အခန်း (၃၆၆)
Vol. 31 Ch. 366
“ဘယ်လောကမှာမဆို လူသားတွေရဲ့နှလုံးသားက ခန့်မှန်းလို့မရဘူးပဲ”
လီချန်းချင်းကသက်ပြင်းချလိုက်ပါသည်။
ဆုကျန်းအား အမြဲတစေကူညီပြီး စိတ်ရင်းနှလုံးသား သဘောကောင်းသော လူအိုကြီးဟွမ်က ယခုကဲ့သို့ပင် ဆုကျန်းထံမှ ယွမ်လေးသိန်းကိုယူ၍ ထွက်ပြေးသွားလိမ့်မည်ဟု လီချန်းချင်းကမထင်ထားခဲ့မိပါချေ။
“ဘဝက ခန့်မှန်းလို့မရဘူးပဲ”
ဆုရှန်းချီကို ကြည့်သည့်အခါတွင်လည်း ကမ္ဘာလောက၌ သူကဝင်မဆံ့သည်ကို ကောင်းကောင်းမြင်နိုင်ခဲ့ပါသည်။
သူ့အတွက်တော့ သာမန်ကျောင်းသင်ခန်းစာများပင် သင်ယူရန်အတွက် လွန်စွာခက်ခဲနေခဲ့ပါ၏။
နောက်ထပ်ဖြစ်နိုင်တာက ဆုရှန်းချီက ဒီဘာသာရပ်တွေကို သင်ကြားဖို့အတွက် စိတ်မရှည်တာလဲ ဖြစ်နိုင်တယ်မဟုတ်ဘူးလား။
အချိန်ကသိပ်မလောက် တော့ဘူးဆိုတာကို လီချန်းချင်း သတိထားမိသောကြောင့် ဆုမိသားစုသို့တိုက်ရိုက်ပင်လျှင်သူစာပို့ခဲ့ပါသည်။
ဆုမိသားစု၏ ဆုကျန်းနဲ့ဆုရှန်းချီကို သူပြန်ပေးဆွဲထားသည့်အကြောင်း ကိုစာထဲ၌ရေးထားခဲ့ပါ၏။ ထိုသူနှစ်ဦးကိုပြန်လိုချင်ပါက အရှေ့ပိုင်းစိတ်ငြိမ်ခြင်းနယ်မြေကြီးသို့ ဆုမိသားစုမှလာပြီး သူနဲ့အတူတူသဘောတူညီချက်များကို ညှိနှိုင်းရန်အတွက်ပါ တစ်ပါတည်းရေးလိုက်ပါသည်။
ဤလောကကြီးထဲသို့ ရောက်ပြီးသည့်အခါတွင် ယခုအချိန်သည် လီချန်းချင်းအတွက် ပထမဦးဆုံးအကြိမ်အဖြစ် တစ်ဖက်သားကိုပြန်ပေးဆွဲခြင်းဖြစ်ပါ၏။ သူ့လက်ထဲတွင် ထိုသူနှစ်ဦးရှိနေမှတော့ သူတို့နှစ်ဦးကိုအသုံးချပြီးတော့ ငွေညှစ်သည်မှာ အသင့်တော်ဆုံးလုပ်ရပ်ပင်ဖြစ်သည်ဟု သူကတွေးမိခဲ့ပါသည်။
ဆုမိသားစုကအမှန်တကယ်ပင် သူတို့လူနှစ်ဦးကို လာရွေးပါကလည်း လီချန်းချင်းက ပေးလိုက်မည်သာဖြစ်ပါ၏။ လီချန်းချင်းအတွက်တော့ ဆုကျန်းသည် ချိန်းခြောက်မှုတစ်ခုမဟုတ်တော့ပါ။ အိမ်မက်ဝိဉာဉ်ကျောက်တုံးအတွင်း၌ သူတို့မြင်ခဲ့သော ကမ္ဘာလောကနှင့်ပတ်သက်သည့် အချက်အလက်များကိုတော့ လီချန်းချင်းကစိတ်မပူခဲ့ပါချေ။ အဘယ်ကြောင့်ဆိုသော် ဆုကျန်းရော၊ ဆုရှန်းချီပါ ကမ္ဘာလောကက တစ်ကယ်ရှိမယ်ဟု ထင်ကြမည်မဟုတ်သောကြောင့်ဖြစ်ပါ၏။
