← Chapters

ကျုပ်အတွက် တစ်ဘဝစာလုံးကခုန်ပေးပါ။

Vol. 29 Ch. 398

ကျုပ်အတွက် တစ်ဘဝစာလုံးကခုန်ပေးပါ။

Vol. 29 Ch. 398

အမြဲတမ်းလုယက်ချင်နေတဲ့ လူဆိုးလူသွမ်းကြီးက အခုအချိန်မှာတော့ လူကြီးလူကောင်းတစ်ယောက်လို ဟန်ဆောင်နေတာလား။ ကုကန်းချိုးအကြောင်းသိရှိထားသူမှန်သမျှသည် ဤအချိန်တွင် ကြောင်အသွားရသည်။

သူတို့ဟာ ပြောစရာစကားမရှိတော့ပါ။ ဤအချိန်က မသင့်တော်နေ၍သာ မဟုတ်ပါက ရှန်ရှန်ကျုံဂိုဏ်း၏များစွာသော တပည့်များနဲ့အကြီးအကဲများသည် အော်ဟစ်ရယ်မောမိလိမ့်မည်။

လုရန်က ခေါင်းညိမ့်လိုက်ပြီး ပြန်လည်၍ ဂါရဝပြုလိုက်သည်။ အမှန်အတိုင်းပြောရပါလျှင် သူမ၏မာနတရားနှင့် ရှန်ရှန်ကျုံဂိုဏ်းနှင့် မဟာမိတ်ဖွဲ့လိုသော ရည်ရွယ်ချက်ကြောင့်သာ မဟုတ်ပါက ကုကန်းချိုးကို တွေ့မြင်လိုက်ပြီးကတည်းက သူမဟာ လှည့်ထွက်သွားပြီးဖြစ်လောက်သည်။

အရေးကြီးဆုံးအရာမှာ ကုကန်းချိုး၏ ကျင့်ကြံမှုသည် နတ်ဘုရင်အထွတ်အထိပ်အဆင့်၌သာ ရှိနေကြောင်း သူမခံစားမိလိုက်သည်။ ဤအသက်အရွယ်ဖြင့် ဤမျှလောက်သော ကျင့်ကြံမှုသည် အလယ်ပိုင်းကုန်းမြေတွင် ထိတ်တန်းပါရမီရှင်တစ်ယောက်ဟု ယူဆ၍ရလေသည်။ သို့ပါသော်လည်းသူမနဲ့ နှိုင်းယှဥ်လိုက်ပါက အနည်းငယ်နိမ့်ကျနေသေးသည်။

ဟုတ်ပါသည်။ သူမက အထင်အမြင်သေးဖို့ ရည်ရွယ်မထားပါ။ ရှန်ရှန်ကျုံဂိုဏ်းချုပ်က ကုကန်းချိုးကို သူမနှင့်ရင်ဆိုင်တိုက်ခိုက်ရန် စေလွှတ်ခဲ့သည်ဖြစ်ရာ ထိုသူ့တွင် ထူးခြားမှုတစ်စုံတစ်ရာ ရှိနေလိမ့်မည်။ ရှန်ရှန်ကျုံဂိုဏ်းချုပ်က ကိုယ့်ကိုကိုယ် အရှက်ရအောင် လုပ်လိမ့်မယ်လို့ သူမ မယုံကြည်ပါ။

အကြီးအကဲလင်ကလည်း ထိုသို့တွေးလိုက်မိသည်။သူက ကုကန်းချိုးကို မုန်းတီးနေသော်လည်း သည်းခံ၍မြိုသိပ်လိုက်သည်။ အကြီးဆုံးသခင်မလေးသာ ရှန်ရှန်ကျုံဂိုဏ်းရဲ့ ဒီလက်ရွေးစင်တပည့်ကို အနိုင်တိုက်နိုင်ပါက ရှန်ရှန်ကျုံဂိုဏ်းက အရှက်ရစရာဖြစ်သွားလိမ့်မည်။

" သခင်မလေးလု ကျေးဇူးပြုပြီး ဒီတိုက်ပွဲမှာ သင်ပြပေးပါဦး။ "

ကုကန်းချိုးက ဘေးနားရှိလူများ၏ အထင်အမြင်သေးသော အကြည့်များကို ခံစားရပုံမပေါ်ပါ။ သူကဆက်လက်၍ လူကြီးလူကောင်းတစ်ယောက်အဖြစ် ဟန်ဆောင်နေပြီး နူးညံ့သောအပြုံးတစ်ပွင့်ဖြင့် ပြောဆိုလိုက်သည်။

