လက်ဗလာနှင့် လှည့်ပြန်ရခြင်း
Vol. 59 Ch. 883
အစကတည်းက တာအိုအရှင်အဆုံးစွန်မီးသည် ဓမ္မဝိသေသအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လေသည်။
သူက ဤအဆင့်တိုက်ပွဲမျိုးတွင် အခြားမည်သူထက်မဆို ပို၍အတွေ့အကြုံရှိပြီး အကောင်းဆုံးအခွင့်အရေးကို ချိန်ဆနိုင်လေသည်။
ဆူဇီမိုကလည်း တိုက်ပွဲအပေါ် အတန်ကြာကတည်းက အာရုံစိုက်ထားခဲ့လေသည်။ တာအိုအရှင်အဆုံးစွန်မီး၏အသံကို သူကကြားရချိန်တွင် တွေဝေမနေဘဲ သူ၏ ခြေထောက်ဖြင့် မြေပြင်ကိုကန်ကျောက်ကာ တိုက်ပွဲနယ်မြေ၏ အလယ်ရှိ အလင်းလုံးရှိရာသို့ အလင်းတန်းတစ်ခုအသွင်ပြောင်းလဲ၍ ထိုးတက်သွားလေသည်။
အဲ့ဒါက ယုံကြည်မှုတစ်ခုဖြစ်လေသည်။
သူက တာအိုအရှင်အဆုံးစွန်မီးကို အပြည့်အဝယုံကြည်ထားလေသည်။
ဆူဇီမိုက လှုပ်ရှားမှုပြုလုပ်ပြီးနောက် တိုက်ပွဲနယ်မြေမှာရှိသော လက်ရှိအခြေအနေကို သူက တဖြည်းဖြည်းနားလည်သဘောပေါက်လာ၏။
ဤအခိုက်အတန့်၌ အရှင်သခင် ၆ ပါးအပါအဝင် မိစ္ဆာသားရဲများအားလုံးသည် သားရဲချိပ်စည်းကားချပ်၏ ဖိနှိမ်ခြင်းကို ခံလိုက်ရပြီး မည်သူကမှ ချက်ချင်းရုန်းမထွက်နိုင်ပေ။
သားရဲချိပ်စည်းကားချပ်က စွမ်းအားကြီးသော်လည်း အဲ့ဒါ၏ ထက်ဝက်ကျော်က ဆုတ်ပြဲ၍ ချို့ယွင်းပျက်စီးနေလေသည်။
အဲ့ဒါက လက်ရှိသားရဲများကို ဖိနှိပ်ထားနိုင်သော်လည်း အဲ့ဒါက သိပ်ကြာကြာ ထိန်းထားနိုင်မည့်ပုံမပေါ်ပေ။
ထိုအခိုက်အတန့်တွင် တာအိုအရှင်တိမ်လွှာမိုးစက်နှင့် နတ်မိမယ်နှင်းပွင့်က ခြေကုန်လက်ပန်းကျလုနီးပါး ဖြစ်နေခဲ့လေပြီ။ ဤအခိုက်အတန့်မှသာလျှင် သူတို့၏ စိတ်ကို လျှော့ချလိုက်ပြီး အသက်ကောင်းကောင်းရှုနိုင်ကြလေသည်။
ဆူဇီမိုတစ်ကယ်တမ်းရင်ဆိုင်ရမည့် တစ်ဥိးတည်းသော လူမှာ တာအိုအရှင်အင်မော်တယ်ဓါးသာလျှင် ဖြစ်လေသည်။
ထိုသို့ဆိုလျှင်တောင် သူ့အနေဖြင့် ကောင်းကင်သတ်ဖြတ်ခြင်း ဓါးကျမ်းကို လုယူနိုင်ဖို့က အလွန်တရာခက်ခဲ၍ အန္တရာယ်များနေဆဲ ဖြစ်လေသည်။
မျောက်နှင့် တခြားသူများက ဆူဇီမိုကို တစ်ချိန်လုံးစောင့်ကြည့်နေကြ၏။
သူက လှုပ်ရှားမှုပြုလုပ်လိုက်စဥ်မှာပင် သူတို့အုပ်စုက အဲ့ဒါကို သတိထားမိသွားကြ၏။
"မြန်မြန်ကြည့်စမ်း! အစ်ကိုကြီးက လှုပ်ရှားနေပြီ"
