← Chapters

အခန်း (၃၆၇)

Vol. 31 Ch. 367

အခန်း (၃၆၇)

Vol. 31 Ch. 367

လီချန်ချင်းထံမှ သတင်းရပြီးသော် ပိုင်ကျင့်ဖေးက ချက်ချင်းပင်လျှင် သူ၏ အချက်အလက်စုဆောင်းရေးဌာနမှ လူရွေးပါတော့သည်။

ထိုသူ၏ အမည်မှာ ပိုင်တုဟု ခေါ်သည်။ သူက ပိုင်ကျင့်ဖေး၏ တူလည်း ဖြစ်ပါ၏။

ပိုင်တုက ပိုင်ကျင့်ဖေး၏ အချက်အလက်စုဆောင်းရေးဌာနသို့ ဝင်ရောက်ပြီးနောက်တွင် သူ၏ လုပ်ဆောင်ချက်များမှာ ကောင်းမွန်လှသောကြောင့် အဖွဲ့ခေါင်းဆောင်တဦးပင်လျှင် ဖြစ်လာခဲ့ပါသည်။

မဟာအကြီးအကဲထံမှ အရေးကြီးတာဝန်ရှိသည်ဟု ကြားသည်နှင့် ပိုင်ကျင့်ဖေးက ပိုင်တုကို ချက်ချင်းပင်လျှင် ခေါ်ဆောင်ခဲ့ပါတော့သည်။

ပိုင်တုသည် ဉာဏ်ထက်မြက်ရုံသာမက၊ အခြေအနေပေါ်လိုက်ပြီး လိုက်လျောညီထွေစွာဖြင့် ဆောင်ရွက်နိုင်စွမ်းရှိသူလည်း ဖြစ်၏။

ယခုလိုမျိုး အရေးကြီးတာဝန်ကို ပိုင်တုက ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ပါက လီချန်ချင်းက ရက်ရက်ရောရော ဆုချီးမြှင့်မည်ကို ပိုင်ကျင့်ဖေးကလည်း သိပါ၏။

နှစ်ရက်ခန့်ကြာပြီးသော် ပိုင်ကျင့်ဖေးနှင့် သူ့တူမှာ ချန်ချင်းစံအိမ်တော်သို့ ရောက်လာခဲ့ပါသည်။

“လူကြီးမင်းချန်ချင်းကို ဂါရဝပြုပါတယ်”

ယခုအကြိမ်သည် လီချန်ချင်းအား ပထမဦးဆုံးအကြိမ်အနေနှင့် ပိုင်တုက တွေ့ဆုံဖူးခြင်းလည်းဖြစ်ပါသည်။ ထို့ကြောင့် သူက အတော်လေးကို ဂနာမငြိမ်ဖြစ်နေခဲ့ပါ၏။ အဘယ်ကြောင့်ဆိုသော် သူ့အရှေ့မှ လူသည် ချန်ချင်းကုန်သွယ်ရေး၏ နှလုံးသားဖြစ်နေသူပင်။

လီချန်ချင်းသည် သူ့အရှေ့တွင် ရှိနေသည့် ပိုင်တုကို အကဲခတ်လိုက်၏။ ထိုကောင်လေးက ဆယ်ကျော်သက်အရွယ်ခန့်သာ ရှိနေသော်လည်း၊ အရွယ်နှင့်မလိုက်စွာဖြင့် စိတ်အေးချမ်းတည်ငြိမ်နိုင်စွမ်းရှိသည့် အရှိန်အဝါကို ပေးစွမ်းနိုင်စွမ်း ရှိသည်ဟု မှတ်ချက်ပြုမိပါသည်။

“ အနာဂတ်မှာ အလားအလာကောင်းတွေ ပိုင်ဆိုင်မယ့် လူငယ်လေးပဲ”

လီချန်ချင်းက ဒရာမာစီးရီးများမှ သိုင်းထိပ်သီးစွမ်းအားရှင်များက ချီးကျုးသည့် ဟန်ပန်ကို အတုခိုးပြီး ပြောလိုက်ပါသည်။

