← Chapters

အခန်း(၃၆၉)

Vol. 31 Ch. 369

အခန်း(၃၆၉)

Vol. 31 Ch. 369

လီဟမ်ရှန်းက ခပ်မြန်မြန်လှည့်ကြည့်လိုက်၏။ သူတွေ့လိုက်ရသည်မှာ လူအိုကြီးတဦးကိုပင် ဖြစ်သည်။

သူ၏ မျက်ခုံးများနှင့် ဆံပင်များမှာ ဆွတ်ဆွတ်ဖြူဖွေးနေခဲ့ပြီ။ သူက သိပ်မဝေးသည့်နေရာတွင်ရှိသော ကျောက်တုံးတစ်တုံးပေါ်၌ထိုင်ကာ သူ့အား ပြုံးလျှက် ကြည့်နေခဲ့ပါသည်။

ထိုလူအိုကြီးကို မြင်လိုက်သည်နှင့် သူက ဤလောကကြီးနှင့် မသက်ဆိုင်သည့် လူသားတဦးဖြစ်သည်ဟု လီဟမ်ရှန်းက ခပ်ဝါးဝါးခံစားခဲ့ရပါသည်။

သူနှင့် ထိုလူအိုကြီးက အကွာအဝေးနီးသော်လည်း အလွှာခြားနေသကဲ့သို့ပင်။

ထိုနီးကပ်သည့်အကွာအဝေးကပင် လီဟမ်ရှန်းအဖို့ ထိုလူအိုကြီးအနားကို ဘယ်တော့မှ မရောက်နိုင်တော့ဟု ခံစားနေခဲ့ရပါသည်။

သူက လွန်စွာစွမ်းအားကြီးမားသော ပုဂ္ဂိုလ်များစွာကို တွေ့မြင်ဖူးသည်။ ကွမ်ကျူးလို စွမ်းအားကြီးမားသည့် ဒဏ္ဍာရီလာပုဂ္ဂိုလ်ကို မြင်ပြီးသည့်တိုင်အောင် သူ့အရှေ့မှ အဖိုးအိုက ပို၍ကြောက်ရွံ့ဖွယ်ကောင်းသည့် ခံစားချက်ကို ပေးစွမ်းခဲ့ပါ၏။

“အဟမ်း”

လူအိုကြီးက အကြိမ်များစွာ ချောင်းဆိုးချလိုက်ပါသည်။ သူ၏ ပုံမှန် သွေးရောင်လွှမ်းနေသည့် မျက်နှာက ချက်ချင်းကို ဖြူဖျော့သွားခဲ့ပါ၏။

“ဂျူနီယာက စီနီယာကို အရိုအသေပေးပါတယ်” လီဟမ်ရှန်းက ခပ်မြန်မြန်ပင် အရိုအသေပေးလိုက်သည်။

သူမှန်းတာသာမမှားဘူးဆိုပါက ထိုသူ့အရှေ့မှာ လူအိုကြီးသည် မြေလျှောက်အင်မော်တယ်တပါးပင် ဖြစ်ပေလိမ့်မည်။

ဒါပေမယ့် လီဟမ်ရှန်းက အနည်းငယ်တော့ စိတ်ပူနေခဲ့ပါသည်။

ငါက အခုမှပဲ ပြန်လည်မွေးဖွားခြင်းအဆင့်ရဲ့ အထွတ်အထိပ်လေးပဲ ရောက်နေသေးတာလေကွာ။ ဘယ်လိုဖြစ်ပြီး ဒဏ္ဍာရီလာပုဂ္ဂိုလ်တွေ တယောက်‌ပြီးတယောက်နဲ့ ဘာလို့ ခဏခဏ တွေ့နေရတာလဲကွာ။ သာမန်လူတွေက တဘဝလုံးမှာ ဒဏ္ဍာရီလာပုဂ္ဂိုလ်တယောက်နဲ့ တွေ့ဖို့ဆိုရင်တောင် အင်မတန်ကို ခက်ခဲတာကို..

ပြီးတော့ စွမ်းအားကြီးတဲ့ မြေလျှောက်အင်မော်တယ်က သူ့ဆီကနေ ဘာများ လိုချင်မှာမို့လို့လဲ

“ဒီကိုလာခဲ့၊ ငါမင်းကို ကြည့်ဦးမယ်”

လူအိုကြီးက သူ၏ လက်ကို မြှောက်လိုက်ရာ လီဟမ်ရှန်း၏ ပတ်ပတ်လည်တွင်ရှိသော လေဟာနယ်အားလုံးသည် အေးခဲသွားခဲ့သည်။ လီဟမ်ရှန်း၏ ပုံရိပ်မှာ ရပ်တန့်နိုင်ခြင်းမရှိပဲ လူအိုကြီးထံသို့ အထိန်းအကွပ်မဲ့စွာ လွင့်ပျံသွားတော့၏။

