← Chapters

နတ်ဘုရားရဲ့သားတော် ၊ ယိယွမ်ဘုရားကျောင်းနှင့် မြေအောက်ဘုံလောက

Vol. 28 Ch. 391

နတ်ဘုရားရဲ့သားတော် ၊ ယိယွမ်ဘုရားကျောင်းနှင့် မြေအောက်ဘုံလောက

Vol. 28 Ch. 391

ဘာသာပြန်- The Fate

ချွမ်!

ထက်မြသောဓါးဟာ ထွက်ပေါ်လာခဲ့ပြီး ပြင်းထန်လွန်းသော ဓါးအရှိန်အဝါများသည် ပေါက်ကွဲထွက်လာခဲ့သည်။

ဒေါသထွက်နေသော ယွမ်ဖုန်းက လူသတ်သိုင်းကွက်ကို ထုတ်ဖော်ခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသော သတ်ဖြတ်မှုအရှိန်အဝါများသည် ကမ္ဘာလောကကြီးအတွင်း မွေးဖွားလာခဲ့ပြီး မျက်စိကျိန်းလောက်သော ဓါးအလင်းတန်းသည် ကောင်းကင်ယံထက်မှ သက်ဆင်းလာခဲ့ကာ လင်းတုန်လိုင်ထံသို့ ထိတ်လန့်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ပြေးဝင်သွားခဲ့သည်။ ၎င်းဓါးစွမ်းအင်ဟာ လေထုကိုတောင် ရှည်လျားသော အက်ကွဲရာကြီး ဖြစ်ပေါ်စေခဲ့သည်။

၎င်းထိတ်လန့်ဖွယ်ကောင်းသော ဓါးသိုင်းကွက်ကို တွေ့မြင်လိုက်ရသည့်အခါ ယိယွမ်ဘုရားကျောင်း၏ စွမ်းအားရှင်များသည် လင်းတုန်လိုင်ကို လှောင်ပြောင်ဟန်ဖြင့် အတူတကွ လှမ်းကြည့်မိလိုက်ကြသည်။ သူတို့က သေလူတစ်ယောက်ကို ကြည့်နေသည့်အလားပင်။

သူတို့၏ အမြင်အာရုံတွင် ရှန်ရှန့်ကျုံဂိုဏ်းလို ဂိုဏ်းသေးသေးလေးက ဘုရားကျောင်းအစောင့်အရှောက်အကြီးအကဲများ၏ တိုက်ခိုက်မှုကို ဘယ်လိုလုပ်ခုခံတားဆီးနိုင်ပါ့မလဲ။

ယန်လဲ့အမတမြို့တော်၏ စွမ်းအားရှင်များဖြစ်သော လဲ့ခုန်း နှင့် စွမ်းအားရှင်အချို့ကလည်း ဤမြင်ကွင်းကို လှောင်ပြောင်ရယ်မောဟန်ဖြင့် ကြည့်နေလိုက်ကြသည်။ သူတို့၏မျက်နှာများတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေပြီး ဝမ်ဖုန်းတို့အုပ်စု၏ အမြင်အာရုံကျဥ်းမြောင်းမှုကို လှောင်ပြောင်နေသည့်အလားပင်။

သို့ပါသော်လည်း ယွမ်ဖုန်း၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်လိုက်ရတာတောင် ရှန်ရှန့်ကျုံဂိုဏ်း၏ စွမ်းအားရှင်များက ထူးမခြားနားစွာ ရှိနေလိမ့်ဦးမည်ဟု သူတို့အားလုံး ထင်မထားခဲ့ကြပါ။ သူတို့အားလုံးက တည်ကြည်အေးဆေးစွာ ရှိနေဆဲသာ။

ဤသည်မှာ အန္တိမနတ်မင်း အထွတ်အထိပ်စွမ်းအားရှင်တစ်ယောက်၏ တိုက်ခိုက်မှုဖြစ်သည်။ အဆင့်တူစွမ်းအားရှင်ဆိုရင်တောင် ဒီလောက်ထိ တည်ငြိမ်မနေနိုင်ပါ။