သူတို့ မြင်တွေ့ခဲ့သည့်လောကမှာ လီချန်းချင်းက ပေါက်ကရ စိတ်ကူးယဉ်ကာ တီထွင်ထားသည့်လောကဖြစ်မည်ဟု သာထင်မြင်ယူဆကြမည်ဖြစ်ပါ၏။ စာကိုရေးပြီးသည့်နောက်တွင် ကျန်းဖုကွမ်အားကိုယ်တိုင်ကိုယ်ကျပို့ဆောင်ခိုင်းလိုက်ပါ၏။
လက်မှတ်နေရာတွင်တော့ချင်းလဲ့ဓားသခင်ဟူ၍ရေးထိုး လိုက်ပါသည်။ အရှေ့ပိုင်းစိတ်ငြိမ်ခြင်းနယ်မြေမှတောင်ပိုင်း လွင်ပြင်ဒေသသို့ စာပို့ရန်မှာ ရက်အနည်းငယ်ခန့်ကြာမြင့်မည် ဖြစ်ပါသည်။
နောက်ထပ် ရက်တော်တော်ကြာသည်အထိ မူချင်းကောက ပန်းပုရုပ်ထုများရှိရာအခန်းထဲမှ ပြန်မထွက်လာပါချေ။ သူမသည်အထဲ၌ ဉာဏ်အလင်းပွင့်နေဆဲ ဖြစ်မည်ဟု လီချန်းချင်းက တွေးမိခဲ့ပါသည်။ လီချန်းချင်းသည် ချင်အိမ်တော်မှ ယင်ချင်းအား ထုံးစံအတိုင်း စာသင်ကြားပေးခဲ့ပါ၏။ ယင်ကျိရွှမ်းကလည်း ချင်အိမ်တော်၌သူ့ကို စောင့်ကြည့်နေဆဲဖြစ်ကာ သူနဲ့ ရင်းနှီးမှုရယူလိုဆဲပင် ဖြစ်ပါသည်။
လီချန်းချင်းက သူ၏ရည်ရွယ်ချက်ကိုသိသည့်တိုင် ထုတ်မပြောခဲ့ပါချေ။ တတိယနေ့တွင်တော့ ယန်ပါးထောင်က လီချန်းချင်းအတွက်စိတ်ဝိဉာဉ်သားရဲနှစ်ကောင်ကို ချန်ထင်မြို့မှ ပို့သပေးလိုက်ပါ၏။ ထိုစိတ်ဝိဉာဉ်သားရဲ နှစ်ကောင်သည် တစ်ကိုယ်လုံးခရမ်းရောင်ဖြစ်နေပြီး နူးညံ့သောငှက်မွှေးများ နှင့်ဖုံးအုပ်နေခဲ့ပါ၏။
ရုတ်တရက်ကြည့်လိုက်ပါက ထိုသားရဲ နှစ်ကောင်မှာ ခိုနဲ့တူပါ၏။ ဒါပေမဲ့ သူတို့ရဲ့အမြန်နှုန်းမှာ လွန်စွာမှကိုမြန်ဆန်လှပြီး ၎င်းတို့ကို မိုးကြိုးပျံလွှားငှက်များ ဟုခေါ်ပါ၏။ သူတို့၏ပျံသန်းနှုန်းမှာလွန်စွာမှမြန်ဆန်လှပြီး သူတို့၏ခွန်အားမှာ အံ့အားသင့်ဖွယ် ကောင်းပါ၏။
သူတို့၏ခွန်အားသည် ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်အဆင့်တွင်ရှိပါသည်။ သူတို့ကအရွယ်အစား သေးငယ်သည့်တိုင် သူတို့၏ ပါးစပ်ပေါက်ထံမှ မိုးကြိုးများကိုထွေးထုတ်နိုင်ပါသည်။ထို့အပြင်လွန်စွာ လွတ်လပ်ပေါ့ပါးပြီးတော့ မြန်ဆန်လှသောကြောင့် ယင်းတို့ကိုဖမ်းယူရန်အတွက်ခက်ခဲလှပါ၏။ ထို့ကြောင့် သာမန်မူလအဆင့်ကျင့်ကြံသူပင်လျှင် ထိုမိုးကြိုးပျံလွှား များကိုဖမ်းဆီးရန်အတွက်ခက်ပါပေလိမ့်မည်။
