← Chapters

အင်ပါယာအဆင့်ကျင့်ကြံခြင်းအတတ်ပညာ၏ လျှို့ဝှက်ချက်

Vol. 64 Ch. 995

အင်ပါယာအဆင့်ကျင့်ကြံခြင်းအတတ်ပညာ၏ လျှို့ဝှက်ချက်

Vol. 64 Ch. 995

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ ထို့နောက် သူက အလယ်မှာ တင်ပျဉ်ခွေထိုင်လိုက်ပြီး ရွှေကျီးကန်းထဲသို့ စိတ်နစ်မြှုပ်လိုက်သည်။

ဤတစ်ကြိမ်တွင် သူက ရွှေကျီးကန်း၏ အသွင်ပြောင်းလဲမှုကို မစဉ်းစားတော့သလို ရွှေကျီးကန်း၏ ဇစ်မြစ် သို့မဟုတ် နေလုံး၏ ဇစ်မြစ်ကိုလည်း မစူးစမ်းရှာဖွေတော့ပေ။ ထိုအရာအားလုံးကို သူ၏ အတွေးများထဲမှ ဖယ်ရှားလိုက်သည်။

ဤအခိုက်အတန့်၌ သူ၏ အသိစိတ်ထဲ၌ ဘေးပတ်ဝန်းကျင်မှ အရာအားလုံးနှင့် သူ၏ ခန္ဓာကိုယ်က ဆက်လက်ရှိမနေတော့ပေ။ သူ၏ မျက်လုံးထဲမှာ မီးတောက်လောင်နေသော ရွှေကျီးကန်းတစ်ခုတည်းသာ ရှိတော့သည်။

ရွှေကျီးကန်း၏ အနက်ရောင်ခန္ဓာကိုယ်နှင့် ထွန်းလင်းတောက်ပသော မီးတောက်များသည် သူ၏ အဓိကအာရုံစိုက်မှုဖြစ်လာသည်။

“ အသေးစိတ်အမြင်နဲ့ ကြည့်မယ်ဆိုရင် ဒီမီးတောက်တွေကလည်း ပုံရိပ်ယောင်ပါပဲ… အဲ့ဒါက အဓိပ္ပာယ်မရှိဘူး ”

ရွှီချင်းက ထိုသို့တွေးလိုက်သည်နှင့်တစ်ပြိုင်နက် ရွှေကျီးကန်း၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်များသည် ချက်ချင်း မှေးမှိန်သွားပြီး ငြိမ်းသတ်သွားသည်။ ယင်းတို့က ဆက်လက်မရှိတော့ပေ။

မီးတောက်များလွင့်ပြယ်သွားသည့်အခါ ရွှီချင်း၏ ခန္ဓာကိုယ်သည် တုန်ယင်လာသည်။ ရွှေကျီးကန်း၏ မီးတောက်များကို ငြိမ်းသတ်ခြင်းသည် ယခင်က တစ်ခါမှ သူမလုပ်ဆောင်ဖူးသော အရာဖြစ်သည်။ ဤအခိုက်အတန့်မှာ ဝိညာဉ်နတ်သူငယ်ဖြစ်သော သူ၏ ရွှေကျီးကန်းက ဒဏ်ရာရရှိသွားမှုကြောင့် သူ၏ ခန္ဓာကိုယ်သည်လည်း နာကျင်လာသည်။

အကယ်၍ အတိတ်တုန်းကဆိုလျှင် ရွှီချင်းသည် ဆက်လက် ကြိုးစားလိမ့်မည်မဟုတ်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ၏ လုပ်ဆောင်မှုတိုင်းက အန္တရာယ်များဖြင့် ပြည့်နှက်နေသောကြောင့် ဖြစ်သည်။

သို့သော်လည်း ယခု သူက အိမ်ရှေ့စံမင်းသား၏ ညွှန်ကြားမှုကို ရရှိထားသဖြင့် ရွှီချင်းသည် သူ၏ ခန္ဓာကိုယ်ထဲမှ စိတ်မသက်မသာဖြစ်သော ခံစားမှုကို ဖိနှိပ်လိုက်သည်။ သူက တစ်ခဏ တွေးတောပြီးနောက် သူ့အရှေ့မှ ရွှေကျီးကန်းကို ကြည့်လိုက်သည်။

ရွှေကျီးကန်းသည်လည်း ထိန်းချုပ်မရအောင် တုန်ရီလာပြီး ရွှီချင်းကို ပြန်ကြည့်လာသည်။

ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ရွှေကျီးကန်း၏ လက်ရှိအသွင်ပုံစံသည် မလိုအပ်သည့်အရာက များပြားနေကြောင်း သူခံစားမိသည်။