လင်းတုန်လိုင်၏ မျက်နှာထက်တွင် လှောင်ပြောင်ရယ်မောမှု တစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူက ကပ်ဘေး၏ စစ်နတ်ဘုရားစွမ်းရည်ကို အသက်သွင်းလိုက်ပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများမှာ ထွက်ပေါ်လာခဲ့သည်။ သူဟာ လက်တစ်ဖက်ကို အသာအယာမြှောက်လိုက်ပြီး ရိုက်ခတ်လိုက်သည်။ ထူးခြားဆန်းကြယ်သော နတ်မင်းစွမ်းအင်များသည် လေပွေကြီးတစ်ခုကဲ့သို့ ရုတ်တရက်စုစည်းသွားခဲ့သည်။ လင်းတုန်လိုင်၏အရှေ့၌ ကြီးမားသော လက်ဖဝါးကြီးတစ်ခုဖြစ်တည်လာခဲ့သည်။

ဘုန်း!

ပြင်းထန်လွန်းသော ဓါးစွမ်းအင်နှင့် ပြင်းထန်လွန်းသော လက်ဖဝါးရာကြီးသည် အတူတကွ ထိတွေမိသွားကြသည်။ ပတ်ဝန်းကျင်၌ စွမ်းအားလှိုင်းလုံးများ အဆက် မပြတ် ဖြစ်ပေါ်လာခဲ့ပြီး လေဟာပြင်ဟာ ပျက်စီးသွားခဲ့သည်။ စွမ်းအားလှိုင်းလုံးများသည် လူတိုင်း၏ အမူအရာများကို ပြောင်းလဲသွားစေခဲ့သည်။

မိုးခြိမ်းသံကြီးတမျှ ကျယ်လောင်သော ပေါက်ကွဲသံကြီးသည် ကမ္ဘာလောကကြီးအတွင်းထွက်ပေါ်လာခဲ့သည်။ လူတိုင်းဟာ သူတို့ကိုယ်သူတို့ အလျင်အမြန်ကာကွယ်လိုက်ကြရပြီး သူတို့၏ မျက်ဝန်းများက ပေါက်ကွဲမှု၏ အလယ်ဗဟိုသို့ စူးစိုက်ကြည့်နေခဲ့သည်။

နောက်တဒင်္ဂအကြာတွင် သူတို့အားလုံးကို ထိတ်လန့်သွားစေခဲ့သော မြင်ကွင်းတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။

ယွမ်ဖုန်းလို သန်မာသောလူတစ်ယောက်၏ အင်အားကုန်သုံး တိုက်ကွက်ကတောင် လင်းတုန်လိုင်ကို နည်းနည်းမှ မထိခိုက်စေခဲ့ဘူးလား?။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

လင်းတုန်လိုင်ဟာ ရပ်မြဲနေရာတွင် လက်နှစ်ဖက်ကို နောက်ပစ်လျက် ထူးမခြားနားစွာ ရပ်နေခဲ့သည်။ သူတို့အားလုံးဟာ အမှန်တရားကို မယုံကြည်နိုင် ဖြစ်နေကြရသည်။

ယွမ်ဖုန်း၏ မျက်လုံးသူငယ်အိမ်များက လှုပ်ခါသွားခဲ့သည်။ သူ၏ မျက်ဝန်းများက လင်းတုန်လိုင်ကို စူးစိုက်ကြည့်နေခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်းမှာ အန္တိမနတ်မင်း အထွတ်အထိပ်အဆင့် စွမ်းအားရှင်ရှိနေတာလား?။

သူ တောင်ပိုင်းနယ်မြေသို့ ရောက်ရှိလာချိန်က မြေ အောက်ဘုံလောက၏ စစ်တပ်ကို ရှန်ရှန့်ကျုံဂိုဏ်းက ဖျက်ဆီးခဲ့ကြောင်း ကြားသိခဲ့ရသော်လည်း သူဟာ မြေအောက်ဘုံလောက၏ စစ်တပ် အဘယ်မျှလေက်သန်မာကြောင်းကို တိတိပပ သိမထားခဲ့ပါ။

ထို့အတွက်ကြောင့် သူဟာ မြေအောက်ဘုံလောက၏ ရှေ့ပြေးတပ်ကို ဖျက်ဆီးခဲ့သည့် ရှန်ရှန့်ကျုံဂိုဏ်းကိုလည်း အလေးမထားခဲ့ပါပေ။

ပြောရပါလျှင် ယိယွမ်ဘုရားကျောင်းဟာ အလွန်အမင်းသန်မာလှပြီး ရှန်းရွှမ်ဒေသရှိ ဘယ်အထူးအင်အားစုကိုမဆို လျစ်လျုရှုထားနိုင်သည်။

မေးပါရစေဦး... ကျားတစ်ကောင်း ဂူအောင်းရာက ထွက်လာတဲ့အခါ လမ်းမှာပိတ်နေတဲ့ ပုရွက်ဆိတ်တစ်ကောင်ကို ဂရုစိုက်ရဦးမှာလား?

