← Chapters

အခန်း (၃၇၃)

Vol. 31 Ch. 373

အခန်း (၃၇၃)

Vol. 31 Ch. 373

“အို ကောင်းပြီလေ”

ထိုအချက်အလက်မှာ သူနှင့် လက်တကမ်းအကွာတွင်သာ ရှိသည်ဟု သူက ခံစားနေခဲ့ရပါသည်။ သို့သော် အခြားလူများစောင့်ကြည့်မှုအောက်တွင် ထိုအချက်အလက်ကို သူ မရရှိနိုင်ပါသေးချေ။

ဝိဉာဉ်နက်မြက်၏ အချက်အလက်ကို ရှာဖွေပြီးသည့်နောက်တွင် သူက အနောက်သို့ လှည့်ကြည့်လိုက်ရာ အနက်ရောင်ဝတ်နှင့် လူတဦးကို မြင်တွေ့လိုက်ရပါသည်။ အနက်ဝတ်လူက မျက်မှောင်ကုတ်ကာ ပြောလိုက်၏။

“မင်း ဘာတွေ ကြာနေတာလဲ။ အပြင်မှာနေတာကြာနေလို့ စန်းယွမ်ခန်းမအတွင်းမှာ ဘယ်လိုအလုပ်လုပ်ရမလဲဆိုတာကို မေ့သွားတာလား”

“မြန်မြန်လုပ်ပြီးတော့ အချက်အလက်တွေ ပေး” အနက်ဝတ်လူက အမိန့်ပေးလိုက်သည်။

“ဟုတ်”

ပိုင်တုက ရွေးချယ်စရာမရှိပါချေ။ သူက သူနှင့်နီးစပ်နေသော အချက်အလက်ကို‌ ရယူရန် အခွင့်အရေးလွတ်သွားသည်ကိုသာ ကြည့်နေနိုင်ရုံသာ တတ်နိုင်ခဲ့ပါသည်။

ဝတ်ရုံနက်နှင့် လူအမည်မှာ ရှီယွမ်စန်း ဖြစ်သည်။

သူက စန်းယွမ်ခန်းမ၏ အချက်အလက်စုဆောင်းရေးခန်းမကို စောင့်ကြည့်ခြင်းတာဝန် ယူထားရသူ ဖြစ်သည်။

လာယူသည့်အချက်အလက်များကို သူ့ထံသို့ အရင်တင်ပြပြီးနောက်တွင်မှ ယူခွင့်ရှိပါ၏။

အချက်အလက်များကို ခိုးယူသည့်ကိစ္စရပ်နှင့် ပတ်သက်ရင်တော့ လုံးဝကို မဖြစ်နိုင်ပါချေ။

စန်းယွမ်ခန်းမတွင် အကြွင်းမဲ့ယုံကြည်မှုဟူသော စကားလုံးမှာ မရှိတော့ပါချေ။

စန်းယွမ်ခန်းမသို့ ဝင်ရောက်နိုင်သူများမှာ လင်းချင်းကျီက သေသေချာချာလေး ရွေးချယ်ထားခဲ့သော သူများပင် ဖြစ်သည်။

၎င်းတို့၏ သစ္စာရှိမှုမှာ အလွန်တရာကို ယုံကြည်ရပါသည်။

သူတို့အားလုံးကို စမ်းသပ်ထားပြီးသား ဖြစ်သည်။

မည်သည့်ပြသနာမှ မရှိပါချေ။

ရှီယွမ်စန်း ရှိနေသရွေ့တော့ ပိုင်တုက အချက်အလက်ကို ခိုးယူနိုင်ဖို့ လမ်းစမရှိပါချေ။

ထို့ကြောင့် ညတွင် ပိုင်တုက အခြေအနေအရပ်ရပ်ကို ရှင်းပြသည့်စာတစောင်ရေးပြီး လီချန်ချင်းထံသို့ ပို့ပေးခဲ့ပါသည်။

ယွဲ့ဟန်ကျွင်း၏ အချက်အလက်ကို လက်ထဲသို့ ရရှိစေရန်အတွက် အချိန်ကြာမြင့်မည် ဖြစ်ကြောင်းနှင့် လီချန်ချင်းကို စိတ်ရှည်ရှည်ထားရန်အတွက် စာထဲ၌ ပါပေသည်။

