နမိတ်ဖြစ်စဥ် ပြန်လည်ပေါ်ထွက်လာခြင်း
Vol. 59 Ch. 874
“ခြုံပြီးတော့ပြောရမယ်ဆို ပူးကပ်သိမ်းပိုက်ခြင်းက သမာသမတ် မကျတဲ့ နည်းလမ်းတစ်ခုပဲ ၊ ငါက အဲ့ဒါကို အထင်သေးစက်ဆုပ်တယ်”
တာအိုအရှင်အဆုံးစွန်မီး၏ လေသံက တည်ငြိမ်နေသော်လည်း အဲ့ဒီမှာ ဖော်မပြနိုင်သော မာန်မာနတစ်ခုပါရှိနေသည်။
အခြားသော သာမန်ကျင့်ကြံသူများသာဆိုလျှင် သူတို့၏ ခန္ဓာကိုယ်ကို ဆုံးရှုံးထားပါက ဖြစ်နိုင်သမျှ မည်သည့်နည်းလမ်းကိုမဆို ကြိုးစားကြမည် ဖြစ်လေသည်။ ပူးကပ်သိမ်းပိုက်ခြင်းဖြစ်စေ သို့မဟုတ် အခြားသော နည်းလမ်းတခုခုဖြစ်စေ သူတို့၏ ခန္ဓာကိုယ်ကို ပြန်ရနိုင်သည်နှင့်အမျှ ဖြစ်နိုင်သမျှ ဘယ်အရာကိုမဆို လုပ်နိုင်ကြလေသည်။
သို့သော်လည်း တာအိုအရှင်အဆုံးစွန်မီးကတော့ ခြားနားလေသည်။
သူ၏ခန္ဓာကိုယ်ကို ဆုံးရှုံးထားသော်လည်း သူ၏ နှလုံးသားထဲမှ မာန်မာနကို မဆုံးရှုံးခဲ့ပေ။
ဆူဇီမိုက ပြောလိုက်လေသည်။
“ခင်ဗျားက ပူးကပ်သိမ်းပိုက်ခြင်းနည်းလမ်းကို လက်လျှော့လိုက်မယ်ဆို အဲ့ဒီမှာ နည်းလမ်းတစ်ခုဘဲ ရှိတော့တယ်၊ ဒါပေမယ့်လို့ ဓမ္မာဝိသေသ ခန္ဓာကိုယ်တစ်ခုကို ဘယ်ချိန်ဘယ်နေရာမှာ ရှာတွေ့နိုင်မယ်ဆိုတာ ကျုပ်မသိဘူး”
သူသည် ရင်တစ်ချက်ထိတ်သွားပြီး ဆက်ပြောလိုက်၏။
“စီနီယာ ခင်ဗျားလိုမျိုး တူညီတဲ့အခြေအနေနဲ့ ကြုံတွေ့နေရတဲ့လူတွေ အများကြီးရှိမှာပဲ.. အဲ့ဒီမှာ ဓမ္မဝိသေသ ခန္ဓာကိုယ်တွေကို ရောင်းချတဲ့လူတွေများရှိနေမလား ကျုပ်သိချင်မိတယ်”
သူကဓမ္မဝိသေသအဆင့်သို့ မကျင့်ကြံရသေးသည့်အတွက် ထိုအဆင့်မှာ ရှိမနေပေ။
သို့သော်လည်း သူ၏ ထင်မြင်ချက်တွင် အဲ့ဒီမှာ ဝယ်လိုအားတစ်ခုရှိနေသောကြောင့် အဲ့ဒါကို ရောင်းချမည့်သူများလည်း ရှိနေနိုင်လေသည်။
ဒါ့အပြင် အဲ့ဒါက အထင်သေးလို့မရသော အကျိုးအမြတ်များမည့် ရောင်းဝယ်မှုတစ်ခုဖြစ်လေသည်။
တာအိုအရှင်အဆုံးစွန်မီးက ခေါင်းညိတ်လိုက်၏။
“မင်းက ဉာဏ်ကောင်းသားပဲ.. ကျင့်ကြံရေးလောကမှာ အဲ့လိုမျိုး ခန္ဓာကိုယ်တွေကိုရောင်းချတဲ့ ဈေးကွက်တစ်ခု တစ်ကယ်ဘဲ ရှိတယ် ၊ အစကတော့ အဲ့တာကို အုတ်ဂူဂိုဏ်းကပဲ လုပ်ဆောင်တယ်.. နောက်ပိုင်းမှာတော့ အလောင်းသန့်စင်ကျင့်ထုံးဂိုဏ်းကလည်း ပါဝင်လာခဲ့တယ်”
