ကြွယ်ဝမှုနှစ်ဆ?
Vol. 29 Ch. 396
ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းချုပ်ခန်းမကြီးထဲတွင် ဝမ်ဖုန်းက အောက်ဘက်ရှိ သွယ်လျသော ခန္ဓာကိုယ်ပိုင်ရှင် လုရန်ကို အဓိပ္ပါယ်ရှိသော အပြုံးတစ်ပွင့်ဖြင့် ငုံ့မိုးကြည့်ရှုလိုက်သည်။ ထျန်းတုမြို့အရှင်၏ ဂူသင်္ချိုင်းထွက်ပေါ်လာခြင်းကြောင့် ကြီးစွာသော အင်အားစုကြီးများမှာ ဆက်လက်၍ ထိုင်မနေနိုင်တော့ပါ။
"သခင်မလေးလု ကျုပ်ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို ဘာအကြောင်းကြောင့်များ ရောက်လာရသလဲ?"
ဝမ်ဖုန်းက ပေါ့ပါးစွာမေးမြန်းလိုက်သည်။ သူက ယင်ဖုန်းအမတမြို့တော်၏ မြို့သခင်မလေးဖြစ်သော လုရန်၏ အဆင့်အတန်းကို မျက်နှာသာမပေးခဲ့ပါ။
လက်ရှိ ရှန်ရှန့်ကျုံဂိုဏ်း၏ ခွန်အားဖြင့်ဆိုပါက ရှန်းရွှမ်ဘုံလောကအတွင်းရှိ ဘယ်အင်အားစုကမှ သူတို့ကို လေးလေးစားစား ဆက်ဆံလာအောင် ပြုလုပ်နိုင်မှာ မဟုတ်ချေ။ ယင်ဖုန်းအမတမြို့တော်၏ မြို့သခင်မကိုယ်တိုင်ရောက်လာရင်တောင် ဝမ်ဖုန်းကတော့ ဒီလိုပဲ ဆက်ဆံမှာဖြစ်သည်။
ဤသည်မှာ သန်မာမှုက ယူဆောင်လာပေးသော ယုံကြည်ချက်ပင် ဖြစ်တော့သည်။
"ဂိုဏ်းချုပ်ဝမ် ကျွန်မကို ခွင့်လွှတ်ပေးပါ ၊ လုရန်က တောင်းဆိုစရာတစ်ခုရှိနေပါတယ်"
ခမ်းနားထည်ဝါပြီး ရုပ်ရည်သွင်ပြင် ချောမောခန့်ညားကာ အမှီအခိုကင်းသော ဝမ်ဖုန်းကို လှမ်းကြည့်လိုက်ပြီး လုရန်၏ လှပသော မျက်ဝန်းအိမ်လေးများအတွင်း၌ အလင်းတန်းတစ်ခု လင်းလက်တောက်ပသွားခဲ့သည်။ သူမက တိုးညင်းစွာ ရေရွတ်လိုက်သည်။
"ကျေးဇူးပြုပြီး ပြောပါ"
"ကျွန်မရဲ့ အမေ ယင်ဖုန်းအမတမြို့တော်ရဲ့ မြို့သခင်မက ကျရောက်လာတော့မယ့် ဘေးအန္တရာယ်တွေကို ခုခံကာကွယ်ဖို့အတွက် ရှန်ရှန့်ကျုံဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ချင်ပါတယ် ၊ ဒီမဟာမိတ် အင်အားစုမှာ ရှန်ရှန့်ကျုံဂိုဏ်းက အဓိကအင်အားစုအဖြစ် ရပ်တည်နိုင်ပါတယ်"
"ဒါပေမယ့် ဒီဆုံးဖြတ်ချက်ကို ကျွန်မ လုရန်ကတော့ မကျေနပ်ပါဘူး"
သခင်မလေးလုရန်က ဝမ်ဖုန်းကို စေ့စေ့စပ်စပ် စိုက်ကြည့်လိုက်ပြီး လေးနက်စွာ ပြောဆိုလိုက်သည်။ သူမ၏ ချိုမြိန်သောအသံလေးက ခန်းမကြီးအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။
"အို?"