သူက ထိုသို့တွေးလိုက်သည့်အခါ ရွှေကျီးကန်း၏ ခန္ဓာကိုယ်သည် ကျုံ့သွားပြီး ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ ငှက်မွှေးအားလုံးက ပျောက်ကွယ်သွားသည်။ ယခု ၎င်းက ကိုယ်လုံးတီးဖြင့်သာ ရှိနေတော့သည်။

ထိုသို့လုပ်ဆောင်မှု၏ နောက်ဆက်တွဲဆိုးကျိုးသည် အလွန်ကြီးမားသည်။

ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သို့သော်လည်း သူက နာကျင်မှုကို အတင်းအကျပ် တောင့်ခံထားစမြဲပင်။ ဤတစ်ကြိမ်တွင် သူက လမ်းမှန်ကို ဦးတည်နေခြင်းဖြစ်ကြောင်း သူ၏ မသိစိတ်မှ အလိုအလျောက် ခံစားမိနေသည်။ ထို့ကြောင့် သူက အံတင်းတင်းကြိတ်လိုက်ပြီး စိတ်ဆုံးဖြတ်လိုက်သည်။

နောက်အခိုက်အတန့်မှာ ရွှေကျီးကန်းသည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး ရွှီချင်း၏ အရှေ့မှာ ပေါက်ကွဲထွက်သွားသည်။ ၎င်းက စက္ကန့်ပိုင်းလေးအတွင်းမှာ မရေမတွက်နိုင်သော ပုံရိပ်ယောင် အသွေးအသားအပိုင်းအစများသို့ ပြောင်းလဲသွားကြပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားကြသည်။ ရွှီချင်းသည် သွေးတစ်ပွက် အန်ထုတ်လိုက်ရသည်။ သို့သော်လည်း သူ၏ နတ်ဘုရားအသိစိတ်ကို အသွေးအသားအပိုင်းအစများပေါ်သို့ ပို့လွှတ်လိုက်ပြီး အာရုံစူးစိုက်လိုက်သည်။

သူ၏ စိတ်အာရုံထဲမှာ ထိုအသွေးအသားကို ရောင်စုံချည်မျှင်အမျိုးမျိုးဖြင့် ယှက်ထွေပြီး ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဤသည်မှာ အသွေးအသားတစ်တုံးစီက ချည်မျှင်အရှုပ်အထွေးတစ်ထုံး ဖြစ်သည့်အလားပင်။

ချည်မျှင်တစ်ခုစီမှာ ဝိညာဉ်အားလှိုင်းအတတ်အကျတချို့ ပါရှိသည်။ ထိုထဲမှာ သူ၏ ဝိညာဉ်နတ်သူငယ်၊ ကောင်းကင်ဘုံမီးတောက်နှင့် သက်ရှိထောင်သောင်းချီ၏ ဝိညာဉ်များပါရှိကြောင်း ရွှီချင်း အာရုံခံမိသည်။

ထိုအရာအားလုံးသည် ရွှေကျီးကန်းက ယခုကဲ့သို့ အသွင်သဏ္ဍာန်မျိုး မွေးဖွားလာအောင် ဝါးမျိုပစ်ခဲ့သောအရာများ ဖြစ်ကြသည်။

“ ဒါလက်ဖက်ရည်ပဲ ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။

“ နောက်တစ်ဆင့်အနေနဲ့ ဒီထဲက ပါဝင်ပစ္စည်းတွေကို ခွဲထုတ်ပစ်ရမယ် ”

ရွှီချင်းက ဆန္ဒပြုလိုက်သည့်အခါ အသွေးအသားများသည် မြန်ဆန်စွာ လျော့နည်းသွားသည်။ ချည်မျှင်များသည် တစ်ခုပြီးတစ်ခု ကွာကျလာသည်။ ရွှေကျီးကန်း၏ အော်ဟစ်သံသည်လည်း ပဲ့တင်ထပ်လာသည်။

ရွှီချင်းသည် သွေးအကြိမ်ကြိမ် အန်လိုက်ရသည်။ သို့သော်လည်း သူ၏ အကြည့်သည် မဆုတ်မနစ်ဇွဲလုံ့လကို ထုတ်ဖော်ပြနေသည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီး ဆက်လက်ဆောင်ရွက်သည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ယခု သူက အပြင်လောကမှ အရာအားလုံးကို မေ့လျော့သွားပြီး သူ၏ မျက်လုံးထဲမှာ အရွယ်အစားကျုံ့သွားနေသော ရွှေကျီးကန်းတစ်ခုတည်းသာ ရှိတော့သည်။ ရက်ပေါင်းများစွာကြာပြီးနောက် ရွှေကျီးကန်းကို ဖွဲ့စည်းထားသော ချည်မျှင်များသည် (၉၀)ရာခိုင်နှုန်းကျော် လျှော့နည်းသွားသည်။

