အဖြူရောင်မုသား
Vol. 42 Ch. 616
အစိုးရအဆိုအရ သိုင်းပညာ ရုတ်တရက် ရေပန်းစားလာပြီး လူစိတ်ဝင်စားမှု များလာ၍ စစ်သည်တော် ဌာနကို တည်ထောင်ခဲ့သည်ဟု ဆိုခဲ့သည်။ ပြောရမည်ဆိုလျင် ယင်းအား တကယ့် ဌာနတစ်ခုအစား သိုင်းသမား အဖွဲ့အစည်းဟု ဆိုရပေမည်။ သို့သော် စစ်သည်တော်ဌာန၌ ကြီးမားသော လုပ်ပိုင်ခွင့်ရှိကြောင်း အရိပ်အယောင်များ ပြနေ၏။
ယင်းအား သိုင်းသမား အဖွဲ့အစည်းတစ်ခုသက်သက်အဖြစ် မသတ်မှတ်နိုင်တော့ပေ။
ထို့အပြင် သိုင်းပညာအပေါ် ရုတ်တရက် စိတ်ဝင်စားမှု မြင့်မားလာခြင်းကလည်း ပုံမှန် မဟုတ်ချေ။ သူတို့သည် သိုင်းပညာများ ဘေးရောက်နေသည့် နည်းပညာခေတ်၌ နေထိုင်နေကြခြင်း ဖြစ်ကာ ရုတ်တရက် ၎င်းက ပြန်၍ နာမည်ကြီးလာပြီး လုပ်ပိုင်ခွင့်ရှိသော စစ်သည်တော်ဌာနကို တည်ထောင်လာခဲ့ကြသည်။
တရုတ်နိုင်ငံက သိုင်းပညာကို စိတ်ဝင်စားသည်က နားလည်နိုင်သော်လည်း အခြားသော နိုင်ငံများကလည်း သိုင်းပညာကို ရုတ်တရက်ဆိုသလို စိတ်ဝင်စားလာခဲ့သည်။ ယင်းက အလွန် စိတ်ဝင်စားစရာ ကောင်းလှသည်။
*နိုင်ငံခြားသားတွေက ဘယ်တုန်းက ကွန်ဖူးကို စိတ်ဝင်စားလာတာလဲ*
ဂျပန်နိုင်ငံမှ ကမ္ဘာမြေ၏ ဂိတ်တံခါးနှင့် Las Vegas ၌တွေ့ခဲ့သည့် ထိုအရှေ့တောင်အာရှသားတို့၏ သိုင်းပညာကို မနိမ့်ပေ။ ယခင်က ထိုအဖြစ်ကို ရဲ့လင်းချန် သိပ်မတွေးမိသော်လည်း ယခု သူ စဉ်းစားကြည့်မိသည့်အခါ၌ ကိစ္စ တော်တော်များများက မသင်္ကာစရာကောင်းသည်ဟု ခံစားလာရသည်။
လက်ရှိကိစ္စကိုပင် ဥပမာထားကြည့်ပါက ရဲ့လင်းချန်နှင့် ကင်ဟျွန်းမင်တို့ အဖမ်းခံရပြီးနောက် စစ်သည်တော် ဌာနသည် မည်သည့် ရာထူးကြီးသူများကိုမှ အစီရင်မခံဘဲ တိုက်ရိုက် ကြားဝင်ကာ ပြဿနာကို လက်လွှဲ ယူခဲ့သည်။ သူတို့သည် ကိုရီးယားနိုင်ငံကို ပိတ်ပင်ကြောင်း ကြေညာသည်အထိပင် ပြုလုပ်ခဲ့လေသည်။
တရုတ်နိုင်ငံ တစ်နိုင်ငံလုံးနှင့် တစ်ကမ္ဘာလုံးက သိုင်းပညာကို ခုံမင်နေကြသည်။ နောက်ကွယ်က အကြောင်းရင်းက ဘာပါလိမ့်။
