မြေအောက်ဘုံလောကရဲ့ စစ်ဗိုလ်ချုပ်ကြီး
Vol. 29 Ch. 395
လုရန်မွေးဖွားလာပြီးကတည်းက သူမအမေ၏ မျက်ဝန်းများအတွင်းတွင် အကြောက်တရားကို ဘယ်တုန်းကမှ မတွေ့မြင်ခဲ့ဘူးပါ။ ယန်လဲ့အမတမြို့တော်နှင့် ရင်ဆိုင်နေရသည့်အချိန်မှာတောင် သူမ၏အမေက လွှမ်းမိုးချုပ်ကိုင်နိုင်သော စိတ်နေသဘောထားဖြင့် ထိန်းချုပ်ကိုင်တွယ်နိုင်ခဲ့သည်။ အခုအချိန်မှာတော့ သူမအမေရဲ့ မျက်ဝန်းထဲမှာ အကြောက်တရားအရိပ်အရောင်ကို တွေ့မြင်နေရတာလား။
ရှန်ရှန်ကျုံဂိုဏ်းက အရမ်းကို ကြောက်ဖို့ကောင်းတာလား။ ဒါ့အပြင် သူမဟာ မွေးဖွားလာပြီးကတည်းက ယင်ဖုန်းအမတမြို့တော်၏ အပြင်ဘက်ကို ဘယ်တုန်းကမှ မထွက်ခွာဖူးပါ။ ယန်လဲ့အမတမြို့တော်၏ သခင်ငယ်လေးက သူမကို လက်ထပ်ခွင့်လာတောင်းသည့်အခါမှာတောင် သူမ၏အမေက ပြစ်တင်ရှုတ်ချ ငြင်းပယ်ခဲ့သေးသည်။ လက်ရှိတွင် သူမ၏အမေက သူမကို ဂိုဏ်းတစ်ဂိုဏ်းဆီ သွားရောက်ဖို့ပြောဆိုနေသည်။ ဒါက သူမဘဝတွင် ပထမဆုံးပင်။
" အမေ...ရှန်ရှန်ကျုံဂိုဏ်းဆိုတာ ယန်လဲ့အမတမြို့တော်ရဲ့ အခင်လေးကို သတ်ဖြတ်ပစ်လိုက်တဲ့ဂိုဏ်းလား။ "
လုရန်၏ မျက်ဝန်းအကြည့်များမှာ ပြောင်းလဲသွားပြီး တိုးညင်းစွာ မေးမြန်းလိုက်သည်။
ယန်လဲ့အမတမြို့တော်က သတင်းများကို ပိတ်ဆို့ခဲ့သော်လည်း အဆင့်တူအင်အားစုကြီးတစ်စုဖြစ်သည်နှင့်အညီ အချို့သောသတင်းများကို ယင်ဖုန်းအမတမြို့တော်က ရှာဖွေသိရှိနိုင်ခဲ့သည်။ အဲ့ဒီအချိန်မှာ ရှန်ရှန်ကျုံဂိုဏ်း၏ သတင်းက ယင်ဖုန်းအမတမြို့တော်၏ နားအတွင်းသို့ ပထမဆုံးရောက်ရှိလာခဲ့သည်။
သို့ပါသော်လည်း ထိုအချိန်တုန်းက ယင်ဖုန်းအမတမြို့တော်ရော၊ သူမ လုရန်ကပါ၊ ဒီကိစ္စကို ရေးကြီးခွင်ကျယ် မတွေးခဲ့ပါ။ သူတို့က ရှန်ရှန်ကျုံဂိုဏ်းကို သာမန်ကာလျှံကာသာ တွေးတောခဲ့မိသည်။
ယိယွမ်ဘုရားကျောင်းအုပ်စိုးထားသော အလယ်ပိုင်းကုန်းမြေကြီးတွင် နောက်ထပ်အသန်မာဆုံးအင်အားစုများမှာ ယန်လဲ့အမတမြို့တော်နှင့် ယင်ဖုန်းအမတမြို့တော်တို့ ဖြစ်ကြသည်။