လီချန်ချင်းက ကျန်းဝမ်လျိုအား ပေးထားသည့် မိုးကြိုးပျံလွားများမှာ ကောင်းမွန်စွာ လေ့ကျင့်သင်ကြားပြီးနောက်တွင် ဆေးဘုရင်တောင်ကြားမှ သတင်းရယူပြီး ပြန်လာခဲ့ပါတော့သည်။

ဆေးဘုရင်တောင်ကြားမှ အခြေအနေကို မိုးကြိုးပျံလွှားတို့က ကျန်းဝမ်လျိုအား ပြောပြခဲ့လေ၏။

ဆေးဘုရင်တောင်ကြားမှာ ပြောင်းလဲမှုများမရှိသည့်တိုင် မိုးကြိုးပျံလွှားငှက်သည် ထာဝရရှင်သန်ခြင်းဂိုဏ်းခေါင်းဆောင်ကိုတော့ ရှာမတွေ့ခဲ့ကြပါချေ။

မူဟန်ရှန်းက ဂိုဏ်းချုပ်၏ လုံခြုံရေးကို စိုးရိမ်သောကြောင့် နေရာရွှေ့လိုက်ခြင်းပင် ဖြစ်ရပေမည်။

ဒါပေမယ့် မူဟန်ရှန်းက သူ့ကိုယ်သူတော့ စိတ်မပူပါချေ။

မူချင်းကောက အဖြစ်မှန်ကို ပြောမည်ဆိုရင်တောင်မှ သူမကို မည်သူက ယုံကြည်မည်နည်း

တယောက်ယောက်က တကယ်ယုံတယ်ပဲ ထားဦး၊ ယုံပြီးတော့ ဆေးဘုရင်တောင်ကြားကို လာရှာရင်တောင်မှ ဘာတခုမှကို ရှာတွေ့မှာ မဟုတ်ဘူးလေ။

မူဟန်ရှန်းက မူချင်းကောကို လိုက်ရှာသည့်တိုင် သူမ၏ ခြေရာကို လုံးဝပင် ရှာမတွေ့ပါချေ။

တဖက်မှာတော့ ယင်ချန်းလီတယောက်ကတော့ နေအိမ်အကျယ်ချုပ်ကျနေခဲ့ပါသည်။

သူ့အား ဆေးဘုရင်တောင်ကြား၏ သီးသန့်ခြံဝင်းတခု၌ ထားရှိပြီး အပြင်သို့ ထွက်ခွင့်မပြုပေ။ ခြံဝင်းအပြင်တွင် ဆေးဘုရင်တောင်ကြား၏ တပည့်များက စောင့်ကျပ်နေခဲ့ကြပါသည်။

ဘာတွေဖြစ်နေတာလဲဆိုတာကို နားမလည်သည့် ယင်ချန်းလီမှာ ဆရာသခင်၏ ပျောက်ဆုံးမှုကြောင့် အနည်းငယ်တော့ ဖိအားများနေခဲ့ပါသည်။

ထို့အပြင် သူ၏ အကျယ်ချုပ်ကျနေရခြင်းသည်လည်း ထူးဆန်းသည်ဟု ထင်မြင်နေခဲ့သည်။

အချိန်တခုကြာပြီးသည့်နောက်တွင် ဆေးဘုရင်တောင်ကြားက တခုခုတော့ လွဲမှားနေသည်ကို သူက စတင်၍ ခံစားလာခဲ့ရတော့သည်။

သို့သော် ဘာက လွဲမှားနေသည်ဆိုသည်ကိုတော့ သူမသိပါချေ။ သူ့အတွက် အစားအစာကို နေ့စဉ်လာပို့ပေးကြသည်။ သူ့ တံခါးအပြင်တွင် တပည့်များက အချိန်ပြည့်စောင့်ကြပ်နေကြသည်။

သူတို့အားလုံးက သူဘာမေးမေး ဖြေဆိုရန်အတွက် ငြင်းပယ်ကြသည်။

သူတို့၏ တာဝန်ကို ခက်ခဲအောင်မလုပ်ရန်သာ သူတို့က သူ့အား ပြောကြပါ၏။

ထိုဖြစ်ရပ်က သူ့အား ဖိအားလွန်စွာများနေစေခဲ့သည်။

အခန်းထဲ၌ သူက တင်ပလ္လင်ခွေထိုင်နေရင်းနှင့်ပင် သူ၏ ရွှမ်ယွမ်ဓားကို သူ၏ ဒူးနှစ်ဖက်ပေါ်သို့ ကန့်လန့်ဖြတ်တင်ထားခဲ့ပါ၏။