ယခု ချည်မျှင်သုံးခုတည်းသာ ကျန်ရှိတော့သည်။

တစ်ခုသည် အနက်ရောင်ဖြစ်ပြီး တခြားတစ်ခုသည် အနီရောင်ဖြစ်သည်။ ကျန်တစ်ခုသည် ခရမ်းရောင်ဖြစ်သည်။

“ လက်ဖက်ရည်ကို လုံးဝခွဲထုတ်ပစ်ရမယ့်အချိန် ရောက်ပြီ ”

ရွှီချင်း၏ နှလုံးသားသည် လှုပ်ခါလာသည်။ ခရမ်းရောင်ချည်မျှင်သည် သူ၏ ဝိညာဉ်နတ်သူငယ်ဖြစ်ပြီး အနီရောင်ချည်မျှင်သည် မီးတောက်ကို ကိုယ်စားပြုသည်။ အနက်ရောင်ချည်မျှင်သည်တော့ ရွှေကျီးကန်း၏ အသက်အနှစ်သာရဖြစ်ပြီး အင်ပါယာအဆင့်ကျင့်ကြံခြင်းအတတ်ပညာ၏ အဓိကအနှစ်သာရလည်း ဖြစ်ပေသည်။

“ သစ်ရွက်ကို ခွဲထုတ်လိုက်ရင်တောင် သစ်ရွက်က သစ်ပင်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေဦးမှာပဲလို့ အိမ်ရှေ့စံမင်းသားက ငါ့ကို ညွှန်ကြားပေးသွားတယ်… ဆိုလိုတာက ရွှေကျီးကန်းကို ငါဘယ်လောက်ပဲ ခွဲထုတ်ပါစေ ကိစ္စမရှိဘူး… အဲ့ဒါက မူလပုံစံအတိုင်း ပြန်ကောင်းလာနိုင်တယ် ”

ရွှီချင်းသည် အိမ်ရှေ့စံမင်းသား၏ ညွှန်ကြားမှုကို ပြန်တွေးတောနေရင်း ခွဲထုတ်ခြင်းလုပ်ငန်းစဉ်ကို သေချာအာရုံစိုက်ထားသည်။ ဖယ်ရှားခံလိုက်ရသော ချည်မျှင်များက မပျောက်ကွယ်သွားကြောင်း သူခံစားမိသည်။ ယင်းတို့က ထိုနေရာမှာ ဆက်ရှိနေဆဲပင်။

သူတို့ကြားမှ အပြန်အလှန်ဆက်သွယ်မှုကြောင့် သူက အတွေးတစ်ချက်ဖြင့်ပင် ယင်းတို့ကို ပြန်လည်ဖွဲ့စည်းနိုင်ပေသည်။

ယင်းက အိမ်ရှေ့စံမင်းသား၏ ညွှန်ကြားမှုသည် မှန်ကန်ကြောင်း သက်သေပြုပေးနေသည်။

“ ဒါဆိုရင် အနီရောင်ချည်မျှင်ကို အရင်ဆုံး ငါဖယ်ထုတ်မယ် ”

ရွှီချင်းသည် အံတင်းတင်းကြိတ်လိုက်သည်။ သူက နတ်ဘုရားအသိစိတ်ကို စုစည်းလိုက်ပြီး အနီရောင်ချည်မျှင်ကို နည်းနည်းချင်းစီ ဆွဲထုတ်သည်။ ထိုလုပ်ငန်းစဉ်သည် ရွှီချင်းကို အပြင်းအထန် နာကျင်ခံစားမိစေသည်။ နာကျင်မှုကြောင့် သူ၏ ခန္ဓာကိုယ်သည်ပင် တသိမ့်သိမ့်တုန်လာသည်။

သို့သော်လည်း ရွှီချင်းသည် လက်မလျော့ပေ။ သူက ဆက်လက် လုပ်ဆောင်သည်။

ရက်ပေါင်းများစွာ ကုန်ဆုံးသွားသည်။ ရွှီချင်းသည် ကျင့်ကြံခြင်းမှာ လုံးဝစိတ်နစ်မြှုပ်ထားသောကြောင့် ဤခုနစ်ရက်ရှစ်ရက်အတွင်းမှာ ဆေးဆိုင်က အတော်လေး ပြောင်းလဲသွားခဲ့ကြောင်း သတိမထားမိပေ။