“အုတ်ဂူဂိုဏ်းလား...”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။
“အုတ်ဂူဂိုဏ်းမှာ ကျုပ်နဲ့သိတဲ့ မိတ်ဆွေတစ်ယောက်ရှိတယ် ကျုပ်က သူနဲ့ပြန်တွေ့ရမယ်ဆိုရင် စီနီယာ ခင်ဗျားအတွက် ခန္ဓာကိုယ်တစ်ခု ရနိုင်မလားလို့ မေးကြည့်ပေးမယ်.. ဒါပေမယ့်လို့ သူ့ရဲ့ကျင့်ကြံမှုအဆင့်က ကျုပ်နဲ့သိပ်မကွာတဲ့အတွက် ဓမ္မဝိသေသအဆင့်မှာရှိတဲ့ ခန္ဓာကိုယ်တစ်ခုကိုတော့ သူကထုတ်မပေးနိုင်လောက်ဘူး”
“အဲ့ဒါက မလိုပါဘူး”
တာအိုအရှင်အဆုံးစွန်မီးက ခေါင်းခါပြလိုက်၏။
“ငါက ပူးကပ်သိမ်းပိုက်ခြင်းကို အထင်သေးသလို အခြားသူစိမ်းတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကိုလည်း မလိုချင်ဘူး ၊ အဲ့လိုလုပ်လိုက်မယ်ဆို ငါက အရင်ကျင့်ကြံမှုအဆင့်ကို ပြန်ရမယ်ဆိုရင်တောင် ငါက တူညီတဲ့ တာအိုအရှင်အဆုံးစွန်မီး ဖြစ်မှာမဟုတ်တော့ဘူး”
ဆူဇီမိုက ခေါင်းညိတ်လိုက်၏။
အမြုတေစိတ်ဝိညာဥ်က တူနေလျှင်တောင် အဲ့ဒီမှာ ခြားနားချက်များက ရှိနေဆဲပင်။
“နောက်ပြီးတော့ နည်းလမ်းနှစ်ခုစလုံးက ဆင်တူတဲ့ အကျိုးအပြစ်တွေရှိတယ်”
တာအိုအရှင်အဆုံးစွန်မီးက ဆက်ပြောလိုက်၏။
“ပူးကပ်သိမ်းပိုက်ခြင်းဖြစ်စေ ဒါမှမဟုတ် ဓမ္မဝိသေသ ခန္ဓာကိုယ်တစ်ခုကို ရယူခြင်းဖြစ်စေ သူတို့ရဲ့ အသားနဲ့မျိုးဆက်သွေးရဲ့ ဇာစ်မြစ်နှစ်ခုစလုံးက အမြုတေစိတ်ဝိညာဥ်နဲ့ ခြားနားနေလိမ့်မယ် ၊ အဲ့လိုနဲ့ လူတစ်ယောက်က သူ့ရဲ့ ယခင်အထွတ်အထိပ် အခြေအနေကို ပြန်လည်ရောက်ရှိဖို့အတွက် ခက်ခဲနေလိမ့်မယ်”
ဆူဇီမိုက အကြမ်းဖျင်းအဖြင့် နားလည်သွားခဲ့၏။
မည်သို့ပင်ဆိုစေ လူတစ်ယောက်၏ ခန္ဓာကိုယ်ကို ဆုံးရှုံးရခြင်းက အစားထိုး၍မရသော ဆုံးရှုံးမှုတစ်ရပ် ဖြစ်လေသည်။
တာအိုအရှင်အဆုံးစွန်မီးက လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။
“တစ်ကယ်တော့ အဲ့ဒီနည်းလမ်းနှစ်ခုအပြင် နောက်ထပ်တတိယနည်းလမ်းတစ်ခုရှိသေးတယ် ၊ လောကဆိုင်ရာပစ္စည်းတွေကို စုဆောင်း၊ အရိုးစုတစ်ခုတည်ဆောက်ပြီးတော့ အသားကို ပြန်လည်ဖွံ့ဖြိုးလာစေတာပဲ”
အရိုးစုတစ်ခုကို တည်ဆောက်ပြီး အသားများကို ပြန်လည်စုစည်းလာစေခြင်း...
