← Chapters

အနုပညာရှင် ကန့်သတ်ပိတ်ပင်မှု အမိန့်

Vol. 41 Ch. 614

အနုပညာရှင် ကန့်သတ်ပိတ်ပင်မှု အမိန့်

Vol. 41 Ch. 614

“နည်းပြဖန့်”

“ငါတို့ နှစ်တွေ အကြာကြီး အလုပ် အတူတူ လုပ်ခဲ့တယ်၊ ရဲ့လင်းချန်ကို ငါတို့ ဘတ်စကက်ဘော အဖွဲ့အစည်းက ပိုင်တာ၊ မင်း ငါ့ကို ဒီတစ်ခုတော့ ကူညီမယ် မဟုတ်လား၊ မင်း ဘာပြောချင်လဲ”

“နည်းပြဖန့်၊ ရဲ့လင်းချန်က ထွက်သွားပြီနေပါပြီ”

“သူ ထွက်သွားပြီ ဟုတ်လား၊ ငါ့ကို အရူးလုပ်ဖို့ မကြိုးစားနဲ့”

“သူ တကယ် ထွက်သွားတာပါ၊ စစ်သည်တော်ဌာနက သူ့ကို ခေါ်ထုတ်သွားတာ၊ ဘာဖြစ်လာမလဲ ဆိုတာကို ငါ သေချာတော့ မပြောနိုင်ပင်မယ့် ပြဿနာ ကြီးကြီးမားမား ရှိမှာ မဟုတ်ဘူး”

“ဪ အဲ့လိုလား၊ အဲ့ဒါဆိုလဲ ပြီးတာပါပဲ၊ ဟားဟားဟား …”

နည်းပြဖန့်သည် သတင်းကို ကြားပြီး ဝမ်းသာသွားကာ ဖုန်းကို လျင်မြန်စွာ ချလိုက်သည်။

ရဲမှူး စိတ်အေးကာ သက်ပြင်းချလိုက်မိသည်။ ရဲ့လင်းချန်၏ ကိစ္စကို သူ့လက်ထဲမှနေ၍ စစ်သည်တော်ဌာနက လက်လွှဲယူသွားသည်က သူ့အတွက် ကံကောင်းသွားပေသည်။ သို့မဟုတ်ပါက ပြဿနာကို ဘယ်လို ကိုင်တွယ်ရမလဲ သူ တကယ် မသိတော့ပါ။

အွန်လိုင်းပေါ်မှ လူထု၏ အမြင်ကို သူ ဖတ်ပြီးပြီ ဖြစ်သည်။ သို့သော် ကြေညာချက် ထုတ်ရမည်က သူတို့ မဟုတ်သဖြင့် သူ ငြိမ်၍သာ နေလိုက်သည်။

တစ်ချိန်တည်းမှာပင် မြို့တော်၏ ဆေးရုံများထဲမှ တစ်ခုအတွင်း၌ …

ကင်ဟျွန်းမင်သည် သူ၏ မျက်နှာကို ပြန်လည်ကုသရန် ကြိုးစားနေသည့် ပလတ်စတစ် ခွဲစိတ်ဆရာဝန်ထံမှ ကုသမှုကို ခံယူနေသည်။

သူ၏ မျက်လုံးတွင် အငြိုးကြီးသော အကြည့်များ ပေါ်လွင်နေသည်။

“အခြေအနေက ဘယ်လို ဖြစ်သွားပြီလဲ၊ ငါတို့နိုင်ငံရဲ့ အနုပညာလောက ကြေညာချက် တစ်ခုခု ထုတ်ပြီလား”

“ကျွန်တော်တို့အတွက် တရားမျှတမှု ရှာပေးဖို့ သူတို့ ကြေညာချက် ထုတ်ပြီးပါပြီ”

လက်ထောက်က ခပ်သွက်သွက် ဖြေလိုက်သည်။

“ကောင်းတယ်”

ကင်ဟျွန်းမင် ပြုံးလိုက်သည်။

“သူက သူ့အာဏာပိုင်တွေကို အားကိုးနေမှတော့ အနုပညာလောကက ငါ့ကို ကူညီဖို့ လုပ်ရတာပေါ့၊ သူတို့ ငါ့ကို နစ်နာကြေး တစ်မျိုးမျိုး ပေးကိုပေးရမယ်၊ ငါ့ကို သူ့အာဏာပိုင်တွေနဲ့ အနိုင်ကျင့်တယ်တဲ့၊ အရှက်ကို မရှိဘူး”

“မင်းရဲ့ ပရိသတ်တွေကလဲ ဒီကိစ္စမှာ တော်တော်လေး အားထုတ်ထားတာ၊ သူတို့က တကယ် တက်ကြွနေတာ”