စစ်သည်တော်ဌာန၊ ကမ္ဘာမြေ၏ ဂိတ်တံခါးနှင့် အခြားသော အဖွဲ့အစည်းများက ထူးဆန်းသည်။ သူတို့သည် လူမြင်ကွင်းသို့ ထွက်ခဲသည်။ လူထုက သူတို့အား ထူးခြားသော ကိစ္စရပ်များကို ဖြေရှင်းသည့် တာဝန်ယူထားသော သိုင်းသမား အဖွဲ့အစည်းဟုသာ သိမြင်ကြသည်။ အဘယ်သို့သော ကိစ္စများအား ထူးခြားသည်ဟု သတ်မှတ် နိုင်သနည်း။
ထို့နောက် ရဲ့လင်းချန်သည် ဧရာမ စပါးအုံးမြွေကြီး၊ လိပ်အိုကြီးနှင့် ထူးခြားသော သန္ဓေပြောင်း အကြီးအကဲ ဟီရိုရှီတို့ကို တွေးမိသည်။ သူတို့သည် ရုပ်ရှင်ထဲ၌သာ ပါကြသည့် ဇာတ်ကောင်များ ဖြစ်သော်လည်း စစ်သည်တော် ဌာနက သူတို့အား တည်ငြိမ်စွာ ကိုင်တွယ်ဖြေရှင်းခဲ့သည်။ ယခု သူ စဉ်းစားကြည့်သောအခါ သူတို့ပုံစံက ထိုသို့သော မြင်ကွင်းများအား မြင်ဖူးနေပုံ ပေါက်နေ၏။
*သေစမ်း၊ ငါ စနစ်ကို ရလိုက်တုန်းက အခြား dimension ကိုများ ကူးသွားတာလား၊ ငါ Marvel ထဲကလိုမျိုး စကြဝဋ္ဌာတစ်ခုကို ကူးသွားတာလား*
ရဲ့လင်းချန် သံသယ ဝင်နေ၏။ ထို့နောက် သူသည် ခေါင်းခါ၍ ထူးထူးဆန်းဆန်း အတွေးများကို ခေါင်းထဲမှ ထုတ်လိုက်သည်။ သူက ကူးပြောင်းသွားခြင်း မဟုတ်ဘဲ ဤကမ္ဘာကြီးက လူမသိသော ပြောင်းလဲမှုတစ်ချို့အား တွေ့ကြုံခဲ့ရခြင်းပင်။
သူသည် အမြင့်တန်းအဆင့် ကြီးကြပ်သူတစ်ယောက် ဖြစ်နေပြီဖြစ်သော်လည်း အမှန်တရားကို တိတိကျကျ မသိသေးပေ။ ချင်ပိုင်ချွမ်းကို ပေါင်း၍ ထုတ်ပြောလာအောင် လုပ်ရမည့် အခွင့်အရေး လိုနေသည့်ပုံပင်။
ထိုအတွေးများအား သူ့စိတ်ထဲ၌သာ ထားလိုက်သည်။ သူသည် လှည့်စားမှုများရှိသည့် လူတစ်ယောက်ပင်။ ယခုအချိန်၌ သူ လုပ်ရန် လိုအပ်နေသည်က သူ၏ အရည်အချင်းများကို မြှင့်တင်ရန် ဖြစ်သည်။ သို့မှသာ အချိန်တန်လျင် မည်သည့် အံ့ဩစရာမျိုးကိုမဆို သူ ရင်ဆိုင်နိုင်ပေမည်။
နောက်တစ်နေ့၌ ရဲ့လင်းချန်သည် ပုံမှန်အတိုင်း စောစော ထလိုက်သည်။ ရိုးရှင်းသော မနက်ခင်း လေ့ကျင့်ခန်းအချို့ လုပ်ပြီးနောက် သူသည် ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်းနှင့် ကျင့်ကြံခြင်း အသက်ရှူ နည်းစနစ်အား