဖိအားကြီး လွှမ်းခြုံပျံ့နှံ့လာ‌ခြင်းကြောင့် ကမ္ဘာလောကတစ်ခုလုံးမှာ အပြင်းအထန်တုန်ခါနေ‌တော့သည်။ ၎င်းဖိအား၏ ပစ်မှတ်ဖြစ်သော ကျန်းထျန်းလင်တို့၁၈ဦးနှင့် အင်အားစု၆စု၏ကျင့်ကြံသူများမှာ ဒူးထောက်လိုက်ကြရ၏။ မြေပြင်ထိဝပ်တွားနေသည်မှာ ခုခံနိုင်စွမ်း အလျဉ်းမရှိတော့ပေ။

ပစ်မှတ်မဟုတ်သော မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများသည်လည်း ကြောက်ရွံ့မိကြရသည်။ သူတို့သည် ပါးစပ်အဟောင်းသားဖြင့် မိုးကြိုးလေဗွေကြီးကို ကြည့်နေကြသည်။ ဖိအားကို ဘေးမှခံစားရခြင်းသည်ပင် ဝိဉာဉ်ကိုတုန်လှုပ်စေနိုင်စွမ်း၏။ ပစ်မှတ်ထားခံရသော ကျန်းထျန်းလင်တို့မှာ အဘယ်သို့သော ဖိအားဒဏ်ကို ခံစားနေရခြင်း ဖြစ်လိမ့်မည်နည်း။

သေချာပေါက်ပင် မဟာနတ်ဆိုးရွှမ်ရှတို့သည် ကျန်းထျန်းလင်တို့ကို သနားကြမည်မဟုတ်ပါ။ သူတို့မှာ အံ့အားသင့်ခြင်း၊ စိတ်လှုပ်ရှားခြင်းတို့ဖြင့် မျှော်လင့်စောင့်စားနေခြင်းသာဖြစ်သည်။

ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးက ဘယ်သူများလဲ?

ထိုဖိအားနှင့်အတူ မိုးကြိုးလေ‌ဗွေရှိ အလင်းတန်းများသည် ရုတ်တရက် တောက်ပလင်းလက်သွားကြလျက် ကမ္ဘာလောကတစ်ခုလုံးကို လင်းထိန်သွားစေသည်။ မိုးကြိုးခုနစ်သွယ်သည်လည်း ကျဆင်းသွားတော့သည်။

ထိုပုဂ္ဂိုလ်သည် ရွှေသံတုတ်ချောင်းကို လက်တစ်ဖက်မှ ကိုင်ဆောင်ထားပြီး ခန္ဓာကိုယ်မှာ အနည်းငယ်ပိန်ပါးသည်။ ထိုရွှေတုတ်ချောင်းကို မည်သူမျှ တည့်တည့်မကြည့်ဝံ့ပေ။ သူ၏ခန္ဓာကိုယ်မှ အဟုန်သည် နေရာရှိလူအားလုံးကို တုန်ရီစေ၏။

အားလုံးသည် ထိုပုံရိပ်ကို ကမ္ဘာလောကသို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးအလား အံ့ဩထိတ်လန့်စွာ ငေးစိုက်ကြည့်ရှုနေကြသည်။

“ဂိုဏ်းချုပ်က ငါဘိုးဘေးကို မင်းကို ဒီစကားပြောပေးဖို့‌ တောင်းဆိုလိုက်တယ်။ မင်းပင်ပန်းသွားရပြီ။ သူပြန်လာရင် ကြီးကျယ်ခမ်းနားတဲ့လက်ထပ်ပွဲ ကျင်းပပေးမယ်လို့ ကတိပေးပါတယ်တဲ့”

စွန်းဝူခုန်းသည် လေဟာပြင်တွင်ရပ်လျက် ယဲ့မုချင်ကို ပြုံးဖြဲဖြဲဖြင့်ကြည့်၍ ထို့နောက်တွင် ရယ်မောသံကြီးမှာ လောကတစ်ခွင် ပဲ့တင်ထပ်သွားပြန်သည်။

ထိုအသံကြောင့် ကနဦးတွင် တည်ငြိမ်နေသော ယဲ့မုချင်မှာ တစ်ကိုယ်လုံးတုန်သွားရကာ မျက်လုံးလှလှလေးများ တောက်ပသွား၏။

နောက်ဆုံးတော့… ကတိတစ်ခုကို စောင့်ဆိုင်းရမယ်လေ!