ဆူဇီမိုသည် ထိုစကားလုံးများကို ကြားရချိန်တွင် ရင်တစ်ချက်ထိတ်သွားခဲ့လေသည်။
အဲ့ဒါက ဘယ်လိုအစွမ်းအစ အမျိုးအစားပါလိမ့်...
တာအိုအရှင်အဆုံးစွန်မီးက ရှင်းပြလိုက်လေသည်။
“တစ်ကယ်တော့ အဲ့ဒါက ရှေးဟောင်းလက်နက်သန့်စင်ခြင်း နည်းစနစ်တစ်ခုပဲ ၊ အရိုးကို အခြေခံအုတ်မြစ်အဖြစ်သုံးပြီးတော့ ကိုယ်တွင်းအင်္ဂါတွေကို အထောက်အပံ့ပစ္စည်းအဖြစ်သုံးရမယ်.... မျိုးဆက်သွေးနဲ့ အားဖြည့်လိုက်မယ်ဆိုရင် နောက်ဆုံးမှာ အသားတွေကို ပြန်လည်တည်ဆောက်လာနိုင်လိမ့်မယ်”
“အဲ့ဒီနည်းလမ်းက ရိုးရှင်းတယ်လို့ ထင်ရပေမယ့် ဖြစ်စဥ်တစ်ခုလုံးကတော့ အရမ်းကို ရှုပ်ထွေးဆန်းကြယ်တယ် ၊ ပြန်တည်ဆောက်ဖို့အတွက် လောကဆိုင်ရာ ပစ္စည်းတွေကို အရိုးအဖြစ်အသုံးပြုရမယ် ၊ အရိုးရဲ့အရည်အသွေးက ပိုကောင်းလေလေ ပိုသန်မာတဲ့မျိုးဆက်သွေးကိုလည်း မွေးဖွားလာနိုင်လေပဲ ၊ အင်္ဂါတွေကပိုပြီးတော့ သန်မာလေ အဲ့ဒီလူရဲ့ ခန္ဓာကိုယ်ခွန်အားကလည်း ကြောက်စရာကောင်းလာလေပဲ”
တာအိုအရှင်အဆုံးစွန်မီးက အသေးစိတ်ကို သေသေချာချာ ဆက်ရှင်းပြလိုက်လေသည်။
အစကတည်းက ဆူဇီမိုသည် လက်နက်သန့်စင်ခြင်းမှာ နင်ရှိုင်းသော နားလည်သဘောပေါက်မှုတစ်ခုရှိပြီး သူက ထိုရှင်းပြချက်မှာ နစ်မျောသွားခဲ့လေသည်။
မသိလိုက်မသိဘာသာနှင့်ပင် နှစ်နာရီကုန်ဆုံးသွားပြီး အရုဏ်တက်ချိန်သို့ တဖြည်းဖြည်း ချဥ်းကပ်လာခဲ့လေသည်။
သဘောတရားအရဆို ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်သည့် ဤရှေးဟောင်းနည်းစနစ်သည် သေချာပေါက် လျှို့ဝှက်အတတ်တစ်ခုဖြစ်ပြီး အသွန်းတစ်ရာ ဂိုဏ်းအတွင်းမှာသာ အဲ့ဒါကို လက်ဆင့်ကမ်းသင်ကြားပေးပေလိမ့်မည်။
သို့သော်လည်း ဘာကြောင့်ရယ်မသိရဘဲ တာအိုအရှင်အဆုံးစွန်မီးက ထိုရှေးဟောင်းနည်းစနစ်ကို တမင်ရည်ရွယ်၍ သူ့ကိုသင်ကြားပေနေသည်ဟု ဆူဇီမိုက ခံစားမိနေ၏။
ဒါ့အပြင် ထိုသူသည် အလွန်တရာအသေးစိတ်စွာဖြင့် ရှင်းပြပေးနေလေသည်။ သူက ဆူဇီမိုနားမလည်လိုက်မှာကို စိုးရိမ်နေသည့်အလားပင်။