လီချန်ချင်း၏ ထိုချီးမွန်းသည့်စကားမှာ ပိုင်တုကို မိုးပေါ်သို့ ရောက်သွားစေခဲ့ပါ၏။

“လူကြီးမင်းချန်ချင်း၊ ပိုင်တုက ချန်ချင်းလုပ်ငန်း၊ အချက်အလက်စုဆောင်းရေးဌာနရဲ့ အကောင်းတကာ့အကောာင်းဆုံး လေ့ကျင့်ထားသူပါ။ သူက ငယ်ငယ်လေးပဲ ရှိသေးပေမယ့် အဖွဲ့ခေါင်းဆောင်တဦးဖြစ်နေပါပြီ။ အဲ့အပြင် သူက ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် တုန့်ပြန်နိုင်စွမ်းရှိပါတယ်။ လူကြီးမင်းမှာသာ အရေးကြီးတာဝန်ရှိတယ်ဆိုရင် သူ့ကိုသာ ပေးလိုက်ပါ။ ဘာပြသနာမှ မရှိစေဖို့အတွက် အာမခံပါတယ်”

“ဒီတာဝန်က အန္တရာယ်များလိမ့်မယ်”

လီချန်ချင်းက ပွင့်ပွင့်လင်းလင်းသာ ဖြေခဲ့သည်။

“ကျွန်တော်က အန္တရာယ်ကို မကြောက်တတ်ဘူး”

လာစဉ်ကတည်းက ပိုင်တုမှာ အစစအရာရာကို တွေးတောကာ ပြင်ဆင်ထားပြီးဖြစ်သည်။ လီချန်ချင်းက တာဝန်ပေးရန်အတွက် လူတဦးကို သေချာရှာနေသည်ဖြစ်သောကြောင့် ထိုတာဝန်မှာ လုံးဝကို လွယ်ကူလိမ့်မည် မဟုတ်ပါချေ။

“ကောင်းပြီ၊ မင်းသာ တာဝန်ကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်ဆိုရင် မင်းပြန်လာတာနဲ့၊ မင်းလိုချင်တာမှန်သမျှကို ငါပေးနိုင်တယ်”

လီချန်ချင်းက ကွေ့ဝိုက်မနေပဲ၊ အကျိုးအမြတ်ကိုသာ တိုက်ရိုက် ထုတ်ပြောလိုက်ပါသည်။

“စိတ်အေးအေးထားပါ လူကြီးမင်း၊ ကျွန်တော်က တာဝန်ကို အောင်မြင်မယ်ဆိုတာ သေချာပါတယ်”

ပိုင်တုက စိတ်လှုပ်ရှားစွာ ပြောလိုက်ပါသည်။

သူ့ဘဝ၏ ထိပ်ဆုံးကို ရောက်နေပြီဟု သူကခံစားခဲ့ရ၏

နောက်တခဏတွင် လီချန်ချင်းက သူလုပ်ဆောင်ရမည့်တာဝန်ကို ရှင်းပြလိုက်ပါသည်။

ထိုတာဝန်ကို ကြားပြီးသောအခါတွင်တော့ ပိုင်တုကော၊ ပိုင်ကျင့်ဖေးပါ တုန့်ဆိုင်းသွားခဲ့သည်။

ဒီတာဝန်က အရမ်းကြီး ကြီးမားလွန်းနေတယ် မဟုတ်လား

ဝိဉာဉ်ကူးပြောင်းမယ်?

အဲ့အပြင်ကိုမှ အန္တရာယ်အကြီးဆုံးနယ်မြေဖြစ်တဲ့ စန်းယွမ်ခန်းမလိုမျိုးနေရာကိုသွားပြီး အချက်အလက်ကို ခိုးပြီး လီချန်ချင်းကို ပေးရမယ်တဲ့လား။

စိတ်မှန်တဲ့ ဘယ်သူမဆို ဒီနည်းလမ်းကို လုပ်ရဲဖို့ မပြောနဲ့၊ တွေးတောင်တွေးရဲမှာ မဟုတ်ဘူး။

“လုပ်မလား?”

လီချန်ချင်းက ဖြေးညှင်းစွာဖြင့် မေးလိုက်ပါသည်။

“လုပ်မယ်”

ပိုင်တုက တွေးတောင်မတွေးပဲနှင့် ခိုင်မာစွာ ပြောလိုက်ပါသည်။

တူဖြစ်သူ၏ ရဲရင့်မှုကြောင့် ပိုင်ကျင့်ဖေးက အနည်းငယ်တော့ အံ့အားသင့်သွားပါသည်။

သူ့အသက်ကို ဒါအတွက်နဲ့ တကယ်ပဲ စွန့်မလို့များလား?

