မိုးပျံမြွေနဂါးမီးတောက်နတ်ဘုရား
Vol. 59 Ch. 884
ဆူဇီမိုက တည်ငြိမ်နေသော အမူအယာတစ်ခု ရှိနေ၏။
သူက ဤတိုက်ပွဲတွင် တစ်ကယ်တမ်း များစွာပါဝင်ပတ်သတ်ခြင်း မရှိသော်လည်း အပြင်လူတစ်ယောက်အနေဖြင့် သူက ကိစ္စများကို ရှင်းလင်းစွာ မြင်နေရ၏။ သူက အခြေအနေမှာရှိသော အခွင့်အလမ်းအချို့ကို သတိထားမိနိုင်လေသည်။
သားရဲများက ဖိနှိမ်ခံထားရသည့်အတွက် တာအိုအရှင်တိမ်လွှာမိုးစက်တို့အုပ်စုက သူတစ်ယောက်တည်းကိုသာလျှင် အာရုံစိုက်လာလေသည်။
သူက သားရဲများပေါ်ရှိ ချိပ်စည်းကို ဖယ်ရှင်းပစ်နိုင်မည်ဆို.. အရှင်သခင် ခြောက်ပါးနှင့် မိစ္ဆာသားရဲများ လွတ်မြောက်လာပြီးနောက် ပထမဆုံး ပစ်မှတ်ထားခံရမည့်သူမှာ သူ,မဖြစ်နိုင်ပေ။
အဲ့ဒါက တာအိုအရှင်တိမ်လွှာမိုးစက်တို့အုပ်စု ဖြစ်ပေလိမ့်မည်။
ဆူဇီမိုသည် ခေါင်းကို ဆတ်ကနဲထောင်ပြီး မလှမ်းမကမ်း လေထဲတွင် ဝဲခိုနေသော ရှေးဟောင်းတောကောင်သားရေကို တဖျတ်ဖျတ်လက်လာသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်၏။
“မင်းက အဲ့ဒါကို... လုပ်ဖို့ကြံ....”
တာအိုအရှင်အဆုံးစွန်မီးသည် ဆူဇီမို၏ အကြည့်ကို သတိထားမိ၍ တစ်ခုခုကို နားလည်သဘောပေါက်သွားကာ အလောတကြီး ပြောလိုက်၏။
“သားရဲချိပ်စည်းကားချပ်က ပျက်စီးနေပေမယ့်လို့.. အဲ့ဒီမှာ ကျန်ရှိနေသေးတဲ့စွမ်းအားက သားရဲတွေအကုန်လုံးကို ဖိနှိမ်နိုင်နေသေးတယ်.. မင်းကိုယ်ထဲက မျိုးဆက်သွေးက လူသားမျိုးနွယ်သွေး မဟုတ်တော့ဘူး.. မင်းက အဲ့ဒါကို ထိလိုက်တာနဲ့ အဲ့ဒီရတနာက မင်းကို သေချာပေါက် ဒဏ်ရာရစေလိမ့်မယ်”
ယခုအချိန်တွင် အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်က ဆူဇီမို၏ အသိစိတ်ကို ဦးစီးထားပြီး သားရဲချိပ်စည်းကားချပ်က သူ့အပေါ် ကန့်သတ်ချုပ်နှောင်မှု မရှိပေ။
သို့သော်လည်း သူက အဲ့ဒါကို သူ့အသွေးအသားနှင့် သွားရောက်၍ ကိုင်တွယ်ထိတွေ့စေမည်ဆို.. သားရဲချိပ်စည်းကားချပ်က သူ့မျိုးဆက်သွေး၏ အော်ရာကို အာရုံခံမိသည်နှင့် သူ့ကို ဖိနှိမ်ဖို့အတွက် စွမ်းအားကို သေချာပေါက် ထုတ်လွှတ်ပေးလာပေတော့မည်။
“သားရဲတွေအကုန်လုံးကို ဖိနှိမ်နိုင်တာလား...”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။
“အဲ့လိုလဲ အသေအချာကြီး မဟုတ်လောက်ပါဘူး”
သူ့စကား မဆုံးသေးခင်မှာပင် ဆူဇီမိုသည် လေထဲသို့ ခုန်တက်၍ သားရဲချိပ်စည်းကားချပ်ဆီသို့ ပြေးဝင်သွားပြီ ဖြစ်လေသည်။
အစကတော့ မည်သူမည်ဝါ မသိရသော လူသားကျင့်ကြံသူတစ်ယောက် ကျူးကျော်ဝင်ရောက်လာသောအခါ တာအိုအရှင်အင်မော်တယ်ဓါးသည် တစ်စုံတစ်ရာ ဖြစ်ပျက်လာမှာကို စိုးရိမ်နေခဲ့၏။
ယခု မြင်ကွင်းကို မြင်သောအခါ သူက လှောင်ရယ်၍ စိတ်ချလက်ချ ဖြစ်သွားလေသည်။