ထိုငှက်နှစ်ကောင်ကိုရရှိဖို့အတွက် ချန်ချင်းကုန်သွယ်ရေး လုပ်ငန်းက ငွေကြေးအမြောက်အများအကုန်ကြခံကာ လီချန်းချင်းအတွက်ဝယ်ပေးခဲ့ခြင်းဖြစ်ပါသည်။ လီချန်းချင်းအတွက်တော့ ဒီငှက်နှစ်ကောင် က အချက်အလက်များကို စုဆောင်းရန်အတွက် လွန်စွာပင်သင့်တော်လှပါသည်။
“မိုးကြိုးပျံလွှားတွေပါလား။” ကျန်းဝမ်ရှိုက မိုးကြိုးပျံလွှားနှစ်ကောင်ကို မြင်သောအခါတွင် အံ့အားသင့်သွားသောအမူအရာနှင့် အော်ဟစ်လိုက်ပါ၏။ ထိုမိုးကြိုးပျံလွှားနှစ်ကောင်သည် ၎င်းတို့အတွက် သီးသန့်လုပ်ထားသော လှောင်အိမ်ထဲ၌ ပိတ်လှောင်ထားခြင်းကိုခံထားရပါ၏။ လှောင်အိမ်ထဲ၌ မိုးကြိုးပျံလွှားနှစ်ကောင်သည်အသဲအသန် ရုန်းကန်နေပါ သော်လည်း ၎င်းတို့၏ ရုန်းကန်မှုမှာအလဟသ ဖြစ်သွားခဲ့ပါ သည်။ သူတို့အတွက်သီးသန့်လုပ်ထားသောလှောင်အိမ်သည် သူတို့ဘယ်လိုပဲရုန်းကန်ပါစေ လွတ်မြောက်နိုင်ခြင်းမရှိပါ။
ထိုအထူးလှောင်အိမ်က သူတို့၏ စွမ်းအားများကိုပင်ဖိနှိပ်ထားပါ၏။ သူတို့၏ ပါးစပ်ပေါက်များမှ မိုးကြိုးသွားများကို ထွေးမထုတ်နိုင်စေရန်တွက်ပါ အထူးပြုလုပ်ထားခြင်း ဖြစ်ပါသည်။
ထိုမိုးကြိုးပျံလွှားနှစ်ကောင်အား ကျန်းဝမ်လျို ကိုပေးအပ်ခြင်းခံရပါ၏။ ထိုမှသာကျန်းဝမ်လျိုသည် ထိုငှက်နှစ်ကောင်ကို ဆက်သွယ်ပြောဆိုပြီး ရင်းနှီးမှုကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ ကျန်းဝမ်လျိုကလည်း လွန်စွာ သိသာစွာဖြင့်စိတ်လှုပ်ရှားနေခဲ့ပါသည်။ သူက စိတ်ဝိဉာဉ်သားရဲများအား ဆက်သွယ်ပြောဆိုလိုခဲ့သည်မှာ ကြာမြင့်နေခဲ့ပါ၏။ ဒါပေမဲ့ သူရဲ့ခွန်အားက မလုံလောက် ပါချေ။ လီချန်းချင်းက ကျန်းဝမ်လျိုနေထိုင်သည့်ခြံဝန်းထဲမှ ထွက်လာသည့် အခါတွင် တိုက်တိုက်ဆိုင်ဆိုင် မူချင်းကောကလည်း ဉာဏ်အလင်းပွင့်ပြီးနောက်တွင် ပြန်ထွက်လာခဲ့ပါ၏။
“မင်း ပြန်ထွက်လာပြီပဲ။”
