ပြိုင်ဖက်ကင်းသော ရှန်ရှန်ကျုံဂိုဏ်း
Vol. 28 Ch. 392
ဘာသာပြန်- The Fate
ရှန်ရှန်ကျုံဂိုဏ်း၏အပြင်ဘက် လေဟာနယ်အတွင်း၌ဖြစ်သည်။
" အတူတူတိုက်ခိုက်လိုက်ရအောင် "
ယွမ်ဖုန်းက သူ့အနောက်တွင်ရှိနေသော ဘုရားကျောင်းအစောင့်အရှောက် အကြီးအကဲနှစ်ယောက်ကို စိုက်ကြည့်လိုက်ပြီး သူ၏မျက်ဝန်းများက ရဲစွမ်းသတ္တိများဖြင့် တောက်လောင်နေခဲ့ကာ ပြုံးရယ်လျက် ပြောဆိုလိုက်သည်။ အန္တိမနတ်မင်း အထွတ်အထိပ်ဆိုတော့ရော ဘာဖြစ်လဲ? သူတို့က သုံးယောက်တောင်ရှိနေတာလေ။ ရှန်ရှန်ကျုံဂိုဏ်းရဲ့အန္တိမနတ်မင်း အထွတ်အထိပ်စွမ်းအားရှင်က သူတို့သုံးယောက်ကို တားဆီးနိုင်လိမ့်မယ်လို့ သူ မယုံဘူး။
ယွမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ ယွမ်လင်တို့နှစ်ယောက်က ခေါင်းညိမ့်လိုက်ကြသည်။ သူတို့၏ခန္ဓာကိုယ်များမှာ ဖျက်ခနဲပျောက်ကွယ်သွားကြပြီး ယွမ်ဖုန်း၏ဘေးတစ်ဖက်တစ်ချက်စီ၌ ထွက်ပေါ်လာခဲ့ကြသည်။ သူတို့သုံးယောက်စလုံးထံမှ မုန်တိုင်းကြီးတစ်ခုကဲ့သို့ စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့ပြီး လင်းတုန်လိုင်ရှိရာသို့ ပျံ့လွင့်သွားခဲ့သည်။
" တာအိုရောင်းရင်းတို့သုံးယောက် ။စိတ်မရှိရင် ဒီလူအိုကြီးကလည်း ဝင်ရောက်ကူညီချင်ပါတယ်။ "
ယွမ်ဖုန်းတို့အုပ်စု စတင်လှုပ်ရှားတော့မည့်အချိန်မှာပင် မနီးမဝေးတွင်ရှိနေသော လဲ့ခုန်းက အလျင်အမြန်ပြောဆိုလိုက်သည်။
ဟာသပဲ။ ယိယွမ်ဘုရားကျောင်းနဲ့ ဆက်ဆံရေးကောင်း တည်ဆောက်နိုင်မယ့်အခွင့်အရေးကို သူဘယ်လိုလုပ် လက်လွှတ်ခံရမလဲ။
ယိယွမ်ဘုရားကျောင်းသည် ရှန်းရွှမ်ဘုံလောကြီးအတွင်း၌ အလွန် လျို့ဝှက်ဆန်းကြယ်သော တည်ရှိမှုကြီးဖြစ်သည်။ ၎င်းက အင်မတန်မှ အစွမ်းထက်လှသည်။ အခုအချိန်တွင် သူဟာ ယိယွမ်ဘုရားကျောင်း၏ ဖုံးကွယ်နေသော အင်အားတစ်စွန်းတစကို တွေ့မြင်ခဲ့ရသည်။ ၎င်းက လဲ့ခုန်းကို ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ သူသာ ယိယွမ်ဘုရားကျောင်း၏ အကူအညီကို ရရှိပါက သူ၏ယန်လဲ့အမတမြို့တော်ကလည်း ယင်ဖုန်းအမတမြို့တော်ကို ဖြတ်ကျော်နိုင်လောက်သည်။