ကျိန်းသေပေါက် မဟုတ်ဘူးပေါ့!

သို့ပါသော်လည်း အခုချိန်မှာတော့ သူတို့တွေးထင်ထားသည့် ပုရွက်ဆိတ်က ခြင်္သေ့ထီးကြီးတစ်ကောင်ဖြစ်နေခဲ့သည်။ သူတို့ ဘယ်လိုကြောင့် မထိတ်လန့်ဘဲ နေရမလဲ။

"မင်းတို့က ယိယွမ်ဘုရားကျောင်းကို အာခံရဲတာ အံဩစရာမဟုတ်တော့ဘူးပဲ၊ ဒါပေမယ့် မင်းတို့မှာ အန္တိမနတ်မင်း စွမ်းအားရှင်တစ်ယောက် ရှိတာနဲ့တင် ယိယွမ်ဘုရားကျောင်းကို အာခံနိုင်လိမ့်မယ်လို့ တွေးထားရင် မှားသွားပြီ"

လင်းတုန်လိုင်ကို စေ့စေ့စိုက်ကြည့်လိုက်ပြီး ယွမ်ဖုန်းက လှောင်ပြောင်လိုက်သည်။

လင်းတုန်လိုင်၏ ကျင့်ကြံမှုမှာ သူ့ကို တကယ်ပဲ ထိတ်လန့်စေခဲ့သည်။ ဒီလိုဆိုတော့ရော ဘာဖြစ်သေးလဲ ၊ သူ၏ ယိယွမ်ဘုရားကျောင်းမှာ ခန့်မှန်း၍ မရနိုင်သော တည်ရှိမှုကြီးပင် မဟုတ်ပါလော။ ဤတစ်ကြိမ် ယိယွမ်ဘုရားကျောင်းစေလွှတ်ခဲ့သော ခွန်အားမှာ ရေခဲတောင်ကြီး၏ ထိပ်ဖျားလေးမျှသာ ရှိသေးသည်။ ဒါက ရှန်ရှန့်ကျုံဂိုဏ်းနှင့် လားလားမျှ မသက်ဆိုင်ပါ။

တစ်ချိန်တည်းမှာပင် အလယ်ပိုင်းဒေသရှိ ယိယွမ်ဘုရားကျောင်းတည်ရှိသော လျှို့ဝှက်နယ်မြေအတွင်းတွင် ယိယွမ်ဘုရားကျောင်း၏ ပထမဆုံးဘိုးဘေး ယွမ်ဝူသည် တောင်ထိပ်ပေါ်တွင် တင်ပုလ္လင်ချိတ်ထိုင်နေခဲ့သည်။ သူထိုင်နေရာနေရာ၏ အရှေ့ဘက်တွင် အနက်နှင့် အဖြူရောင်များ ရောစပ်ထားသော ထိုက်ကျိရုံပ်ပုံကားချပ်ကလေး ဖြစ်ပေါ်လာခဲ့သည်။ ၎င်းရုပ်ပုံကားချပ်လေးကြောင့် ယွမ်ဝူမှာ လွန်စွာလျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။

ဤအချိန်တွင် ယွမ်ဝူ၏ မျက်လုံးသူငယ်အိမ်အတွင်း၌ လေထုကိုတောင် ထွင်းဖောက်သွားနိုင်သော တောက်ပလွန်းသည့် အလင်းရောင်တစ်ခုရှိနေခဲ့သည်။ သူက မျက်မှောင်ဖွဖွ ကြုတ်လိုက်ပြီး တိုးညင်းစွာရေရွတ်လိုက်သည်။

"ကြည့်ရတာ အဲ့ဒီဆန်းကြယ်မှု အပြောင်းအလဲကို ငါအထင်သေး လိုက်မိပုံပဲ"

"ဒီတစ်ကြိမ်မှာ ယိယွမ်ဘုရားကျောင်းက ကြီးကြီးမားမား ဆုံးရှုံးရတော့မယ်"

