← Chapters

အခန်း (၃၆၃)

Vol. 31 Ch. 363

အခန်း (၃၆၃)

Vol. 31 Ch. 363

“ဘာတွေ ဖြစ်ခဲ့ တာလဲ။”

လီချန်းချင်းသည် မူချင်းကော၏ ဖြူဖပ်ဖြူလျော် ဖြစ်နေသည့် မျက်နှာကို စိုက်ကြည့်ရင်းနဲ့ မေးမြန်းလိုက် ပါ၏။ မကျေမချမ်း ဝိဉာဉ်ကျိန်စာကြောင့်သာမကပေ သူမ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင်လည်း ဒဏ်ရာ များစွာကို သူတွေ့ရ သောကြောင့် ဖြစ်ပါသည်။ ထိုအရာများက သူမသည် သူ့ထံသို့ မရောက်ခင် ပြင်းထန်လှသော တိုက်ပွဲများစွာကို ဆင်နွှဲခဲ့ ရသည်ကို ညွှန်းဆို ပြသနေခဲ့ပါ၏။

ဆေးဘုရင် တောင်ကြား သခင်၏ ဆက်ခံသူ ဖြစ်သည့် မူချင်းကောကို ယခုလိုမျိုး သေလုမျောပါး အခြေအနေရောက်အောင် ဘယ်လို ရန်သူကများ တိုက်ခိုက်ရဲ ရတာလဲ။

“ဒါတွေအားလုံးရဲ့ တရားခံက ကျွန်မအဖေပဲ။” မူချင်းကော၏ အကြည့်မှာ ကြောက်မက်ဖွယ် ကောင်းလောက် အောင် အေးစက်သွားခဲ့ပါ၏။

“ဟင်” ထိုအဖြေက လီချန်းချင်းကို လွန်စွာ အံ့ဩသင့်သွားစေခဲ့ပါ၏။

မူချင်းကောကို ယခုလောက်ထိ ဒဏ်ရာရအောင် ပြုလုပ်ခဲ့သည့်တရားခံက သူ့အဖေ တဲ့လား။

ဘာတွေ ဖြစ်ကုန်တာတုန်း။

အခြေအနေက သူထိန်းချုပ်နိုင်သည့် အတိုင်းအတာထက် လွန်နေပြီဟု လီချန်းချင်းက တွေးနေမိခဲ့ပါသည်။

“ကျွန်မ ဟို ကလေးလေး ကို မြင်ခဲ့တယ်။”

မူချင်းကောက အသက်ပြင်းပြင်းရှူကာ ပြောလိုက်ပါ၏။

“ဆေးဘုရင် တောင်ကြားမှာရှိတဲ့ အရမ်းငယ်တဲ့ ထူးခြားဆန်းကြယ်တဲ့ ကလေးလေး တစ်ယောက်လေ။ သူက အဲ့ကလေးဘဝမှာပဲ ရှိပြီးတော့ ဘယ်တော့မှ အသက်မကြီးခဲ့ဘူးလေ။ ကျွန်မပြောခဲ့ဖူးတယ်။ မှတ်မိလား။ အဲ့ဒီ ကလေးလေးရဲ့ သရုပ်အမှန်ကို ကျွန်မ ရှာတွေ့ခဲ့တယ်။”

“သူက ဘယ်သူမို့လို့လဲ။”

ထိုလူငယ်လေး အကြောင်းကို စာထဲ၌ ရေးသားပြီး သူ့အား မူချင်းကောက အတိတ်တုန်းက ပို့သခဲ့ဖူးသည်ကို လီချန်းချင်းက မှတ်မိ သွားခဲ့ပါသည်။

နှစ်များစွာကြာအောင် အသက်ရှင်ခဲ့သည့်တိုင် မူချင်းကောက ထိုလူငယ်လေးကို ကလေးဘဝတွင် တွေ့မြင် ခဲ့ပါ၏။ မူချင်းကောက ယခုအချိန်တွင် လှပသော အမျိုးသမီး တစ်ဦးအဖြစ်သို့ အသက်အရွယ်ကြီးရင့်လာသော်လည်း ထိုလူငယ်လေးသည် ကလေးဘဝတွင် ရပ်တန့်နေခဲ့ပါသည်။

