အခန်း (၃၇၀)
Vol. 31 Ch. 370
“ဂိုဏ်းချုပ်ပါလား”
လီဟမ်ရှန်း၏ မျက်နှာအမူအရာမှာ တဖြေးဖြေးနှင့် ထူးဆန်းလာပါတော့သည်။
ဒီနေ့က ဘာနေ့မို့လို့လဲ
လောရှောင်ချွမ်တောင်မှ ဒီကို ရောက်လာပြန်ပြီ
(ဘာသာပြန်သူအမှာစကား - သူ ဘယ်သူလဲ စာစဉ်ကော၊ ပျင်းစရာရှန်းရှတစ်ပုဒ် စာစဉ်မှာပါ ဇာတ်ကောင်တွေက စိတ်ထဲက တွေးတောနေတဲ့ စကားပြောတွေမှာ မျက်တောင်အဖွင့်၊အပိတ်(“.”) တွေ မထည့်ပါဘူး။ ဒီတိုင်းစကားပြောအတိုင်းပဲ ရေးမှာပါ။ အပေါ်မှာ လီဟမ်ရှန်းက စိတ်ထဲမှာတွေးနေတဲ့ စာကိုရေးသလိုပေါ့။ တချို့စာဖတ်သူတွေက ရုတ်တရက်နားမလည်ပဲ မျက်စိရှုပ်သွားတတ်လို့ လာရှင်းပြတာပါ။ ဆက်ဖတ်နိုင်ပါပြီ… Zeus)
ပြီးတော့ လောရှောင်ချွမ်က ဘယ်လိုခေါ်လိုက်တာ
သခင်ကြီးကျန်း?
နယ်မြေသခင်လား?
ဒီလူက စန်းယွမ်နယ်မြေသခင်များလား
လီဟမ်ရှန်းမှာ သူတွေးတောမိသော အချက်အလက်များကြောင့် ခေါင်းကြီးသွားခဲ့ပါသည်။ စန်းယွမ်တိုက်ကြီးရဲ့ ထိပ်ဆုံးပိုင်းကို ရောက်နေတဲ့ စွမ်းအားရှင်က သူ့အရှေ့က ဒီလူအိုကြီးတဲ့လား
ဒီလူကမှ တကယ့်ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးပဲ
“စီနီယာက စန်းယွမ်နယ်မြေသခင်လား”
လီဟမ်ရှန်းက စိတ်အားထက်သန်စွာဖြင့်မေးလိုက်ပါ၏။
ကျန်းထျန်းယွမ်က လီဟမ်ရှန်းကို စိုက်ကြည့်ကာ တချက်ပြုံးပြီး ဖြေလိုက်ပါသည်။
“မှန်တယ်”
လီဟမ်ရှန်းသည် အနည်းငယ်တော့ စိတ်လှုပ်ရှားနေခဲ့၏။
စန်းယွမ်တိုက်ကြီး၏ လူသားတဦးဖြစ်နေသောကြောင့် စန်းယွမ်သခင်ကဲ့သို့ ပုဂ္ဂိုလ်ကို မလေးစားပဲ ဘယ်နေနိုင်ပါ့မလဲ
ထို့အပြင် နှစ်ငါးဆယ်ပြည့်တိုင်း စွမ်းအားရှင်များက စန်းယွမ်နယ်မြေသခင်နေရာကို စိန်ခေါ်ကာယှဉ်ပြိုင်တိုက်ခိုက်နိုင်ကြပေသည်။ သို့သော် ကျန်းထျန်းယွမ်က နယ်မြေသခင်ဖြစ်နေသည်မှာ နှစ်ပေါင်း၁၅၀ကျော်နေပြီဖြစ်ပြီး တခါမှ မရှုံးနိမ့်သေးပါချေ။
ဒါကမှ တကယ့်ကို ပြိုင်ဘက်ကင်း ဒဏ္ဍာရီပဲ။
ဒီလို ဒဏ္ဍာရီလာပုဂ္ဂိုလ်မျိုးက တကယ်ပဲ ငါ့အရှေ့မှာရှိတာလား။
“ကျုပ်ကလည်း နယ်မြေသခင်ကို ဂါရဝပြုဖို့ရောက်လာတာပါ” လောရှောင်ချွမ်က လက်ဟန်ပြုကာ အရိုအသေပေးလိုက်ပါ၏။
“နယ်မြေသခင်ရဲ့ ခွန်အားကို ရုတ်တရက် စမ်းသပ်လိုက်မိလို့ ဗွေမယူပါနဲ့”
“အဟမ်း”
“ပြသနာမရှိဘူး”
