← Chapters

ရွှမ်တုမဟာအင်အားစု ၆ စု ၊ ထျန်းတုမြို့အရှင်။

Vol. 29 Ch. 393

ရွှမ်တုမဟာအင်အားစု ၆ စု ၊ ထျန်းတုမြို့အရှင်။

Vol. 29 Ch. 393

"ဒင်~ ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးအကဲများက ယိယွမ်ဘုရားကျောင်းနှင့် ယန်လဲ့အမတမြို့တော်တို့မှ ကျူးကျော်လာသော ရန်သူများကို သတ်ဖြတ်ခဲ့တဲ့အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ ဂိုဏ်းအမှတ် ၃ ဘီလီယံနှင့် နတ်မင်းနယ်ပယ် အန္တိမဆင့်ခေါ်ခွင့် ၅ ကြိမ်ဆုချလိုက်သည်"

စနစ်၏အသံ ထွက်ပေါ်လာတာတောင် ဝမ်ဖုန်း၏ မျက်နှာကတော့ တည်ငြိမ်နေသေးဆဲပင်။ သူက အခုလေးတင်ကမှ ဂိုဏ်းအမှတ် ဘီလီယံ ၁၀၀ ကျော် ရရှိထားတာလေ ၊ ငွေအနည်းငယ်လောက်ကို ဂရုစိုက်ရဦးမှာလား?။

ဤကနေ့တွင် သူက ဂိုဏ်းအမှတ် ဘီလီယံ ၁၃၀ ကျော်ရရှိခဲ့ပြီး အလွန်အမင်း ကြွယ်ဝလာခဲ့သည်။ ဤသည်မှာ ဒီကမ္ဘာကြီးကို ရောက်လာပြီးနောက် ဝမ်ဖုန်းအနေဖြင့် ချမ်းသာကြွယ်ဝမှုကို ပထမဆုံးအကြိမ် ခံစားဖူးခြင်းပင်။

"စနစ်~ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားတွေ ဘယ်အဆင့်ရောက်နေပြီလည်းဆိုတာ စစ်ဆေးလိုက်ပါ " 

ဂိုဏ်းချုပ်ခန်းမကြီးထဲတွင် ဝမ်ဖုန်းက မေးစေ့ကို ဖျစ်ညစ်ကာဖြင့် ပြောဆိုလိုက်သည်။

အကြီးအကဲများအားလုံးက အန္တိမနတ်မင်းအထွတ် အထိပ်သို့ ရောက်နေကြသော်လည်း တပည့်များကတော့ အားနည်းနေသေးသည်။ သူဒါကို ဘယ်လိုလုပ်ရမလဲ? အခု သူ့မှာ ချမ်းသာကြွယ်ဝမှု ရှိနေပြီဆိုတော့ တပည့်တွေရဲ့ကျင့်ကြံမှုကို ဘာ့ကြောင့်ပဲ ဖြစ်ဖြစ် တိုးမြှင့်ပေးရမယ်။

"ဒင်~ ကုချိုးနဲ့ ကုကန်းချိုး ညီအစ်ကိုနှစ်ယောက်က နတ်ဘုရင်အစောပိုင်းအဆင့်ကို ရောက်နေကြပါပြီ ၊ ကျုံးကျီနဲ့ အခြားလက်ရွေးစင်တပည့်တွေကတော့ ပြောင်းလဲခြင်းနတ်မင်း အထွတ်အထိပ်အဆင့်ကို ရောက်နေကြပါပြီ ၊ ကြွင်းကျန်ရစ်တဲ့ ဂိုဏ်းတပည့်တွေကတော့ များသောအားဖြင့် နတ်မင်းငယ်အဆင့်ရဲ့ အထက်မှာပါ"

သူ့စိတ်အာရုံအတွင်းထွက်ပေါ်လာသော အေးစက်သည့်အသံကြောင့် ဝမ်ဖုန်းက ခါးသီးစွာ ပြုံးလိုက်သည်။ သေချာပါပြီ ၊ အခြားလက်ရွေးစင် ဂိုဏ်းတပည့်များ၏ ကျင့်ကြံမှုက ကုချိုးတို့ ညီကိုနှစ်ယောက်၏ ကျင့်ကြံမှုထက် နိမ့်ကျနေသေးသည်။

