အခန်း (၃၆၀)
Vol. 31 Ch. 360
လီချန်ချင်း၏ မူလ ရည်ရွယ်ချက်မှာ စန်းယွမ်နယ်မြေတွင် မွေးဖွားကြီးပြင်းခဲ့သည့် သူများက ကမ္ဘာမြေကြီး၏ ဘဝအခြေအနေတွင် လိုက်လျောညီထွေ ဖြစ်မဖြစ်ကို သူသိလိုခဲ့ပါသည်။
ထိုကဲ့သို့ လုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ လီချန်ချင်းက သားဖြစ်သူ လီဟမ်ရှန်းအား ကမ္ဘာမြေသို့ ပြန်လည်ခေါ်သွားရန်အတွက် စီစဉ်နေသောကြောင့် ဖြစ်ပါ ၏။ ဤလောကတွင် နေထိုင်ရခြင်းသည်က လွန်စွာမှကို အန္တရာယ်များပြားလှပါသည်။
ကမ္ဘာမြေပေါ်တွင် နေထိုင်ရ သည့်ဘဝမှာ ခက်ခဲသည်မှန်သော်လည်း အနည်းဆုံးတော့ အန္တရာယ် မရှိပါချေ.. ဟုတ်တယ်မလား။
ထို့ကြောင့် လီချန်ချင်းအတွက်တော့ ဆုကျန်းနဲ့ ဆုရှန်းချီမှာ အစမ်းသပ်ခံ ကြွက်ကလေးများပင် ဖြစ်ပါ၏။ သတင်း အချက်အလက် များကို ဖတ်ရှုပြီးသည့်အခါတွင် သူက ဆုမိသားစုထံမှ ထိုမြေးအဘိုးနှစ်ယောက်အား တန်ဖိုးကြီးမားလှသော အရာများနဲ့ လဲလှယ်မည်ဟု ဆုံးဖြတ်ချက်ချခဲ့ပါ၏။
ထိုသူနှစ်ဦးကို အိပ်မက်ဝိဉာဥ်ကျောက်တုံးမှ ပြန်လည် ထွက်ခွာ နိုင်ရန်အတွက် လီချန်ချင်း သတ်မှတ်ထားသည့် သတ်မှတ်ချက်များ ရှိပါသည်။ ဒါပေမဲ့ ထိုသတ်မှတ်ချက် များမှာ လွန်စွာ မြင့်မားလှသောကြောင့် လီချန်ချင်းက သူတို့နှစ်ဦးကို လုံးဝ သူတို့ဘာသာသူတို့ ပြန်လည် မထွက်ခွာနိုင်ရန်အတွက် ပြင်ဆင်ထားခဲ့ပါ၏။
အိပ်မက် ဝိဉာဉ် ကျောက်တုံးမှ ဆုကျန်းပြန်လည် ထွက်ပေါ်နိုင်ရန် အတွက် ဆုကျန်းမှာ အိပ်မက်ဝိဉာဉ်ကျောက်တုံး၏ ကမ္ဘာမြေ နဲ့ တူသောလောကကြီးထဲတွင် တစ်ကမ္ဘာလုံး၏ အချမ်းသာ ဆုံးသော သူဋ္ဌေးကြီးဖြစ်မှ သူက ထိုနေရာမှ ပြန်လည် ထွက်ခွာနိုင်မည် ဖြစ်သည်။
ဆုရှန်းချီအတွက် ထိုကျောက်တုံး မှ ပြန်လည်ထွက်ပေါ်ရန် လိုအပ်ချက်မှာ ရိုးရှင်းလှပါသည်။ သူ့အတွက်ကတော့ ထိုလောက၏ နာမည်ကြီး ထိပ်တန်း တက္ကသိုလ်မှ ဘွဲ့ရရုံသာ ဖြစ်ပါ၏။ ဆုရှန်းချီက ထိုတက္ကသိုလ် မှ ဘွဲ့ရသွားသည်နှင့် ထိုကျောက်တုံးမှ အလိုအလျောက် ထွက်လာနိုင်မည် ဖြစ်သည်။ ထိုလိုအပ်ချက်များမှာ သီအိုရီအရ ဖြစ်နိုင်သော်လည်း လက်တွေ့တွင်တော့ တကယ့်တကယ် လုပ်ဆောင်နိုင်ရန်မှာ မဖြစ်နိုင်လု နီးပါးခန့် ရှိပါ၏။
