← Chapters

သားရဲချိပ်စည်းကားချပ်

Vol. 59 Ch. 882

သားရဲချိပ်စည်းကားချပ်

Vol. 59 Ch. 882

လေဟာနယ်ထဲတွင်..

ပြင်းထန်သော တိုက်ပွဲက အဆက်မပြတ် ဖြစ်ပွားနေဆဲဖြစ်၏။

ဤအချိန်ခဏအတွင်းမှာပင်.. အဆင့်မြင့်မိစ္ဆာသားရဲတစ်ရာကျော်က ကျဆုံးခဲ့ပြီးပြီ ဖြစ်လေသည်။

အရှင်သခင်ခြောက်ပါးက အခုဆို တစ်ကယ့်ကို ဒေါသထွက်နေကြပြီ ဖြစ်လေသည်။

တာအိုအရှင်သုံးပါးက လူသားမျိုးနွယ်၏ တစ်ကယ့်အထွတ်အထိပ် ပြိုင်စံရှားများ ဖြစ်နေကြသည့်အချက်က တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နောက်ထပ်ကြီးမားသည့် အကြောင်းရင်းတစ်ခုမှာ သူတို့သည် စောစောကတင် သူတို့အချင်းချင်း တိုက်ခိုက်ခဲ့ကြသောကြောင့် ပို၍ အထိနာကုန်ကြခြင်း ဖြစ်လေသည်။

သူတို့၏ သက်လုံအားနှင့် တိုက်ခိုက်ရည်ခွန်အားသည် တာအိုအရှင်သုံးပါးနှင့် တိုက်ခိုက်နေကြရင်း သိသိသာသာကုန်ခမ်းလာခဲ့ကြ၏။

သို့သော်လည်း သူတို့သည် နောက်ပြန်လှည့်စရာလမ်း မရှိတော့ပေ။

အရှင်သခင်ခြောက်ပါးက.. သားရဲတစ်ထောင်တောင်ကြား၏ အနက်ပိုင်းထဲသို့ စွန့်စားဝင်ရောက်လာသော တာအိုအရှင်သုံးပါးကို ရှုံးနိမ့်ပြီး ဘာမှန်းမသိရသေးသော ရတနာကို သူတို့လက်ထဲသို့ ထည့်ပေးလိုက်ရမည်ဆိုလျှင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာ သားရဲတစ်ထောင်တောင်ကြားက အကြီးမားဆုံးဟာသတစ်ခု ဖြစ်လာပေတော့မည်။

ဤတိုက်ပွဲကြောင့် တာအိုအရှင်သုံးပါးကလည်း သေချာပေါက် အရမ်းကို ဂုဏ်သတင်းကျော်ဇောသွားပေတော့မည်။

“ဟားးးး”

မျောက်ဝံအိုကြီးက သူ့မျိုးဆက်သွေးကို အဆုံးစွန်အထိ လှည့်ပတ်ရင်း သူ့ခေါင်းကိုမော့ကာ မာန်ဖီဟိန်းဟောက်လိုက်၏။ သူ၏ ရှည်လျားကြီးမားသည့် ခန္ဓာကိုယ်ကြီးကို လှုပ်ခါ၍ နှင်းခဲများကို အဆက်မပြတ် ပျော်ကျသွားစေလေသည်။

ဘုန်း..

မျောက်ဝံအိုကြီးက ခြေတစ်ဖက်ကို ဆောင့်နင်းချပြီး အစက အေးခဲနေသော လေဟာနယ်တွင် အက်ကွဲကြောင်းများကို တစ်ခုပြီးတစ်ခု လျင်မြန်စွာ ဆန့်တန်းသွားစေလေသည်။

“ကြေမွစမ်း”

သူက ခုန်တက်ပြီး အကျော်ဇေယျကို သူ့ရှေ့တွင်ရှိသော လေဟာနယ်ပေါ်သို့ ပြင်းထန်စွာ လွှဲရိုက်ချလိုက်၏။

တဖျတ်ဖျတ်တလက်လက် ရွှေရောင်အလင်းတန်းက ချက်ချင်းဆင်းသက်လာခဲ့၏။

ဘုန်း..