စတင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က သာမန်လူတစ်ယောက်ထက် များစွာ သာလွန်နေပြီဖြစ်ကာ ထူးခြားသော ခန္ဓာကိုယ်များပါ ရှိနေသေးသည်။ သို့သော် ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်း၏ အဆင့်မြင့် အဆင့်က သိုင်းကွက်များက အလွန် ခက်ခဲပြီး အလွန် အားစိုက်ရသည်။
သူသည် မနေ့ကကဲ့သို့ပင် နာရီဝက်မျှသာ ကျင့်နိုင်ပြီး နားလိုက်ရသည်။ ထို့နောက် သူ ကျင့်ကြံခြင်းကို သုံး၍ သူ၏ ခန္ဓာကိုယ်အား အားဖြည့်လိုက်သည်။
ယင်းသည် ရှစ်ဆယ့်တစ်ကွက်ထဲမှ သုံးဆယ့်သုံးကွက်မြောက် အကွက်သာ ဖြစ်သည်။ ယင်းကို ကြည့်ခြင်း အားဖြင့် မည်မျှ ခက်ခဲသလဲ သိနိုင်ပေသည်။ စနစ် မရှိပါက သာမန်လူအများစုသည် သူ လေ့ကျင့်နေသည့် သုံးဆယ့်သုံးကွက် မဆိုထားနှင့်၊ ရှစ်ဆပြင်းထန် လက်သီး၏ အခြေခံကိုပင် ကျွမ်းကျင်ရန် ခက်ခဲပေလိမ့်မည်။
သိုင်းပညာလမ်းကြောင်းက ရှည်လျားလွန်းလှသည်။ ယခုအခါတွင်မှ ရဲ့လင်းချန် ကိုယ်တွေ့ ခံစားမိလေသည်။
နောက်နှစ်ရက်အထိ ရဲ့လင်းချန်က အပြင်လောကမှ အဖြစ်အပျက်များကို အရေးမစိုက်ခဲ့ချေ။ လေ့ကျင့်ခြင်း အပြင် သူသည် မိဘများကို အဖော်ပြုရန် အိမ်၌ နေနေသည်။
လေးရက်မြောက်နေ့၌ ရဲ့ကျင်းနှင့် ရှုကျန်းတို့ အလုပ်ပြန်တက်ကြသည်။ ဆရာဝန်တစ်ဦးအနေဖြင့် ပိတ်ရက်သုံးရက် ရသည်က ရဲ့ကျင်းအတွက် အလွန် ကံကောင်းနေပြီ ဖြစ်သည်။ တစ်ဖက်တွင်မူ ရှုကျန်း သည်လည်း လုံလောက်စွာ အနားယူပြီးနောက် အလုပ်ပြန်သွားရသည်။
“အမေ၊ ကျွန်တော် အမေ့ကို ဝယ်ပေးတဲ့ ကျောက်စိမ်း ရှိသေးလား”
ရဲ့လင်းချန်က ဆိုင်းမဆင့် ဗုံမဆင့် မေးလာသည်။
“ရှိတယ်လေ”
ရှုကျန်းက ခေါင်းညိတ်၍ ဘီရိုထဲမှ ကျောက်စိမ်းကို ထုတ်လာသည်။ ဘူးသည် ထိထားခြင်း မရှိဘဲ ပထမဆုံး ဝယ်ခဲ့သည့်အတိုင်း ဖြစ်နေသည်။
“အရမ်းဈေးကြီးတဲ့အရာတွေကို မင်း နောက်တစ်ခါ ထပ်မဝယ်နဲ့တော့နော်၊ ပိုက်ဆံကုန်တယ်”
“အမေ၊ ကျွန်တော်က အမေ ဝယ်ဖို့အတွက် ဝယ်ပေးထားတာလေ”
ရဲ့လင်းချန်က ကျောက်စိမ်းကို ကိုင်၍ ပြောလိုက်သည်။ ထို့နောက် သူ ထပ်မေးသည်.