ဘယ်အင်အားစုကမှ ယန်လဲ့အမတမြို့တော်ကို ဒီလိုမျိုး ရန်မစရဲကြပါ။ မြို့သခင်ငယ်လေးတစ်ယောက် သတ်ဖြတ်ခံလိုက်ရခြင်းက ယန်လဲ့အမတမြို့တော်အတွက် ကြီးမားစွာ အရှက်ရစေလိမ့်မည်။
ထိုအချိန်တွင် အလယ်ပိုင်းကုန်းမြေရှိ လူတိုင်းလိုလိုက ယန်လဲ့အမတမြို့တော်က ရှန်ရှန်ကျုံဂိုဏ်းကိုဘယ်လိုမျိုးဖျက်စီးမလဲဆိုတာ ဆွေးနွေးပြောဆိုခဲ့ကြသည်။ သူတို့က ထိုကိစ္စနှင့်ပတ်သတ်ပြီး အလောင်းအစားများတောင် ပြုလုပ်ခဲ့ကြသေးသည်။
လုချင်းကခေါင်းညိမ့်လိုက်သည်။ သူမ၏လှပသော မျက်ဝန်းလေးများအတွင်း၌ ဝမ်းနည်းမှု အရိပ်အငွေ့လေးများ ရှိနေခဲ့ပြီး သူမက တည်ကြည်စွာ ပြောလိုက်သည်။ " ဒါတင်မကသေးဘူး။ မနေ့က ရှန်ရှန်ကျုံဂိုဏ်းကို ဖျက်စီးဖို့ စေလွှတ်လိုက်တဲ့ ယိယွမ်ဘုရားကျောင်းနဲ့ ယန်လဲ့အမတမြို့တော်ရဲ့ အင်အားစုတွေကို ရှန်ရှန်ကျုံဂိုဏ်းက ဖျက်စီးလိုက်သေးတယ်။ "
" အန္တိမနတ်မင်းအထွတ်အထိပ်စွမ်းအားရှင်လေးယောက်နဲ့ ထောင်ကျော်တဲ့ ပြောင်းလဲခြင်းနတ်မင်းအထက်အဆင့် စွမ်းအားရှင်တွေ အကုန်လုံး အသတ်ခံခဲ့ရတယ်။ "
လုချင်း၏စကားဆုံးသွားသည့်အခါ လုရန်၏လှပသော မျက်ဝန်းလေးများမှာ ပြူးကျယ်သွားခဲ့သည်။ သူမ၏မျက်နှာထက်၌ ကြောင်အထိတ်လန့်နေသော အမူအရာတစ်ခု ဖြစ်တည်လာခဲ့သည်။ ဒီသတင်းကို သူမအမေကိုယ်တိုင်ပြောပြနေ၍သာမဟုတ်ပါက သူမယုံကြည်နိုင်မှာမဟုတ်ပါ။
" ဒါက ...ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "
လုရန်က နှုတ်ခမ်းကို ခပ်ဟဟဖွင့်လိုက်ပြီး အံ့အားတသင့် ရေရွတ်လိုက်သည်။
ဤအချိန်တွင် လုရန်၏နှလုံးသားက လှိုင်းထန်နေခဲ့သည်။ သူမမွေးဖွားလာတည်းက အလွန်ထိတ်လန့်သွားဖူးသည်မှာ ဒီတစ်ကြိမ်သာရှိသေးသည်။ ရှန်ရှန်ကျုံဂိုဏ်းက ယိယွမ်ဘုရားကျောင်းနှင့် ယန်လဲ့အမတမြို့တော်၏ စွမ်းအားရှင်များကို သတ်ဖြတ်ခဲ့ခြင်းမှာ အဘယ်မျှလောက် ထိတ်လန့်ဖွယ်ကောင်းကြောင်း ပြဆိုနေခဲ့သည်။
အလယ်ပိုင်းကုန်းမြေတွင် ယိယွမ်ဘုရားကျောင်း၏ ဂုဏ်သတင်းမှာ အင်မတန်မှကြီးမားပြီး ရှန်းရွမ်ဘုံလောကကြီးတစ်ခုလုံး၏ ပြယုဒ်ဟုလည်းပြောဆိုနိုင်သည်။ သူမမွေးဖွားမလာခင်ကတည်းက ယိယွမ်ဘုရားကျောင်းဟာ ရှန်ရွှမ်ဘုံလောကြီး၏ နံပါတ်တစ်အင်အားစု ဖြစ်နေခဲ့ပြီးဖြစ်သည်။