ယခုအချိန်တွင်တော့ ယင်ချန်းလီက ဓားသိုင်းမကျင့်နေပဲ၊ ဓားကိုကြည့်ကာ ဉာဏ်အလင်းပွင့်နေခြင်းပင် ဖြစ်သည်။

ရွှမ်ယွမ်ဓားကိုကြည့်ကာ ဉာဏ်အလင်းပွင့်သည့်အကြိမ်တိုင်းတွင် သူ၏ ဓားအပေါ်နားလည်မှုသဘာဝက တိုးတက်မှုရလာသည်ကို သူက ခံစားနေခဲ့ရ၏။

ရွှမ်ယွမ်ဓား၏ အနုပညာရုပ်လုံးကြွမှုက အကန့်အသက်မဲ့လှပြီး သူ့အတွက်တော့ မြောက်မြားစွာသော ဖြစ်နိုင်ခြေများကို မြင်ယောင်လာစေခဲ့သည်။

ဓားသိုင်းကို မကျင့်ကြံနေရင်တောင်မှ သူ၏ ဓားသိုင်းအပေါ်နားလည်မှုမှာ အရှိန်ဟုန်ပြင်းပြင်းနှင့် မြင့်တက်လာသည်ကို သူက ခံစားခဲ့ရ၏။

“ဖူးးး”

စိတ်အာရုံဝင်စားပြီးသည့်နောက်တွင်၊ ယင်ချန်းလီက မျက်လုံးဖွင့်ကြည့်လိုက်ရာ ညနေစောင်းနေသည်ကို တွေ့လိုက်ရသည်။

သူက သက်ပြင်းတချက်မှုတ်ထုတ်လိုက်၏။ အနည်းငယ်ဗိုက်ဆာသောကြောင့် တံခါးဆွဲဖွင့်ကာ ခြံထဲသို့ ဆင်းလာခဲ့၏။

ခြံဝင်းထဲရှိ ကျောက်စားပွဲပေါ်တွင် အစားအစာတခုမှ မရှိသည်ကို မြင်လိုက်ရသဖြင့် သူက အံ့အားသင့်သွားခဲ့ပါသည်။

ဘယ်လိုဖြစ်ပြီး အစားအစာမရှိတာလဲ၊ ငါကျင့်ကြံတာ တရက်ကျော်ပြီ၊ ဗိုက်ဆာလို့ သေတော့မယ်။

သူနှင့် မျိုးဆက်တူတပည့်များက အစားသောက်များကို သူ့အတွက် အမြဲယူလာပေးတယ်လေ

“ဟေ့ကောင်တွေ”

ယင်ချန်းလီက ခြံပေါက်ဝ တံခါးမကြီးကို တဒုန်းဒုန်းထုကာ အော်လိုက်၏။

“ငါ့ကို အပြင်ပေးမထွက်တာက မထွက်တာပဲ၊ အခုလိုတော့ အငတ်မထားသင့်ဘူးကွ။ ငါ့ကို ဗိုက်ဆာပြီးသေအောင်လုပ်နေတာလား”

“ဘယ်သူမှ မရှိကြဘူးလားကွ ဟေ”

ယင်ချန်းလီက သစ်သားတံခါးမကြီးကို တဒုန်းဒုန်းထုလျက် အော်လိုက်ပါသည်။

အချိန်အတန်ကြာသည်အထိ အပြင်ဘက်မှ မည်သည့်အသံကိုမှ မကြားရပါချေ။

လွန်စွာမှကို တိတ်ဆိတ်လွန်းနေခဲ့ပါ၏။

“ဘယ်သူမှ မရှိဘူးလားဟ”

ယင်ချန်းလီက အံ့အားသင့်သွားခဲ့ပါသည်။ ပုံမှန်ဆိုလျှင် တံခါးအပြင်၌ သူ့အား စောင့်နေကြသည့် လူအချို့ရှိသည်။