သူရှိနေသော နောက်ဖေးခန်းသည် အလွန်အားကောင်းသော စွမ်းအင်အတတ်အကျလှိုင်းများဖြင့် ပြည့်နှက်နေပြီး သဏ္ဍာန်မဲ့ချည်မျှင်များသည် အရပ်မျက်နှာအဘက်ဘက်သို့ ပြန့်ကျဲသွားနေကြသည်။ ယင်းတို့ ဖြတ်သန်းသွားသည့်နေရာတိုင်း ပေါက်ကွဲသံများ တရစပ် ထွက်ပေါ်လာလိမ့်မည်။

သူ၏ ခန္ဓာကိုယ်သည် သွေးဖြင့် ရွှဲရွှဲစိုနေသည်။ သူ၏ အဝတ်အစားများသည် မီးကျွမ်းသွားကြပြီ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ရွှေကျီးကန်းဆေးမင်ကြောင်သည် စူးရှသော အော်မြည်သံများကို ထုတ်လွှတ်နေသည်။ ဆေးမင်ကြောင်၏ စုတ်ချက်တစ်ခုစီမှလည်း သွေးထွက်နေသည်။

ယင်းက အသေးအဖွဲမျှသာ ဖြစ်သည်။ လွန်ခဲ့သော ရက်များတွင် သူ၏ အရှိန်အဝါသည် အဆမတန် မြင့်တတ်သွားခဲ့သည်။ တစ်ခါတစ်ရံ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများက ရုတ်တရက် ပေါက်ကွဲထွက်လာတတ်သည်။ တစ်ခါတစ်ရံ ယင်းတို့က ရုတ်တရက် ပျောက်ကွယ်သွားတတ်သည်။

ဤသည်မှာ အံ့ဖွယ်စွမ်းအင်တစ်မျိုးက ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှာ နိုးထလာနေဟန် ရသည်။

ထိုစွမ်းအင်ကို ကောင်းကင်ဘုံတာအိုက ခွင့်မပြုဟန် သို့မဟုတ် ဝမ်ကူးကုန်းမြေက လက်မခံဟန် ရသည်။

သို့ဖြစ်၍ ဆေးဆိုင်အပြင်ဘက် ဘဝကံကြမ္မာဆိုးတောင်တန်း၏ ကောင်းကင်ထက်တွင် ခုနစ်ရက်မှရှစ်ရက်အထိ တိမ်မည်းများဖြင့် ပြည့်နှက်နေပြီး မိုးထစ်ချုန်းသံများသည် လောကတစ်ခွင် ပဲ့တင်ထပ်နေသည်။

ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှ ကျင့်ကြံသူအားလုံးသည် ထိတ်လန့်သွားကြသည်။ မည်သို့ကြောင့် ထိုသို့ဖြစ်ပျက်နေကြောင်း သူတို့မသိကြပေ။ ကောင်းကင်ပေါ်မှ မိုးကြိုးသည် တစ်စုံတစ်ခုကို ပြောချင်နေဟန်ရသော်လည်း အပြင်လူများသည် နားမလည်နိုင်ကြပေ။

ယင်းကို နားလည်နိုင်သော လူများသည် မရှိသလောက်ရှားပါးသည်။ သို့သော်လည်း အိမ်ရှေ့စံမင်းသားသည် နားလည်သည်။ ထိုနားလည်မှုကြောင့် သူက ရွှီချင်းအပေါ် ပိုပြီးအံ့ဩသွားရသည်။

ဆေးဆိုင်ထဲတွင် လင်းအာသည် စိုးရိမ်ပူပန်နေသည်။

ခေါင်းဆောင်သည် ထိတ်လန့်သွားသည်။

နင်ယန်သည် ကြောက်လန့်သွားပြီး သူ၏ နှလုံးသည် တုန်လှုပ်သွားသည်။ ဝူကျန်းဝူသည် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

အိမ်ရှေ့စံမင်းသားသည် နောက်ဖေးခန်းထဲသို့ ဝင်သွားသည်။ သူက အခန်းထဲမှာ တင်ပျဉ်ခွေလျက် ထိုင်နေသော ရွှီချင်းကို သေချာစူးစိုက်ကြည့်လိုက်သည်။

သူ၏ အမူအရာသည် ကြိမ်ဖန်များစွာ ပြောင်းလဲနေသည်။ သူက ညာလက်ကို အကြိမ်ကြိမ် မြှောက်တင်လိုက်လေရာ ရွှီချင်း၏ ဆင်ခြင်သုံးသပ်မှုကို နှောင့်ယှက်ချင်ဟန် ရသည်။ သို့သော်လည်း အဆုံးမှာတော့ သူက သူ့ကိုယ်သူ ချုပ်ထိန်းထားလိုက်သည်။