ယဲ့မုချင်မှာ စိတ်နှလုံးတွင်းမှ ပျော်ရွှင်ဝမ်းမြောက်မှုကြောင့် မျက်ရည်ကျလာ‌ခဲ့သည်။ ဤစကားတစ်ခွန်းဖြင့်ပင် သူ့အတွက် သေဆုံးရမည်ဆိုလျှင်သော်မှ ထိုက်တန်ပေသည်။

“ဘုရားရေ!”

“ဒါက တကယ်ပဲ ဂိုဏ်းချုပ်စေလွှတ်လိုက်တာလား?”

“ဒီနတ်ဆိုးအိုကြီးသိသားပဲ။ ဒီနတ်ဆိုးအိုကြီး သိနေသားပဲလို့။ ဂိုဏ်းချုပ်က ငါတို့ကို ဘယ်တော့မှ လျစ်လျူရှုထားမှာမှ မဟုတ်တာပဲ!”

မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားသူများသည်လည်း စွန်းဝူခုန်း၏စကားကို ကြားရသည်တွင် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ပါချေ။ မဟာနတိုးရွှမ်ရှသည်တော့ အားရကျေနပ်စွာ ကြုံးဝါးနေ၏။

ဧကရီမေသုရှားနှင့် အလောင်းထိန်းချုပ်သူမျိုးနွယ်စုများမှာလည်း ပြုံးမိကြရသည်။ ဂိုဏ်းချုပ်သည် အမှန်တကယ် စိတ်မပျက်စေပါချေ။

“ခင်ဗျားက ဘယ်သူလဲ? ဒီ‌လိုလောကငယ်လေးမှာ ဘယ်လိုလုပ်ပြီး ခင်ဗျားလို စွမ်းအားကြီးပုဂ္ဂိုလ်က ထွက်ပေါ်လာရတာလဲ?”

ရှန်ရှန့်ကျုံဂိုဏ်းသားများမှ စိတ်လှုပ်ရှားပျော်ရွှင်နေကြချိန်တွင် ကြောက်ရွံ့ခြင်းစွက်သော၊ သံသယစွက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ အသံပိုင်ရှင်မှာ ချိုင့်တွင်းထဲမှ ပြန်တက်လာသည့် ကျန်းထျန်းလင်ဖြစ်၏။

ကျန်းထျန်းလင်၏ဘေး၌ မှော်နန်းတော်သခင်မနှင့် အခြားသူများသည်လည်း စွန်းဝူခုန်းကို ကြောက်ရွံ့ထိတ်လန့်စွာ ကြည့်နေကြသည်။ စွန်းဝူခုန်းမှ ထုတ်လွှတ်နေသော အရှိန်အဝါသည်ပင် သူတို့ကို မရပ်တည်နိုင်ဖြစ်စေသည်။ ဤသို့သော တည်ရှိမှုကြီးနှင့် ရင်ဆိုင်တိုက်ခိုက်ပါလျှင် ထျန်းကျွင်းအထွတ်အထိပ်အဆင့် ဖြစ်လျှင်သော်မှ သေဖို့စောင့်ဆိုင်းရန်သာ တတ်နိုင်ပေလိမ့်မည်။

ရုန်းကန်ဖို့အခွင့်အရေးပင်မရှိနိုင်၊ သူသေကိုယ်သေတိုက်ခိုက်ဖို့ အခွင့်အရေးလည်း မရှိနိုင်ပါ။

အင်အားစု၆စုမှာ ယွမ်ဟွားကောင်းကင်နယ်မြေ၏ ပထမအဆင့်အင်အားစုဖြစ်သည်။ အင်အားအကြီးဆုံးမှာ ထျန်းကျွင်းအထွတ်အထိပ်ဖြစ်၏။ နောက်ခံမှာ မည်မျှနက်ရှိုင်းသည်ဖြစ်စေ ထျန်းကျွင်းအဆင့်သာဖြစ်ရာ အဘယ်သို့များ ဤသို့သောတည်ရှိမှုကြီးနှင့် ဆန့်ကျင်တိုက်ခိုက်နိုင်ပါမည်နည်း။

