ဝိညာဉ်၏ ထူထဲမှု
Vol. 64 Ch. 998
ရွှီချင်းသည် သာမန်ကျင့်ကြံသူများနှင့် သူ့ကြားမှ ခြားနားမှုကို ရှင်းလင်းစွာ သိထားသည်။
ယင်းက သူ၏ ခန္ဓာကိုယ်ဖြစ်သည်။
ဤခန္ဓာကိုယ်က သူ့ကိုယ်ပိုင်ဖြစ်သော်လည်း ယင်းကို အတိတ်တုန်းက နတ်ဘုရားလက်ချောင်းက ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ အစမှာ နတ်ဘုရားလက်ချောင်းက ဤခန္ဓာကိုယ်ကို သူ့ကိုယ်ကျိုးအတွက် အသုံးပြုရန် ဖန်တီးခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း အဆုံးမှာ ခရမ်းသလင်းကျောက်ကြောင့် အကျိုးအမြတ်ရရှိသွားသူသည် ရွှီချင်းဖြစ်သည်။
ယင်းက နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်ဖြစ်သည်။
‘ အဲ့ဒါက အင်မော်တယ်တားမြစ်နတ်ဘုရားရဲ့ မရေမတွက်နိုင်တဲ့ ကိုယ်ပွားတွေထဲက တစ်ခုရဲ့ လက်ချောင်းတစ်ချောင်းသာ ဖြစ်တယ် ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။
သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားဟူသော ၎င်း၏ အဆင့်အတန်းက ပျောက်ကွယ်မသွားခဲ့ပေ။
ရွှီချင်းက တွေးတောစဉ်းစားနေစဉ် သူ၏ မျက်လုံးသည် အရောင်တောက်ပလာသည်။
“ ဒီတော့ သေချာစဉ်းစားကြည့်မယ်ဆိုရင် မျက်လုံးက ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ငါ့မျက်လုံးကို နတ်ဘုရားမျက်လုံးလို့ သတ်မှတ်နိုင်တယ် ”
“ အဲ့ဒါဆို သီအိုရီအရ ဒီလောကကြီးကို ရှူမြင်ဖို့ နတ်ဘုရားအမြင်ကို ငါအသုံးပြုနိုင်တယ် ”
ရွှီချင်းသည် လက်မြှောက်လိုက်ပြီး သူ၏ မျက်ခုံးနှစ်ခုကြားမှ နေရာကို ထိလိုက်သည်။ သူက သူ့ဝိညာဉ်ကို အာရုံခံလိုက်သည်။ သို့သော်လည်း ဝိညာဉ်အပေါ် သူ၏ နားလည်သဘောပေါက်မှုသည် အနည်းငယ်မျှသာ ဖြစ်သည်။
ဝိညာဉ်ဟူသည် သူ၏ စိတ်နှင့် နတ်ဘုရားအသိစိတ်ကို ကိုယ်စားပြုပြီး သူ့ကိုယ်ပိုင် ဗလာနတ္ထိ၏ စုဝေးမှုတစ်ခု ဖြစ်သည်။
စိတ်စွမ်းအင်ပမာဏသည် ဝိညာဉ်၏ သန်မာမှုပေါ်မှာ အခြေခံသည်။
အသေးစိတ်ကိုတော့ ရွှီချင်းနားမလည်ပေ။ ထိုအရာသည် သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်ဖြင့် ရရှိနိုင်သောအရာ မဟုတ်ပေ။
သို့သော်လည်း ယခု ရွှီချင်းသည် ဝိညာဉ်၏ အရေးပါမှုကို ကြိမ်ဖန်များစွာ နားလည်လာခဲ့သည်။ ယခင်က သူ၏ ဆင်ခြင်သုံးသပ်မှုများမှတဆင့် အဖြေကို သူရှာတွေ့ပြီးပြီ ဖြစ်သည်။
“ ဝိညာကို နားလည်အောင် အရင်လုပ်ရမယ်… ပြီးသွားရင် အဆိပ်ကို ဝိညာဉ်ထဲမှာ ပေါင်းစပ်စေမယ်… ဒီနည်းနဲ့ဆိုရင် ငါ့အကြည့် ကျရောက်သွားတဲ့နေရာတိုင်းမှာ တားမြစ်အဆိပ်ကို ထုတ်လွှတ်နိုင်လောက်တယ် ”
“ ဒါဆို ဝိညာဉ်ဆိုတာက တကယ်ပဲ ဘာလဲ ”
ထိုမေးခွန်းအပေါ် လူတိုင်း၏ အဖြေသည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။