“ ဒီကောင်လေးက ဝမ်ကူးကုန်းမြေမှာ ပြောခွင့်မရှိတဲ့ တားမြစ်ချက်ကို နားလည်အောင် ကြိုးစားနေတာပဲ ”

“ ငါ… ငါသူ့ကို ဘာမှမပြောခဲ့ပါဘူး ”

အိမ်ရှေ့စံမင်းသားသည် အနည်းငယ် တုံ့ဆိုင်းသွားသည်။ သေချာဂရုတစိုက် ပြန်တွေးကြည့်ပြီးနောက် သူက သက်ပြင်းချလိုက်သည်။ ဤသည်မှာ သူ့အရှေ့မှ ကောင်လေးက အနည်းငယ် ထူးဆန်းသည်ဟု ပထမဆုံးအကြိမ် သူခံစားမိခြင်း ဖြစ်သည်။

ထိုအခိုက်အတန့်မှာ မိုးကြိုးသည် အပြင်ဘက်တွင် ထစ်ချုန်းသွားသည်။ မိုးခြိမ်းသံက အိမ်ရှေ့စံမင်းသား၏ နားထဲသို့ ဝင်ရောက်သွားသောအခါ ယင်းက ဝမ်ကူးကောင်းကင်ဘုံတာအို၏ ဟန့်တားခြင်းနှင့် ကြီးမားသော သတိပေးမှုအဖြစ်သို့ ပြောင်းလဲသွားသည်။

“ အင်ပါယာအဆင့်ကျင့်ကြံခြင်းအတတ်ပညာတိုင်းမှာ ဝမ်ကူးကုန်းမြေရဲ့ ချိပ်တံဆိပ်ပါရှိတယ်… ”

“ အဲ့ဒီနေ့တုန်းက အတူယှဉ်တွဲနေထိုင်ခြင်းနဲ့ လက်လျော့ခြင်း သဘောတရားကို ငါညွှန်ပြခဲ့တာပါ… ”

အိမ်ရှေ့စံမင်းသားသည် သက်ပြင်းချလိုက်သည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး ရွှီချင်း၏ အရှိန်အဝါအားလုံးကို ဖုံးကွယ်ပေးလိုက်ကာ ကိုယ်တိုင်ကိုယ်ကျ ကာကွယ်စောင့်ရှောက်ပေးလိုက်သည်။

ထိုအခိုက်အတန့်မှာ ရွှီချင်းသည် ဆင်ခြင်သုံးသပ်နေဆဲ ဖြစ်သည်။ သူ၏ မဆုတ်မနစ်သော ကြိုးစားအားထုတ်မှုအောက်မှာ အနီရောင်ချည်မျှင်သည် နောက်ဆုံးမှာတော့ လုံးလုံးဆွဲထုတ်ခံလိုက်ရသည်။

ဤအခိုက်အတန့်မှာ သူ့အရှေ့မှ ရွှေကျီးကန်း၏ အသွင်အပြင်သည် လုံးဝပျောက်ကွယ်သွားပြီး အတူတကွ ယှက်ထွေနေသော ချည်မျှင်နှစ်ခုသာလျှင် ကျန်ရှိတော့သည်။ တစ်ခုသည် အနက်ရောင်ဖြစ်ပြီး တခြားတစ်ခုသည် ခရမ်းရောင်ဖြစ်သည်။

“ နောက်တစ်ခုက ခရမ်းရောင်ချည်မျှင်ပဲ ”

ရွှီချင်းသည် တုံ့ဆိုင်းမနေပေ။ သူက ခရမ်းရောင်ချည်မျှင်ကို ချက်ချင်း ဆွဲထုတ်လိုက်သည်။ ချည်မျှင်ဆွဲထုတ်သော လုပ်ငန်းစဉ်သည် သူ၏ ခန္ဓာကိုယ်ထဲမှ အကြောများက ဆွဲထုတ်ခံနေရသည့်အလား ပြင်းထန်သော နာကျင်မှုကို ခံစားရစေသည်။ သူ၏ ဝိညာဉ်သည်ပင် တုန်ရီနေကြောင်း ရွှီချင်း ခံစားမိသည်။

သို့သော်လည်း ရွှီချင်း၏ စိတ်ဝိညာဉ်သည် အလွန်အားကောင်းသည်။ သူက ခရမ်းရောင်ချည်မျှင်ကို ဆွဲထုတ်လိုက်သောအခါ အဖြေသည် သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။

“ ထွက်လာစမ်း ”