သိပ်မကြာသေးခင်က သူက ကုချိုးတို့ ညီအစ်ကိုနှစ်ယောက်ကို အနက်ရောင်အခန်းကျဥ်းလေးထဲတွင် ပိတ်လှောင်ထားခဲ့သည်။ ထို့အတွက်ကြောင့် သူတို့က အားသွန်ခွန်စိုက် ကျင့်ကြံခဲ့ကြရသည်။ ကုမျိုးနွယ်စု၏ အသန်မာဆုံး ရုပ်ခန္ဓာနှင့် အားသွန်ခွန်စိုက် ကြိုးစားကျင့်ကြံခဲ့ကြတာကြောင့် သူတို့နှစ်ယောက်၏ ကျင့်ကြံရေးမှာ ကောင်းကင်ထိတိုင် ပျံတက်သွားခဲ့သည်။ ထို့ကဲ့သို့ အမြန်နှုန်းကို သာမန်လူများက လုံးဝယှဥ်နိုင်မှာမဟုတ်ပါ။

ကျုံးကျီနှင့်အခြားသူများ၏ ပါရမီကလည်း ထက်မြတ်သော်လည်း ကုချိုးတို့ညီကိုနှစ်ယောက်ထက်တော့ နောက်ကောက်ကျ ကျန်ရစ်ခဲ့သည်။

"စနစ်~ ကျုံးကျီနဲ့ အခြားသူတွေအတွက် သင့်တော်တဲ့ နတ်ဘုရားအဆင့် ရုပ်ခန္ဓာတွေကို ပြသပေးပါ"

တစ်ခဏကြာ တွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းက ပြောဆိုလိုက်သည်။

နတ်ဘုရားအဆင့် ရုပ်ခန္ဓာများသည် အသန်မာဆုံးရုပ်ခန္ဓာများနှင့် နှိုင်းယှဥ်နိုင်ခြင်း မရှိသော်လည်း အနည်း ငယ်သာ နိမ့်ကျပါသည်။ ဤကနေ့တွင် သူဟာ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသားတိုင်းကို နတ်ဘုရားအဆင့် ရုပ်ခန္ဓာများ မချီးမြှင့်ပေးနိုင်သေးပါ ၊ ထို့အတွက်ကြောင့် လက်ရွေးစင်ဂိုဏ်းတပည့်များကို ဦးစားပေးခဲ့သည်။

စနစ်ဈေးတန်းအတွင်းရှိ နတ်ဘုရားအဆင့်ရုပ်ခန္ဓာတစ်ခုချင်းစီတိုင်းသည် ဂိုဏ်းအမှတ် ၁၀ ဘီလီယံကျော် တန်းကြေးရှိသည်။ ထိုကဲ့သို့ ထိတ်လန့်ဖွယ်ဈေးနှုန်းက ချမ်းသာကြွယ်ဝနေသော ဝမ်ဖုန်းအတွက်တောင် နာကျင်ဖွယ်ကောင်းလှသည်။

သူ ငွေကြေးအများကြီးရှာနိုင်ခဲ့ပြီလို့ ထင်ထားတာ။ စနစ်က သူ့ကို ချက်ချင်းဖြတ်ရိုက်လိုက်တာပဲ!

"ဒင်~ နတ်ဘုရားအဆင့် ရှန်းတောက်ဓါးရုပ်ခန္ဓာက ကျုံးကျီအတွက် သင့်တော်ပါတယ် ၊ နတ်ဘုရားအဆင့် ရေခဲဓါး ရုပ်ခန္ဓာက ပိုင်ဟုန်အတွက် သင့်တော်ပါတယ် ၊ ယိုဟွမ်ရုပ်ခန္ဓာကတော့ ကျိယိုယန်အတွက် သင့်တော်ပါတယ်"

ဝမ်ဖုန်းက အံကိုတင်းတင်းကြိတ်လိုက်ပြီး ပြောလိုက်သည်။

"စနစ်~ ရုပ်ခန္ဓာတွေကို ဝယ်ယူပြီး ကျုံးကျီနဲ့ အခြားသူတွေအပေါ် ပေါင်းစပ်ပေးလိုက်ပါ"

ဂိုဏ်းအမှတ် ဘီလီယံ ၃၀ ပါပဲလေ သူတတ်နိုင်ပါသေးတယ်။

"ဒင်~ နတ်ဘုရားအဆင့် ရုပ်ခန္ဓာ ၃ ခုကို ဝယ်ယူရန် ဂိုဏ်းအမှတ် ၃၀ ဘီလီယံအသုံးပြုခဲ့သည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ် ၊ ၎င်းနတ်ဘုရားအဆင့် ရုပ်ခန္ဓာများကို ကျုံးကျီတို့နဲ့ ပေါင်းစပ်ပေးနေပါပြီ"