ဤယွမ်ဟွားကောင်းကင်နယ်မြေ၌ စင်စစ်သော သာလွန်ထူးကဲသည့် အထွတ်အထိပ်ပုဂ္ဂိုလ်ကြီးများသာလျှင် ဤသို့တည်ရှိမှုမျိုးနှင့် စကား‌ပြောဆိုရန် အရည်အချင်းပြည့်မီနိုင်၏။ ကျန်းထျန်းလင်တို့အုပ်စုမှာ ပုရွက်ဆိတ်တစ်အုပ်သာဖြစ်သည်။

ဤသို့သော စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးမှ ရှန်ရှန့်ကျုံဂိုဏ်းကို ကာကွယ်ပေးနေသည့်အပြင် ဧကရီမေသုရှားနှင့် အလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြွင်းအကျန်များမှ သူတို့ကို လက်စားချေလိုပါလျှင် မိမိတို့မှာ ခုခံဟန့်တားနိုင်စွမ်းမရှိဘဲနှင့် အမြစ်ဖြတ်ချေမှုန်းခံလိုက်ရမည်ကို ကျန်းထျန်းလင်တို့မှာ စိုးရိမ်ထိတ်လန့်နေမိ၏။

အလောင်းထိန်းချုပ်သူမျိုးနွယ်စု အကြွင်းအကျန်များကို ဤသို့စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးမှ ကာကွယ်ပေးနေသည်ဟု သူတို့ သိရှိထားခဲ့ပါလျှင် ဤရွှံ့နွံ့ရရေပြင်ထဲသို့ ဘယ်တော့မှ လာရောက်ကူးခတ်ခဲ့မည်မဟုတ်ပါ။ လောဘစိတ်တစ်စသည် အသက်ကိုသာမက အင်အားအလုံးစုံကို ပျက်စီးကိန်းဆိုက်ရောက်စေ၏။

ကျန်းထျန်းလင်နှင့် အခြားသူများမှာ နောင်တကြီးစွာရနေခဲ့ပြီဖြစ်သည်။

သို့သော် သူတို့ အညံ့မခံလိုပါ။ အသက်သေဆုံးရမည်ဆိုလျှင်သော်မှ မိမိတို့၏ နားလည်မှုလက်ခံမှုသဘောတရားအတိုင်း သေဆုံးရလိုသည်။

“ရှန်ရှန့်ကျုံဂိုဏ်း နဝမမျိုးဆက်ဘိုးဘေးဖြစ်တဲ့ မျောက်ဘုရင်ငါကိုယ်တော်က ချန်ခွမ်းအထွတ်အမြတ်ဘုံရဲ့ ပဏ္ဍိတနယ်ပယ်အဆင့်ပဲကွ!”

ကျန်းထျန်းလင်၏ အမေးစကားကိုကြားသည်တွင် စွန်းဝူခုန်းသည် ကျန်းထျန်းလင်တို့အား အထက်မှစီးမိုးကြည့်ရှု၍ အ‌ထင်မြင်သေးစွာပြော၏။ ပြင်းပြစွာသော မျက်လုံးအကြည့်များတွင် ခံစားချက်စိုးစဉ်းမျှ မရှိပေ။ သေမင်းတမန်အလား အေးစက်မှုသာရှိ၏။

မျောက်ဘုရင်?

ဒီလောက်အထက်စီးဆန်တဲ့ဂုဏ်ပုဒ်ကြီးနဲ့လား!