ထိုကဲ့သို့အင်အားစုကြီးက ရှန်ရှန်ကျုံဂိုဏ်းကို ဖျက်စီးဖို့ စွမ်းအားရှင်တွေ တကယ်ကြီး စေလွှတ်ခဲ့တာလား။ ပြီးတော့ ရှန်ရှန်ကျုံဂိုဏ်းကို မဖျက်စီးလိုက်ရဘဲ သူတို့စေလွှတ်လိုက်တဲ့ စွမ်းအားရှင်တွေကသာ ရှန်ရှန်ကျုံဂိုဏ်းရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာလား။ ဒါက တွေးတောဖို့ရန်တောင် တကယ့်ကို ထိတ်လန့်ဖွယ်ကောင်းလှသည်။ ဒီသတင်းသာ ပျံ့နှံ့သွားပါက အလယ်ပိုင်းကုန်းမြေကြီးတစ်ခုလုံး တုန်လှုပ်သွားကြရလိမ့်မည်။
ဒါ့အပြင် ယန်လဲ့အမတမြို့တော်က လက်စားချေရန် စွမ်းအားရှင်များ စေလွှတ်ခဲ့သည်ကိုလည်း ထည့်မပြောရသေးပေ။ သူမတို့ရဲ့ ယင်ဖုန်းအမတမြို့တော်မှတပါး ကြွင်းကျန်ရစ်သော အလယ်ပိုင်းကုန်းမြေ၏ အသန်မာဆုံးအင်အားစုနှစ်စုသည် အတူတကွပူးပေါင်းခဲ့ကြသော်လည်း ရှန်ရှန်ကျုံဂိုဏ်းကို ဖျက်ဆီးရန် ကျရှုံးခဲ့ရသည်။
ဤသည်မှာ အိမ်မက်တစ်ခုအလား ဒဏ္ဍာရီဆန်လှသည်။
" မြေအောက်ဘုံလောက ကျူးကျော်လာခဲ့တဲ့ အရှေ့ပိုင်းနယ်မြေနဲ့ မြောက်ပိုင်းနယ်မြေတို့က မြေအောက်ဘုံလောကရဲ့ ဖျက်စီးခြင်းကို ခံလိုက်ရပြီ။ အစက တောင်ပိုင်းနယ်မြေကလည်း မြေအောက်ဘုံလောက ကြီးစိုးခံရမည့်ကံတရားက လွှတ်မြောက်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ရှန်ရှန်ကျုံဂိုဏ်းက ကယ်တင်နိုင်ခဲ့တယ်လေ။ " လုချင်းက သူမ၏ထိတ်လန့်နေသော သမီးလေးကို လှမ်းကြည့်လိုက်ပြီး ဆက်လက်ပြောဆိုလိုက်သည်။
အလွန်ထိတ်လန့်သွားသည့်အတွက် သူမသမီးကို သူမက အပြစ်မတင်ပါ။ သူမလည်းပဲ ထိုသတင်းကို စတင်ကြားသိလိုက်ရသည့်အခါ ထပ်တူထပ်မျှ အံ့သြခဲ့ရသည်။
လုရန်က သူမ၏နှလုံးသားအတွင်းမှ ထိတ်လန့်မှုများကို ဖိနှိပ်လိုက်သည်။ သူမက မျက်မှောင်ကျုံ့လိုက်ပြီး မှုန်မှိုင်းနေသော အမူအရာဖြင့် မေးမြန်းလိုက်သည်။ " မြေအောက်ဘုံလောကက ရုတ်တရက်ကြီး ဘာလို့ ကျူးကျော်လာရတာလဲ။ ဖြစ်နိုင်တာက..."