ကျန်းထျန်းယွမ်က လောရှောင်ချွမ်၏ အကြံအစည်များနှင့် လုပ်ရပ်များကို စိတ်ထဲမထည့်ပေ။ လောရှောင်ချွမ်က မြေလျှောက်အင်မော်တယ် ဖြစ်နေပြီဖြစ်သော်လည်း၊ သူက ယခုမှ စဦးအဆင့်တွင်သာရှိသေး၏။ သူ၏ ခွန်အားနှင့်နှိုင်းယှဉ်လျှင် အတော်လေး လိုနေပါသေးသည်။
လောရှောင်ချွမ်က သူ့အတွက် ခြိမ်းခြောက်မှုမဟုတ်ပေ။
ဂျူနီယာတယောက်သာဖြစ်သည်။
(ဘာသာပြန်သူအမှာ - လုချောင်းချောင်းနဲ့ ကျန်းထျန်းယွမ် စတွေ့တုန်းက ကျန်းထျန်းယွမ်ရဲ့ ရုပ်ရည်သွင်ပြင်ကို အသက်မကြီးသေးတဲ့ ပုံစံအတိုင်းဖော်ပြထားပါတယ်။ အခုမှ အိုမင်းနေတဲ့ ပုံစံနဲ့ ဘာလို့ရေးထားလဲဆိုတာတော့ admin လည်းမသေချာဖြစ်နေပါတယ်။ မူရင်းရေးသူ အမှားလုပ်မိတာဖြစ်ဖို့များပါတယ်။ ဒါမှမဟုတ်ရင် အခုတယောက်က အစစ်ဖြစ်ပြီး၊ လုချောင်းချောင်းနဲ့တွေ့တုန်းက ကိုယ်ပွားလွှတ်ထားတာဆိုတော့ အသွင်အပြင်ကို ပြောင်းလဲထားတာလည်း ဖြစ်နိုင်ပါတယ်)
“လူသားမျိုးနွယ်က နောက်ထပ် အင်မော်တယ်တပါးကိုမွေးဖွားပေးလိုက်ပြီ။ ဒါက လူသားတွေအတွက်တော့ ကောင်းချီးပဲ”
ကျန်းထျန်းယွမ်က ပေါ့ပါးစွာ ပြောလိုက်သည်။
“မင်းတို့ဂိုဏ်းကို နောက်ဆုံးအကြိမ် ငါရောက်ခဲ့တုန်းက အချိန်ကို မှတ်မိသေးတယ်။ အဲ့ဒီ့အချိန်တုန်းက ငါ့ကို ကြိုဆိုဧည့်ခံတာက မင်းတို့ရဲ့ ရှစ်ယောက်မြောက်ဘိုးဘေးကြီးပဲ။ အချိန်တွေကုန်တာက တကယ်မြန်လွန်းတယ်။ မျက်တောင်တခတ်အတွင်းမှာ နှစ်ပေါင်း ၁၃၀ကျော်တောင် ကုန်သွားပြီပဲ”
“ဟုတ်ပါတယ်”
လောရှောင်ချွမ်က ရိုသေသည့် လေသံနှင့် ထောက်ခံသည်။
“ကျွန်တော်ငယ်ရွယ်စဉ်တုန်းကလည်း လူကြီးမင်းကို တွေ့ခဲ့ဖူးပါတယ်”
လောရှောင်ချွမ်ကို ကြည့်သော ကျန်းထျန်းယွမ်၏ အကြည့်များမှာ ကျဉ်းမြောင်းသွားခဲ့ပါသည်။
“ငါမှတ်မိပြီ၊ မင်းက ဝုချီဖန်းရဲ့ အနောက်မှာ အမြဲလိုက်ပါနေတဲ့ တပည့်ငယ်လေးပဲ။ အဲ့အချိန်တုန်းက မင်းက ပြန်လည်မွေးဖွားခြင်းအဆင့်မှာပဲ ရှိနေသေးတာ။ အခုလို ဒုတိယအကြိမ်ပြန်တွေ့တဲ့အချိန်မှာ ငါတို့နှစ်ယောက်က အဆင့်တူဖြစ်နေမယ်လို့ ငါတကယ်မထင်ထားခဲ့မိဘူး”
“နယ်မြေသခင်က နောက်နေတာပဲဖြစ်ရမယ်”
လောရှောင်ချွမ်က တချက်ပြုံးကာ ဆိုလိုက်သည်။
“ဂျူနီယာတွေက ဂျူနီယာတွေပါပဲ။ နယ်မြေသခင်က ကျော်ကြားနေတာ နှစ်ပေါင်းများစွာကြာပါပြီ။ ကျွန်တော်က ဒီအဆင့်ကို ခုမှ စရောက်တဲ့ လူသစ်လေးပါ။ နယ်မြေသခင်နဲ့ မယှဉ်နိုင်ပါဘူး”