စစချင်းတုန်းက ထိုကဲ့သို့သော ဖြစ်ရပ်မျိုးက လုံးဝ မဖြစ်နိုင် ပါဟု လီချန်းချင်းက ထင်ထားခဲ့ပါ၏။ သို့ပေမဲ့ စန်းယွမ် နယ်မြေကြီး၌ ဖြစ်ပျက်ခဲ့သည့် မရှင်းပြနိုင်သော အဖြစ်အပျက် များစွာတို့နဲ့ ကြုံတွေ့ပြီးသည့် နောက်တွင် ဘယ်အရာကမှ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူးဆိုတာကို လီချန်းချင်းက လက်ခံ သွားခဲ့ပါ၏။

“အဲ့ဒီ ကလေးလေးက ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ ခေါင်းဆောင်ပဲ။”

ထိုလူငယ်လေး၏ သရုပ်အမှန်ကို ပြောပြ လိုက်သည့် အခါတွင် မူချင်းကော၏ မျက်နှာအမူအရာ ကလည်း မယုံကြည်နိုင်နေသော အနေအထားသို့ ဖြစ်နေ ခဲ့ပါ၏။

ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ ခေါင်းဆောင်က ဆေးဘုရင်တောင်ကြားထဲမှာ ပုန်းအောင်းနေမယ်လို့ ဘယ်သူက ထင်ထားခဲ့မိမှာလဲ။

မူချင်းကောကို ပိုပြီး ထိတ်လန့်သွားစေသည့် အချက်မှာ သူမ၏ ဖခင်ဖြစ်သော ဆေးဘုရင် တောင်ကြား၏ သခင်ပင်လျှင် ထာဝရ ရှင်သန်ခြင်း ဂိုဏ်း၏ နောက်လိုက်တစ်ဦးဖြစ်နေသည် ဆိုသည်ကို ဖြစ်ပါ၏။

ဆေးဘုရင် တောင်ကြားက ထာဝရရှင်သန်ခြင်း ဂိုဏ်းအတွက် ညစ်ပတ်သော အလုပ်များစွာတို့ကို လုပ်ပေးခဲ့ ပါသည်။ ထိုအရာများကို သူမသိသွားပြီးသည့်နောက်တွင် မူချင်းကောက ဒေါသတကြီးနဲ့ ဖခင်ဖြစ်သူ မူဟန်ရှန်း ထံသို့သွားကာ ပြဿနာရှာပြီး ရှင်းပြရန်အတွက် တောင်းဆို ခဲ့၏။ သူမမမျှော်လင့်ထားသည်က သူမဖခင်ဖြစ်သူ မူဟန်ရှန်းက ထိုပြစ်ချက်များ အားလုံးကို မငြင်းပယ်ဘဲ အရာအားလုံးက အမှန်အတိုင်းဖြစ်သည် ဟုပင်ပြောခဲ့၏။

ထို့အပြင် သူမ၏ ဖခင်က မူချင်းကောအား ထာဝရ ရှင်သန်ခြင်းဂိုဏ်းထဲသို့ ဝင်ရန်အတွက်ပင် ကမ်းလှမ်းထား ခဲ့ပါ၏။ မူချင်းကောက ချက်ချင်းကို ငြင်းဆန်ခဲ့ပါသည်။ ထို့ကြောင့် ဖခင်ဖြစ်သူ မူဟန်ရှန်းသည် မူချင်းကောအား အကျဉ်းထောင်ထဲတွင် ပိတ်ဆို့ထားခဲ့ပါ၏။ သို့သော် သူမ၏ ရင်းနှီးသော အကြီးအကဲ နှစ်ဦး၏ အကူအညီနှင့် သူမသည် ဆေးဘုရင် တောင်ကြားမှ လွတ်မြောက်အောင် ထွက်ပြေးလာ နိုင်ခဲ့ပါ၏။ သို့ပေမဲ့ ပြင်းထန်သော ဒဏ်ရာများစွာကို ရရှိခဲ့ ပါသည်။ သူမကို လွတ်မြောက်အောင် ကူညီပေးခဲ့သော ကြောင့် ထိုအကြီးအကဲနှစ်ဦးမှာ မူဟန်ရှန်း၏ သတ်ဖြတ်ခြင်း ကို ခံခဲ့ရပါ၏။

မူချင်းကောသည် အသက်လုပြီး ထွက်ပြေးခဲ့ပြီး နောက်တွင် လီချန်းချင်းကို ရှာဖွေရန်အတွက် မြောက်ပိုင်း အေးခဲနိုင်ငံတော်၏ ပိုင်နက် နယ်နိမိတ်အတွင်းသို့ ပြေးလာ ခဲ့ခြင်း ဖြစ်ပါသည်။