အေးခဲနေသော လေဟာနယ်က လုံးဝ ကြေမွသွားပြီး မရေမတွက်နိုင်သော အဆင့်မြင့်မိစ္ဆာသားရဲများက ရုန်းကန်၍ လွတ်မြောက်နိုင်သွားကြ၏။ သူတို့အားလုံးက တုန်ယင်နေပြီး သည်းထန်စွာ မောဟိုက်နေကြ၏။

ဤသားရဲများ၏ မျက်နှာများသည် ဤအချိန်ခဏအတွင်း နှင်းခဲများ၏ အေးစက်မှုကြောင့် ပြာနှမ်းလာခဲ့ပြီးဖြစ်၏။

ထိုအခြေအနေကသာ အနည်းငယ် ဆက်ကြာမြင့်ခဲ့လျှင် သူတို့၏ အမြုတေစိတ်ဝိညာဉ်များက အေးခဲသွားပြီး သူတို့သည် လုံးဝကျဆုံးကာ ဘယ်တော့မှ ပြန်လည်ရုန်းထွက်လာနိုင်တော့မည် မဟုတ်ပေ။

သူတို့၏ ကျင့်ကြံမှုအဆင့်များက မတိမ်းမယိမ်း ရှိကြသော်လည်း သူတို့နှင့် တာအိုအရှင်သုံးပါးအကြား ကွာဟချက်က အရမ်းကို ကြီးမားလွန်းနေ၏။

တိုက်ပွဲနယ်မြေပေါ်ရှိ အပူချိန်က တုန်လှုပ်စရာကေင်းလောက်အောင် အေးစက်နေဆဲဖြစ်၏။

အရှင်သခင်ခြောက်ပါးကလွဲလျှင် အခြားသော အဆင့်မြင့်မိစ္ဆာသားရဲများက ကြောက်ရွံ့မှုကို ခံစားလာရပြီးဖြစ်ကာ ရှေ့သို့ ဆက်မတက်ရဲကြတော့ပေ။

“လောင်စမ်းကွာ”

ရွှေရောင်မီးတောက်တောင်တန်းအရှင်သခင်က သူ့ပါးစပ်ကို ဟပြီး ရွှေရောင်မီးတောက်လုံးတစ်လုံးကို မှုတ်ထုတ်ကာ တိုက်ပွဲနယ်မြေတွင်ရှိသော နှင်းခဲများကို ကြေမွသွားစေလေသည်။

တစ်ချိန်တည်းမှာပင် သူ၏ လျှာကို ညင်သာစွာကိုက်ပြီး ရွှေရောင်မီးတောက်များပေါ်သို့ အဆီအနှစ်သွေးစီးကြောင်းတစ်ခုကို ထွေးထုတ်လိုက်၏။

မီးတောက်များက သိပ်သည်းအားကောင်းလာပြီး ရွှေရောင်မီးပင်လယ်ပြင်တစ်ခုကို ဖြစ်ပေါ်လာစေကာ ကောင်းကင်ထိတိုင် လောင်ကျွမ်းသွားစေ၏။

မရေမတွက်နိုင်သော နှင်းခဲအပိုင်းအစများက မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး တိုက်ပွဲနယ်မြေတစ်ခုလုံးက မြူများဖြင့် မှိုင်းလာလေသည်။

ရုတ်တရက်.. ဟင်္သပဒါးတိမ်လွှာတောင်ကြားအရှင်သခင်၏ မျက်လုံးများထဲမှ သက်တံရောင်အလင်းတန်းနှစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး တာအိုအရှင်တိမ်လွှာမိုးစက်၏ ခေါက်ယပ်တောင်ထဲသို့ တိုးဝင်သွားလေသည်။

အရှင်သခင်အချို့၏ ဓမ္မလက်နက်များကလည်း တစ်ချိန်တည်းမှာ ဆင်းသက်လာကြ၏။

သူတို့သည် တာအိုအရှင်တိမ်လွှာမိုးစက်၏ ခေါက်ယပ်တောင်ကို ပစ်ဆောင့်ချလိုက်ကြပြီး ၎င်း၏ အရောင်အဝါက မှေးမှိန်ကျသွားလေသည်။

ငွေလတောင်ကြား၊ မြွေတစ်ထောင်ကျွန်းနှင့် ဇဝေဇဝါမြူခိုးရွှံ့ညွန်မှ အရှင်သခင်များသည် သူတို့၏ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်လိုက်ကြ၏။ သူတို့၏ သားရဲပညာရပ်များက စိတ်အာရုံခြောက်ပါးလက်ဝါးရိုက်ချက်ကို ဆန့်ကျင်၍ တွန်းဖယ်ထုတ်ပြီး အရာရာတိုင်းကို သိပ်မကြာမီ ပျက်ပြယ်သွားစေလေသည်။

