← Chapters

စဉ်းစားလေလေ ပိုကြောက်စရာ ကောင်းလေလေ

Vol. 41 Ch. 615

စဉ်းစားလေလေ ပိုကြောက်စရာ ကောင်းလေလေ

Vol. 41 Ch. 615

အနုပညာရှင် တားမြစ်ပိတ်ပင်သည့်အမိန့်က ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ယင်းက တရုတ်နိုင်ငံတွင်းမှ ကိုရီးယားအနုပညာရှင်များ၊ သူတို့၏ ပရိတ်သတ်များနှင့် တရုတ်နိုင်ငံတွင်း၌ နေထိုင်သော နိုင်ငံခြားသား အနုပညာရှင်များကို ထိတ်လန့်သွားစေခဲ့သည်။

အခြားသော ကိုရီးယား အနုပညာရှင်များက ချက်ချင်း ဝင်ပြောလာသည်။

[တစ်ချို့သော ကိုရီးယား အနုပညာရှင်တွေက တရုတ်လူမျိုးတွေကို သရော်ခဲ့တာကို ငါ ဝန်ခံပါတယ်၊ ဒါပေမဲ့ ငါက သူတို့ထဲက တစ်ယောက် မဟုတ်ပါဘူး၊ ငါက တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ လူမျိုးကို သဘောကျပါတယ်၊ တရုတ်နိုင်ငံရဲ့ အနုပညာလောကက အားလုံးကို မပိတ်ပင်ဖို့ မျှော်လင့်ပါတယ်၊ ကင်ဟျွန်းမင်က ငါတို့အားလုံးကို ကိုယ်စားမပြုပါဘူး၊ ငါတို့ကို အခွင့်အရေးပေးပါ]

ကိုရီးယား အနုပညာရှင်များစွာက ချက်ချင်း တရုတ်နိုင်ငံအပေါ် သူတို့၏ ချစ်ခင်မှုနှင့် သစ္စာရှိမှုကို ဖော်ပြ လာသည်။

ထို့အပြင် အခြား နိုင်ငံခြားသား အနုပညာရှင်များကလည်း သူတို့၏ တရုတ်နိုင်ငံအပေါ် လေးစားအံ့ဩမှုကို ဖော်ပြ လာလေသည်။

ပြင်သစ် အနုပညာရှင်တစ်ဦးက [“ငါ တရုတ်နိုင်ငံရဲ့ နယ်မြေတိုင်းကို သဘောကျပြီးတော့ တရုတ်လူမျိုးတွေကို လေးစားတယ်၊ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့ထုံးတမ်းကိုလည်း သင်ယူနေပါတယ်၊ ဒီနိုင်ငံက သန်မာတဲ့နိုင်ငံတစ်နိုင်ငံပဲ”]

အမေရိကန် အနုပညာရှင်တစ်ဦးကမူ [ငါ တရုတ်မှာ နေလာတာ ခြောက်နှစ်နီးပါး ရှိတော့မယ်၊ ငါ တရုတ်နိုင်ငံမှာ ငါ့အသက်မွေးဝမ်းကြောင်းကို စတင်ခဲ့ကတည်းက ငါ အိမ်ကို မပြန်ခဲ့ဘူး၊ ငါ့မိဘတွေကိုတောင် ငါ ဒီကို ခေါ်ခဲ့လိုက်တာ၊ ပြီးတော့ သူတို့က ဒီချစ်ခင်ပြီး ကြိုဆိုတဲ့နိုင်ငံကို မြန်မြန် သဘောကျသွားတာပဲ၊ ပြောရရင် တရုတ်နိုင်ငံက ဘဝက အမေရိကားထက် အများကြီး ပိုသာတယ်၊ ငါ ဒီနေရာကို သဘောကျတယ်]