လီချန်းချင်းကမူချင်းကောကို ကြည့်လိုက်ပါ၏။ ဒါပေမဲ့ သူမကို ခြေဆုံးခေါင်းဆုံးကြည့်ပြီးသည့်အခါတွင် ဘာမှမပြောင်းလဲသောကြောင့် လီချန်းချင်းက ပို၍သိချင်သွားခဲ့ပါ၏။
မူချင်းကော၏ခွန်အားမှာ သူမ မဝင်ခင်တုန်းက နှင့်အတူတူပင်ဖြစ်ပါသည်။ သာမန်အတိုင်းပြောရမည်ဆိုလျှင် ထူးခြားဆန်းကြယ်သော စွမ်းအားတစ်ရပ်ရပ်ကို နားလည်သဘောပေါက်ပြီးသည့် အခါတွင် နားလည်သဘောပေါက် သူ၏ခွန်အားက တစ်နည်းတစ်ဖုံနဲ့ ပြောင်းလဲသွားရမည်ဖြစ်ပါ၏။
ဒါပေမဲ့ မူချင်းကောထံမှ မည်သည့်ပြောင်းလဲမှုကိုမျှ သူမတွေ့ခဲ့ရပါချေ။
“ကျရှုံးသွားတာလား။”
လီချန်းချင်း၏ ပထမဦးဆုံးအတွေးမှာ မူချင်းကောက ကျရှုံးသွားသည် ဟုသာဖြစ်ပါ၏။
ဒါပေမယ့်လဲ ယခုအချိန်သည် သူ၏ ပန်းပုရုပ်ထုများ ထံမှ တစ်စုံတစ်ဦးက ပထမဦးဆုံး အကြိမ်အဖြစ် ကျရှုံးခြင်းပင် ဖြစ်ပါသည်။
“အဆင်ပြေပါတယ်။ အချိန်ယူလိုက်ပါ။”
လီချန်းချင်းက သူမအားချော့မော့လိုက်ပါ၏။
“အဲ့တာ အလုပ်ဖြစ်ခဲ့တယ်။” မူချင်းကောက လီချန်းချင်းအား ထူးဆန်းသော အမူအရာနဲ့ ကြည့်ကာ ပြောလိုက်ပါ၏။
“ဒါပေမဲ့ ကျွန်မရခဲ့တဲ့ စွမ်းရည်က အရမ်းထူးဆန်းလွန်း အားကြီးတယ်။ ပြောရမယ်ဆိုလို့ရှိရင် အရမ်းကို အသုံးမဝင်ဘူး လို့တောင် ပြောလို့ရတယ်။ ရှင် အဲ့ဒီ လူတွေကို ဘယ်လို သိတာလဲ။ ပြီးတော့ အဲ့ဒီလူတွေက ဘယ်လိုလုပ်ပြီးတော့ အဲ့လောက် ဆန်းကြယ်တဲ့ စွမ်းအားတွေ ရှိနေရတာလဲ။ ဒီစွမ်းအားမျိုးကို အသုံးပြုနိုင်တဲ့ လူတွေကို ကျွန်မတစ်ခါမှ မမြင်ဖူးဘူးနော်။ ကြားလဲ မကြားဖူးဘူး။”
“နေပါအုံး။ မင်းက ဘယ်သူ့ရုပ်ထုကို ကြည့်ပြီးတော့ ဉာဏ်အလင်း ပွင့်ခဲ့တာလဲ။” လီချန်းချင်းက မူချင်းကော၏ စကားကြောင့် ကြက်သေသေ သွားခဲ့ပါသည်။
လီချန်းချင်းသည် အတိတ်တုန်းက သူနဲ့ရင်းနှီးသော ဒဏ္ဍာရီလာပုံရိပ်များကို ထုလုပ်ပြီး ထိုနေရာတွင် တင်ထားခဲ့ခြင်းဖြစ်ပါ၏။ မူချင်းကောက ဘယ်သူ့ကိုများ ရွေးချယ်ခဲ့တာလဲ။
“အမျိုးသမီးလျူလို့ခေါ်တယ်။” မူချင်းကောက အနည်းငယ် စိတ်ပျက်အားလျော့နေသည့် အသံနဲ့ပြောလိုက်ပါ၏။
