ဗျပ်စောင်းတို့ဖြင့် တန်ဆာဆင်အပ်သော အစီအရင်
Vol. 29 Ch. 403
" တုကုရဲ့ နဝဓားချက်!"
" ဟွာကွမ်း ဓားသိုင်း! "
"'မရဏဓား ဆယ်သုံးချက်! "
" မျောလွင့်ခြင်း ဓားသိုင်း! "
" ကောင်းကင်ဘုံ ဓားချက်! "
တုကုချိုးပိုင်တို့အုပ်စု၏ နှုတ်ဖျားမှ တိုးညှင်းသော ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။ ကောင်းကင်နှင့် မြေကြီး၏အကြားတွင် ထက်မြက်သောဓားအလင်းတန်းများ၊ ဓားအရိပ်များ ဖြတ်သန်းသွယး၏။ ၎င်းတို့က ဓားသွားမုန်းတိုင်းကြီးလိုမျိုး လဲ့ပတို့အုပ်စုကို လွှမ်းခြုံထားခဲ့သည်။
အဆိုပါ ပြင်းထန်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်သော ဓားချီများသည် ကမ္ဘာလောကကြီးတစ်ခုလုံးကို ဆုတ်ဖြဲပစ်လိုက်ပုံပေါ်သည်။ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီးများ ထွက်ပေါ်လာသည့်အခါ ယန်လဲ့အမတမြို့တော်၏ ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် လွင့်စင်ထွက်သွားကာ မြေပြင်နှင့် ဆောင့်မိသွားကြသည်။ သူတို့ဟာ သွေးများလည်း အန်ထုတ်လိုက်ရသည်။
" ယန်လဲ့ဓား..."
တုကုချိုးပိုင်တို့အုပ်စုထံမှ ထိတ်လန့်ဖွယ်ကောင်းသော ဓားချက်များကို ခံစားလိုက်ရသည့်အခါ လဲ့ပတို့အုပ်စု၏အမူအရာများမှာ ပြောင်းလဲသွားခဲ့သည်။ သူတို့ကိုယ်တွင်းရှိ စွမ်းအားများမှာ မြန်ဆန်စွာ လှည့်ပတ်လာကြသည်။ သူတို့လက်ထဲရှိဓားများဟာလည်း အေးစက်သောအလင်းတန်းတစ်ခုနဲ့အတူ ဝေ့ဝိုက်လှုပ်ရှားသွားခဲ့ပြီး ပြင်းထန်သောအရှိန်အဟုန်ဖြင့် ခုတ်ပိုင်းထွက်ပေါ်လာသည်။
လဲ့ပ၏ဦးဆောင်မှုအောက်တွင် ယန်လဲ့အမတမြို့တော်၏ မဟာအကြီးအကဲဆယ်ယောက်စလုံးသည် ပြင်းထန်သော တိုက်ကွက်များကို ထုတ်ဖော်လိုက်ကြသည်။ ၎င်းတိုက်ကွက်တစ်ခုချင်းစီတိုင်းတွင် မိုးကြိုးစွမ်းအားများပါဝင်နေကာ အစီအရင်ကြီးတစ်ခုလိုမျိုး အရပ်မျက်နှာတစ်ခုတည်းသို့ ပစ်လွတ်လိုက်ခြင်း ဖြစ်လေသည်။
ဘုန်း....