ဝမ်ဖုန်း၏ အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားခဲ့ကာ လုရန်ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။ ယင်ဖုန်းအမတမြို့တော်က ရွှမ်ယွမ်မျိုးနွယ်စုလိုမျိုး ဖြစ်နေလိမ့်မည်ဟု သူတွေးထင်ခဲ့သည်။ သူတို့က ကိုယ်ပိုင်အကျိုးအမြတ်အတွက်နဲ့ ရှန်ရှန့်ကျုံဂိုဏ်းကို အမြှောက်စာအဖြစ် အသုံးပြုချင်လိမ့်မည်ဟုပေါ့။
သို့ပေသိ ယင်ဖုန်းအမတမြို့တော်က ရှန်ရှန့်ကျုံဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့လိုရုံသာမက ရှန်ရှန့်ကျုံဂိုဏ်းကိုလည်း အဓိကနေရာက ထားလိမ့်မည်ဟုတော့ သူထင်မထားခဲ့ပါ။
ထိုအင်အားစုကြီးများမှာ ချဥ်းကပ်ရ လွယ်ကူပုံပေါ်သော်လည်း အမှန်တစ်ကယ်မှာတော့ သူတို့က မိုးလောက်ထိအောင် မာနကြီးကြောင်း ဝမ်ဖုန်းသိထားသည်။ ရှန်ရှန့်ကျုံဂိုဏ်းကသာ လုံလောက်အောင်မသန်မာပါက သူတို့က ရှန်ရှန့်ကျုံဂိုဏ်းကို မဟာမိတ်ဖွဲ့ရန် တွေးတောမှာမဟုတ်ပါ။
ယင်ဖုန်းအမတမြို့တော်ရဲ့ မြို့သခင်မက တစ်ကယ့်ကို သတ္တိရှိတာပဲ။
"သခင်မလေးလုက ဘယ်အရာနဲ့ပက်သက်ပြီး မကျေနပ်တာလည်းမသိဘူး?"
ဝမ်ဖုန်းက လုရန်ကို ရွှတ်နောက်နောက် စိုက်ကြည့်လိုက်သည်။ ယင်ဖုန်းအမတမြို့တော်က ရှန်ရှန့်ကျုံဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့လိုကြောင်း သတင်းကိုကြားသိလိုက်ရသော်လည်း ဝမ်ဖုန်းကတော့ တည်ငြိမ်နေသေးဆဲသာ။
ဤမြင်ကွင်းက ရှန်ရှန့်ကျုံဂိုဏ်းအပေါ် လုရန်ကို အကောင်းမြင်လာစေခဲ့သည်။
ဒီသတင်းကို ကြားသိပြီး ဝမ်ဖုန်းကသာ အင်မတန်စိတ်လှုပ်ရှားသွားပါက လုရန်ကလည်း ရှန်ရှန့်ကျုံဂိုဏ်းအပေါ် အထင်အမြင်သေးသွားရပေလိမ့်မည်။
"အမေက ရှင်တို့ ရှန်ရှန့်ကျုံဂိုဏ်းကို အရမ်းမျှော်လင့်ထားတာ ၊ ဒီကပ်ဘေးအတောအတွင်းမှာ ရှန်ရှန့်ကျုံဂိုဏ်းက နောက်ဆုံးအနိုင်ရသူ ဖြစ်လာလိမ့်မယ်လို့တောင် အမေက တွေးထင်ထားတာ"
" ရှင်တို့ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ခွန်အားက သန်မာပေမယ့် ဒီကပ်ဘေးဒုက္ခတွေအတွင်းမှာ နောက်ဆုံးသော အနိုင်ရသူဖြစ်လာဖို့ဆိုရင်တော့ မလုံလောက်သေးဘူး"
"မဟာမိတ်ဖွဲ့ဖို့ကိစ္စနဲ့ ပက်သက်ပြီး ကျွန်မမှာ ထင်မြင် ချက်မရှိပါဘူး။ ဒါပေမယ့် ရှန်ရှန့်ကျုံဂိုဏ်းကို အဓိကအင်အားစုအဖြစ် ထားရှိဖို့နဲ့ ပက်သက်ပြီးတော့ ကျွန်မမကျေနပ်ဘူး"
လုရန်က တုံ့ဆိုင်းနေခြင်းမရှိခဲ့ပါ။ သူမက ဝမ်ဖုန်းကို စေ့စေ့စိုက်ကြည့်လိုက်ပြီး တိုးညင်းစွာ ရေရွတ်လိုက်သည်။
"မင်း မကျေနပ်တာနဲ့ ပက်သက်ပြီး ဒီဂိုဏ်းချုပ်က ဘာလုပ်ပေးရမှာလဲ?"