ကျန်းထျန်းလင်တို့မှာ ပိုမိုတုန်လှုပ်လာကြလျက် အလုံးစုံ စိတ်ပျက်အားလျော့သွားရချေပြီ။ ဘွဲ့အမည်ဂုဏ်ပုဒ်ဟူသည် ဘာမျှမဟုတ်ဟု ထင်ရသော်ငြား ကျင့်ကြံရေးလောက၌မူ ဤသို့သော အထက်စီးဆန်လှသည့် ဘွဲ့အမည်ဂုဏ်ပုဒ်ကို မရယူနိုင်ခြင်းသည် သေခြင်းတရားကိုရှာဖွေခြင်းကဲ့သို့ဖြစ်၏။

ပဏ္ဍိတနယ်ပယ်အဆင့်? အဲဒါက ဘာများလဲ? နတ်မင်းနယ်ပယ်အဆင့်မျှဆိုပါက အဆင်ပြေသေးသည်။ သို့သော် ‌အခြားသောဘုံလောကတစ်ခုဖြစ်ပါလျှင် ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။

“‌ဝါး!”

“ဘုရားသခင်! ဒါက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ နဝမမျိုးဆက်ဘိုးဘေးပဲ!”

ဝမ်ချုံးယန်၊ မဟာနတ်ဆိုးရွှမ်ရှနှင့် အခြားရှန်ရှန့်ကျုံဂိုဏ်းသားများသည် စွန်းဝူခုန်း၏စကားကြောင့် အံ့ဩထိတ်လန့်ကုန်ကြလေသည်။

“အကြီးအကဲ.. တပည့်တို့ ရှန်ရှန့်ကျုံဂိုဏ်းမှာ ဂိုဏ်းဘိုးဘေးတွေလည်း ရှိသေးတာလား?”

မဟာနတ်‌ဆိုးရွှမ်ရှ‌၏နောက်မှ ယုရွှမ်းမှ မထိန်းချုပ်နိုင်စွာ မေးမြန်းလာ၏။ အခြားဂိုဏ်းတပည့်များသည်လည်း ထိုအမေးစကား၏အဖြေကို နားစွင့်နေကြ၏။

မဟာနတ်ဆိုးရွှမ်ရှ ယုရွှမ်းကို အကြည့်စိမ်းစိမ်းတစ်ချက် ပို့လွှတ်လိုက်သည်။ ယုရွှမ်းသည် မိန်းကလေးတစ်ယောက်ဖြစ်သောကြောင့် မဟုတ်ပါလျှင် မဟာနတ်ဆိုးရွှမ်ရှမှာ လက်သီးတစ်ချက် ပစ်ကျွေးလိုက်ပြီးလောက်လေပြီ။ အဘယ်‌ကြောင့်ဆိုသော် အကြီးအကဲသည်လည်း ဂိုဏ်းဘိုးဘေးများမှာ မည်သူမည်ဝါဖြစ်သည်ကို မသိသောကြောင့်ပင်။ ဘယ်လိုတောင်လားဟ!

မဖြစ်ချေ။ အကြီးအကဲများ၏ ဂုဏ်ရှိန်မျက်နှာကို ကယ်တင်ရန်အတွက် တစ်ခုခုလုပ်ရပေမည်။

မဟာနတ်ဆိုးရွှမ်ရှသည် သတိတကြီးဖြင့် ဦးခေါင်းမော့၍ စွန်းဝူခုန်းကို အကဲခတ်ကြည့်လိုက်သည်။ စွန်းဝူခုန်း၏ မျက်နှာအမူအရာ အပြောင်းအလဲမရှိသည်ကို မြင်တွေ့သောအခါမှ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ကာ စကားလုံးများကိုစစ်ထုတ်၍ အနည်းငယ်ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် ပြော၏။

“ကျယ်ပြောတဲ့ကောင်းကင်ယံမှာ ကြိုးတစ်မျှင်လိုချိတ်ဆွဲလို့ စိန်ခေါ်မှုတွေကိုမရှောင်လွှဲတမ်း ပြည်မကြီးရဲ့ခေါင်းလောင်းသံကို နားဆင်တော်မူတဲ့ ရွှေသံတုတ်ချောင်းပိုင်ရှင်.. တစ္ဆေဝိဉာဉ်တွေရဲ့အမြင်ထိတိုင် ထာဝရတည်မြဲသော စွမ်းအားကြီးပုဂ္ဂိုလ်အရှင်ဟာ ကောင်းကင်ဘုံနဲ့ပထဝီမြေကြီးကို လှုပ်ကိုင်နိုင်စွမ်းရှိပါအံ့!”