ယန်လဲ့အမတမြို့တော်ကြီး၏ အထက်ကောင်းကင်ယံတွင် ကြောက်လန့်ဖွယ်ကောင်းသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ ၎င်းထိတ်လန့်ဖွယ်ကောင်းသောအသံလှိုင်းကြီးသည် မမြင်နိုင်သောစွမ်းအားလှိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ မုန်တိုင်းတိုက်သလိုမျိုး အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားခဲ့သည်။
၎င်းစွမ်းအားလှိုင်းလုံးကြီးနဲ့ ပထမဆုံးရင်ဆိုင်လိုက်ရသည့်အရာမှာ ယန်လဲ့အမတမြို့တော်၏ မြို့တံတိုင်းကြီးပင်ဖြစ်တော့သည်။ အလယ်ပိုင်းကုန်းမြေတွင် နှစ်ပေါင်းမရေမတွက်နိုင်လောက်အောင် တည်ရှိခဲ့သော ရှေးဟောင်းမြို့တံတိုင်းကြီးသည် ဤထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားကြီး၏ရှေ့မှောက်တွင် ရုတ်တရက်ပြိုပျက်သွားခဲ့ရသည်။
ဒါတင်မကသေးဘဲ ယန်လဲ့အမတမြို့တော်ရှိ အဆောက်အဦးများမှာလဲည်းတစ်ခုပြီးတစ်ခု ပြိုကျသွားခဲ့သည်။ မရှောင်တိမ်းနိုင်လိုက်သော ယန်လဲ့အမတမြို့တော်၏ တပည့်များမှာ သွေးမြူထုများအဖြစ် ပေါက်ကွဲသွားခဲ့သည်။ ယန်လဲ့အမတမြို့တော်ကြီးတစ်ခုလုံး၌ ပြင်းထန်သောသွေးရနံ့များ လှိုင်လှိုင်ထွက်ပေါ်လာခဲ့သည်။
ဘုံကိုးလွှာမိုးကြိုးအစီအရင်ကြီးသာ ဖျက်စီးမခံလိုက်ရပါက ယန်လဲ့အမတမြို့တော်ကြီးဟာ တုကုချိုးပိုင်နှင့် အခြားသူများ၏ စွမ်းအားအရှိန်အဝါပွတ်တိုက်မှုမျှဖြင့် ဖျက်စီးခံလိုက်ရမှာ မဟုတ်ပါ။ သို့ပါသော်လည်း အစီအရင်ကြီး၏ကာကွယ်ပေးမှု မရှိသည့်အခါ ယန်လဲ့အမတမြို့တော်ကြီးသည် ကြီးမားကျယ်ဝန်းသော်လည်း အန္တိမနတ်မင်းအထွတ်အထိပ်စွမ်းအားရှင်များ၏ တိုက်ခိုက်မှုကိုတော့ဖြင့် မခုခံနိုင်ခဲ့ပါ။
ဤစွမ်းအားလှိုင်း၏ လက်မှောက်တွင် ယန်လဲ့အမတမြို့တော်၏ ဂိုဏ်းသားများစွာ သေဆုံးသွားကြောင်းတွေ့မြင်လိုက်ရသည့်အခါ လဲ့ပနှင့်ယန်လဲ့အမတမြို့တော် စွမ်းအားရှင်များ၏မျက်ဝန်းများက နီစွေးသွားကြသည်။ သူတို့ကိုယ်တွင်းရှိ ထုတ်လွှတ်နေသော သတ်ဖြတ်မှုအရှိိန်အဝါများမှာ ပိုမို၍သိသည်းလာခဲ့ကာ အစစ်အမှန်မြူခိုးထုကဲ့သို့ ဖြစ်နေခဲ့သည်။သူတို့အားလုံးက တုကုချိုးပိုင်တို့အုပ်စုကို စွဲမြဲစွာစိုက်ကြည့်လိုက်သည်။
ယန်လဲ့အမတမြို့တော်စတင်တည်ထောင်ပြီးကတည်းက ဤမျှလောက်အထိ ကြီးကြီးမားမားမဆုံးရှုံးခဲ့ဖူးပါ။ အတိတ်တွင် သူတို့က ယင်ဖုန်းအမတမြို့တော်နှင့် အကြိမ်ပေါင်းများစွာ ထိုက်တိုက်ရင်ဆိုင်ခဲ့ရသော်လည်း တိုက်ပွဲတိုင်းတွင် အနိုင်ရသူ မပေါ်ခဲ့ပါ။ ဒီတစ်ကြိမ်မှာတော့ ယင်ဖုန်းအမတမြို့တော်က အင်မတန်အစွမ်းထက်နေလိမ့်မည်ဟု သူတို့ထင်မထားခဲ့။