သူက အစွမ်းကုန် ထုတ်သုံးလိုက်သည့်အခါ ရွှီချင်း၏ နှလုံးသည် လှုပ်ခါလာသည်။ အချိန်ကာလတစ်ခုကြာပြီးနောက် သူက ခရမ်းရောင်ချည်မျှင်ကို လုံးလုံးဆွဲထုတ်နိုင်သွားသည်။ ခရမ်းရောင်ချည်မျှင် မရှိတော့သည့်နှင့်ချက်ချင်း သူ့အရှေ့မှ ရွှေကျီးကန်းသည် အနက်ရောင်ချည်မျှင်တစ်ခုတည်းသာ ကျန်ရှိတော့သည်။

ထိုချည်မျှင်က လှုပ်ခါလာသည့်အခါ ၎င်းထံမှ ထုတ်လွှတ်နေသော စွမ်းအင်အတတ်အကျသည် အလွန်ကြောက်စရာကောင်းသည်ဟု ရွှီချင်း ခံစားမိသည်။

“ ဒါက… ”

ရွှီချင်း၏ ဝိညာဉ်သည် တုန်လှုပ်သွားပြီး သူ၏ စိတ်အာရုံသည် တစ်နေရာတည်းမှာ စုဝေးသွားသည်။ ယင်းက အနောက်ရောင်ချည်မျှင်ကို သူ၏ မျက်လုံးထဲမှာ ထင်ထင်ရှားရှား မြင်နိုင်လာစေသည်။

အဆုံးမှာတော့ ထိုအနက်ရောင်ချည်မျှင်က အဆုံးမဲ့စွာ ကြီးထွားလာသည်။ ဤသည်မှာ အနက်ရောင်ချည်လုံးကမ္ဘာငယ်တစ်ခုက ရွှီချင်း၏ စိတ်အာရုံထဲမှာ ထွက်ပေါ်လာသည့်အလားပင်။ ထိုအချင်းအရာကို မြင်သွားသောအခါ ရွှီချင်း၏ နှလုံးသည် ချက်ချင်း တုန်လှုပ်လာသည်။

အနက်ရောင်ချည်မျှင်သည် ချိတ်ဆက်မခံထားရပေ။

ဤသည်မှာ မရေမတွက်နိုင်သော အနက်ရောင်အစိတ်အပိုင်းများက အတူတကွ ရောထွေးတည်ရှိနေသည့်အလားပင်။ အစိတ်အပိုင်းတစ်ခုနှင့် တစ်ခုကြားတွင် လျှပ်စီးကြောင်းများ ရှိသည်။

ထိုလျှပ်စီးကြောင်းများသည် ကြိုးများသဖွယ် အဆုံးမဲ့သော အနက်ရောင်အစိတ်အပိုင်းများကို ထွင်းဖောက်ထားကြသည်။ သို့ဖြစ်၍ ယင်းကို အဆပေါင်းများစွာ ကျုံ့လိုက်သောအခါ အနက်ရောင်ချည်မျှင်သဖွယ် ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

အနက်ရောင်အစိတ်အပိုင်းများ၏ ပုံပန်းသဏ္ဍာန်သည် အစီအစဉ်မကျပေ။ ယင်းတို့ကို တစ်ခုနှင့်တစ်ခု တွဲစပ်ထားသည့်အလားပင်။

သို့သော် အနီးကပ် သေချာကြည့်မည်ဆိုလျှင် ယင်းက အနက်ရောင်လှံတစ်ချောင်း ဖြစ်သည်။

သူက ယင်းကို အာရုံခံမိသွားသည်နှင့်တစ်ပြိုင်နက် နားလည်မှုတစ်ခုသည် သူ၏ အသိစိတ်ထဲမှာ ချက်ချင်း ပေါ်လျှိုးလာသည်။

“ တားမြစ်လက်နက် ”

ထိုလက်နက်သည် ကောင်းကင်ကို အက်ကွဲစေနိုင်ပြီး မြေပြင်ကို ဖျက်ဆီးပစ်နိုင်သည်။ ယင်းက တာအိုကို အမြစ်ဖြတ်သုတ်သင်ပစ်နိုင်သည့်အပြင် နတ်ဘုရားများကိုလည်း သတ်ဖြတ်ပစ်နိုင်သည်။

ထိုမြင်ကွင်းသည် ရွှီချင်း၏ အတွေးများကို တွန်းလှန်ပစ်လိုက်ပြီး သူ၏ ဝိညာဉ်ကို လှုပ်ခါသွားစေသည်။ ရွှေကျီးကန်း၏ မူလဇစ်မြစ်ထဲမှာ မရေမတွက်နိုင်အောင် အပိုင်းပိုင်းအစစ အက်ကွဲနေသော ကြောက်မက်ဖွယ်ရာ လက်နက်တစ်ခုရှိနေမည်ဟု လုံးဝ သူမမျှော်လင့်ထားခဲ့ပေ။