တစ်ခဏအတွင်းမှာပင် တာအိုအရှင်တိမ်လွှာမိုးစက်နှင့် နတ်မိမယ်နှင်းပွင့်တို့၏ နည်းလမ်းများက လုံးလုံးလျားလျား ပျက်ပြယ်သွားခဲ့လေသည်။

သူတို့နှစ်ယောက်စလုံး၏ အမူအယာများက ပို၍ ဖြူဖပ်ဖြူရော် ဖြစ်သွားကြလေသည်။

များပြားလှစွာသော သားရဲများနှင့် အရှင်သခင်ခြောက်ပါးကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရခြင်းက သူတို့မှာရှိသည့် ခွန်အားကို မြောက်များစွာ ထုတ်နုတ်သုံးစွဲလိုက်သည့်အလား.. သူတို့သည် အဲ့ဒါကို ထိန်းထားနိုင်ရုံမျှသာ ရှိတော့လေသည်။

အခြားတစ်ဖက်မှာတော့..

တာအိုအရှင်အင်မော်တယ်ဓါးက အလင်းလုံးရှေ့သို့ ရောက်ရှိလာပြီဖြစ်၏။ သို့သော် သူက အရမ်းကာရော ရှေ့သို့ မတက်ရဲပေ။

ဧရာမအလင်းလုံးကြီးကို ဝန်းရံထားသော အရောင်အဝါသည် ကောင်းကင်သတ်ဖြတ်ခြင်းဓါးပညာရပ်၏ ဓါးချီများကနေ ဖန်တီးထားခြင်းဖြစ်ပြီး အလွန်တရာ ထက်ရှလေသည်။ သူပင်လျှင် သူ၏ ကိုယ်ကာယဖြင့် အဲ့ဒါကို မခံယူဝံ့ပေ။

တာအိုအရှင်အင်မော်တယ်ဓါးသည် သူ့မျက်လုံးနှစ်ဖက်ကို မှေးကျဉ်းပြီး သူ့လက်နှစ်ဖက်ကို ဆက်တိုက်လှုပ်ရှား၍ ဓမ္မပညာရပ်များကို ဆင့်ခေါ်ထုတ်ဖော်လိုက်၏။ လေထဲတွင် ဧရာမကောင်းကင်ထိုးဖောက်ဓါးကြီးတစ်လက်က ဖြစ်ပေါ်လာပြီး အလင်းလုံးကြီးကို ရက်ရက်စက်စက် ခုတ်ပိုင်းချလိုက်၏။

ဘုန်း..

ဧရာမဓါးကြီးက အလင်းလုံးကို ရိုက်ခတ်လိုက်သောအခါ ကမ္ဘာတုန်လောက်ဖွယ်ရာ ပေါက်ကွဲသံကြီးက ထွက်ပေါ်လာခဲ့လေသည်။

အလင်းလုံးက သက်ရောက်ခြင်း ခံလိုက်ရသည့်အလား တုန်ခါသွားပြီး ဓါးချီလှိုင်းများကို ထုတ်ပေးလာ၏။ ဓါးချီများက ရူးသွပ်စွာ ရုန်းကန်ထွက်ပေါ်လာပြီး အေးစက်စက်သတ်ဖြတ်လိုစိတ်တစ်ခုနှင့်အတူ လေဟာနယ်ကို လှီးဖြတ်လိုက်၏။

တာအိုအရှင်အင်မော်တယ်ဓါးက အတန်ကြာကတည်းက ဆုတ်ခွာသွားပြီဖြစ်၏။ သို့သော် သူက သိပ်မကြာမီ ပြန်ရောက်လာပြီး ဓမ္မပညာရပ်များကို ထုတ်ဖော်၍ နောက်တစ်ဖန် တိုက်ခိုက်လိုက်ပြန်၏။

နောက်ထပ် ဧရာမဓါးကြီးက အပေါ်ကနေအောက် ခုတ်ပိုင်းကျလာပြန်၏။

ဘုန်း..

အလင်းလုံးက နောက်တစ်ဖန် တုန်ခါသွားပြီး ဓါးချီများက ဖြန့်ကြက်လာခဲ့၏။

ဘန်း.. ဘန်း.. ဘုန်း..