သားရဲချိပ်စည်းကားချပ်က သတ်ဖြတ်စွမ်းအားများစွာကို မပိုင်ဆိုင်ထားသော်လည်း အဲ့ဒါက ဘာပဲပြောပြော တာအိုအရှင်အင်မော်တယ်ဓါး၏ ရတနာဖြစ်ပြီး ၎င်းတွင် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ခပ်နှိပ်ထားလေသည်။
ကျူးကျော်ဝင်ရောက်လာသူအနေဖြင့် အချိန်ခဏလေးအတွင်း သားရဲချိပ်စည်းကားချပ်၏ ကန့်သတ်ချုပ်နှောင်ထားမှုကို ဖယ်ရှားပစ်ဖို့က မဖြစ်နိုင်ပေ။
တာအိုအရှင်အင်မော်တယ်ဓါးက အလင်းလုံးပေါ်သို့ သူ့အကြည့်ကို ပြန်စူးစိုက်ပြီး နောက်တစ်ဖန် ခုတ်ပိုင်းချလိုက်၏။
ဘုန်း..
အလင်းလုံးက တဆတ်ဆတ် လှုပ်ခါသွားပြီး ၎င်း၏ အရောင်အဝါက သိသိသာသာ မှေးမှိန်ကျသွား၏။ ၎င်း၏ ဓါးချီကလည်း အစတုန်းကကဲ့သို့ ဆက်လက်၍ ထက်ရှနိုင်ခြင်း မရှိတော့ပေ။
တာအိုအရှင်အင်မော်တယ်ဓါးသည် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး အလင်းလုံးထဲသို့ တိုးဝင်ဖို့ ကြိုးပမ်းလိုက်၏။ သို့သော်လည်း သူက အလင်းလုံးနားသို့ မချဉ်းကပ်နိုင်ခင်မှာပင် ဓါးချီက သူ့ဝတ်ရုံကို လှီးဖြတ်ဆုတ်ဖြဲပစ်လိုက်၏။
သူက မျက်မှောင်ကြုတ်လိုက်သည်။
သူက နည်းနည်းတော့ လိုနေသေးသည်သာ..
အခြားတစ်ဖက်မှာတော့.. ဆူဇီမိုသည် သားရဲချိပ်စည်းကားချပ်ဘေးသို့ ရောက်လာခဲ့ပြီဖြစ်၏။ သူက လေထဲရှိ ထိခိုက်ပျက်စီးထားသော တောကောင်သားရေကို တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူ၏ ညာဘက်လက်ဖြင့် ဖမ်းဆွဲလိုက်၏။
သားရဲချိပ်စည်းကားချပ်က ပျက်စီးထားပြီး မပြည့်မစုံ ဖြစ်နေသော်လည်း အဲ့ဒါက ကြောက်စရာကောင်းသော ရှေးဟောင်းအော်ရာလှိုင်းများကို ဖြာထုတ်ပေးနေဆဲဖြစ်၏။
ဆူဇီမိုက သားရဲချိပ်စည်းကားချပ်ကို သူ၏ လက်ထဲမှာ ဖမ်းဆုပ်လိုက်သည့်ခဏမှာပင် အဲ့ဒါက အလွန်တရာကြောက်စရာကောင်းသော ရုန်းကန်ပေါက်ကွဲစွမ်းအားတစ်ခုကို ထုတ်ပေးလာ၏။
သူက ထိုစွမ်းအား၏ လွှမ်းခြုံခြင်းကို ခံရသောအခါ ဆူဇီမို၏ မျိုးဆက်သွေးသည် အေးခဲ၍ လည်ပတ်မှုရပ်တန့်သွားသည်ဟု ထင်ရလေသည်။
အလွန့်အလွန်ကြီးမားသည့် စွမ်းပကားတစ်ခုက လွှမ်းခြုံလာပြီး သူ၏ အရိုးများနှင့် အရွတ်များက ဝန်ထုပ်ဝန်ပိုးကို ခံနိုင်ရည်မရှိတော့သည့်အလား တဖြောက်ဖြောက်မြည်လာလေသည်။
သားရဲချိပ်စည်းကားချပ်၏ အောက်တွင် အရှင်သခင်ခြောက်ပါးနှင့် များစွာသော မိစ္ဆာသားရဲများ၏ ခံစားနေရမှုကို နောက်ဆုံးမှာ ဆူဇီမိုသည် တွေ့ကြုံခံစားမိလိုက်လေသည်။
အဲ့ဒါသည် သူ၏ မျိုးဆက်သွေးကို မမြင်ရသောစွမ်းအားတစ်ခုက ချိပ်ပိတ်လိုက်သည့်အလားပင်။
သားရဲချိပ်စည်းကားချပ်မှ ရုန်းကန်ထွက်ပေါ်လာသော စွမ်းအား၏ ပထမဆုံးပစ်မှတ်က ဆူဇီမို၏ ညာဘက်လက် ဖြစ်လေသည်။
အဲ့ဒါက နတ်ဖီးနစ်အရိုးပါရှိသော လက်လည်း ဖြစ်လေသည်။
ရွှစ်..