လုရန်က ခေါင်းညိမ့်လိုက်သည်။ သူမရဲ့ ပုံရိပ်ကလေးက ရုတ်တရက် ဝေဝါးပျောက်ကွယ်သွားပြီး မိုးကောင်းကင်မှ နတ်သမီးလေး မြေပြင်ပေါ်ဆင်းသက်လာသကဲ့သို့ စင်မြင့်အထက်သို့ လှပသေသပ်စွာ သက်ဆင်းလိုက်သည်။ ၎င်းကိုယ်ဟန်အနေအထားက ရှန်ရှန်ကျုံဂိုဏ်း၏ ဂိုဏ်းသားများကို လုံးဝဆွဲဆောင်သွားပြီး တိုက်ပွဲမြေပြင်မှာ သွားရောက်၍တိုက်ခိုက်နေသူမှာ သူတို့ဖြစ်ချင်စိတ် ဖြစ်လာနေခဲ့သည်။ သူတို့က ကုကန်းချိုးကို မနာလိုမှုများ၊ အမုန်းတရားများ ပြည့်နေသော မျက်ဝန်းများဖြင့် လှမ်းကြည့်မိလိုက်ကြသည်။

ကုကန်းချိုးက လုရန်၏စိတ်အာရုံကို ဆွဲဆောင်ဖို့အတွက် လှည့်ကွက်တစ်ချို့ကိုလည်း စီစဥ်ထားခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ပုံသဏ္ဍာန်များနှင့် အရိပ်များအဖြစ် ပြောင်းလဲဝေဝါးသွားခဲ့သည်။ ၎င်းအရိပ်က ဝမ်ဖုန်းနှင့်အခြားသူများ၏ အရှေ့တွင်ရှိနေသော်လည်း သူ၏ခန္ဓာကိုယ်တစ်ခုလုံးကတော့ လုရန်၏အရှေ့သို့ ရုတ်ချည်းရောက်သွားခဲ့ကာ လုရန်ကို အပြုံးတစ်ပွင့်ဖြင့် လှမ်းကြည့်လိုက်သည်။

ဤမြင်ကွင်းက လူအိုကြီးလင်နှင့် လုရန်တို့၏မျက်ဝန်းများကို ကျဥ်းမြောင်းသွားစေခဲ့သည်။ ၎င်းအရှိန်နှုန်းက ရှန်ရှန်ကျုံဂိုဏ်း၏ ဂိုဏ်းသားမှာ ထင်ထားသလောက်မရိုးစင်းကြောင်းဖော်ပြနေသည်။ လုရန်ကလဲ ကုကန်းချိုးအပေါ် ပို၍အလေးအနက် ထားလာခဲ့သည်။

" သခင်မလေးလု မင်းကမိန်းကလေးဆိုတော့ အရင်ဦးဆုံးစတင်တိုက်ခိုက်ပါ။ " ကုကန်းချိုးက လက်တစ်ဖက်ကို အနောက်ပစ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ဖိတ်ခေါ်သည့်ဟန် ပြုလုပ်လိုက်သည်။

အကိုကြီးရယ်။ မင်းက နတ်ဘုရင်အထွတ်အထိပ်အဆင့်မှာပဲ ရှိနေသေးတာလေ။ နတ်ဝိဇ္ဇာအလယ်အလတ်အဆင့်ကလူကို အရင်ဦးဆုံးတိုက်ခိုင်းလိုက်တာလား။ ဒါက သေလမ်းရှာနေတာမဟုတ်ဘူးလား။

အဝေးတစ်နေရာမှ စောင့်ကြည့်နေသော ကုချိုးသည် ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ ပြောစရာစကား ကင်းမဲ့သွားခဲ့သည်။ သူသာ တိုက်ပွဲကို ဦးစွာပထမအနိုင်ရရှိအောင် တိုက်ခိုက်လိုက်ပါက ထိုအမျိုးသမီးလေးက သူ့လက်ထဲကို ရောက်လာမှာမဟုတ်ဘူးလား။ လုရန်ရဲ့ခံစားချက်တွေကိုတော့ အိပ်ယာထဲမှာ ဖြေရှင်းလို့ရတယ်လေ။

လူကြီးလူကောင်းယောင်ဆောင်နေတာက ဘာအကျိုးကျေးဇူးရှိလို့လဲ။ ဒါက အလောင်းအစားတိုက်ပွဲပဲလေ။