အလယ်ပိုင်းကုန်းမြေတွင် ယိယွမ်ဘုရားကျောင်းပြီးနောက် အသန်မာဆုံးအင်အားစုနှစ်စုထဲမှ တစ်စုဖြစ်သည့်အလျောက် ယင်ဖုန်းအမတမြို့တော်ဟာလည်း အချို့သော လျို့ဝှက်ချက်များကို သိရှိထားလေသည်။ လုရန်က ယင်ဖုန်းအမတမြို့တော်၏ အပြင်ဘက်ကို ထွက်ခွာခွင့်မရတာကြောင့် သူမပျင်းရိသည့်အခါတိုင်းတွင် ရှေးဟောင်းလျို့ဝှက်ချက်များ မှတ်တမ်းတင်တးထားသည့် ပေလွှာများကို ဖတ်ရှူ့အပန်းဖြေခဲ့ရသည်။
မြေအောက်ဘုံလောက ရုတ်တရတ်ကျူးကျော်လာသည့်သတင်းကို ကြားလိုက်ရပြီးနောက် သူမက ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုကို ခန့်မှန်းနိုင်ခဲ့သည်။
မြေအောက်ဘုံလောကက လွှမ်းမိုးချုပ်ကိုင်နိုင်ပြီး ရှန်းလန်ဘုံလောကကြီးကို ယခင်က ကျူးကျော်ခဲ့ဖူးသော်လည်း သူတို့ကို လုံလောက်အောင် စိတ်လှုပ်ရှားစေနိုင်သောအရာ မရှိပါက အဘယ့်ကြောင့်များ အားအားယားယား ရုတ်တရက်ကျူးကျော်လာရမည်နည်း။
လာပြီးမေနာက်စမ်းပါနဲ့...ရှန်းလန်ဘုံလောကကြီးက ကျိုးပျက်သွားသော်လည်း ၎င်း၏ခွန်အားမှာ အင်မတန်မှ သန်မာနေသေးသည်။ ပြောရပါလျှင် ရှန်းလန်ဘုံလောကဟာ တစ်ချိန်တစ်ခါတုန်းက ယွမ်ဟွားကောင်းကင်ဘုံ၏လက်အောက်တွင် အသန်မာဆုံးဘုံလောကကြီး ဖြစ်ခဲ့ရပြီး ယွမ်းဟွားကောင်းကင်ဘုံကိုတောင် ထိတ်လန့်စေခဲ့ဖူးသည်။
မြေအောက်ဘုံလောကဟာ လက်ရှိတွင် ယွမ်ဟွားကောင်းကင်ဘုံ၏လက်အောက်တွင် အသန်မာဆုံး ဘုံလောကြီးအဖြစ် ရပ်တည်လာနိုင်ခဲ့သော်လည်း ယခင်က ရှန်းလန်ဘုံလောက၏ခွန်အားနှင့် နှိုင်းဆရပါက အင်မတန်မှ အားနည်းနေသေးသည်။
မြေအောက်ဘုံလောက၏ခွန်အားဖြင့် ရှန်းရွှန်ဘုံလောကကို ကျူးကျော်လာခဲ့ပါက သူတို့လည်း ပြင်းထန်သောတန်ကြေးကို ပေးဆပ်ရလိမ့်မည်။ ဒါကိုတောင် သူတို့က ရူးရူးမိုက်မိုက် ကျူးကျော်လာခဲ့သေးတာလား။
" ထျန်းတုမြို့အရှင်ရဲ့ ဂူသချိုင်းက ပြန်လည်ထွက်ပေါ်လာတော့မယ်။ " လုချင်းက ခေါင်းညိမ့်လိုက်ပြီး တိုးညှင်းစွာပြောဆိုလိုက်သည်။
လုချင်း၏အတည်ပြုသံကို ကြားလိုက်ရသည့်အခါ လုရန်၏ မျက်ဝန်းလေးများမှာ လှုပ်ခါသွားပြီး သူမ၏လှပသော မျက်နှာလေးဟာ လွန်မင်းစွာ တည်တံ့သွားခဲ့သည်။ သူမက ရှေးဟောင်းလျို့ဝှက်ချက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ဒါက ဘာကိုဆိုလိုသလဲဆိုတာကို တိတိပပ ခန့်မှန်းရိပ်ဆမိခဲ့သည်။