ထိုအခိုက်အတန့်၌ ဆူဇီမိုက ဝေခွဲမရဖြစ်နေခဲ့၏။
သိပ်မကြာမီ တာအိုအရှင်အဆုံးစွန်မီး၏ တစ်ကယ့်ရည်ရွယ်ချက်ကို သူက သဘောပေါက်သွားခဲ့၏။
အရည်အသွေးမြင့်မားသော ခန္ဓာကိုယ်တစ်ခုကို တည်ဆောက်ဖို့ဆိုလျှင် အသုံးပြုမည့် လောကဆိုင်ရာ ပစ္စည်းများက စံနမူနာ ဖြစ်နေဖို့အရေးကြီးလေသည်။
အရိုးစုကိုတည်ဆောက်ခြင်းအတွက် အသုံးပြုမည့် ပစ္စည်းများ၏ အရည်အသွေးက ကောင်းလေလေ ပိုမိုသာလွန်ကောင်းမွန်သော ခန္ဓာကိုယ်တစ်ခုကို ဖန်တီးနိုင်လေလေ ဖြစ်သည်။
တာအိုအရှင်အဆုံးစွန်မီး၏ စကားများအရ အရိုးများကို ပြန်လည်တည်ဆောက်ခြင်းအတွက် မူလရတနာများကို အသုံးပြုပြီဆိုလျှင် မူလအဆင့်အရိုးစုတစ်ခုကို ဖန်တီးလာနိုင်ဖို့ အခွင့်များလေသည်။
မူလအဆင့်အရိုးများက မူလအဆင့်လက်နက်များနှင့် နှိုင်းယှဥ်လို့ရလေသည်။
မူလအဆင့် အရိုးများကနေ ဖန်တီးဖြစ်ပေါ်လာသော မျိုးဆက်သွေးနှင့် ခန္ဓာကိုယ်က မူလတာအိုခန္ဓာကိုယ်တစ်ခုကို ဖန်တီးပေးလာပေလိမ့်မည်။
တစ်ကယ်တော့ အဲ့ဒါက စိတ်ကူးယဥ်ဆန်သော အခြေအနေတစ်ခုဖြစ်ပြီး လက်တွေ့သိပ်မကျပေ။
သမိုင်းတွင် မည်သူကများ အဲ့ဒါကို အောင်မြင်အောင် လုပ်နိုင်ပါမည်နည်း။
“ဒါပြီးရင် မင်းရဲ့အစီအစဥ်က ဘာလဲ”
တာအိုအရှင်အဆုံးစွန်မီးသည် အရိုးများနှင့် ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ခြင်းနည်းလမ်းကို ရှင်းပြပြီးနောက် မေးလိုက်လေသည်။
“ကျုပ်က ကျုပ်ညီကိုမောင်နှမတွေဆီကို ပြန်သွားပြီးတော့ သူတို့ရဲ့ အခြေအနေတွေကို တစ်ချက်သွားကြည့်ရမယ်”
ဆူဇီမိုက လေးနက်စွာပြောလိုက်၏။
“သူတို့က အဆင်ပြေတယ်ဆိုရင် ကျုပ်ကသားရဲတစ်ထောင် တောင်ကြားကနေ ထွက်ခွာတော့မယ့်အကြောင်း သူတို့ကို အသိပေးရမယ် ၊ ပြီးရင် ခင်ဗျားကို အသွန်းတစ်ရာဂိုဏ်းဆီ ပြန်ပို့ပေးမယ်”
သူသည် သားရဲတစ်ထောင်တောင်ကြားတွင် နေလာခဲ့သည်မှာ နှစ်တစ်ရာကြာသွားခဲ့လေပြီ။