ဝိညာဉ်သည် ခန္ဓာကိုယ်၏ အရှိန်အဝါမှ ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု တချို့က ယုံကြည်ကြသည်။ တချို့ကတော့ ဝိညာဉ်သည် စိတ်၏ အသွင်ပုံသဏ္ဍာန်ဖြစ်သည်ဟု တွေးကြသည်။ တချို့ကတော့ ဝိညာဉ်သည် သဏ္ဍာန်မဲ့သော လှိုင်းဂယက်တစ်ခုဖြစ်သည်ဟု ယူဆကြသည်။
မည်သို့ဖြစ်ပါစေ အားလုံးသည် နားလည်ရခက်ခဲသော အယူအဆများဖြစ်ကြသည်။
ရွှီချင်းက မျက်လုံးမှိတ်လိုက်လေရာ တားမြစ်အဆိပ်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာသည်။ ယင်းက သူ၏ ဝိညာဉ်ကို ရှာဖွေရန် အသိစိတ်ပင်လယ်ဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။
သူက ဝိညာဉ်ကို ရှာဖွေနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သူ့အသိစိတ်ပင်လယ်၏ အနက်ပိုင်းထဲဝယ် သူ့စိတ်၏ အဆုံးသတ်မှာ အလင်းအစုအဝေးတစ်ခုနှင့် နတ်ဘုရားအသိစိတ်မှ ဖြစ်ပေါ်လာသော မီးတောက်တစ်ခု ရှိသည်။
ထိုနေရာတွင် အလင်းရောင်နှင့် မီးတောက်ရှိသည်။
အလင်းရောင်သည် ဝိညာဉ်အလင်းဖြစ်ပြီး မီးတောက်သည် အသက်မီးတောက်ဖြစ်သည်။
ထိုနှစ်ခုက အတူတကွ ရောထွေးတည်ရှိနေလေရာ ယင်းတို့က အရာအားလုံး၏ မူလအစဖြစ်ဟန် ရသည်။ အကယ်၍ ဤနေရာက ပြောင်းလဲသွားလျှင် တစ်စုံတစ်ယောက်၏ စိတ်အာရုံသည် သက်ရောက်ခံရလိမ့်မည်။ အကယ်၍ မီးတောက်က ငြိမ်းသတ်သွားလျှင် တစ်စုံတစ်ယောက်၏ ဘဝသည် အမှောင်ထုသို့ ပြောင်းလဲသွားလိမ့်မည်။
ဤသည်မှာ ယခင်က ရွှီချင်းတွေးထားခဲ့သော ဝိညာဉ်ဖြစ်သည်။
သို့သော်လည်း ယခုအချိန်မှာ ရွှီချင်းက တုံ့ဆိုင်းနေသည်။
အဘယ့်ကြောင့်ဆိုသော် သူက တားမြစ်အဆိပ်ကို ထိုအလင်းရောင်နှင့် မီးတောက်ထဲသို့ ပေါင်းစပ်ရန် ကြိုးစားကြည့်လိုက်သည်အခါ အလင်းရောင်နှင့် မီးတောက်သည် လှုပ်ယမ်းလာကြောင်း ရှင်းလင်းစွာ သူအာရုံခံမိသည်။ သူ၏ တားမြစ်အဆိပ်က ယင်းတို့နှင့် ပေါင်းစပ်သွားသည့်အခါ ယင်းတို့က တစ်သားတည်းဖြစ်လာကြောင်းကိုလည်း သူအာရုံခံမိသည်။
သို့သော်လည်း ယင်းက သူလိုချင်သော သက်ရောက်မှုကို မဖြစ်ပေါ်စေပေ။ နောက်အခိုက်အတန့်မှာ အဆိပ်က သူ့ဘာသာ ခွဲထွက်သွားသည်။
ဤသည်မှာ ပေါင်းစပ်ခြင်းက အပေါ်ယံမျှသာ ဖြစ်သည့်အလားပင်။ ထိုအလင်းအစုအဝေးနှင့် မီးတောက်သည် အမှန်မှာ ပုံရိပ်တစ်ခုမျှသာဖြစ်ကြောင်း သူ့အား ခံစားမိစေသည်။
သို့မဟုတ် ထိုအလင်းရောင်နှင့် မီးတောက်က ဝိညာဉ်၏ အရင်းအမြစ်မဟုတ်ခြင်းလော။
တစ်ခဏကြာပြီးနောက် ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။
အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ရွှီချင်းက တွေးတောစဉ်းစားနေစဉ် ခုနစ်ရက်ကုန်လွန်သွားသည်။
ထိုခုနစ်ရက်အတွင်းမှာ ရွှီချင်း၏ ခန္ဓာကိုယ်က သတိထားမိနိုင်လောက်သည်အထိ ပိန်ပါးလာသည်။ မရပ်မနား တွေးတောစဉ်းစားခြင်းနှင့် စူးစမ်းရှာဖွေခြင်းသည် သူ့ကို မည်သည့်အဖြေမှ ရှာမတွေ့စေခဲ့ပေ။ ယင်းအစား ထိုသို့လုပ်ဆောင်ခြင်းသည် သူ၏ စိတ်ကို ထိုင်းမှိုင်းလာစေပြီး အသက်ဓာတ်ကို ကုန်ဆုံးလာစေသည်။