သာဓကတစ်ခု ပြသွားခဲ့လေပြီ။

ကိုရီးယားနိုင်ငံ အနုပညာလောက၏ ကံကြမ္မာက ပြည်ပ အနုပညာရှင်အားလုံးကို သတိပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူတို့ နိုင်ငံတွင်း၌ နေထိုင်လိုပါက တရုတ်နိုင်ငံနှင့် လူမျိုးကို လေးစားရန် လိုအပ်ကြောင်း သတိပြုမိသွားလေသည်။

အချို့သော ပြည်ပ အနုပညာရှင်များသည် သူတို့၏ မာန်တက်ခဲ့ခြင်း၊ ပရိသတ်များကို မထီမဲ့မြင် ပြုခဲ့ခြင်း စသည့် ယခင်က မသင့်တော်သော အပြုအမူများကို Weibo ပေါ်၌ တင်၍ အရင် တောင်းပန်လာကြသည်။

ကြေညာချက်က ဆူပူလှုပ်ရှားမှု ဖြစ်သွားစေခဲ့လေသည်။

တရုတ်နိုင်ငံ အနုပညာလောကတစ်ခုလုံး ရူးမတတ် ဖြစ်နေကြသည်။

ကိုရီးယား အနုပညာရှင်များစွာက တောင်းပန်သော်လည်း တရုတ်နိုင်ငံက အလျှော့ပေးမည့် လက္ခဏာမပြုဘဲ ဘာတုံ့ပြန်မှုမှ မပေးချေ။

ဤသည်ကို မြင်သော ကိုရီးယားနိုင်ငံ၏ အနုပညာလောကကလည်း နောက်ထပ် ကြေညာချက် ထုတ်ပြန်လာ၏။

[ကျွန်ုပ်တို့သည် ကိုရီးယားနိုင်ငံ၏ အနုပညာလောကအတွင်း၌ တရုတ်နိုင်ငံ အနုပညာလောက၏ ပါဝင်မှုများကို ပိတ်ပင်သွားပါမည်။]

ထိုကြေညာချက်က ပြက်လုံးတစ်ခုလိုပင်။

ကိုရီးယားနိုင်ငံတွင်းမှ အနုပညာရှင်များသည် ကောင်းမွန်စွာ ဆက်ဆံမခံရပေ။ ဥပမာအားဖြင့် တရုတ်နိုင်ငံတွင်း၌ အနုပညာရှင်တစ်ဦးက ဆယ်သန်း ရနိုင်သော်လည်း ကိုရီးယားနိုင်ငံတါင်း၌ တစ်သိန်းပင် ရမည် မဟုတ်ပေ။ ယင်းက ခြားနားချက်ပင်။

ကိုရီးယားနိုင်ငံသား အနုပညာရှင်များစွာ၏ အိပ်မက်မှာ တရုတ်နိုင်ငံတွင်း၌ သူတို့၏ အသက်မွေးဝမ်းကြောင်းကို မြှင့်တင်လိုခြင်း ဖြစ်သည်။ သို့သော် ဘယ်တရုတ်လူမျိုး အနုပညာရှင်ကမှ ကိုရီးယားနိုင်ငံတွင်း၌ အသက်မွေး ဝမ်းကြောင်းအား တိုးတက်အောင် စဉ်းစားမည် မဟုတ်ပါ။ ထို့ကြောင့် ထိုကြေညာချက်က အပိုဖြစ်နေပြီး ဘယ်သူက မသွားချင်ကြချေ။

ထို့အပြင် တရုတ်နိုင်ငံက လူဦးရေ များပြားပြီး ကြွယ်ဝမှု များပြားသည်။ ကိုရီးယားနိုင်ငံမှ အနုပညာရှင်များက နိဗ္ဗာန်သဖွယ် မျက်စိကျနေပေလိမ့်မည်။ သို့သော် ယခုအချိန်၌ သူတို့၏ ဉာဏ်မဲ့မှုအတွက် ပေးဆပ်ရ ပေတော့မည်။

အချို့သော ကိုရီးယား အနုပညာရှင်များသည် ဤပြဿနာနှင့် မသက်ဆိုင်ဘဲ ဖြူစင်ကြသည်။ သူတို့သည် ပြဿနာတက်အောင် လုပ်ခဲ့သည့် ကင်ဟျွန်းမင်အား မုန်းတီးရုံသာ တတ်နိုင်ကြတော့သည်။