ဒါ့အပြင် သူက ရှန်ရှန်ကျုံဂိုဏ်းကို လက်စားချေဖို့အတွက် ဒီနေရာကို ရောက်လာခဲ့ခြင်းဖြစ်သည်။ ယိယွမ်ဘုရားကျောင်း၏ အကြီးအကဲများကြောင့်သာ မဟုတ်ပါက ရှန်ရှန်ကျုံဂိုဏ်းတွင် အန္တိမနတ်မင်းအထွတ်အထိပ်အဆင့် စွမ်းအားရှင်တစ်ယောက်ရှိနေကြောင်း သူလုံးဝသိရမှာမဟုတ်ပါ။
ယိယွမ်ဘုရားကျောင်း၏ စွမ်းအားရှင်များနှင့်သာ တွေ့ကြုံလိုက်ခြင်းမရှိပါက သူတို့က ရှန်ရှန်ကျုံဂိုဏ်း၏ခွန်အားကို တိတိပပသိထားခြင်းမရှိဘဲ အလောသုံးဆယ်လှုပ်ရှားလိုက်လိမ့်မည်။ ထိုအခါ အဘယ်မျှလောက် ဆုံးရှုံးရမည်ကို သူလည်းသိနိုင်တော့မှာ မဟုတ်ပါ။
" အို....ကောင်းပြီလေ။ ဒါဆိုရင်လည်း အတူတူ တိုက်ခိုက်ကြတာပေါ့။ "
လဲ့ခုန်း၏စကားလုံးများကို ကြားလိုက်ရသည့်အခါ ယွမ်ဖုန်းက ခပ်ဖွဖွပြုံးလိုက်သည်။ သူ၏မျက်ခုံးများက လဲ့ခုန်း၏ အတွေးအမြင်များကို ထိုးဖောက်မြင်နေဟန်ရှိပြီး လဲ့ခုန်းတစ်ယောက် တစ်ကိုယ်လုံး တုန်လှုပ်သွားပေသည်။
ယွမ်ဖုန်းက လဲ့ခုန်း၏အကြံအစည်များအပေါ် စိတ်ကွက်ခြင်းမရှိပါ။ ယန်လဲ့အမတမြို့တော်၏ခွန်အားကလည်း လုံးဝအားမနည်းပါပေ။ ၎င်းမှာ ယိယွမ်ဘုရားကျောင်းနှင့် နှိုင်းယှဥ်နိုင်ခြင်းမရှိသော်လည်း ယိယွမ်ဘုရားကျောင်းပြီးရင် အသန်မာဆုံး အင်အားစုကြီးတစ်ခုဖြစ်သည်။ မိတ်ဆွေတစ်ယောက်ရရှိထားခြင်းက ရန်သူတစ်ယောက်ရရှိထားခြင်းထက် ပို၍ကောင်းပေသည်။
ဒါ့အပြင် လဲ့ခုန်း၏ အပြုအမူသဘောထားများက ကောင်းမွန်လှသည်။ ဒါကသူ့ကို လွန်မင်းစွာ စိတ်ကျေနပ်စေသည်။
ယွမ်ဖုန်း၏စကားများက လဲ့ခုန်းကို ပျော်ရွှင်လာစေခဲ့သည်။ သူက ယွမ်ဖုန်းနှင့် အခြားသူများ၏ဘေးနားတွင် ရုတ်တရက်ထွက်ပေါ်လာခဲ့ကာ ဝမ်ဖုန်းတို့ အုပ်စုကို အေးတိအေးစက် စိုက်ကြည့်ခဲ့သည်။
ယွမ်ဖုန်းကလည်း လင်းတုန်လိုင်ကို လှောင်ပြောင်ရယ်မောစွာ စိုက်ကြည့်လိုက်သည်။ သူတို့မှာ အန္တိနတ်မင်းအထွတ်အထိပ်စွမ်းအားရှင် လေးယောက်ရှိနေခဲ့သည်။ ရှန်ရှန်ကျုံဂိုဏ်းရဲ့ စွမ်းအားရှင်က သူတို့ကို ဘယ်လိုများတားဆီးဦးမလဲ ကြည့်ချင်မိပါရဲ့။
ဂိုဏ်းသေးသေးလေးတစ်ဂိုဏ်းက သူတို့ကို လာရောက်အံတု ဖက်ပြိုင်ရဲတယ်တဲ့လား။ တကယ့်ကို အကောင်းအဆိုးနားမလည်ဘူးပဲ။
" သတ်..."
ထိုသို့ဟစ်ကြွေးလိုက်ပြီးနောက် ယွမ်ဖုန်း၏အကြည့်၌ အေးစက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်သည်။
ဘုန်း....