“ ကျင့်ကြံသူတွေက သေမျိုးတွေနဲ့ ခြားနားတယ်… ကျင့်ကြံသူတွေမှာ ဝိညာဉ်နတ်သူငယ်တွေနဲ့ နတ်ဘုရားအသိစိတ် ရှိတယ်… တကယ်တော့ လက်ရှိ ငါ့ရဲ့အဆင့်နဲ့ဆိုရင် ငါက သိမ်းပိုက်ခြင်းကိုတောင် လုပ်ဆောင်နိုင်တယ်… ”
“ တကယ်လို့ တစ်စုံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီးသွားရင် ငါက ငါဖြစ်နေဦးမှာပဲ… ဒီလိုဆိုရင် ငါ့ရဲ့ဝိညာဉ်က… ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ မရှိနိုင်တာများလား ”
ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်ပြီး အတိတ်တုန်းက နတ်ဘုရားလက်ချောင်းက သူ၏ ခန္ဓာကိုယ်အား သိမ်းပိုက်ခဲ့ချိန်ကို ပြန်ပုံဖော်လိုက်သည်။ ထိုအချိန်တုန်းက သူ၏ ဝိညာဉ်သည် အားအင်ကုန်ခမ်းလာပြီး သူ၏ အသိစိတ်က လွင့်ပြယ်လာကြောင်း သူမှတ်မိသည်။
“ အဲ့ဒါကို ငါတွေ့ကြုံခံစားဖူးရမယ် ”
ရွှီချင်းသည် ခေါင်းမော့လိုက်သည်။ သူ၏ မျက်လုံးထဲမှာ စိတ်ဆုံးဖြတ်ထားသော အကြည့် ထွက်ပေါ်လာသည်။ ဝိညာဉ်က မည်သည့်အရာဖြစ်ကြောင်း သူအဖြေရှာရလိမ့်မည်။ သို့မှသာ သူက နောက်တစ်ဆင့်အနေဖြင့် ဝိညာဉ်ကို အဆိပ်ဖြင့် ပေါင်းစပ်နိုင်လိမ့်မည်။
ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းသည်။ သူက အရိပ်လေးဆီသို့ သူ၏ နတ်ဘုရားအသိစိတ်ကို ပိုလွှတ်တော့မည့်အချိန် ရပ်တန့်လိုက်သည်။
ဤရက်များတွင် အရိပ်လေးသည် အစဉ်အမြဲ ကြောက်လန့်နေသည်။ ရွှီချင်းသည် အိမ်ရှေ့စံမင်းသား၏ ညွှန်ကြားမှုကို ရရှိပြီးသည့်နောက်ပိုင်း ပိုပိုပြီး ကြောက်စရာကောင်းလာကြောင်း ၎င်းက အာရုံခံမိသည်။ ရွှီချင်း၏ အရှိန်အဝါသည်လည်း ဤအတောအတွင်း သိသာစွာ ပြောင်းလဲသွားခဲ့သည်။
သို့ဖြစ်၍ အရိပ်လေးသည် ရွှီချင်းက အမိန့်ပေးတော့မည်ကို မြင်သောအခါ အလျှင်အမြန် နားဆွင့်လိုက်သည်။ သို့သော်လည်း အချိန်အတော်ကြာ စောင့်ဆိုင်းပြီးသွားသည့်တိုင် ရွှီချင်းက ၎င်းကို မည်သည့်အမိန့်မှ မပေးလာပေ။
“ လီယိုဖေး ”
ရွှီချင်းသည် တစ်ခဏတွေးတောပြီးနောက် လီယိုဖေးဆီသို့ အသံပို့လွှတ်လိုက်သည်။
အဓိကခန်းမထဲတွင် တောက်တိုမယ်ရအလုပ်များကို လုပ်ဆောင်နေသော လီယိုဖေးသည် ဤသည်ကို ကြားသောအခါ ရွှီချင်းရှိနေသော နောက်ဖေးခန်းဆီသို့ ဦးညွတ်လိုက်သည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး အပြင်ဘက်သို့ ပြေးထွက်သွားသည်။
ထိုညတွင် လီယိုဖေးသည် သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်ဖြင့် ပြန်ရောက်လာသည်။ သူက ထိုသက်လတ်ပိုင်းကျင့်ကြံသူကို ရွှီချင်း၏ အရှေ့မှာ ပစ်ချလိုက်သည်။
“ ဆရာသခင်… ဒီလူက ရာဇဝတ်မှုအများအပြားကို ကျူးလွန်ခဲ့တဲ့လူပါ… သူက မုဒိန်းကျင့်တယ်… လုယက်တယ်… လူသတ်တယ်… ရာဇဝတ်မှုမျိုးစုံကို လုပ်ဖူးပါတယ်… သူက ဘိုးဘေးမိုကွေ့ကို အားကိုးယူထားတာကြောင့် ဘယ်သူမှ သူ့ကို အပြစ်မပေးရဲပါဘူး ”