“ အဲ့ဒါက အင်ပါယာအဆင့်ကျင့်ကြံခြင်းအတတ်ပညာရဲ့ အနှစ်သာရလား ”

“ အဲ့ဒါက ရွှေကျီးကန်းရဲ့ မူလဇစ်မြစ်လား ”

“ အဲ့ဒါက အမှန်ဆိုရင် အင်ပါယာအဆင့်ကျင့်ကြံခြင်းအတတ်ပညာတိုင်းက ဒီလိုမျိုးလား… အတတ်ပညာတစ်ခုစီမှာ ကြောက်စရာကောင်းတဲ့ လက်နက်တစ်ခုစီကို ချိပ်ပိတ်ထားတာလား ”

“ ဘယ်သူက ချိပ်ပိတ်ခဲ့တာလဲ… ကောင်းကင်ဘုံတာအိုလား ”

“ ဘာလို့ ချိပ်ပိတ်ခဲ့တာလဲ… အဲ့တားမြစ်လက်နက်တွေရဲ့ ပိုင်ရှင်က ဘယ်သူလဲ ”

“ အဲ့ဒါဆိုရင် ဘာလို့ အင်ပါယာအဆင့်ကျင့်ကြံခြင်းအတတ်ပညာတွေကို ကျင့်ကြံခိုင်းနေသေးလဲ… မဟုတ်မှ… တားမြစ်လက်နက်တွေကို တဖြည်းဖြည်း ပြန်လည်ပြုပြင်ခိုင်းတာက အင်ပါယာအဆင့်ကျင့်ကြံခြင်းအတတ်ပညာရဲ့ အနှစ်သာရများဖြစ်နေမလား… ဒါမှ သူတို့ကို အပြည့်အဝ ထိန်းချုပ်နိုင်မှာလား ”

“ ဝမ်ကူးကုန်းမြေထဲမှာ လျှို့ဝှက်ချက်တွေ ဘယ်လောက်တောင်မှ ဖုံးကွယ်ထားတာလဲ ”

ရွှီချင်း၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရအောင် အပြင်းအထန် တုန်ရီလာသည်။ ထိုစဉ် သူ၏ အသိစိတ်က ရုတ်တရက် အနောက်သို့ တွန်းထုတ်ခံလိုက်ရသည်။ သူ၏ စိတ်အာရုံက ပုံမှန်ပြန်ဖြစ်သွားသည့်အခါ ခရမ်းရောင်ချည်မျှင်သည် ရွှေကျီးကန်းဆီသို့ ပြန်ရောက်ရှိလာသည်။ ထို့နောက် အနီရောင်ချည်မျှင်နှင့် တခြားချည်မျှင်များက ရွှေကျီးကန်းဆီသို့ တစ်ခုပြီးတစ်ခု ပြန်ရောက်ရှိလာကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာ ဖရိုဖရဲအခြေအနေသည် ပုံမှန်ပြန်ဖြစ်သွားသည်။ လျှို့ဝှက်ချက်အားလုံးကို သိမ်းဆည်းပြီးသွားသောအခါ ရွှေကျီးကန်း၏ အသွေးအသားများက ပြန်လည်ဖြစ်ပေါ်လာကြသည်။ ထို့နောက် ယင်းတို့က အတူတကွ စုဝေးသွားကြပြီး ရွှေကျီးကန်း၏ အသွင်ပုံသဏ္ဍာန် ထွက်ပေါ်လာသည်။ မကြာမီ ၎င်း၏ ငှက်မွှေးများသည် ပြန်ပေါက်လာကြပြီး မီးတောက်များသည် ပြန်တောက်လောင်လာသည်။

အပူလှိုင်းက သူ၏ မျက်နှာကို ရိုက်ခတ်လာသောအခါ ရွှီချင်းသည် အလိုအလျောက် အနောက်သို့ ယိုင်သွားသည်။ ရွှီချင်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး သွေးအများအပြား အန်လိုက်ရသည်။

သူ၏ အသက်ရှူသံသည် တစ်ခါမှမဖြစ်စဖူး မြန်ဆန်လာသည်။ သူက မျက်လုံးဖွင့်လိုက်သည်နှင့်ချက်ချင်း မည်သည့်အချိန်ကမှန်းမသိ ရောက်ရှိနှင့်ပြီးသော အိမ်ရှေ့စံမင်းသားကို ပထမဆုံး မြင်သွားသည်။