၎င်းအေးစက်စက်အသံ ထွက်ပေါ်လာခြင်းနှင့်အတူ သက်ဆိုင်ရာအခန်းများတွင် ကျင့်ကြံနေကြသော ကျုံးကျီနှင့် အခြားသူများသည် သူတို့၏ ခန္ဓာကိုယ်အတွင်း၌ ရုတ်တရက် ထွက်ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားကို သတိပြုမိလိုက်သည်။ သူတို့က လျစ်လျူရှုမထားရဲဘဲ သူတို့၏ စိတ်အာရုံအတွင်းတွင် ထွက်ပေါ်လာသော မှတ်ဉာဏ်များကို နားလည်သဘောပေါက်အောင် အလျင်အမြန် ကြိုးစားလိုက်သည်။ ဤအချိန်တွင် သူတို့၏ ကျင့်ကြံမှုကလည်း မြင့်တက်လာခဲ့သည်။

ဝမ်ဖုန်းက ကျုံးကျီတို့လို လက်ရွေးစင်တပည့်များကို အဆင့်မြှင့်တင်ပေးနေတုန်းမှာ တောင်ပိုင်းနယ်မြေ၏ အကာအရံမှာ ရုတ်တရက် ဆွဲဖြဲခံလိုက်ရသည်။ လေထုအတွင်းမှ လူပုဂ္ဂိုလ် ၃ ယောက် ထွက်ပေါ်လာခဲ့သည်။ ဦးဆောင်လာသည့် လူငယ်မှာ ခန့်ညားကျော့ရှင်းသော အသွင်အပြင်ရှိပြီး ထိုသူ၏မျက်လုံးများက ကြယ်ရောင်စုံသော ကောင်းကင်ကြီးတမျှ နက်ရှိုင်းလှသည်။ ထိုမျက်ဝန်းများကို စူစိုက်ကြည့်မိသူမှန်သမျှ တုန်ရင်သွားကြရမှာဖြစ်သည်။

ကျန်လူနှစ်ယောက်က အနက်ရောင်ဝတ်ရုံများနှင့် မျက်နှာဖုံးများကို ဝတ်ဆင်ထားကြသည်။ သူတို့၏ အရှိန်အဝါများကို မမြင်မတွေ့ရပါ။ 

လူငယ်လေးက ရှန်ရှန့်ကျုံဂိုဏ်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားခဲ့သည်။ သူက ရှန်ရှန့်ကျုံဂိုဏ်း ရှိရာဘက်သို့ တုံ့ဆိုင်းခြင်းမရှိဘဲ လမ်းလျှောက်သွားခဲ့သည်။ သူ၏ ခြေလှမ်းများက အချိန်နှင့် အာကာပြင်ကို ဖြတ်ကျော်သွားပုံပေါ်ပြီး တစ်ခဏအတွင်းမှာပဲ သူဟာ တောင်ပိုင်းနယ်မြေတစ်ခုလုံးကို ဖြတ်ကျော်ခဲ့ပြီး ရှန်ရှန့်ကျုံဂိုဏ်း၏ တောင်ဂိတ်တံခါးရှေ့သို့ ရောက်ရှိလာခဲ့သည်။

"သခင်လေး ဒီရှန်ရှန့်ကျုံဂိုဏ်းက မလွယ်ကူဘူးနော်.."

အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသည့် လူတစ်ယောက်၏ နှုတ်ဖျားမှ အက်ရှကြမ်းတမ်းသော အသံတစ်သံထွက်ပေါ်လာသည်။ မျက်နှာဖုံးမှတစ်ဆင့် တွေ့မြင်ရသော မျက်ဝန်းအနက်ပိုင်း၌ အလင်းတန်းလေးတစ်ခု ဖြတ်သန်းနေခဲ့သည်။

"ရှန်ရှန့်ကျုံဂိုဏ်းကသာ ရိုးရှင်းနေရင် ဒီသခင်လေးကလည်း ဘယ်လိုလုပ် လူကိုယ်တိုင် လာတွေ့ပါ့မလဲ?"