လီယိုဖေးသည် ရိုသေလေးစားစွာ ပြောသည်။
ရွှီချင်းသည် ခေါင်းငုံ့လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ ထိုလူသည် ရွှေအမြူတေအဆင့် ကျင့်ကြံခြင်းရှိသည်။ သူက လူသားမဟုတ်ပေ။
သူ၏ မျက်နှာပေါ်မှာ ကြီးမားသော အမာရွတ်တစ်ခုရှိပြီး ယင်းက သူ့ကို ပိုပြီးရက်စက်ကြမ်းကြုတ်ပုံပေါ်စေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ သွေးနံ့သည် အလွန်ပြင်းထန်သည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။ လီယိုဖေးက အသက်ရှင်ရ ငြီးငွေ့နေခြင်းမဟုတ်လျှင် သူ့အား လိမ်ညာရဲလိမ့်မည်မဟုတ်ကြောင်း သူသိသည်။ ထို့ကြောင့် သူက လက်ဝှေ့ယမ်းလိုက်ပြီး လီယိုဖေးကို ထွက်သွားခိုင်းလိုက်သည်။
ထို့နောက် သူက သတိမေ့နေသော သူ့အရှေ့မှ သက်လတ်ပိုင်းကျင့်ကြံသူကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ နဖူးကို ဖိချလိုက်သည်။
နောက်အခိုက်အတန့်မှာ သူ၏ နတ်ဘုရားအသိစိတ်သည် ပေါ်လျှိုးထွက်လာပြီး သူ၏ အရှိန်အဝါနှင့် စွမ်းအင်အားလုံးသည် နတ်ဘုရားအသိစိတ်နှင့်အတူ သက်လတ်ပိုင်းကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ သူ၏ ဝိညာဉ်နတ်သူငယ်များသည်ပင် ဒြပ်ထည်ဖြစ်ပေါ်လာကြပြီး တစ်ကောင်ပြီးတစ်ကောင် ဝင်ရောက်သွားကြသည်။
ရွှီချင်းက ထိုသက်လတ်ပိုင်းကျင့်ကြံသူကို သိမ်းပိုက်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
နောက်အခိုက်အတန့်မှာ ရွှီချင်းသည် သူရောက်ရှိသွားသော အသိစိတ်ပင်လယ်က လင်းထိန်ခြင်းမရှိကြောင်း အာရုံခံမိသွားသည်။ ဤနေရာတွင် သာမန်အလင်းရောင်ကို ထုတ်လွှတ်နေသော နတ်နန်းတော်ခြောက်ခု ရှိသည်။ ရွှီချင်းရောက်ရှိလာသည့်အခါ ထိုနတ်နန်းတော်ခြောက်ခုသည် တုန်ယင်လာကြသည်။
ရွှီချင်းထံမှာ မည်သည့်စိတ်ခံစားချက်မှ မရှိပေ။ သူ၏ နတ်ဘုရားအသိစိတ်က ပျံ့လွင့်လာသည့်အခါ အသိစိတ်ပင်လယ်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး တစ်ဖက်လူ၏ ဝိညာဉ်အလင်းမီးအိမ်နှင့် မီးတောက်ကို ရှာဖွေလိုက်သည်။ သူက ယင်းကို မြန်ဆန်စွာ ရှာတွေ့သွားပြီး ခုန်အုပ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာ မီးအိမ်ထဲမှ မီးတောက်များသည် ဖရိုဖရဲဖြစ်လာပြီး အော်ဟစ်ညည်းတွားသံများ မြည်ဟိန်းထွက်လာသည်။ မရေမတွက်နိုင်သော မှတ်ဉာဏ်များသည် ရွှီချင်း၏ နတ်ဘုရားစိတ်အာရုံထဲသို့ ဒလဟော တိုးဝင်လာပြီး ထိုကျင့်ကြံသူ၏ ဘဝတစ်ခုလုံးကို သူမြင်သွားသည်။
မြင်ကွင်းများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။ ထိုမြင်ကွင်းထဲမှာ သူမွေးဖွားသည့်အချိန်မှစ၍ ယခုအချိန်ထိ ပါဝင်သည်။ တချို့သည် ဝေဝါးပြီး တချို့သည် ရှင်းလင်းသည်။