ယွမ်ဖုန်း၏စကားဆုံးသွားသည့်အခါ ကြွင်းကျန်ရစ်သော အပေါင်းအပါများကလည်း စွမ်းအားများ အတူတကွ ထုတ်ဖော်လိုက်ကြသည်။ အန္တိမနတ်မင်းအထွတ်အထိပ်စွမ်းအားများသည် မုန်တိုင်းကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာခဲ့ကာ အရပ်လေးမျက်နှာကို လိတ်လန့်တုန်လှုပ်စေခဲ့သည်။ ထိတ်လန့်ဖွယ်ကောင်းသော ဖိအားကြီးကြောင့် ကောင်းကင်နှင့်ကမ္ဘာမြေပြင်သည် အေးခဲသွားပုံပေါ်ကာ လူအများအား လှုပ်ရှားရ မွမ်းကြပ်စေခဲ့သည်။
စွမ်းအားကြီးသော ဖိအားကြီးက ရှိရှိသမျှလူတိုင်းကို အသက်ရှူရပ်လုမတက် ဖြစ်သွားစေခဲ့ကာ သူတို့က ယွမ်ဖုန်းတို့အုပ်စုကို နတ်ဘုရားများအား ရှူ့မြင်သကဲ့သို့ လှမ်းကြည့်မိလိုက်ကြသည်။
ဤသည်မှာ အန္တိမနတ်မင်း အထွတ်အထိပ်အဆင့် စွမ်းအားရှင်များ၏ သန်မာမှုခွန်အား ဖြစ်လေသည်။
ဤရှန်းရွှမ်ဘုံလောကကြီးတွင် အန္တိမနတ်မင်းအထွတ်အထိပ်ဆိုသည်က နတ်ဘုရားတစ်ပါးကဲ့သို့ တည်ရှိမှုမျိုးဖြစ်လေသည်။ စွမ်းအားအရှိန်အဝါကလေးဆိုရင်တောင်မှ သာမန်လူများ ရင်ဆိုင်နိုင်မည့်အရာ မဟုတ်ပါ။
ထိတ်လန့်သွားခြင်းနဲ့အတူ တချိန်တည်းမှာပင် ယိယွမ်ဘုရားကျောင်းနှင့် ယန်လဲ့အမတမြို့တော်တို့မှ စွမ်းအားရှင်များက ဝမ်ဖုန်းတို့အုပ်စုကို ကရုဏာသက်စွာ လှမ်းကြည့်လိုက်မိသည်။ ဒီလူက ကြောက်လန့်ဖို့ကောင်းသည့် အင်အားစုကြီးနှစ်စုကို ရန်စလိုက်သည်။ ဘယ်လိုတောင် မိုက်မဲလိုက်ပါလိမ့်။
သို့ပါသော်လည်း ယွမ်ဖုန်းတို့လေးယောက်၏စွမ်းအားများ ထွက်ပေါ်ခဲ့တာတောင် ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးက ဝမ်ဖုန်းနှင့်အခြားသူများကို လုံးဝသက်ရောက်ခြင်းမရှိခဲ့ပါ။ သူတို့က တည်ကြည်သောအမူအရာ ရှိနေသေးခဲ့ကာ အန္တိမနတ်မင်းအထွတ်အထိပ်စွမ်းအားရှင် လေးယောက်နှင့် ရင်ဆိုင်နေရတာတောင် ပုရွက်ဆိတ်လေးကောင်နှင့်ရင်ဆိုင်နေရသကဲ့သို့ ဖြစ်နေခဲ့သည်။
ထိုကဲ့သို့ ထူးဆန်းသည့်မြင်ကွင်းက ယွမ်ဖုန်းတို့လေးယောက်ကို မျက်မှောင်ကြုတ်မိလိုက်စေရုံသာမက အခြားသူများ၏ မျက်လုံးသူငယ်အိမ်များကလည်း တုန်လှုပ်သွားကြသည်။ သူတို့၏နှလုံးသားအတွင်း၌ ရုတ်တရက် လှိုင်းဂယက်ထသွားလေသည်။
" သတ်ပစ်လိုက်.."