သွေးနီရောင်မီးတောက်တစ်ခုက လေထဲသို့ ပျံတက်သွား၏။
ဆူဇီမို၏ ညာဘက်လက်က နတ်ဖီးနစ်လက်သည်းအဖြစ်သို့ အသွင်ပြောင်းသည့်လက္ခဏာများ ပြလာလေသည်။
ထိုစဉ်မှာပင်.. အဲ့ဒါက နတ်ဖီးနစ်အရိုး၏ အော်ရာကို အာရုံခံမိသွားသည့်အလား သားရဲချိပ်စည်းကားချပ်က တဆတ်ဆတ်တုန်ယင်လာပြီး ၎င်းကနေ ထုတ်ပေးထားသော စွမ်းအားက ချက်ချင်း လျော့နည်းပျက်ပြယ်လာလေသည်။
သားရဲချိပ်စည်းကားချပ်က ဘယ်လိုပင်သန်မာပြီး သားရဲများစွာကို ဘယ်လိုပင် ဖိနှိမ်ထားနိုင်ပါစေ.. အဲ့ဒါက နတ်ဖီးနစ်အရိုးကိုတော့ လွှမ်းမိုးနိုင်လိမ့်မည် မဟုတ်ပေ။
နတ်ဖီးနစ်က နတ်ဘုရားတစ်ပါးနှင့် နှိုင်းယှဉ်လို့ရသော တည်ရှိမှုတစ်ခု ဖြစ်လေသည်။
ဆူဇီမိုသည် သားရဲချိပ်စည်းကားချပ်ကို တင်းကျပ်စွာဆုပ်ကိုင်လိုက်ချိန်တွင် သူ့ညာဘက်လက်ရှိ နတ်ဖီးနစ်အရိုးကနေ မီးတောက်များကို ထုတ်ပေးလာပြီး သားရဲချိပ်စည်းကားချပ်ဆီသို့ ဖြန့်ကြက်သွားကာ ၎င်းပေါ်တွင် ခပ်နှိပ်ထားသော တာအိုအရှင်အင်မော်တယ်ဓါး၏ စိတ်ဝိညာဉ်အသိစိတ်ကို ဖျက်ထုတ်ပစ်လိုက်လေသည်။
ဆူဇီမိုသည် သူ့လက်ဖဝါးကို ပြန်ဆွဲပြီး သူ့သိုလှောင်အိတ်ကို တောက်လိုက်၏။
သားရဲချိပ်စည်းကားချပ်က ပျောက်ကွယ်သွားပြီး သူ၏ သိမ်းဆည်းခြင်းကို ခံလိုက်ရလေသည်။
ဆူဇီမို၏ နှလုံးက ရူးသွပ်စွာ ခုန်လာ၏။
အဲ့ဒါက ရတနာတစ်ခု ဖြစ်လေသည်။
သူက ကောင်းကင်သတ်ဖြတ်ခြင်းဓါးပညာရပ်ကို ရရှိဖို့ ကံပါမလာဘူးဆိုလျှင်တောင် ယခု သားရဲချိပ်စည်းကားချပ်ကို ရရှိတာနဲ့တင် သူ၏ ဤခရီးက အလဟဿ မဖြစ်တော့ပေ။
ဖြစ်စဉ်တစ်ခုလုံးက ပြောပြရသည်မှာ နှေးကွေးသည်ဟု ထင်ရသော်လည်း အဲ့ဒါက တစ်ခဏအတွင်း ဖြစ်ပျက်ခဲ့ခြင်း ဖြစ်လေသည်။
သားရဲအုပ်စုသည် လေထဲသို့ ဆူဇီမို ပြေးဝင်လာပြီး သားရဲချိပ်စည်းကားချပ်ကို ဆွဲယူကာ သူ့သိုလှောင်အိတ်ထဲ ပစ်ထည့်လိုက်သည်ကိုသာ မြင်လိုက်ကြရ၏။