လုချင်းက လဲ့ပနှင့်အခြားသူများကို အနည်းငယ်မျက်မှောင်ကျုံ့လျက် လှမ်းကြည့်လိုက်သည်။ တုကုချိုးပိုင်တို့၏ အကူအညီဖြင့်ဆိုလျှင်တောင် ယန်လဲ့အမတမြို့တော်ကို ဖျက်စီးဖို့ဆိုသည်က မလွယ်ကူလှပါ။ တစ်ဖက်ရန်သူများဟာလဲ သာမန်အန္တိမနတ်မင်းအထွတ်အထိပ် စွမ်းအားရှင်များမဟုတ်ကြပါပေ။
" ဘိုးဘေးတွေကို ဆင့်ခေါ်လိုက်။ ဒီဂိုဏ်းချုပ်က ဘိုးဘေးတွေကို ဆင့်ခေါ်ဖို့ အမိန့်ပေးတယ်။ "
လဲ့ပက လုချင်းကို စွဲမြဲစွာ စိုက်ကြည့်လိုက်သည်။သူ၏မျက်ဝန်းများအတွင်း၌ ရက်စက်ကြမ်းကြုတ်မှုများ ရှိနေခဲ့သည်။ သူက အံကိုတင်းတင်းကြိတ်လိုက်ပြီး လုချင်းထံသို့ အလွန်အမင်းသန်မာသော သတ်ဖြတ်မှုအရှိန်အဝါများ ထုတ်လွှင့်လျက် အော်ဟစ်ပြောဆိုလိုက်သည်။
လဲ့ပ၏စကားဆုံးသွားသည့်အခါ သူ့အနောက်တွင်ရှိနေကြသော ယန်လဲ့အမတမြို့တော်၏ အကြီးအကဲနှစ်ယောက်သည် ခေါင်းညိမ့်လိုက်ကြသည်။ သူတို့က လက်ဖဝါးဖြန့်လိုက်သည့်အခါ တံဆိပ်ပြားငယ်လေးနှစ်ခုသည် သူတို့၏ လက်ဖဝါးအတွင်း၌ ဖြစ်ပေါ်လာကြသည်။ သူတို့သည် စွမ်းအင်များကို တံဆိပ်ပြားလေးများအတွင်း သွတ်သွင်းလိုက်သည့်အခါ ၎င်းတံဆိပ်ပြားလေးများက အဆက်မပြတ် တုန်ခါလာခဲ့သည်။
ဘုန်း....
တံဆိပ်ပြားငယ်လေးနှစ်ခုသည် ရုတ်တရက်ကွဲအက်သွားခဲ့ပြီး ကြယ်ငယ်လေးများအဖြစ် အသွင်ပြောင်းလဲသွားခဲ့သည်။ ၎င်းကြယ်လေးနှစ်ခုသည် ယန်လဲ့အမတမြို့တော်၏ အဓိကခန်းမကြီးအနက်ပိုင်းထဲသို့ ပျံသန်းဝင်ရောက်သွားခဲ့သည်။မျက်တောင်တစ်ခတ်အတွင်း၌ ကြယ်ပွင့်ကလေးများဟာ ခြေရာလက်ရာမကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
နောက်တဒင်္ဂအကြာတွင် ယန်လဲ့အမတမြို့တော်ကြီး၏ အဓိကခန်းမကြီးမှာ ရုတ်တရက်တုန်ခါလာခဲ့သည်။ တစ်မီတာခန့်ကျယ်ဝန်းသော ဧရာမကျောက်တိုင်လုံးကြီးသည် မိုးကောင်းကင်အတွင်းသို့ ပျံတက်သွားခဲ့သည်။ ၎င်းကျောက်တိုင်ကြီးနဲ့အတူ အလင်းတံခါးတစ်ခုလည်း ထွက်ပေါ်ခဲ့သည်။
ဟွမ်....
တုန်ခါသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး လူပုဂ္ဂိုလ်သုံးယောက်သည် အလင်းတံခါးအတွင်းမှ ထွက်ပေါ်လာကြသည်။ သူတို့ဟာ အိုမင်းရင့်ရော်နေသော အဖိုးအိုကြီးများ ဖြစ်ကြပါသည်။ သို့ပါသော်လည်း သူတို့ခန္ဓာကိုယ်ပေါ်များမှ ထွက်ပေါ်နေသော ခမ်းနားကြီးကျယ်သည့် အရှိန်အဝါများက ချီမိန်ချွှေရွှယ်နဲ့ အခြားသူများကို ခဲတောင့်သွားစေခဲ့သည်။
ထိုပုဂ္ဂိုလ်များဟာ အန္တိမနတ်မင်းအထွတ်အထိပ်စွမ်းအားရှင်များသာ ဖြစ်ကြသော်လည်း သူတို့ယူဆောင်လာပေးသည့် ဖိအားမှာ လဲ့ပတို့အုပ်စုထက် ပိုမို၍ ပြင်းထန်နေသည်။ အဆိုပါလူသုံးယောက်ဟာ ထျန်းမိန်အဆင့်နဲ့ နီးကပ်စွာတည်ရှိနေမှာကိုတောင် စိုးရိမ်မိသည်။