လီချန်ချင်းက ငုတ်တုတ်ထိုင်လိုက်ပြီး အိပ်မက်ဝိဉာဉ်ကျောက်တုံး၏ အတွင်းကို ကြည့်ရင်း တဟားဟားနဲ့ အော်ရယ်နေခဲ့ပါ၏။
ဆုကျန်း၏ ပန်းချီကား မှာ ရှေးဟောင်းပစ္စည်းဆိုင်တွင် အရောင်းအဝယ် ဖြစ်ခဲ့ပါ သည်။ ဒါပေမဲ့ ဆုကျန်း၏ ပန်းချီကားကို ဝယ်ခဲ့သူမှာ ကျောက်ယုံ၏ သားဖြစ်သူ ကျောက်ဆုန်းကျီက ယွမ် ငါးဆယ်နဲ့ ဝယ်လိုက်ခြင်း ဖြစ်ပါသည်။ ဆုကျန်းက မျက်ရည်များဝဲလျက် ပန်းချီကားကို ရောင်းချခဲ့ပါသည်။ ကံတရား၏ နှောင်ဖွဲ့မှုကြောင့် ကျောက်ဆုန်းကျီနဲ့ ဆုရှန်းချီ မှာ အတန်းထဲ၌ အတန်းဖော် ဖြစ်နေခဲ့ပါ၏။ ဖခင်ဖြစ်သူ၏ ဝံပုလွေ ခုနစ်ကောင်ခါးပတ်၏ ဖင်စုတ်အောင် ရိုက်နှက် ခံရပြီးသည့်နောက်တွင် ဆုရှန်းချီက မျက်ရည်များစွာကျ လျက် ကျောင်းကို လာခဲ့ပါသည်။
ထိုအခိုက်မှာပင် ကျောက်ဆုန်းကျီ၏ မကောင်းဆိုးဝါး တစ္ဆေပန်းချီကားကို သူတွေ့မြင်ခဲ့ရပါ၏။ ထိုအခိုက်မှသာ ဤလောကတွင်ရှိသော သူ့အဘိုး၏ သဲလွန်စကို ဆုရှန်းချီက သိလိုက်ရခြင်း ဖြစ်ပါ သည်။ ရင်းနှီးနေသော ပန်းချီကားကို တွေ့လိုက်ရသော ကြောင့် ဆုရှန်းချီကစိတ်လှုပ်ရှားလွန်းသော ကြောင့် မျက်ရည်များပင်ဝဲတက်လာခဲ့ပါ၏။
သူက ဆုကျန်းကို အလျင်အမြန်ပင် ရှာဖွေနေချင်ခဲ့မိပါသည်။ သူ့အဘိုးက အနားမှာရှိပါက ပြဿနာများအားလုံး ပြေလည်သွားလိမ့် မည်ဟုပင် သူက တွေးခဲ့မိပါ၏။ အသက်ရှင် ရပ်တည်နိုင်ရန် အတွက် ဆုကျန်းကလည်း အလုပ်လုပ်နေခဲ့ရပါသည်။
ကံဆိုး တာက ဆုကျန်းက ဘယ်အလုပ်နဲ့မှ အဆင်မပြေပါ။ ကံကောင်းတာကတော့ လူအိုကြီးဟွမ်က သူတို့နှစ်ဦးက တစ်လှေတည်းစီး တစ်ခရီးတည်းသွားနေသည်ဟု သတ်မှတ် သောကြောင့် ဆုကျန်းကို အစစအရာရာလိုက်လံ၍ ကူညီ ပေးပါသည်။
သူတို့နှစ်ဦးသည် မနက်စောစောထပြီး လမ်းများ၌ အမှိုက်များကို လှဲကာ သန့်ရှင်းရေးလုပ်သည်။ ထို့နောက်တွင် အမှိုက်များကောက်ပြီး ရောင်းချပါသည်။ ဆုရှန်းချီကတော့ နေ့တိုင်း အတန်းလစ်ကာ ဆုကျန်းကို ရှာဖွေပါသည်။ ဒါပေမဲ့ သူတို့နှစ်ဦးလုံး၏ ရုပ်ရည်က မူလ ရုပ်ရည်များနဲ့ မတူတော့သောကြောင့် အဘိုးဖြစ်သူကို ရှာဖွေရသည်မှာ လွန်စွာမှကို ခက်ခဲလှပါ၏။