လူငယ်လေးက ရယ်မောလိုက်သည်။ သူက သူ့ရှေ့ရှိ တောင်ဂိတ်တံခါးကြီးကို စူးစိုက်ကြည့်လိုက်ပြီး အဓိပ္ပါယ်ရှိစွာ ပြောဆိုလိုက်သည်။

"ကျွန်တော် ယိုဝူမင် ဂိုဏ်းချုပ်ဝမ်ကို လာရောက်တွေ့ဆုံပါတယ်"

ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ခန်းမကြီးထဲတွင် အရှိန်အဝါများကို ထိန်းညှိနေသော ဝမ်ဖုန်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏ မျက်လုံးများက အတားအဆီးများကို ဖြတ်ကျော်ပြီး တောင်ဂိတ်တံခါးအရှေ့တွင်ရှိနေသော ယိုဝူမင်၏ အပေါ်သို့ သက်ဆင်းသွားလေသည်။ သူ၏ အမူအရာက ပဟေဠိဖြစ်နေသော်လည်း သူက ပြောဆိုလိုက်သည်။

"ကျေးဇူးပြု၍ ဝင်လာခဲ့ပါ"

ဝမ်ဖုန်း၏စကားဆုံးသွားပြီးနောက် ရှန်ရှန့်ကျုံဂိုဏ်း၏ အကာအကွယ် အစီအရင်မှာ အလိုအလျောက် ပွင့်သွားခဲ့သည်။ တောင်ဂိတ်တံခါးကြီးကလည်း အလိုအလျောက် ပွင့်ဟသွားခဲ့သည်။

ဒါကိုမြင်တော့ ယိုဝူမင်က တုံ့ဆိုင်းနေခြင်းမရှိဘဲ အနက်ရောင်ဝတ်ရုံဝတ် လူနှစ်ယောက်ကိုဦးဆောင်ပြီး ဂိုဏ်း ချုပ်ခန်းမရှိရာသို့ ဦးတည်ထွက်လာခဲ့သည်။

အဓိကခန်းမကြီးအတွင်းသို့ ဝင်ရောက်လာပြီးနောက် ယိုဝူမင်တို့အုပ်စုသည် ဝမ်ဖုန်းနှင့် သူ၏ဘေးတစ်ဖက် တစ်ချက်တွင် မတ်တပ်ရပ်နေသော လင်းတုန်လိုင်တို့ကို တွေ့မြင်လိုက်ရသည်။ ယိုဝူမင်၏ မျက်လုံးအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး သူက ဝမ်ဖုန်းကို ရိုရိုသေသေ ဝါရဝပြုလိုက်ကာ ပြောဆိုလိုက်သည်။ 

"ကျွန်တော် အကြောင်းမကြားပဲ ရောက်လာခဲ့မိတယ်... ဂိုဏ်းချုပ်ဝမ် ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ်"

"ရပါတယ်... မင်းတို့ ငါ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို ဘာအရေးကိစ္စရှိလို့ ရောက်လာရသလဲ?"

ဝမ်ဖုန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ယိုဝူမင်နှင့် အခြားသူများကို စူးစိုက်ကြည့်ကာ မေးမြန်းလိုက်သည်။

"ဂိုဏ်းချုပ် အဲ့ဒီအနက်ဝတ်လူနှစ်ယောက်ရဲ့ ကျင့်ကြံမှုက ထျန်းမိန်အထွတ်အထိပ်အဆင့်ကို ရောက်နေပါပြီ"

ဝမ်ဖုန်း၏စကားဆုံးသွားပြီးနောက် အမှောင်လောကအတွင်းရှိ သားရဲကြီးတောက်တျဲ၏အသံက သူ၏စိတ်အာရုံအတွင်း၌ ထွက်ပေါ်လာခဲ့သည်။ ဝမ်ဖုန်းက မျက်ခုံးပင့်လိုက်ပြီး ယိုဝူမင်တို့အုပ်စုကို လေးလေးနက်နက် စိုက်ကြည့်လိုက်သည်။

ထျန်းမိန်အထွတ်အထိပ်အဆင့်...

ထိုအဆင့်စွမ်းအားရှင်များမှာ ဤကနေ့ ရှန်ရှန့်ကျုံဂိုဏ်းအတွက် ဘာကောင်မှမဟုတ်သော်လည်း ဘုံလောကကြီးများအတွင်းတွင်တော့ ထိပ်တန်းတည်ရှိမှုကြီးများ ဖြစ်ပါသည်။ ဒီလိုအဆင့်ရှိတဲ့ လူနှစ်ယောက်က ဒီလူငယ်လေးနောက်ကို လိုက်ပါလာတာလား?။

ဝမ်ဖုန်းသည် ထိုလူ ၃ ယောက်၏ မူလဇာစ်မြစ်ကို သိလိုစိတ် ဖြစ်လာရသည်။ သို့ပါသော်လည်း ပထမဆုံးအကြိမ်အနေဖြင့် သူဟာ စနစ်ကို စစ်ဆေးရန် အသုံးမချခဲ့ပါ။ သူ ဒီလူတွေရဲ့ ရည်ရွယ်ချက်ကို အရင်ဦးဆုံး စောင့်ကြည့်ဦးမယ်။

"ကျုပ်တို့စကားစမပြောခင် ဂိုဏ်းချုပ်ဝမ် ကျုပ်တို့ရဲ့ မူလဇာစ်မြစ်ကို သိချင်ပါသလား?"