ဒီနေ့ကျမှ လူတစ်ယောက်မှ ဘာလို့ မရှိနေတာလဲ

ဒါဆိုရင် အခွင့်ကောင်းပဲ

ယင်ချန်းလီက တံခါးကို တွန်းလိုက်သော်လည်း အပြင်မှ သော့ခတ်ထားသည်ကို သိလိုက်ရသည်။

တံခါးလက်ကိုင်ကို သံကြိုးများနှင့် တုပ်နှောင်ထားသဖြင့် သံကြိုးသံများကိုပါ ကြားနေရပါ၏။

ထို့ကြောင့် ယင်ချန်းလီက နံရံပေါ်သို့ ကျော်တက်ကာ ကိုယ်ဖော့သိုင်းနှင့် အပြင်ဘက် မြေပြင်ပေါ်သို့ သက်ဆင်းလိုက်ပါသည်။

သူက ပတ်လည်ကို ကြည့်လိုက်သည်တိုင် မည်သူ့ကိုမှ မတွေ့ခဲ့ပါချေ။

“အရမ်းတွေ ထူးဆန်းနေပြီနော်”

“ကြည့်ရတာ ငါ့ကို မချုပ်ထားတော့တာများလား”

“ဒါပေမယ့် ဒီနေ့မှာ ဘာလို့ ဆေးဘုရင်ချိုင့်ဝှမ်းတခုလုံးက တိတ်ဆိတ်နေရတာလဲ”

တစုံတခုက ထူးဆန်းကာ လွဲမှားနေပြီ ဖြစ်ကြောင်းကို ယင်ချန်းလီက ခံစားနေခဲ့ရသည်။ သူက လူသူမပြောနှင့်၊ ယနေ့တွင် ငှက်အော်သံများကိုပင် မကြားနေခဲ့ရပေ။

ပုံမှန်ဆိုလျှင် ယခုလိုမျိုး မဟုတ်ပေ။

လှေကားအတိုင်း အောက်ကို ဆင်းလာသည့်တိုင် မည်သူတဦးတယောက်ကိုမှ ယင်ချန်းလီမမြင်ပါ။

ပုံမှန်ဆိုလျှင် တပည့်များစွာတို့ ပျာပန်းခတ်အောင် သွားလာနေသည့် လမ်းများသည်လည်း ခြောက်ခြားဖွယ်ကောင်းလောက်အောင်ကို ရှင်းလင်းနေခဲ့ပါသည်။

ထိုအခြေအနေကြောင့် ယင်ချန်းလီ၏ နှလုံးသားက လေးလံလာခဲ့၏။

သတိကြီးကြီးထားနေရာမှ၊ ဘာတခုမှ ဂရုမစိုက်တော့ပဲ ယင်ချန်းလီက တဟုန်ထိုး ပြေးနေခဲ့တော့သည်။

တပည့်များနေထိုင်ရာ အဆောင်များရှိရာသို့ သူရောက်လာခဲ့သည်။ ပုံမှန်ဆိုလျှင် ကျင့်ကြံနေကြမည့် တပည့်များကို တွေ့ရမည်ဖြစ်သော်လည်း ယခုတွင်တော့ ဘယ်သူမှ ရှိမနေပါချေ။

ဆေးစိုက်ခင်း၊ လေ့ကျင့်ရေးကွင်းပြင်နှင့် အခြား၊အခြားသော နေရာများသည်လည်း လုံးဝကို ခြောက်ကပ်နေခဲ့သည်။

ဆေးဘုရင်တောင်ကြားရှိ လူတိုင်းက လေထုထဲမှ ပျောက်ကွယ်နေသည့်အလားပင် ဖြစ်၏။

ထိုဖြစ်ရပ်က ယင်ချန်းလီကို ခြောက်ခြားနေစေခဲ့ပါသည်။

နေဝင်ခါနီးပါပြီ၊ ဆေးဘုရင်တောင်ကြားတခုလုံးမှာ အမှောင်ထုထဲသို့ ရောက်ရှိတော့မည်ဖြစ်သည်။

မည်သည့်နေရာကမှ အလင်းဟူ၍ မတွေ့ရပေ။ နေရာတခုလုံးမှာ လေတိုးသံနှင့် ယင်ချန်းလီ၏ အသက်ရှုသံများကိုသာ ကြားနေရပါသည်။

