← Chapters

မဟာတာအိုအရှင် ၃ ပါး

Vol. 59 Ch. 878

မဟာတာအိုအရှင် ၃ ပါး

Vol. 59 Ch. 878

တာအိုအရှင်အဆုံးစွန်မီးက ပြောလိုက်လေသည်။

“မင်းက အဲ့ဒီအလင်းလုံးရဲ့ အလွှာကိုဖောက်ပြီးမြင်နိုင်တယ်ဆို ငါတို့မှာ အားသာချက်လာပြီပဲ”

“ကျုပ်တို့က အခုလှုပ်ရှားရတော့မှာလား...”

ဆူဇီမိုကမေးလိုက်လေသည်။

“နေဦး... ခဏစောင့်ဦး”

တာအိုအရှင်အဆုံးစွန်မီးက အလွန်တရာတည်ငြိမ်နေပြီး လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

“ဒီနားတစ်ဝိုက်မှာ တခြားလူတွေ ရှိနေသေးတယ်”

“တခြားသူတွေ ဟုတ်လား”

ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။

တာအိုအရှင်အဆုံးစွန်မီးပြောသည်မှာ မိစ္ဆာသားရဲများကိုပြောသည်မဟုတ်ဘဲ လူသားကျင့်ကြံသူများကို ရည်ညွန်းကြောင်း သူကပြောနိုင်လေသည်။

ထိုစဥ်မှာပင် မျောက်ဝံအိုကြီး၏ မျက်ခုံးမွေးနှစ်ဖက်က လေမတိုက်ဘဲ တဖျပ်ဖျပ်လှုပ်သွားလေသည်။ သူက ချာကနဲလှည့်၍ မလှမ်းမကမ်း လေဟာနယ်ကို စိုက်ကြည့်ကာ ဟိန်းဟောက်လိုက်လေသည်။

“အဲ့ဒီမှာ ဘယ်သူပုန်းနေတာလဲ... ထွက်ခဲ့စမ်း!”

“ဟီးဟီးဟီး”

လှောင်ပြောင်ရယ်မောသံက လေထဲမှာပြည့်နှက်သွားပြီး စိတ်အေးလက်အေးပုံစံနှင့် အသံတစ်သံက ထွက်ပေါ်လာ၏။

“မင်းတို့တွေက ဘာမဟုတ်တဲ့ တောကောင်တစ်အုပ်စုပဲ... ငါက ထွက်လာတယ်ဆိုရင်ရော မင်းတို့က ငါ့ကို ဘာလုပ်နိုင်မာမို့လဲ”

ထို့နောက်ချက်ချင်းပင်လျှင် လေထဲမှာ စွမ်းအင်အတက်အကျတစ်ခုက ထွက်ပေါ်လာ၏။

တန်ဖိုးကြီးဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်သည် စိတ်အေးလက်အေးပုံစံဖြင့် လေထဲကနေ လျှောက်လှမ်းလာ၏။ သူ၏သွင်ပြင်က ကြော့ရှင်းပြီး ခံ့ညား၍ ကြည့်ပျော်ရှုပျော်ရှိလေသည်။ သူ၏လက်ထဲတွင် ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ထားပြီး အဲ့ဒါက အံ့မခန်း ညို့ငင်ဓာတ်တစ်ခုနှင့် သူ့ကို ကျက်သရေရှိနေစေလေသည်။

“မင်းကတော်တော် သတ္တိကောင်းနေတယ်ပေါ့... မင်းက ဘာကောင်မလို့ ငါတို့ကို တောကောင်လို့ခေါ်တာလဲ”

“ဟမ်... မင်းရဲ့အော်ရာက... လူသား ကျင့်ကြံသူတစ်ယောက်ပဲ”

“သူက လူသားကျင့်ကြံသူတစ်ယောက်ပဲ”

များစွာသော အဆင့်မြင့်မိစ္ဆာသားရဲများသည် လှမ်းကြည့်လိုက်ကြပြီးနောက် ဤလူ၏ ကိုယ်ပေါ်တွင် မည်သည့်သားရဲချီတစ်စွန်းတစ်စမှ ရှိမနေကြောင်းကို မကြာခင် တွေ့ရှိလိုက်ရ၏။ ထိုအစား အဲ့ဒီမှာ လူသားကျင့်ကြံသူတစ်ယောက်၏ အော်ရာက ရှိနေလေသည်။