ပထမဆုံးအကြိမ်အဖြစ် ကုချိုးဟာ သူ့ရဲ့အကိုကြီးက အရမ်းတုံးအကြောင်းခံစားလိုက်ရသည်။ သူ့၏ခါးကို ပွေ့ဖက်ထားသော သွယ်လျနူးညံ့သည့်လက်တစ်စုံကြောင့်သာ မဟုတ်ပါက သူကိုယ်တိုင်တောင် တိုက်ပွဲမြေပြင်ကို သွားရောက်၍ တိုက်ခိုက်ချင်နေမိသည်။

သူတို့က လုယက်ခြင်းဘုရင်တွေလေ။ ဘာလို့လူကြီးလူကောင်းပုံ ပြုမူနေရမလဲ။

လုရန်က ကုကန်းချိုးကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်သည်။ သူမ၏ ကျောက်စိမ်းရောင်လက်ကလေးကို ဝှေ့ရမ်းလိုက်သည့်အခါ နဂါးနှင့် ဖိနစ်ငှက်ပုံသဏ္ဍာန်ရေးထွင်းထားသော ကျောက်စိမ်းဗျပ်စောင်းတစ်ခုသည် သူမ၏လက်အတွင်း၌ ဖြစ်ပေါ်လာခဲ့သည်။ခန့်မှန်း၍မရသော အရှိန်အဝါတစ်ခုသည်လည်း လုရန်၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့ကာ စင်မြင့်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

" တင်...."

သွယ်လျနူးညံ့သော ကျောက်စိမ်းရောင်လက်ချောင်းကလေးသည် ဗျပ်စောင်း၏ကြိုးများကို ထိန်းညှိလိုက်သည့်အခါ ဗျပ်စောင်းအသံလေးတစ်သံသည် ကွင်းပြင်ကြီးအတွင်း၌ ဟိန်းထွက်သွားခဲ့သည်။၎င်းက ရှိနေကြသော ရှန်ရှန်ကျုံဂိုဏ်းသားများစွာ၏ စိတ်အာရုံကို ဆွဲဆောင်သွားခဲ့သည်။ သူတို့က ဗျပ်စောင်းတီးသံကို ကြားလိုက်ရသည့်အခါ ပုံရိပ်ယောင်တစ်ခုအတွင်းသို့ ဆွဲသွင်းခြင်းခံလိုက်ရကာ သူတို့၏မျက်နှာအမူအရာများ၌ စွဲလမ်းမှုအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

မိုးကောင်းကင်၏ နိယာမလမ်းစဥ်။ ၎င်းက အလွန်ပဲ ရှားပါးပါသည်။

ဝမ်ဖုန်းနှင့် ရှန်ရှန်ကျုံဂိုဏ်း၏ အကြီးအကဲများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး မျက်မှောင်ကျုံ့လိုက်ကြသည်။ သူတို့က လုရန်ကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်သည်။ သူမက ယင်ဖုန်းအမတမြို့တော်၏ ဆက်ခံသူဖြစ်ရန် တကယ်ပဲထိုက်တန်ပါလေသည်။ ထိုကဲ့သို့ အရည်အချင်းမျိုးမှာ အင်မတန်မှ ရှားပါးလှသည်။

 ဗျပ်စောင်းတာအိုလမ်းစဥ်မှာ လမ်းစဥ်ခွဲတစ်ခုဖြစ်သည်။ ၎င်းက အစောပိုင်းတွင် သိသိသာသာအကျိုးသက်ရောက်မှု မပြသော်လည်း ပိုမို၍အဆင့်မြင့်စွာ ကျင့်ကြံလာလေလေ၊ ပိုမို၍ ဗျပ်စောင်းတာအိုကို ကျွမ်းကျင်လာလေလေ ၊သူ၏စွမ်းဆောင်ရည်များက ပို၍သန်မာလာလေလေဖြစ်သည်။ အထူးသဖြင့် လုရန်က ဗျပ်စောင်းအသံလေးတစ်သံကိုသာ ထုတ်လွှင့်ခဲ့သော်လည်း ရှန်ရှန်ကျုံဂိုဏ်း၏ ဂိုဏ်းသားများက ပုံရိပ်ယောင်အတွင်း ဆွဲသွင်းခြင်း ခံလိုက်ရသည်။ ဒါကိုကြည့်ခြင်းအားဖြင့် ယင်ဖုန်းအမတမြို့တော်၏ မြို့သခင်မသည် ပုံရိပ်ယောင်တာအိုလမ်းစဥ်တွင် အဘယ်မျှလောက် အောင်မြင်ပေါက်ရောက်နေကြောင်း တွေ့မြင်နိုင်ပါသည်။