ဤလောက၌ တစ်လခန့်နေပြီး သည့်အခါတွင် ဆုကျန်းက တစ်ခြားသော အမှိုက်ကောက် သမားများနဲ့ အပြိုင် အမှိုက်များကို ဘယ်လိုလုရမလဲ ဆိုတာကို ကောင်းကောင်းသိလာခဲ့ရ၏။ စန်းယွမ်နယ်မြေ ကြီး၌ သိုင်းသမားဖြစ်ခဲ့သောကြောင့် ပလက်စတစ် ရေသန့် ဘူးများကို အပြိုင်ကောက်ရာ၌ အနိုင်ရအောင် အသာစီး ရအောင် တိုက်ခိုက်နည်းတွေပါ အသုံးပြုခဲ့ပါ၏။ တစ်ခါ တစ်ရံဆိုလျှင် စက္ကူများ ဖော့ဘူးများကိုပင် ရရှိရန် အပြင်း အထန်တိုက်ခိုက်ခဲ့ရပါသည်။
ထိုအရာများ အပါအဝင်၊ ရရာအလုပ်များကို လုပ်ရင်းနဲ့ လူအိုကြီးဟွမ်ရော ဆုကျန်း ရော နှစ်ဦးပေါင်းဝင်ငွေသည် တစ်လလျှင် ယွမ် လေးငါး ထောင်ခန့်တော့ ရှိပါ၏။ တောင်ဘက်လွင်ပြင်ဒေသရှိ ဆုမိသားစု၏ ဘိုးဘေးကြီးဖြစ်သော ဆုကျန်းက သူ၏ ဘဝအမှန် ကိုပင် မေ့လျော့နေပြီ ဖြစ်ပါသည်။
စန်းယွမ်နယ်မြေတွင်ရှိတုန်း က သူသည် ကောင်းကင်နဲ့ မြေကြီး ရတနာများကိုပင်လျှင် တစ်ချက်ပင် မကြည့်ပါချေ။ ဒါပေမဲ့ ယခုအချိန်တွင်တော့ ပလက်စတစ် ရေဘူးခွံတစ်ခွံကို မြင်ပြီဆိုသည်နှင့် သူ့နှလုံးမှာ ပျော်ရွှင်စွာနှင့်ပင် ခုန်လာခဲ့ပါ၏။
ဖခင်ဖြစ်သူ၏ ရိုက်နှက်မှုဒဏ် များကို မခံနိုင်တော့သောကြောင့်ဆုရှန်းချီမှာ အိမ်ပေါ်က ဆင်းလာပြီး သူတောင်းစားလေးတစ်ယောက် လုပ်နေခဲ့ပါသည်။
နှစ်လကြာသောအခါတွင် ဆုရှန်းချီနဲ့ ဆုကျန်းက ပြန်လည် ဆုံတွေ့ခဲ့ပါ၏။ သူတို့နှစ်ဦး၏ ဆုံတွေ့ခဲ့ပုံမှာ ကတ်ထူပုံး တစ်ပုံးကို ပြေးလုရင်း တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်ရာမှ ဆုံဆည်းခဲ့ခြင်း ဖြစ်ပါ၏။
လူကြီးကို မလေးစားသောကြောင့် ဆုကျန်းက ပိုးစိုးပက်စက် ကျိန်ဆဲခဲ့ပါသည်။ ကလေးကို လူကြီးတစ်ယောက်အနေနဲ့ လက်သီးနဲ့ ထိုးပြီး ရိုက်နှက်သောကြောင့် ဆုရှန်းချီကလည်း ပြန်လည်၍ ကျိန်ဆဲခဲ့ပါ၏။ ဆုရှန်းချီ၏ မျက်လုံးမှာ ဆုကျန်း၏ ထိုးနှက်မှုကြောင့် ရောင်ကိုင်းနေခဲ့ပါပြီ။
နောက်ဆုံးတွင်တော့ သူတို့နှစ်ဦးလုံးကို ရဲလာဖမ်းသွားခဲ့ပါ၏။ ရဲစခန်းတွင်ပင်လျှင် သူတို့နှစ်ဦးမှာ တစ်ဦးနဲ့ တစ်ဦးအလျော့မပေးဘဲ အပြင်း အထန် တိုက်ခိုက်ကာ ကျိန်ဆဲနေကြပါ၏။ ရဲသားများက သူတို့၏ နာမည်များကို မေးကာ မှတ်တမ်းယူဖို့ လုပ်ပါ၏။