ထိုနည်းလမ်းက လီဟမ်ရှန်းကို ရုတ်တရက် ထိတ်လန့်သွားစေခဲ့သည်။

ဒါက ဘယ်လိုများ မှော်ဆန်တဲ့ စွမ်းအားကြီးလဲ။

အချိန်နဲ့ နေရာလွတ်ကို စိတ်ရှိသလိုမျိုး စေစားနိုင်တာက…

သို့သော် လီဟမ်ရှန်းက ထိုလူအိုကြီး၏ အရှေ့သို့ ရောက်သွားသည့်အခါတွင်တော့ ထိုလူအိုကြီးကို ရင်းနှီးနေသည့် ခံစားချက်ကို ရနေခဲ့ပါသည်။

ပထမဦးဆုံးအကြိမ်တွေ့သော်လည်း နှစ်ရှည်လများသိကျွမ်းဝင်ခဲ့သည့်အလားပင်။

“ကောင်းတယ်၊ တကယ်တူတာပဲ”

လူအိုကြီးက ဖျော့တော့စွာဖြင့် သက်ပြင်းချလိုက်ပါသည်။

“ဘယ်သူနဲ့ တူတာလို့ ပြောတာလဲ စီနီယာ”

ထိုစကားကို ကြားသည့်အခါတွင် လီဟမ်ရှန်းက လူအိုကြီးက အံ့အားသင့်နေသည့် မျက်နှာအမူအရာနှင့် မေးလိုက်၏။

လူအိုကြီးက လီဟမ်ရှန်း၏ မျက်နှာကို စူးစိုက်စွာကြည့်နေရင်း ဆက်ပြောသည်။

“မင်းအမေပေါ့ကွာ။ မင်းရဲ့မျက်လုံးနဲ့ နှုတ်ခမ်းက သူမဆီကနေ အမွေရထားတာပဲ”

‘အမေ’ ဟူသော ဝေါဟာရကို ကြားသည်နှင့် လီဟမ်ရှန်းက စိတ်လှုပ်ရှားလာတော့သည်။

“ကျွန်တော့်အမေ…”

လီဟမ်ရှန်းက စိတ်အားထက်သန်စွာဖြင့်မေးလိုက်ပါသည်။

“စီနီယာ၊ စီနီယာက ကျွန်တော့်အမေကို သိတာလား။ ကျွန်တော့်အမေက ဘယ်သူလဲ။ သူ ဘယ်မှာလဲ။ စီနီယာ ကျွန်တော့်ကို ကျေးဇူးပြုပြီး ပြောပြပေးပါဗျာ”

လူအိုကြီးက လီဟမ်ရှန်း၏ အဆက်မပြတ်မေးခွန်းများစွာတို့ကို ကြားလိုက်ရသည့်အခိုက်တွင်တော့ သူ၏ မျက်ဝန်းအတွင်းရှိ အလင်းရောင်များက အနည်းငယ်ခန့်တော့ မှိန်ဖျော့သွားခဲ့ပါသည်။

“မင်းအမေက….”

“သေပြီ…”

အချိန်တော်တော်ကြာမှ လူအိုကြီးက ပြောပြလိုက်ပါသည်။

လီဟမ်ရှန်းက ထိုစကားကိုကြားသော် ချက်ချင်းကို တိတ်ဆိတ်သွားခဲ့ပါတော့၏။ သူ့မိခင်က သေဆုံးသွားခဲ့ပြီ။ လီဟမ်ရှန်းက ထိုမေးခွန်းကို သံသယဝင်နေခဲ့သည်မှာ ကြာမြင့်ခဲ့ချေပြီ။ လီချန်ချင်းက ထိုမေးခွန်းကို ဘယ်နှစ်ကြိမ်မေးမေး၊ မဖြေပဲ ငြင်းဆန်ခဲ့သည်သာ ဖြစ်၏။ သို့သော် လီဟမ်ရှန်းက နှလုံးသားထဲတွင်တော့ မျှော်လင့်ချက်အချို့ကို ဆုပ်ကိုင်ထားခဲ့မိပါသေးသည်။

ငါ့အမေက အသက်ရှိနေသေးတယ်၊၊

ငါ့ကိုလာမတွေ့တာက သူမမှာ ကိစ္စတွေရှိနေလို့ပါ…

ငါ သန်မာလာတဲ့ တနေ့ကျရင် ငါ့အမေကို ငါရှာနိုင်မှာ..

ငါတို့မိသားစုသုံးယောက်က ပျော်ပျော်ရွှင်ရွှင်နဲ့ နေကြမှာ

သို့သော် သူ့အရှေ့ရှိ မြေလျှောက်အင်မော်တယ်၏ စကားကြောင့် လီဟမ်ရှန်း၏ မျှော်လင့်ချက်များအားလုံးက ပျက်ဆီးသွားခဲ့ပါတော့သည်။

အမေ…

သေပြီတဲ့..

