← Chapters

ရွှီချင်း၏ နတ်ဘုရားအခွင့်အာဏာ

Vol. 64 Ch. 1005

ရွှီချင်း၏ နတ်ဘုရားအခွင့်အာဏာ

Vol. 64 Ch. 1005

“ ပြောရမယ်ဆိုရင်တော့… ”

ခေါင်းဆောင်သည် ဂုဏ်ယူဝင့်ကြွားသော အမူအရာကို ထုတ်ဖော်လိုက်သည်။ သူက မက်မွန်သီးတစ်လုံးကို ထုတ်ယူလိုက်ပြီး ကိုက်စားရန် ပြင်လိုက်သည်။ သို့သော်လည်း အိမ်ရှေ့စံမင်းသားက သူ့ကို စိုက်ကြည့်နေကြောင်း သတိထားမိသွားသည်။

သူက မျက်တောင်ခတ်လိုက်ပြီး နောက်ထပ် မက်မွန်သီးတစ်လုံးကို ထုတ်လိုက်ကာ အိမ်ရှေ့စံမင်းသားကို ကမ်းပေးလိုက်သည်။

“ အဖိုး… မင်းရော စားချင်လား ”

အိမ်ရှေ့စံမင်းသားသည် အမူအရာကင်းမဲ့စွာ ရှိနေသည်။

ခေါင်းဆောင်သည် ကိုးရိုးကားရား ပြုံးလိုက်ပြီး မက်မွန်သီးကို ပြန်သိမ်းထားလိုက်သည်။ ထို့နောက် သူက ချောင်းဟန့်လိုက်သည်။

“ ပြောရမယ်ဆိုရင်… ဟုတ်တယ်… အဖိုးကြီးက ငါ့ကို အရင်လာရှာခဲ့တာ… အဲ့ဒီအချိန်တုန်းက ငါက ဘောင်းဘီအပြဲကို ဝတ်ထားပြီး ဘေးအိမ်က ညီမလေးတွေနဲ့ ရွှံ့ကစားနေတာ… အဲ့ဒီမှာ အဖိုးကြီးက ဘွားခနဲ ပေါ်လာပြီး ငါ့ရဲ့အချိန်ကောင်းကို ဖျက်ဆီးသွားခဲ့တယ်… သူက ငါ့အရိုးတွေကို စူးစမ်းကြည့်ပြီး ငါက ကံစပ်တဲ့လူလို့ ပြောတယ်… ဒါကြောင့် သူက ငါ့ကို ပြန်ပေးဆွဲသွားခဲ့တယ် ”

“ ချင်းလေးကျတော့ သူက ဆရာ့ကို အရင်လာရှာခဲ့တာ… သူက ငါနဲ့ ခြားနားတယ် ”

အိမ်ရှေ့စံမင်းသားသည် ခေါင်းဆောင်ကို ကြည့်လိုက်သည်။ ဤကောင်က သူ့ဆရာကို အရင်ဦးစွာ သွားရှာခဲ့ပြီး ရှက်ဖွယ်ကောင်းသော ကြိုးပမ်းမှုများအောက်မှာ ဆရာက သူ့ကို မတတ်သာသည့်အဆုံး တပည့်အဖြစ် လက်ခဲ့ခံခြင်းဖြစ်ကြောင်း သူသိသည်။ သို့ဖြစ်၍ သူက စကားပြောရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ အိမ်ရှေ့စံမင်းသားသည် တစ်စုံတစ်ခုကို အာရုံခံမိသွားသည်။ သူက ခေါင်းမော့လိုက်ပြီး အဝေးမှ ရွှီချင်းရှိနေသော နေရာကို ကြည့်လိုက်သည်။

ခေါင်းဆောင်သည်လည်း အမြန်အာရုံခံမိသွားပြီး လှည့်ကြည့်လိုက်သည်။

မှောင်ရီသော လောကထဲတွင် ရွှီချင်းသည် အစိမ်းရောင်သဲမုန်တိုင်းထဲမှာ တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသည်။ သူက သူ့အရှေ့မှ ကောင်းကင်ကံကြမ္မာပန်းကို စိုက်ကြည့်နေသည်။

သံသေတ္တာကို ဤနေရာမှာ ချထားသူက စီနီယာအကိုကြီးဖြစ်ကြောင်း သူသိသည်။

သူ၏ အတိတ်အကြောင်းကို နားလည်ထားသူက သူ့ဆရာဖြစ်ကြောင်းကိုလည်း သူသိသည်။ သို့မှသာ ဤကောင်းကင်ကံကြမ္မာပန်း၏ ရုတ်တရက် ထွက်ပေါ်လာမှုကို ရှင်းပြနိုင်လိမ့်မည်။