သို့သော်လည်း မည်သို့ဖြစ်ပါစေ ထိုအရာအားလုံးသည် ရွှီချင်း၏ ဝါးမျိုမှုအောက်မှာ ပျောက်ကွယ်သွားကြသည်။ ဤသည်မှာ ရွှီချင်းက ထိုမှတ်ဉာဏ်များကို လုယူသွားသည့်အလားပင်။
အချိန်အတော်ကြာပြီးနောက် သက်လတ်ပိုင်းကျင့်ကြံသူ၏ တင်းကျပ်စွာ မှိတ်ထားသော မျက်လုံးသည် ရုတ်တတ်ရက် ပွင့်သွားသည်။ သူက အမူအရာကင်းမဲ့စွာ မတ်တတ်ရပ်လိုက်သည်။ သူက တင်ပျဉ်ခွေထိုင်နေသော သူ၏ မူလခန္ဓာကိုယ်ကို ကြည့်လိုက်ပြီး တွေးတောလိုက်သည်။
“ ဒါက သိမ်းပိုက်ခြင်းလား ”
သက်လတ်ပိုင်းကျင့်ကြံသူသည် တီးတိုးရေရွတ်လိုက်ပြီး သူ၏ တစ်ကိုယ်လုံးကို အာရုံခံလိုက်သည်။ သက်တောင့်သက်သာမရှိသော ခံစားမှုက သူ၏ စိတ်ကို လွှမ်းခြုံသွားသည်။ ဤသည်မှာ သူက တင်းကျပ်သော အဝတ်အစားများကို ဝတ်ဆင်ထားသည့်အလားပင်။
သို့တိုင် သူ၏ မသိစိတ်ထဲမှာ ထိုအဝတ်အစားများကို ရင်းနှီးနေသည်ဟု ခံစားမိသည်။ သူ၏ မျက်နှာပေါ်မှ အမာရွတ်၏ နောက်ကြောင်းရာဇဝင်ကိုလည်း ရှင်းလင်းစွာ သူနားလည်လာသည်။ ရွှီချင်းက မျက်လုံးမှိတ်လိုက်သည့်အခါ ဤခန္ဓာကိုယ်၏ အတိတ်တုန်းက အတွေ့အကြုံအားလုံးသည် သူ၏ စိတ်ထဲမှာ ဖြည်းညင်းစွာ ပေါ်လျှိုးလာသည်။
သို့သော်လည်း ယင်းက အသေးအဖွဲမျှသာဖြစ်ပြီး အချိန်မရွေး သူဖျက်ဆီးပစ်နိုင်သည်။ အမှန်မှာတော့ သူက ထိုမှတ်ဉာဏ်များကို ဖျက်ဆီးပစ်ပြီးနောက် ပိုပြီးသက်တောင့်သက်သာ ခံစားရလာသည်။
ထိုအချက်ကို နားလည်သွားသောအခါ ရွှိချင်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ယင်လာသည်။ သူက ဆတ်ခနဲ မျက်လုံးဖွင့်လိုက်သည်။
“ မှတ်ဉာဏ်လား ”
“ အခု တစ်ခုခုကို ငါနားလည်သွားသလိုပဲ… တကယ်လို့ ဝိညာဉ်က အသက်၊ အရှိန်အဝါနဲ့ စိတ်ဝိညာဉ်ရဲ့ ပေါင်းစပ်မှုဆိုရင် အဲ့ဒါက တကယ်ပဲ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ ပုံရိပ်ယောင်ဖြစ်လိမ့်မယ်… ဒါမှမဟုတ် ဝိညာဉ်ဆိုတာ အစစ်အမှန်မဟုတ်တဲ့ အရာတွေ အများကြီးကို ပေါင်းစည်းထားတဲ့ တစ်စုံတစ်ခုဖြစ်နေမလား ”
“ ဘဝတစ်ခု မွေးဖွားလာတဲ့အခါ အဲ့ဒါက အပြင်လောကကို သူ့ဘာသာ အာရုံခံနိုင်ပြီး မှတ်ဉာဏ်တွေကို ဖန်တီးနိုင်လိမ့်မယ် ”
“ တကယ်လို့ ဝိညာဉ်ကို ဗလာဖြစ်နေတဲ့ ဝါးပေလွှာတစ်ခုလို့ ယူဆမယ်ဆိုရင် မှတ်ဉာဏ်ဆိုတာ ဝါးပေလွှာပေါ်က စာလုံးတွေပဲ… အဲ့ဒါတွေက တကယ်တော့ တစ်ခုတည်းပဲ ”
“ ဒါကြောင့် သိမ်းပိုက်နေတဲ့အချိန်အတွင်းမှာ တစ်ဖက်လူရဲ့ ဝိညာဉ်ကို ဝါးမျိုလိုက်တယ်လို့ ငါမခံစားရပေမဲ့ သူရဲ့ မှတ်ဉာဏ်တွေကို ဝါးမျိုလိုက်တာတော့ ငါသေချာအာရုံခံမိခဲ့တယ်… ”
“ သာမန်လူတွေအတွက်တော့ သေဆုံးပြီးသွားရင် သူတို့ရဲ့ မှတ်ဉာဏ်တွေက ဖယ်ရှားခံလိုက်ရသလိုမျိုး လွင့်ပြယ်သွားလိမ့်မယ်… ဒါကြောင့် သူတို့ရဲ့ စိတ်ဝိညာဉ်က မြေအောက်လောကကို ရောက်သွားတဲ့အခါ ဇဝေဇဝါဖြစ်ကြလိမ့်မယ်… လေလွင့်တစ္ဆေတွေလည်း အဲ့လိုပဲ… သူတို့ရဲ့ မှတ်ဉာဏ်တွေက ပြိုကွဲထွက်သွားတာကြောင့် ပြည့်စုံမှုမရှိဘူး ”