“မြေလျှောက်အင်မော်တယ်ဖြစ်လာတာက အဆုံးသတ်တခုလို့ ပြောလို့ရသလို၊ အစတခုလို့လည်း ပြောလို့ရတယ်”
ကျန်းထျန်းယွမ်က သက်ပြင်းချလိုက်ပါသည်။
သူ၏ ဆိုလိုရင်းကိုတော့ လီဟမ်ရှန်းက လုံးဝကို နားမလည်ပါချေ။
“အဟမ်းအဟမ်း၊ လီဟမ်ရှန်း ဒီကိုလာခဲ့”
ကျန်းထျန်းယွမ်က လီဟမ်ရှန်းကို လှမ်းခေါ်လိုက်ပါသည်။
လီဟမ်ရှန်းက ခြေလှမ်းရန်ဟန်ပြင်လိုက်စဉ် လောရှောင်ချွမ်၏ ရွှေတုတ်တံက သူ့အား လှမ်းတားလိုက်ခြင်းကို ခံလိုက်ရပါ၏။
သူက လီဟမ်ရှန်း၏ အရှေ့တွင် ကာရပ်လိုက်ပြီး ကျန်းထျန်းယွမ်ကို အပြုံးတခုနှင့် ပြောလိုက်ပါ၏။
“လူကြီးမင်းကျန်း၊ လီဟမ်ရှန်းက ကျုပ်ရဲ့ ဂိုဏ်းတပည့်ပါ။ ပြောစရာရှိတယ်ဆိုရင် ကျုပ်ကိုပဲ တိုက်ရိုက်ပြောလို့ရပါတယ်”
သူ့အရှေ့တွင် ရပ်နေသော လောရှောင်ချွမ်ကို ကြည့်နေရင်းနှင့် လီဟမ်ရှန်းမှာ အနည်းငယ်တော့ တုန့်ဆိုင်းသွားခဲ့ပါသည်။
ဒီအခြေအနေကြီးက ဘာကြီးတုန်း..
တခုခုတော့ လွဲမှားနေတာတော့ ငါသိတယ်…
ဒါပေမယ့် ဘယ်တခုက မှားနေလဲဆိုတာကို ငါမသိဘူး..
“လောရှောင်ချွမ်… မင်းက ငါ့ကို တားနိုင်မယ်လို့ ထင်နေတာလား”
ကျန်းထျန်းယွမ်က တည်ငြိမ်စွာဖြင့် မေးလိုက်ပါသည်။
“ဟဲဟဲ၊ နယ်မြေသခင်က နားလည်မှုလွဲနေပါပြီ။ ကျုပ်ပြောချင်တာက လီဟမ်ရှန်းက အခုမှ ကလေးပဲ ရှိသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ”
လောရှောင်ချွမ်က အပြုံးနှင့်ဆိုလိုက်ပါသည်။
လောရှောင်ချွမ်၏ ဆိုလိုရင်းကို နားလည်သည့်အလား၊ ကျန်းထျန်းယွမ်က အချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့ပါသည်။
ထိုစကားလုံးများက လေးနက်ဟန်ရှိသည်။
“နယ်မြေသခင်ကျန်းမှာ လုပ်စရာတွေ အများကြီးရှိမှာပေါ့၊ ပြန်ဖို့အတွက်အကြံပြုလိုပါတယ္”
လောရှောချွမ်က အကြံပေးလိုက်သည်။
“ဂိုဏ်းချုပ်လော… ကျေးဇူးပြုပြီးတော့ ဖယ်ပါ”
ကျန်းထျန်းယွမ်က သူ၏ မျက်ဝန်းများကို ဖြေးညှင်းစွာ ရွေ့ကြည့်ရင်း ပြောသည်။
“မင်းတို့ဂိုဏ်းရဲ့ ရှစ်ယောက်မြောက်ဂိုဏ်းဘိုးဘေးနဲ့ ကျုပ်နဲ့က အသိအကျွမ်းဟောင်းတွေ။ သူ့မျက်နှာကို ထောက်ပြီး ကျုပ်မင်းကို ဒီနေ့အရှက်မရစေချင်ဘူး”
“နယ်မြေသခင်ကျန်း၊ ကျုပ်ပြောပြီးပြီးပဲ။ ဟမ်ရှန်းက ငယ်သေးတယ်။ အခုက အချိန်ကောင်းမဟုတ်သေးဘူ”
လောရှောင်ချွမ်က အသက်ကို ပြင်းပြင်းရှုသွင်းကာ ပြောလိုက်ပါသည်။