ဇဝေဇဝါမြူခိုးရွှံ့ညွန်၏ အရှင်သခင်က အေးစက်စွာဖြင့် ပြောလိုက်၏။

“မင်းက လူသားမျိုးနွယ်ရဲ့ ဓမ္မဝိသေသတစ်ယောက်ထက်မပိုဘူး ၊ မင်းက ဒီနေရာကို တစ်ယောက်တည်းလာတယ်ဆိုတော့ သေချင်နေတာပဲ ဖြစ်ရမယ်”

ဓမ္မဝိသေသတစ်ယောက်၏ တိုက်ခိုက်ရေးခွန်အားက အဆင့်မြင့်မိစ္ဆာသားရဲများနှင့် နှိုင်းယှဥ်နိုင်လေသည်။

သို့သော် များပြားလှစွာသော မိစ္ဆာသားရဲများ၏ ကြောက်စရာကောင်းသော အကြည့်များနှင့် ရင်ဆိုင်နေရသော်လည်း ဤလူက ကြောက်ရွံ့မှုတစ်စွန်းတစ်စမှ ရှိမနေပေ။ ထိုအစား သူက ဣန္ဒြေရနေပြီး သူ၏ နှုတ်ခမ်းများကို ညင်သာစွာ ကွေးညွတ်၍ ထူးဆန်းစွာဖြင့် ပြုံးလိုက်လေသည်။

ထိုလူ၏ ဝတ်ရုံပေါ်မှ အမှတ်သင်္ကေတကို ဆူဇီမိုက သတိထားမိသွားပြီး သူသည် မိစ္ဆာဂိုဏ်း ၇ ဂိုဏ်းမှ တစ်ဂိုဏ်းဖြစ်သော တိမ်လွှာမိုးစက်ဂိုဏ်းမှ ဖြစ်ကြောင်း သိလိုက်လေသည်။

“အဲ့ဒါက သူကိုး...”

တာအိုအရှင်အဆုံးစွန်မီး၏ အသံက ထွက်ပေါ်လာလေသည်။

ဆူဇီမိုက မေးလိုက်လေသည်။

“စီနီယာ ခင်ဗျားက သူ့ကိုသိတာလား”

“သူ့ရဲ့ တာအိုဘွဲ့က တိမ်လွှာမိုးစက်ပဲ.. သူက တိမ်လွှာမိုးစက်ဂိုဏ်းရဲ့ မည်ကာမတ္တတပည့်တစ်ယောက်”

တာအိုအရှင်အဆုံးစွန်မီးက ဤလူ့ကို အတော်လေး မနှစ်မြို့ပုံရပြီး လှောင်ရယ်လိုက်လေသည်။

“ဟေး.. နှစ်ငါးထောင်ကြာပြီးတာတောင် အဲ့ဒီအငိုသန်တဲ့ ကောင်လေးက သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကနေ လုံးဝတိုးတက်မလာဘူးဘဲ”

တာအိုအရှင်အဆုံးစွန်မီး၏ မှတ်ချက်ကို ကြားရသော်လည်း ဆူဇီမိုက ဤလူ့ကို အထင်မသေးရဲပေ။

လူတစ်ယောက်၏ ကျင့်ကြံမှုက ပို၍နက်ရှိုင်းလာလေ သူတို့အတွက် နောက်ပိုင်းအဆင့်များကို ကျော်ဖြတ်ရန် ပို၍ခက်ခဲလာလေဖြစ်၏။

ဓမ္မဝိသေသအဆင့်မှာဆိုလျှင် လူတစ်ယောက်၏ ဘဝသက်တမ်းက နှစ်တစ်သောင်းထိ ရှိလာခဲ့လေသည်။ ထိုအဆင့်တွင် နှစ်ရာချီ သို့မဟုတ် နှစ်ထောင်ချီ၍ ကျင့်ကြံပြီးတာတောင် တစ်စုံတစ်ယောက်၏ ကျင့်ကြံမှုအဆင့်က ရှေ့သို့ဆက်၍ မတက်လှမ်းနိုင်ခြင်းမှာ ပုံမှန်သာ ဖြစ်လေသည်။