ရွှီချင်း၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ နောက်တစ်စက္ကန့်မှာ သူ၏ နတ်ဘုရားအသိစိတ်သည် သက်လတ်ပိုင်းကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲမှ ပြန်ထွက်လာပြီး မူလခန္ဓာကိုယ်ဆီသို့ ပြန်ဝင်သွားသည်။
မူလခန္ဓာကိုယ်သည် မျက်လုံးဖွင့်လိုက်သည်။ ဉာဏ်အလင်းရသော အကြည့်သည် သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ဝိညာဉ်ဆိုတာ ဘာလဲ… အခု ငါ့အဖြေက မမှန်နိုင်လောက်သေးဘူး… အဲ့ဒီအတွက် အနာဂတ်မှာ ငါဆက်ကျင့်ကြံရင်း အဖြေရှာရလိမ့်မယ် ”
“ ဒါပေမဲ့… လောလောဆယ်တော့ တစ်စုံတစ်ခုကို ငါအတည်ပြုနိုင်တယ်… မှတ်ဉာဏ်ဆိုတာ ထူထဲတယ်… ကျယ်ပြောတယ်… ထည့်သွင်းလို့ရတယ်… ပြီးတော့ ဝိညာဉ်ရဲ့ အသက်စွမ်းအင်ဖြစ်တယ် ”
“ အရင်က ငါချမှတ်ထားတဲ့ အစီအစဉ်အတိုင်းဆိုရင် တားမြစ်အဆိပ်ကို ငါ့ဝိညာဉ်ထဲ ပေါင်းစပ်ရမယ်… ဒါမှ တားမြစ်အဆိပ်ကို ငါ့အကြည့်ကနေ ထုတ်လွှတ်နိုင်လိမ့်မယ်… ဒီတော့ အခု ငါလုပ်ရမှာက တားမြစ်အဆိပ်ကို ငါ့မှတ်ဉာဏ်တွေထဲမှာ တံဆိပ်ရိုက်နှိပ်ရမယ် ”
“ အဲ့ဒီအတွက် ငါ့မှတ်ဉာဏ်တွေကို ပြောင်းလဲပစ်ရမယ်… တားမြစ်အဆိပ်က ငါမွေးဖွားလာတဲ့အချိန်ကစပြီး အခုချိန်အထိ ငါ့မှတ်ဉာဏ်တွေထဲမှာ တည်ရှိနေတယ်ဆိုတဲ့ သဘောတရားရအောင် ငါဖန်တီးရလိမ့်မယ် ”
ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။
ထိုစဉ် နောက်ဖေးခန်းနှင့် လိုက်ကာခြားထားသော အဓိကခန်းမက အိမ်ရှေ့စံမင်းသားကြောင့် ဖြတ်တောက်ခံလိုက်ရပြီး သီခြားနယ်မြေလွတ်တစ်ခုထဲသို့ ထည့်သွင်းခံလိုက်ရကြောင်း ရွှီချင်း သတိမထားမိပေ။
ထိုသီးခြားနယ်မြေလွတ်ထဲတွင် သူ၏ နှုတ်မှ ရေရွတ်လိုက်သော စကားလုံးတိုင်းကို ကြက်တူရွေးလေးက အနောက်မှ လိုက်ရွတ်နေသည်။
“ တားမြစ်အဆိပ်က ငါမွေးဖွားလာတဲ့အချိန်ကစပြီး အခုချိန်အထိ ငါ့မှတ်ဉာဏ်တွေထဲမှာ တည်ရှိနေတယ်ဆိုတဲ့ သဘောတရားရအောင် ငါဖန်တီးရလိမ့်မယ် ”
ကြက်တူရွေးလေးက စိတ်လှုပ်ရှားစွာ ရေရွတ်နေလေရာ ရွှီချင်း၏ စိတ်ခံစားချက်များအပေါ် လုံးလုံးစိတ်နစ်မြှုပ်ထားဟန် ရသည်။
လင်းအာက နောက်ဖေးခန်းကို ကြည့်လိုက်သည့်အခါ သူ၏ မျက်နှာသေးသေးလေးတွင် စိုးရိမ်ကြောင့်ကြမှုဖြင့် ပြည့်နှက်သွားသည်။ အကိုရွှီချင်းက ဤအတောအတွင်းမှာ ပြုစားခံနေရသည့်အလား သူခံစားနေမိသည်။
ဝူကျန်းဝူသည်လည်း ဆွံ့အနေသည်။ လင်းအာနှင့် တူညီသော အတွေးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။ ရွှီချင်းက ရူးသွားတော့မည်ဟု သူခံစားမိသည်။ ပုံမှန်လူတစ်ယောက်က ဝိညာဉ်နှင့် မှတ်ဉာဏ်များကို မေးခွန်းထုတ်လိမ့်မည် မဟုတ်ချေ။