ကုကန်းချိုးကတော့ ပုံရိပ်ယောင်အတွင်း ဆွဲသွင်းခြင်းမခံလိုက်ရပါ။ သို့ပါသော်လည်း လုရန်က ဗျပ်စောင်းတာအိုကို ကျင့်ကြံကြောင်းတွေ့မြင်လိုက်ရသည့်အခါ သူ့မျက်ဝန်းအိမ်များအတွင်းရှိ အလင်းရောင်ဟာ ပို၍တောက်ပလာခဲ့သည်။ သူက လုရန်နဲ့အတူ ပျံသန်းနေသည့် မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရပုံပေါ်သည်။

နေသာသောနေ့တစ်နေ့တွင် လုရန်က ဗျပ်စောင်းကို တီးခတ်ကာဖြင့် သူနဲ့အတူလိုက်လံလုယက် တိုက်ခိုက်နေသည်။ သူမက ဆောင်းဦးရေစဥ်အလားနူးညံ့သိမ့်မွေ့ပြီး သူကတော့ ပြင်းထန်ကာ လွှမ်းမိုးချုပ်ကိုင်နိုင်သော အမူအရာရှိသည်။ သူတို့က နတ်ဖက်သည့်စုံတွဲပင်။

ဒီအမျိုးသမီးက သူ့အပိုင်ဖြစ်ဖို့ ကံပါလာတာ။ ဘယ်သူကမှ သူ့ဆီက မလုယူနိုင်ဘူး။

ဒါက သူကုကန်းချိုးရဲ့ အချစ်ပဲ။

သူမက လုယက်ခြင်းဘုရင်၊ ကပ်ဘေးအားလုံးရဲ့ဘုရင်ဖြစ်တဲ့ သူကုကန်းချိုးရဲ့ အချစ်ကပ်ဘေးကလေးပဲ!

နောက်တဒင်္ဂအကြာတွင် ဗျပ်စောင်း၏တေးသံသည် ဝေးရာမှ နီးလာခဲ့သည်။ နူးညံ့သိမ့်မွေ့ပြီး ပျော့ပျောင်းသောအသံကလေးပြီးနောက် မီးတောင်ကြီးပေါက်ကွဲသကဲ့သို့ ပြင်းထန်သော အသံလှိုင်းဖြစ်ပေါ်လာခဲ့သည်။ သံစဥ်မြင့်သော တေးသံများက ကုကန်းချိုး၏ နှလုံးသားကို ခုန်ပေါက်စေခဲ့သည်။ ကုကန်းချိုးပတ်ပတ်လည်ရှိ လေဟာပြင်ဟာ ဗျပ်စောင်း၏ စိတ်လှုပ်ရှားဖွယ်ကောင်းသော တေးသံကြောင့် အရူးအမူးတွန့်လိမ်လာခဲ့ရသည်။

၎င်းဗျပ်စောင်း၏တေးသံမှာ တစ်ခါတစ်ရံတွင် မြင်းပေါင်းတစ်ထောင်ပြေးနေသကဲ့သို့ ဆူညံပွတ်လောရိုက်နေကာ တစ်ခါတလေမှာတော့ ဆောင်းဦးရေစဥ်တဖြည်းဖြည်းသက်ဆင်းသကဲ့သို့ တည်ငြိမ်အေးဆေးနေသည်။ တစ်ခါတရံတွင် မိမိရဲ့နားအတွင်း တိုးညှင်းစွာရေရွတ်လိုက်သကဲ့သို့ တိုးဖွသောအသံရှိပြီး တစ်ခါတစ်ရံမှာတော့ အိုးစည်ဗုံမောင်းများ တီးနေသကဲ့သို့ ကျယ်လောင်ပြင်းပြသောအသံရှိသည်။

၎င်းလှပသော သံစဥ်တေးသွားက ကုကန်းချိုးကို ထိန်းချုပ််မရ တုန်လှုပ်သွားစေခဲ့သည်။ အတွေးများကွန့်မြူးလိုက်ခြင်းနှင့်အတူ ကုကန်းချိုး၏ခန္ဓာကိုယ်တစ်ခုလုံးက ပုံရိပ်ယောင်အတွင်း ကျရောက်သွားခဲ့ကာ သတိလက်လွှတ်ဖြစ်သွားခဲ့သည်။

အဝေးတစ်နေရာရှိကုချိုးသည် ထိုမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ သူ၏နှုတ်ခမ်းထောင့်တစ်ခုလုံးက တွန့်ကောက်သွားခဲ့သည်။ သူက အကိုကြီးရှုံးသွားလိမ့်မည်ဟု ခံစားလိုက်ရသည်။ အကိုကြီးက မိန်းမငယ်လေးကို အရင်ဦးဆုံးတိုက်ခိုက်ခိုင်းလိုက်တာကိုး။

ရှက်စရာပဲ!