"သခင်လေး.. သတိထားဦး"
မြေခွေးလေးက သူမ၏ရင်ဘတ်ကို လက်ဖြင့်ဖိပြီး စိုးရိမ်ပူပန်သော အမူအရာနှင့်အတူ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။
လေထဲရှိ တိုက်ပွဲနယ်မြေတွင် အရှင်သခင် ၆ ပါးနှင့် အဆင့်မြင့်မိစ္ဆာသားရဲများသည် သားရဲချိပ်စည်းကားချပ်ကြောင့် နေရာမှာပင် မလှုပ်မယှက်ရပ်နေရပြီး တစ်လက်မမျှ မရွေ့လျားနိုင်ကြပေ။
ပုံရိပ်တစ်ခု၏ ရုတ်တရက် ပေါ်ထွက်လာမှုက အလွန်တရာ ထင်ရှားပေါ်လွင်နေလေသည်။
ဘေးကနေ စောင့်ကြည့်နေကြသော သားရဲများသည်လည်း ကျူးကျော်ဝင်ရောက်လာသူကို သတိထားမိသွားကြပြီး အံ့အားတသင့်ရေရွတ်လိုက်ကြ၏။
"အဲ့ဒါက ဘယ်သူလဲ ဒီလိုအချိန်မှာ တိုက်ပွဲထဲကို ဝင်ရောက်သွားတာက သေချင်နေတာမဟုတ်ဘူးလား"
"ငါက သူ့ကို အရင်ကမမြင်ဖူးပါဘူး ၊ သူက မိစ္ဆာသားရဲတစ်ယောက်လား ဒါမှမဟုတ် လူသားကျင့်ကြံသူတစ်ယောက်လား"
"အဲ့လူရဲ့ ကျင့်ကြံမှုအဆင့်က သိပ်ပြီးမြင့်မားပုံမရဘူး သူက ဘာလုပ်ဖို့ကြိုးစားနေတာပါလိမ့်"
ယခုအခါ ဆူဇီမိုသည် သူ၏ဆံပင်ကို ပြောင်းလဲထားပြီဖြစ်ပြီး အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်က သူ၏အသိစိတ်ကို ဦးစီးထားလေသည်။ သူ၏ သွေးနီရောင်ဆံပင်ကလည်း အရောင်ဖျော့တော့သွားခဲ့လေပြီ။
မျောက်နှင့်အခြားသူများကလွဲလျှင် အခြားမည်သူကမှ သူ့ကို မှတ်မိနိုင်ကြလိမ့်မည် မဟုတ်ချေ။
ပုံမှန်အခြေအနေမှာဆိုလျှင် ဓမ္မဝိသေသ ပညာရှင်များသည် တစ်ချက်ကြည့်ရုံမျှဖြင့် သူ၏ရုပ်ဖျက်ထားမှုကို ထွင်းဖောက်မြင်နိုင်ကြပေလိမ့်မည်။
သို့သော်လည်း ယခုအချိန်တွင် သူတို့၏ စိတ်ဝိညာဥ်အသိစိတ်ကို မမြင်နိုင်သော စွမ်းအင်တစ်ခုက ပိတ်ဆို့တားဆီးထားလေသည်။ သူတို့က ဆူဇီမို၏ နောက်ခံကို လုံးဝမဖော်ထုတ်နိုင်ကြပေ။
အဲ့ဒါက မင်းဝမ်ဆုတောင်းပုတီး၏ စွမ်းအားဖြစ်လေသည်။
တစ်ကယ်တော့ ဆူဇီမိုသည် သူ၏အမြုတေစိတ်ဝိညာဥ်နှစ်ခုကိုပေါင်းစည်းထားသည်ဆိုလျှင်တောင် သူက မင်းဝမ်ဆုတောင်းပုတီး၏ အစစ်အမှန်စွမ်းအားကို မထုတ်ဖော်နိုင်သေးပေ။
သူ့အနေဖြင့် ဓမ္မဝိသေသပညာရှင်များ၏ ထောက်လှမ်းမှုကနေ ပိတ်ဆို့တားဆီးဖို့က ပိုလို့တောင် မဖြစ်နိုင်သေးပေ။