ဤယှဥ်ပြိုင်ပွဲတွင် ယင်ဖုန်းအမတမြို့တော်၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် မိမိကိုယ်ကို ကာကွယ်နိုင်ဖို့ မသေချာပါ။ သူမတို့သာ သေသေချာချာ လှုပ်ရှားဆောင်ရွက်ခြင်းမရှိပါက ရှန်းရွှန်ဘုံလောက၊ အခြားအင်အားစုကြီးများ၏ လက်အောက်တွင် နစ်မြှပ်ပျောက်ကွယ်သွားလိမ့်မည်။
ထျန်းတုမြို့အရှင်၏ ဂူသချိုင်းနဲ့ ပတ်သတ်လာလျှင်တော့ သူမတို့၏ ယင်ဖုန်းအမတမြို့တော်က ပါဝင်ယှဥ်ပြိုင်ရန် အဆင့်မမှီပါ။ ထိုဂူသချိုင်းအတွက် ပါဝင်ယှဥ်ပြိုင်ရန် အဆင့်မှီသည့်စွမ်းအားစုများမှာ ယိယွမ်ဘုရားကျောင်းနှင့်ရွှမ်တုမဟာအင်အားစု ခြောက်စုသာရှိလေသည်။ အဆိုပါ ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းသော အင်အားစုကြီး ခုနှစ်စု၏ ရှေ့မှောက်တွင် သူမ၏ ယင်ဖုန်းအမတမြို့တော်က ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးနုတ်ညံ့ဖျင်းလှသည်။
" အမေ့ရဲ့အစီအစဥ်က ဘာများလဲ" လုရန်က လုချင်းကို စိုးရိမ်ပူပင်စွာ လှမ်းကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။
" ယိယွမ်ဘုရားကျောင်းက ကမ္ဘာ့အရေးကိစ္စတွေကို လျစ်လျူရှူထားပုံပေါ်ပေမဲ့ တကယ်တော့ သူတို့က အတွင်းကျကျကြံစည်နေတာ။ ယင်ဖုန်းအမတမြို့တော်ရဲ့ ခွန်အားတစ်ခုတည်းအပေါ် အားကိုးရမယ်ဆိုရင် ဒီတိုက်ပွဲမှာ ငါတို့ အရိုးတောင်မကျန်ရစ်မှာကို ကြောက်လန့်မိတယ်။ " လုချင်း၏မျက်ဝန်းများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ပြတ်သားစွာ ပြောဆိုလိုက်သည်။
ထိုအရှုပ်ထွေးများကြားတွင် ယင်ဖုန်းအမတမြို့တော်တစ်ခုလုံး ဝါးမြိုခံလိုက်ရနိုင်သည်။ သူတို့အားလုံးဟာ ယိယွမ်ဘုရားကျောင်းနှင့် အခြားထူးခြားသော အင်အားစုများ၏ လက်ခုပ်အတွင်းမှ မလွှတ်မြောက်နိုင်မှာကို စိုးရွံ့မိသည်။
သူမကိုယ်တိုင်ကံတရားအတွက်နှင့် သူမ၏သမီးလေးအတွက်တော့ လုချင်းက ယိယွမ်ဘုရားကျောင်းကို မှီခိုရန် မစီစဥ်ထားပါပေ။
" အမေက ရှန်ရှန်ကျုံဂိုဏ်းကို ရွေးချယ်လိုက်တာလား။ ရှန်ရှန်ကျုံဂိုဏ်းနဲ့ ပတ်သတ်ပြီး ဘာတွေကိုယုံကြည်ကိုးစားနေမိတာလဲ"
ယင်ဖုန်းအမတမြို့တော်က ယိယွမ်ဘုရားကျောင်းနဲ့ ဒဏ္ဍာရီလာ ရွမ်တုမဟာအင်အားစုခြောက်စုလောက် သန်မာခြင်းမရှိသော်လည်း ယင်ဖုန်းအမတမြို့တော်သာ ထိုအင်အားစုကြီးတစ်စုစုကို ပူးပေါင်းရန်အစပျိုးလိုက်ပါက ဘယ်အင်အားစုကမှ ငြင်းပယ်မှာ မဟုတ်ပါ။