" ဘိုးဘေးသုံးယောက်ခင်ဗျာ....ယင်ဖုန်းအမတမြို့တော်က ကျွန်တော်တို့ရဲ့ယန်လဲ့အမတမြို့တော်ကြီးကို လာရောက်တိုက်ခိုက်ခဲ့ပါပြီ။ ကျေးဇူးပြုပြီး ဒီရန်သူတွေကို ရှင်းလင်းသုတ်သင်ပေးပါ။ "
လူအိုကြီးသုံးယောက်ကို တွေ့မြင်လိုက်ရသည့်အခါ လဲ့ပ၏မျက်နှာထက်၌ ဝမ်းနည်းပူဆွေးမှုများ ဖြစ်တည်လာခဲ့သည်။ သူက လူအိုကြီးသုံးယောက်ဖက်သို့ လေးလေးစားစားဂါရဝပြုလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလိုက်သည်။
လူအိုကြီးသုံးယောက်ထွက်ပေါ်လာပြီးသည့်နောက် သူတို့သုံးယောက်စလုံးက ယန်လဲ့အမတမြို့တော်ကြီး၏အခြေအနေကို တွေ့မြင်လိုက်ရသည်။ လဲ့ပ၏စကားများကို ကြားလိုက်ရသည့်အခါ သူတို့၏အိုမင်းရင့်ရော်နေသော မျက်ဝန်းများမှာ ကျဥ်းမြောင်းသွားခဲ့သည်။ သူတို့က လုချင်းတို့အုပ်စုထံသို့ စူးစူးရဲဲရဲစိုက်ကြည့်လိုက်သည်။ ဤအချိန်တွင် လုချင်းတို့အုပ်စုသည် ပြင်းထန်သောဖိအားကြီးကို ခံစားသိရှိလိုက်ရပါသည်။
" တာအိုရောင်းရင်းတုကု ကျမတို့ယင်ဖုန်းအမတမြို့တော်က ဗျပ်စောင်းတာအိုကို အထူးပြုကြတာပါ။ တစ်ဦးချင်းတိုက်ခိုက်ရာမှာ မသန်မာကြပါဘူး။ ဒါပေမဲ့ ကျမတို့က ဗျပ်စောင်းအစီအရင်ကြီးတစ်ခုကို ထုတ်ဖော်ပြီး ရှင်တို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားတွေကို တိုးမြှင့်ပေးပါမယ်။ "
" ယန်လဲ့အမတမြို့တော်ရဲ့ လူတွေနဲ့တိုက်ခိုက်ဖို့ကိုတော့ တာအိုရောင်းရင်းတုကုတို့ကိုပဲ အားကိုးရတော့မှာပေါ့။ "
လုချင်း၏လှပသော မျက်ဝန်းလေးများအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။ သူမက ယန်လဲ့အမတမြို့တော်၏ ဘိုးဘေးအိုကြီးသုံးယောက်ကို နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်လိုက်ပြီး တုကုချိုးပိုင်နှင့် အခြားသူများကို အသံကူးပြောင်းခြင်းစွမ်းရည်ဖြင့် လှမ်းပြောလိုက်သည်။
" အို..?"
လုချင်း၏အသံကူးပြောင်းခြင်းကို ကြားသိလိုက်ရသည့်အခါ တုကုချိုးပိုင်နှင့် စုန့်ချယ်တို့က တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်မိလိုက်ကြသည်။ သူတို့၏မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့သည်။ ယန်လဲ့အမတမြို့တော်ဖက်မှာ ဘိုးဘေးသုံးယောက်ထွက်ပေါ်လာခဲ့သော်လည်း တုကုချိုးပိုင်နှင့် စုန့်ချယ်တို့၏အမူအရာများကတော့ တည်ငြိမ်နေသေးသည်။
သူတို့နှစ်ယောက်စလုံးဟာ ယန်လဲ့အမတမြို့တော်၏ ဘိုးဘေးသုံးယောက်ကို အနိုင်ယူရန် အကြွင်းမဲ့ယုံကြည်မှုများ ရှိနေကြသည်။ သူတို့က ဘိုးဘေးများနဲ့ရင်ဘောင်တန်း တိုက်ခိုက်နိုင်စွမ်းရှိပါသည်။