ဝမ်ဖုန်းက ယွမ်ဖုန်းတို့လေးယောက်ကို ထူးမခြားနားစွာ စိုက်ကြည့်လိုက်ပြီး သူ၏လက်များကို ဝှေ့ယမ်းလျက် ခံစားချက် စိုးစဥ်းမျှ မပါဝင်သောအသံဖြင့် ပြောဆိုလိုက်သည်။ သူက ကိုယ်တိုင်တောင် လှုပ်ရှားဖို့ စိတ်မပါခဲ့ပါ။
ဝမ်ဖုန်း၏စကား ဆုံးသွားသည့်အခါ လင်းတုန်လိုင်၊ယန်ဖေးနှင့် အခြားသူများက အတူတကွ ရှေ့တက်သွားခဲ့ကြသည်။ ဆယ်ယောက်ဝန်းကျင်ခန့်ရှိသော ရှန်ရှန်ကျုံဂိုဏ်း၏ အကြီးအကဲများသည် ဝမ်ဖုန်း၏အရှေ့၌ ထွက်ပေါ်လာခဲ့ကာ ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းသော စွမ်းအားလှိုင်းများကို ထုတ်လွှတ်လိုက်သည်။
အန္တိမနတ်မင်းအထွတ်အထိပ်အဆင့် ထိတ်လန့်ဖွယ်စွမ်းအားအရှိိန်အဝါများသည် အရပ်လေးမျက်နှာသို့ ဖြတ်သန်းတိုက်ခတ်သွားပြီး ယွမ်ဖုန်းတို့လေးယောက်၏ စွမ်းအားအရှိန်အဝါများကို စိစိညက်ညက်ကြေမွစေခဲ့သည်။ လေးလံသောစွမ်းအားဖိအားက ယွမ်ဖုန်းတို့လေးယောက်နှင့် အထူးအင်အားစုကြီးနှစ်စုမှ စွမ်းအားရှင်များကို တန်ထောင်ချီလေးလံသော တောင်ကြီးတစ်တောင်က သူတို့၏ဦးခေါင်းအပေါ် ဖိနှိပ်ထားသလိုမျိုး ခံစားလိုက်ရစေသည်။ သူတို့အားလုံးဟာ အသက်ရှုရပ်လုမတက် ဖြစ်သွားခဲ့ရသည်။
သူတို့၏ခန္ဓာကိုယ်အပေါ် သက်ရောက်နေသော ထိတ်လန့်ဖွယ်ကောင်းသော ဖိအားအပြင် ရှန်ရှန်ကျုံဂိုဏ်းက ထုတ်ဖော်ပြသလိုက်သော ခွန်အားမှာ သူတို့ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
" ဘယ်လို....ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "
ယွမ်ဖုန်းတို့လေးယောက်၏မျက်ဝန်းများမှာ ပြူးကျယ်သွားခဲ့ကြသည်။ သူတို့က လင်းတုန်လိုင်နှင့်အခြားသူများကို မယုံကြည်နိုင်သော အမူအရာများဖြင့် လှမ်းကြည့်လိုက်မိကြသည်။ အထူးသဖြင့် လဲ့ခုန်းဖြစ်သည်။ သူ၏အမူအရာမှာ သွေးပျက်ခြောက်ခြားနေခဲ့သည်။
ဒါက အန္တိမနတ်မင်းအထွတ်အထိပ်လေ။ တောင်ပိုင်းနယ်မြေမှာ အန္တိမနတ်မင်းအထွတ်အထိပ်စွမ်းအားရှင် တစ်ယောက် ထွက်ပေါ်လာတာကတောင် အံ့ဖွယ်ဖြစ်နေပြီ။အခုအချိန်မှာတော့ အန္တိမနတ်မင်းအထွတ်အထိပ်စွမ်းအားရှင်တွေ အများကြီးရှိနေတာလား။ သူတို့ ဘယ်လိုလုပ် မကြောက်လန့်ဘဲနေရမလဲ။
ယွမ်ဖုန်းနှင့်အခြားသူများက ရှန်ရှန်ကျုံဂိုဏ်းကို ဖိနှိပ်ချင်ခဲ့သည်။ အခုအချိန်မှာတော့ အခြေအနေဟာ ပြောင်းပြန်လှန်သွားခဲ့ရသည်။ သူတို့က ရှန်ရှန်ကျုံဂိုဏ်းကို ကြောက်လန့်နေပါပြီ။
ဤကဲ့သို့အပြောင်းအလဲက ယွမ်ဖုန်းတို့အုပ်စုကို တခဏကြာအောင် ထိတ်လန့်ကြောင်အသွားစေခဲ့သည်။ အလယ်ပိုင်းကုန်းမြေက အထူးအင်အားစုကြီးများမှာတောင် ဤမျှလောက်များပြားသည့် အန္တိမနတ်မင်းစွမ်းအားရှင်များ ပိုင်ဆိုင်ထားမှာမဟုတ်ပါ။
ဒါက တကယ့်ကို ဒဏ္ဍာရီဆန်လှသည်။ အစစ်အမှန်နှင့် လားလားမျှမတူညီ။
ရှန်ရှန်ကျုံဂိုဏ်းမှလူများကို ကရုဏာသက်စွာ လှမ်းကြည့်နေခဲ့သော အင်အားစုကြီးနှစ်စု၏ စွမ်းအားရှင်များမှာလည်း ထိတ်လန့်သွားကြသည်။ သူတို့၏မျက်ဝန်းများမှာ ပေါက်ကွဲလုမတက် ပြူးကျယ်နေခဲ့ကာ သူတို့၏ခန္ဓာကိုယ်များက စဥ်ဆက်မပြတ်တုန်လှုပ်နေခဲ့ကြသည်။ တောင်ပိုင်းနယ်မြေရဲ့ ဂိုဏ်းလေးတစ်ဂိုဏ်းမှာ ဘယ်လိုလုပ် ဒီလိုခွန်အားမျိုးရှိနေရတာလဲ။
ဘုန်း....