အထူးသဖြင့် ဤကိစ္စတွင် သူက ကြက်တူရွေးလေး၏ ပြန်ရွတ်ပြမှုကို နားထောင်ပြီးသွားသောအခါ ဦးနှောက်ခြောက်လာသည်။
“ ရွှီချင်းပြောသွားတဲ့ စကားလုံးတစ်လုံးစီကို ငါမှတ်မိတယ်… ဒါပေမဲ့ အားလုံးကို ဆက်စပ်လိုက်တဲ့အခါ သူဘာပြောနေလဲ ငါမသိတော့ဘူး… ”
ဝူကျန်းဝူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ထိုသို့ဖြစ်နေခြင်းက သူတစ်ယောက်တည်း မဟုတ်နိုင်ပေ။ ထို့ကြောင့် သူက တခြားလူများကို လိုက်ကြည့်လိုက်သည်။ ထိုအခါ လီယိုဖေးက သူ့ကဲ့သို့ ဆွံအနေကြောင်း မြင်တွေ့သွားသည်။
ဝူကျန်းဝူနှင့်ခြားနားသည်မှာ လီယိုဖေးက ကြောင်အနေသော်လည်း သူ၏ အမူအရာထဲမှာ ကြောက်ရွံ့မှု တစ်စွန်းတစ်စ ပါရှိသေးသည်။ ရှင်းလင်းစွာပင် တစ်နေ့မှာ ရွှီချင်းက သူ့အပေါ် ထိုသို့စူးစမ်းရှာဖွေမှု ပြုလုပ်လာလိမ့်မည်ကို ကြောက်ရွံ့နေခြင်း ဖြစ်သည်။
နင်ယန်သည်တော့ ထိတ်လန့်သွားသည်။ စိတ်ခံစားချက်လှိုင်းများသည် သူ၏ စိတ်ထဲမှာ ပေါ်လျှိုးလာသည်။
အဘယ့်ကြောင့်ဆိုသော် သူ့အဖေလည်း ထိုသို့စကားများကို တစ်ချိန်က ပြောခဲ့ဖူးသောကြောင့် ဖြစ်သည်။ သို့သော်လည်း ဝိညာဉ်နတ်သူငယ်အဆင့်မှာသာ ရှိသေးသည့် ရွှီချင်းက ထိုသို့စကားမျိုးကို ပြောနိုင်လိမ့်မည်ဟု တစ်ခါမှ သူမျှော်လင့်မထားပေ။
ရွှီချင်းသည် သူ့ကိုယ်သူ နားလည်နေပြီး ဆင်ခြင်သုံးသပ်နေခြင်းဖြစ်ကြောင်း သူအာရုံခံနိုင်သည်။
ခေါင်းဆောင်၏ အကြည့်သည် လေးနက်နေသည်။ သူက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်ပြီး တောက်ပစွာ ပြုံးလိုက်သည်။
‘ ချင်းလေး… စီနီယာအကိုကြီးက နီလာနတ်သမီးကို ဝါးမျိုဖို့သက်သက်နဲ့ လဝတ်ပြုဒေသကြီးဆီ မင်းကို ခေါ်လာခဲ့တာမဟုတ်ဘူး… ဒီနေရာက မင်းနဲ့ငါအတွက် ပျံသန်းဖို့ အကောင်းဆုံးနေရာပဲ ’
ဝိညာဉ်သခင်မယုံကျင်းသည် နှုတ်ဆိတ်နေသည်။ သူက ရွှီချင်းရှိနေသော နောက်ဖေးခန်းကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ အတွေးတစ်ခုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
‘ ရွှီချင်းက ငါ့လိုမျိုး အတိတ်တုန်းက အစွမ်းထက် တည်ရှိမှုတစ်ခုရဲ့ ဝိညာဉ်အပိုင်းအစတစ်ခုကနေ ပြောင်းလဲလာတာလား ’
လူတိုင်းဆီမှာ မတူညီသော အတွေးများရှိကြသည်။ ထိုစဉ် အိမ်ရှေ့စံမင်းသားသည် ပြုံးလိုက်သည်။ ဤတစ်ကြိမ် ရွှီချင်း၏ နားလည်သဘောပေါက်မှုကို သူမအံ့ဩပေ။ အားလုံးသည် သူ၏ မျှော်လင့်ထားမှုအတွင်းမှာ ရှိသည်။
သူက ရွှီချင်း၏ နားလည်နိုင်စွမ်းကို ယခင်ကတည်းက မှန်းဆထားခဲ့သည်။ ထို့ကြောင့် ရွှီချင်းက ဤအဆင့်ကို သေချာပေါက် နားလည်နိုင်လိမ့်မည်ဟု သူယူဆထားပြီးသား ဖြစ်သည်။
“ အဲ့ဒါက သူ့ဆရာနဲ့ ငါ့ကြားက ခြားနားမှုပဲ… သူ့ဆရာရဲ့ အသိအမြင်က အကန့်အသတ်ရှိတယ်… ဒီတော့ သူ့ကို ညွှန်ကြားပေးဖို့ဆိုတာ လွယ်ကူတဲ့ အလုပ်မဟုတ်ဘူး… ဒါက သူ့အမှားမလုပ်ပါဘူး… လူတိုင်းက ဒီလိုကျောက်ရိုင်းတုံးလေးကို ထုဆစ်ပုံသွင်းနိုင်မယ်ဆိုရင် ကျောက်ရိုင်းတုံးက ဘယ်လိုလုပ် တန်ဖိုးရှိပါတော့မလဲ ”
