← Chapters

အောင်မြင်ပြီ

Vol. 59 Ch. 885

အောင်မြင်ပြီ

Vol. 59 Ch. 885

စိတ်ဝိညာဉ်အသိစိတ်ကနေ ဆင့်ခေါ်လိုက်သော ဓါးသည် ဓါးဂိုဏ်းရဲ့ အမွေအနှစ်လျှို့ဝှက်ပညာရပ်တစ်ခုဖြစ်သော စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းဓါး ဖြစ်လေသည်။

အဲ့ဒါကို အကန့်အသတ်ထိ ကျင့်ကြံပြီးသည့်အခါ.. ဓါးချက်တစ်ချက်က ပြိုင်ဘက်၏ အမြုတေစိတ်ဝိညာဉ်ကို သတ်ဖြတ်နိုင်လေသည်။

ဒဏ္ဍာရီအရဆို ရှေးဟောင်းခေတ်တုန်းက လူသားများသည် သူတို့၏ ကျွန်ပြုခံရမည့်ကံကြမ္မာကနေ လွတ်မြောက်ဖို့အတွက်ငှာ တိုက်ခိုက်ခဲ့ကြလေသည်။ သူတို့သည် မျိုးနွယ်စုတစ်ရာကို ဦးဆောင်ထားသော ကမ္ဘာဦးမျိုးနွယ်ကိုးစုနှင့် ကြီးမားသည့် တိုက်ပွဲမှာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ကြလေသည်။

ဓါးဧကရာဇ်သည် သူ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကိုသုံးပြီး သူ့လမ်းကြောင်းမှာ ရှိသမျှ အရာရာတိုင်းကို လွှမ်းမိုးခြယ်လှယ်နိုင်ခဲ့လေသည်။ စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းဓါးတစ်ခုတည်းနဲ့တင် သူသည် မျိုးနွယ်စုတစ်ရာမှ မရေမတွက်နိုင်သော ပညာရှင်များကို သတ်ဖြတ်၍ ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေခဲ့လေသည်။

မျိုးနွယ်စုတစ်ရာမှ လူတိုင်းသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားခဲ့ပြီး မည်သူကမှ သူ့ကို မဆန့်ကျင်ရဲကြတော့ပေ။

ယခုအချိန်တွင် တာအိုအရှင်အင်မော်တယ်ဓါးသည် တာအိုအရှင်အဆုံးစွန်မီးနှင့် ဆန့်ကျင်တိုက်ခိုက်နေ၏။ ဆူဇီမိုသည် တိုက်ရိုက်ပါဝင်ပတ်သတ်ခြင်း မရှိသော်လည်း သူသည် တလိပ်လိပ်တက်လာနေသော အလွန်တရာထက်ရှသည့်အော်ရာတစ်ခုကို ခံစားမိနေဆဲပင်။

စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းဓါးက သူ့ကို ထိမိခြင်းမရှိပေ။ သို့သော် သူ၏ အမြုတေစိတ်ဝိညာဉ်ထဲမှာ နာကျင်မှုလှိုင်းများကို ခံစားနေရ၏။

သူ၏ စိတ်ဝိညာဉ်အသိစိတ်အတွင်းတွင် ဖန်တီးခြင်းကြာပဒုမ္မာက ဖြည်းဖြည်းချင်း လည်ပတ်နေပြီး ပြိုးပြိုးပြက်ပြက် အရောင်တစ်ခုနှင့်အတူ ပွင့်ချပ်များကို တစ်လွှာပြီးတစ်လွှာ ဖူးပွင့်လာစေ၏။

ကြာခုံထဲမှ ကြာစေ့ ၄၅ စေ့က ရုန်းကန်ထွက်လာပြီး အနက်ရောင်ဆံပင်နှင့်အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်ကာ အဲ့ဒါကို အတွင်းမှာထား၍ ကာကွယ်ပေးထားလိုက်၏။ စိတ်ဝိညာဉ်သတ်ဖြတ်ခြင်းဓါးမှ စွမ်းအားအတော်များများက သွေဖည်သွားလေသည်။

နာကျင်မှုခံစားချက်က ပျောက်ကွယ်သွားပြီး အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဉ်က ပုံမှန်ပြန်ဖြစ်လာလေသည်။