ဇာတ်လမ်း အစုံအလင်ကို သိရှိပြီးသည့် နောက်တွင် လီချန်းချင်းသည်လည်း မယုံကြည်နိုင်အောင် ဖြစ်ခဲ့ပါ၏။ ဝတ်ရုံနက် အထဲတွင် ပုန်းအောင်းနေခဲ့သည့် လူမှာ ထာဝရ ရှင်သန်ခြင်းဂိုဏ်း ခေါင်းဆောင်ဖြစ်သော ဆေးဘုရင် တောင်ကြားတွင် ပုန်းအောင်းနေသည့် ကလေးအရွယ်ရှိသည့် လူဖြစ်နေမှန်း မထင်ထားခဲ့ပါ။

ထိုလူ၏ အရွယ်အစားမှာ သိပ်မကြီးမားသည်ဟု လီချန်းချင်းက တစ္ဆေနတ်ဆိုး စမ်းသပ်မှုတွင် ထိုဝတ်ရုံနက်ကို မြင်စဉ်အခါက သတိပြုမိ ခဲ့ပါ၏။ ဒါပေမဲ့ ကလေးတစ်ယောက်ဖြစ်နေမည်ဟု လုံးဝ မထင်ထားမိခဲ့ပါချေ။

ထိုထက်အရေးကြီးသည်ကဒီကလေးက ဆယ်စုနှစ်များစွာကြာသည်အထိအသက်မကြီးခြင်းပင်ဖြစ်သည်။

လွန်စွာမှကို ဆန်းကြယ်လှပေ၏။

“အခု ဒါဆိုရင်ဘာဆက်လုပ်မလဲ”

လီချန်းချင်းကမူချင်းကောအား မေးမြန်းလိုက်ပါ၏။ မူချင်းကော၏မျက်နှာအမူအရာမှာပျက်ယွင်းနေခဲ့သည်။ ထို့နောက်တွင်သူမက ဝေဝါးနေသောအကြည့်များဖြင့် အဝေးကိုကြည့်နေပြီးသူမရဲ့ဦးခေါင်းကိုသာခါရမ်းလိုက်ပါ၏။

သူမဘာဆက်လုပ်ရမလဲဆိုတာကို သူမကိုယ်တိုင်ပင်မသိပါချေ။

ဆေးဘုရင်တောင်ကြားမှ ထွက်လာပြီးသည့်နောက်တွင် သူမ၏ပထမဦးဆုံးအတွေးသည် လီချန်းချင်းကို ရှာဖွေရန်သာ ဖြစ်ပါ၏။ သူမသာ သူနှင့်တူတူရှိပါက သူမဘဝ၏ တစ်လျှောက်လုံး လုံခြုံလိမ့်မည်ဟု သူမကတွေးထင်ထားခဲ့ မိပါသည်။

မူချင်းကောက တစ်ခြားသော အင်အားစုများထံသို့ သွားကာ အကူအညီကိုမယူဝံ့ပါချေ။ အဘယ်ကြောင့်ဆိုသော် နေရာတိုင်းလိုလိုတွင် ထာဝရရှင်သန်ခြင်းဂိုဏ်းဝင်များက ရှိနေသောကြောင့် ဖြစ်ပါ၏။ သူမသာ ရှာတွေ့ခြင်းခံလိုက် ရပါနေရာတွင်ပင် ရက်ရက်စက်စက်သတ်ဖြတ်ခြင်းခံရပါမည်။ သူမ၏ဖခင်ဖြစ် မူဟန်ရှန်းသည် ထာဝရရှင်သန်ခြင်းဂိုဏ်း၏ အမိန့်ကိုနာခံသော ကျေးကျွန်တစ်ယောက်ဖြစ်နေခဲ့၏။

ထာဝရရှင်သန်ခြင်းဂိုဏ်းက သာ အမိန့်ပေးမည်ဆိုပါက သူမ၏ဖခင်အရင်းဖြစ်သူပင် သူမအား ရက်ရက်စက်စက်သတ်ဖြတ်မည်ဖြစ်၏။ ဖခင်ဖြစ်သူ မူဟန်ရှန်းက လုံးဝကို ပြောင်းလဲသွားပြီဟု မူချင်းကောက သတိပြုမိခဲ့ပါ၏။ ထာဝရရှင်သန်ခြင်းဂိုဏ်းက ဖခင်ဖြစ်သူ မူဟနရှန်းအား မည်သည့်အရာများကို ပေးမည်ဟု ကတိပြုခဲ့သလဲဆိုတာကို သူမမသိပါ။