ယိုဝူမင်က ပြုံးလိုက်ပြီး တိုးညင်းစွာ ရေရွတ်လိုက်သည်။

"ငါ သိလိုတယ်"

ဝမ်ဖုန်းက ခေါင်းညိတ်လိုက်သည်။

"ရွှမ်တုမဟာအင်အားစု၆စု ထဲက ရွှမ်ယွမ်အုပ်စုရဲ့ ခွန်အားက ယိယွမ်ဘုရားကျောင်းနဲ့ နှိုင်းဆနိုင်လောက်တယ်"

ဝမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်သည်။ ရွှမ်တုမဟာအင်အားစု ၆စုလား? သူ ဒီအင်အားစုတွေ အကြောင်းကို မကြားဖူးပါဘူး။ ထျန်းမိန်အထွတ်အထိပ်အဆင့် လူနှစ်ယောက်ကို တစ်ပြိုင်တည်း စေလွှတ်နိုင်တဲ့ အဲ့ဒီအင်အားစုက ယိယွမ်ဘုရားကျောင်းနဲ့ ထပ်တူထပ်မျှ သန်မာတာလား?။

ထိုလူများထွက်ပေါ်လာ၍သာမဟုတ်ပါက ဝမ်ဖုန်းဟာ ယိယွမ်ဘုရားကျောင်းက ထိုမျှလောက် ကြောက်မက်ဖွယ်ကောင်းနေကြောင်း သိရှိမှာ မဟုတ်ပါ။ 

"ရှန်းရွှမ်ဘုံလောကကြီးက ရှန်းလန်ဘုံလောကကြီး ပြိုကွဲပြီးနောက် ဖြစ်ပေါ်လာတယ်ဆိုတာကို ဂိုဏ်းချုပ်ဝမ်လည်း သိပြီးဖြစ်မှာပါ။ ဟုတ်တယ်မလား?" 

ဝမ်ဖုန်းမျက်နှာပေါ်ရှိသံသယဝင်နေသော အရိပ်အယောင်ကို တွေ့မြင်လိုက်ရသည့်အခါ ယိုဝူမင်က ပြုံးရယ်လိုက်ပြီး ဆက်လက်ပြောဆိုလိုက်သည်။

ဝမ်ဖုန်းက ခေါင်းညိမ့်လိုက်သည်။ သူက ဘာစကားမှ ထပ်မပြောတော့ဘဲ ယိုဝူမင်၏ ရှင်းပြမှုကို စောင့်ဆိုင်းနေလိုက်သည်။

"ရှန်းလန်ဘုံလောကကြီး မပြိုကွဲသွားခင်တုန်းက ရှန်လန်ဘုံလောကကြီးဆိုတာက များစွာသော ဘုံလောကတွေထဲမှာ ပထမတန်းစားပဲ ၊ ရှန်းလန်ဘုံလောကကြီးရဲ့ စွမ်းအားက အရမ်းအစွမ်းထက်တာကြောင့် ယွမ်ဟွားကောင်း ကင်ဘုံရဲ့ အချို့အင်အားစုတွေကတောင် ကြောက်လန့်ခဲ့ရတယ် ၊ ဒါ့ကြောင့်မလို့ ယွမ်ဟွားကောင်းကင်ဘုံရဲ့ လူတွေက မြေအောက်ဘုံလောကက လူတွေနဲ့ပူးပေါင်းပြီး ရှန်းလန်ဘုံလောကကို တိုက်ခိုက်ခဲ့ဖူးတယ်"

"ရွှမ်တုဆိုတာက ရှန်းလန်ဘုံလောကကြီး မပြိုကွဲခင်တုန်းက အဓိကမြို့တော်ကြီးတစ်ခုပေါ့ ၊ ရှန်းလန်ဘုံလောကကြီး ပြိုကွဲသွားပြီးနောက် ရွှမ်တုမြို့ရဲ့ အဓိကအင်အားစု ၆ စုက အလယ်ပိုင်းကုန်းမြေအပေါ်မှီခိုပြီး လျှို့ဝှက်နယ်မြေတစ်ခု ဖန်တီးဖို့ အတူတကွပူးပေါင်းခဲ့ကြတယ် ၊ အဲ့ဒီအင်အားစုတွေက အခုခါမှာတော့ ပြန်လည်ထွက်ပေါ်လာကြပါပြီ"