ဆရာသည် အားလုံးကို ကြိုခန့်မှန်းထားခဲ့သည်။

ရွှီချင်းသည် သံသေတ္တာကို ညင်သာစွာ ကောက်ယူလိုက်သည်။ သူက သေတ္ထာထဲမှ ပန်းပွင့်ကို မြင်သွားသောအခါ ရတနာမုဆိုးစခန်းထဲမှ ခေါင်းဆောင်လဲ့ကို နောက်တစ်ကြိမ် ထပ်မစဉ်းစားမိဘဲ မနေနိုင်ပေ။

“ ခေါင်းဆောင်လဲ့… ကောင်းကင်ကံကြမ္မာပန်းကို နောက်ဆုံးတော့ ငါရှာတွေ့ခဲ့ပြီ… ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။

သူ့အနောက်မှ တိုတမ်မျက်နှာက ပြိုကွဲပျက်စီးသွားပြီး အဆုံးမဲ့သော သွေးချီများက သူ၏ ခန္ဓာကိုယ်ပေါ်မှ မွေးညင်းပေါက်များထဲသို့ ဒလဟော တိုးဝင်သွားသောအခါ နတ်ဘုရားသဘာဝ၏ ဆန္ဒမရှိသော သံပြင်းချသံသဲ့သဲ့ကို မသဲမကွဲ သူကြားလိုက်ရသည်။

မျက်ရည်ကျလာသည်နှင့် လူသားသဘာဝသည် ပြန်လည်ရောက်ရှိလာသည်။

ထိုပန်းပွင့်သည် သူ့အတွက် ကျောက်ဆူးကြိုးဖြစ်သည်။

ယင်းက သူစိတ်ရှုပ်ထွေးနေစဉ် တည်ငြိမ်မှုကို ရှာတွေ့နိုင်စေမည့် အရင်းအမြစ်ဖြစ်သည်။ ပိုပြီးအတိအကျပြောရလျှင် ယင်းက သူ၏ လူသားသဘာဝကို ပိုပြီးအခြေခိုင်မာလာစေနိုင်သည်။ ယခုအချိန်မှစ၍ သူ၏ လူသားသဘာဝသည် ကျောက်စိုင်ကျောက်သားသဖွယ် မာကျောလာပြီး အလွယ်တကူ ချိုးဖျက်ခံရတော့မည်မဟုတ်ချေ။

အစက အရေးကြီးသော မှတ်ဉာဏ်အားလုံးသည် နတ်ဘုရားသဘာဝ၏ လွှမ်းမိုးမှုအောက်မှာ အရေးမကြီးတော့သော်လည်း ယခုတဖန် အရေးကြီးလာသည်။

သူငယ်စဉ်အခါက မြင်ကွင်းများ၊ ချီယွဲ့ထုံဂိုဏ်းမှာ နေထိုင်ခဲ့စဉ်က မြင်ကွင်းများနှင့် ဖုန်းဟိုင်ဒေသငယ်ထဲမှ သူ၏ အတွေ့အကြုံများ…

ထိုအရာအားလုံးသည် တဖန်ပေါ်ထွက်လာပြီး ယခင်ကထက် ပိုပြီးလေးနက်လာသည်။

ရွှီချင်းသည် သူ၏ နာမည်ကို အတည်ပြုနိုင်ခဲ့ပြီး သူလက်မလျော့သင့်သည့် အရာများနှင့် မမေ့လျော့သင့်သည့် လူများကို နားလည်လာခဲ့သည်။

သူ၏ နတ်ဘုရားအသိစိတ်သည် ဖုံးကွယ်ခံလိုက်ရပြီး သားရဲသဘာဝသည် ဖိနှိပ်ခံလိုက်ရသည်။

အချိန်အတော်ကြာ ကုန်လွန်သွားသည်။

ရွှီချင်းသည် မျက်လုံးဖွင့်လိုက်ပြီး ဝမ်းနည်းမှုသည် သူ၏ မျက်လုံးထဲမှာ ပေါ်လျှိုးလာသည်။ သူက အပြည့်အဝ ပြန်နိုးလာပြီ ဖြစ်သည်။

ရူးသွပ်မှုသည် ပျောက်ကွယ်သွားသည်။

ဆာလောင်မှုသည် ပျောက်ကွယ်သွားသည်။

သူနိုးလာသည်နှင့်ချက်ချင်း သူ၏ ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲများကို ခံစားမိသွားသည်။ အကန့်အသတ်မရှိသော ရုပ်ခွန်အားသည် သူ၏ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်နေသည်။ ယင်းက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါနှင့် အံ့ဩဖွယ်ကောင်းသော အားလှိုင်းအတတ်အကျများကို ထုတ်လွှတ်နေသည်။