“ဒီပုဂ္ဂိုလ်ဟာ ရှန်ရှန့်ကျုံဂိုဏ်း နဝမမျိုးဆက်ဘိုးဘေး မျောက်ဘုရင်ပါပဲ!”

“တစ်ချိန်က ရှန်ရှန့်ကျုံဂိုဏ်းက ကောင်းကင်ဘုံရဲ့ကျိန်စာကို ခံယူခဲ့ရချိန်မှာ များစွာသော စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးတွေဟာ မတတ်သာဘဲ အိပ်စက်သွားခဲ့ကြရတယ်။ ကံကောင်းထောက်မစွာနဲ့ ကောင်းကင်ဘုံမှာ မွေးဖွားခဲ့တဲ့၊ ရွှေသံတုတ်ချောင်းကို ကိုင်ဆောင်တဲ့ ပဏ္ဍိတနယ်ပယ်အဆင့် နဝမမျိုးဆက်ဘိုးဘေး ပြန်လည်နိုးထလာခဲ့ပြီး ‌ကမ္ဘာလောကတစ်ခုလုံးကို ဖိနှိပ်ပြီး ရန်သူတွေကို ဖျက်ဆီးချေမှုန်းလို့ ပြိုင်ဘက်ကင်းဖြစ်စေတယ်!”

“ဒီလောကမှာ အထီးကျန်ဆုံးသောအရာက တစ်ဦးတည်းရှိနေရခြင်းမဟုတ်ဘဲ လောကပြိုင်ဘက်ကင်းပုဂ္ဂိုလ်ကြီး ဖြစ်နေရခြင်းပါပဲ။ အထီးကျန်မှုကြောင့်ဖြစ်စေ၊ စိတ်နှလုံးတွင်းစွဲမြဲနေတဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံ့လကြောင့်ဖြစ်စေ နဝမမျိုးဆက်ဘိုးဘေးဟာ ကိုယ်ပိုင်စွမ်းအားနဲ့ ကောင်းကင်ဘုံကိုလှုပ်ကိုင်ပြီး ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ကောင်းကင်ဘုံကျိန်စာကို ဖယ်ရှားပြီး ရှန်ရှန့်ကျုံဂိုဏ်းကို အပြည့်အဝ ပေါ်ထွက်တည်ရှိစေနိုင်လိမ့်မယ်!”

“ဂိုဏ်းချုပ်က နဝမမျိုးဆက်ဘိုးဘေးအကြောင်းကို အခုလိုပြောခဲ့ဖူးပါတယ်!”

ထိုသို့ပြောပြီးနောက် မဟာနတ်ဆိုးရွှမ်ရှသည် ခဏမျှရပ်နား၍ စွန်းဝူခုန်းကို ဂရုတစိုက်အကဲခတ်ကြည့်၏။ စွန်းဝူခုန်း၏မျက်လုံးများမှ စိတ်ပါဝင်စားမှု တစ်စွန်းတစ်စကို မြင်သောအခါ မဟာနတ်ဆိုးရွှမ်ရှသည် မသိမသာလှုပ်ရှားလိုက်ပြီး ကျယ်လောင်စွာပြော၏။

“ဂိုဏ်းချုပ်ရဲ့ချင့်တွက်မှုကတော့ နေနဲ့လကို ထိတွေ့နိုင်ပြီး ကြယ်စင်တွေကို ဆွတ်ခူးနိုင်တဲ့သူဆိုတာ ဒီလောကမှာ မတည်ရှိနိုင်ဘူးတဲ့!”

လူသူအ‌ပေါင်းမှာ မဟာနတ်ဆိုးရွှမ်ရှ၏ပြောစကားကို အာရုံစိုက်နေကြ၍ ဝန်းကျင်တစ်ခွင်မှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ စွန်းဝူခုန်းပင်လျှင် အပြုံး‌တစ်စ ဖြစ်တည်နေပေသည်။

“နေနဲ့လကို ထိတွေ့နိုင်ပြီး ကြယ်စင်တွေကို ဆွတ်ခူးနိုင်တဲ့သူဆိုတာ ဒီလောကမှာ မတည်ရှိနိုင်ဘူး.. ဒီလောကမှာ ငါလိုလူမရှိနိုင်ဘူးလို့ ဆိုလိုချင်တာပေါ့လေ?”