တစ်ခဏအတွင်းမှာပင် တာအိုအရှင်အင်မော်တယ်ဓါးသည် တတိယမြောက်ဓါးနှင့်အတူ ခုတ်ပိုင်းချလိုက်၏။

အပြင်လူများက သူလုပ်နေသည့်အရာကို အာရုံခံနိုင်ခြင်း သို့မဟုတ် သိမြင်နိုင်ခြင်း မရှိကြပေ။

သို့သော်လည်း မီးပဒေသာနဂါးမျက်လုံးနှင့်အတူ ဆူဇီမိုသည် အရာရာတိုင်းကို ရှင်းလင်းစွာ မြင်နေရ၏။ တာအိုအရှင်အင်မော်တယ်ဓါးထံမှ ခုတ်ချက်တစ်ချက် ထွက်ပေါ်လာတိုင်း အလင်းလုံးကနေ ဓါးချီများက ဖြာထွက်လာပြီး သိသိသာ အားနည်းသွားကာ ၎င်း၏ အရောင်အဝါကလည်း လျော့ကျလာခဲ့လေသည်။

၎င်းသည် ပထမစပေါ်လာတုန်းကကဲ့သို့ အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်သည့်အလား တဖျတ်ဖျတ်တလက်လက် အရောင်အဝါများ ဆက်လက်၍ မရှိတော့ပေ။

အဲ့ဒါက ဓါးဂိုဏ်း၏ လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်ပြီး သူက ကောင်းကင်သတ်ဖြတ်ခြင်းဓါးပညာရပ်နှင့် ဆက်သွယ်မှုအမျိုးအစားတစ်ခု တည်ဆောက်နေသည်ဆိုတာကို ဆူဇီမိုက နားလည်သဘောပေါက်လိုက်လေသည်။

တာအိုအရှင်အင်မော်တယ်ဓါးက အလင်းလုံးအတွင်းမှာရှိသည့် ကောင်းကင်သတ်ဖြတ်ခြင်းဓါးပညာရပ်ကို ဖိနှိမ်ဖို့ ကြိုးပမ်းနေခြင်း ဖြစ်လေသည်။

အလင်းလုံးပတ်လည်ရှိ အရောင်အဝါက လုံးလုံးလျားလျား ပျက်ပြယ်သွားသည်နှင့် ကောင်းကင်သတ်ဖြတ်ခြင်းဓါးပညာရပ်က တာအိုအရှင်အင်မော်တယ်ဓါးအပိုင် သေချာပေါက် ဖြစ်လာပေလိမ့်မည်။

အလင်းလုံးပတ်လည်ရှိ ဓါးချီက အတိုင်းအတာတစ်ခုအထိ သေချာပေါက် အားပျော့သွားသည်နှင့် တာအိုအရှင်အင်မော်တယ်ဓါးက အတင်းထိုးဝင်နိုင်ပြီး ကောင်းကင်သတ်ဖြတ်ခြင်းဓါးပညာရပ်ကို အရယူကာ အလင်းလုံးကလည်း လုံးလုံးလျားလျား ပျက်ပြယ်သွားပေလိမ့်မည်။

“အစ်ကိုအင်မော်တယ်ဓါး.. အဲ့ဒီမှာ ဘယ်နှယ့်လဲ”

တာအိုအရှင်တိမ်လွှာမိုးစက်၏ လေသံက စိတ်မရှည်နိုင်တော့မှုနှင့် စိတ်သောကများမှု တစ်စွန်းတစ်စ ရောစွက်နေ၏။

ဤအခိုက်အတန့်၌ သူက အစတုန်းကလို ဆက်လက်၍ ဣန္ဒြေရ၍ အေးအေးလူလူပုံစံ ရှိမနေတော့ပေ။

နတ်မိမယ်နှင်းပွင့်က မောက်မာနေဆဲ ပုံပေါ်သော်လည်း သူမက အတော်လေး ချုံးချုံးကျလာခဲ့ပြီဖြစ်၏။

သူတို့နှစ်ယောက်သည် အရှင်သခင်ခြောက်ပါး၏ ခွန်အားအပြည့် တန်ပြန်တိုက်ခိုက်မှုများကို မနည်းပင် ကြိုးစားရုန်းကန်၍ ခုခံနေရပြီး အချိန်မရွေး ဖိနှိမ်ခံတော့ရမည်ကဲ့သို့ ဖြစ်နေ၏။