တရုတ်နိုင်ငံ အနုပညာလောက အပြောထက် လက်တွေ့ဖြင့် သက်သေပြလိုက်သည်။ သည်းခံနေခြင်းက အနိုင်ကျင့်ခံမည်ဟု မဆိုလိုပါ။

*သည်းခံနေတာကို အကောင်းမှတ်နေလား*

ထိုသို့သောအချိန်၌ ရဲ့လင်းချန်သည် ဧည့်သည်များကို ဧည့်ခံပြီး၍ အိမ်၌ နားနေလေသည်။ သို့ရာတွင် သူ့ဖုန်းက အသံမြည်လာ၏။ ဖုန်းခေါ်သူကား ရှောင်ဖေးဖေးပင်။

“ဟဲလို ဖေးဖေး”

“ရှင် အိမ်မှာလား”

“အင်း၊ မနေ့ကပဲ အိမ်ပြန်ရောက်တယ်”

“မနေ့က အိမ်ပြန်ရောက်တာကို ဘာလို့ ကျွန်မကို မပြောတာလဲ၊ ရှင် ကျွန်မကို တစ်ညလုံး ဘာမှမဟုတ်ဘဲ စိတ်ပူအောင် လုပ်ခဲ့တာပဲ”

ရှောင်ဖေးဖေးက မကျေမနပ် ပြောလေသည်။

“ငါ အိမ်ပြန်ရောက်တဲ့အချိန်က အရမ်း နောက်ကျနေပြီ၊ မင်းကို နှောင့်ယှက်သလို ဖြစ်သွားမှာစိုးလို့ပါ”

“ရှင် အဆင်ပြေနေရင် တော်ပါသေးတယ်၊ တရုတ်နှစ်သစ်ကူးမှာ ရှင် အလုပ်များနေမှန်း ကျွန်မ သိပါတယ်၊ ဦးလေးနဲ့ အဒေါ်ကို ကျွန်မက နှုတ်ဆက်တယ်လို့ ပြောပေးပါဦး”

…

နောက်တစ်ယောက်က အိုးရန်ချင်ပင်။

“ကျွန်မပါ”

“ဒါရိုက်တာ အိုးရန်၊ မင်းမှန်း ငါ သိပါတယ်”

“ရှင် လွတ်လာပြီလား”

“အင်း”

“ပြီးရောလေ၊ နောက်တစ်ခါ အရမ်း မဆင်မခြင် မလုပ်ပါနဲ့၊ မဟုတ်ရင် ကုမ္ပဏီတစ်ခုလုံးက ရှင့်ကို ချောဆွဲ နေရလိမ့်မယ်”

“အာ … အင်း၊ ဪ ဟုတ်သားပဲ၊ ပျော်ရွှင်စရာ တရုတ်နှစ်သစ်ကူးနေ့ ဖြစ်ပါစေ”

“အင်း … ကျွန်မ ရှင့်အတွက် အချိန်ပိုဆင်းပေးနေရတုန်းပဲ”

…

ထို့နောက် ဖုန်းဆက်လာသူမှာ စုန့်ချမ်ပင်။

“ဒါရိုက်တာရဲ့၊ မင်း အဆင်ပြေရဲ့လား”

“အင်း၊ မနေ့ကပဲ ထွက်လာတာ”

“ဒါရိုက်တာရဲ့၊ မင်းက တကယ် အံ့ဩဖို့ကောင်းတယ်၊ မင်းသတင်းက ဒီတရုတ်နှစ်သစ်ကူးမှာ‌ နေရာတိုင်း ရောက်နေတာ၊ မင်းက Gala နွေဦးပွဲတော်မှာ နာမည်ကြီးလာတဲ့အပြင် သူတို့ရဲ့ လူကြိုက်များမှုကိုပါ လုယူသွားခဲ့တာပဲ၊ ပန်ဒါ ထုတ်လွှင့်ရေးရဲ့ ဒါရိုက်တာနဲ့ တိုက်ရိုက် တင်ဆက်သူဝိုင်က မင်းဆိုတာကို လူတွေ သိသွားရင် သူတို့ ရူးသွားလောက်တယ်”