ကျယ်ပြန့်လှသည့် ဆေးဘုရင်တောင်ကြားတခုလုံးတွင် အသက်ရှင်သန်နေသူ တစုံတဦးမျှ ရှိမနေပေ။

ဘယ်လိုလုပ်ပြီး ခုလို ဖြစ်သွားရတာလဲ

ဘာဖြစ်ခဲ့တာလဲ

ထိုအခိုက်တွင် ယင်ချန်းလီ တကိုယ်လုံးသည် ကျောရိုးထဲမှ နေ၍ စိမ့်တက်လာခဲ့ပါသည်။

သူသည် ပန်းချီကားထဲက အေးခဲရှေးဟောင်းဘုရားကျောင်းကို ပြန်ရောက်နေသည့်အလားပင်။

“လူရှိလား”

ယင်ချန်းလီက သတ္တိမွေးပြီး အော်ဟစ်လိုက်သည်။

သူ၏ အသံမှာ ပဲ့တင်ရိုက်ခတ်သွားခဲ့သော်လည်း သူ့ကို ပြန်တုန့်ပြန်သည်မှာ ခြောက်ခြားဖွယ်ရာ တိတ်ဆိတ်မှုပင် ဖြစ်၏။

“တယောက်ယောက်တော့ ရှိမှဖြစ်မယ်။ တောင်ကြားသခင်တော့ ရှိမှာပဲ”

ယင်ချန်းလီက ခပ်မြန်မြန်ပင် ဆေးဘုရင်တောင်ထိပ်သို့ ပြေးတက်သွားတော့သည်။

ယခုအခြေအနေတွင် မည်သူကိုပဲ မြင်ပါစေ။ သူဝမ်းသာမိမည် ဖြစ်၏။

ပုံမှန်ဆိုလျှင် သူမုန်းတီးနေမည့်လူကို မြင်ရင်ပင်လျှင် အဆင်ပြေ၏။

ယင်ချန်းလီက မီးတုတ်တခုကို ထွန်းညှိလိုက်ပြီး ဆေးဘုရင်တောင်ထိပ်ကို ပြေးတက်တော့သည်။

တောင်ထိပ်တခုလုံးက အမှောင်ထုထဲတွင် ရောက်နေသည်ကို မြင်လိုက်သောအခါတွင်တော့ သူ၏ နှလုံးသားက နစ်မြုတ်သွားခဲ့ပါသည်။

ဆေးဘုရင်တောင်ထိပ်မှာတောင် ဘယ်သူမှ မရှိဘူးလား

လှေကားကို ကြည့်ရင်းနှင့် ယင်ချန်းလီက တုန့်ဆိုင်းနေပါသည်။ အပေါ်သို့တက်ကာ စစ်ဆေးရမည်လော၊ ထွက်သွားရမည်လော?

ယင်ချန်းလီက အကျပ်ရိုက်နေပါပြီ

“သေစမ်းကွာ၊ ယောကျ်ားပဲ။ ကြောက်တတ်ရင် နှစ်ခါသေရတယ်”

တော်တော်ကြာကြာတွေးပြီးသည့်နောက်တွင် ယင်ချန်းလီက သူ့ပေါင်ကိုသူလက်ဖဝါးနှင့် ရိုက်လိုက်ပြီး တောင်ပေါ်သို့ ပြေးတက်ခဲ့၏။

တောင်တက်လမ်းမှာလည်း တိတ်ဆိတ်လေသည်။ လေတိုးသံကြောင့် မီးတုတ်မှ မီးက တလူလူလွင့်ကာ အသံမြည်စေခဲ့သည်။

ဆေးဘုရင်တောင်က သိပ်မမြင့်ပါ ။ ပုံမှန်ဆိုလျှင် လေးဆယ့်ငါးမိနစ်ခန့် တက်ရုံနှင့် တောင်ထိပ်သို့ ရောက်ပါသည်။