“အဲ့ဒီ့ဂိုဏ်းချုပ်က တကယ့်ကို ဂိုဏ်းချုပ်ဖြစ်ဖို့ ထိုက်တန်ပါတယ်လေ။ ငါဘိုးဘေးကို သေချာနားလည်တယ်!”

ရှန်ရှန့်ကျုံဂိုဏ်းတပည့်များမှာ အံ့အားသင့်ခြင်းထက် ပို၍စိတ်လှုပ်ရှားနေတော့သည်။

ဒါက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ဘိုးဘေးတဲ့။ စိုးမိုးခြယ်လှယ်နိုင်စွမ်းနဲ့ လောကပြိုင်ဘက်ကင်းပုဂ္ဂိုလ်ကြီးပဲ!

ဤသည်မှာ နဝမမျိုးဆက်ဘိုးဘေးသာ ရှိသေး၏။ သို့ဖြစ်ရာ ရှေ့မျိုးဆက်၏ဘိုးဘေးများမှာ မည်မျှအင်အားကြီးမားလိမ့်မည်နည်း။

ရှန်ရှန့်ကျုံဂိုဏ်းတပည့်တစ်ဦးမှ မထိန်းချုပ်နိုင်စွာဖြင့် မဟာနတ်ဆိုးရွှမ်ရှကို မေးမြန်းလာပြန်သည်။

“အကြီးအကဲဗျ.. ရှေ့မျိုးဆက်ဘိုးဘေးတွေကရော? အဲဒီ့ဂိုဏ်းဘိုးဘေးကြီးတွေကရော ဘယ်သူတွေလဲဟင်?”

ထိုဂိုဏ်းတပည့်၏အမေးတွင် ရှန်ရှန့်ကျုံဂိုဏ်းတပည့်များအားလုံးသည် မဟာနတ်ဆိုးရွှမ်ရှကို မျှော်လင့်တကြီးဖြင့် ကြည့်လာကြလေသည်။ မဟာနတ်ဆိုးရွှမ်ရှ၏အဖြေကို မျှော်လင့်ခြင်းကြီးစွာ စောင့်မျှော်နေကြ၏။

သို့သော် မမျှော်လင့်စွာဖြင့် မဟာနတ်ဆိုးရွှမ်ရှသည် မေးခွန်းထုတ်သည့်တပည့်လေးအား အေးစက်သည့်အကြည့်တစ်ချက် ပို့လွှတ်လာ၏။ မသင့်လျော်သည်ကြောင့် မဟုတ်ပါလျှင် နတ်ဆိုးအိုကြီးမှာ ထိုလျှာရှည်သည့်တပည့်ကို ရိုက်ပစ်ချင်လှသည်။

ကောင်းရော.. ဒီနတ်ဆိုးအိုကြီးက ခုလေးတင်မှ နဝမမျိုးဆက်ဘိုးဘေးကို စိတ်သက်သောင့်သက်သာဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တာကို နဝမမျိုးဆက်ရဲ့ ရှေ့မျိုးဆက်ဘိုးဘေးတွေအကြောင်းကို ထမေးတာ မင်းက ဘာဖြစ်ချင်တာတုန်းကွ?!

အကင်းမပါးလိုက်တာ! မသိတတ်လိုက်တာ!

ငါက မင်းကို ဘယ်လိုဖြေပေးရမှာတုန်း? နဝမမျိုးဆက်ဘိုးဘေးရဲ့ ရှေ့မျိုးဆက်ဘိုးဘေးတွေက ပိုပြီးအင်အားကြီးမားပါတယ်။ သူက အင်အားအနည်းဆုံးပါလို့ ဖြေပေးရမှာလား? ဒါမှမဟုတ် နဝမမျိုးဆက်ဘိုးဘေးရဲ့ရှေ့မှာပဲ အဌမမျိုးဆက်ဘိုးဘေးက မနဝမမျိုးဆက်ဘိုဘေးထက် အင်အားနည်းပါတယ်လို့ ဖြေပေးရမှာလား? အကယ်လို့များ အဌမမျိုးဆက်ဘိုးဘေး ထွက်ပေါ်လာတဲ့အချိန်ကျ နဝမမျိုးဆက်ဘိုးဘေးထက် ပိုပြီးအင်အားကြီးမားနေခဲ့ရင် ငါနတ်ဆိုးအိုကြီး အသက်ပျောက်သွားမယ် မဟုတ်လားလို့?!