ထိုတာဝန်မှာ လူသတိမထားမိအောင် ဟန်ဆောင်ရမည့် တာဝန်ဖြစ်သော်လည်း၊ ရှာဖွေတွေ့ရှိသွားပါက တန်းသေနိုင်လိမ့်မည်။

ပြီးတော့ ဝိဉာဉ်ကူးပြောင်းတယ်ဆိုတာကြီးကကော ဘာကြီးလဲလို့

ပိုင်တုက သဘောတူညီလိုက်သောကြောင့် လီချန်ချင်းကလည်း ခေါင်းညိတ်ပြလိုက်ပါသည်။

“မင်းတို့နှစ်ယောက် လောလောဆည်တော့ ဒီမှာပဲနေကြဦး။ တာဝန်က မနက်ဖန်ကျရင် စမယ်”

လီချန်ချင်းက စန်းယွမ်ခန်းမ၏ အေးဂျင့်ကို အရင် ဖမ်းဆီးရန်အတွက် တွေးထားပါသည်။

ယင်ဖန်းချီက အတိတ်တုန်းက ပြောခဲ့ဖူးပါသည်။ ထိုလူက တော်ဝင်မြို့၏ မြို့ပြင်တောအုပ်တွင် တောပုန်းဓားပြလုပ်နေသည်တဲ့။ ဓားပြလုပ်ရင်းနှင့် သူက သတင်းအချက်အလက် စုဆောင်းနေသည်တဲ့။

အဲ့လိုဆိုမှတော့ သူ့ကို ဖမ်းလို့တော့ လွယ်မှာပဲ။

လီချန်ချင်းသည် စန်းယွမ်ခန်းမမှ စေလွှတ်ထားသည့် အေးဂျင့်အား စုံစမ်းထားသည်မှာ အတော်ကြာလှချေပြီ။

ထိုသူ၏ အမည်က ကျောက်ဟိုင်ကျီဟု ခေါ်သည်။

မူလအဆင့်ဖြစ်ပြီး၊ တောထဲ၌ ဓားပြများစုကာ တောပုန်းဓားပြကျေးရွာထောင်ထားသူလည်း ဖြစ်၏။

သူ့တွင် လူအင်အားလေးဆယ်ကျော်ခန့်လည်း ရှိသေးသည်။

သူက မကြာခဏ ဓားပြတိုက်၊ ခိုးယူခြင်းများ ပြုလုပ်သည့်တိုင် သူ၏ နောက်ခံက စန်းယွမ်ခန်းမဖြစ်နေသောကြောင့် ယင်ဖန်းချီက လက်လွတ်စပယ်အရေးမယူရဲပါချေ။

ထိုဖြစ်ရပ်ကြောင့် ကျောက်ဟိုင်ကျီအား ပို၍ စည်းလွတ်ဝါးလွတ် ဖြစ်လာစေခဲပါသည်။

ညမှာ မှောင်မိုက်ကာ၊ လေပြင်းများ တိုက်ခတ်နေသည်။

သိပ်မကြာခင်တွင် ရှီလင်တောင်တတောင်လုံးကို မိုးများ သည်းထန်စွာ ရွာသွန်းလာတော့သည်။

တောပုန်းဓားပြ ကျေးရွာတွင်တော့ ဓားပြများစွာတို့မှာ အပြင်ဘက်မှ မိုးရွာနေသည်ကို စိုက်ကြည့်နေရင်း ခပ်လှမ်းလှမ်းအိမ်တအိမ်မှ အမျိုးသမီးတစ်ယောက်၏ ရမ္မက်ထန်စွာ ညည်းညူနေသည့် အသံများကို နားစွင့်နေကြသည်။

“ဒီလူအိုကြီးက အခုထက်ထိ နွားတစ်ကောင်လို လုပ်နိုင်နေသေးတယ်”

ဓားပြပေါက်စများမှာ မနာလိုစွာဖြင့်ပြောလိုက်ကြ၏။ သူတို့က မနာလိုသော်လည်း အဝေးမှ ကြည့်နေရုံသာ တတ်နိုင်ခဲ့ပါသည်။

“ခေါင်းဆောင်က အားရအောင် ပျော်ပါးပြီးရင် ကျန်တဲ့ ညီနောင်တွေကိုပါ အရိုးအရင်းလေးတွေ ကျွေးရင် သိပ်ကောင်းမယ်”

တယောက်ယောက်က ပြောလိုက်ပါသည်။

အခန်းထဲတွင်တော့ ကျောက်ဟိုင်ကျီက အမျိုးသမီးတဦးကို လည်ပင်းညှစ်ပြီး ခပ်ကြမ်းကြမ်း ဆက်ဆံနေခဲ့ပါသည်။