အတိတ်တုန်းကဆိုလျှင် နတ်ဘုရားခန္ဓာကိုယ်ကို အပြည့်အဝ ထိန်းချုပ်ရန် သူ့အတွက် အလွန်ခက်ခဲလှပေသည်။ ယခုအခါ နတ်ဘုရားခန္ဓာကိုယ်နှင့် လိုက်လျောညီထွေဖြစ်မှုသည် မမျှော်လင့်ထားသော အဆင့်အထိ ရောက်ရှိသွားသည်။

ယခုအချိန်မှစ၍ ဤခန္ဓာကိုယ်ကို နတ်ဘုရားလက်ချောင်း မပိုင်ဆိုင်နိုင်တော့ပေ။

သို့ဖြစ်၍ သူ၏ တိုက်ပွဲစွမ်းအားသည် ကြောက်ခမန်းလိလိ မြင့်တတ်သွားသည်။

ထို့နောက် ရွှီချင်းသည် ခရမ်းလစွမ်းအားမှ ဖွဲ့စည်းဖြစ်ပေါ်လာသော နတ်ဘုရားရတနာသိုက်ကို အာရုံခံမိသွားသည်။ ထို့ပြင် ယခင်က သူ၏ အသိစိတ်ကို လွှမ်းမိုးထားခဲ့သော နတ်ဘုရားစွမ်းအင်အကြွင်းအကျန်များကိုလည်း အာရုံခံမိသွားသည်။

အသိစိတ်အမြူတေထဲမှာ တံဆိပ်ရိုက်နှိပ်ခံထားရသော ရွှေရောင်မှော်သင်္ကေတတစ်ခု ရှိသည်။

ယင်းကို အချိန်မရွေး အသက်သွင်းနိုင်ပေသည်။

ထိုအရာများနှင့် နှိုင်းယှဉ်လျှင် ဤတစ်ကြိမ် ရွှီချင်း၏ အတွေ့အကြုံသည် တန်ဖိုးအကြီးမားဆုံးအရာ ဖြစ်သည်။

သူက လူသားသဘာဝ၏ ဆုံးရှုံးမှုကို ခံစားမိသွားသည်။ သူက သားရဲသဘာဝ၏ ရူးသွပ်မှုကို ခံစားမိသွားပြီး နတ်ဘုရားသဘာဝ၏ မထူးမခြားနားမှုကို တွေ့ကြုံဖူးသွားသည်။

နောက်ဆုံးမှာ သူက သူ့ကိုယ်ပိုင်ကျောက်ဆူးကြိုးကို ရှာတွေ့သွားသည်။

ယင်းက ရူးသွပ်သော သားရဲသဘာဝကို ထိန်းချုပ်လိုက်ပြီး နတ်ဘုရားသဘာဝ၏ မထူးမခြားနားမှုကို ပုန်းကွယ်သွားစေသည်။ သူ့ကိုယ်ပိုင်ကျောက်ဆူးကြိုးက လူသားသဘာဝကို ပြန်ရောက်ရှိလာစေပြီး ဦးဆောင်သူဖြစ်လာစေသည်။

“ ဒီလုပ်ငန်းစဉ်ကို နတ်ဘုရားသဘာဝ ထိတွေ့ခြင်းလို့ခေါ်တယ် ”

အိမ်ရှေ့စံမင်းသား၏ အသံက အနောက်မှ မြည်ဟိန်းထွက်လာပြီ ရွှီချင်း၏ နားထဲသို့ ဝင်ရောက်သွားသည်။

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။

“ ချင်းလေး… ဒီဟာကို တွေ့ကြုံပြီးသွားတော့ မင်းရဲ့ အခွင့်အာဏာကို အာရုံခံမိသွားပြီလား ”

ခေါင်းဆောင်၏ အသံထဲမှာ စူးစမ်းလိုမှုဖြင့် ပြည့်နှက်နေပြီး ယင်းက အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။

ရွှီချင်းသည် ခေါင်းလှည့်လိုက်ပြီး သူ့အနောက်သို့ ကြည့်လိုက်သည်။

အိမ်ရှေ့စံမင်းသားနှင့် ခေါင်းဆောင်ကို သူမြင်သွားသည်။

“ စီနီယာအကိုကြီး… စီနီယာ ”

ရွှီချင်း၏ အသက်သည် အက်ရှနေသည်။ သူ၏ အကြည့်က အသွေးအသားအများစုကို ဆုံးရှုံးထားသော ခေါင်းဆောင်၏ ဘယ်လက်ပေါ်သို့ ကျရောက်သွားသည်။

သူကိုက်စားထားသော နေရာသည် အလွန်ထူးခြားဟန် ရသည်။ ခေါင်းဆောင်၏ ပြန်လည်ကုသခြင်းစွမ်းရည်ဖြင့်ပင် ယင်းက အကောင်းတိုင်း ပြန်မဖြစ်သေးပေ။