“အမေ အမေ့ဆိုင်မှာ အခြားတန်ဖိုးကြီးပစ္စည်းတွေ ရှိသေးလား၊ အမေ ကျွန်တော့်ကို လိုက်ပြပါလား”
“မင်း ဘာတွေ စဉ်းစားနေတာလဲ”
ရှုကျန်းက သူ့အား မယုံသင်္ကာစွာ ကြည့်သည်။
“သား၊ အမေ ပြောတာကို နားထောင်၊ မင်း ချမ်းသာနေရင်တောင်မှ ပိုက်ဆံကို ဖြုန်းမနေပါနဲ့”
“အမေ ဒီတစ်ခေါက်က တကယ် အရေးကြီးတာ၊ ကျွန်တော် အမေ့ကို ပြောပြမယ်၊ ဒီကျောက်စိမ်းက စိတ်ဝိညာဉ် ကျောက်စိမ်းပဲ”
ရဲ့လင်းချန်က ခပ်တိုးတိုးအသံနှင့် ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
“စိတ်ဝိညာဉ်ကျောက်စိမ်း ဟုတ်လား”
ရှုကျန်း စိတ်ရှုပ်ထွေးသွားသည်။
“စိတ်ဝိညာဉ်ကျောက်စိမ်းပဲ”
ရဲ့လင်းချန်က ထပ်၍ ပြောလိုက်သည်။
“ကျွန်တော် မြို့တော်မှာ အများကြီး ကြုံခဲ့ပြီးပြီ၊ သူတို့ဆီမှာ ဒီလိုကျောက်စိမ်းတွေ အများကြီးရှိတယ်၊ ဈေးက သန်းချီတာ၊ ကျွန်တော်က ဒီမှာ အဲ့လူတွေ မတွေ့သေးတဲ့ ကျောက်စိမ်းတွေကို ရှာမလို့”
“သန်းချီတယ် ဟုတ်လား၊ အဲ့ဒါ တကယ်လား”
ရှုကျန်းက တအံ့တဩ ပြောလာသည်။
“တကယ်၊ ဒီကျောက်စိမ်းကို အမေ့အနားမှာ အမြဲတမ်း ထားမယ်ဆိုရင် ခန္ဓာကိုယ်အတွက် အကျိုးရှိတယ်၊ ဒါက အသက်ကို ပိုရှည်စေနိုင်ပြီးတော့ အမေ့ရဲ့ နုပျိုမှုကိုတောင်မှ ထိန်းသိမ်းပေးတယ်”
“နုပျိုမှုကို ထိန်းသိမ်းပေးတယ် ဟုတ်လား”
ရှုကျန်း၏ မျက်လုံးများ ဝင်းပသွားသည်။ မည်သည့် အမျိုးသမီးမဆို ထိုသို့သော မက်လုံးကို လိုချင်ကြပေသည်။
“ဟုတ်တယ်၊ အဲ့ဒါကြောင့် အမေ့ဆိုင်မှာ ဒီလိုတခြား တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ရှိသေးလားလို့ ကျွန်တော် မေးတာ၊ ကျွန်တော် ထပ်သွားကြည့်ချင်တယ်၊ အဲ့ဒါတွေက ပစ္စည်းကောင်းတွေ”
“မင်း ဒါကို ဝယ်သွားပြီးတော့ အမေတို့ဆီမှာ နောက်ထပ် တန်ဖိုးကြီးပစ္စည်း ဝင်လာတယ်၊ ဒါပေမဲ့ ဈေးက အရင်တစ်ခုထက် ပိုဈေးကြီးနေတယ်”
ရှုကျန်းက မယုံနိုင် ဖြစ်နေသော်လည်း အဆုံး၌ သူမ၏ သားကို ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။
သားအမိ နှစ်ယောက်လုံး ရှုကျန်း အလုပ်လုပ်သည့်ဆိုင်သို့ အတူတူ ရောက်လာကြသည်။
နောက်ဆုံး၌ ရဲ့လင်းချန်သည် တန်ဖိုးကြီး ရတနာပစ္စည်းတစ်ခုကို ယွမ်လေးသိန်းဖြင့် ရက်ရောစွာ ဝယ်ယူခဲ့သည်။
ယင်းက ဆိုင်ထဲမှ လူအားလုံး၏ အာရုံကို ချက်ချင်း ဖမ်းစားသွားသည်။ ဆိုင်ရှင်တောင်မှ ပေါ်လာရလေသည်။