သို့သော်လည်း တာအိုအရှင်အဆုံးစွန်မီးက မင်းဝမ်ဆုတောင်းပုတီးအတွင်းမှာ ရှိနေလေသည်။
ထိုအခိုက်အတန့်၌ မင်းဝမ်ဆုတောင်းပုတီးကို နောက်ကွယ်ကနေ ကိုင်တွယ်လှည့်ပတ်နေသည်မှာ ဆူဇီမိုမဟုတ်ဘဲ တာအိုအရှင်အဆုံးစွန်မီးသာလျှင် ဖြစ်လေသည်။
တာအိုအရှင်အဆုံးစွန်မီးက ဓမ္မဝိသေသ ပညာရှင်တစ်ယောက်ပင်ဖြစ်လေသည်။ သူက သူ၏ခန္ဓာကိုယ်ကို ဆုံးရှုံးထားသော်လည်း သူ၏ အမြုတေစိတ်ဝိညာဥ်က ၎င်းခွန်အား၏ ထက်ဝက်ကျော်ကို ပြန်လည်ရရှိထားလေပြီ။
တစ်ခါကမင်းဝမ်ကျောင်းတော်၏ အခြေခံအုတ်မြစ်ဖြစ်ခဲ့ဖူးသော ရတနာတစ်ခုကို လှည့်ပတ်ခြင်းနှင့်အတူ အဆင့်တူခြင်းမှာရှိသော မည်သူမဆို ဆူဇီမို၏ ရုပ်ဖျက်ထားမှုက်ို နတ်ဘုရားဆန်သော နည်းစနစ်တစ်ခုခုမရှိဘဲ ဖောက်မြင်နိုင်ဖို့က မဖြစ်နိုင်သလောက်ပင်။
တစ်ခဏအတွင်းမှာပင် ဆူဇီမိုက တိုက်ပွဲနယ်မြေ၏ အလယ်သို့ ရောက်ရှိလာခဲ့၏။
သူသည် အလင်းလုံးဆီသို့ ရောက်ရှိဖို့အတွက် အရှင်သခင် ၆ ပါးနှင့် များစွာသော မိစ္ဆာသားရဲများကို ဖြတ်ကျော်လာခဲ့ရလေသည်။
ဤနေရာက သားရဲချိပ်စည်းကားချပ်၏ လွှမ်းခြုံခြင်းခံထားရသော ဧရိယာဖြစ်လေသည်။
သားရဲချိပ်စည်းကားချပ်က မိစ္ဆာသားရဲများကို ကြီးမားစွာ ကန့်သတ်စွာ ချုပ်နှောင်ထားနိုင်သော်လည်း အဲ့ဒါက ဆူဇီမိုအပေါ် သက်ရောက်မှုမရှိပေ။
ယခုအချိန်တွင် အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်က သူ၏စိတ်ဝိညာဥ်အသိစိတ်ကို ကိုင်တွယ်ထိန်းချုပ်နေလေသည်။
ဤအမြုတေစိတ်ဝိညာဥ်သည် ဗုဒ္ဓနှင့်အင်မော်တယ်တာအို၏ ထိပ်တန်းအဆင့် စိတ်ဝိညာဥ်သန့်စင်ခြင်း နည်းစနစ်များကို ကျင့်ကြံထားပြီး အလွန်တရာသန့်စင်လေသည်။ အဲ့ဒီမှာ သားရဲချီ တစ်စွန်းတစ်စမှ ရှိမနေပေ။
သားရဲများသည် သူတို့၏ ဘေးကနေ ဆူဇီမိုဖြတ်သန်းသွားသည်ကို မျက်လုံးအပြူးသားနှင့်သာ ငေးကြည့်နေရလေသည်။
"နောက်ထပ် လူသားကျင့်ကြံသူလား"
သားရဲများ၏စိတ်ထဲတွင် ထိုအတွေးက ဝင်ရောက်လာကြ၏။
လူသားကျင့်ကြံသူတစ်ယောက်ကသာလျှင် သားရဲချိပ်စည်းကားချပ်၏ စွမ်းအားကို ဤကဲ့သို့ အလွယ်တကူဖြတ်ကျော်နိုင်ပေလေသည်။
တာအိုအရှင်တိမ်လွှာမိုးစက်နှင့် နတ်မိမယ်နှင်းပွင့်ကလည်း ဆူဇီမိုကို သတိထားမိသွားကြ၏။.