"ဒီဂိုဏ်းချုပ်က ယင်ဖုန်းအမတမြို့တော်နဲ့ မဟာမိတ်ဖွဲ့ဖို့ကိစ္စကိုတောင် လက်ခံပြီးလို့လား?"
လုရန်၏ စကားကို ကြားလိုက်ရသည့်အခါ ဝမ်ဖုန်း၏ ထူးမခြားနားအသံက ထွက်ပေါ်လာခဲ့သည်။ ၎င်းတည့်တိုးဆန်ပြီး ပြိုင်ဘက်ကင်းသော လေသံက လုရန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထိတ်လန့် တုန်လှုပ်သွားစေခဲ့သည်။
သူမ၏ လှပသော မျက်ဝန်းအိမ်လေးများမှာ လှုပ်ခါသွားခဲ့ပြီး ဝမ်ဖုန်းကို စေ့စေ့စပ်စပ် စိုက်ကြည့်လိုက်သည်။ ဝမ်ဖုန်းက တစ်ကယ်ပဲ ယုံကြည်ချက်ရှိနေတာလား? ဒါမှမဟုတ် လေကျယ်နေတာလားဆိုတာကို စုံစမ်းစစ်ဆေးနေသည့်အလားပင်။
ကြယ်စင်များကဲ့သို့ နက်ရှိုင်းသော ဝမ်ဖုန်း၏ မျက်စိများနှင့် အကြည့်ချင်း ဆုံလိုက်မိသည့်အခါ လုရန်၏ ခန္ဓာကိုယ်တစ်ခုလုံးက ပုံရိပ်ယောင်တစ်ခုအတွင်း ကျဆင်းသွားပုံပေါ်သည်။ သူမက ခမ်းနားထည်ဝါသော အသွင်အပြင်တစ်ခုကို တွေ့မြင်လိုက်ရသည်။ ၎င်းအသွင်အပြင်၏ ထက်မြသော အရှိန်အဝါများကတောင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို သိမ့်သိမ့် တုန်စေခဲ့သည်။ သူမဟာ ရွေးချယ်စရာမရှိဘဲ အရှုံးပေးလိုသော စိတ်ဆန္ဒများ ထွက်ပေါ်လာရသည်။
"ဒါပေမယ့်လည်း ဒီဂိုဏ်းချုပ်က မင်းကို အခွင့်အရေးတစ်ခုပေးမယ်... ပြောပါ ။မင်းဘာဖြစ်ချင်တာလဲ?"
ထူးမခြားနားသော အသံတစ်သံက လုရန်ကို ပုံရိပ်ယောင်များအတွင်းမှ ဆွဲထုတ်လိုက်သည်။ သူမ၏ နဖူးပြင်ထက်မှ ချွေးအေးများထွက်လာခဲ့ပြီး သူမက ဝမ်ဖုန်းကို စေ့စေ့စိုက်မကြည့်ရဲတော့ပါ။
"လုရန်က ရှန်ရှန့်ကျုံဂိုဏ်းရဲ့ လူငယ်ပါရမီရှင်တွေနဲ့ တိုက်ခိုက်ချင်ပါတယ်"
"လုရန်အနိုင်ရသွားရင် ရှန်ရှန့်ကျုံဂိုဏ်းက ယင်ဖုန်းအမတမြို့တော်ကို အဓိကအင်အားစုအဖြစ် ထားရှိပြီး မဟာမိတ်ဖွဲ့ဖို့ တောင်းဆိုချင်တယ် ၊ ရှင်တို့ရဲ့ ဂိုဏ်း အနိုင်ရသွားရင်တော့ ရှင်တို့ရဲ့ဂိုဏ်းကို ခေါင်းဆောင်အဖြစ် တင်မြှောက်ပြီး ယင်ဖုန်းအမတမြို့တော်နဲ့ မဟာမိတ်ဖွဲ့ပါမယ်၊ ရှန်ရှန့်ကျုံဂိုဏ်းက ယင်ဖုန်းအမတမြို့တော်ကို အမြှောက်စာအဖြစ် အသုံးမပြုသေးသရွေ့ ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဆောင်ရွက်ပေးပါမယ်။"
လုရန်၏လှပသော မျက်နှာကလေးထက်တွင် ခေါင်းမာသော အကြည့်များ ဖြစ်ပေါ်လာခဲ့ပြီး လေးနက်စွာ ပြောဆိုလိုက်သည်။