သူဟာ အလယ်ပိုင်းဒေသတွင် ရှိနေသော်လည်း တောင်ပိုင်းနယ်မြေတွင် ဖြစ်ပျက်နေသမျှအရာအားလုံးကို အာရုံခံနိုင်ခဲ့သည်။ ထိုကဲ့သို့သော စွမ်းဆောင်ရည်မှာ တကယ့်ကို အံ့ဖွယ်ကောင်းလှပါသည်။

"အဲ့ဒီအပြောင်းအလဲကို ဒီလူအိုကြီး ထွင်းဖောက်မမြင်နိုင်ဘူး"

ယွမ်ဝူက သူ၏လက်များကို ဗေဒင်တွက်ချက်သည့်ဟန် လှုပ်ရှားလိုက်သည်။ ထို့နောက် မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး အဓိပ်ပါယျရှိစှာရရှေတျလိုကျသညျ။

"ကြည့်ရတာ ငါတို့ယိယွမ်ဘုရားကျောင်း လုယူရမယ့်အရာက မြေအောက်ဘုံလောကထဲမှာ မဟုတ်ဘူး၊ အဲဲဒါက တောင်ပိုင်းနယ်မြေအတွင်းမှာ ရှိနေတာပဲ"

"အဲ့ဒီအရာက ဘယ်အရာပဲဖြစ်ပါစေ၊ ငါတို့ ယိယွမ်ဘုရားကျောင်းကို ယှဥ်နိုင်ဦးမှာတဲ့လား?"

ယွမ်ဝူ၏ အိုမင်းရင့်ရော်နေသော မျက်နှာထက်တွင် အပြုံးတစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူဟာ တိုးညင်းစွာ ရေရွတ်လိုက်ပြီးနောက် မျက်ဝန်းများကို နောက်တစ်ကြိမ် ဖိပိတ်လိုက်သည်။ သို့ပါသော်လည်း သူ့အရှေ့ရှိ အဖြူနှင့်အနက်ရောင် ရောစပ်ထားသော ထိုက်ကျိရုပ်ပုံကားချပ်မှာရုတ်တရက် အသက်ဝင်လာပုံပေါ်သည်။ အဖြူနှင့်အနက်ရောင် အရိပ်များသည် အလွန်လျင်မြန်စွာ လှည့်ပတ်ရွေ့လျားနေခဲ့သည်။ ယွမ်ဝူ၏ ခန္ဓာကိုယ်မှာ ကမ္ဘာကြီးကို တုန်ခါသွားစေခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် အရှိန်အဝါများထွက်ပေါ်လာခဲ့သည်။

"လူအိုကြီး ကျုပ်ကို ခေါ်လိုက်တာ ဘာလို့လဲ?"

တောင်ထိပ်ပေါ်တွင် ဘယ်လောက်ကြာသွားမှန်းမသိ။ တိမ်စိုင်များ မြူခိုးမြူငွေ့များ ရစ်သိုင်းနေသော တောင်ထိပ်ပေါ်တွင် ရှေးဆန်ပြီး ဒဏ္ဍာရီဆန်သောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ နတ်ဘုရား၏ အသံအလား သာယာကြည်လင်လှပြီး နားထောင်မိသူမှန်သမျှကို အရှုံးပေးချင်စိတ် ပေါက်လာစေခဲ့သည်။

"တာအို ၊ အပြောင်းအလဲ ထွက်ပေါ်လာခဲ့ပြီ"

ဘိုးဘေးယွမ်ဝူဟာ မျက်ဝန်းများကို ဖွင့်ဟကြည့်ရှုခြင်းမရှိခဲ့ပါ။ သူက နှုတ်ဖျားကိုလည်း ဖွင့်ဟခြင်းမရှိခဲ့ပေ။ သို့ပါသော်လည်း သူ့ခန္ဓာကိုယ်၏ ဘယ်နေရာကမှန်းမသိ နန်းဆန်သော အသံတစ်သံထွက်ပေါ်လာခဲ့သည်။

"အဲ့လို ပေါက်စနလေးတွေကြောင့်နဲ့ ငါ့ကိုနှိုးလိုက်တာလား?"

"အဲ့ဒီအပြောင်းအလဲ ပုဂ္ဂိုလ်ကို ဒီလူအိုကြီး ထွင်းဖောက်မမြင်နိုင်ဘူး"

"အို..."