ယွမ်ဖုန်းတို့အုပ်စု ထိတ်လန့်ကြောင်အနေစဥ်တွင် လင်တုန်လိုင်နှင့် အခြားသူများက စတင်လှုပ်ရှားလိုက်သည်။ သူတို့ကိုယ်တွင်းရှိ စွမ်းအင်များမှာ ပြင်းစွာသောအရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာခဲ့ပြီး သူတို့က ယွမ်ဖုန်းတို့အုပ်စု၏အရှေ့တွင် ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး အတူတကွ လက်ဖဝါးချက်များ ထုတ်ဖော်လိုက်ကြသည်။
လင်းတုန်လိုင်တို့အုပ်စု၏ တိုက်ကွက်များကြောင့် ပတ်ဝန်းကျင်ရှိနတ်မင်းချီစွမ်းအင်များမှာ တခဏအတွင်း ဗလာကျင်းသွားခဲ့ရသည်။
ထိတ်လန့်ဖွယ်စွမ်းအားများကို သယ်ဆောင်ထားသော လက်ဖဝါးရာကြီးများသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ အရာအားလုံးကို ဖျက်စီးနိုင်သော ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးများသည် ယွမ်ဖုန်းတို့လေးယောက်ထံသို့ ပြေးဝင်သက်ဆင်းသွားခဲ့သည်။
" သတ်ကြ..."
ပြိုင်ဖက်ကင်းလောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကြောင့် ယွမ်ဖုန်းတို့လေးယောက်စလုံး တုန်လှုပ်သွားခဲ့ကြသည်။ သူတို့က မိမိကိုယ်ကို အားပေးသည့်အလား ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြသည်။
ဤအချိန်တွင် ယွမ်ဖုန်းတို့လေးယောက်စလုံးက ရူးခါသွားကြကာ သူတို့၏ကိုယ်ပိုင်စွမ်းအားများကို အရူးအမူးပေါက်ကွဲလှည့်ပတ်လိုက်ကြသည်။
သူတို့ ရူးခါမသွားလို့လည်း မရတော့ပေ။ သူတို့ထက် အရေအတွက်နှစ်ဆခန့်ပိုများသော အဆင့်တူစွမ်းအားရှင်များနှင့် ရင်ဆိုင်ရသည့်အခါမှာ အားကုန်ထုတ်မတိုက်ရင် သေဖို့စောင့်ဆိုင်းနေရမှာလား။
ဘုန်း.....