သူမက ရှန်ရှန့်ကျုံဂိုဏ်းနှင့် ယင်ဖုန်းအမတမြို့တော်အကြားရှိ မဟာမိတ်ဖွဲ့ခြင်းကို မဖျက်ဆီးလိုပါ ၊ သို့ပါသော်လည်း ရှန်ရှန့်ကျုံဂိုဏ်းကို ခေါင်းဆောင်အဖြစ်ထားရမည့် ကိစ္စနှင့်ပက်သက်ပြီး မကျေမနပ်ဖြစ်နေမိသည်။ ရှန်ရှန့်ကျုံဂိုဏ်းက အစွမ်းထက်ပြီး သတ္တိရှိသော်လည်း သူမ၏ ယင်ဖုန်းအမတမြို့တော်ကလည်း အလယ်ပိုင်းကုန်းမြေတွင် နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် ခိုင်မြဲစွာ ရပ်တည်ခဲ့သော အထူးအင်အားစုကြီး ဖြစ်လေသည်။
ပြီးတော့ ရှန်ရှန့်ကျုံဂိုဏ်းဆိုတာက အခုမှစတင်ထွက်ပေါ်လာတဲ့ အင်အားစုလေးလေ။ ဘယ်သူကမှ သူတို့အကြောင်း ရေရေရာရာ သိမထားဘူး။
ဝမ်ဖုန်းက လုရန်ကို နက်ရှိုင်းစွာစိုက်ကြည့်လိုက်ပြီး ခပ်ယောင်ယောင် ပြုံးလိုက်သည်။ ယင်ဖုန်းအမတမြို့တော်ရဲ့ မြို့သခင်မက ရှန်ရှန့်ကျုံဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ချင်နေတဲ့အပြင် သူ့ရဲ့သမီးကလည်း ရှန်ရှန့်ကျုံဂိုဏ်းကို စိန်ခေါ်ချင်နေတယ် ။မဆိုးပါဘူး။ ဒါပေမယ့် သူမ ရှုံးနိမ့်တော့မှာကိုတော့ စိုးရွံ့မိပါရဲ့။
ယင်ဖုန်းအမတမြို့တော်၏ မြို့သခင်မလေးဖြစ်သည့်အလျောက် ဒီကောင်မလေးငယ်လေး၏ ကျင့်ကြံမှုကလည်း အဆင့်မနိမ့်ပါချေ။ သူမက နတ်ဝိဇ္ဇာအလယ် အလတ်အဆင့်ကို ရောက်နေခဲ့ပြီး ယန်လဲ့အမတမြို့တော်၏ မြို့သခင်ငယ် ယန်ကောင်းထက် ပိုမိုသန်မာနေသည်။
အလယ်ပိုင်းကုန်းမြေတစ်ခုလုံးတွင် သူမကို ထိပ်တန်းပါရမီရှင်တစ်ယောက်အဖြစ် ယူဆနိုင်ပါသည်။
ဒါပေမယ့် သူ့ရဲ့ ရှန်ရှန့်ကျုံဂိုဏ်းက ဘာလဲ? အဲ့ဒါက ပြိုင်ဘက်ကင်းတဲ့ ဂိုဏ်းကြီးပဲ မဟုတ်ပါလော။ သူမက ရှန်ရှန့်ကျုံဂိုဏ်းရဲ့ ပါရမီရှင်တွေနဲ့ တိုက်ခိုက်ချင်နေတာလား?။
"ကောင်းပြီ။ ဒီဂိုဏ်းချုပ်က မင်းရဲ့တောင်းဆိုမှုကို လက်ခံတယ် ၊ ဒါပေမယ့် ဒီဂိုဏ်းချုပ်မှာလည်း တောင်းဆိုစရာရှိတယ်"
ဝမ်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး တည်ကြည်စွာ ပြောလိုက်သည်။
"ဂိုဏ်းချုပ်ဝမ် ၊ကျေးဇူးပြုပြီး ပြောပါ"
"ရှန်ရှန့်ကျုံဂိုဏ်းရဲ့ တပည့်တစ်ယောက်ကသာ မင်းကို အနိုင်ယူလိုက်နိုင်ရင် အဲ့ဒီတပည့်ကို မင်းလက်ထပ်ရမယ်... ဒါဆို ဘယ်လိုလဲ?"