“အမာခံ ပရိသတ်လေး တစ်သိုက်လေးပဲကို၊ ဒါပေမဲ့ သူတို့က တော်တော် အသုံးဝင်တယ်၊ ကျစ် … တရုတ်တွေက တကယ် ယိမ်းယိုင်လွယ်တာပဲ၊ တုံးလိုက်တဲ့ ဝက်တွေ”

ကင်ဟျွန်းမင်သည် မောက်မာသောပုံစံ ပြန်ပေါ်လာသည်။ သူ၏မျက်လုံးတွင် မာန်တက်မှုတို့နှင့် ပြည့်နှက်နေ၏။

“ရဲ့လင်းချန် ပေးကိုပေးဆပ်ရမယ်၊ ငါ သူ့ကို ပိုက်ဆံ အများကြီး လျော်ကြေးပေးရုံတင်မကဘူး၊ တရားဥပဒေနဲ့ ပြစ်ဒဏ် ခံရတာကိုလဲ လိုချင်တယ်”

“ငါတို့ သူ့ကို ဖိအားပေးနေတော့ သူတို့ မကြာခင် တုံ့ပြန်လာမယ်လို့ ငါ ယုံကြည်တယ်”

လက်ထောက်က ထီမထင်ဟန်နှင့် ပြောလေသည်။

“တင်းတောင်”

ထိုစဉ် သူ၏ ဖုန်းက တုန်ခါလာ၏။ ဖန်သားပြင်ကို ကြည့်ပြီးနောက် လက်ထောက်က ပြုံးသွားသည်။

“အနုပညာ လောကက ငါတို့ကို ဖြေရှင်းချက် ပေးလာတဲ့ပုံပဲ၊ သူတို့က တော်တော် မြန်သားပဲ၊ သူ ဘယ်လို အကျိုးဆက်တွေ ရင်ဆိုင်ရမလဲ ကြည့်ရသေးတာပေါ့”

ကင်ဟျွန်းမင်၏ အကြည့်က သူ၏လက်ထောက်ထံ ရောက်ရှိသွားသည်။

သတင်းကို ဖွင့်လိုက်ပြီးနောက် သူက တစ်လုံးချင်း ဖတ်ပြသည်။ ထို့နောက် လက်ထောက်၏ အပြုံးက အေးခဲကာ ပျောက်ကွယ် သွားလေသည်။ တဖြည်းဖြည်းနှင့် မယုံကြည်နိုင်သော အမူအရာ ဖြစ်ပေါ်လာ၏။

“မဖြစ်နိုင်ဘူး”

“ဘာဖြစ်တာလဲ”

ကင်ဟျွန်းမင် မကောင်းသော ခံစားချက် ရလိုက်သည်။

လက်ထောက်က ကင်ဟျွန်းမင်ကို ကြည့်လိုက်ပြီးနောက် တုန်ယင်သော အသံဖြင့် ပြောသည်။

“တရုတ်နိုင်ငံရဲ့ အနုပညာလောကက … မင်းကို နာမည်ပျက်စာရင်းသွင်းပြီး ပိတ်ပင်လိုက်ပြီ”

…

အင်တာနက်တစ်ခွင်လုံးက ရဲ့လင်းချန်၏ ပြစ်ဒဏ်သတင်းကို စောင့်ဆိုင်းနေကြသည်။ သို့သော် ထိုအချိန်၌ တစ်စုံတစ်ယောက်က တရုတ်နိုင်ငံ၏ အနုပညာလောကက ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်သည်ကို သတိပြုမိသွားလေသည်။

[လခွမ်း၊ မင်းတို့က ဒီမှာ ပြောနေတုန်းလား၊ အနုပညာလောကတစ်ခုလုံးက ရူးနေပြီကွ၊ သတင်းထူး]

[ဒီလောက် ကြာနေတာတောင် ဘယ်သူမှ ဘာလို့ တုံ့ပြန်မှု မပေးတာလဲလို့ ငါ တွေးနေခဲ့တာ၊ အနုပညာလောကက အရှိန်ယူနေခဲ့တဲ့ပုံပဲ]

[လခွမ်း၊ ဒါ ရူးနေတာပဲ]

[ဟင့်ဟင့်ဟင့်၊ ငါ သောက်ရမ်း ငိုချင်နေပြီ၊ ဒါ အရမ်း အံ့ဩဖို့ကောင်းတယ်၊ တော်တော်ကို ထုံးတမ်းစဉ်လာနဲ့ မတူတာပဲ၊ တရုတ်ပြည်က ဒီလိုပဲ ဖြစ်သင့်တာလေ]