“ကျုပ်အမေက ဘယ်လိုသေသွားတာလဲ”

လီဟမ်ရှန်းက မေးလိုက်၏။

“လောလောဆယ်တော့ ဒီမေးခွန်းကို ငါမဖြေနိုင်သေးဘူး”

လူအိုကြီးက လီဟမ်ရှန်းကို ရုတ်တရက်ကြည့်ကာ မေးလိုက်ပါသည်။

“ဒါပေမယ့် မင်းအမေကို အသက်ပြန်သွင်းနိုင်မယ့်နည်းလမ်းတခု ရှိတယ်။ မင်းကြိုးစားကြည့်ချင်လား”

“အမေ့ကို အသက်ပြန်သွင်းမယ့်နည်းရှိတာလား”

လီဟမ်ရှန်း၏ မျက်လုံးများသည် ဤတကြိမ်တော့ ပြူးကျယ်သွားခဲ့ပါပြီ

“နေဦး”

လီဟမ်ရှန်းက ရုတ်တရက် ခြေ၂လှမ်းနောက်ဆုတ်ကာ သတိကြီးကြီးထားကာ မေးမြန်းလိုက်ပါသည်။

“စီနီယာက ဘယ်သူလဲဆိုတာကို ကျွန်တော် မသိရသေးဘူး”

“ငါက မင်းရဲ့…”

လူအိုကြီး၏ စကားမဆုံးခင်မှာပင် သူက၊ ကောင်းကင်ကို မော့ကြည့်လိုက်ပါသည်။

ရုတ်တရက်…

ကောင်းကင်ထက်မှ ရွှေအလင်းတန်းတခုက ပြင်းထန်စွာဖြင့် ကျဆင်းလာသည်ကို တွေ့လိုက်ရပါ၏။

ရွှေအလင်းဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အရာအားလုံးကို ကွဲအက်ကာ ကြေမွသွားခဲ့ပါသည်။

၎င်းသည် လေထုတခုလုံးကို ဖိနှိပ်ခြေမွနေပြီး လူတိုင်းကို ဖိနှိပ်နေသည့် ခံစားချက်ကို ဖြစ်ပေါ်စေပါသည်။

ထိုမြင်ကွင်းကြောင့် လီဟမ်ရှန်းမှာ ကြောက်ဒူးတုန်သွားခဲ့ပါသည်။ ထိုရွှေအလင်းတန်းက သူ့အား ဤလောကမှ ဖယ်ရှားတော့မည့်အလားပင်

နောက်ထပ် ကျွမ်းကျင်သူတစ်ယောက်ရောက်လာချေပြီ…

ဘယ်သူများလဲ…

ရွှေအလင်းတန်းက ကျဆင်းလာသည့် ဥက္ကာခဲလိုမျိုး သူ့ထံသို့ ရောက်လာသည်ကို လူအိုကြီးက မြင်ပါသည်။ သို့ပေမယ့် သူ၏ အမူအရာက မပြောင်းလဲချေ။

သူက လက်ညှိုးတချောင်းကို မြှောက်လိုက်ပါသည်။

ရွှေအလင်းတန်းက သူ့ကို ထိတော့မည့်အချိန်တွင် လူအိုကြီးက လက်တချောင်းထဲနှင့် တောက်ထုတ်လိုက်ပါသည်။

ပြင်းထန်လှသော အင်အားတစ်ရပ်က ကောင်းကင်နှင့် မြေကြီးကို မွှေနှောက်သွားခဲ့ပါ၏။

ရွှေအလင်းတန်းက အပေါ်အောက်လန်သွားကာ အဝေးသို့လွင့်သွားပါသည်။

ထိုရွှေအလင်းတန်းမှာ ရွှေတုတ်တံတချောင်းဖြစ်နေခဲ့သည်ကို အံ့အားသင့်ဖွယ် မြင်တွေ့ရမည် ဖြစ်သည်။

နောက်တခဏတွင် ရွှေတုတ်တံကို ကိုင်ထားသောလူတဦးသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။

လီဟမ်ရှန်းက အနားသို့ကြည့်လိုက်ရာ ရောက်လာသူမှာ ဂိုဏ်းချုပ်လောရှောင်ချွမ်ဖြစ်နေသည်ကို အံ့အားသင့်ဖွယ်ရာပင် တွေ့လိုက်ရပါသည်။

“လူကြီးမင်းကျန်းက ဒီနေ့ လုပ်စရာမရှိဘူးထင်တယ်။ ကျန်းကောစံအိမ်ကိုလာပြီးတော့ ကျုပ်တို့ဂိုဏ်းတပည့်လေးနဲ့ လာဆော့ကစားနေတာပဲ။ လူကြီးမင်းက အချိန်တွေပိုနေတယ်ထင်ပ”

လောရှောင်ချွမ်က ကောင်းကင်ထက်မှ ပျံသန်းလာပြီး လီဟမ်ရှန်း၏ နံဘေးသို့ ရုတ်ချည်းရောက်လာခဲ့ပါသည်။

All Chapters