သို့သော်လည်း တာအိုအရှင်အင်မော်တယ်ဓား၏ အကူများအနေဖြင့် သူတို့သည် သူက သားရဲတစ်ကောင်ဖြစ်စေ လူသားကျင့်ကြံသူတစ်ယောက်ဖြစ်စေ မည်သို့ပင်ဆိုစေ ဤကျူးကျော်ဝင်ရောက်လာသူကို သူတို့က တားဆီးရပေမည်။
ထိုအခိုက်အတန့်၌ တာအိုအရှင်အင်မော်တယ်ဓားက အောင်မြင်တော့မည်မှာ သိသာလေသည်။ သူတို့ လုပ်စရာရှိသည်မှာ နောက်ထပ်ခဏကြာ ခုခံပေးထားဖို့ပင်။
ထိုသို့အတွေးဖြင့် တာအိုအရှင်တိမ်လွှာမိုးစက်နှင့် နတ်မိမယ်နှင်းပွင့်တို့က ပြတ်သားစွာဖြင့် အကြည့်ခြင်းဖလှယ်လိုက်ကြ၏။ သူတို့နှစ်ယောက်စလုံးက သူတို့၏ ဓမ္မစွမ်းအားများကို လှည့်ပတ်ပြီး တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြလေသည်။
ဘန်း!ဘန်းဘန်း!
ဧရာမလက်ဝါးပုံရိပ်သုံးခုက လွှမ်းမိုးခြယ်လှယ်နိုင်သော ပုံစံဖြင့် ဖိခြေကျဆင်းလာလေသည်။
၎င်းတွင် ပါဝင်သောဓမ္မစွမ်းအားများက အားနည်းနေမည်မှာ သိသာသော်လည်း အဲ့ဒါက အထင်သေး၍မရပေ။
ဖြောက်ဖြောက်ဖြောက်!
နတ်မိမယ်နှင်းပွင့်က သူမ၏ ဖြူဖွေးသော လက်တစ်ဖက်ကို ဝှေ့ယမ်းပြီး မြေပြင်ကနေ ဧရာမရေခဲနံရံတစ်ခုကို ကြွတက်လာစေကာ ဆူဇီမို၏လမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်၏။
တာအိုအရှင်တိမ်လွှာမိုးစက်နှင့် နတ်မိမယ်နှင်းပွင့်က ယခုလက်ရှိတွင် ဘယ်လိုပင် အားနည်းနေကြပါစေ သူတို့က အဆင့်တူခြင်းမှာ မည်သူ့ကိုမဆို အလွယ်တကူသတ်ဖြတ်နိုင်သော ထိပ်တန်းအဆင့် ဓမ္မဝိသေသပညာရှင်များဖြစ်ကြလေသည်။
ဆူဇီမိုကဲ့သို့ အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်က အဲ့ဒါကနေ ရပ်တည်ဖို့ မည်သည့်အခွင့်အရေးမှ မရှိပေ။
သူ၏ ခွန်အားအရ တာအိုအရှင်နှစ်ပါးကို ရင်ဆိုင်ဖို့အတွက် သေချာပေါက်မလုံလောက်ပေ။
ဓမ္မဝိသေသအဆင့်၏ ဖိနှိပ်မှုသက်သက်ကပင် သူတောင့်ခံနိုင်သော တစ်စုံတစ်ရာမဟုတ်ပေ။
ရုတ်တရက်ဆိုသလို...
ဒေါသူပုန်ထနေသော မီးတောက်များက ဆူဇီမို၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး သူက သက်ရှိများအားလုံးကို လောင်ကျွမ်းပြာကျနိုင်သော ဧရာမမီးလုံးတစ်ခုအသွင် ပြောင်းလဲသွားသည်ဟု ထင်ရလေသည်။ သူ၏ ဘေးပတ်လည်ရှိ ဓမ္မစွမ်းအားများကပင် ဆူပွက်လာသည်ဟု ထင်ရလေသည်။
မီးလုံးက ရှေ့သို့ပြေးဝင်သွားခဲ့၏။
ဘုန်း!