ဝမ်ဖုန်းက ခပ်ဖွဖွပြုံးရယ်လိုက်ပြီး ပြောဆိုလိုက်၏။
မူလက ဝမ်ဖုန်းသည် ကုကန်းချိုးနှင့် ပက်သက်ပြီး အတော်လေးစိတ်ဒုက္ခရောက်ခဲ့ရသည်။ သို့ပါသော်လည်း အခွင့်အရေးက အိမ်တံခါးဝထိ ရောက်လာလိမ့်မည်ဟုတော့ သူထင်မထားခဲ့ပါ။
ကုချိုးနှင့် လင်မိသားစု၏ အကြီးဆုံးသခင်မလေး လင်ချင်းချင်းတို့ သမီးရည်းစားဖြစ်သွားပြီးကတည်းက ကုကန်းချိုးတစ်ယောက် ရူးခါသွားခဲ့ကာ တစ်နေကုန်နီးပါး အော်ဟစ်ငိုကြွေးခဲ့သည်။
သူ့ရဲ့ ညီလေးက အစ်ကိုကြီးကို မလိုချင်တော့ဘူး ၊ ကုကန်းချိုးကို ဘယ်သူကမှ မချစ်တော့ ဂရုမစိုက်တော့ဘူး ၊ ဂိုဏ်းအတွက် ဓါးတောင်ကိုဖြတ်ပြီး မီးပင်လယ်ကို ဖြတ်သန်းပေးရင်တောင် သူကတော့ ချစ်သူရည်းစား ရတော့မှာမဟုတ်ဘူး စသည်ဖြင့် ကုကန်းချိုးက အမျိုးစုံအောင် အော်ဟစ်မြည်တမ်းခဲ့သည်။၊
ကုကန်းချိုး၏ ခိုင်မာသော ရုပ်ခန္ဓာနှင့် ကျင့်ကြံမှုမြင့်မားခြင်းကြောင့်သာ မဟုတ်ပါက တစ်နေကုန် အော်ဟစ်မြည်တမ်းခြင်းအားဖြင့် သူ၏ အုတ်ဂူ ဖြစ်ပေါ်လာမှာကိုတောင် စိုးရွံ့မိသည်။
အရေးကြီးဆုံးအရာမှာ ကုကန်းချိုးက ချစ်သူမိန်းကလေးတစ်ယောက် အလိုရှိနေခဲ့သည်။ ဝမ်ဖုန်းကလည်း ကုချိုးလိုမျိုး၊ ကုကန်းချိုးကို ဂရုစိုက်ပေးမည့် ကောင်မငယ်လေး တစ်ယောက အလိုရှိလေသည်။ ဤအချိန်အတော အတွင်းတွင် ကုချိုးသည် လင်ချင်းချင်းနှင့် တစ်နေကုန် စကားပြော ချစ်ကြည်နူး တစ်တီတူးနေခဲ့ကာ ကျင့်ကြံခြင်းနှင့် လုယက်ခြင်း၏ ဘုရင်အပြင် ကပ်ဘေးအားလုံး၏ ဘုရင်ဖြစ်လာဖို့ဆိုသည့် ရည်ရွယ်ချက်ကိုတောင် လုံးဝမေ့လုနီးပါး ဖြစ်နေခဲ့သည်။
ဒါကိုတွေ့မြင်ပြီး ကုကန်းချိုးတစ်ယောက်ကတော့ အလွန်အမင်း စိတ်နှလုံးမသာမယာဖြစ်နေခဲ့ရသည်။
ပထမ ကုကန်းချိုးတစ်ယောက် ချစ်သူလိုချင်တယ်ဆိုသည့် စကားကိုကြားသိလိုက်ရသည့်အခါ ဝမ်ဖုန်းလည်း ပျော်ရွှင်သွားခဲ့ပြီး ကျန်းစန်ဖုန်းကို သတင်းလွှင့်ဖို့ အမိန့်ပေးခဲ့သည်။ ရှန်ရှန့်ကျုံဂိုဏ်၏ လက်ရွေးစင်ဂိုဏ်းသား ကုကန်းချိုးက လက်တွဲဖော်တစ်ယောက် ရှာနေသည်ဆိုသော သတင်းကိုပေါ့။