“တာအိုရောင်းရင်းတို့.. နဲနဲလောက်လေး တောင့်ခံပေးထားကြပါဦးဗျ”

တာအိုအရှင်အင်မော်တယ်ဓါး၏ အသံက တည်ငြိမ်နေပြီး သူ့အကြည့်က မနှိုင်းယှဉ်သာအောင် ချစ်ချစ်တောက်ပူပြင်းလာကာ သူ့ရှေ့ရှိ တဖြည်းဖြည်း မှေးမှိန်လာနေသော အလင်းလုံးကို စူးစိုက်ကြည့်နေ၏။

သူက ကောင်းကင်သတ်ဖြတ်ခြင်းဓါးပညာရပ်ကို အရယူနိုင်တော့မည်ဆဲဆဲ ဖြစ်နေလေပြီ။

သူက မည်သည့်မတော်တဆမှုကိုမှ ခွင့်မပြုနိုင်တော့ပေ။

တာအိုအရှင်အင်မော်တယ်ဓါးက နောက်သို့ တွန်းထုတ်ခံနေရသော တာအိုအရှင်တိမ်လွှာမိုးစက်နှင့် နတ်မိမယ်နှင်းပွင့်ကို လှမ်းကြည့်လိုက်ရင်း သူ့မျက်လုံးများထဲတွင် အေးစက်စက်အလင်းတစ်ခုက ဖျတ်ကနဲ လက်သွား၏။ သူက သိုလှောင်အိတ်ကို ပုတ်ပြီး မီးခိုးရောင်ပစ္စည်းတစ်ခုကို ဆွဲထုတ်ကာ အဲ့ဒါကို အပြင်ဘက်သို့ ပစ်ထုတ်လိုက်၏။

ထိုပစ္စည်းက တဖျပ်ဖျပ်လှုပ်၍ လေထဲတွင်ရှိသော သားရဲများ၏ ဦးခေါင်းထက်မှာ ရစ်ဝဲကာ ဖြည်းဖြည်းချင်း ဖြန့်ကြက်သွားလေသည်။

“သားရဲချိပ်စည်းကားချပ်.. အဲ့လိုရတနာကိုတောင် သူက ဘယ်လိုပိုင်ဆိုင်ထားတာပါလိမ့်”

တာအိုအရှင်အဆုံးမီး၏ မသိမသာ တုန်လှုပ်နေသော အသံက ဆူဇီမို၏ စိတ်အာရုံထဲမှာ ထွက်ပေါ်လာ၏။

“အဲ့ဒါ ဘာကြီးလဲ”

ဆူဇီမိုက အသံထုတ်လွှင့်ပို့လွှတ်၍ မေးလိုက်၏။

တာအိုအရှင်အဆုံးစွန်မီးက ပြန်ပြောလိုက်၏။

“အဲ့ဒီသားရဲချိပ်စည်းကားချပ်က ရှေးဟောင်းခေတ်ရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဖန်တီးခဲ့တဲ့ ဓမ္မရတနာတစ်ခုပဲ.. အဲ့ဒါက လူသားကျင့်ကြံသူတွေအပေါ်မှာ သုံးစားမရပေမယ့်လို့ သားရဲတွေအပေါ်မှာတော့ အရမ်းကို စွမ်းအားကြီးကြီးနဲ့ ဖိနှိမ်ထားနိုင်တယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

တစ်နည်းအားဖြင့် ပြောရလျှင် အဲ့ဒါက သားရဲထုတ်ဖော်ကြေးမုံနှင့် ဆင်တူပြီး သားရဲများအပေါ် ပစ်မှတ်ထားသော ရတနာတစ်ခု ဖြစ်လေသည်။

သိပ်မကြာမီ တာအိုအရှင်အဆုံးစွန်မီးက တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားပုံရပြီး နားလည်သဘောပေါက်သွားဟန်ဖြင့် အံ့အားတသင့် ရေရွတ်လိုက်၏။

“အဲ့ဒီသားရဲချိပ်စည်းကားချပ်က ပျက်စီးနေပြီးပြီပဲ.. သူက အဲ့ဒါကို အစကထဲက ထုတ်မသုံးခဲ့တာ မထူးဆန်းတော့ဘူး”