ဘိုးဘေးယွမ်ဝူ၏ စကားကို ကြားလိုက်ရသည့်အခါ တာအိုအမည်ရသော လူက ရုတ်တရက်အံ့အားသင့်သွားသည်။ သူဟာ စိတ်ပါဝင်စားသွားပုံပေါ်ပြီး မေးမြန်းလိုက်သည်။

"ကောင်းကင်နဲ့မြေပြင်အတွင်းမှာ အရာအားလုံးကို ခိုးယူခဲ့တဲ့ မင်းလိုလူတစ်ယောက်က ထွင်းဖောက်မမြင်နိုင်ဘူးတဲ့လား" 

"ဒီလူအိုကြီးက လျှို့ဝှက်ဆန်းကြယ်မှုတွေကို ခိုးယူဖို့ အဲ့ဒီအပြောင်းအလဲရဲ့ အချက်အလက်တွေကို ဖော်ထုတ်ချင်ခဲ့ရုံပါပဲ ၊ ဒါပေမယ့် ဒီလူအိုကြီး လှုပ်ရှားလိုက်တာနဲ့တစ်ပြိုင်နက် သေခြင်းတရားရဲ့ အငွေ့အသက်ကို ခံစားခဲ့ရတယ် ၊ ဒီလူအိုကြီး ဆက်လက်လှုပ်ရှားရဲခြင်းမရှိတော့ဘူးလေ " ဘိုးဘေးယွမ်ဝူ၏ တည်ကြည်သော အသံက တောင်ထိပ်တစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။ ထိုအသံက ဘယ်နေရာကမှန်းမသိ ထွက်ပေါ်လာခဲ့ပြီး ကြားယောင်မိသူမှန်သမျှကို တုန်လှုပ်သွားစေနိုင်သည်။

"မင်းကို သေစေနိုင်လောက်ကို ခြိမ်းခြောက်နိုင်တယ်ဆိုတော့... အဲ့ဒီအပြောင်းအလဲက သာမန်တော့မဟုတ်လောက်ဘူး ၊ အဲ့ဒါက ဒဏ္ဍာရီလာနတ်ဘုရားတွေရဲ့ သားတော်များဖြစ်နေမလား?" ယိယွမ်ဘုရားကျောင်းအတွင်း၌ ကျယ်လောင်သော အသံနှစ်သံ စကားပြောဆိုနေခဲ့သော်လည်း ၎င်းကမ္ဘာကို တုန်ခါစေသည့် အသံနှစ်သံကို ဘယ်သူကမှ မကြားရပါ။

"ဒဏ္ဍာရီတွေထဲက နတ်ဘုရားသားတော်တွေထဲက လွဲပြီး ဘယ်အရာကမှ ဒီလူအိုကြီးကို အဲ့ဒီလိုခံစားချက်မျိုး ပေးစွမ်းနိုင်မှာမဟုတ်ဘူး" ဘိုးဘေးယွမ်ဝူက သဘောတူထောက်ခံစွာ ပြောဆိုလိုက်သည်။

နတ်ဘုရား၏ သားတော်များကို မသိခြင်း ၃ ပါးဟုလည်း သိကြသည်။ ၎င်းနတ်ဘုရား၏ သားတော်များကိုပဲ ဆန်းကြယ်မှု အပြောင်းအလဲများဟု ခေါ်ဆိုကြသေးသည်။

၎င်းမရှိခြင်း ၃ ပါးဟာ အတိတ်မရှိ ၊ အနာဂတ်မရှိ ၊ ကံတရားမရှိဟူ၍ ဖြစ်သည်။

သို့ပါသော်လည်း အဆိုပါဆန်းကြယ်မှုအပြောင်းအလဲများတွင် အမှန်တစ်ကယ် အတိတ် ၊ အနာဂတ်နှင့် ကံတရားတို့ မရှိခြင်းမဟုတ်ပါ။ ၎င်းတို့၏ အတိတ်ကို ဖော်ထုတ်၍မရသလို အနာဂတ်ကလည်း ခန့်မှန်း၍မရ ၊ ကံတရားကိုလည်း မှန်းဆ၍မရနိုင်ပါ။

နတ်ဘုရားသားတော်များ၏ အတိတ်မှာ ပြောင်းလဲနေပြီး အနာဂတ်ကလည်း စဥ်ဆက်မပြတ်ပြောင်းလဲနေသည်။ ထိုသူတို့၏ ကံတရားကလည်း အတည်တကျ မရှိပါချေ။