ဒါ့အပြင် ဤပုဂ္ဂိုလ် တာအိုအရှင်တိမ်လွှာမိုးစက်သည် နှစ် ၅ ထောင်ကြာအောင် သူ၏ မည်ကာမတ္တတပည့်နေရာမှာ ဆက်လက်ထိန်းသိမ်းထားနိုင်သည်ကို ကြည့်ခြင်းဖြင့် သူက ကိုင်တွယ်ဖို့ လွယ်ကူသည့် တစ်စုံတစ်ယောက်မဟုတ်ကြောင်း သိနိုင်လေသည်။

“ငါက မင်းကို အချက်နှစ်ချက် အမှန်ပြင်ပေးမယ်”

တာအိုအရှင်တိမ်လွှာမိုးစင်က ဇဝေဇဝါမြူခိုးရွှံ့ညွန်၏ အရှင်သခင်ကို ကြည့်ပြီး ပေါ့ပါးစွာပြုံးကာ အလောတကြီးမရှိဘဲ ဖြည်းဖြည်းချင်းပြောလိုက်လေသည်။

“ပထမတစ်ချက်... ငါက ဒီကိုတစ်ယောက်တည်း လာတာမဟုတ်ဘူး ၊ ဒုတိယတစ်ချက် မင်းက ငါ့ကိုလည်းမသတ်နိုင်ဘူး”

ထိုသို့ သူပြောလိုက်သည့်ခဏမှာပင် လေဟာနယ်ထဲတွင် နှင်းမုန်တိုင်းတစ်ခုက ဖြစ်ပေါ်လာပြီး အပူချိန်က ချက်ချင်းထိုးဆင်းလာလေသည်။

အဲ့ဒီနောက် မရေမတွက်နိုင်သော နှင်းပွင့်နှင်းချပ်များက လေထဲမှာ သိပ်သည်းစုဖွဲ့လာပြီး ခပ်လှမ်းလှမ်းကောင်းကင်ထက်ကနေ ရေခဲတံတားတစ်စင်းက ဆန့်တန်းထွက်ပေါ်လာခဲ့လေသည်။

ပိန်ပိန်ပါးပါး ပုံရိပ်တစ်ခုက လျှောက်လှမ်းလာခဲ့၏။

တစ်ခဏအတွင်းမှာပင် သူက ရောက်ရှိလာခဲ့လေသည်။

အဲ့ဒါက လူသားမျိုးနွယ်၏ နောက်ထပ်ဓမ္မဝိသေသတစ်ယောက်ဖြစ်လေသည်။

“အဲ့ဒါက နှင်းပုံတောင်ကြားက ကျင့်ကြံသူတစ်ယောက်ပဲ”

ဆူဇီမိုက လေးနက်စွာပြောလိုက်၏။

တာအိုအရှင်အဆုံးစွန်မီးက ခေါင်းညိတ်လိုက်၏။

“ငါက အဲ့ဒီအမျိုးသမီးကို မသိဘူး... ဆိုတော့.. သူမက ငါ့ရဲ့ဂျူနီယာပဲ ဖြစ်လိမ့်မယ် ၊ ဒါပေမယ့်လို့ သူမက တာအိုအရှင်တိမ်လွှာမိုးစက်နဲ့ ပုခုံးချင်းယှဥ်ရပ်နိုင်တယ်ဆိုကတည်းက သူမက အားမနည်းနိုင်ဘူး”

“နောက်ထပ်သေချင်နေတဲ့ လူတစ်ယောက်ပေါ့လေ”

ရွှေရောင်မီးတောက်တောင်တန်း၏ အရှင်သခင်က ဟားတိုက်ရယ်မောလိုက်၏။

မြွေတစ်ထောင်ကျွန်း၏ အရှင်သခင်က အူမြူးအားရစွာဖြင့် ရယ်မောလိုက်ပြီး သူမက ပရော်ပရည်ပုံစံဖြင့်ပြောလိုက်လေသည်။

“အမလေး... သူလေးက တော်တော်လှတာပဲ ၊ ရှင်တို့တွေက သူမကို သတ်ရက်လို့လား”

သူတို့ကျင့်ကြံထားသော ကျင့်ကြံမှုနည်းစနစ်များကြောင့် နှင်းပုံတောင်ကြားမှ အမျိုးသမီးကျင့်ကြံသူများသည် အလွန်တရာအေးစက်သော အော်ရာတစ်ခုကို ပိုင်ဆိုင်ထားကြလေသည်။