“ဆုကျန်း”
“ ဆုရှန်းချီ”
သူတို့နှစ်ဦးက တစ်ပြိုင်တည်းပင်လျှင် အမည်ကို ပြောပြလိုက်ပါသည်။ ရဲမှူးကြီးက သူတို့နှစ်ဦး၏ အမည်ကို စာရင်းသွင်းလိုက်ပါသည်။ သူမော့ကြည့်လိုက်သော အခါတွင်တော့ လူအိုကြီးနှင့် ကလေးလေးမှာ တစ်ဦးနဲ့ တစ်ဦးတင်းကြပ်စွာ ဖက်လျက် မျက်ရည်များ စီးကျကာ အော်ဟစ်က ငိုယိုနေခဲ့ပါ၏။
ထိုမြင်ကွင်းကို မြင်သော် ရဲမှူးကြီးမှာ ဆွံ့အသွားခဲ့ပါသည်။ အခုလေးတင်ပဲ သူတို့နှစ်ဦးက တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်မလို တိုက်ခိုက်နေပြီးတော့ အခုကျတော့ ဆွေမျိုးကို ပြန်တွေ့သလိုမျိုး ငိုနေတာတဲ့လား။ မြေးအဘိုးနှစ်ယောက်က ပြန်လည်ဆုံတွေ့ခဲ့ပါ၏။
နိုင်ငံခြားတွင် ဆွေမျိုးကို ပြန်တွေ့ သလိုမျိုး ဆုကျန်းက ခံစားခဲ့ရပါ၏။ အဘိုးဖြစ်သူကို ပြန်တွေ့ပြီ ဖြစ်သောကြောင့် ဆုရှန်းချီက ဆာလောင်ကာ ဒုက္ခခံခဲ့ရသော နေ့ရက်များ ကုန်လွန်သွားခဲ့ပြီဟု ခံစားခဲ့ရပါ၏။ ပြန်လည် ဆုံတွေ့ခြင်း အထိမ်းအမှတ် အနေနဲ့ သူတို့ နှစ်ဦးသည် ကယ်လီဖိုးနီးယား အမဲသားခေါက်ဆွဲကို စားရန်အတွက် ပြင်ဆင်ခဲ့ကြပါသည်။
ထိုအချိန်မှသာ စန်းယွမ်နယ်မြေ၌ ပြိုင်ဘက်ကင်းကာ တုနှိုင်းမဲ့ ပုဂ္ဂိုလ်ဖြစ်သော သူ့အဘိုးမှာ ယခုအချိန်တွင် လွန်စွာ ဆင်းရဲပင်ပန်းသော ဘဝ၌ နေထိုင်နေခဲ့ရသည်ကို ဆုရှန်းချီက သိလိုက်ရပါ၏။ ဤလောကကြီးမှ ထွက်ခွာလာရန်အတွက် သူတို့နှစ်ဦးထဲမှ တစ်ဦးက သတ်မှတ်ထားသော သတ်မှတ်ချက်များကို ဖြည့်ဆည်းမှသာ ထွက်သွားနိုင်မည်ဟု ဆုကျန်းက ဆုရှန်းချီကို ပြောပြလိုက် ပါသည်။
သူက ငွေကြေး၏ ကျွန်ပြုမှုမှ လွတ်မြောက်နိုင်ခဲ့ပါက ဤလောကမှ ထွက်ခွာနိုင်မည် ဖြစ်ပါ၏။ ဆုရှန်းချီက ကျောင်းသား တစ်ဦးအဖြစ်နဲ့ ဤလောကကို ရောက်ရှိလာသော ကြောင့် ဖြစ်နိုင်တာက ဤလောက၏ အကောင်းမွန်ဆုံးသော တက္ကသိုလ်မှ ဘွဲ့ရလျှင် ဆုရှန်းချီသည် ဤလောကမှ ထွက်ခွာ နိုင်လိမ့်ပေမည်။ ထို့ကြောင့် ဆုရှန်းချီကို အိမ်ပြန်ပြီးတော့ စာကြိုးစားရန်အတွက် ဆုကျန်းက အကြံပေးခဲ့ပါ၏။