[ဟားဟားဟား ကိုရီးယားနိုင်ငံရဲ့ အနုပညာရှင်ဘက်က ရပ်တည်တဲ့ အဲ့ဒီ အမာခံ ပရိသတ်တွေ ဘယ်ရောက်ကုန်လဲ၊ မင်းတို့ ဟောင်သံတွေ ဘယ်ရောက်သွားပြီလဲ၊ အရူးတွေ]

[ငါ သိနေတယ်၊ ငါတို့နိုင်ငံရဲ့ အနုပညာလောကက ငါတို့ကို စိတ်ပျက်အောင် လုပ်မှာ မဟုတ်ဘူး]

[ဘာတွေ ဖြစ်နေတာလဲ၊ တစ်ယောက်ယောက် ငါ့ကို လင့်လေး ပေးပါလား]

မကြာခင်မှာပင် အနုပညာလောက၏ တရားဝင် website မှာ တင်သော ပို့စ်၏ လင့်တစ်ခုကို ချပေးလာသည်။

[ကိုရီးယားနိုင်ငံ၏ အနုပညာလောက၏ ထုတ်ပြန်ချက်ကို တုံ့ပြန်သောအားဖြင့် ကျွန်ုပ်တို့ ကြေညာချက်တစ်ခု ထုတ်ပြန်ပါတယ်၊ ကိုရီးယားနိုင်ငံ၏ အနုပညာရှင်ဖြစ်သော ကင်ဟျွန်းမင်သည် ကျွန်ုပ်တို့နိုင်ငံကို လူသိရှင်ကြား သရော်ခဲ့ပြီး တရုတ်လူမျိုးများအား မလေးမစား ပြုမူခဲ့သည်။ ဤအပြုအမူသည် သည်းမခံနိုင်စရာ ကောင်းလှပြီး သူ့အား နိုင်ငံထဲမှ နှင်ထုတ်သင့်သည်။ ထို့အပြင် သူ့အား တရုတ်နိုင်ငံ၏ အနုပညာလောကမှ ထာဝရ ပိတ်ပင်မည် ဖြစ်သည်။ ထို့အပြင်အနုပညာရှင်အချို့၏ မကောင်းသော ယဉ်ကျေးမှုက ကျွန်ုပ်တို့ လူငယ်များ၏ စိတ်ကို သက်ရောက်စေသဖြင့် ကျွန်ုပ်တို့သည် ကိုရီးယားနိုင်ငံ၏ အနုပညာလောကကို ကန့်သတ်သည့် ဥပဒေ ထုတ်ပြန်မည် ဖြစ်သည်။]

၎င်းသည် ခမ်းနား၍ လွှမ်းမိုးသော ထုတ်ပြန်ချက်ဖြစ်ပြီး လူအများအား အလွန်အမင်း စိတ်အား ထက်သန်လာစေသည်။

အနုပညာရှင် ကန့်သတ်ပိတ်ပင်မှုအမိန့်။

ထုတ်ပြန်ချက်တွင် ရဲ့လင်းချန်၏ ပြစ်ဒဏ်နှင့် ပတ်သက်၍ ဘာမှ မထုတ်ပြန်သွားသော်လည်း ရလဒ်က သိသာပေသည်။ ကင်ဟျွန်းမင် ကံဆိုးလေပြီ။ ကိုရီးယားနိုင်ငံ၏ အနုပညာလောကတောင်မှ ပိတ်ပင်ခံ လိုက်ရလေပြီ။

[ဟားဟားဟား ခံစားချက်က ကောင်းလိုက်တာ၊ ဒီယဉ်ကျေးမှုကြောင့် ငါတို့လူငယ် ဘယ်လောက်များများ အဆိပ်ခပ်ခံနေရပြီလဲ မသိဘူး]

[အံ့ဩဖို့ ကောင်းတယ်၊ သူတို့ အစောကြီးထဲက ဒီလိုလုပ်သင့်တာ]

[ရဲ့နတ်ဘုရားက အံ့ဩဖို့ကောင်းလိုက်တာ၊ ဒီအဖြစ်က ခေတ်သစ်တစ်ခုကို တိုးတက်လာစေတာပဲ]

[အဲ့ဒါ သူပဲလေ၊ သူ့နေရာမှာ မားမားမတ်မတ် ရပ်နေတာပဲ]

[အဲ့ဒီအနုပညာရှင်တွေက ငါတို့နယ်မှာ အရမ်း မောက်မာနေတာ၊ အခု လာလေ၊ ထပ်စမ်းကြည့်ပါဦးလား]

[ချီးပဲ၊ သူတို့နိုင်ငံထဲက ကိုရီးယားနိုင်ငံရဲ့ အင်တာဗျူးကို မြင်ပြီးပြီလား၊ သူတို့က ငါတို့ပိုက်ဆံတွေကို အရယူပြီး ကိုရီးယားနိုင်ငံမှာ ပြန်သုံးတယ်လို့ ပြောနေတာ၊ တရုတ်လူမျိုးတွေဆီက ပိုက်ဆံရဖို့ လွယ်တယ်လို့ ငါတို့ကို သရော်နေတာ၊ သူတို့ကို ကြည့်လို့ကို မရဘူး]