ရွှီချင်း၏ အကြည့်ကို သတိထားမိသွားသောအခါ ခေါင်းဆောင်သည် သူ၏ ဘက်လက်ကို အနောက်သို့ ပို့လိုက်ပြီး မထူးမခြားနား ပြုံးလိုက်သည်။ သူက မျှော်လင့်တကြီး အရှေ့သို့ ကြည့်လိုက်သည်။

အိမ်ရှေ့စံမင်းသားသည် ခေါင်းယမ်းချင်သည်။ နတ်ဘုရားသဘာဝကို ပထမဆုံးအကြိမ် ထိတွေ့ဖူးရုံဖြင့် အခွင့်အာဏာကို ဖမ်းဆုပ်နိုင်သော တစ်စုံတစ်ယောက်ရှိလိမ့်မည်ဟု သူမယုံကြည်ပေ။ အခွင့်အာဏာကို ဖမ်းဆုပ်ရန် အကြိမ်ပေါင်းများစွာ ကြိုးစားရလိမ့်မည်။ သို့သော်လည်း ရွှီချင်း၏ လူမဆန်သော နားလည်နိုင်စွမ်းကို ပြန်အမှတ်ရသွားသောအခါ သူက ခေါင်းမယမ်းရန် ထိန်းချုပ်လိုက်သည်။

‘ ဒီကောင်လေးရဲ့ နားလည်နိုင်စွမ်းက မွန်းစတားဆန်လွန်းတယ်… အရင်ဆုံး ငါစောင့်ကြည့်သင့်တယ် ’

ရွှီချင်းသည် အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။ ထို့နောက် သူက စီနီယာအကိုကြီး၏ မျက်လုံးကို စိုက်ကြည့်လိုက်သည်။ လှိုင်းလုံးများသည် သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။ ထို့နောက် သူ၏ စိတ်အာရုံက ဖရဲဖရဲဖြစ်လာစဉ် ခံစားမိခဲ့သော ဗီဇတုံ့ပြန်မှုများကို ပြန်တွေးလိုက်သည်။

သို့သော်လည်း ထိုအချိန်တုန်းက သူ၏ အသိစိတ်က ဝေဝါးနေချိန်ဖြစ်သည်။ ထို့ကြောင့် သူက ထိုမှတ်ဉာဏ်များကို သေချာဂရုတစိုက် ပြန်တွေးတောရလိမ့်မည်။

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ မိနစ်သုံးဆယ်ကြာပြီးနောက် ရွှီချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။

ယခင်တုန်းက သူမှတ်မိသည်မှာ ဆာလောင်ခြင်းနှင့် ပိုပြီးအားကောင်းသော သွေးဆာလောင်မှုဖြစ်သည်။ သို့သော်လည်း ယင်းက သူစိတ်ကူးမိသော နတ်ဘုရားအခွင့်အာဏာနှင့် ခြားနားသည်။

ခေါင်းဆောင်သည် ရွှီချင်း၏ အမူအရာကို မြင်သွားသောအခါ ချောင်းဟန့်လိုက်သည်။ ဂုဏ်ယူဝင့်ကြွားမှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

“ နတ်ဘုရားသဘာဝကို ပထမဆုံးအကြိမ် ထိတွေ့ပြီး အခွင့်အာဏာကို တစ်ခါတည်း ဖမ်းဆုပ်မိတဲ့လူက အရမ်းရှားပါးတယ်ဆိုပေမဲ့… ချင်းလေး… စီနီယာအကိုကြီးက မင်းအပေါ် နည်းနည်းစိတ်ပျက်မိတယ်… ဒါပေမဲ့ စိတ်အားမငယ်ပါနဲ့… မင်းက ငယ်ပါသေးတယ်… အလုပ်ကြိုးစားပါ… မင်းက ငါ့လိုမျိုး ဒုတိယအကြိမ် ကြိုးစားတဲ့အခါမှာ အောင်မြင်နိုင်လိမ့်မယ်လို့ ငါယုံကြည်တယ် ”

အိမ်ရှေ့စံမင်းသား၏ အကြည့်သည် ရွှီချင်းအပေါ်သို့ ကျရောက်သွားသည်။ သူ၏ စိတ်ထဲမှာတော့ သူက စိတ်သက်သာရာရသွားခြင်းလော သို့မဟုတ် သက်ပြင်းချလိုက်ခြင်းလော သူ့ကိုယ်သူပင် နားမလည်ပေ။ သူက ဖြည်းညင်းစွာ ပြောသည်။

“ သွားစို့… ငါတို့ပြန်သင့်ပြီ ”

အိမ်ရှေ့စံမင်းသားသည် အရှေ့သို့ လျှောက်သွားပြီး ထွက်သွားရန် ဟန်ပြင်လိုက်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ရွှီချင်းသည် တုံ့ဆိုင်းနေသည်။

“ အဲ့ဒါကို ငါခံစားမိတယ်… ဒါပေမဲ့ ငါမသေချာဘူး ”