ယွမ်ဖုန်းတို့လေးယောက်ထံမှ ပြင်းထန်ပြီးကြောက်မက်ဖွယ်ကောင်းသော တိုက်ကွက်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ လင်းလက်တောက်ပနေသော ဓားအလင်းတန်းများ၊ လှံအလင်းတန်းများသည် အရပ်လေးမျက်နှာသို့ ပျံ့လွင့်သွားခဲ့ကာ ကမ္ဘာကွဲကြေလုမတတ် ဖြစ်နေခဲ့သည်။
အဆိုပါမြင်ကွင်းမှာ ကောင်းကင်နှင့်ကမ္ဘာမြေကြီး ဖျက်စီးခံလိုက်ရသကဲ့သို့ ဖြစ်နေခဲ့ကာ ယိယွမ်ဘုရားကျောင်းနှင့် ယန်လဲ့အမတမြို့တော်မှ စွမ်းအားရှင်များမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ ရှန်ရှန်ကျုံဂိုဏ်း၏ ဂိုဏ်းတပည့်များမှာလည်း ထိတ်လန့်သွားကြသည်။
သို့ပါသော်လည်း သူတို့နှစ်ခုကြားတွင် ကွာခြားမှုရှိနေခဲ့သည်။ အဓိကအင်အားစုနှစ်စု၏ စွမ်းအားရှင်များမှာ အကြောက်တရားဖြင့် ထိတ်လန့်တုန်လှုပ်သွားခြင်းဖြစ်သည်။ ရှန်ရှန်ကျုံဂိုဏ်း၏ ဂိုဏ်းတပည့်များကတော့ စိတ်လှုပ်ရှားတက်ကြွကာ ကြောင်အသွားခြင်းဖြစ်လေသည်။
ဤသည်မှာ သူတို့၏ဂိုဏ်းဖြစ်သည်!
ထိုလူများက သူတို့၏ပြိုင်ဖက်ကင်းသော အကြီးအကဲများ ဖြစ်ကြသည်!
ဘုန်း.....
ထက်မြက်သောဓားအလင်းတန်းများနှင့် လွှမ်းမိုးချုပ်ကိုင်နိုင်သော လက်ဖဝါးချပ်ကြီးများသည် အတူတကွ ထိတွေ့မိသွားကြပြီး လေဟာပြင်၌ လှိုင်းဂယက်များ ထလာခဲ့သည်။ အဓိကအင်အားစုနှစ်စုမှ စွမ်းအားရှင်များသည် အဝေးတစ်နေရာသို့ ဆုတ်ခွာသွားကြသော်လည်း ၎င်းစွမ်းအားဂယက်များ၏ သက်ရောက်ခြင်းကို ခံလိုက်ရပြီး သွေးတစ်လုတ်အန်ထုတ်လိုက်ကာ မျက်နှာများ ဖြူဖျော့သွားကြသည်။ သူတို့က တိုက်ပွဲမြေပင်၏ အလယ်ဗဟိုကို ထိတ်လန့်ခြောက်ခြားစွာ လှမ်းကြည့်လိုက်ကြသည်။
မူလက ရှန်ရှန်ကျုံဂိုဏ်း၏ ပြန်လည်ပြင်ဆင်ခြင်းခံထားရသော ဝူဝမ်တောင်တန်းနယ်မြေတစ်ခုလုံးမှာ ပြန်လည်၍ ပြိုပျက်သွားခဲ့ရသည်။ ကမ္ဘာ့မြေထုဟာ ရုတ်တရက် အက်ကွဲသွားခဲ့ပြီး တောင်တန်းများက ပြိုကျသွားခဲ့သည်။ မီးခိုးများနှင့် ဖုန်မှုန့်များသည် ဝူဝမ်တောင်တန်းနယ်မြေတစ်ခုလုံး၌ ပြည့်နှက်လာခဲ့သည်။ တောင်ပိုင်းနယ်မြေတစ်ခုလုံးရှိ ကျင့်ကြံသူများ၏အမူအရာများမှာ ထိတ်လန့်ခြောက်ခြားသွားကြပြီး သူတို့အားလုံးက ဝူဝမ်တောင်တန်းနယ်မြေရှိရာဘက်သို့ အတူတကွ လှမ်းမျော်ကြည့်လိုက်ကြသည်။
" ဘာတွေဖြစ်နေတာလဲ ....ဘယ်လိုလုပ်ဒီလောက်ထိတ်လန့်ဖွယ်ကောင်းတဲ့ ဖိအားကြီး ထွက်ပေါ်နေရတာလဲ။ "
" အဲ့ဒီနေရာက ရှန်ရှန်ကျုံဂိုဏ်းရှိနေတဲ့ နေရာပဲ။ သန်မာတဲ့လူတစ်ယောက်က ရှန်ရှန်ကျုံဂိုဏ်းနဲ့ တိုက်ခိုက်နေတာလား။ "
" ရှန်ရှန်ကျုံဂိုဏ်းက မြေအောက်ဘုံလောကစစ်တပ်ကို ဖျက်စီးခဲ့ပြီး ငါတို့ကို ကယ်တင်ခဲ့တာ။ တောင်ပိုင်းနယ်မြေမှာ ဘယ်သူကများ ရှန်ရှန်ကျုံဂိုဏ်းကို သွားရောက်တိုက်ခိုက်ရဲမှာလဲ။ "
" အလယ်ပိုင်းကုန်းမြေက တစ်ယောက်ယောက် လာတိုက်ခိုက်တာလည်း ဖြစ်နိုင်တာပဲလေ။ "