[ဒီက မြန်မြန် ထွက်သွား၊ ဟားဟားဟား …]

ကိုရီးယားနိုင်ငံ၏ အမာခံ ပရိသတ်များမှလွဲ၍ တစ်နိုင်ငံလုံး ပျော်ရွှင်နေကြသည်။ ထို့အပြင် လူအများက ကိုရီးယားနိုင်ငံ၏ ဇာတ်လမ်းတွဲနှင့် အစီအစဉ်များကို အပြစ်တင်ပြောဆိုလာကြသည်။ ထို့အပြင် ကိုရီးယားနိုင်ငံကို မကောင်းသတင်း ပြောကာ တရုတ်နိုင်ငံ၏ အနုပညာလောကမှ ချမှတ်သော ဆုံးဖြတ်ချက်အား ထောက်ခံကြ လေသည်။

“မဖြစ်နိုင်ဘူး”

သတင်းကြောင့် ကင်ဟျွန်းမင်၏ မျက်နှာက ဖြူရော်ကာ မှင်တက်နေ၏။

*တရုတ်နိုင်ငံရဲ့ အနုပညာလောကက ငါ့ကို ပိတ်ပင်လိုက်တာလား၊ သူတို့က ဘာလုပ်ပိုင်ခွင့်နဲ့ ငါ့ကို ပိတ်ပင်တာလဲ*

သူ တက်နေသော ပြဿနာကို သတိထားလိုက်မိပြီး တစ်ကိုယ်လုံး မလှုပ်နိုင် ဖြစ်လာသည်။

ကိုရီးယားနိုင်ငံ၏ အနုပညာလောကသည်လည်း အလန့်တကြား ဖြစ်သွားလေသည်။ ထို့သို့သော ဖြေကြားချက်ကို သူတို့ မျှော်လင့်မထားမိချေ။ သူတို့ ထင်ထားသည်နှင့် လုံးဝ တစ်ခြားစီ ဖြစ်နေ၏။

မကြာခင်မှာပင် သူတို့ စိတ်မရှည်စွာနှင့် ကြေညာချက်တစ်ခု ထပ်ထုတ်လေသည်။

[ဒါက ဘာသဘောလဲ၊ ငါတို့ကို သင့်လျော်တဲ့ ရှင်းပြချက် ပေးပါ]

တရုတ်နိုင်ငံ၏ အနုပညာလောက: [ပိတ်ပင်တာက ပိတ်ပင်တာပဲ၊ ငါတို့ ဘာတခြားရှင်းပြချက် ပေးဖို့ လိုလို့လဲ၊ မင်းတို့ အပြုအမူက ရလဒ်ကို ဆုံးဖြတ်သွားတာပဲ]

ခိုင်မာသော တုံ့ပြန်မှုက လူအများအား စိတ်လှုပ်ရှားသွားစေသည်။

မရေတွက်နိုင်သော လူများက ကင်ဟျွန်းမင်၏ ဒုက္ခအပေါ် ဝမ်းသာနေကာ သူ၏ Weibo အကောင့်၌ မှတ်ချက်များ ရေးကြလေသည်။

[အိုး … အိုပါးဟျွန်းမင်၊ တာ့တာနော်]

[ဟားဟားဟား၊ အကူတွေ သွားခေါ်လိုက်ပါဦး၊ မင်း လိုချင်တဲ့ အကူအညီတွေ အကုန်ခေါ်လိုက်၊ လုပ်စမ်းပါ၊ မင်းရဲ့ ဒေါသထွက်နေတဲ့ မျက်နှာကို ငါ ကြည့်ချင်လို့]

[သူ့ကို သင့်တော်တဲ့ နှုတ်ဆက်ပွဲ ပေးလိုက်ရအောင်၊ ထပ်တွေ့ကြတာပေါ့၊ ဪ မဟုတ်ပါဘူး၊ ငါ ပြောချင်တာက ဘယ်တော့မှ ထပ်မတွေ့ဘူးလို့ပါ]

[ဒါ ငါတို့နိုင်ငံသားတွေကို အနိုင်ကျင့်တဲ့အတွက် ပေးဆပ်ရတဲ့ တန်ကြေးပဲ၊ တရုတ်ပြည်ကို သိမ်ငယ်အောင် လုပ်တဲ့ အကျိုးဆက်ကို ခံစားလိုက်ပါဦး]

[အထုတ်ပြင်ပြီး လစ်လိုက်တော့]

…

All Chapters