သားရဲချိပ်စည်းကားချပ်က ခဏမျှ ရုန်းကန်သည့်လက္ခဏာတစ်ခုသာ ပြလိုက်ပြီးနောက် လုယူသွားခြင်း ခံလိုက်ရလေသည်။
“ဟမ့်”
တာအိုအရှင်အင်မော်တယ်ဓါး၏ အမူအယာက ပြောင်းလဲသွား၏။
သားရဲချိပ်စည်းကားချပ်အပေါ် သူ၏ ဆက်သွယ်ချက်က ပျောက်ဆုံးသွားလေသည်။
“သေစမ်းကွာ”
သူက စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။
“ဂါးး”
“ဝေါင်း”
သားရဲချိပ်စည်းကားချပ်၏ ဖိနှိမ်ထားခြင်း မရှိတော့သည့်အခါ တိုက်ပွဲနယ်မြေရှိ အခြေအနေက ပြောင်းလဲလာခဲ့၏။ ချက်ချင်းပင် ဒေါသအမျက်များနှင့် ပြည့်နှက်နေသော ကမ္ဘာတုန်ဖွယ်ရာ မာန်ဖီဟိန်းဟောက်သံများက နေရာတိုင်းမှာ မြည်ဟည်းလာခဲ့လေသည်။
“မင်းတို့တွေကတော့ သေချင်နေပြီပဲ”
မျောက်ဝံအိုကြီး၏ မျက်လုံးများက ထက်ရှသော သတ်ဖြတ်လိုစိတ်ဖြင့် ပြူးကျယ်လာ၏။
သူသည် အကျော်ဇေယျကို လက်နှစ်ဖက်ဖြင့် ကိုင်မြှောက်ပြီး ရှေ့သို့ပြေးတက်ကာ တာအိုအရှင်တိမ်လွှာမိုးစက်နှင့် နတ်မိမယ်နှင်းပွင့်ကို အုပ်မိုး၍ ပြင်းထန်စွာ ရိုက်ချလိုက်၏။
အခြားသော အရှင်သခင်ငါးယောက်နှင့် များစွာသော အဆင့်မြင့်မိစ္ဆာသားရဲများစွာကလည်း တိုက်ခိုက်လိုက်ကြ၏။
ဆူဇီမိုထင်ထားသည့်အတိုင်းပင်.. သားရဲတစ်ထောင်တောင်ကြားဘက်မှ များစွာသော မိစ္ဆာသားရဲများ သေဆုံးမှုနှင့်အတူ တိုက်ပွဲ၏ ဤနေရာအရောက်၌ သားရဲများသည် တာအိုအရှင်သုံးပါးကို အလွန်တရာမုန်းတီးနေကြပြီဖြစ်၏။
ဒါ့အပြင် သားရဲများသည် စောစောကထိ သားရဲချိပ်စည်းကားချပ်၏ ဖိနှိမ်ခြင်းကို ခံထားခဲ့ရပြီး သူတို့၏ ရင်ထဲမှာ မျိုသိပ်ထားရသော ဒေါသများဖြင့် ပြည့်နှက်နေလေသည်။
သားရဲချိပ်စည်းကားချပ်သည် စောစောက လေထဲမှာ ဝဲခိုနေခဲ့၏။ ဆူဇီမိုကသာ ရုတ်တရက် ပေါ်လာပြီး တာအိုအရှင်သုံးပါးနှင့် တိုက်ခိုက်ခဲ့ခြင်း မရှိလျှင် နောက်ထပ်သားရဲဘယ်လောက်များများ ကျဆုံးကုန်ကြပါမည်လဲ။
အရှင်သခင်ခြောက်ပါးပင်လျှင် အသက်ရှင်နိုင်ပါ့မလား..