လေထဲတွင် အလျှံညီးညီးမီးတောက်များဖြင့် တောက်လောင်နေသော တာအိုအရှင်အဆုံးစွန်မီး ထုတ်ဖော်လိုက်သော မိုးပျံမြွေနဂါးသည် လျင်မြန်စွာဖြင့် ဝင်ရောက်လာသောဓါးကို ပစ်တိုက်လိုက်၏။

စိတ်ဝိညာဉ်အသိစိတ်များက တစ်ခုကိုတစ်ခု တိတ်တဆိတ်ဖြင့် ယှက်ဖြာသွားလေသည်။

စိတ်ဝိညာဉ်အသိစိတ်နှစ်ခု တိုက်မိသည့်နေရာပတ်လည်မှ လေဟာနယ်သည် တွန့်လိမ်သွားပြီး ချောက်ချားဖွယ်ရာစွမ်းပကားတစ်ခုကို ထုတ်ပေးလာ၏။

ဆူဇီမိုက သေချာစူးစိုက်ကြည့်ထားပြီး ထိုစွမ်းပကားဖြစ်ပေါ်လာခြင်းမှ ပြောင်းလဲမှုတစ်စုံတစ်ရာနှင့်အတူ ကိစ္စများကို ကိုင်တွယ်ဖို့ ပြင်ဆင်ထားလေသည်။

အမြုတေစိတ်ဝိညာဉ်များအကြား တိုက်ပွဲတစ်ပွဲက အလွန်တရာ အန္တရာယ်များလေသည်။

ဒါ့အပြင် သူတို့သည် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးမှာရှိသော ထိပ်ဆုံးအဆင့်က ဓမ္မဝိသေသပညာရှင်နှင့် ရင်ဆိုင်နေရခြင်း ဖြစ်လေသည်။ ပြီးခဲ့သည့် ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်က နံပါတ်တစ်ပုဂ္ဂိုလ်။

ဓါးက လေထဲမှာရှိသော မိုးပျံမြွေနဂါးကို တိုက်ခိုက်လိုက်၏။

ဓါးက ခုတ်ပိုင်းကျလာပြီး မိုးပျံမြွေနဂါးမှ များစွာသော သွေးနီရောင်ကြေးခွံများကို အချပ်လိုက်လှီးဖြတ်ချလိုက်၏။

သို့သော် မိုးပျံမြွေနဂါးက ဓါးကို ကိုက်ဝါးလိုက်ပြီး ဓါးသွား၏ အရောင်အဝါကလည်း သိသိသာသာ မှေးမှိန်ကျသွားလေသည်။

စိတ်ဝိညာဉ်အသိစိတ်နှင့်နှစ်ခုက လေထဲမှာ တိုက်ခိုက်လိုက်ကြပြီး မျှခြေတစ်ခုမှာ လွန်ဆွဲနေကြ၏။

တာအိုအရှင်အင်မော်တယ်ဓါး၏ အမူအယာက သုန်မှုန်နေ၏။

တိုက်ပွဲနယ်မြေထဲသို့ လေထဲကနေ အတင်းဝင်ရောက်လာသော ဤကျင့်ကြံသူက ဤမျှအထိ ကိုင်တွယ်ရခက်ခဲလိမ့်မည်ဟု သူက ထင်မထားမိပေ။

တစ်ကယ်တော့ သူက အခုထိ မရှုံးနိမ့်သေးပေ။

အလင်းလုံးပေါ်ရှိ ချိပ်စည်းက တည်ရှိနေဆဲဖြစ်ပြီး ဘေးပတ်လည်မှာရှိသောဓါးချီက အလွန်တရာထက်ရှနေဆဲဖြစ်၏။ သူက ရှေ့သို့ဆက်မတက်ရဲလျှင်တောင် အခြားသောဓမ္မဝိသေသပညာရှင်များကလည်း အဲ့ဒါကို လုပ်ရဲလိမ့်မည် မဟုတ်ပေ။

ထိုစဉ်.. လေထဲမှာ တိုက်ခိုက်နေကြသော စိတ်ဝိညာဉ်အသိစိတ်နှစ်ခုက မျှခြေမှာ လွန်ဆွဲနေကြချိန်မှာပင် တာအိုအရှင်အဆုံးစွန်မီး၏ အသံက ထွက်ပေါ်လာခဲ့၏။

“ဇီမို.. မီးဖိုထဲကို ဝင်ပြီး အဲ့ထဲကို ပစ်ဝင်သွားလိုက်..”