ရွှီချင်းသည် စကားပြောပြီးနောက် သူ၏ နှလုံးသားထဲမှ ခံစားမှုအတိုင်း လိုက်လံလုပ်ဆောင်သည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး အရှေ့သို့ ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

သွေးစက်များသည် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မွေးညင်းပေါက်များထဲမှ ချက်ချင်း စီးကျလာသည်။ သွေးစက်တိုင်းသည် ကိုယ်ပိုင်အသိစိတ်ရှိဟန်ရပြီး ရွှီချင်း၏ မျက်နှာအသွင်ဖြင့် ထွက်ပေါ်လာကြသည်။

ယင်းတို့က အတူတကွ စုဝေးသွားပြီး ရွှီချင်းကို လှည့်ပတ်လိုက်ကာ သွေးနီဝဲကတော့တစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။

ထိုမြင်ကွင်းသည် ခေါင်းဆောင်၏ မျက်လုံးကို ပြူးကျယ်သွားစေပြီး အိမ်ရှေ့စံမင်းသား၏ ခြေလှမ်းကို ရပ်တန့်သွားစေသည်။

ဝုန်းခနဲ မြည်ဟိန်းသံက ပဲ့တင်ထွက်လာသောအခါ သွေးနီဝဲကတော့သည် ပိုပြီးကျယ်ပြောလာပြီး သွေးရေအိုင်အဖြစ်သို့ ပြောင်းလဲသွားကာ ဘေးပတ်ဝန်းကျင်တစ်လျှောက် လွှမ်းခြုံသွားသည်။ တစ်ချိန်တည်းမှာ ဧရာမမျက်နှာတစ်ခုသည် သွေးရေအိုင်ထဲမှာ ထွက်ပေါ်လာသည်။

ယင်းက ရွှီချင်း၏ မျက်နှာ ဖြစ်သည်။

ထိုမျက်နှာပေါ်မှာ မည်သည့်အမူအရာမှ မရှိပေ။ ယင်းက မထူးမခြားနားအသွင်ဖြင့် ရှိနေသည်။ သို့သော်လည်း ယခင်က တိုတမ်မျက်နှာနှင့် ခြားနားသည်မှာ ယင်းကို ရွှီချင်းက ထိန်းချုပ်နိုင်ပေသည်။

“ ဒီဟာက အခွင့်အာဏာ ဟုတ်မဟုတ် ငါမသိဘူး… အတိတ်တုန်းက ငါခိုးယူခဲ့တဲ့ နတ်ဘုရားအရင်းအမြစ်ထဲမှာ သွေးပါတယ် ”

ရွှီချင်းသည် ခေါင်းဆောင်နှင့် အိမ်ရှေ့စံမင်းသားကို နူးညံ့စွာ ကြည့်လိုက်သည်။

အိမ်ရှေ့စံမင်းသား၏ နှလုံးသည် ဘောင်ဘင်ခတ်လာပြီး ခေါင်းဆောင်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သွေးနီဝဲကတော့ ထွက်ပေါ်လာသည့်အခိုက် အထူးသဖြင့် ဧရာမမျက်နှာကြီးထွက်ပေါ်လာသည့်အခိုက် သူ၏ ခန္ဓာကိုယ်ထဲမှ သွေးများက သူ၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သွားတော့မည်ဟု ခေါင်းဆောင် ခံစားမိလာသည်။

အကယ်၍ ရွှီချင်းသာ ဆန္ဒရှိမည်ဆိုလျှင် သွေးသည် သူ၏ ခန္ဓာကိုယ်ထဲမှ ချက်ချင်း ပေါက်ကွဲထွက်လာပြီး တစ်ဖက်လူ၏ ထိန်းချုပ်ခြင်းခံရလိမ့်ပေမည်။

အမှန်တကယ်ပင် ထိုသို့ဖြစ်သည်။ ဤအခိုက်အတန့်မှာ ရွှီချင်းသည် ဤသဲကန္တာရအတွင်းရှိ မရေမတွက်နိုင်သော သွေးလှိုင်းဂယက်များကို အာရုံခံမိနေသည်။

အကယ်၍ သူသာ ဆန္ဒရှိမည်ဆိုလျှင် သူ၏ နယ်နိမိတ်အတွင်းမှာရှိသော သွေးအားလုံးကို ဆွဲထုတ်နိုင်ပေသည်။

“ အဲ့ဒါက ထိန်းချုပ်မှုသက်သက်ပဲ မဟုတ်ဘူး… ”