ယိုဝူမင်၏ စကားများက ဝမ်ဖုန်း၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။ ရွှမ်တုဆိုတာက ရှန်းလန်ဘုံလောကကြီး မပြိုကွဲခင်တုန်းက မြို့တစ်မြို့ရဲ့အမည်တဲ့လား? ၊ ရွှမ်တု မဟာအင်အားစု ၆စုက ဒီလောက်အစွမ်းထက်တာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ။

"ရွှမ်တုမြို့ရဲ့ အရှင် ၆ ပါးလို့ ရည်ညွန်းပြောဆိုကြတဲ့ အင်အားစုကြီး ၆ စုရှိတယ် ၊ အဲ့ဒါတွေကတော့ ရွှမ်ကျိ ၊ ရွှမ်ဖုန်း ၊ ရွှမ်ယွမ် ၊ ရွှမ်ကောင်း ၊ ရွှမ်ယိုနဲ့ ရွှမ်ကွေ့တို့ပဲ... အဲ့ဒီအင်အားစု တစ်စုချင်းစီတိုင်းက ယိယွမ်ဘုရားကျောင်းနဲ့ ရင်ဆိုင်နိုင်တယ်"

'စိတ်ဝင်စားစရာပဲ ကြည့်ရတာ ယိယွမ်ဘုရားကျောင်းရဲ့ အင်အားကို သူအထင်သေးမိခဲ့ပုံပဲ'

ဝမ်ဖုန်းက ရွှတ်နောက်နောက်ပြုံးလိုက်ပြီး ယိုဝူမင်ကို စိုက်ကြည့်လိုက်၏။ သူ၏မျက်ဝန်းအတွင်း၌ နားမလည်နိုင်သော အရိပ်အငွေ့တစ်ခုရှိနေခဲ့သည်။

"မင်းပြောစရာရှိတာကို ပြောပါ"

ဝမ်ဖုန်းက တည့်တိုးပြောဆိုလိုက်သည်။ သူဟာ ယိုဝူမင်နှင့် စကားကွေ့ပတ်မပြောဆိုလိုပါ။ ရွှမ်တုမဟာအင်အားစု ၆စု ဟူသော အင်အားစုကြီးများ ထွက်ပေါ်လာခြင်းက ရှန်းရွှမ်ဘုံလောက၏ ရေမှာ မှာ သူတွေးထင်ထားသည်ထက် ပိုမိုနက်ရှိုင်းကြောင်း ထင်ရှားလာစေခဲ့သည်။

"ထျန်းတုမြို့အရှင်ရဲ့ ဂူသင်္ချိိုင်းက နောက်တစ်ကြိမ်ပြန်ပေါ်လာတော့မယ် ၊ ကျုပ်တို့ ရွှမ်ယွမ်အင်အားစုက အတူတကွ ပူးပေါင်းဖို့ အင်အားစုတစ်စု လိုက်ရှာနေတာ ။ရှန်ရှန့်ကျုံဂိုဏ်းကို ကျုပ်တို့ ရွှမ်ယွမ်မျိုးနွယ်စုက သဘောကျနေတယ် "

ဝမ်ဖုန်း၏ အနည်းငယ်စိတ်မရှည်သော အမူအရာကို တွေ့မြင်လိုက်ရသည့်အခါ ယိုဝူမင်၏ မျက်ဝန်းများမှာ နက်ရှိုင်းသွားခဲ့သည်။ သူ၏ မျက်ဝန်းအတွင်း၌ အေးစက်သော အကြည့်တစ်ခု တစ်ခဏတာ ဖြတ်သန်းသွားခဲ့ပြီးနောက် သူဟာ ပြုံးရွှင်စွာဖြင့် နှုတ်ဖျားကို ထပ်မံဖွင့်ဟခဲ့သည်။

"ထျန်းတုမြို့အရှင်ရဲ့ ဂူသင်္ချိုင်းလား?..."