ထိုရှုထောင့်မှကြည့်လျှင် ဆူဇီမိုက သူတို့ကို ကယ်တင်ခဲ့ခြင်းပင်။
ဒါ့အပြင် ဆူဇီမိုက သားရဲချိပ်စည်းကားချပ်ကို ဆွဲယူသွားသည်ကို သားရဲများအားလုံးက မြင်တွေ့ခဲ့ကြ၏။
သားရဲချိပ်စည်းကားချပ်က ဤလူကိုလည်း ဖိနှိမ်ချင်ပုံ ရလေသည်။ တစ်နည်းအားဖြင့် သူက သားရဲတစ်ကောင်ဖြစ်ဖို့ပင် အခွင့်များလေသည်။
သူတို့ အဲ့ဒါကို နားလည်လိုက်သည့်ခဏမှာပင် သားရဲများက တိုက်ခိုက်လိုက်ကြပြီး သူတို့၏ ပစ်မှတ်က တာအိုအရှင်တိမ်လွှာမိုးစက်တို့အုပ်စု ဖြစ်လေသည်။ မည်သည့်မိစ္ဆာသားရဲကမှ ဆူဇီမိုနောက်သို့ မလိုက်ကြပေ။
ဆူဇီမိုသည် ဝရုန်းသုန်းကားအခြေအနေကို အားပြု၍ လစ်ထွက်လာခဲ့ပြီး မလှမ်းမကမ်းတွင်ရှိသော အလင်းလုံးဆီသို့ ပြေးဝင်လိုက်၏။ ဖျတ်ကနဲဆို သူက သိပ်မကြာမီ အဲ့ဒါနှင့် နီးကပ်လာခဲ့လေသည်။
“အဲ့ဒါက အလုပ်ဖြစ်သားဟ”
ဤနေရာအရောက်၌ သူ၏ အကြံအစည်က တစ်ဝက်ကျော် အထမြောက်ခဲ့လေပြီ။
ယခုအချိန်တွင် သူ့လမ်းမှာရှိနေသည့် တစ်ဦးတည်းသောသူမှာ တာအိုအရှင်အင်မော်တယ်ဓါး ဖြစ်လေသည်။
“သူ့ကို ငါ့အတွက် ထားလိုက်”
တာအိုအရှင်အဆုံးစွန်မီး၏ အသံက ယုံကြည်မှုရှိစွာနှင့် ထွက်ပေါ်လာခဲ့၏။
“မင်းဟာမင်း လူပဲဖြစ်ဖြစ် သားရဲပဲဖြစ်ဖြစ် ငါဂရုမစိုက်ဘူး.. သေစမ်းကွာ”
တာအိုအရှင်အဆုံးစွန်မီးက သူ့မျက်လုံးများထဲမှာ နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်တစ်ခုကို ထုတ်ပြပြီး လက်ဟန်ချိပ်စည်းများကို ထုတ်ဖော်လိုက်၏။ သူက အသက်မဲ့ဓါးကွက်ကို တစ်ဖန်ပြန်၍ ထုတ်ဖော်တော့မည့်ဆဲဆဲ ဖြစ်လေသည်။
ရုတ်တရက်ဆိုသလို...
ဆူဇီမို၏ ဘယ်ဘက်လက်ကောက်ဝတ်မှ အလွန်တရာကြောက်စရာကောင်းသည့် စိတ်ဝိညာဉ်အသိစိတ်တုန်ခါလှိုင်းတစ်ခုက ရုန်းကန်ထွက်ပေါ်လာခဲ့၏။
သွေးနီရောင်အလင်းတန်းတစ်ခုက ထွက်ပေါ်လာပြီး လေထဲတွင် လက်မောင်းလုံးလောက် တုတ်သော မိုးပျံမြွေနဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းလာခဲ့လေသည်။ ၎င်းကို ချစ်ချစ်တောက် ပူပြင်းသော မီးတောက်များက လွှမ်းခြုံထားပြီး အဲ့ဒါက တာအိုအရှင်အင်မော်တယ်ဓါးဆီသို့ ပစ်ဝင်သွားလေသည်။
အဲ့ဒါက အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခု ဖြစ်လေသည်။
တာအိုအရှင်အဆုံးစွန်မီးသည် သူ၏ ခန္ဓာကိုယ်ကို ဆုံးရှုံးထားပြီး သူ၏ နည်းလမ်းအများစုနှင့် ဓမ္မပညာရပ်များကို အလွယ်တကူ မထုတ်ဖော်နိုင်သော်လည်း အဲ့ဒီမှာ သူအသုံးပြုနိုင်သော ဝှက်ဖဲတစ်ခု ရှိနေလေသည်။
အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်...