သို့ပေမယ်၊ ယင်ချန်းလီက တနာရီခန့် တက်လိုက်ရပါသည်။

သူဖြတ်သန်းခဲ့သည့် ကျင့်ကြံခြင်းလှိုဏ်ဂူများအားလုံးက ဟောင်းလောင်းဖြစ်နေခဲ့၏။

ဆေးဘုရင်တောင်တခုလုံးမှာ တိတ်ဆိတ်ကာ မှောင်မိုက်နေသည်။

လူသားတွေ၏ အရိပ်အယောင်ကို လုံးဝမမြင်ရပါချေ။

ယင်ချန်းလီက ပတ်ပတ်လည်ကို လျှောက်ကြည့်တော့မည့်အချိန်တွင်၊ တစုံတခုနှင့် ခလုပ်တိုက်ကာ ပစ်လဲလုနီးပါးဖြစ်သွားခဲ့သည်။

“ဒါက ဘာလဲ”

ယင်ချန်းလီက မီးတုတ်နှင့် ကြည့်လိုက်သောအခါတွင် သူ့မျက်နှာမှာ စာရွက်ဖြူတခုလို ဖွေးဆုတ်သွားသည်။

မြေပြင်ထက်၌ တစုံတဦး လဲလျောင်းနေ၏။

“သတ္တမမြောက်အကြီးအကဲ”

သတ္တမမြောက်အကြီးအကဲ၏ အလောင်း

သူ့မျက်နှာမှာ ဖော်ပြရခက်ခဲလောက်အောင် ကြောက်ရွံ့နေခဲ့ပြီး သူ၏ လက်မှာအရှေ့သို့ ဆန့်တန်းနေခဲ့သည်။ သူက ထိုနေရာမှ ကြောက်ရွံ့တကြီး လေးဘက်ကုန်းပြေးနေရင်းနှင့်ပင် အသက်ဆုံးခဲ့ရသည့်ပုံစံရှိသည်။

ယင်ချန်းလီသည် မြေပြင်ပေါ်တွင်ဖင်ထိုင်ချလိုက်သည်။ သူ့မျက်နှာမှာ ကြောက်လန့်တကြားဖြစ်နေသည်။ သတ္တမအကြီးအကဲက မသေခင်တွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသည့် တစုံတခုကို မြင်တွေ့ခဲ့ဟန်ရှိ၏။

သတ္တမမြောက်အကြီးအကဲက မူလအဆင့်နှောင်းပိုင်းဖြစ်သည်။

ဆေးဘုရင်တောင်ကြားကို ဘာတွေ ဖြစ်ခဲ့တာလဲ

သတ္တမမြောက်အကြီးအကဲလို စွမ်းအားရှင်က သေသွားတာတောင်မှ ဘာဒဏ်ရာမှ မတွေ့ဘူး

သူ၏ သေဆုံးမှုမှာ မရှင်းပြနိုင်သည့်အလားပင်။

“ဘာတွေဖြစ်နေတာလဲ၊ ဘာဖြစ်နေတာလဲ”

ယခုအချိန်တွင်တော့ ယင်ချန်းလီ၏ ခေါင်းထဲသို့ ခြောက်ခြားဖွယ်ရာ အတွေးတခုဝင်လာခဲ့တော့သည်။

ဆေးဘုရင်တောင်ကြားတခုလုံးမှာ အသက်ရှင်တဲ့လက္ခဏာမတွေ့တာက၊ လူတိုင်းက သေကုန်တာများလား

ယင်ချန်းလီက တုန်ရီနေသောလက်နှင့် မီးတုတ်ကိုမြောက်ကာ ခပ်လှမ်းလှမ်းသို့ ကြည့်လိုက်၏။ သူမြင်ရသလောက်တွင်တော့ အလောင်းများကို မတွေ့ပါချေ။

ထို့ကြောင့် သူ့စိတ်က အနည်းငယ်တော့ အေးသွားခဲ့ပါ၏။ သို့သော် သူ၏ သတိကြီးမှုကိုတော့ လုံးဝ မလျှော့ချရဲပါချေ။

ယင်ချန်းလီက မတ်တပ်ထရပ်တော့မည့်အချိန်မှာပင် သူ့အနောက်တွင် အရိပ်တခုရောက်လာသည်ကို သူက ခံစားလိုက်ရသည်။

“ဘယ်သူလဲ”

တုန့်ဆိုင်းမနေပဲ၊ သူက ဓားကိုထုတ်ကာ ပိုင်းချလိုက်သည်။

အချိန်တခဏလေးသာ တုန့်ဆိုင်းလိုက်ပါက သူသေမည်ဖြစ်သည်…

စာစဉ် ၃၁ ပြီး…

All Chapters