ရွှီချင်းသည် တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။

နောက်အခိုက်အတန့်မှာ သူ၏ ဘေးပတ်ဝန်းကျင်မှ သွေးနီဝဲကတော့သည် လှုပ်ယမ်းလာပြီး သူ့ကို လွှမ်းခြုံသွားသည်။ သူက လေထဲသို့ မြှောက်တတ်သွားပြီး သွေးပင်လယ်အသွင်သို့ ပြောင်းလဲသွားသည်။ နတ်ဘုရားရတနာသိုက်သည် သွေးပင်လယ်ထဲမှာ မထင်မရှား ထွက်ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် မြေပြင်ပေါ်သို့ သက်ဆင်းလာသည်။ သွေးပင်လယ်သည်လည်း မြေပြင်ပေါ်သို့ တစ်ဟုန်ထိုး ထိုးဆင်းသွားသည်။

ဗုန်းဟူသော မြည်သံနှင့်အတူ အစိမ်းရောင်သဲကန္တာရသည် သွေးနီရောင်သို့ ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော သွေးစက်များသည် မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားသည်။ တစ်ကီလိုမီတာ… ငါးကီလိုမီတာ… ငါးဆယ်ကီလိုမီတာ…

နောက်ဆုံးမှာတော့ ၎င်း၏ သက်ရောက်မှုသည် ကီလိုမီတာ(၂၅၀)ထိ ရောက်ရှိသွားသည်။

သဲကန္တာရထဲမှ ကီလိုမီတာ(၂၅၀)ကျယ်ဝန်းသော ဧရိယာသည် လုံးဝအနီရောင်ပြောင်းသွားသည်။ ထိုဧရိယာထဲမှာရှိသော သားရိုင်းကောင်အားလုံးသည် အနီရောင်သွေးနှင့် ထိတွေ့သွားသည့်အခိုက် ၎င်းတို့၏ ခန္ဓာကိုယ်သည် ချက်ချင်း ယိုယွင်းပျက်စီးသွားပြီး သွေးပင်လယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာကြသည်။

တာအိုပျိုးထောင်ခြင်းအဆင့်နှင့် နှိုင်းယှဉ်နိုင်သော ဧရာမမှိုပွင့်ကြီးများပင် တုန်ယင်သွားကြပြီး အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားကြသည်။ မှိုပွင့်တစ်ပွင့်သည် ဧရာမပုံရိပ်အသွင် ဖွဲ့စည်းထားသော ၎င်း၏ အမြစ်လက်တံများကို ထုတ်လွှတ်လိုက်ပြီး ရုန်းထွက်ရန် ကြိုးစားသည်။ သို့သော်လည်း ၎င်းက မြေပြင်ပေါ်မှ သွေးပင်လယ်၏ ဝါးမျိုခံလိုက်ရပြီး တစ်စိတ်တစ်ပိုင်းဖြစ်လာသည်။

ဆာလာသော ခံစားမှုသည် ရွှီချင်း၏ နှလုံးသားထဲမှာ ထပ်မံပေါ်ထွက်လာသည်။ သွေးဆာလောင်သော ခံစားမှုသည်လည်း ပြန်ရောက်ရှိလာသည်။ သူက ပိုပြီးကျယ်ပြောသော ဧရိယာအထိ သွေးပင်လယ်ကို ဖြန့်ထုတ်ချင်နေသည်။

သို့သော်လည်း လူသားသဘာဝ၏ ကန့်သတ်ချက်များက ယင်းက သူ၏ လက်ရှိအကန့်အသတ်ဖြစ်ကြောင်း သတိပေးနေသည်။ အကယ်၍ သူက အကန့်အသတ်ကို ကျော်လွန်ပြီး ဆက်လက်လုပ်ဆောင်မည်ဆိုလျှင် ထပ်မံအသိစိတ်လွတ်သွားလိမ့်မည်။

သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ သွေးအားလုံးသည် မြန်ဆန်စွာ ပြန်စုဝေးသွားပြီး ရွှီချင်း၏ ပုံရိပ်က အိမ်ရှေ့စံမင်းသားနှင့် ခေါင်းဆောင်၏ အရှေ့မှာ ပြန်ဖွဲ့စည်းသွားသည်။

သူ၏ ပုံရိပ်သည် အစတွင် ဝေဝါးနေသော်လည်း တဖြည်းဖြည်း ကြည်လင်လာသည်။ မရေမတွက်နိုင်သော သွေးစက်များသည် မြေပြင်ပေါ်သို့ မြှောက်တတ်သွားကြပြီး ဆက်လက် စုဝေးသွားသည်။

တဖြည်းဖြည်း သူ၏ ဆံပင်ဖြူသည် အနက်ရောင်သို့ ပြန်ပြောင်းလဲသွားသည်။ သူ၏ ပိန်ချုံးနေသော ခန္ဓာကိုယ်သည် မူလအနေအထားသို့ ပြန်ရောက်ရှိသွားသည်။

အိမ်ရှေ့စံမင်းသားသည် ညာလက်ကို မြှောက်လိုက်ပြီး ညင်သာစွာ ဖမ်းဆုပ်လိုက်သည်။ ချက်ချင်းဆိုသလို ရွှီချင်းကို ဝန်းရံထားသော သွေးပင်လယ်ထဲမှ သွေးတစ်စက်သည် သူ၏ လက်ပေါ်သို့ ကျရောက်လာသည်။