ကျင့်ကြံရေးလောကတွင် နှစ်တစ်ရာကြာပြီးနောက် ဘာတွေ ဘယ်လိုပြောင်းလဲသွားလည်း သူမသိရပေ။ တစ်ကယ်တော့ အဲ့ဒါထက် ဆူဇီမိုသည် ကျင့်ကြံရေးလောကရှိ သူ၏မိတ်ဆွေဟောင်းများကို စိုးရိမ်ပူပန်နေခြင်းဖြစ်၏။ ရှောင်းနင်နှင့် ညဝိညာဥ်လည်း ပါဝင်လေသည်။
အခုက သူပြန်ရမည့်အချိန်ကို ရောက်လာခဲ့လေပြီ။
သူက ဆက်ပြောလိုက်၏။
“စီနီယာ ဘာမှမပူနဲ့ ခန္ဓာကိုယ်တစ်ခုနဲ့ အရိုးတွေကို ပြန်လည်တည်ဆောက်ဖို့အတွက် အသုံးပြုရမယ့် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်း ၉ မျိုးကို ကျုပ်က ခင်ဗျားအတွက် သေချာပေါက် အကောင်းဆုံးရှာပေးမယ်”
အစကတည်းက တာအိုအရှင်အဆုံးစွန်မီးသည် မီးနှင့်ပက်သတ်သော နည်းစနစ်များမှာ အထူးပြုလေသည်။
အဲ့ဒါကြောင့် သူ၏ခန္ဓာကိုယ်ကို တည်ဆောက်ဖို့အတွက် လိုအပ်သော လောကဆိုင်ရာရတနာများသည် သန်မာသော မီးဒြပ်စင်ကို ပိုင်ဆိုင်ထားသည့် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ရှားပါးပစ္စည်း ၉ မျိုးဖြစ်လေသည်။ တစ်ကယ်တော့ ဤပစ္စည်းများက ကြုံတွေ့ရဖို့အလွန်တရာ ခဲယဥ်းလေသည်။
သူတို့ ၉ ခုစလုံးကို စုစည်းဖို့ဆိုသည်က ပိုလို့တောင်ခက်ခဲလေသည်။
ယခုအခါ ဆူဇီမိုသည် ဆိတ်ခြေထောက်ပေါ်ရှိ အသားများကို စားသုံးပြီးသွားပြီဖြစ်ပြီး အဲ့ဒီမှာ အရိုးတစ်ချောင်းသာ ကျန်ရှိတော့လေသည်။
သူ၏ ဒဏ်ရာအများစုကလည်း သက်သာပျောက်ကင်းသွားလေပြီ။
“ငါက အမြုတေစိတ်ဝိညာဥ်နဲ့ အပြင်ဘက်မှာ လျှောက်သွားဖို့က မသင့်လျော်ဘူး ၊ ငါ့အတွက် အခုချိန်မှာ မင်းဝမ်ဆုတောင်းပုတီးထဲ ပုန်းခိုနေတာက အကောင်းဆုံးပဲ”
ထိုသို့ပြောပြီးသည်နှင့် တာအိုအရှင်အဆုံးစွန်မီး၏ အမြုတေစိတ်ဝိညာဥ်သည် သွေးနီရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး ဆူဇီမို၏ ဘယ်ဘက်လက်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားလေသည်။
ဆူဇီမိုက သူ၏ဝတ်ရုံကို သေသပ်အောင်ပြင်ဆင်ပြီး လိုဏ်ဂူထဲကနေ ထွက်လာခဲ့လေသည်။