ဆူဇီမိုက အာရုံစိုက်ကြည့်လိုက်၏။

သားရဲချိပ်စည်းကားချပ်ကို ‘ကားချပ်’တစ်ခုဟု ခေါ်သော်လည်း အဲ့ဒါကို အမျိုးအမည်မသိရသော တောကောင်တစ်ကောင်၏ သားရေကနေ ပြုလုပ်ထားပြီး ၎င်းပေါ်တွင် သားမွေးအချို့နှင့် ရှေးကျသောအော်ရာတစ်ခု ရှိနေလေသည်။

ထိုတောကောင်သားရေ၏ ကြီးမားသည့်အပိုင်းတစ်ပိုင်းက မညီမညာသော အနားစွန်းများဖြင့် စုတ်ပြဲနေပြီး အလွန်တရာစွမ်းအားကြီးမားသော အားတစ်ခုက အဲ့ဒါကို ဖျက်ဆီးဆုတ်ဖြဲခဲ့ပုံပင်။

သားရဲချိပ်စည်းကားချပ်က ဆင်းသက်လာသည့်ခဏမှာပင် ထိတ်လန့်ချောက်ချားဖွယ်ရာ စွမ်းပကားတစ်ခုက ထွက်ပေါ်လာခဲ့ပြီး နေရာတိုင်းကို ဖြန့်ကြက်သွားလေသည်။

တိုက်ပွဲနယ်မြေအတွင်းတွင် အရှင်သခင်ခြောက်ပါးအပါအဝင် အဆင့်မြင့်မိစ္ဆာသားရဲများအားလုံးသည် မမြင်ရသောအားတစ်ခု၏ ချုပ်နှောင်ခြင်း ခံလိုက်ရပုံရပြီး သူတို့က ဘယ်လိုမှ မရုန်းနိုင်တော့ပေ။

“ဂါး”

မျောက်ဝံအိုကြီးက နက်ရှိုင်းစွာ မာန်ဖီ၍ အလျှော့ပေးလိုစိတ် မရှိပေ။ သူ၏ အရိုးစုက ပြိုလဲကျတော့မည့်အလား သူ့အရိုးများထံမှ တဖြောက်ဖြောက်မြည်သံများက ထွက်ပေါ်လာခဲ့လေသည်။

မြွေတစ်ထောင်ကျွန်းအရှင်သခင်က ကိုယ်ကာယမှာ အားအနည်းဆုံးဖြစ်ပြီး သူမက ဖြူဖတ်ဖြူရော်ဖြစ်လာကာ ချောင်းဆိုး၍ သွေးအချို့ကို ထွေးထုတ်လိုက်ရ၏။

အရှင်သခင်များတောင် ထိုသို့ဆိုလျှင် အခြားသော မိစ္ဆာသားရဲများက ပိုလို့တောင် ဆိုးရွားလေသည်။

ဆူဇီမိုသည် ထိတ်လန့်သွားပြီး တိတ်တဆိတ် မှင်တက်သွားရ၏။

အဲ့ဒါက ပျက်စီးထားသော ဓမ္မရတနာတစ်ခုဖြစ်သည်ဆို.. ပြီးပြည့်စုံသော သားရဲချိပ်စည်းကားချပ်တစ်ခု၏ ခွန်အားက ဘယ်လောက်တောင်မှ စွမ်းအားကြီးလိုက်မလဲ...။

သားရဲချိပ်စည်းကားချပ်၏ မကောင်းဆိုးဝါးဆန်သော အချက်မှာ အဲ့ဒါက လက်ရှိမိစ္ဆာသားရဲများကိုသာလျှင် ပစ်မှတ်ထားခြင်း ဖြစ်လေသည်။

တာအိုအရှင်တိမ်လွှာမိုးစက်နှင့် နတ်မိမယ်နှင်းပွင့်တို့က သားရဲချိပ်စည်းကားချပ်၏ သက်ရောက်ခြင်းကို မခံရသည်မှာ သိသာရှင်းလင်းနေပြီး သူတို့က နောက်ဆုံး အသက်ရှူချိန် ရသွားခဲ့လေသည်။

ထိုစဉ်.... တာအိုအရှင်အဆုံးမီး၏ အသံက ရုတ်တရက် ဆူဇီမို၏ စိတ်အာရုံထဲမှာ ထွက်ပေါ်လာ၏။

အဲ့ဒါက ပြတ်သားပြီး စကားတစ်လုံးတည်းသာ ဖြစ်လေသည်။

“တိုက်”

All Chapters