ယင်းနောက် တောင်ပိုင်းနယ်မြေကြီးတစ်ခုလုံး ရူးခါသွားခဲ့ရသည်။ ရှန်ရှန့်ကျုံဂိုဏ်းနှင့် မိုင်ထောင်ချီကွာဝေးသော အရပ်ဒေသများက လှပသော အမျိုးသမီးလေးများသည် ဒီသတင်းကြောင့် ပျားပန်းခပ်မျှ လှုပ်ရှားသွားခဲ့သည်။
တောင်ဂိတ်တံခါးအတွင်း စုပြုံလာသော အချောအလှလေးများကို တွေ့မြင်လိုက်ရသည့်အခါ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသားများမှာ မနာလိုဖြစ်သွားကြပြီး သူတို့၏ မျက်ဝန်းများကလည်း လွန်ကဲစွာ တောက်ပလာရသည်။
ကုကန်းချိုးကတော့ ထိုမိန်းမငယ်လေးများကို လာရောက်ကြည့်ရှုပြီး ပြောဆိုခဲ့သည်ကား...
မျက်လုံးချင်းတောင် မဆုံရဲဘူး ငြင်းတယ်...
ကောင်းမွန်တဲ့ ကိုယ်ခန္ဓာမရှိဘူး ငြင်းတယ်...
အသားအရည်က လုံလောက်အောင်မဖြူဘူး ငြင်းတယ်...
ဆံပင်ကလည်း တောက်တောက်ပပ မရှိဘူး ငြင်းတယ်...
ခြေချောင်းတွေက လုံလောက်အောင် မရှည်သွယ်ဘူး ငြင်းတယ်...
ထိုအမျိုးသမီးလေးများအတွက် ငြင်းချက်ထုတ်ဖို့ ကုကန်းချိုးတစ်ယောက် တော်တော်လေး စဉ်းစားခဲ့ရမှာသာ။
ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ ရှန်ရှန့်ကျုံဂိုဏ်း၏ ဂိုဏ်းသားများက ထိတ်လန့်ကြောင်အသွားပြီး ကုကန်းချိုးကို နတ်ဘုရားတစ်ပါးကဲ့သို့ လှမ်းကြည့်မိလိုက်ကြသည်။
ထိုအမျိုးသမီးလေးများဟာ ထိပ်တန်းအလှနတ်မိမယ်လေးများ မဟုတ်သော်လည်း အတော်အတန်လှပသော အမျိုးသမီးလေးများဟု ပြောဆိုနိုင်ပါသည်။
မင်းတို့ ကောင်တွေက ဘာသိလို့လဲ? ကုချိုးရဲ့ ကောင်မလေးက ဒီကောင်မလေးတွေထက် အများကြီး ပိုလှတယ်ကွ ၊ ငါအစ်ကိုကြီးရဲ့ ချစ်သူရည်းစားက ဘယ်လိုလုပ် ငါ့ညီလေးရဲ့ ချစ်သူရည်းစားထက် မလှပလို့ ရမလဲ။
ထောင်ချီတဲ့ အလှနတ်မိမယ်လေးတွေ ရှိနေရင်တောင် ငါကုကန်းချိုးကတော့ ပန်းလေးတွေထဲက ဘုရင်မကိုပဲ ဆွတ်ခူးမှာ။
ဤသည်မှာ ထိုအချိန်ကာလတုန်းက ကုကန်းချိုး၏ စိတ်နေသဘောထားပင် ဖြစ်တော့သည်။
ထို့အတွက်ကြောင့် ဝမ်ဖုန်းလည်း စိတ်နှလုံးမသာမယာဖြစ်ခဲ့ရသည်။ ယင်းနောက် ကုကန်းချိုးက ကုချိုးနှင့် လင်ချင်းချင်းတို့ တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်နေကြသည်ကို တွေ့မြင်လိုက်ရသည့်အခါ တစ်နေကုန် အာပြဲကြီးနှင့် ဟစ်ကြွေးတော့သည်။