ငါနတ်ဆိုးအိုကြီးက မင်းကို တစ်စုံတစ်ရာများ ပြစ်မှားခဲ့မိလို့ ဒီနတ်ဆိုးအိုကြီးကို အခုလို ထိခိုက်အောင်လုပ်ရတာလားဟင်?

မဟာနတ်ဆိုးရွှမ်ရှမှာ စိတ်ထဲတွင်သာ ကျယ်လောင်စွာ ကြိမ်းဝါးမိရလေသည်။ ထိုတပည့်အား လက်ဖဝါးဖြင့် လွင့်ပျံ‌ထွက်သွားအောင် ရိုက်ထုတ်ပစ်ချင်လှသော်ငြား တကယ်တမ်း မဝံ့ရဲပါချေ။ အကြောင်းမှာ နဝမမျိုးဆက်ဘိုးဘေး၏ မိမိအပေါ်ကျရောက်နေသော အကြည့်တို့ကို ခံစားမိနေသည်ကြောင့်ဖြစ်၏။

လူကိုသေစေနိုင်တဲ့အကြည့်ကြီးဟ!

“အဲဒီ့တုန်းက ဂိုဏ်းချုပ်က နဝမမျိုးဆက်ဘိုးဘေးအကြောင်းကိုပဲ ပြောခဲ့တာ။ တခြားဘိုးဘေးတွေအကြောင်းကိုတော့ ငါမသိဘူး။ ဒါပေမဲ့ ဂိုဏ်းချုပ်ပြောဖူးတာတော့ မျိုးဆက်တစ်ခုချင်စီတိုင်းရဲ့ ဘိုးဘေးတွေအားလုံးက ‌ခေတ်တစ်ခေတ်ကို ဖိနှိပ်နိုင်စွမ်းရှိပြီး လောကပြိုင်ဘက်ကင်းပုဂ္ဂိုလ်ကြီးတွေပဲတဲ့!”

ထိုသို့ပြောပြီးနောက်မှ မဟာနတ်ဆိုးရွှမ်ရှသည် ချွေးစေးများကို သုတ်ပစ်လိုက်ပြီး စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့သည်။ သူ၏စကားလုံးများသည် နဝမမျိုးဆက်ဘိုးဘေးကို စိတ်ကျေနပ်စေခဲ့ကြောင်းကို သူသိပါ၏။ သူ့အပေါ်ကျရောက်နေသော လူကိုသေစေလောက်သော အကြည့်ကြီးမှာ မရှိတော့လေပြီ။

အတော်လေး နီးသွားတယ်! နီးသွားတယ်! တော်သေးတာ ဒီနတ်ဆိုးအိုကြီး ဉာဏ်ကောင်းပေလို့သာပေါ့!

ခေတ်တစ်ခေတ်ကို ဖိနှိပ်နိုင်စွမ်းသည်ဟူသော စကားရပ်သည် ရှန်ရှန့်ကျုံဂိုဏ်းသားများကို တစ်ဖန်ပို၍ စိတ်လှုပ်ရှားစေပြန်သည်။ ဧကရီမေသုရှားနှင့် အလောင်းထိန်းချုပ်သူမျိုးနွယ်စုများပင်လျှင် မဟာနတ်ဆိုးရွှမ်ရှ၏စကားကြောင့် မျက်လုံးအစုံတို့မှာ ပြင်းပြင်းပြပြ တောက်ပနေကြလျက်ဖြင့် စွန်းဝူခုန်းကို ငေးစိုက်ကြည့်နေကြ၏။ စွန်းဝူခုန်း၏ ခုနက ပြသခဲ့သော ပြိုင်ဘက်ကင်းစွမ်းအားကို မဆိုထားနှင့် လူ၏တည်ရှိမှုပုံရိပ်သည်ပင် စိတ်ဝင်စားဖွယ်ကောင်းလှသည်။