ဝမ်ဖုန်းနှင့် ရှန်ရှန်ကျုံဂိုဏ်း၏ အကြီးအကဲများကလည်း နှုတ်ခမ်းများ တွန့်လိမ်ကောက်ကွေးသွားကြသည်။ ဝမ်ဖုန်းက ကုကန်းချိုးကို ဟန်ဆောင်ပြခိုင်းလိုက်သည့်အတွက် နောင်တရနေမိသည်။ ဤကလေးက နည်းနည်းတုံးအနေတာပဲ မဟုတ်ဘူးလား။

ဤဖြစ်စဥ်က ကုကန်းချိုးတစ်ယောက် ဗျပ်စောင်းတာအိုကျင့်ကြံသူနှင့် အရင်ကရင်ဆိုင်မတိုက်ခိုက်ဖူးတာနဲ့လည်း သက်ဆိုင်ခြင်းမရှိပါ။ ကုကန်းချိုးဟာ ဗျပ်စောင်းတာအိုအကြောင်းကို နားလည်ခြင်းမရှိသော်လည်း ကုကန်းချိုး၏ပါရမီနှင့် တိုက်ပွဲဝင်စွမ်းအားက လုရန်ထက် ပိုမို၍မြင့်မားသည်။ သူတို့တစ်ယောက်ချင်း အပြင်းအထန်တိုက်ခိုက်ပါက လုရန်က ကျရှုံးရမည်သာ။

" ဂိုဏ်းချုပ်ဝမ်၊ ဘယ်သူရှုံးလဲ ဘယ်သူနိုင်လဲဆိုတာ သိသာနေပါပြီ။ " ဝမ်ဖုန်းနှင့် အခြားသူများ၏ဘေးတွင် မတ်တပ်ရပ်နေသော လူအိုကြီးလင်က ခေါင်းကိုခါရမ်းလိုက်ပြီး တိုးညှင်းစွာ ရေရွတ်လိုက်သည်။

" နေစမ်းပါဦး ...သူမရှုံးသေးဘူးလေ။ " ဝမ်ဖုန်းက သူ၏လက်ကို ဝှေ့ရမ်းလိုက်ပြီး တည်ကြည်စွာပြောလိုက်သည်။

စင်မြင့်ပေါ်ရှိ လုရန်က သက်ပြင်းဖွဖွချလိုက်သည်။

မူလက သူမသည် ကုကန်းချိုးကို အလွန်အမင်းသတိထားနေသော်လည်း ကုကန်းချိုး၏လုပ်ဆောင်မှုက သူမကို စိတ်ပျက်သွားစေခဲ့သည်။ သူမ၏ လှပသောမျက်ဝန်းလေးအတွင်း၌ ထက်မြက်သောအကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ဤတိုက်ပွဲကို အဆုံးသတ်ရန် ပြင်ဆင်လိုက်သည်။

သူမ၏လက်ချောင်းလေးများက ဗျပ်စောင်း၏ကြိုးများကို ပို၍ လျင်မြန်စွာ တီးခတ်နေခဲ့သည်။ ပိုမို၍စိတ်လှုပ်ရှားစရာကောင်းသော ဗျပ်စောင်းတေးသံသည် ကွင်းပြင်ကြီးတစ်ခုလုံး၌ ဟိန်းထွက်လာခဲ့သည်။ တစ်ခုပြီးတစ်ခုဆိုသလို စိတ်လှုပ်ရှားစရာကောင်းသော သံစဥ်များသည် ပိုမို၍ ခြောက်ခြားဖွယ်ကောင်းလာခဲ့သည်။ ၎င်းကထက်မြက်သော ဓားများကဲ့သို့ ကုကန်းချိုးကို တိုက်ခိုက်ရန် ပြေးဝင်သွားခဲ့သည်။ ၎င်းထက်မြက်သည့်အရှိန်အဝါများက ရှန်ရှန်ကျုံဂိုဏ်း ဂိုဏ်းသားများ၏ အမူအရာများကို လုံးဝပြောင်းလဲသွားစေခဲ့သည်။

ဘုန်း...