သို့သော်လည်း ဤအမျိုးသမီး၏ သွင်ပြင်က တစ်ကယ့်ကို ကြည်လင်သန့်ရှင်းပြီး ပြိုင်ဘက်ကင်းလောက်အောင် ရက်ရက်စက်စက် လှပနေသည်။

“နင်တို့တွေက လမ်းဖယ်ပေးကြတာ ကောင်းလိမ့်မယ်”

နှင်းပုံတောင်ကြား၏ အမျိုးသမီးကျင့်ကြံသူက အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“ဟီးဟီးဟီးဟီး”

မြွေတစ်ထောင်ကျွန်း၏ အရှင်သခင်က ရယ်မောလိုက်လေသည်။

“ရေခဲအလှလေး... ဒါက သားရဲတစ်ထောင်တောင်ကြားလေ နင့်ရဲ့ဂိုဏ်းမဟုတ်ဘူး ၊ နင်က ဒီနေရာကို နေရာမှားပြီး ရောက်လာတာလား”

နှင်းပုံတောင်ကြား၏ အမျိုးသမီးကျင့်ကြံသူက ဘာမှဆက်မပြောတော့ဘဲ သူမ၏ အမူအရာက အေးစက်ခက်ထန်လာခဲ့လေသည်။

ဆူဇီမိုက မျက်မှောင်ကြုတ်၍ တီးတိုးရေရွတ်လိုက်၏။

“သူတို့က ဒီနေရာကို ဘာအတွက် ရောက်လာကြတာပါလိမ့် ၊ သူတို့ကလည်း...”

“ဟုတ်တယ် သူတို့ကလည်း ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်အတွက် ဒီနေရာကို ရောက်ရှိလာကြတာပဲ”

တာအိုအရှင်အဆုံးစွန်မီးက ခေါင်းညိတ်လိုက်၏။

“ငါအထင်အရဆို သားရဲတစ်ထောင်တောင်ကြားမှာ ဖြစ်ပေါ်လာတဲ့ လောကနမိတ်ဖြစ်စဥ်ကို အကဲဖြတ်ပြီး ဓားပညာရပ်တစ်ခု မွေးဖွားလာတော့မယ်ဆိုတာကို ပြောနိုင်တဲ့ တစ်စုံတစ်ယောက် သူတို့ထဲမှာ ပါလိမ့်မယ်”

အစကတည်းက ဆူဇီမိုအနေဖြင့် အဆင့်မြင့်မိစ္ဆာသားရဲများစွာနှင့် အရှင်သခင် ၆ ပါး၏ စောင့်ကြည့်မှုအောက်ကနေ ထိုဓားပညာရပ်ကို လုယူဖို့က အင်မတန်ခက်ခဲနေခဲ့ပြီဖြစ်သည်။

ယခု နောက်ထပ် ဓမ္မဝိသေသနှစ်ယောက်ကပါ ပေါ်ထွက်လာခဲ့လေသည်။ ဆူဇီမိုအနေဖြင့် ထိုဓားပညာရပ်ကို အရယူနိုင်ဖို့က ပို၍ပင် ခဲယဥ်းလာခဲ့လေပြီ။

မျောက်ဝံအိုကြီးက တည်တံ့စွာဖြင့် မေးမြန်းလိုက်၏။

“မင်းတို့နှစ်ယောက်က ဒီကိုဘာအတွက်ရောက်လာကြတာလဲ”

“ငါတို့က လူသားမျိုးနွယ်က ပိုင်ဆိုင်တဲ့တစ်စုံတစ်ရာကို ပြန်ယူဖို့ရောက်လာတာပေါ့”

တာအိုအရှင်တိမ်လွှာမိုးစက်က သူ၏ ခေါက်ယပ်တောင်ကို ဆန့်တန်းလိုက်ပြီး မလှမ်းမကမ်းလေထဲရှိ အလင်းလုံးကို ထိုးပြလိုက်၏။

“ဟားဟားဟားဟား “

​

ငွေလတောင်ကြား၏ အရှင်သခင်က ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား ဟားတိုက်ရယ်မောလိုက်၏။

“ ဒါက သားရဲတစ်ထောင်တောင်ကြားမှာ မွေးဖွားပေါ်ထွက်လာတဲ့ ရတနာတစ်ခုပဲ ၊ အဲ့ဒါကို လူသားမျိုးနွယ်က ပိုင်ဆိုင်တယ်လို့ ဘယ်သူက ပြောတာလဲ”

“ငါပြောတာ”

နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာ၏။

ဝှစ်...