အတိုကောက် ပြောရပါလျှင် နတ်ဘုရား၏သားတော်များအားလုံးဟာ ကောင်းကင်ဘုံ၏ အရေးပေးရသော လူပုဂ္ဂိုလ်များဖြစ်သည်။ ထိုသူတို့၏ အတိတ် ၊အနာဂတ်နှင့် ကံတရားမှာ အချိန်နှင့်အမျှ ပြောင်းလဲနေပြီး မည်သူတစ်ဦးတစ်ယောက်ကမှ မမှန်းဆနိုင်ပါ။

"စိတ်ဝင်စားစရာပဲ... ရှေးယခင်ကတည်းကစပြီး ငါတို့ ကံကြမ္မာသားတော်တွေ အကုန်လုံးကို အမဲလိုက်ခဲ့ပြီးပြီ ၊ ဒါပေမယ့် နတ်ဘုရားရဲ့သားတော်ကိုတော့ ရင်ဆိုင်တွေ့ကြုံရခြင်းမရှိသေးဘူး... ဒီသားကောင်က ငါတို့ကို ပျော်ရွှင်စေတော့မှာပဲ " တာအိုက စိတ်ပါဝင်စားနေသော အသံကြီးဖြင့် ဟိန်းဟောက်ပြောဆိုလိုက်သည်။

"လက်လွတ်စပါယ်မလုပ်နဲ့။ ငါတို့အရင်တုန်းက ကံကြမ္မာသားတော်တွေ အများကြီးကို အမဲလိုက်ခဲ့ပြီး အဲ့ဒီသားတော်တွေရဲ့ကံတရားကို လုယူခဲ့ပေမယ့် နတ်ဘုရားသားတော်တွေရဲ့ ကံတရားကိုတော့ တွက်ချက်လို့မရနိုင်ဘူး ၊ သူတို့ရဲ့ စွမ်းဆောင်ရည်နဲ့ ကံတရားကို ဘယ်သူကမှ မသိကြဘူး"

ဘိုးဘေးယွမ်ဝူက တည်ကြည်စွာပြောဆိုလိုက်သည်။

"ဒီလူအိုကြီးက အဲ့သလောက်လည်း မတုံးပါဘူးလေ ၊ ယိယွမ်ဘုရားကျောင်းလို့ခေါ်တဲ့ စစ်တုရင်အရုပ်ကလေးကို ပစ်လွှတ်ပြီး အဲ့ဒီအရာရဲ့ ခွန်အားကို စမ်းသပ်ကြည့်ရအောင်လား ၊ နတ်ဘုရားရဲ့အပြောင်းအလဲ (သားတော်) က ဘယ်လောက်တောင်အစွမ်းထက်သလဲ ကြည့်လိုက်ကြတာပေါ့ ၊ မင်းကိုယ်တိုင်နဲ့ ရန်သူ့အကြောင်းကို သိရှိနားလည်ရင် စစ်ပွဲတစ်ရာကို အောင်မြင်နိုင်မယ် မဟုတ်လား"

အလယ်ပိုင်းကုန်းမြေရှိ ဘယ်သူမဆို ထိုစကားများကို ကြားလိုက်ရပါက ထိတ်လန့်သွားပေလိမ့်မည်။ အလယ်ပိုင်းကုန်းမြေကြီးရှိ ပထမတန်းစား အင်အားစုကြီးက စစ်တုရင် အရုပ်ကလေး တစ်ရုပ်တဲ့လား။

"ထားလိုက်တော့ ဒီစစ်တုရင်အရုပ်ကလေးကို ငါအချိန်ကြာကြီးတိုင်အောင် ပျိုးထောင်ခဲ့ရတာ။ ဒီလူအိုကြီး အဲ့သလို မလုပ်ချင်ဘူး " ဘိုးဘေးယွမ်ဝူက လေးပင်စွာ သက်ပြင်းချလိုက်၏။ 

"လာစမ်းပါ! မင်းလိုလူအိုကြီးက ခံစားချက်တွေအ ကြောင်း ပြောမနေစမ်းပါနဲ့ ၊ နတ်ဘုရားသားတော်ရဲ့ စွမ်းဆောင်ရည်နဲ့ ကံတရားကိုစမ်းသပ်ဖို့အတွက် စစ်တုရင် အရုပ်လေးတချို့ စတေးလိုက်တာက တန်ပါတယ်လေ" 

တာအို၏ အသံက ထပ်မံထွက်ပေါ်လာခဲ့သည်။

"နတ်ဘုရားရဲ့သားတော်က ဘယ်တုန်းကမှ ပေါ်မလာဖူးတာတော့ မဟုတ်ဘူးမလား?"