ရွှီချင်း၏ မျက်နှာသည် ထိုသွေးစက်ထဲမှာ ထွက်ပေါ်နေပြီး အိမ်ရှေ့စံမင်းသားကို မထူးမခြားနား စိုက်ကြည့်နေသည်။

အိမ်ရှေ့စံမင်းသားသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ ထိုသွေးစက်ထဲမှာ နီလာနတ်သမီး၏ နတ်ဘုရားအခွင့်အာဏာစွမ်းအားထက် သာလွန်သော စွမ်းအင်ပါရှိကြောင်း သူပြောနိုင်သည်။

အခွင့်အာဏာသည် နတ်ဘုရားတိုင်းအတွက် ထူးခြားသော စွမ်းအင်တစ်မျိုးဖြစ်သည်။ ယင်းတို့က တစ်ခုနှင့်တစ်ခု ခြားနားကြသည်။

“ အဲ့ဒါက အနီရောင်လရဲ့ မူလဇစ်မြစ်လား ”

အိမ်ရှေ့စံမင်းသား၏ နှလုံးသားသည် ပြင်းထန်စွာ လှုပ်ခတ်လာသည်။ နီလာနတ်သမီး၏ တမင်ပြုလုပ်ခဲ့သော ညွှန်ကြားမှုအောက်မှာ လသည် အနီရောင်လနှင့် နီလာနတ်သမီးက ပေါင်းစပ်ထားသောအရာ ဖြစ်သည်။ သို့သော်လည်း လက်တွေ့မှာတော့ အနီရောင်လက အရင်ဖြစ်ပြီး နီလာနတ်သမီးက နောက်မှဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အနီရောင်လသည် ဝမ်ကူးကုန်းမြေမွေးဖွားလာကတည်းက တည်ရှိနေခဲ့သောအရာ ဖြစ်သည်။

နီလာနတ်သမီးသည်တော့ နတ်ဘုရားမျက်နှာပျက်ကြီးရောက်ရှိလာပြီးနောက် နတ်ဘုရားဖြစ်လာခဲ့သောသူ ဖြစ်သည်။

နီလာနတ်သမီးက အနီရောင်လထဲမှာ နေထိုင်နေရသည့် အကြောင်းအရင်းမှာ သူက အနီရောင်လဖြစ်လာရန် အနီရောင်လကို အစဉ်မပြတ် လုယူသိမ်းပိုက်နေသောကြောင့် ဖြစ်သည်။ ယင်းက နီလာနတ်သမီးကို နတ်ဘုရားဖြစ်လာစေသည့် လမ်းကြောင်းဖြစ်သည်။

သူ၏ နတ်ဘုရားအခွင့်အာဏာကို ထိုသိုလုပ်ဆောင်နေစဉ် ရရှိလာခဲ့ခြင်း ဖြစ်သည်။

နီလာနတ်သမီး၏ အခွင့်အာဏာကို ခိုးယူခြင်းသည် သူနားလည်ထားသော စွမ်းအားကို ရရှိခြင်းနှင့် တူညီသည်။ ယင်းက တခြားလူ အစာချေပြီးသားအရာကို စားသုံးခြင်းနှင့် ဆင်တူသည်။ သို့သော်လည်း ရွှီချင်းက ထိုသို့မဟုတ်ပေ။

အကယ်၍ သူတို့ကြားမှ စွမ်းအားကွာခြားမှုကို ထည့်မစဉ်းစားလျှင် ရွှီချင်းက သွေးကို နားလည်သွားသည့်အခိုက် သူနှင့် နီလာနတ်သမီးက တူညီသော လမ်းစဉ်ကို လျှောက်လှမ်းနေသည်ဟု ပြောနိုင်ပေသည်။

သူတို့၏ ပစ်မှတ်သည် တိုက်ရိုက်ဖြစ်စေ သို့မဟုတ် သွယ်ဝိုက်၍ဖြစ်စေ ယင်းက အနီရောင်လဖြစ်သည်။

ထိုအတွေးများ ထွက်ပေါ်လာသည့်အခါ အိမ်ရှေ့စံမင်းသား၏ နှလုံးသည် အပြင်းအထန် တုန်လှုပ်လာသည်။ သို့သော်လည်း သူက သူ၏ ပုံရိပ်ကို ဆက်လက် ထိန်းသိမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ မဆိုးဘူး… အဲ့ဒါက ငါ့အရင် ဆုံးဖြတ်ချက်နဲ့ အတူတူပဲ ”

“ သွေးတစ်စက်က ခန္ဓာကိုယ်နဲ့ ဝိညာဉ်ကို ပြန်ဖွဲ့စည်းနိုင်တယ် ”