အလင်းတန်းတစ်ခုက ခပ်လှမ်းလှမ်းတစ်နေရာကနေ တလက်လက်ဖြင့် ထွက်ပေါ်လာပြီး ထက်ရှသော ဓားသံက လေထုကို ဆုတ်ဖြဲကာ ချက်ချင်းရောက်ရှိလာခဲ့လေသည်။

အဖြူရောင်ဝတ်ရုံနှင့် ကျင့်ကြံသူတစ်ယောက်သည် သူ၏ကျောထက်မှာ ဓားရှည်တစ်လက်ကို လွယ်ထားပြီး လေထဲမှာ မတ်တတ်ရပ်နေလသည်။ သူ၏ ဆံပင်ရှည်က တဖျပ်ဖျပ်လှုပ်နေပြီး သူက ဂုဏ်ယူဝင့်ကြွားသော အမူအရာတစ်ခုရှိနေသည်။ သူး အကြည့်က ဓားတစ်လက်ကဲ့သို့ ထက်ရှပြီး သူ့ထံမှ အံ့မခန်း စူးရှပြတ်သားသော အော်ရာတစ်ခုက ဖြာထွက်နေလေသည်။

အဲ့ဒါက ဓားဂိုဏ်းမှ ဓမ္မဝိ​သေသတစ်ယောက်ဖြစ်လေသည်။

“အဲ့ဒီလူကလည်း မရိုးရှင်းဘူး”

တာအိုအရှင်အဆုံးစွန်မီး၏ အသံက ထွက်ပေါ်လာလေသည်။

ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။

သူတို့သုံးယောက်သည် သားရဲတစ်ထောင်တောင်ကြား၏ အနက်ပိုင်းထဲသို့ ဝင်ရောက်လာရဲခြင်းကပင် သူတို့၏ သတ္တိနှင့် ရဲရင့်မှုက အခြားလူများထက် အပြတ်အသတ် သာလွန်ကြောင်း သက်သေပြပြီးလေပြီ။

ဓားဂိုဏ်း၏ တာအိုအရှင်က လေထဲရှိ အလင်းလုံးကို လက်ညိုးထိုးပြီး ဘာကိုမှ ဂရုမထားဟန်ဖြင့် ပြောလိုက်လေသည်။

“အဲ့ဒီပစ္စည်းက ငါတို့လူသားတွေပိုင်ဆိုင်တာပဲ.. အခု ငါက အဲ့ဒါကို ပြန်ယူသွားမယ် ၊ မင်းတို့ထဲ ဘယ်သူက ငါ့ရဲ့လမ်းမှာ ပိတ်ရပ်ချင်လဲ”

သူ၏စကားက ကျိုးကြောင်းဆီလျော်မှုမရှိဘဲ အတော်လေးကို ထောင်လွှားမောက်မာနေလေသည်။ သူက သားရဲတစ်ထောင်တောင်ကြားမှာ ရှိသော သားရဲများအားလုံးကို လုံးဝဂရုမစိုက်သည့်အလားပင်။

“မင်းလမ်းမှာ ငါပိတ်ရပ်မယ်ကွာ.. မင်းဘာလုပ်မလဲ”

ငွေလတောင်ကြား၏ အဆင့်မြင့်မိစ္ဆာသားရဲတစ်ယောက်က ထွက်လာပြီး သူ၏ ကြီးမားသည့် ဝံပုလွေခန္ဓာကိုယ်က လေထဲသို့ ပျံသန်းလာခဲ့လေသည်။ သူက ဓားဂိုဏ်း၏ တာအိုအရှင်ကို ထက်ရှသော သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသော စိမ်းဝါရောင် မျက်လုံးများဖြင့် စိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်လေသည်။

“ငါ့လမ်းမှာပိတ်ရပ်တဲ့ ဘယ်သူမဆို သေရလိမ့်မယ်”