အဲ့ဒါက သူတို့နှစ်ယောက် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လေသည်။

ဆူဇီမိုက လုံးဝ တုံ့ဆိုင်းမနေဘဲ သူ့နဖူးထဲကနေ စတုရန်းကြေးမီးဖိုတစ်လုံးက ထွက်ပေါ်လာ၏။ သူ၏ ခန္ဓာကိုယ်ကို ကွေးညွတ်ပြီး မီးဖိုထဲသို့ ခုန်ဝင်ကာ အလင်းလုံးဆီသို့ ပြင်းထန်စွာ ပစ်တိုက်ချလိုက်၏။

တာအိုအရှင်အင်မော်တယ်ဓါးက ထိုသည်ကို မြင်သောအခါ အေးစက်စွာ သရော်ပြုံးလိုက်၏။

အလင်းလုံးကနေ ထုတ်ပေးသော ဓါးချီက အလွန်တရာထက်ရှပြီး မူလတာအိုအရှင်ဓမ္မလက်နက်တစ်ခုပင်လျှင် အဲ့ဒါကို ခံနိုင်ရည်ရှိချင်မှ ရှိပေမည်။ အက်ကွဲကြောင်းများဖြင့် ချုံးချုံးကျနေသော ဤကြေးမီးဖိုကိုဆိုလျှင်တော့ ပြောနေစရာပင် မလိုပေ။

ချွင်း.. ချွမ်း..

အဲ့ဒါက ပြင်ပစ္စည်းတစ်ခု ချဉ်းကပ်လာသည်ကို အာရုံခံမိသောအခါ အလင်းလုံးက ဓါးချီလှိုင်းများကို တစ်ခုပြီးတစ်ခု ထုတ်ပေးလာ၏။ သူတို့သည် စတုရန်းကြေးမီးဖိုကို ရိုက်ခတ်လိုက်ပြီး သတ္တချင်းထိခတ်သံများကို ထွက်ပေါ်လာစေ၏။

သို့သော်လည်း မည်သည့်ဓါးချီကမှ စတုရန်းကြေးမီးဖိုကို မထိုးဖောက်နိုင်ပေ။

သိပ်မကြာမီ စတုရန်းကြေးမီးဖိုက အလင်းလုံးထဲသို့ ပစ်ဝင်ကာ လူတိုင်း၏ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့လေသည်။

သားရဲများအားလုံးက အုတ်အော်သောင်းတင်း ဖြစ်ကုန်ကြ၏။

ကြီးမားသည့်တိုက်ပွဲ၏ ဤနေရာအရောက်ထိ ထိုကဲ့သို့သော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူကမှ ထင်မထားမိပေ။

ကသိကအောက်ဖြစ်စရာအကောင်းဆုံးအချက်မှာ သားရဲတစ်ထောင်တောင်ကြားအဖွဲ့ဘက်မှဖြစ်စေ၊ တာအိုအရှင်သုံးယောက်ဘက်မှဖြစ်စေ.. မည်သူကမှ ကျူးကျော်ဝင်ရောက်လာသူကို မသိကြပေ။

တစ်ကယ်ဆို ထိုသူက လူသားတစ်ယောက်လား သို့မဟုတ် သားရဲတစ်ကောင်လားဆိုတာကိုပင် သူတို့ မသိကြပေ။

သူက လူသားကျင့်ကြံသူတစ်ယောက် ဖြစ်ဖို့တော့ များလေသည်။ ဘာပဲပြောပြော သူက သားရဲချိပ်စည်းကားချပ်၏ လွှမ်းမိုးမှုကနေ လွတ်လပ်စွာ ဖြတ်သန်းသွားလာနိုင်ခဲ့၏။