“ပလက်ဖောင်းက အခြေအနေ ဘယ်လိုရှိလဲ”

ရဲ့လင်းချန်က ကုမ္ပဏီကို အချိန်အတော်ကြာအောင် မစစ်ဆေးမိချေ။

“မင်း တိုက်ရိုက် ထုတ်လွှင့်တာကို ရပ်လိုက်လို့ တစ်ချို့က မပျော်ကြဘူး၊ ဘာပဲဖြစ်ဖြစ် ပလက်ဖောင်းက ပုံမှန် တိုးတက်နေတာပါပဲ၊ အားလုံး အဆင်ပြေပါတယ်”

“ကောင်းတယ်၊ အခွင့်အရေးရင် ငါ တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်သစ်တစ်ခုမှာ ပါပါ့မယ်”

…

ဟောင်ယွင်၊ တုံးမြောင်မြောင်၊ ရှန်း၊ ရှောင်ကမ်း၊ ချန်ရှောင်ယန်၊ ကျောက်လျန့်ရင်နှင့် အခြားသော မိတ်ဆွေများက ဖုန်းခေါ်၍ သူ့ကို မေးမြန်းကြသည်။ ရဲ့လင်းချန်က သူတို့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်စကားဆို၍ သူတို့နှင့် စကားစမြည် ပြောခဲ့သည်။

“ဪ ဟုတ်သားပဲ၊ ငါ မေ့နေတာ၊ ရှောင်ရင်၊ မင်းသူငယ်ချင်းရဲ့ ဖိတ်စာက ငါ့ဆီ ပါလာလို့၊ ငါ ပြန်လာရင် မင်းကို ပြန်ပေးမယ်”

ရဲ့လင်းချန်က သတိတရ ပြောလိုက်သည်။ ကျောက်လျန့်ရင်က ပြန်ပြောသည်။

“ရပါတယ်၊ အဲ့စာရွက်က Gala နွေဦးပွဲတော် ပြီးသွားရင် သုံးမရတော့ဘူး၊ အမှတ်တရအဖြစ် ထားဖို့ပဲ သုံးလို့ရတော့တာ”

ထိုအခါ ရဲ့လင်းချန်က ပြန်မေးလိုက်သည်။

“အင်း၊ ငါ မင်းသူငယ်ချင်းကို ပြဿနာတက်အောင် မလုပ်မိဘူးမလား”

“ရှင် ဘယ်လိုထင်လဲ”

ကျောက်လျန့်ရင်က မကျေနပ်သံပြု၍ ပြောလိုက်သည်။

“ရတယ်၊ ဘယ်သူမှ အဲ့ကိစ္စကို အာရုံမထားဘူး၊ ဒါပေမဲ့ ရှင် အွန်လိုင်းပေါ် တက်ကြည့်သင့်တယ်၊ ရှင်က ကိုရီးယားနိုင်ငံရဲ့ အနုပညာလောက တစ်ခုလုံးကို စိတ်တိုအောင် လုပ်ထားတာပဲ”

“ကိုရီးယားနိုင်ငံရဲ့ အနုပညာလောကလား”

ရဲ့လင်းချန် အံ့ဩသွားသည်။

“ကင်ဟျွန်းမင်က အဲ့လောက် နာမည်ကြီးတာလား”

ကျောက်လျန့်ရင်နှင့် ဖုန်းပြောပြီးနောက် ရဲ့လင်းချန် သိချင်သဖြင့် ချက်ချင်း လိုင်းပေါ် တက်လိုက်သည်။