အထက်တန်းအောင်ပြီးနောက်တွင် အကောင်းဆုံးသော တက္ကသိုလ်၌ ဘွဲ့ရမှသာ သူက ဤလောကမှ ထွက်ခွာနိုင်မည် ဖြစ်ပါသည်။ ဆုကျန်း၏ စကားများက အဓိပ္ပာယ်ရှိသည်ဟု ဆုရှန်းချီက တွေးမိပြီး နောက်တွင် ယုံကြည်မှု ရှိသွားခဲ့ပါ၏။ ဆုမိသားစု တစ်ခုလုံးတွင် သခင်လေးများအကြားတွင် သူက ဉာဏ်အကောင်းဆုံးနဲ့ သင်လွယ် တတ်လွယ် အဖြစ်ဆုံးသော သခင်လေးဖြစ်ပါ၏။
စာကျက်တာလောက်ပဲ။ ဘာများခက်တာ မလို့လဲ။ ထိုကဲ့သို့ ဆွေးနွေးမှုများ တိုင်ပင်မှုများ ပြုလုပ်ပြီးသည့် နောက်တွင် မြေးအဘိုးနှစ်ယောက်က လမ်းခွဲခဲ့ကြပါ၏။
အိမ်အပြန်လမ်းတွင် ကျောင်းသားအချို့အား မည်သည့် တက္ကသိုလ်က အကောင်းဆုံးတက္ကသိုလ် ဖြစ်သနည်းဟု ဆုရှန်းချီက ပတ်မေးခဲ့ပါ၏။ ရက်ပေါင်းများစွာကြာအောင် အိမ်ပေါ်မှ ဆင်းလာပြီးနောက်တွင် ဆုရှန်းချီသည် အိမ်သို့ ပြန်လာခဲ့ပါ၏။ အိမ်ရောက်သောအခါတွင် ဖခင်ဖြစ်သူနဲ့ အကြီးအကျယ် ပြဿနာတတ်ပြီး ဖင်စုတ်အောင် ထပ်မံ၍ အရိုက်ခံခဲ့ရပါသည်။
ထို့နောက်တွင်တော့ သူက အကောင်းဆုံး သော တက္ကသိုလ်ကို တက်ချင်သည်ဟု ဆုဝေကို ပြောလိုက်ပါ၏။ ဆုဝေနဲ့ သူ၏ ဇနီးမှာ သားဖြစ်သူက အပြင်လောက၌ ဘဝနာပြီး လောကဓံကို ခံစားရပြီးသည့်နောက်တွင် စာကြိုးစားချင်နေ သည်ဟု တွေးမိလိုက်ပါ၏။
ဆုဝေက စိတ်လှုပ်ရှားစွာဖြင့် သားဖြစ်သူကို ဘယ်တက္ကသိုလ်ကို တက်ချင်သလဲဟု မေးခဲ့ပါ၏။ ဆုရှန်းချီက ခေါင်းမော့လိုက်ပြီး တုန့်ဆိုင်းမနေဘဲနဲ့ အမ်အိုင်တီကို သွားမည်ဟု ခိုင်မာစွာ ပြောလိုက်ပါသည်။
ဆုဝေက ခေါင်းညိတ်ပြလိုက်၏။ သားဖြစ်သူ၏ ရည်မှန်းချက် ကြီးပုံကို လေးစားလွန်းသောကြောင့် ပင်ဖြစ်သည်။ သူ့သားဖြစ်သူမှာ ဘာသာစုံ ရမှတ်ကိုပေါင်းလျှင် တစ်ရာပင် မပြည့်ပါချေ။ အဲ့လောက်အမှတ်နည်းပြီးတော့ စာမတော်တဲ့ ကောင်က အမ်အိုင်တီကို သွားချင်တယ်ဆိုပြီးတော့ ပြောရဲသေးတယ်။ ထိုကဲ့သို့ ဆုရှန်းချီ၏ လေကြီးကာ အကြီးကြီးတွေ ပြောမှုနဲ့ ဆုဝေက ခါးပတ်ချွတ်ကာ ထပ်မံ၍ ရိုက်နှက်ပါတော့ ပြန်သည်။
မြေးအဘိုးနှစ်ယောက်က လောကထဲတွင် အသားကျနေပြီ ဖြစ်သောကြောင့် လီချန်ချင်းက တစ်ချက်ပြုံးလိုက်ပြီး စိတ်သက်သာရာ ရသွားခဲ့ပါ၏။