ဓားသွားတမျှ ထက်မြက်သော ဗျပ်စောင်းသံစဥ်များက ကုကန်းချိုး၏ ခန္ဓာကိုယ်ကို ထွင်းဖောက်သွားမည့်အချိန်တွင် ကုကန်းချိုး၏ ကိုယ်ခန္ဓာပတ်ပတ်လည်လည်၌ ရွှေရောင်အကာအရံတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး သံစဥ်လှိုင်းများကို ခုခံလိုက်သည်။

နတ်ဘုရင်အထွတ်အထိပ်အဆင့်ရှိသော မည်သူ့ကိုမဆို စိုးရိမ်ပူပင်သွားစေနိုင်သော ဗျပ်စောင်းတေးသံများသည် ၎င်းအကာအရံအလွှာနဲ့ ထိတွေ့မိသည့်အခါ လေပြေလေညှင်းများအဖြစ် ပျောက်ကွယ်သွားခဲ့ပြီး အက်ရာတစ်ရာကိုမှ မဖြစ်ပေါ်စေခဲ့ပါ။

" သခင်မလေးလုရဲ့ဗျပ်စောင်းတေးသံက သာယာနာပျော်ဖွယ်ကောင်းလှပါတယ်ဗျာ။ အဲ့တာက နှစ်ပေါင်းမရေမတွက်နိုင်အောင် သိမ်းဆည်းထားတဲ့ ဝိုင်ကောင်းတစ်ခွက်လိုမျိုး၊ လေပြေလေညှင်းရဲ့တေးသံလိုမျိုး၊ ညအမှောင်ထက်က တောက်ပနေတဲ့ လမင်းရဲ့ ကြယ်စင်လိုမျိုး၊ ကျွန်တော့ရဲ့ စိတ်ဝိညာဥ်ကို တုန်လှုပ်စေခဲ့တယ်။ ကျုပ်ရဲ့ နှလုံးသားတစ်ခုလုံး ဆွဲဆောင်ခံလိုက်ရပါပြီ။

" ဒီတေးသံက မိုးကောင်းကင်နဲ့ ကမ္ဘာမြေပြင်ကြားမှာ ပြိုင်ဖက်ကင်းတည်ရှိမှုပါပဲ။ ဒီလိုတေးသံမျိုးကို ကြားသိခွင့်ရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါ။ "

" ဒီသီချင်းသံကို ကြားလိုက်ရပြီးတော့ ကျုပ်အိမ်မက်တစ်ခုအတွင်း ရောက်ရှိသွားခဲ့တယ်။ အဲ့ဒီအိမ်မက်ထဲမှာ ဖြူလွှတဲ့ အသားအရေပိုင်ရှင် နတ်မိမယ်လေးတစ်ပါးက လေအလျင်နဲ့အတူ ကခုန်နေခဲ့တယ်။ သူမရဲ့အလှက ကျော့ရှင်းသပ်ရပ်ပြီး မြင့်မြတ်ပါတယ်။ "

" ကံမကောင်းစွာနဲ့ အိမ်မက်က အိမ်မက်ပါပဲလေ။သခင်မလေးလုကို ကျုပ်အတွက် တစ်ဘဝစာလုံးကခုန်ခိုင်းနိုင်ရင်တော့ ကျုပ်တစ်ဘဝလုံး ပြီးပြည့်စုံသွားပါပြီ။ "

" သခင်မလေးလုကို ကျုပ်က ရူးရူးမူးမူးစွဲလမ်းမိသွားတာကြောင့် ကျုပ်ရဲ့နှလုံးသားကို ဒီသီချင်းသံက မနှောင့်ယှက်နိုင်တော့ပါဘူး။ "

ကုကန်းချိုး၏ နူးညံ့သာယာသောအသံက ရှန်ရှန်ကျုံဂိုဏ်း၏ ကွင်းပြင်တစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။ များစွာသော ရှန်ရှန်ကျုံဂိုဏ်းရဲ့ ဂိုဏ်းသားများအားလုံး ကြောင်အသွားကြသည်။ ဒါက....ဒါက သူတို့ရဲ့ ဂိုဏ်းတူအကိုကြီး ကုကန်းချိုးဟုတ်ရဲ့လား။