“နယ်မြေသခင်က အမှားတကြိမ်လုပ်ပြီးခဲ့ပြီ။ ဒါကြောင့် နောက်တကြိမ်ထပ်မလုပ်ပါနဲ့တော့။ ကောင်းကင်ကနေ စောင့်ကြည့်နေတဲ့မျက်လုံးတွေရှိတယ်ဆိုတာကိုလည်း နယ်မြေသခင်သိနေတာပဲ”
“အဟွတ်၊ အဟွတ်၊ အဟွတ်”
ကျန်းထျန်းယွမ်က ရုတ်တရက် အသည်းအသန်ချောင်းထဆိုးနေပါတော့သည်။ သူ့ပါးစပ်ကို အင်္ကျီဝတ်ရုံလက်နှင့်ကာခဲ့သည်။
သူက အချိန်တခဏကြာအောင် ဆိုးပြီးမှသာ ဆက်ပြောသည်။
“တချို့လမ်းကြောင်းတွေက မတော်တဆလျှောက်လှမ်းပြီးသွားရင် နောက်ပြန်လှည့်ချင်ရင်တောင်လှည့်လို့မရတော့ဘူး။ ဒါက ငါရွေးချယ်ချင်တဲ့အရာမဟုတ်ဘူး။ လောရှောင်ချွမ်က၊ မင်းငါ့ကို မတားနိုင်ဘူးဆိုတာကို သိသင့်တယ်”
“ကျုပ်နဲ့ နယ်မြေသခင်အကြားမှာ ဘယ်လောက်ကွာနေမလဲဆိုတာကို ကျုပ်ကတော့ စမ်းကြည့်ချင်တယ်”
လောရှောင်ချွမ်းက တချက်ရယ်မောကာ သူ၏ ရွှေတုတ်တံကို ဝှေ့လိုက်ပါသည်။ တချိန်တည်းမှာပင် ရွှေအလင်းများက အရပ်မျက်နှာပေါင်းစုံသို့ လွင့်ပျံတက်သွားခဲ့ပါတော့သည်။
ရွှေအလင်းတန်းများက လောကကြီးတခုလုံးကို ရုတ်ချည်းပြောင်းလဲပစ်လိုက်ပါသည်။
လီဟမ်ရှန်းသည် သူ့မျက်စိရှေ့က မြင်ကွင်းကြောင့် လွန်စွာမှကို ထိတ်လန့်သွားခဲ့ပါသည်။ လောကကြီးတခုလုံးကို သူက အာရုံခံ၍ မရတော့ပါချေ။
တောင်တန်းများက ပျောက်ကွယ်သွားပြီ
အရာအားလုံးက ပျောက်ကွယ်သွားခဲ့ပြီ
ပတ်ဝန်းကျင်မှာ အဖြူရောင်အလင်းတန်းများနှင့် လွှမ်းခြုံနေသည့် လွင်ပြင်ကြီးတခု ဖြစ်နေခဲ့သည်
သို့သော် ကျန်းထျန်းယွမ်မှာ အိုဟောင်းနေသည့်ရေတွင်းကြီးကဲ့သို့ပင် တည်ငြိမ်သောအကြည့်နှင့် ရှိနေဆဲပင် ဖြစ်ပါသည်။
သူက ထိုပြောင်းလဲမှုများကို လုံးဝကို အမှုမထားသည့်အလားပင်။
“အဟွတ်”
“မင်းကအခုထိကို တုံးအနေသေးတာပဲ”
ကျန်းထျန်းယွမ်၏ အားနည်းသောအသံမှာထွက်ပေါ်လာခဲ့ပါသည်။
သူက လှုပ်ရှားမှုတခုမှပင် မပြုလုပ်ခဲ့ပါ။
သူ၏ မျက်ခုံးတချက်အပင့်မှာပင် အလင်းတန်းများမှာ မျက်လုံးကျိန်းမတက်ထွက်ပေါ်လာပြီး လောရှောင်ချွမ်ဖန်ဆင်းထားသော ကမ္ဘာကြီးကို တုန်ခါသွားစေခဲ့ပါ၏။
ကျန်းထျန်းယွမ်၏ အင်မော်တယ်အရှိန်အဝါထွက်ပေါ်လာသည်နှင့် လောရှောင်ချွမ်၏ မျက်နှာအမူအရာကို လေးနက်သွားစေခဲ့ပါသည်။
သူ၏ ရွှေတုတ်တံပေါ်ရှိ ရွှေကွင်းများက စတင်၍ အထိန်းအကွပ်မဲ့စွာ တုန်ရီလာပါသည်။
လောကကြီးတခုလုံးက ပြိုကွဲစပြုလာပါသည်။