သို့သော် သူက မိစ္ဆာသားရဲတစ်ယောက်လည်း ဖြစ်နေနိုင်၏။

ဤလူသည် ပေါ်လာပြီးကတည်းက တာအိုအရှင်သုံးပါးနှင့် တိုက်ခိုက်ပြီး သားရဲချိပ်စည်းကားချပ်ကိုပင် လုယူကာ သားရဲများကို ကယ်တင်ခဲ့လေသည်။

တာအိုအရှင်တိမ်လွှာမိုးစက်နှင့် နတ်မိမယ်နှင်းပွင့်က နက်ရှိုင်းစွာ မျက်မှောင်ကြုတ်လိုက်၏။ ထိုသို့ စိတ်အာရုံပျက်ယွင်းသွားသည့်ခဏမှာပင် သူတို့သည် အရှင်သခင်ခြောက်ပါး၏ ဝန်းရံခြင်းကို ခံရပြီး အသတ်ခံရလုနီးပါး ဖြစ်သွားလေသည်။

တာအိုအရှင်အင်မော်တယ်ဓါးက အေးစက်စက်အမူအယာတစ်ခု ရှိနေပြီး တည့်တံ့သောအသံဖြင့် ပြောလိုက်၏။

“တာအိုရောင်းရင်းတို့.. ကျေးဇူးပြုပြီး ခဏလောက် ထပ်တောင့်ခံပေးပါဦး.. ဒီမှာရှိတဲ့ကိစ္စတွေကို ကျုပ်အတွက်ထားလိုက်.. ဘာမှမပူနဲ့ ဒီနေရာမှာ ကျုပ်တို့တွေ ရှိနေမှတော့ သူက လွတ်မြောက်သွားစရာ အကြောင်းမရှိဘူး”

တာအိုအရှင်အင်မော်တယ်ဓါးအတွက်တော့ ဆူဇီမိုသည် အလင်းလုံးထဲသို့ ဝင်ရောက်နိုင်သည်ဆိုလျှင်တောင် ထိုသူက ကောင်းကင်သတ်ဖြတ်ခြင်းဓါးပညာရပ်ကို ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

အလင်းလုံး၏ အတွင်းရော အပြင်ရောကို အကန့်အသတ်မဲ့သော ဓါးချီများက ရစ်ပတ်လွှမ်းခြုံထားလေသည်။

မီးဖိုအတွင်းတွင် ဆူဇီမိုသည် သူ၏ ခန္ဓာကိုယ်ကို ထုတ်ဖော်ပြသရဲခြင်း မရှိပေ။ တဝုန်းဝုန်းထနေသော ဓါးချီများအလယ်တွင် ဆူဇီမိုက မျက်စိကန်းနေသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူက ကောင်းကင်သတ်ဖြတ်ခြင်းဓါးပညာရပ်ကို ရရှိနိုင်စရာ အကြောင်းမရှိပေ။

တာအိုအရှင်အင်မော်တယ်ဓါးက သူ့ကိုယ်သူ ဣန္ဒြေဆယ်ပြီး သူ့မျက်လုံးများက အေးစက်စက်အလင်းဖြင့် တောက်ပလာ၏။ သူက လက်ဟန်ချိပ်စည်းများကို နောက်တစ်ဖန် ထုတ်ဖော်ပြီး ဧရာမဓါးရှည်တစ်လက်ကို ဖန်တီးကာ အလင်းလုံးကို ရက်ရက်စက်စက် ခုတ်ပိုင်းချလိုက်၏။

‘အဲ့ဒီချိပ်စည်းကို ငါ အမြန်ဆုံး ဖျက်ဆီးပစ်မှ ရမယ်’

သူက စိတ်ထဲကနေ ညည်တွားရေရွတ်လိုက်၏။

ဆူဇီမိုက ကောင်းကင်သတ်ဖြတ်ခြင်းဓါးပညာရပ်ကို ရယူသွားမည်ကို သူ မစိုးရိမ်သော်လည်း သူက မအီမသာ ခံစားနေရဆဲဖြစ်၏။ သူက ပိုလို့တောင် ကြီးမားသည့်အပြောင်းအလဲတစ်ခု ဖြစ်ပျက်တော့မည်ကို ခံစားနေရ၏။

. . .