နှစ်နာရီကျော်ကြာသွားပြီးနောက် သူ့ကို အမဲလိုက်ချင်သော အဆင့်မြင်မိစ္ဆာသားရဲများက ထွက်သွားကြလောက်လေပြီ။
“သွေးပင်လာ်တဝိုက်က တိုက်ပွဲက ဘယ်လိုများဖြစ်နေမလဲ ငါသိချင်လိုက်တာ”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။ သူ၏ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးပြီးနောက် သူ၏ ဦးတည်ချက်ကို သတ်မှတ်ကာ သွေးပင်လယ်သို့ပြန်သွား၍ အခြေအနေများကို စစ်ဆေးဖို့ ဆုံးဖြတ်လိုက်လေသည်။
ထိုစဥ်မှာပင် ဆူဇီမို၏ အမူအရာက ပြောင်းလဲသွားခဲ့လေသည်။
ရုတ်တရက် သူ၏နှလုံးခုန်နှုန်းက မြန်ဆန်လာပြီး ကြီးကြီးမားမား ကိစ္စတစ်စုံတစ်ရာ ဖြစ်ပျက်တော့မည့်အလား လောကတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားသည်ဟု ထင်ရလေသည်။
တောအုပ်အတွင်းမှာ သတ်ဖြတ်လိုသော အော်ရာတစ်ခုက ပေါ်ထွက်လာခဲ့လေသည်။
ဆူဇီမို၏ ရင်ကလေးလံလာပြီး အသက်ကိုပင် ကောင်းကောင်းမရှုနိုင်တော့ပေ။
အန္တရာယ်က နေရာတိုင်းကနေ ချောင်းမြောင်းနေသည်ဟု ထင်ရလေသည်။
ကြောက်စရာအကောင်းဆုံးအချက်မှာ သူ၏အာရုံခံသတိစိတ်က အလုပ်မလုပ်တော့ခြင်းပင်။
သူ၏ အာရုံခံသတိစိတ်ပင်လျှင် တောအုပ်အတွင်းရှိ သတ်ဖြတ်လိုသော အော်ရာဖြင့် လုံးဝလွှမ်းခြုံခြင်းကို ခံလိုက်ရလေသည်။
အဲ့ဒါက တစ်ကယ့်ကို ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ အခြေအနေဖြစ်လေသည်။
ထိုစဥ်မှာပင် ဆူဇီမိုသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပြီး အရပ်တစ်ဖက်သို့ လှည့်ကြည့်လိုက်လေသည်။
“အာ!”
ဆူဇီမိုသည် ရင်တစ်ချက်ထိတ်သွားပြီး အံ့အတသင့်ရေရွတ်လိုက်၏။
မလှမ်းမကမ်းမိုးကုပ်စက်ဝိုင်း၏ ကောင်းကင်ထက်တွင် ကြယ်များက တစ်လုံးပြီးတစ်လုံး ပေါ်ထွက်လာခဲ့၏။ သူတို့က ဝရုန်းသုန်းကား လမ်းကြောင်းများဖြင့် လှည့်ပတ်လှုပ်ရှားလာလေသည်။
နေ့ဘက်မှာထွက်ပေါ်လာသောကြယ်များ...