ဘိုးဘေးယွမ်ဝူက မျက်မှောင်ကြုတ်လိုက်ပြီး သံသယဝင်စွာပြောလိုက်သည်။

"မင်းပြောတာ... အဲ့ဒီတစ်ယောက်များလား?"

"မဖြစ်နိုင်ဘူး!"

တာအို၏အသံကို ကြားလိုက်ရသည့်အခါ ဘိုးဘေးယွမ်ဝူက တစ်စုံတစ်ခုကို တွေးမိသွားပုံပေါ်ပြီး ခါးခါးသီးသီး ငြင်းဆန်လိုက်သည်။

"ငါတို့ တန်ကြေးကြီးကြီးမားမား ပေးဆပ်ခဲ့ပြီး သူ့ကို သတ်ဖြတ်ခဲ့တာ မဟုတ်ဘူးလား? သူဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?" 

ဘိုးဘေးယွမ်ဝူက သေချာရေရာစွာပြောဆိုလိုက်သည်။

"ဒါပေမယ့်... ငါတို့သူ့ကို ဖျက်ဆီးပြီးပြီလို့ ထင်နေတုန်းမှာပဲ သူက ကိုးကြိမ်ကိုးခါ လူဝင်စားခဲ့တာကို မင်းမမေ့နဲ့ဦး ၊ ဆယ်ကြိမ်မြောက်ဆိုတာ မရှိလာနိုင်ဘူးလား?"

"ဆယ်ကြိမ်မြောက်ဆိုတာက တားမြစ်ချက်ပဲ!၊ ဆယ်ဘဝသာ လူပြန်ဝင်စားဖို့ လွယ်ကူနေရင် ကောင်းကင်ဘုံချမှတ်ထားတဲ့ ငါတို့ရဲ့ သက်တမ်းကို ချိုးဖြတ်ဖို့ ကံကြမ္မာသားတော်တွေကို ဘာဖြစ်လို့ အမဲလိုက်နေရမှာလဲ?"

ဘိုးဘေးယွမ်ဝူက အထင်အမြင်သေးစွာ ပြောဆိုလိုက်သည်။ တာအိုကလည်း ဘိုးဘေးယွမ်ဝူ၏ စကားကို ကြားလိုက်ရသည့်အခါ စိတ်သက်သာရာရသွားခဲ့သည်။

"ဒါပေမယ့် အဲ့ဒီတစ်ယောက်ကတော့ အရမ်းကြောက်စရာကောင်းလွန်းတယ် ၊ ငါ့ရဲ့လက်အောက်ငယ်သား ၁၈ ယောက်ထဲမှာ သူက ၇ ယောက်ကိုတောင် သတ်ပစ်လိုက်တယ်လေ ၊ ဘာပဲဖြစ်ဖြစ် ဒီတစ်ခေါက် နတ်ဘုရားသားတော်ရဲ့ အစွမ်းအစတွေကိုလည်း တွေ့မြင်ချင်ပါသေးတယ်"

ဘိုးဘေးယွမ်ဝူက မျက်မှောင်ကြုတ်လိုက်ပြီး ပြောဆိုလိုက်သည်။

"ငါက မိုးကောင်းကင်ရဲ့ ကန့်သတ်မှုအောက်မှာရှိနေတယ် ငါကိုယ်တိုင် လုပ်လို့မရဘူး ၊ ငါကိုယ်တိုင်လှုပ်ရှားလိုက်ရင် အကျပ်အတည်းတွေနဲ့ တွေ့ကြုံရလိမ့်မယ် "

တာအို၏ အနည်းငယ်လေးပင်နေသော အသံက တောင်ထိပ်မှ ထွက်ပေါ်လာခဲ့သည်။

"မင်းရဲ့ စစ်တုရင်အရုပ်ကလေးတွေကို အသုံးချလိုက်ပေါ့"