ထိုအခိုက်မှာပင် သူ၏ နောက်ကျောတွင် တစုံတဦးက ရှိနေသကဲ့သို့ပင် ကျောက်ဟုန်ကျီက ခံစားလိုက်ရပါသည်။

သူ အနောက်သို့ လှည့်မကြည့်ခင်မှာပင် သူက ချက်ချင်းကို မေ့မျောသွားခဲ့သည်။

ကျောက်ဟုန်ကျီက မေ့လဲကျသွားသည်ကို မြင်သောအခါ ကိုယ်လုံးတီးနှင့် အမျိုးသမီးက ထိတ်လန့်တကြား အော်ဟစ်လိုက်ပါသည်။

ထိုအခိုက်မှာပင် သူမကို ခံစားချက်မဲ့စွာ စိုက်ကြည့်နေသည့် လီချန်ချင်းကို သူမ မြင်လိုက်ရပါသည်။

“ထူးဆန်းတယ်၊ ဘာလို့ ဟိုကောင်မ အော်ညည်းတဲ့ အသံတွေကို မကြားရတော့တာလဲ”

ထိုအခိုက်တွင် အပြင်ဘက်မှ ဓားပြညီနောင်များစွာတို့က အမျိုးသမီး၏ ရမ္မက်ထန်စွာ ညည်းညူသည့်အသံများကို မကြားတော့သောကြောင့် ဇဝေဇဝါဖြစ်ကုန်ကြပါပြီ။

“ခေါင်းဆောင်က လုပ်လို့ပြီးသွားတာလား”

ဓားပြပေါက်စ တော်တော်များများက အံ့အားသင့်စွာ မေးလိုက်ပါသည်။

“မဖြစ်နိုင်ပါဘူး။ ခေါင်းဆောင်က တပ်ထွက်မှမဟုတ်တာ။ သူက အခန်းထဲဝင်သွားတာ မိနစ်နှစ်ဆယ်လောက်ပဲ ရှိသေးတာလေ”

ညီနောင်တဦးက မယုံနိုင်စွာ ပြောလိုက်ပါ၏။

“ငါတို့ အထဲကို သွားကြည့်ကြတာ မကောင်းဘူးလား”

တယောက်က အကြံပေးလိုက်သည်။

“မင်းသေလမ်းရှာနေတာလား။ ခေါင်းဆောင်ရဲ့ အပျော်တွေ မင်းကြောင့် ပျက်သွားရင်၊ မင်းက သေတဲ့အထိ အကန်ခံရမှာနော်”

ထို့ကြောင့် လူတိုင်းက သွားကြည့်မည့် အကြံကို စွန့်လွှတ်လိုက်ပြီး စိတ်ရှည်ရှည်နှင့်သာ စောင့်ဆိုင်းနေကြသည်။

အချိန်တော်တော်ကြာသော်၊ စိတ်မရှည်ကြတော့သည့် အချို့က အိမ်တံခါးနားသို့ ခြေသံလုံစွာ ပြေးကပ်သွားကာ နားနှင့်တံခါးကိုကပ်ကာ နားထောင်ကြည့်လိုက်ကြပါသည်။

အတွင်းမှ မည်သည့်အသံမှ မကြားရသောကြောင့် တခုခုမှားယွင်းနေပြီဟု ခံစားရကာ တံခါးကိုဆောင့်ကန်ပြီး ဖွင့်လိုက်ကြပါတော့သည်။

သို့သော် အတွင်း၌ မည်သူမှ ရှိမနေခဲ့ပေ။

ထိုမြင်ကွင်းက သူတို့အားလုံးကို ကြောင်အသွားစေခဲ့ပါသည်။

“မြန်မြန်လေး ဒုခေါင်းဆောင်ကို ရှာကြ”

သို့သော် သူတို့ကို ပိုအံ့အားသင့်သွားစေသည်မှာ ဒုခေါင်းဆောင်ကလည်း ပျောက်ဆုံးနေခြင်းပင်ဖြစ်သည်။

ရွာတရွာလုံးတွင် ရှိသမျှ လူအားလုံးက လိုက်ရှာကြသော်လည်း ခေါင်းဆောင်နှင့် ဒုခေါင်းဆောင်ကို လုံးဝ ရှာမတွေ့ခဲ့ပါချေ။

All Chapters