အိမ်ရှေ့စံမင်းသားသည် ပြုံးလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။ နောက်တစ်ဆင့်မှာ တစ်ဖက်လူသည် သိအမြင်ကို ပြောင်းလဲရန် သူ၏ အကူအညီကို လိုအပ်လာလိမ့်မည်။ သို့ဖြစ်၍ သူက ရွှီချင်းကို ရွေးချယ်မှုတစ်ခုပေးတော့မည် ဖြစ်သည်။
“ ငါ့ရဲ့အသိအမြင်စွမ်းအားကို အသုံးပြုပြီး မှတ်ဉာဏ်တွေကို ပြောင်းလဲပစ်နိုင်တယ်… ဒါပေမဲ့ အဲ့ဒီနည်းလမ်းက ပြီးပြည့်စုံတဲ့ နည်းလမ်းမဟုတ်သလို အတွင်းစိတ်ထဲထိ မထိုးဖောက်နိုင်ဘူး… အပေါ်ယံမှာပဲ တည်ရှိနိုင်လိမ့်မယ်… ဒါ့အပြင် သူ့ရဲ့ ဝိညာဉ်ပေါ်မှာ ငါ့ရဲ့ အမှတ်အသားလည်း ကျန်ရှိနေလိမ့်မယ်… ဒါပေမဲ့ အားသာချက်ကတော့ အဆိပ်ကို သူ့ရဲ့အကြည့်ကနေ ထုတ်လွှတ်လာနိုင်မယ် ”
“ ဒီကောင်လေးရဲ့ စိတ်နေသဘောထားနဲ့ဆိုရင် သူက ဒီနည်းလမ်းကို သဘောတူမှာမဟုတ်ဘူး… ဒီလိုဆိုရင် ငါ့ရဲ့ ဒုတိယနည်းလမ်းကို သူရွှေးချယ်ဖို့ အခွင့်အရေးများတယ် ”
အိမ်ရှေ့စံမင်းသားသည် အရှေ့သို့ လျှောက်လှမ်းတော့မည့်အချိန် ကြက်တူရွေးလေးသည် ရုတ်တရက် ရေရွတ်လိုက်သည်။
“ ဒီလိုဆိုမှတော့ နည်းလမ်းတစ်ခုပဲ ရှိတော့တယ် ”
“ မရေမတွက်နိုင်တဲ့ အဆိပ်အမှတ်အသားတွေကို ငါ့ခန္ဓာကိုယ်ပေါ်မှာ ချန်ထားရမယ်… ဒါမှ ငါ့အသွေးအသားနဲ့ သွေးစက်တိုင်း… အရိုးတိုင်းမှာ အဆိပ်တွေ ပါဝင်နေလိမ့်မယ် ”
“ ငါ့မှတ်ဉာဏ်တွေကို တိုက်ရိုက် မပြောင်းလဲပစ်နိုင်ဘူး… ဒါပေမဲ့ မှတ်ဉာဏ်တွေဆိုတာ အသိအမြင်နဲ့ အတွေ့အကြုံချည်းသက်သက်ပဲ မဟုတ်ဘူး… ခန္ဓာကိုယ်ရဲ့ ဗီဇတုံ့ပြန်မှုလည်း ပါသေးတယ် ”
“ ဒီတော့ ခန္ဓာကိုယ်ဗီဇတုံ့ပြန်မှု ဖြစ်ပေါ်စေဖို့ အဆိပ်ကို ငါ့ခန္ဓာကိုယ်ထဲမှာ တံဆိပ်ရိုက်နှိပ်ရမယ်… ပြီးသွားရင် ငါ့မှတ်ဉာဏ်တွေကို ခန္ဓာကိုယ်က ဗီဇတုံ့ပြန်မှုနဲ့ ပြန်ပြင်ရေးနိုင်လိမ့်မယ် ”
“ ဒါ့အပြင် ငါ့မျက်လုံးကိုလည်း ထပ်မံသန့်စင်ရလိမ့်မယ်… နောက်ကျရင် ခန္ဓာကိုယ်ဗီဇတုံ့ပြန်မှုအပေါ် အခြေခံပြီး ထာဝရတည်ရှိနေမယ့် သတင်းအချက်အလက်ကို ငါ့မှတ်ဉာဏ်ဆီ ပို့လွှတ်မယ်… အဲ့ဒီအခါ… ”
“ ငါက အဆိပ်ဖြစ်လာမယ် ”
ရွှီချင်း၏ မျက်လုံးသည် လင်းလက်နေသည်။ ယခု သူက စိတ်ဓာတ်တတ်ကြွနေသည်။
အဓိကခန်းမထဲတွင် လူတိုင်းသည် အံ့ဩသွားကြသည်။ လင်းအာသည် ပိုပြီးစိုးရိမ်ပူပန်လာသည်။ နင်ယန်သည် ပါးစပ်အဟောင်းသားဖြစ်သွားပြီး ခေါင်းဆောင်၏ အမူအရာသည် ပြောင်းလဲသွားသည်။ အိမ်ရှေ့စံမင်းသား၏ ခြေလှမ်းသည် ရပ်တန့်သွားပြီး သူက ထိုင်ခုံမှာ တိတ်တဆိတ် ပြန်ထိုင်လိုက်သည်။
“ သူက အသိအမြင်ကို ပြောင်းလဲပစ်ဖို့ ငါ့အကူအညီကို မလိုဘူး… အဲ့ကောင်လေးက သူ့ဘာသာ အသိအမြင်ပြောင်းလဲနေတာလား ”