သို့ပါသော်လည်း သူမ၏အမေက တိတိပပမခန့်မှန်းနိုင်သော ရှန်ရှန်ကျုံဂိုဏ်းကို မှီခိုရန်ရွေးချယ်ခဲ့သည်။ဒါက လုရန်ကို နားမလည်နိုင်အောင် ဖြစ်လာစေခဲ့သည်။
ရှန်ရှန်ကျုံဂိုဏ်းက ယိယွမ်ဘုရားကျောင်း၏ စွမ်းအားရှင်များကို သတ်ဖြတ်ရဲသည်အတွက် သူတို့က တကယ့်ကို သတ္တိရှိပါသည်။ သို့ပါသော်လည်း ယိယွမ်ဘုရားကျောင်း၏စွမ်းအားမှာ အင်မတန်မှ ထိတ်လန့်ဖွယ်ကောင်းသည်။ ရှန်ရှန်ကျုံဂိုဏ်းက ယိယွမ်ဘုရားကျောင်း၏ပြိုင်ဖက် ဖြစ်လာနိုင်လိမ့်မည်ဟုတော့ လုရန်တစ်ယောက် တွေးထင်မထားပါ။
ဤအချိန်တွင် ယိယွမ်ဘုရားကျောင်းစေလွှတ်လိုက်သော ခွန်အားကို ရှန်ရှန်ကျုံဂိုဏ်းက ဖျက်စီးနိုင်ခဲ့သော်လည်း ယိယွမ်ဘုရားကျောင်းသာ လေးလေးနက်နက်လုပ်ဆောင်ပါက ရှန်ရှန်ကျုံဂိုဏ်းဟာလည်း တားဆီးနိုင်မှာ မဟုတ်ပါ။
" ရှန်ရှန့်ကျုံဂိုဏ်းက မြေအောက်ဘုံလောကရဲ့ ရှေးပြေးတပ်ကို ဖျက်စီးနိုင်ခဲ့တယ်။ ဒါ့အပြင် ယိယွမ်ဘုရားကျောင်းနဲ့ ယန်လဲ့အမတမြို့တော်ရဲ့ အဖွဲ့သားတွေကိုလည်း သတ်ဖြတ်နိုင်ခဲ့တယ်။ ရှန်ရှန်ကျုံဂိုဏ်းရဲ့ခွန်အားက ကောင်းမွန်တယ်ဆိုတာကို ပြသနေတယ်။အရေးကြီးဆုံးအရာက ရှန်ရှန်ကျုံဂိုဏ်းရဲ့ ခွန်အားနဲ့ အချက်အလက်တွေကို ဘယ်သူကမှ တိတိပပ မသိဘူး။ "
" အမေက ရှန်ရှန်ကျုံဂိုဏ်းကို နောက်ဆုံးအနိုင်ရသူ ဖြစ်လာလိမ့်မယ်လို့ ထင်နေတာလား။ ရှန်ရှန်န်ကျုံဂိုဏ်းအပေါ် လောင်းကြေးထပ်ဖို့ စဥ်းစားနေတာလား။ "
" ဒါ့အပြင် ရွမ်တုမဟာအင်အားစုခြောက်စုရော ယိယွမ်ဘုရားကျောင်းတို့ကပါ ငါတို့ယင်ဖုန်းအမတမြို့တော် မှီခိုဖို့ မသင့်တော်ဘူးလို့ အမေထင်တယ်"
လုချင်း၏ လှပသောမျက်ဝန်းလေးများအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့ပြီး သူမက တိုးညှင်းစွာ ပြောဆိုလိုက်သည်။
" သမီးသွားမယ် "
လုရန်က ခေါင်းညိတ်လိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ပြောဆိုလိုက်သည်။ သူမက သူမအမေ၏ ဆုံးဖြတ်ချက်များအပေါ် ဘယ်တုန်းကမှ သံဿယမဝင်ခဲ့ဖူးပါ။ ယင်ဖုန်းအမတမြို့တော်ကို ဘယ်သူကမှ သူမအမေလောက် ကောင်းကောင်းမွန်မွန် မအုပ်ချုပ်နိုင်ဘူးဆိုတာ သူမသေချာပေါက် သိထားသည်။
" လူကြီးမင်းလင်ကိုလည်း မင်းနဲ့အတူ ထည့်ပေးလိုက်မယ်။ "လုချင်းက လုရန်ကို ချစ်မြတ်နိုးစွာကြည့်လိုက်ပြီး ထပ်ပေါင်းပြောဆိုလိုက်သည်။
........