အွန်လိုင်းပေါ်မှ သတင်းကို မြင်သောအခါ သူ ရယ်လိုက်မိသည်။ တရုတ်နိုင်ငံ၏ အနုပညာလောကက ဤသို့သော ထုတ်ပြန်ချက်တစ်စောင် ထုတ်လိမ့်မည်ဟု သူ မထင်ထားမိချေ။

သူ ဖုန်းတွေ အဆက်ခံရသည်က အံ့ဩစရာ မဟုတ်တော့ချေ။ သူ ရဲစခန်းက လွတ်လာသည်ကို လူတိုင်း သတိထားမိသွား၍ ပင်တည်း။

သို့သော် ရဲ့လင်းချန် တစ်စုံတစ်ရာကို သတိပြုမိသွားသည်။ စစ်သည်တော်ဌာနက ဤကိစ္စ၌ ဝင်ပါထားမှန်း သိသာလှသည်။

စစ်သည်တော်ဌာနက ဤကိစ္စကို လက်လွှဲယူလိုက်ကြောင်း သူ သိနေသော်လည်း သတိပေးချက် ပေးသည်အထိ ပြတ်သားလိမ့်မည်ဟု သူ မမျှော်လင့်ထားမိချေ။ သူတို့၏ နည်းလမ်းက ရက်စက်လှသည်။

စစ်သည်တော်ဌာန၏ လုပ်ရပ်က စိတ်အေးစေသော်လည်း အနည်းငယ် ပြင်းထန်နေသည်။

သူ မှတ်မိသလောက်ဆိုလျင် သူတို့ ဤမျှ ပြင်းထန်သော လုပ်ရပ်များ လုပ်ခဲ့သည်က အလွန် ကြာခဲ့ပြီ ဖြစ်သည်။

သို့သော်ငြားလည်း အပြုအမူများက အနည်းငယ် မူမမှန်ချေ။ ကိုရီးယားနိုင်ငံ၏ အနုပညာလောကကို ပိတ်ပင် လိုက်သော်လည်း အရှိန်ကြီးသည်။ ပေါ်တင် ပိတ်ပင်လိုက်ခြင်းက ကိုရီးယားနိုင်ငံအား ဟန့်တားလိုက်ခြင်းပင်။

သူ့ပြဿနာက ဤဆုံးဖြတ်ချက်ဖြစ်သွားစေခဲ့လိမ့်မည်ဟု ရဲ့လင်းချန် ထင်မထားမိပါ။ ထိုပြဿနာက လောင်စာဆီမျှသာ ဖြစ်ပြီး အဓိက အကြောင်းရင်း မဟုတ်ချေ။

သူ့မျက်လုံးများက လင်းလက်နေပြီး တစ်ခုခု လွဲနေကြောင်း ခံစားမိနေသည်။

ထိုပြဿနာက … သူ စဉ်းစားလေလေ ပို၍ ကြောက်စရာကောင်းလေလေ ဖြစ်နေသည်.

အချိန်ကာလအရ စစ်သည်တော်ဌာနကို မကြာသေးခင်ကမှ တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး အလွန်ဆုံး ဆယ်စုနှစ်ကျော်မျှသာ ရှိလောက်သည်။ သို့သော် ၎င်း၏ တိုးတက်မှုနှင့် လုပ်ပိုင်ခွင့်က ကြောက်စရာ ကောင်းလှပေသည်။

ရဲ့လင်းချန် သိသလောက်ဆိုလျင် စစ်သည်တော်ဌာန ဝင်မပါနိုင်သည့် အရာဟူ၍ မရှိချေ။

သူတို့၌ လုပ်ပိုင်ခွင့် အပြည့်အဝ ရှိကြသည်။

ထိုစိတ်ထင်လားဟု မသေချာသော်လည်း အခြားသောဌာနများက ပေါ်လာခဲသည်။ ရှေ့၌ ရှိနေသေူက စစ်သည်တော်ဌာန ဖြစ်ပြီး သူတို့ အခြေအနေကို ဖြေရှင်းနည်းက ယခင်ထက် ပိုကြမ်းလေသည်။

All Chapters