ဧရာမမီးလုံးက လက်ဝါးပုံရိပ်သုံးခုနှင့် ရိုက်ခတ်မိသောအခါ ကျယ်လောင်သောပေါက်ကွဲသံက ထွက်ပေါ်လာခဲ့၏။
မီးလုံးပေါ်ရှိ မီးတောက်များက သိသိသာသာ လျော့ကျသွားလေသည်။
ထို့နောက်ချက်ချင်းပင်လျှင် ဧရာမမီးလုံးက ရေခဲတံတိုင်းကို ပစ်တိုက်ချလိုက်၏။
အပေါ်ယံမှာရှိသော ရေခဲများက လျင်မြန်စွာ ပျော်ကျလာခဲ့လေသည်။
မီးလုံးက အဲ့ဒါကိုထိုးဖောက်တော့မည့် ဆဲဆဲမှာပင် ဓားအလင်းတစ်ခုက အလွန်တရာလျင်မြန်စွာ ခုတ်ပိုင်းကျလာပြီး မီးလုံးပေါ်သို့ ဆင်းသက်လာခဲ့လေသည်။
ဓါးအလင်းက ရောက်မလာခင်မှာပင် မီလုံးပေါ်ရှိ မီးတောက်များ၏ ထက်ဝက်ကျော်က ငြိမ်းသေသွားခဲ့လေပြီ။
“အသက်မဲ့ဓါးကွက်”
ဓားဂိုဏ်း၏ ကြောက်စရာကောင်းသော ဤဓားကွက်က တစ်ဖန်ဆင်းသက်လာပြီး အသက်ဓာတ်ကင်းမဲ့မှုက ဖြာထွက်လာခဲ့လေသည်။
ထိုဓားတစ်ခုတည်းကပင် မီးလုံး၏ အတွင်းအပြင်မှာရှိသော အသက်ဓာတ်အားလုံးကို ဖြတ်တောက်တော့မည့်အလား ထင်ရလေသည်။
ဆူဇီမိုက တင်းမာသော အမူအရာနှင့်အတူ သူ၏မျက်လူံးကို မှေးကျဥ်းလိုက်၏။ ဤအခိုက်အတန့်တွင် သူက တိုက်ခိုက်နေသည်ဟု သတ်မှတ်၍မရတော့ပေ။
တာအိုအရှင်အဆုံးစွန်မီးက သူ၏အမြုတေစိတ်ဝိညာဥ်နှင့်အတူ ဆူဇီမို၏ခန္ဓာကိုယ်ကို ငှားရမ်းအသုံးပြု၍ တာအိုအရှင် ၃ ယောက်နှင့် ရင်ဆိုင်တိုက်ခိုက်နေခြင်းဖြစ်လေသည်။
ဇီ!
ဆူဇီမို၏ဘယ်ဘက်လက်ကောက်ဝတ်ပေါ်ရှိ မင်းဝမ်ဆုတောင်းပုတီးမှ တာအိုချိပ်စည်းလေးခုက ပြိုးပြိုးပြက်ပြက် ရောင်ခြည်များဖြင့် ရုတ်တရက်ထွက်ပေါ်လာခဲ့၏။
တာအိုချိပ်စည်းလေးခုက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပုံရပြီး ဆူဇီမို၏ နောက်ဘက်တွင် ခမ်းနားထည်ဝါသော သွင်ပြင်နှင့် တင်ပျဥ်ခွေထိုင်နေသော ပုံရိပ်ယောင်တစ်ခုက ထွက်ပေါ်လာခဲ့၏။
သူ၏ခန္ဓာကိုယ်ပေါ်တွင် များပြားလှစွာသော ကျမ်းစာများကို ရေးထိုးထားသည့်အလား ထင်ရလေသည်။
ဂါထာမန္တာန်ရွတ်ဖတ်သံက နေရာတစ်ဝှမ်းထွက်ပေါ်လာခဲ့၏။
ချွမ်!