စတုရန်းကြေးမီးဖိုက အလင်းလုံးထဲသို့ ဝင်ရောက်သွားသည့်ခဏမှာပင် ကောင်းကင်သတ်ဖြတ်ခြင်းဓါးကျမ်းကို ပိုင်ဆိုင်ရတော့မည်ဆိုတာ ဆူဇီမိုက သိလိုက်၏။

တာအိုအရှင်အင်မော်တယ်ဓါး၏ ယူဆချက်က မှားသည်ဟုတော့ မဆိုသာပေ။ ပုံမှန်အခြေအနေအောက်မှာဆို စတုရန်းကြေးမီးဖိုအတွင်းမှာ ပုန်းကွယ်နေပြီး အပြင်ဘက်သို့ မထွက်နိုင်သည့် ဆူဇီမိုက မျက်ကန်းတစ်ယောက်နှင့် တူညီလေသည်။

ဗြောင်းဆန်နေသော ဓါးချီပင်လယ်အတွင်းမှာ သူက ကောင်းကင်သတ်ဖြတ်ခြင်းဓါးကျမ်း၏ တည်နေရာကို ရှာဖွေဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။

သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ထုတ်ဖော်မည်ဆိုလျှင် အဲ့ဒါက ချက်ချင်းပင် မှုန့်မှုန့်ညက်ညက် ကြေမွသွားပေလိမ့်မည်။

သို့သော်လည်း တစ်ကယ်တမ်းမှာတော့.. ဆူဇီမိုသည် အလင်းလုံးထဲသို့ မဝင်ရောက်ခင်ကတည်းက သူ၏ မီးပဒေသာနဂါးမျက်လုံးဖြင့် ကောင်းကင်သတ်ဖြတ်ခြင်းဓါးပညာရပ်ကို ထောက်လှမ်းသိရှိနိုင်ပြီးဖြစ်၏။

အဲ့ဒါက လက်ရှိဓမ္မဝိသေသပညာရှင်များပင်လျှင် မပြုလုပ်နိုင်သော တစ်စုံတစ်ရာ ဖြစ်လေသည်။

ထို့ကြောင့် သူက စတုရန်းကြေးမီးဖိုအတွင်းမှာ ပုန်းကွယ်နေသော်လည်း ဆူဇီမိုသည် ကောင်းကင်သတ်ဖြတ်ခြင်းဓါးကျမ်းရှိရာဘက်ကို ဦးတည်သွားနိုင်လေသည်။

ချွင်.. ချွမ်..

စတုရန်းကြေးမီးဖိုကို ဓါးချီများ ရိုက်ခတ်သောအသံက တချွင်ချွင်တချွမ်ချွမ်နှင့် အဆက်မပြတ် ထွက်လာလေသည်။

ဆူဇီမိုက တိတ်တဆိတ် တုန်လှုပ်သွား၏။

စတုရန်းကြေးမီးဖိုကြောင့်သာ မဟုတ်လျှင် သူ၏ ခန္ဓာကိုယ်က အတောမသတ်သော ဓါးချီများကြောင့် ဇကာပေါက် ဖြစ်နေလောက်လေပြီ။

စတုရန်းကြေးမီးဖိုက အရမ်းကို ချုံးချုံးကျနေပြီဖြစ်သော်လည်း အဲ့ဒါကို ရရှိပြီးကတည်းက အဲ့ဒါက များစွာသော အကျပ်အတည်းများကို ဖြတ်ကျော်နိုင်ရန် သူ့ကို ကူညီပေးခဲ့လေသည်။

“ငါတို့ အဲ့ကို သိပ်မကြာဘူး.. ရောက်တော့မယ်”

ထိုစဉ်မှာပင် တာအိုအရှင်အဆုံးစွန်မီး၏ အသံက ထွက်ပေါ်လာ၏။

“ခင်ဗျားဘယ်လိုသိတာလဲ စီနီယာ”

ဆူဇီမိုက သိချင်စိတ်ဖြင့် မနေနိုင်ဘဲ မေးလိုက်၏။

သူသည် ကောင်းကင်သတ်ဖြတ်ခြင်းဓါးကျမ်း၏ တည်နေရာကို မြင်နိုင်သော်လည်း တာအိုအရှင်အဆုံးစွန်မီးကတော့ မမြင်နိုင်ပေ။