“ သွေးတစ်စက်က အကန့်အသတ်မရှိအောင် ကြီးထွားနိုင်တယ် ”

“ ရွှီချင်း… မင်းရဲ့ သွေးအားလုံးက ခရမ်းရောင်ပြောင်းသွားတဲ့အခါ သွေးအခွင့်အာဏာကို ပိုပြီးဖမ်းဆုပ်မိလာမယ်… တစ်နေ့ကျရင် ကောင်းကင်ပေါ်က အနီရောင်လတောင် မင်းကြောင့် ခရမ်းရောင်ပြောင်းသွားနိုင်တယ် ”

“ အခု မင်းရဲ့ လေ့ကျင့်မှုက အဆုံးသတ်သွားပြီ… ပြန်ပြီး ခဏအနားယူလိုက်ပါ… နောက်ခုနစ်ရက်ကြာရင် ငါမင်းကို တစ်ယောက်ယောက်နဲ့ တွေ့ပေးဖို့ ခေါ်သွားမယ် ”

အိမ်ရှေ့စံမင်းသား၏ အမူအရာသည် တည်ငြိမ်ပြီး သူ၏ စကားသံထဲမှာ မည်သည့်လှိုင်းအတတ်အကျမှ မပါရှိပေ။ ဤသည်မှာ အရာအားလုံးက သူ၏ ခန့်မှန်းမှုအတွင်းမှာ ရှိနေသည့်အလားပင်။

သူက ထိုသို့ပြောပြီးနောက် အရှေ့သို့ လျှောက်သွားသည်။ သူက လက်ဝှေ့ယမ်းလိုက်ပြီး လက်ချောင်းဖြင့် တောက်လိုက်သည်။ သွေးစက်သည် ရွှီချင်း၏ မျက်ခုံးနှစ်ခုကြားထဲမှ နေရာဆီသို့ ဝင်ရောက်သွားသည်။ ယင်းက ရွှီချင်းနှင့် ပြန်ပေါင်းစပ်သွားသည်။

ရွှီချင်းသည် မျက်လုံးဖွင့်လိုက်ပြီး ခေါင်းဆောင်ကို ကြည့်လိုက်သည်။

ခေါင်းဆောင်သည် အားတင်းပြုံးလိုက်သည်။ သူက ဖိအားအများကြီးကို ခံစားမိသည်။ ဤအခိုက်အတန့်မှာ ရွှီချင်းက သူ့အား ပေးသော ဖိအားသည် ယခင်ထက် အများကြီး သာလွန်သည်။

‘ သူက နတ်ဘုရားသဘာဝကို ပထမဆုံးအကြိမ် ထိတွေ့သွားရုံနဲ့ အခွင့်အာဏာတစ်ခုကို တကယ်ကြီး ဖမ်းဆုပ်မိသွားတယ်… ငါက တကယ်တော့ စကားအဖြစ်ပဲ ပြောလိုက်တဲ့ဟာကို… ပြီးတော့ အဲ့ဒီအခွင့်အာဏာက… ’

ခေါင်းဆောင်သည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး စိတ်ထဲမှာ တွေးတောလိုက်သည်။

‘ အဲ့လိုမဖြစ်ရဘူး… ချိပ်တံဆိပ်ကို ငါဆက်ပြီး ဖြေလျှော့ရမယ် ’

သူက တည်ငြိမ်ချင်ယောင် ဟန်ဆောင်လိုက်သည်။

“ မဆိုးဘူး… မဆိုးဘူး… အဲ့ဒါ အတိတ်တုန်းက ငါနဲ့ အတူတူပဲ… ဟား ဟား… ”

ခေါင်းဆောင်သည် စကားပြောပြီးနောက် အရှိန်မြှင့်တင်လိုက်ပြီး အိမ်ရှေ့စံမင်းသားနောက်သို့ ပြေးလိုက်သွားသည်။

ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ယောက်အနောက်သို့ လိုက်သွားသည်။

ခါတိုင်းကဲ့သို့ အစိမ်းရောင်သဲမုန်တိုင်းသည် ကန္တာရထဲမှာ တဝီဝီတိုက်ခတ်နေသည်။

ကောင်းကင်က အနီရောင်သို့ ပြောင်းလဲသွားသောအခါ မှောင်ရီသော ကောင်းကင်သည် ယခင်ကထက် ပိုပြီးအရောင်တောက်ပလာသည်။

ယင်းက ရွှီချင်းနှင့် တခြားလူနှစ်ယောက်အပေါ် ကျရောက်လာပြီး သူတို့၏ အရိပ်ကို မြေပြင်ပေါ်မှာ ထင်ကျန်သွားစေသည်။

သူတို့သည် ဝေးသထက် အဝေးသို့ လျှောက်သွားကြသည်။

All Chapters