တောင်ပိုင်းနယ်မြေတစ်ခုလုံးရှိ ကျင့်ကြံသူများသည် ဆွေးနွေးပြောဆိုနေကြသည်။ သူတို့၏စကားလုံးများ၌ စိုးရိမ်ပူပင်မှု၊ ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့သည်။
မြေအောက်ဘုံလောကရဲ့စစ်တပ်ကို ဖျက်စီးလိုက်ပြီး တောင်ပိုင်းနယ်မြေကို ကယ်တင်လိုက်ပြီးသည့်နောက် ရှန်ရှန်ကျုံဂိုဏ်းဟာ တောင်ပိုင်းနယ်မြေတစ်ခုလုံး၏ အကြွင်းမဲ့အာဏာရှင် ဖြစ်လာခဲ့သည်။ ရှန်ရှန်ကျုံဂိုဏ်းကို မကျေနပ်သောလူများကတောင် ပေါ်ပေါ်ထင်ထင်မပြောဆိုရဲကြပါ။ အချို့သောလူများက ရှန်ရှန်ကျုံဂိုဏ်းကို လေးစားအားကျခဲ့ကြသည်။
ရှန်ရှန်ကျုံဂိုဏ်းကြောင့်သာ မဟုတ်ပါက တောင်ပိုင်းနယ်မြေတစ်ခုလုံးဟာ ငရဲတမျှ ပြောင်းလဲသွားမှာဖြစ်သည်။ မြေအောက်ဘုံလောက၏ ရက်စက်ကြမ်းကြုတ်မှုကို တွေ့မြင်ခဲ့ရတာကြောင့် တောင်ပိုင်းနယ်မြေရှိ ကျင့်ကြံသူတိုင်းဟာ ရှန်ရှန်ကျုံဂိုဏ်းကို အလွန်ပဲ ကျေးဇူးတင်နေကြသည်။
အခုအချိန်မှာ ရှန်ရှန်ကျုံဂိုဏ်းဟာ စွမ်းအားကြီးရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရပုံပေါ်နေသည်။ သူတို့ဘယ်လိုလုပ် မစိုးရိမ်ဘဲနေမလဲ။ သူတို့သွားရောက်မကြည့်ရှူ့ရဲရလောက်အောင် ပြင်းထန်လွန်းသော စွမ်းအားအရှိန်အဝါများကြောင့်သာ မဟုတ်ပါက ရှန်ရှန်ကျုံဂိုဏ်းကို သွားရောက်ကူညီချင်ကြသည်။
အချိန်မည်မျှ ကြာသွားသည်မသိ ။ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားလှိုင်းကြီးများသည် တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ကာ လင်းတုန်လိုင်နှင့် အခြားသူများ၏ ပုံရိပ်များကို တွေ့မြင်လိုက်ရသည်။
လူနှစ်ဆခန့်ပိုများသည့် အုပ်စုဖြစ်လေရာ လင်းတုန်လိုင်နှင့် အခြားသူများဟာ မည်သည့်ဒဏ်ရာအနာတရမှ မရရှိခဲ့ကြပါ။ သူတို့သာမန်ကာလျံကာထုတ်ဖော်လိုက်ကြသော တိုက်ကွက်များကတောင် ယွမ်ဖုန်းတို့လေးယောက်၏ အရူးအမူး တိုက်ကွက်များကို ချေဖျက်ရန် မခက်ခဲခဲ့ပါပေ။
ယွမ်ဖုန်းတို့လေးယောက်ကတော့ ယခုအချိန်တွင် အလွန်သနားစဖွယ် ဖြစ်နေခဲ့သည်။
သူတို့ခန္ဓာကိုယ်ပေါ်၌ရှိနေသော အဝတ်အစားများမှာ စုတ်ပြဲနေခဲ့ပြီး လူတကိုယ်လုံး၌ သွေးများဖုံးလွှမ်းနေခဲ့သည်။ သူတို့၏ခန္ဓာကိုယ်ပေါ်တွင် များစွာသော လက်ဖဝါးရာကြီးများရှိနေကြပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း အချိန်မရွေးပြိုလဲတော့မည်ကဲ့သို့ တဆတ်ဆတ်တုန်ခါနေခဲ့သည်။ သူတို့အဘယ်မျှလောက် အားနည်းနေပြီဖြစ်ကြောင်းကို လူတိုင်းလူတိုင်း တွေ့မြင်နိုင်ကြပါသည်။
လင်းတုန်လိုင်တို့အုပ်စု၏ လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားများမှာ ဝမ်ဖုန်းတို့လေးယောက်ကို အဆက်မပြတ် ဖိနှိပ်ထားခဲ့သည်။ ယွမ်ဖုန်းတို့လေးယောက် ကျင့်ကြံမှုက အန္တိမနတ်မင်းအထွတ်အထိပ်အဆင့် ဖြစ်နေခဲ့၍မဟုတ်ပါက သူတို့အားလုံးဟာ ၎င်းဖိအားတစ်ခုတည်းနဲ့တောင် စိစိညက်ညက်ကြေမွသွားမှာ ဖြစ်လေသည်။
" ထွက်ပြေးကြ..."