စောစောက သူသည် သူ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို မထုတ်ဖော်ခဲ့ခြင်းမှာ သူ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်က လူတစ်ယောက်တည်းကိုသာ ပစ်မှတ်ထားနိုင်သောကြောင့်ပင်။
သူက အဲ့ဒါကို ထုတ်ဖော်ပြီး တာအိုအရှင်သုံးယောက်ထဲမှ တစ်ယောက်ကို တွန်းဖယ်ထုတ်နိုင်မည်ဆိုလျှင်တောင် သူက အခြားနှစ်ယောက်ကို ရင်ဆိုင်ရဦးမည် ဖြစ်လေသည်။
သို့သော်လည်း ယခုအခြေအနေက ခြားနားသွားခဲ့လေပြီ။
သူတို့သည် တာအိုအရှင်အင်မော်တယ်ဓါးကို တွန်းလှန်ဖယ်ရှားနိုင်သည်နှင့် ကောင်းကင်သတ်ဖြတ်ခြင်းဓါးပညာရပ်ကို အရယူနိုင်တော့ပေမည်။
ဤမိုးပျံမြွေနဂါးမီးတောက်နတ်ဘုရားက အတိတ်ကာလတုန်းက တာအိုအရှင်အဆုံးစွန်မီး ကျင့်ကြံထားခဲ့သော အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ဖြစ်ပြီး အဲ့ဒါက ကျင့်ကြံရေးလောကတစ်ခုလုံးမှာ ကျော်ကြားခဲ့ဖူးလေသည်။
တာအိုအရှင်အင်မော်တယ်ဓါး၏ အမူအယာက တောင့်တင်းသွား၏။
သူ့လက်ထဲမှာ သူ၏ ဓါးပညာရပ်ကို ဆင့်ခေါ်ပြီးကာစ ဖြစ်သော်လည်း သူက အဲ့ဒါကို ဆက်လက်၍ မထုတ်ဖော်နိုင်တော့ပေ။
အသက်မဲ့ဓါးကွက်က ဓမ္မပညာရပ်တစ်ခုဖြစ်ပြီး အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခုကို ခုခံနိုင်မည် မဟုတ်ပေ။
သူက အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခုကို ခုခံချင်သည်ဆိုလျှင် သူ၏ စိတ်ဝိညာဉ်အသိစိတ် သို့မဟုတ် အမြုတေစိတ်ဝိညာဉ်ဓမ္မလက်နက်တစ်ခု၏ စွမ်းအားအပေါ်တွင်သာ မှီခိုရတော့မည် ဖြစ်လေသည်။
သူက အသက်မဲ့ဓါးကွက်ကို ဆက်လက်၍ ထုတ်ဖော်မည်ဆို သူ့ရှေ့ရှိ ဤလူကို သတ်ဖြတ်နိုင်မည် ဖြစ်သော်လည်း သူကလည်း မိုးပျံမြွေနဂါးမီးတောက်နတ်ဘုရား၏ ဖျက်ဆီးချေမှုန်းခြင်းကို ခံရနိုင်လေသည်။ ထိုအခါ သူက ကောင်းကင်သတ်ဖြတ်ခြင်းဓါးကျမ်းကို ဘယ်တော့မှ ရရှိနိုင်တော့မည် မဟုတ်ပေ။
တာအိုအရှင်အင်မော်တယ်ဓါးက ထိုသို့အဆုံးရှုံး မခံနိုင်ပေ။
အခြားရွေးချယ်စရာမရှိတော့ဘဲ.. တာအိုအရှင်အင်မော်တယ်ဓါးသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို လှည့်ပတ်ပြီး အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်တစ်ခုကို ထုတ်ဖော်လိုက်ရ၏။ သူ၏ နဖူးက တောက်ပသွားပြီး အေးစက်စက်အလင်းနှင့် တလက်လက်ထနေသော ဓါးတစ်လက်က ထွက်ပေါ်လာခဲ့လေသည်။