"ထျန်းတုဆိုတာက ရှန်းလန်ဘုံလောကကြီး မပြိုကွဲခင်တုန်းက အသန်မာဆုံး အင်အားစုကြီးပါ ၊ ယွမ်ဟွားကောင်းကင်ဘုံရဲ့ အင်အားစုအချို့က ရှန်းလန်ဘုံလောကကြီးကို ကြောက်ရွံ့တယ်လို့ပြောရမှာထက် သူတို့က တကယ်တော့ ထျန်းတုမြို့အရှင်ကို ကြောက်လန့်နေခဲ့ကြတာ"

"ထျန်းတုမြို့အရှင် ဘယ်လောက်အစွမ်းထက်သလဲဆိုတာကို ဘယ်သူမှ မသိကြဘူး ၊ ဒါပေမယ့် ထျန်းတုမြို့အရှင်ကို သတ်ဖြတ်ဖို့အတွက် ယွမ်ဟွားကောင်းကင်ဘုံက ထျန်းကျွင်းအဆင့် စွမ်းအားရှင် ၆ ယောက်ကိုတောင် စေလွှတ်ခဲ့ရတယ် ၊ ဂိုဏ်းချုပ်ဝမ် ဒါဘာကို ဆိုလိုသလဲဆိုတာ ဂိုဏ်းချုပ်ဝမ် သိမှာပါ"

ယိုဝူမင်က ဆက်လက်ပြောဆိုလိုက်သည်။

"အမ်!"

ဝမ်ဖုန်းဟာ ထိတ်လန့်သွားပြီး သူ၏အမူအရာက ပြောင်းလဲသွားခဲ့သည်။ ထျန်းတုမြို့အရှင်က အရမ်းအစွမ်းထက်နေလိမ့်မည်ဟု သူထင်မထားခဲ့ပါ။ မူလက ထျန်းတုမြို့အရှင်၏ ဂူသင်္ချိုင်းနှင့် ပက်သက်ပြီး သူဟာ စိတ်ပါဝင်စားခြင်းမရှိပါ။

သူဆင့်ခေါ်ခဲ့သော မျောက်ဘုရင်ဟာ ထျန်းကျွင်းအဆင့် စွမ်းအားရှင်များစွာကို သတ်ဖြတ်ခဲ့သည်လေ။

ရှန်းလန်ဘုံလောကကြီးမပြိုကွဲခင်မှာ ထျန်းတုမြို့အရှင်က အဲ့လောက်တောင် အစွမ်းထက်ခဲ့တယ်ဆိုတော့ သူ့မှာ ကျိန်းသေပေါက် လျှို့ဝှက်ချက်တစ်ခုရှိနေရမယ်။

ယွမ်ဟွားကောင်းကင်ဘုံရဲ့ အင်အားစုတွေက သူ့ကိုရင်ဆိုင်တိုက်ခိုက်ဖို့ ထျန်းကျွင်းအဆင့် စွမ်းအားရှင် ၆ ယောက်ကိုတောင် စေလွှတ်ခဲ့ရတယ်။ ထျန်းတုမြို့အရှင်ရဲ့ စွမ်းအားက အနည်းဆုံးတော့ ထျန်းကျွင်းအထွတ်အထိပ်အဆင့်မှာပဲ ဖြစ်ရမယ်။

ဤမျှလောက်သန်မာသော စွမ်းအားရှင်တစ်ယောက် ကြွင်းကျန်ရစ်ခဲ့သည့် ဂူသင်္ချိုင်းက ဝမ်ဖုန်း၏ စိတ်ပါဝင်စားမှုနှင့် ထိုက်တန်ပါလေသည်။

သူ့တွင် စနစ်ရှိသော်လည်း သူသည် အချိန်တိုအတောအတွင်း၌ ထျန်းကျွင်းအဆင့် စွမ်းအားရှင်များကို ဆင့်ခေါ်နိုင်ဖို့ မဖြစ်နိုင်သေးပါ။

"ပြောကြတာတော့ ထျန်းတုမြို့အရှင်မှာ ရတနာပစ္စည်းတစ်ခုရှိနေလို့ ယွမ်ဟွားကောင်းကင်ဘုံရဲ့ အင်အားစုကြီးတွေက လိုချင်နေကြတာတဲ့ ၊ အဲ့ဒီရတနာပစ္စည်းကြောင့်ပဲ ထျန်းတုမြို့အရှင်က အရမ်းအစွမ်းထက်နေရတာ ၊ ထျန်းတုမြို့အရှင် သေဆုံးသွားပေမယ့် အဲ့ဒီရတနာပစ္စည်းကိုတော့ ယွမ်ဟွားကောင်းကင်ဘုံရဲ့ အင်အားစုတွေက မပိုင်ဆိုင်ခဲ့ရဘူး ။အဲ့ဒီအရာက သူ့ရဲ့ဂူသင်္ချိုင်းထဲမှာ ရှိနေခဲ့သေးတယ်"

ယိုဝူမင်၏ စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်းက ထိုလူ့ကိုနက်ရှိုင်းစွာ လှမ်းကြည့်လိုက်သည်။ သူက အနည်းငယ် စိတ်ဝင်စားလာမိသည်။ ဒီလူက သူ့ကို အရာအားလုံး ပြောပြရလောက်အောင် ယုံကြည်မှုပြင်းထန်နေတာလား?။

"မင်းတို့ဘာလို့ ရှန်ရှန့်ကျုံဂိုဏ်းကို ရွေးချယ်ခဲ့တာလဲ?"

"ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ခွန်အားက သန်မာပြီး ယိယွမ်ဘုရားကျောင်းကိုတောင် ရင်ဆိုင်ရဲတယ် ၊ ဒီအကြောင်းပြချက်က လုံလောက်ပြီလား?"

ဝမ်ဖုန်း၏ အမေးကိုကြားလိုက်ရသည့်အခါ ယိုဝူမင်က ပြုံးလိုက်ပြီး ပြောဆိုလိုက်သည်။

"လုံလောက်တယ်"

ဝမ်ဖုန်းက ခပ်ဖွဖွရယ်မောလိုက်သည်။

"ကျုပ်တို့ ရွှမ်ယွမ်အင်အားစုက အဲ့ဒီရတနာပစ္စည်းတစ်မျိုးတည်းကိုပဲ ယူမယ် ၊ ထျန်းတုမြို့အရှင်ရဲ့ ကြွင်းကျန်ရစ်တဲ့ ရတနာအားလုံးကို ရှန်ရှန့်ကျုံဂိုဏ်းကို ပေးအပ်မယ်"

"ထျန်းတုမြို့အရှင်ရဲ့ ဂူသင်္ချိုင်းကို ရှာဖွေဖို့အတွက်တော့ ကျုပ်တို့ရွှမ်ယွမ်အင်အားစုကို ပုံအပ်လိုက်ပါ ၊ ရှန်ရှန့်ကျုံဂိုဏ်းက တစ်ခုပဲလုပ်ဖို့လိုအပ်တယ် ၊ ရွမ်တုရဲ့ အခြားအင်အားစုကြီး ၅ စုနဲ့ ယိယွမ်ဘုရားကျောင်းကို ကာကွယ်ပိတ်ဆို့ပေးထားပေးရမယ်... ဟုတ်တာပေါ့ ၊ ကျုပ်တို့ရဲ့ ရွှမ်ယွမ်အင်အားစုကလည်း ရှန်ရှန့်ကျုံဂိုဏ်းကိို ကူညီဖို့ စွမ်းအားရှင်တွေ စေလွှတ်ပေးမှာပါ"

ယိုဝူမင်၏ စကားကို ကြားလိုက်ရတဲ့အခါ ဝမ်ဖုန်းက ကြောင်အသွားခဲ့သည်။ သူက ယိုဝူမင်ကို စိတ်ဝေဒနါရှင်တစ်ယောက်လိုမျိုး လှမ်းကြည့်လိုက်သည်။ သူက အရမ်းကို ယုံကြည်မှုတွေ ပြင်းထန်နေတာလား?။

သူ့ရဲ့ရှန်ရှန့်ကျုံဂိုဏ်းက အမြှောက်စာတစ်ကောင်ပေါ့လေ။

အစက ယိုဝူမင်၏ အလွန်အမင်းယဥ်ကျေးသော အမူအရာကို တွေ့မြင်လိုက်ရတာကြောင့် ဝမ်ဖုန်းက ၎င်းအထူးအင်အားစုများမှာ ထင်ထားသလောက်လည်း မဆိုးသေးပါဘူးဟု တွေးထင်ခဲ့မိသည်။ အခုချိန်မှာတော့ သူထင်ခဲ့သမျှဟာ မှားယွင်းသွားခဲ့လေပြီ။

ထိုယိုဝူမင်ဟာ ယဥ်ကျေးသိမ်မွေ့ပုံပေါ်သော်လည်း တကယ်တော့ သူဟာ မောက်မာထောင်လွှားပြီး သူ့မျက်စိထဲတွင် ဘယ်သူ့ကိုမှ အရေးမထားပါ။

ဒီကမ္ဘာကြီးထဲမှာ သနားကြင်နာမှုဆိုတာ မရှိတော့ဘူးလား? ချစ်ခြင်းမေတ္တာတရားတွေရော တစ်ကယ်ပဲ ပပျောက်ကုန်ပြီလား?။

All Chapters