ရှန်ရှန်ကျုံဂိုဏ်းရဲ့ ဂိုဏ်းချုပ်ခန်းမကြီးထဲတွင် ဝမ်ဖုန်းက အဓိကပုလ္လင်ပေါ်တွင် ထိုင်နေကာ သူ၏အရှိန်အဝါများကို ထိန်းညှိနေခဲ့သည်။ ရုတ်တရက်ဆိုသလို စနစ်၏အေးစက်သော အသံက သူ၏စိတ်အာရုံအတွင်း၌ ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
" ဒင်.....မြေအောက်ဘုံလောက ရှေးပြေးတပ်သားများကို ရှန်ရှန်ကျုံဂိုဏ်းအကြီးအကဲများက အောင်မြင်စွာ ဖျက်စီးခဲ့သည့်အတွက် ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်။ ဂိုဏ်းအမှတ် (30)ဘီလီယံနဲ့ နတ်မင်းနယ်ပယ် အန္တိမဆင့်ခေါ်ခွင့် ငါးကြိမ် ဆုချလိုက်သည်။ "
ဝမ်ဖုန်းက စိတ်ကျေနပ်စွာ ခေါင်းတစ်ဆတ်ဆတ်ညိမ့်လိုက်သည်။ လီပိုင်၏စွမ်းအားဖြင့်ဆိုပါက မြေအောက်ဘုံလောက၏ ကြွင်းကျန်ရစ်သော စစ်သားများကို ဖျက်စီးရန်မှာ အလွန်လွယ်ကူနေသည်။ ရွှမ်ယွမ်အင်အားစုမှလူများ မနေ့က ထွက်ခွာသွားပြီးနောက် အမည်မဲ့ဓားသမား၊ ကျန်းစန်ဖုန်းနှင့်အခြားသူများလည်း ပြန်ရောက်လာခဲ့သည်။ ဆိုလိုသည်က အရှေ့ပိုင်းနယ်မြေနှင့် မြောက်ပိုင်းနယ်မြေတို့က သူ့၏ရှန်ရှန်ကျုံဂိုဏ်းလက်အတွင်းသို့ ကျရောက်သွားခဲ့လေပြီ။
သို့ပါသော်လည်း မြေအောက်ဘုံလောရဲ့ ကျူးကျော်မှုခံလိုက်ရပြီးနောက် အရှေ့ပိုင်းနယ်မြေနှင့် မြောက်ပိုင်းနယ်မြေတို့တွင် ကျင့်ကြံသူများများစားစား မကျန်ရစ်ခဲ့တော့ပါ။ သူတို့၏ခွန်အားများကလည်း လက်ရှိတောင်ပိုင်းနယ်မြေ၏ခွန်အားများထက်တောင် ဆိုးဆိုးရွားရွားဖြစ်နေသေးသည်။ တခဏကြာတွေးတောလိုက်ပြီးနောက် ဝမ်ဖုန်းက စွမ်းအားရှင်များ မဆင့်ခေါ်သေးဖို့ ဆုံးဖြတ်လိုက်သည်။ စနစ်ကို အဆင့်(11)သို့ မြှင့်တင်ပြီးပါက နောက်ထပ်ကြီးကြီးကျယ်ကျယ်ထပ်မံ ဆင့်ခေါ်ရမည်။ ဒီလိုမှသာ ရွှမ်တုမဟာအင်အားစုခြောက်စုနဲ့ ယှဥ်ပြိုင်နိုင်လိမ့်မည်။
ဝမ်ဖုန်းက ဂိုဏ်းတပည့်များကို လေ့ကျင့်သင်ကြားပေးဖို့အတွက် ကျန်းစန်ဖုန်းတို့အုပ်စုကို အသံကူးပြောင်းရေးစွမ်းအင်ဖြင့် သတင်းပို့လိုက်သည်။ ထို့နောက် သူက ကျင့်ကြံရေးတွင် နောက်တစ်ကြိမ်နစ်မျောသွားခဲ့သည်။
တချိန်တည်းမှာပင် ရှန်းရွှမ်ဘုံလောကြီးတည်ရှိနေသည့် မိုးကောင်းကင်ကြီး၏ အစွန်အဖျားနားတွင် ကြီးမားသော လှေပျံကြီးများသည် လေထုအတွင်းမှ ထွက်ပေါ်လာကြသည်။ ကြယ်ရောင်စုံသော ကောင်းကင်ကြီးထဲတွင် ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းသော လေထုကြီးက ကြီးစိုးလျက်ရှိသည်။ ထိုလှေပျံကြီးများ ဖြတ်သန်းသွားလာသည်နှင့်တစ်ပြိုင်နက် ကြယ်ငယ်များရော ဥက္ကာခဲများကပါ အပိုင်းပိုင်းအစစ ပြတ်တောက်သွားခဲ့ရသည်။ ၎င်းလှေပျံကြီးများ၏ အလယ်ဗဟိုတွင် နဂါးတစ်ကောင်၏ ပုံသဏ္ဍာန်ရှိသော အလွန့်အလွန်ကြီးမားသော လှေပျံကြီးတစ်စင်းလည်းရှိနေခဲ့သည်။ အဆိုပါနဂါးပုံသဏ္ဍာန်လှေပျံကြီးမှာ အနီးအနားရှိ လှေပျံကြီးများထက် ပို၍ကြီးမားသည်။