“မဖြစ်နိုင်တာ! ဒီလိုတည်ရှိမှုကြီးက ဘယ်လိုလုပ်ပြီး ဒီ‌လိုသေးနုပ်တဲ့နေရာလေးမှာ မွေး‌ဖွားလာနိုင်မှာလဲ? မင်းတို့တွေက မွန်မြတ်ဘုံလောက,က ရောက်လာကြတာမလို့လား? ဘယ်လိုဖြစ်နိုင်မှာလဲ?!”

“မွန်မြတ်ဘုံလောကရဲ့ ကျင့်ကြံသူတွေက နိမ့်ပါးတဲ့ဘုံလောကကို ဆင်းသက်လာဖို့ဆိုတာ အင်မတန်ခက်ခဲတယ်လေ”

ကျန်းထျန်းလင်တို့သည်လည်း မဟာနတ်ဆိုးရွှမ်ရှ၏စကားများကို ကြားရပါသော်ငြား မယုံကြည်ကြပေ။ ကျန်းထျန်းလင်မှ ရှုံ့မဲ့နေလျက်ဖြင့် ကျယ်လောင်စွာရေရွတ်၏။ ထိုသို့သောတည်ရှိမှုမျိုး အမှန်တကယ် တည်ရှိပါလျှင် မိမိတို့အင်အားစု၆စုမှာ ပျက်စီးခဲ့ပြီးဖြစ်ချေရော့မည်။ ယွမ်ဟွားကောင်းကင်နယ်မြေ၏ စွမ်းအားမြင့်ကျင့်ကြံသူများသည်လည်း ခုခံဟန့်တားနိုင်မည် မဟုတ်ချေ။

“သတင်းပို့ရမယ်!”

ကျန်းထျန်းလင်သည် ကျယ်လောင်စွာရေရွတ်ရင်းဖြင့် အဓိပ္ပာယ်အချို့ဖြင့် စကားအချို့ပို့ဆောင်လိုက်သေး၏။ စွန်းဝူခုန်း၏ စွမ်းအားအရ သူတို့၏လှုပ်ရှားမှုတိုင်းသည် စွန်းဝူခုန်း၏မျက်လုံးအောက်မှ တစ်ခုတစ်လေမှ မလွတ်မြောက်နိုင်သည်ကို သူသိပါ၏။ တစ်ခုတည်းသော ဆက်သွယ်ရန်နည်းလမ်းမှာ အသံပို့ဆောင်ခြင်းဖြစ်သည်။ ထို့ကြောင့် ကျယ်လောင်စွာရေရွတ်ပြောဆိုလိုက်ခြင်းဖြစ်သည်။

သို့မဟုတ်ပါက ကျန်းထျန်းလင်မှာ အမှန်တကယ် မယုံကြည်လျှင်သော်မှ ထုတ်ဖော်ပြောနေမည်မဟုတ်ပါ။ ထုတ်ဖော်ပြောဆိုခြင်းသည် အသက်ရှည်ရန် စိတ်ကုန်နေပါပြီဟု အချက်ပြလိုက်ခြင်းကဲ့သို့ပင် မဟုတ်ပါလော။

ကျန်းထျန်းလင်၏အသံ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် စွန်းဝူခုန်းသည် ကျန်းထျန်းလင်၏ရှေ့သို့ အလင်းအလျင်ဖြင့် ရုတ်ချည်းရောက်ရှိသွား၏။ ထို့နောက် သူ၏တုတ်ချောင်းဖြင့် ရိုက်ချလိုက်သည်။ အရှိန်နှုန်းမှာ အလွန်မြန်ဆန်လွန်းလှစွာဖြင့် ကျန်းထျန်းလင်၏နဖူးတည့်တည့်သို့ ရိုက်ချက်ကျရောက်သွား၏။ သွေးများပန်းထွက်စီးကျလာခဲ့သည်။

All Chapters