ရွှီချင်းက စကားမပြောနိုင်ခင် အိမ်ရှေ့စံမင်းသားက ရုတ်တရက် ပြောသည်။

“ အဲ့အကြောင်းကို မပြောနဲ့… ဘာမှမမေးနဲ့ ”

ရွှီချင်း၏ နှလုံးသည် တုန်လှုပ်သွားပြီး သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ အချိန်အတော်ကြာပြီးနောက် သူက စိတ်တည်ငြိမ်သွားပြီး ဘေးပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ ဤနေရာမှာ အားကောင်းသော စွမ်းအင်လှိုင်းအတတ်အကျများရှိနေပြီး အပြင်လောကတွင် မိုးထစ်ချုန်းနေကြောင်း သူအာရုံခံမိသွားသည်။

နောက်ဆုံးမှာတော့ သူက အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူက ဆရာသခင်မဟူရာမျက်လုံးကို ချိပ်ပိတ်ထားသော ပုတီးစေ့ကို ထုတ်ယူလိုက်ပြီး အိမ်ရှေ့စံမင်းသားကို ကမ်းပေးလိုက်သည်။

“ အဖိုး… ငါ ဒီဟာကို ထပ်မလိုတော့ဘူး… မဟူရာမျက်လုံးကို ငါအနိုင်မယူနိုင်ဘူး… ပြီးတော့ ရွှေကျီးကန်းဝါးမျိုခံရမှာကို ငါမလိုလားဘူး… အရေးကြီးဆုံးကတော့ ရွှေကျီးကန်းရဲ့ တာအိုကို ငါရှာတွေ့ပြီးသွားပြီ ”

“ အင်း… ဒီဟာကို မင်းမလိုတော့ဘူး… ”

အိမ်ရှေ့စံမင်းသားသည် တိတ်ဆိတ်စွာ ယူလိုက်သည်။ ထို့နောက် သူက ရွှီချင်းကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။

ဤအခိုက်အတန့်မှာ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ရွှေကျီးကန်းသည် ယခင်က တစ်ခါမှမရှိခဲ့ဖူးသော ထက်ရှမှုကို ပိုင်ဆိုင်လာကြောင်း သူအာရုံခံမိသည်။ ထို့ပြင် ၎င်း၏ ပုံသဏ္ဍာန်က ပြောင်းလဲသွားနေသည်ဟု မသဲမကွဲ သူခံစားမိသည်။ ဤသည်မှာ ၎င်းက လှံတစ်ချောင်းအသွင်သို့ ပြောင်းလဲသွားနေဟန် ရသည်။

ယခု ရွှေကျီးကန်းဝိညာဉ်နတ်သူငယ်သည် ရွှီချင်း၏ ဝှက်ဖဲကတ်ဖြစ်လာသည်။

“ ကျွန်တော့်ကို ညွှန်ကြားပေးခဲ့တဲ့အတွက် အဖိုးကို ကျေးဇူးတင်ပါတယ်… အဖိုးကြောင့်ပဲ အသေးစိတ်ကျကျ ကျွန်တော် နားလည်နိုင်ခဲ့တာပါ ”

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခက်ခက်ခဲခဲ မတ်တတ်ရပ်လိုက်ကာ အိမ်ရှေ့စံမင်းသားကို အရိုအသေပေးလိုက်သည်။

သူက အလွန်ကျေးဇူးတင်မိသည်။ အကယ်၍ ထိုအချိန်တုန်းက အိမ်ရှေ့စံမင်းသား၏ စကားကြောင့်သာမဟုတ်လျှင် ယခုကဲ့သို့ နက်နက်ရှိုင်းရှိုင်း သူနားလည်လာလိမ့်မည်မဟုတ်ချေ။

အိမ်ရှေ့စံမင်းသားက ရုတ်တရက် ပြောသည်။

“ အရင်တုန်းက မင်းရဲ့ဆရာက အခုလို လမ်းညွှန်ပေးဖူးလား ”

“ ဟုတ်ကဲ့ ”

ရွှီချင်းသည် အံ့ဩသွားသည်။ တစ်ဖက်လူက မည်သည့်ရည်ရွယ်ချက်ဖြင့် ထိုသို့မေးခြင်းဖြစ်ကြောင်း သူမသိပေ။ ထို့ကြောင့် သူက ခေါင်းသာညိတ်လိုက်သည်။

အိမ်ရှေ့စံမင်းသားသည် နှုတ်ဆိတ်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက သက်ပြင်းချလိုက်သည်။

“ အဲ့ဒါက မင်းရဲ့ဆရာအတွက် မလွယ်ကူဘူး ”

All Chapters