အမျိုးသမီးလျူ ပန်းပုရုပ်ထုထံမှ သူမသည် စွမ်းရည်တစ်ရပ်ကို ဉာဏ်အလင်း ပွင့်ခဲ့ပါသည်။ ဒါပေမဲ့ ထိုစွမ်းအားသည် သူမ၏ ကျင့်ကြံခြင်းကို မတိုးမြှင့်ခဲ့ပါချေ။
“အမျိုးသမီးလျူ” လီချန်းချင်းက အူကြောင်ကြောင် ဖြစ်သွားပါ၏။
ဒီဇာတ်ကောင်က စွမ်းအားကြီးကြီးမားမား မရှိဘူးမလား။
ပြီးတော့ ငါက အနောက်အရပ်ကို ခရီးသွားခြင်း ရုပ်သံ ဇာတ်လမ်းတွဲထဲက ပုံစံအတိုင်း ထုလုပ်ခဲ့တာလေ။ ထိုနူးညံ့ချိုသာသော ကျွဲရိုင်းဘုရင်၏ ညီမဖြစ်သူ မိစ္ဆာမလေးက ဘာစွမ်းအားရှိလဲဆိုတာကို လီချန်းချင်းက မမှတ်မိတော့ပါချေ။
ဒီကောင်မလေးက ပါကျဲနဲ့တွေ့သေးတယ်မလား။ ဇာတ်လမ်းထဲမှာ။
လီချန်းချင်းက ဆက်လက်၍ တွေးတောလိုက်ပါ၏။ သို့သော် သူ ထင်ထင် ရှားရှား မမှတ်မိပါချေ။
“ဒီတော့ မင်း ဘာစွမ်းရည်ကို ရခဲ့လဲ။”
လီချန်းချင်းက အချိန်အကြာကြီး တိတ်ဆိတ်နေပြီးမှသာ မေးလိုက်ပါ၏။ မူချင်းကောက သူမ၏ခေါင်းကို ငုံ့လိုက်ပြီး ခပ်တိုးတိုးနဲ့ ပြောလိုက်ပါ၏။ သူမပြောသော စကားကို ကြားသောအခါတွင် လီချန်းချင်း၏ တစ်ကိုယ်လုံးမှာ ပေါက်ကွဲထွက်တော့ မတတ်ပင် ဖြစ်သွားခဲ့ပါ၏။
“ကျွန်မ ဝိဉာဉ် ကူးပြောင်းတဲ့ စွမ်းရည်ရခဲ့တယ်။” ထိုစကားလုံးများက လီချန်းချင်းကို နေရာတွင်ပင် ငုတ်တုတ်မေ့သွားစေခဲ့ပါ၏။
“ဝိဉာဉ်ကူးပြောင်းနည်း ဟုတ်လား။” ထိုအခိုက်မှသာ လီချန်းချင်းက ရုတ်တရတ် မှတ်မိသွားခဲ့ပါ၏။ အနောက်အရပ် သို့ ခရီးသွားခြင်း ဇာတ်လမ်းတွဲ၌ ချင်းရှနဲ့ ကျူ့ပါကျဲသည် ဝိဉာဉ်ကူးပြောင်းခြင်း ကျင့်စဉ်စွမ်းအားနဲ့ ရိုက်ခတ်ခြင်းကို ခံခဲ့ရပါ၏။ ထိုအခိုက်တွင် သူတို့နှစ်ဦး၏ စိတ်ဝိဉာဉ်များမှာ တစ်ဦးနဲ့ တစ်ဦးပြောင်းလဲသွားခဲ့ပါ၏။
ထိုအခိုက်တွင် ဘယ်သူက ပါကျဲအစစ်လဲ။ ဘယ်သူက ချင်းရှအစစ်လဲဆိုတာကို သူတို့၏ မိတ်ဆွေများပင်လျှင် ခွဲခြားနိုင်စွမ်းမရှိခဲ့ကြပါချေ။ ထိုစွမ်းရည်က လွန်စွာမှကို အူကြောင်ကြောင်နိုင်ပြီး ထူးဆန်းသည်ဟု ပြော၍ရပါသည်။ ဝိဉာဉ်ကူးပြောင်းစွမ်းရည်ကို မူချင်းကောက အမှန်တကယ် တတ်မြောက်လိမ့်မည်ဟု လီချန်းချင်းက မထင်ထားမိခဲ့ပါချေ။