ယွမ်ဖုန်းတို့လေးယောက်သည် လင်းတုန်လိုင်တို့အုပ်စုကို ထိတ်လန့်ခြောက်ခြားစွာ လှမ်းကြည့်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ လှည့်လည်ထွက်ပြေးသွားခဲ့သည်။ သူတို့ဟာ မာနတရားများ၊ ဂုဏ်သိက္ခာစသည့် အရာအားလုံးကို စွန့်လွှတ်ခဲ့ကြသည်။
ယခုအချိန်တွင် ယွမ်ဖုန်းတို့အုပ်စု၏ အတွေးအမြင်မှာ ယိယွမ်ဘုရားကျောင်းသို့ ပြန်လည်ထွက်ပြေးရန်သာ ရှိတော့သည်။ ထို့နောက် ယိယွမ်ဘုရားကျောင်း၏ သူမတူသော စွမ်းအားကို အသုံးပြုပြီး ရှန်ရှန်ကျုံဂိုဏ်းကို လက်စားချေရမည်။
" မင်းတို့လာချင်တိုင်းလာ၊သွားချင်တိုင်းသွားရအောင် ငါတို့ရှန်ရှန်ကျုံဂိုဏ်းကို ဘာထင်နေသလဲ။"
လင်းတုန်လိုင်က ထွက်ပြေးသွားသော ယွမ်ဖုန်းတို့လေးယောက်ကို လှမ်းကြည့်လိုက်ပြီး လှောင်ပြောင်အော်ဟစ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ရုတ်တရက်ဝေဝါးသွားပြီး ယွမ်ဖုန်းတို့လေးယောက်နောက်ကို လိုက်ပါသွားခဲ့သည်။
ယန်ဖေးနှင့်အခြားသူများကလည်း နောက်ကောက်ကျမကျန်ရစ်ခဲ့ပါ။ သူတို့က ယွမ်လင်းတို့သုံးယောက်၏နောက်သို့ အသီးသီးလိုက်ပါသွားခဲ့ကြသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ သူတို့ဟာ ယွမ်ဖုန်းတို့လေးယောက်ကို ဖမ်းမိသွားကြပြီး သူတို့ကို လေထုအတွင်း၌ ပိတ်ဆို့လိုက်သည်။ သူတို့ဟာ ယွမ်ဖုန်းတို့အုပ်စုကို အေးစက်စွာ စိုက်ကြည့်နေခဲ့ကြသည်။ ယွမ်ဖုန်းတို့လေးယောက် ထွက်ပြေးသွားတာကို တွေ့မြင်လိုက်ရသည့်အခါ ကြွင်းကျန်ရစ်သော အထူးအင်အားစုကြီးနှစ်စု၏ စွမ်းအားရှင်များကလည်း ထွက်ပြေးရန်ပြုလုပ်ခဲ့ကြသည်။ သို့ပါသော်လည်း သူတို့ဟာ ရှန်ရှန်ကျုံဂိုဏ်းမှ ကျန်အကြီးအကဲနှစ်ယောက်၏ ဖိနှိပ်ခြင်းကိုခံခဲ့ရသည်။