မြေအောက်ဘုံလောက၏ အသန်မာဆုံးစစ်သည်တော်တစ်ယောက်ဖြစ်သည့် မြေအောက်နတ်ဘုရားမင်းဆက်၏ ဗိုလ်ချုပ်ကြီးယိုတောက်သည် ၎င်းလှေပျံကြီးပေါ်တွင် လက်နှစ်ဖက်ကိုနောက်ပစ်လျက် မတ်တပ်ရပ်နေခဲ့သည်။ သူ၏ပတ်ပတ်လည်တွင် လူဒါဇင်ကျော်ကလည်း ဝန်းရံလျက်ရှိသည်။ သူတို့အားလုံးဟာ မြေအောက်နတ်ဘုရားမင်းဆက်၏ စစ်သူကြီးများဖြစ်ကြသည်။ သို့ပါသော်လည်း သူတို့၏ အရှိန်အဝါများက ယိုတောက်၏အရှိန်အဝါနှင့်နှိုင်းယှဥ်လိုက်ပါက ကောင်းကင်နှင့်မြေကြီးတမျှ နိမ့်ကျသွားခဲ့ရသည်။
" ဗိုလ်ချုပ်ကြီး မင်သိရဲ့သေဆုံးမှုအတွက် ရှန်းရွမ်ဘုံလောကက ကျိန်းသေပေါက် ပြန်လည်ပေးဆပ်ရမယ်!။" ယိုတောက်၏ဘေးနားတွင် မတ်တပ်ရပ်နေသော လူတစ်ယောက်က ဒေါသထွက်နေသော အမူအရာဖြင့် အေးစက်စွာ ပြောဆိုလိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး၌ ပြင်းထန်လွန်းသော သတ်ဖြတ်ခြင်းအရှိန်အဝါများ ရစ်သိုင်းလျက်ရှိသည်။
သူသည် မြေအောက်နတ်ဘုရားမင်းဆက်၏ စစ်သူကြီးဖြစ်သော မင်ရှောင်းဖြစ်သည်။ သူဟာ မင်သိ၏အဖေလည်းဖြစ်ပါသည်။
မင်ရှောင်း၏စကားဆုံးသွားသည့်အခါ အခြားသောစစ်သူကြီးများ၏ မျက်ဝန်းများကလည်း အေးစက်လာခဲ့သည်။ မြေအောက်ဘုံလောက၏ ရှေ့ပြေးတပ်ကြီးနှစ်တပ် ဖျက်စီးခံလိုက်ရသည့်သတင်းမှာ သူတို့မြေအောက်ဘုံလောကကို အရှက်ရစေခဲ့သည်။
" မစိုးရိမ်ပါနဲ့ ...ရန်သူတွေက ထွက်မပြေးနိုင်ပါဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ငါတို့ရဲ့ အဓိကရည်မှန်းချက်က ထျန်းတုမြို့အရှင်ရဲ့ ဂူသချိုင်းကိုပဲ။ အရှင်မင်းကြီးက ထျန်းတုမြို့အရှင်ရဲ့ ဂူသချိုင်းကို ရယူပိုင်ဆိုင်လိုတယ်။ သေးသေးမွှားမွှားအရာတွေအတွက်နဲ့ ကြီးကြီးမားမား မဆုံးရှုံးရပါစေနဲ့။ "
ယိုတောက်က သူ၏ဘေးနားတွင်ရှိနေသော မင်ရှောင်းကို လှည့်ကြည့်လိုက်ပြီး တည်ကြည်သောအမူအရာနှင့် ပြောဆိုလိုက်သည်။ သူက မင်ရှောင်း၏ပခုံးကို ခပ်ဖွဖွပုတ်လိုက်ပြီး နှစ်သိမ့်ပေးလိုက်သေးသည်။
ဤတစ်ကြိမ်တွင် မြေအောက်နတ်ဘုရားမင်းဆက်က ၎င်းတို့ခွန်အား၏ ထက်ဝက်ကျော်ကို အသုံးပြုခဲ့သည်။ ဤသည်မှာ လက်စားချေဖို့ရန်သာမက ထျန်းတုမြို့အရှင်၏ဂူသချိုင်းအတွက် ပါဝင်ယှဥ်ပြိုင်ဖို့လည်း ဖြစ်လေသည်။
တုနှိုင်းမဲ့ဂိုဏ်းတော်ကြီး
အပိုင်း(၃၉၅)_ မြေအောက်ဘုံလောကရဲ့ စစ်ဗိုလ်ချုပ်ကြီး
ဘာသာပြန်- The Fate