ဓားအလင်းက ထိုပုံရိပ်ယောင်ပေါ်သို့ ခုတ်ပိုင်းချလိုက်ပြီး ချောက်ချားဖွယ်ရာအသံက ထွက်ပေါ်လာခဲ့လေသည်။
ပုံရိပ်ယောင်က ယိမ်းထိုးသွားပြီး တဖြည်းဖြည်း ပျက်ပြယ်သွားခဲ့လေသည်။ အသက်ဓာတ်များကို ဖြတ်တောက်နိုင်သော ဤဓားကွက်ကလည်း ဘာမှမကျန်အောင် ပျက်ပြယ်သွားခဲ့လေသည်။
တာအိုအရှင်အင်မော်တယ်ဓားသည် သူ၏အသက်မဲ့ဓားကွက်ကို ထုတ်ဖော်ပြီးနောက် သွေးကိုမမြင်ရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။
တာအိုအရှင်အဆုံးစွန်မီးက ဘာမှထုတ်မပြောသော်လည်း လက်ရှိအခြေအနေသည် တာအိုအရှင်အဆုံးစွန်မီး အစက မျှော်လင့်ထားခဲ့သည်ထက် ကျော်လွန်သွားခဲ့ပြီဖြစ်ကြောင်း ဆူဇီမိုက သိရှိနားလည်လိုက်၏။
သူတို့က တာအိုအရှင်တိမ်လွှာမိုးစက်နှင့် နတ်မိမယ်နှင်းပွင့်၏ ပိတ်ဆို့တားဆီးမှုကို ချက်ချင်းဖောက်မထွက်နိုင်ပဲ ဤနေရာမှာ လွန်ဆွဲနေရလေသည်။
ကိစ္စများက ဆက်လက်၍ ကြန့်ကြာနေလျှင် ကိစ္စများက ပို၍ပြောင်းလဲလာနိုင်လေသည်။
အရှင်သခင် ၆ ပါးနှင့် ရင်ဆိုင်ရလျှင်ဖြစ်စေ ၊ တာအိုအရှင် ၃ ပါးနှင့် ရင်ဆိုင်ရလျှင်ဖြစ်စေ သူတို့နှစ်ယောက်က အားအနည်းဆုံးဖြစ်ပြီး လက်ရှိအခြေအနေတွင် မည်သည့်ပြောင်းလဲမှုကိုမှ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ပေ။
"အဲ့ဒါက ဆိုးပြီ ၊ နောက်ပြန်ဆုတ်ဖို့လုပ်တော့"
တာအိုအရှင်အဆုံးစွန်မီး၏ အသံက အားမလိုအားမရ ခံပြင်းမှုနှင့်အတူ ထွက်ပေါ်လာခဲ့၏။
တာအိုအရှင် ၃ ယောက်က သူတွေးထင်ထားသည်ထက် ပို၍ကိုင်တွယ်ရခက်နေလေသည်။
ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းက သူတို့ရှေ့တည့်တည့်တွင် ရှိနေသော်လည်း သူတို့က လက်ဗလာနှင့် ပြန်ရပေတော့မည်။
တာအိုအရှင်အဆုံးစွန်မီးက ရွေးချယ်စရာမရှိဘဲ ထိုဆုံးဖြတ်ချက်ကို ချလိုက်ရလေသည်။
သူတစ်ယောက်တည်းသာဆိုလျှင် သူက သူ့အသက်နှင့်ရင်း၍ ဤအလောင်းအစားကို ပြုလုပ်ကောင်းပြုလုပ်ပေလိမ့်မည်။
သို့သော်လည်း သူနှင့်အတူ ဆူဇီမိုက ပါလာပြီး သူက ထိုသူကို ဤနေရာမှာ အသေမခံနိုင်ပေ။
သူက သူ၏ခန္ဓာကိုယ်ကို ဆုံးရှုံးထားပြီး သူ၏အမြုတေစိတ်ဝိညာဥ်သာလျှင် ကျန်ရှိလေသည်။ ထိုသို့ဖြင့် သူအသုံးပြုနိုင်သော အတတ်ပညာများက အကန့်အသတ်ရှိပြီး သူက စွမ်းအားကြီးသော ဓမ္မပညာရပ်များစွာကို ထုတ်ဖော်နိုင်ခြင်းမရှိပေ။
သူတို့က ဤနေရာမှာ ဆက်လက်ကြန့်ကြာနေလျှင် အဲ့ဒါက ဆူဇီမိုကို ထိခိုက်စေပေတော့မည်။