ကုချိုးကတောင်မှ ထိတ်လန့်ကြောင်အသွားသည်။ သူက ကုကန်းချိုးကို လေးလေးနက်နက်စိုက်ကြည့်လိုက်သည်။ ဤအချိန်တွင် သူ့အကိုကုကန်းချိုးနှင့် အနည်းငယ်မရင်းနှီးသလို ခံစားလိုက်ရသည်။

ဝမ်ဖုန်းကလည်း အံ့သြတုန်လှုပ်သွားခဲ့သည်။ လူတစ်ယောက်ရဲ့ EQ နဲ့ IQ က သူနှစ်သက်တဲ့ အမျိုးသမီးရှေ့ရောက်ရင် ခုန်ပျံတိုးတက်သွားနိုင်လို့လား။

ကုကန်းချိုး ဒီကလေးက အခုအချိန်မှာ အရမ်းချောမောခန့်ညားနေပါလား။

အမ်...

စက္ကူစတစ်ရွက်လိုမျိုး ဖြူစင်သည့်စိတ်ထားရှိသော လုရန်ဟာ ထိုစကားလုံးများကို ကြားသိလိုက်ရသည်။ ထိုအခါ သူမ၏လှပသော မျက်နှာကလေးမှာ အနည်းငယ် နီစွေးသွားခဲ့သည်။ သို့ပါသော်လည်း သူမလက်များ၏ လှုပ်ရှားမှုကတော့ ပိုမို၍ သွက်လက်လာခဲ့သည်။

သူမ၏လက်များက ဗျပ်စောင်းကြိုးများအပေါ်တွင် အလွန် လျင်မြန်သောနှုန်းဖြင့် လှုပ်ရှားနေခဲ့သည်။သူမ၏ လက်မြန်နှုန်းက အင်မတန်မှ မြန်ဆန်လွန်းတာကြောင့် ကြည့်ရှု့မည့်သူများကို ဝေဝါးသွားစေခဲ့သည်။ ဗျပ်စောင်း၏တေးသံက ပို၍ပို၍ ခြောက်ခြားဖွယ်ကောင်းလာခဲ့သည်။ စင်မြင့်ကြီးတစ်ခုလုံးပေါ်၌ ပြင်းထန်သော သတ်ဖြတ်မှုအရှိန်အဝါများ ပြည့်နှက်လာခဲ့သည်။ စင်မြင့်တစ်ခုလုံးကို ဒါဇင်ချီသော ဓားသွားများက ဝန်းရံထားသကဲ့သို့ ထက်မြက်သော သံစဥ်တေးသွားများက ဝန်းရံထားခဲ့သည်။

စောနက ကုကန်းချိုးတစ်ယောက် ပုံရိပ်ယောင်အတွင်း ကျဆင်းသွားပြီလို့ တွေးတောမိခဲ့တာကြောင့် သူမက ဆက်လက်တိုက်ခိုက်ခြင်းမရှိခဲ့ပါ။ သို့ပါသော်လည်း ကုကန်းချိုးက သူမ၏ ပုံရိပ်ယောင်အတွင်းသို့ ရည်ရွယ်ချက်ရှိရှိ သက်ဆင်းသွားခဲ့ခြင်းဟု သူမထင်မထားခဲ့ပါ။ ထို့အတွက်ကြောင့် သူမက စွမ်းအားများကို ထိန်းချန်မှုမပြုတော့။

" ကျုပ်ကုကန်းချိုးက လရောင်ရဲ့အောက်မှာ သခင်မလေးလုနဲ့အတူ ဝိုင်ကောင်းတစ်ခွက် သောက်ချင်မိပါရဲ့။ တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ပြီး လှပတဲ့ညအလှကို အတူတကွ ခံစားကြည့်ချင်တယ်ဗျာ။ "

ကုကန်းချိုးက ချစ်ရေးချစ်ရာစကားများ ပြောဆိုပြီး လုရန်ရှိရာထံသို့ တရွေ့ရွေ့ချည်းကပ်သွားခဲ့သည်။ သူလမ်းလျှောက်သွားသည့်အခါ လျို့ဝှက်ဆန်းကြယ်သော မီးခိုးရောင်မြူခိုးများက သူ့ခန္ဓာကိုယ်ပေါ်မှ ထွက်ပေါ်ခဲ့ပြီး သူ့ပတ်ပတ်လည်ကို ဝေ့ဝိုက်လှည့်ပတ်နေသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက အလွန်ပဲ လျို့ဝှက်ဆန်းကြယ်နေခဲ့သည်။