ဘိုးဘေးယွမ်ဝူက သက်ပြင်းချလိုက်ပြီး တိုးညင်းစွာ ပြေောဆိုလိုက်သည်။ 

"ရွှမ်ဟွားကောင်းကင်ဘုံ ၊ မွန်မြတ်သန့်စင်ဘုံလောက ၊ ဧကရာဇ်ဘုံလောကနဲ့ နတ်ဘုရားဘုံလောကတွေမှာတောင် ငါ့ရဲ့ အစွယ်အပွားတွေ အများကြီးရှိတယ် ၊ အဲ့ဒီအစွယ်အပွားတွေကို ငါ အချိန်အကြာကြီး လေ့ကျင့်ပေးခဲ့တာကြောင့် ဘုံလောကတစ်ခုချင်းစီတိုင်းက အထူးအင်အားစုတွေ အားလုံးထက်တောင် သာလွန် နေခဲ့ပြီ ၊ နတ်ဘုရားရဲ့သားတော်က ဘယ်လောက်ပဲ ထူးခြားဆန်းကြယ်ပါစေ။ သူ သေချာပေါက် သေဆုံးရမယ်"

တာအိုက လှောင်ပြောင်ပြောဆိုလိုက်သည်။ သူ၏အသံ၌ အဆုံးအစမဲ့ မောက်မာခြင်းများနှင့် သေချာမှုများပြည့်နှက်နေခဲ့သည်။

"လိုလိုမယ်မယ် အဲ့ဒီလူကို ကောင်းကင်တာအိုမျိုးနွယ်စုမှာပဲ နေခိုင်းလိုက်ဦး ၊ သူက တစ်ကယ့်ကို အကူအညီရစေတယ်"

ဘိုးဘေးယွမ်ဝူက တစ်ခဏကြာအောင် တွေးတောလိုက်ပြီး ပြောဆိုလိုက်သည်။

"ကောင်းပြီ ၊ ဒါပေမယ့် အဲ့ဒီလူအိုကြီးကို လှုပ်ရှားခိုင်းဖို့က သိပ်မလွယ်ဘူး... သူ့ကို ကောင်းကင်တာအိုမျိုးနွယ်စုထဲမှာ နေခိုင်းထားတာကလည်း သိပ်တော့ရေရှည်အဆင်ပြေမှာမဟုတ်ဘူး"

"သူ့ရဲ့ကျင့်ကြံမှုနဲ့ဆိုရင် တစ်ခဏကြာအောင်တော့ ဖုံးကွယ်နေနိုင်မှာပါ ၊ အရာအားလုံးက ထိုက်တန်ပါတယ်လေ"

"ငါသာ နတ်ဘုရားရဲ့သားတော်ကို ဝါးမြိုနိုင်ခဲ့ရင် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်လိမ့်မယ် ပြီးတော့ မိုးကောင်းကင်ရဲ့ ကန့်သတ်မှုတွေကိုလည်း ဖယ်ရှားနိုင်လိမ့်မယ် ၊ ဒီလိုဆိုရင် ကောင်းကင်နဲ့ ဘုံလောကတွေကို အုပ်စိုးဖို့ ငါ့အတွက် ခက်ခဲတော့မှာ မဟုတ်ဘူး"

တာအို၏စကားသံကို ကြားလိုက်ရသည့်အခါ ဘိုးဘေးယွမ်ဝူက လေးနက်နေသောအသံဖြင့် ပြောဆိုလိုက်သည်။ သူ၏ ဖွင့်ဟနေသော မျက်လုံးနှစ်လုံးက တလက်လက်တောက်ပနေသည်။

"ကောင်းပြီ မင်း နတ်ဘုရားရဲ့ အပြောင်းအလဲကို မျက်စိဒေါက်ထောက် စောင့်ကြည့်ထားပါ ၊ အဲ့ဒါရဲ့ စွမ်းအားတွေက အရမ်းသန်မာနေရင် အင်အားစုတွေကို ထုတ်မသုံးဘဲနဲ့ သိုသိုဝှက်ဝှက် သိမ်းဆည်းထားပါ ၊ မွန်မြတ်သန့်စင်ဘုံလောကက ငါ့ရဲ့ ကျားကွက်စေ့လေးတွေ စုရုံးတဲ့နေရာပဲ... အချိန်ကျလာရင် သူ့ကို ကျိန်းသေပေါက် ဖျက်ဆီးပစ်ရမယ့် အချိန်အခါ ကျရောက်လာမှာပါ"

All Chapters