“ဒါဆိုရင် မင်းငါနဲ့တူတူ လိုက်ခဲ့မလား”

ယခုအချိန်တွင် လီချန်းချင်းက မူချင်းကောအား ကမ်းလှမ်းချက်တစ်ခုပြုလုပ်လိုက်ပါ၏။ မူချင်းကောသည် ဆေးဘုရင်တောင်ကြား၏ နတ်မိမယ်တစ်ဦး ဖြစ်ပါသည်။ သူမသာ သူ၏အင်အားစုထဲသို့ဝင်ပါက သူ၏အင်အားစုမှာ ပို၍ပင်အင်အားတောင့်လာမည်ဖြစ်ပါသည်။

သူမသာရှိနေသ၍တော့ ဆေးပညာနှင့် ပတ်သက်ပြီးတော့ စိတ်ပူစရာမလိုတော့ပါ။ ထိခိုက်ဒဏ်ရာရလာပါက သူမရှိနေသောကြောင့် သူမ၏ဆေးပညာအကူအညီနှင့်ဆိုလျှင် အသက်ရှင်သန်နိုင်ချေပိုများသွားမည်ဖြစ်သည်။ အနာဂတ်တွင် သူမရှိနေသောကြောင့် သူ၏အင်အားမှာလည်း တစ်ခြားသော အင်အားစုနှင့် နှိုင်းယှဉ်ကာ ယှဉ်ပြိုင်နိုင်စွမ်းရှိလာမည် ဖြစ်ပါ၏။

ယခုလိုမျိုး မူချင်းကောအား အောက်ဆုံးအဆင့်သို့ ရောက်နေသည့်အခါတွင် သူက ကျေးဇူးပြုလိုက်သော အခါမှသာလျှင် သူမက သူ့အားကျေးဇူးတင်ပြီး သူဘာတောင်းဆိုတောင်းဆို ငြင်းဆန်မည်မဟုတ်ပါချေ။

“ဟင်” မူချင်းကောက လီချန်းချင်း၏မျက်နှာကို မော့ကြည့်လိုက်၏။ လီချန်းချင်း၏ စိတ်ပူပန်နေသောမျက်ဝန်းနှင့် လေးနက်နေသော မျက်ဝန်းများကို မြင်ပြီးနောက်တွင် သူမ၏မျက်နှာမှာ တဖြေးဖြေးနီရဲလာခဲ့ပါ၏။

“ကျွန်မ…. ကျွန်မ အဆင့်သင့်မဖြစ်သေးဘူးရှင်”။ မူချင်းကော၏နှလုံးသားမှာ ပြင်းထန်စွာဖြင့်ခုန်ပေါက်လာခဲ့ပါ၏။

“ကျွန်မသာ ရှင့်နောက်လိုက်ကို လိုက်မယ်ဆိုလို့ရှိရင် လီဟမ်ရှန်းက သဘောတူပါ့မလားရှင့်။”

“ဟင်” လီချန်းချင်း၏ ခေါင်းတစ်ခုလုံးတွင် မေးခွန်းသင်္ကေတများဖြင့် ပြည့်နှက်သွားခဲ့ပါ၏။

ဒီကောင်မလေး ဘာတွေပြောနေတာလဲဟ။

“ကျုပ်က ခင်ဗျားကို ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းထဲကို ဝင်မလားဆိုပြီး ဖိတ်ခေါ်နေတာပါ။”

ဘာလို့ လီဟမ်ရှန်းက ငြင်းရမှာလဲ။ လီချန်းချင်းသည် လုံးဝနားမလည်စွာဖြင့်မေးလိုက်ပါ၏။

“ဟာ”

မူချင်းကော၏မျက်နှာမှာချက်ချင်းကို အေးစက်သွားခဲ့ပါ၏။

ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းထဲဝင်ဖို့ ငါ့ကိုဖိတ်ခေါ်တာတဲ့ လား။

“ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းထဲ ဝင်ဖို့အတွက် ကိုပြောတာလား”

မူချင်းကော၏မျက်နှာက ညိုးငယ် သွားခဲ့ပါ၏။

လီချန်းချင်းဆိုတဲ့ အရူးကောင်၊ တစ်ကယ့် အထူအပါးနားမလည်တဲ့ ငတုံးကောင်

ဟု သူမသည် တိတ်တဆိတ် စိတ်ထဲတွင် ကျိန်ဆဲလိုက်ပါသည်။

All Chapters