ဓားဂိုဏ်း၏ တာအိုအရှင်က ဖြည်းဖြည်းချင်းပြောလိုက်လေသည်။

သူ့စကားမဆုံးသေးခင်မှာပင် သူ့ဓားကို ထုတ်လိုက်ပြီးလေပြီ။

အဲ့ဒီနောက် ကြောက်စရာကောင်းသော ဓားအလင်းတစ်ခုက ထွက်ပေါ်လာပြီး လေထုအလွှာများကို ဆုတ်ဖြဲကာ ငွေလတောင်ကြားမှ မိစ္ဆာသားရဲ၏ ဦးခေါင်းဆီသို့ ချက်ချင်း ဆင်းသက်သွားခဲ့လေသည်။

ဓားချီဖြတ်သန်းသွားရာ နေရာတိုင်း လေထဲရှိ အသက်ဓာတ်အားက ခမ်းခြောက်သွားသည်ဟု ထင်ရလေသည်။

“အသက်မဲ့ ဓားပညာရပ်”

​တာအိုအရှင်အဆုံးစွန်မီးက အံ့အားတသင့်ရေရွတ်လိုက်၏။

“ဗျစ်”

ငွေလတောင်ကြား၏ မိစ္ဆာသားရဲက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ရသေးခင်မှာပင် ဓားအလင်း၏ ထိုးဖောက်ခြင်းကို ခံလိုက်ရပြီး သူ၏ အသက်ဓာတ်က လျင်မြန်စွာ ခမ်းခြောက်သွားလေသည်။ တစ်ခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ခြောက်သွေ့သွားခဲ့လေသည်။

အဆင့်မြင့်မိစ္ဆာသားရဲတစ်ယောက်က ထိုဓားချက်ဖြင့် အသက်ခံလိုက်ရလေသည်။

ထိုသည်ကိုကြည့်ပြီး ဆူဇီမိုက ခေါင်းနပန်းကြီးသွားခဲ့လေသည်။

သူသည် အဲ့ဒါကို ဝေးဝေးကနေ စောင့်ကြည့်နေခြင်းဖြစ်သော်လည်း ထိုဓားချက်ကို ရင်ဆိုင်ခုခံဖို့အတွက် သူက မည်သည့်နည်းလမ်းကိုမှ စဥ်းစားလို့မရပေ။

သူ၏ ဝှက်ဖဲများအားလုံးက ထိုဓားချက်နှင့် ရင်ဆိုင်ရချိန်တွင် အရာမရောက်တော့ဟု ထင်ရလေသည်။

သူပိုင်ဆိုင်ထားသမျှတွင် ထိုဓားချက်ကို ခုခံနိုင်သည့်အရာမှာ နတ်ဖီးနစ်အရိုးသားလျှင် ရှိနိုင်လေသည်။

သို့သော်လည်း သူက နတ်ဖီးနစ်အရိုးကို မထုတ်ဖော်နိုင်ခင်မှာပင် ထိုဓားချက်က သူ့ကိုသတ်ဖြတ်နိုင်ကြောင်း ဆူဇီမိုက ကောင်းကောင်းသိထားလေသည်။

“အသက်မဲ့ဓားပညာရပ်.. ဓားချက်တစ်ချက်က အသက်ဓာတ်အားလုံးကို ဖျက်ဆီးခြေမှုန်းနိုင်တယ် ၊ အဲ့ဒါက တစ်ကယ့်ကို အံ့မခန်း ဓားချက်တစ်ချက်ပဲ”

တာအိုအရှင်အဆုံးစွန်မီးက ဖြည်းဖြည်းချင်းပြောလိုက်လေသည်။

“ဒဏ္ဍာရီအရဆို ဓားဂိုဏ်းရဲ့ တည်ထောင်သူသခင်က မဟာရှေးဟောင်း ဓားပညာရပ်သုံးခုထဲက အပိုင်းတစ်ပိုင်း ကို ရရှိထားခဲ့တယ်၊ အသက်မဲ့ဓားပညာရပ်က အဲ့ဒီရှေးဟောင်းဓားပညာရပ်ရဲ့ အပိုင်းတစ်ပိုင်းကနေ ဆင်းသက်လာခဲ့တာပဲ”

All Chapters