တာအိုအရှင်အဆုံးစွန်မီးက ပြန်ပြောလိုက်၏။

“သေချာနားထောင်.. ဒီနားမှာရှိတဲ့ ဓါးချီတွေက အားနည်းလာပြီ.. တစ်နည်းအားဖြင့် ပြောရရင် ငါတို့က ရှေးဟောင်းဓါးကျမ်းနဲ့ နီးကပ်လာနေပြီပဲ”

ဆူဇီမိုက အာရုံစိုက်၍ နားထောင်လိုက်၏။

မီးဖိုကို ဓါးချီများ ရိုက်ခတ်သောအသံ၏ အကျယ်နှင့် သိပ်သည်းပြင်းထန်မှုက တစ်ကယ်ပဲ လျော့ကျလာခဲ့၏။

သိပ်မကြာမီ မီးဖိုအပြင်ဘက်က တိတ်ဆိတ်သွားလေသည်။

သူတို့က ကောင်းကင်သတ်ဖြတ်ခြင်းဓါးကျမ်း၏ တည်နေရာနှင့် နီးကပ်လာချိန်တွင် ဆူဇီမိုက သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ပို့လွှတ်ပြီး စစ်ဆေးကြည့်လိုက်၏။

ဒါပဲလေ...

သူတို့ဘေးပတ်လည်ရှိနေရာတစ်ဝိုက်က မည်သည့်ဓါးချီမှ မရှိတော့ဘဲ ငြိမ်သက်တိတ်ဆိတ်နေ၏။ လေထဲတွင် ဝါဖန့်ဖန့်အိုဟောင်းနေသော စာလိပ်တစ်လိပ်ကသာ တိတ်တဆိတ်ဖြင့် ဝဲခိုနေလေသည်။

ဆူဇီမိုသည် စတုရန်းကြေးမီးဖိုကို သိမ်း၍ သူ၏ ဘေးပတ်လည်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။

ရှေးဟောင်းကျမ်းစာလိပ်၏ ဆယ်ပေပတ်လည်အပြင်ဘက်တွင် ဓါးချီများက ဝုန်းဆန်၍ တအုန်းအုန်းထနေ၏။ အဲ့ဒါက ကမ္ဘာတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့်အလား အေးစက်နေသော သတ်ဖြတ်လိုစိတ်ကို ပိုင်ဆိုင်ထားလေသည်။

ရှေးဟောင်းကျမ်းစာလိပ်၏ ဆယ်ပေပတ်လည်အတွင်းမှာတော့ အရာရာတိုင်းက ငြိမ်သက်တိတ်ဆိတ်နေလေသည်။

အတွင်းနှင့်အပြင်က လုံးဝကို သိသာခြားနားနေလေသည်။

ဆူဇီမိုသည် ခြေလှမ်းအချို့လှမ်းပြီး လက်တစ်ကမ်းမှာရှိသော ရှေးဟောင်းကျမ်းစာလိပ်ကို အိပ်မက်ဆန်ဆန်ခံစားချက်နှင့်အတူ ငေးကြည့်လိုက်၏။

သူသည် အဲ့ဒါကို ယခုချိန် ကိုယ်တိုင်မြင်တွေ့နေရခြင်းကြောင့်သာ မဟုတ်လျှင် ဤရှေးဟောင်းကျမ်းစာလိပ်ကလေးက ဒဏ္ဍာရီလာရှေးဟောင်းဓါးပညာရပ်သုံးခုထဲမှ တစ်ခုဖြစ်လိမ့်မည်ဟု ယုံကြည်နိုင်လိမ့်မည် မဟုတ်ပေ။

ရှေးဟောင်းကျမ်းစာလိပ်က ဝါဖန့်ဖန့်အရောင်နှင့်အတူ သာမန်ပုံစံသာ ဖြစ်လေသည်။ ပင်ယန်းမြို့မှာတုန်းက သူလေ့လာဖတ်ရှုခဲ့ရသော စာအုပ်များနှင့် ဘာမှ မကွာခြားပေ။

ဆူဇီမိုက ရှေးဟောင်းကျမ်းစာလိပ်ကို လက်လှမ်း၍ ဆုပ်ကိုင်လိုက်၏။

All Chapters