ဤလောကနမိတ်ဖြစ်စဥ်က တစ်ဖန်ပြန်လည် ပေါ်ထွက်လာခဲ့လေပြီ။
သို့သော်လည်း ဤတစ်ကြိမ်မှာတော့ အဲ့ဒါက ဆူဇီမိုနှင့် အလွန်တရာနီးကပ်နေလေသည်။
ကောင်းကင်ထက်ရှိ ကြယ်များသည် ဝရုန်းသုန်းကားပုံစံဖြင့် လှုပ်ရှားနေပြီး တစ်ခုကိုတစ်ခု တိုက်မိကာ ကမ္ဘာတုန်လောက်သော အသံများကို ထွက်ပေါ်လာစေလေသည်။
လျှပ်စီးများက တဖျတ်ဖျတ်လက်၍ မိုးချုန်းသံများကလည်း ပေါက်ကွဲထွက်ပေါ်လာ၏။
ရှေးဟောင်းကြယ်များ၏ ပွတ်တိုက်ခြင်းမှ မရေမတွက်နိုင်သော ဥက္ကာခဲများက လွင့်ပျံကျလာလေသည်။ မီးတောက်များဖြင့် လွှမ်းခြုံနေသော ဤဥက္ကာခဲများသည် မီးမုန်တိုင်းတစ်ခုကဲ့သို့ ထျန်ဟွမ်ကုန်းမြေတိုက်ကြီးပေါ် ဆင်းသက်လာခဲ့လေသည်။
ဘန်းဘန်းဘန်း...
မြေပြင်က တုန်ဟည်းသွားပြီး တောင်တန်းများက လှုပ်ခါသွားလေသည်။ ကောင်းကင်ဘုံက လောက၏ ဤအစိတ်အပိုင်းကို ဖျက်ဆီးပစ်ချင်နေသည့်အလားပင်။
ဖြစ်ပျက်လာသမျှက အရမ်းကို တုန်လှုပ်ဖွယ်ရာကောင်းလွန်းလေသည်။
ဒါ့အပြင် အရာရာတိုင်းသည် ဆူဇီမို၏ ရှေ့မှောက်မှာ ဖြစ်ပျက်နေခြင်းဖြစ်လေသည်။
ကြယ်များသည် ကြောက်စရာကောင်းသော စွမ်းအားများဖြင့် ရွေ့လျားနေရင်း သူ၏ဦးခေါင်းထက်မှာ ရစ်ဝဲနေသည်ဟု ထင်ရလေသည်။
သတ်ဖြတ်လိုသော အော်ရာတစ်ခုက လောကတစ်ခွင် ပြည့်နှက်သွား၏။ ချက်ချင်းပင် သားရဲတစ်ထောင်တောင်ကြားမှာရှိသော သက်ရှိများအားလုံးသည် ကြောက်ရွံ့မှုဖြင့် ငြိမ်သက်နေသည့်အလားပင်။
ပုံမှန်အခြေအနေမှာဆိုလျှင် ကောင်းကင်ပေါ်ရှိ ကြယ်များသည် သူတို့၏ ကိုယ်ပိုင်လမ်းကြောင်းများ ရှိကြလေသည်။
သူတို့က တစ်ခုကိုတစ်ခု ပွတ်တိုက်ရိုက်ခတ်မိကြမှာမဟုတ်ပေ။
ထိုအခိုက်အတန့်မှာတော့ ကောင်းကင်ထက်ရှိ ကြယ်များသည် မမြင်ရသော စွမ်းအားတစ်ခုဖြင့် ထိန်းချုပ်ခြင်းခံနေရသည့်အလား လုံးဝ ဝရုန်းသုန်းကားဖြစ်နေလေသည်။
ကပ်ဘေးတစ်ခုက သက်ရှိအားလုံးပေါ်သို့ ဆင်းသက်လာတော့မည့်အလားပင်။
“အဲ့ဒါက ဖြစ်နေမလား...”
ထိုစဥ်မှာပင် တာအိုအရှင်အဆုံးစွန်မီး၏ အသံက ထွက်ပေါ်လာခဲ့၏။
မင်းဝမ်ပုတီးထဲမှ သွေးနီရောင်အလင်းတန်းတစ်ခုက လွင့်မျော၍ ထွက်လာပြီး တာအိုအရှင်အဆုံးစွန်မီးက တစ်ဖန်ပေါ်ထွက်လာခဲ့လေသည်။ သူက တုန်လှုပ်နေသော အမူအရာဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်၏။ သူ၏မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုကို အရှင်းသားမြင်နေရလေသည်။