၎င်းပြင်းထန်ပြီး ခြိမ်းခြောက်နိုင်စွမ်းရှိသော သံစဥ်တေးသွားများသည် မီးခိုးရောင်အငွေ့များနှင့် တွေ့ဆုံလိုက်ရသည့်အခါ ပြေပျောက်ပျက်စီးသွားခဲ့ရသည်။

၎င်းမှာ ပျက်သုန်းခြင်းတာအိုရုပ်ခန္ဓာမှ ထုတ်လွှတ်နေသော ပျက်သုန်းခြင်းချီစွမ်းအားများ ဖြစ်သည်။ ၎င်းမှာ ပျက်သုန်းခြင်းစွမ်းအားရဲ့တစ်စိတ်တစ်ဒေသလည်းဖြစ်ပြီး ဤလောကကြီးအတွင်းရှိ လျို့ဝှက်ဆန်းအကြယ်ဆုံးစွမ်းအားကြီးတစ်ရပ်လည်းဖြစ်လေသည်။

ဤမြင်ကွင်းကို တွေ့မြင်လိုက်ရသည့်အခါ ဂိုဏ်းသားများအားလုံးသည် ကုကန်းချိုးကို နတ်ဘုရားတစ်ပါးလိုမျိုး လေးစားစွာလှမ်းကြည့်လိုက်မိသည်။ တချို့သော အမျိုးသမီးဂိုဏ်းသားများ၏ မျက်ဝန်းများက တောက်ပလင်းလက်သွားခဲ့သည်။

ကုကန်းချိုးက တကယ့်ကို ရုပ်ဆိုးပါသည်။ သို့ပါသော်လည်း ဒီအချိန်တွင် သူ၏နှုတ်ဖျားမှ အလွန်ပင်သာယာနာပျော်ဖွယ်ကောင်းသော ချစ်ရေးချစ်ရာစကားများ ထွက်ပေါ်လာခဲ့ပြီး သူ၏မျက်ဝန်းများအတွင်း၌လည်း ချစ်ခင်ယုယမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ဘယ်အမျိုးသမီးကများ အဲ့ဒီအကြည့်တွေကြားမှာ မပြိုလဲဘဲနေမှာလဲ။ ဘယ်မိန်းကလေးကများ လက်ရှိ ကုကန်းချိုးရဲ့ ဆွဲဆောင်မှုကို ခုခံနိုင်ပါ့မလဲ။

ဘယ်နတ်ဘုရင်အထွတ်အထိပ်ဘယ်စွမ်းအားရှင်ကိုမဆို အပြင်းအထန်ထိခိုက်ဒဏ်ရာ ရစေနိုင်သော သံစဥ်တေးသွားများသည် ဤအချိန်မှာတော့ ကုကန်းချိုးကို ခြစ်ရာလေးတစ်ခုတောင် မဖြစ်ပေါ်စေခဲ့ပါ။ ဤအချိန်၌ ရှန်ရှန်ကျုံဂိုဏ်း၏ ဂိုဏ်းသားများသည် ကုကန်းချိုးဘယ်လောက်သန်မာလဲဆိုတာကို ပထမဆုံးအကြိမ်အဖြစ် သိရှိလိုက်ရသည်။

လုရန်၏မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားပြီး အံကို တင်းတင်းကြိတ်လိုက်သည်။ နတ်ဝိဇ္ဇာအလယ်အလတ်အဆင့်စွမ်းအားများသည် သူမခန္ဓာကိုယ်မှ ပြင်းထန်စွာ ပေါက်ကွဲထွက်လာခဲ့သည်။ ပြင်းထန်သော စွမ်းအားအရှိန်အဝါများက သူမ၏ဆံနွယ်များကို လေယူရာယိမ်းနွဲ့၍ ကခုန်စေလိုက်သည်။ ယင်းနောက် ဓားသွားတမျှ ထက်မြတ်သော သံစဥ်လှိုင်းများသည် ကုကန်းချိုးရှိရာဘက်သို့ အရှိန်အဟုန်ပြင်းစွာ တိုးဝင်သွားခဲ့သည်။

သိပ်သည်းထူထပ်သော သံစဥ်လှိုင်းများက မုန်တိုင်း၏ လှိုင်းလုံးများကဲ့သို့ပင် တစ်လွှာထက်တစ်လွှာပို၍ အင်အားကြီးမားနေခဲ့သည်။ လှိုင်းတစ်လှိုင်းစီတိုင်းက ယခင်လှိုင်းထက် ပို၍ စွမ်းအားကြီးလေသည်။ 

All Chapters