၎င်းအလွန်အမင်း စိတ်မချမ်းမြေ့ဖွယ်ကောင်းသော အသံကြီးက ကြားယောင်မိသူမှန်သမျှကို ငိုကြွေးမြည်တမ်းစေရန် လုံလောက်လေသည်။
သို့ပါသော်လည်း လင်ချင်းချင်းထက် ပါရမီအရည်အသွေးနှင့် ရုပ်ရည်ချောမောသည့် အမျိုးသမီးတစ်ယောက်ကို ရှာဖွေဖို့ဆိုသည်က မလွယ်ကူလှပါ။ ထိုသို့ ရှာဖွေနိုင်ခဲ့ရင်တောင် သူတို့က ကုကန်းချိုး၏ ရုပ်ရည်သွင်ပြင်ကြောင့် လက်ခံကြမည်မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် လုရန်ရောက်လာပေပြီ။
လုရန်ကို တွေ့မြင်လိုက်ရကတည်းက ဝမ်ဖုန်းတစ်ယောက် ပျော်ရွှင်သွားခဲ့ရသည်။ သို့ပါသော်လည်း ထိုအကြောင်းနှင့် ပက်သက်ပြီး ဘယ်လိုဘယ်ပုံစတင် ပြောဆိုရမှန်းမသိသည့်အခါ လုယန်က သူမကိုယ်တိုင် အခွင့်အရေးကို ဖွင့်ဟပြခဲ့သည်။ ဒီလိုဆိုပါက ဝမ်ဖုန်းကလည်း ယဥ်ကျေးနေတော့မှာ မဟုတ်ပေ။
ဤအချိန်အတောအတွင်းတွင် သူဟာ ကုကန်းချိုး၏ အသံပြဲကြီးနှင့် နှိပ်စက်ခြင်းကို နေ့စဥ်ရက်စက်ခံစားခဲ့ရသည်။
ဝမ်ဖုန်း၏စကားကို ကြားလိုက်ရသည့်အခါ လုရန်၏ လှပသော မျက်နှာကလေးမှာ ပြောင်းလဲသွားခဲ့ပြီး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
သူမ၏ ဘေးနားတွင်ရှိနေသော အဖိုးအိုလင်ကလည်း ထိုစကားကို ကြားသိလိုက်ရသည့်အခါ မျက်မှောင်ကြုတ်လိုက်ပြီး ဝမ်ဖုန်းကို ကြည့်ကာ အက်ရှသော လေသံဖြင့် ပြောဆိုလိုက်သည်။
" ဂိုဏ်းချုပ်ဝမ်ရဲ့ တောင်းဆိုမှုက လွန်လွန်းနေပြီလို့ မထင်ဘူးလား?"
ယင်ဖုန်းအမတမြို့တော်တစ်ခုလုံး၏ သခင်မလေးဖြစ်သည့်အလျောက် လုရန်ဟာ တစ်ဦးတည်းသော ဆက်ခံသူဖြစ်လေသည်။ သူမက အနာဂတ်တွင် ယင်ဖုန်းအမတမြို့တော်ကို ဦးဆောင်ရမည့် အမျိုးသမီးဖြစ်လေသည်။
ယင်ဖုန်းအမတမြို့တော်ရဲ့ဓါးက လုံလောက်အောင် မထက်မြဘူးလို့ မင်းထင်နေတာလား?။
"ငါသူမကို ဖိအားမပေးဘူးလေ ဘာ့ကြောင့်များ အော် ဟစ်ပြောဆိုနေရတာလဲ? လက်ခံတာမခံတာက သူမအပေါ်ပဲ မူတည်ပါတယ်"