“ဝိဉာဉ်ကူးပြောင်းစွမ်းရည်က ကန့်သတ်ချက်တွေ ဘာတွေရှိသေးလား။” လီချန်းချင်းက ချက်ချင်းကိုပင်လျှင် စိတ်ဝင်စားသွားခဲ့ပါ၏။
“ကျွန်မရဲ့ ဝိဉာဉ်ကူးပြောင်းစွမ်းရည်က ကျွန်မထက်စွမ်းအား ကြီးမားတဲ့ လူတွေနဲ့ တွေ့ရင် လုံးဝ အသုံးမဝင်တော့ဘူး။ ကျွန်မက ကျွန်မနဲ့ စွမ်းအားတူညီတဲ့ လူတွေ ဒါမှမဟုတ် ကျွန်မထက် အားနည်းတဲ့လူတွေ ပေါ်မှာပဲ ဒီဝိဉာဉ်ကူးပြောင်းတဲ့ စွမ်းအားကို အသုံးပြုလို့ရတယ်”
“ လူနှစ်ယောက်ရဲ့ ဝိဉာဉ်တွေကိုလည်း ပြောင်းလဲပြီးတော့ ထည့်လို့ရတယ်။ ဒါပေမဲ့ မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ်တွေကိုတော့ သူတို့ရမှာ မဟုတ်ဘူး”
ဝိဉာဉ်ကူးပြောင်းခြင်းစွမ်းရည်နဲ့ ပတ်သက်သော အရာများအားလုံးကို မူချင်းကောက ပြောပြခဲ့ပါ၏။ စစချင်းတွင် ထိုစွမ်းအားက လုံးဝအသုံးမဝင်ပါ။ ဒါပေမဲ့ တစ်ခဏကြာသော အခါတွင် လီချန်းချင်း၏ မျက်ဝန်းများက အရောက်လက်သွားခဲ့ပါ၏။
“အရမ်း အသုံးဝင်တယ်။ အရမ်းကောင်းတယ်။” လီချန်းချင်းက မူချင်းကောအား အားပါးတရနဲ့ ချီးကျူးလိုက်ပါ၏။ မူချင်းကောက အနည်းငယ်တော့ ပဟေဋိဖြစ်နေခဲ့ပါသည်။ ဒီစွမ်းရည်ကို ဘယ်နေရာမှာ အသုံးပြုမှာမလို့ လီချန်းချင်းက အဲ့လောက်ဝမ်းသာနေရတာလဲ။
ငါ့ရဲ့ လူတွေကို စန်းယွမ်နန်းတော်ထဲကို မထည့်သွင်းနိုင်မှာကို ငါက စိတ်ပူနေတာ။ ဒီဝိဉာဉ်ကူးပြောင်းစွမ်းရည်နဲ့ ဆိုလို့ရှိရင် စန်းယွမ်နယ်မြေ စန်းယွမ်ခန်းမထဲကို ငါ့ရဲ့ လူတွေကို သူလျှိုအဖြစ်နဲ့ လွှတ်လို့ရပြီ။
ထို့ကြောင့်လီချန်းချင်းက ဆုံးဖြတ်ချက် ချပြီးသည်နှင့် ပိုင်ကျင့်ဖေးထံသို့ စာတစ်စောင် ကောက်ရေးခဲ့ပါသည်။
သူ့ထံသို့ ကိုယ်တိုင်လာရန်နှင့် လွန်စွာ ယုံကြည်ရမည့်လူတဦးကိုပါ တပါတည်း ခေါ်လာခိုင်းလိုက်သည်။ ထိုသူက ဉာဏ်ထက်မြက်ရမည်။ အရေးကြီးသော တာဝန်များကို ထမ်းဆောင်နိုင်စွမ်းရှိမည်။ ထိုကဲ့သို့သော သူမျိုးကိုပါ တစ်ပါတည်းရှာပြီးတော့ ခေါ်လာရန်အတွက် အမိန့်ပေးလိုက်ပါသည်။