ရဲ့လင်းချန်သည် နာမည်ကြီးတစ်ယောက် ဖြစ်ပြီး ဆိုင်ရှင်၏ မျက်လုံးထဲ၌ သူက VIP တစ်ယောက် ဖြစ်သည်။ ထို့အပြင် ရဲ့လင်းချန်၏ သုံးစွဲမှုက ရက်ရောပြီး ဆိုင်၌ ယွမ်ရာထောင်ချီ သုံးစွဲခဲ့သည်။
ဝန်ထမ်းအားလုံးက ရှုကျန်းအား အားကျစွာ ကြည့်နေသည်။
*သူ့သားကို ကြည့်ပါဦး၊ ဘယ်လိုလုပ် သူက ဒီလောက် တော်ရတာလဲ၊ အဓိကက သူက သားသမီး ဝတ္တရား ကျေပြီးတော့ သူ့မိဘတွေအတွက် ဝယ်ပေးချင်စိတ် ရှိတာပဲ*
ဆိုင်ရှင်သည် ရှုကျန်းအား သာမန် ဝန်ထမ်းတစ်ယောက်ကဲ့သို့ မဆက်ဆံရဲတော့ချေ။ သူမသည် VIP တစ်ယောက်၏ မိခင် ဖြစ်ပြီး သူမ၏ဂုဏ်သိက္ခာက သားဖြစ်သူနှင့်အတူ မြင့်တက်လာသည်။ သူမကို သူ ဝမ်းသာအားရ မျက်နှာသာ ပေးမိမည် ဖြစ်သည်။
ရဲ့လင်းချန်သည် ကျောက်စိမ်း နှစ်တုံးနှင့်အတူ အိမ်ပြန်လာခဲ့သည်။
သူ ရှုကျန်းကို ပြောခဲ့သည့် စကားများက အလိမ်အညာသာ ဖြစ်သော်လည်း ယင်းက အဖြူရောင်မုသားသာ ဖြစ်သည်။
ကျောက်စိမ်း၏ အရည်အသွေးက ကောင်းမွန်ပြီး အလယ်အလတ်အဆင့် ရှိသည်ဟု ပြောနိုင်ပေသည်။ သို့သော် ယင်း၌ ရဲ့လင်းချန် ပြောခဲ့သော အကျိုးသက်ရောက်မှုများ ရှိရန် မဖြစ်နိုင်ချေ။ သို့ရာတွင် ရဲ့လင်းချန်၏ သန့်စင်ခြင်း စွမ်းရည်နှင့် ပေါင်းလိုက်ပါက အခြေအနေက ကွာခြားသွားပေမည်။
သူ့၌ အရည်အချင်း ရှိနေပြီ ဖြစ်သဖြင့် သူ၏မိဘများကို သူ ပို၍ ကောင်းစွာ ဂရုစိုက်သွားမည် ြဖစ်သည်။ သူတို့၏ ဘဝကို သူ ဝင်စွက်ဖက်မည် မဟုတ်ဘဲ သူတို့အား သူနှင့်အတူ နေစေမည် ဖြစ်သည်။ သို့သော် သူသည် သူတို့ကို အကောင်းဆုံး ကြိုးစား၍ ကူညီမည် ဖြစ်ပြီး ပို၍ ကောင်းမွန်သော ဘဝမျိုး ပေးရန် ကြိုးစားရပေမည်။
ကျောက်စိမ်းနှစ်တုံးလုံးက ကြီးမားနေသဖြင့် သယ်ယူရ အဆင်မပြေချေ။ ရဲ့လင်းချန်သည် ၎င်းတို့အား လေးခုပိုင်းပြီး သူ့မိဘများနှင့် အဘိုးအဘွားများအား ပေးရန် ပြင်ဆင်နေသည်။ ၎င်းတို့သည် သက်တောင့် သက်သာ ရှိပြီး လှလှပပ ဝတ်ဆင်ထားနိုင်သည်။
သူသည် ကျောက်စိမ်းနှစ်တုံးလုံးကို ပွတ်သပ်လိုက်သည်။ ၎င်းတို့သည် ချောမွေ့၍ နူးညံ့သည်။ သူ့စိတ်ထဲ၌ အကြမ်းဖျင်း အကြံတစ်ခုပင် ရှိနေလေသည်။
တစ်ခဏမျှ စဉ်းစားတွေးတောပြီးနောက် သူသည် မီးဖိုချောင်ဘက်သို့ လျှောက်သွားပြီး သန့်စင်ခြင်းလုပ်ငန်းအား မီးဖိုချောင်အတွင်း၌ လုပ်ဆောင်ရန် ပြင်ဆင်လေသည်။