လုချင်းပြောဆိုလိုက်သော ဗျပ်စောင်းတာအိုအစီအရင်ကြီး၏ ထပ်ပေါင်းအကူအညီကြီးဖြင့်ဆိုပါက တုကုချိုးပိုင်တို့အုပ်စုသည် တစ်ဖက်တွင် အန္တိမနတ်မင်းစွမ်းအားရှင်များစွာ ရှိနေလျှင်တောင် ရင်ဆိုင်တိုက်ခိုက်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေသည်။
" မြို့သခင်လုကိုပဲ ပြသနာပေးရတော့မှာပေါ့။ ဒီလူတွေကိုတော့ ကျုပ်တို့ ရင်ဆိုင်တိုက်ခိုက်ပါမယ်။ "
တုကုချိုးပိုင်က တုန့်ဆိုင်းနေခြင်းမရှိဘဲ လုချင်းကို အသံပြန်လည်၍ ကူးပြောင်းပို့ဆောင်လိုက်သည်။ သူက လုချင်းပြောဆိုလိုက်သော ဗျပ်စောင်းတာအိုအစီအရင်ကြီးကိုလည်း မြည်းစမ်းကြည့်ချင်သည်။ အဲ့ဒါက ဘယ်လိုများ ခွန်းအားတိုးမြှင့်ပေးမလဲဆိုတာကိုပေါ့။
" ကျဲထျန်းယင်ချင်း အမတအစီအရင်တော်ကြီး! "
လုချင်း၏စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် သူမအနောက်ဘက်ရှိ ယင်ဖုန်းအမတမြို့တော်၏ အကြီးအကဲငါးယောက်က ရုတ်တရက်လှုပ်ရှားလိုက်ကြသည်။ သူတို့က လုချင်း၏ ပတ်ပတ်လည်တွင် နေရာခွဲဖြာယူလိုက်ကြသည်။
လုချင်းကတော့ အလယ်ဗဟို၌ဖြစ်ပြီး အစီအရင်၏ဦးဆောင်သူဖြစ်ပါသည်။ မဟာအကြီးအကဲငါးယောက်က သူမ၏အနောက်ဘက်၊ ဘယ်ဘက်၊ညာဘက်၊ အထက်ဘက်နှင့်အောက်ဘက်တို့၌ အသီးသီးနေရာယူလိုက်ကြသည်။
ယင်ဖုန်းအမတမြို့တော်၏ အန္တိမနတ်မင်းအထွတ်အထိပ်စွမ်းအားရှင် ခြောက်ယောက်သည် လေထုအထဲ၌ တင်ပုလ္လင်ချိတ်ထိုင်လိုက်ကြသည်။ သူတို့၏အရှေ့၌ ကျောက်စိမ်းဗျပ်စောင်းခြောက်ခု ထွက်ပေါ်လာခဲ့သည်။
" ဒင်...."
လုချင်းတို့ခြောက်ယောက်စလုံးသည် ဗျပ်စောင်းကို တစ်ပြိုင်နက်တည်း ကြိုးညှိလိုက်ကြသည်။ ရုတ်ချည်းဆိုသလို သံစဥ်တေးသွားတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။ လူခြောက်ယောက်တေးဂီတ တီးခတ်နေခဲ့သော်လည်း အသံဟာ တစ်သံတည်းသာဖြစ်သည်။ လုချင်းတို့ခြောက်ယောက်ဟာ လူပုဂ္ဂိုလ်တစ်ယောက်ထဲအဖြစ် ပေါင်းစည်းသွားသည့်အလားပင်။
လုချင်းတို့ခြောက်ယောက် တေးဂီတတီးခတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်စိမ်းဗျပ်စောင်းခြောက်ခုထံမှ သံစဥ်တေးသွားများသည် လွင့်ပျံထွက်ပေါ်လာခဲ့သည်။ အဆိုပါသံစဥ်သင်္ကေတများသည် လေထုအထဲ၌ ရှည်လျားသောအလင်းတန်းကြီးတစ်ခုအဖြစ် သိပ်သည်းသွားကြသည်။ ၎င်းအလင်းတန်းကြီးများက တုကုချိုးပိုင်နှင့်အခြားသူတို့ကို ဆက်သွယ်ပေးထားသည်။
" ဒင်..."
ဗျပ်စောင်းတေးသံနောက်တစ်ကြိမ်ထွက်ပေါ်လာခဲ့သည်။ တုကုချိုးပိုင်တို့အုပ်စုမှာ ထိတ်လန့်သွားရသည်။ ဤအချိန်တွင် သူတို့ကိုယ်အတွင်းရှိ စွမ်းအားများမှာ အရိုင်းဆန်စွာတိုးတက်လာခဲ့ကြောင်း သူတို့ခံစားလိုက်ရသည်။ သူတို့က စွမ်းအားထုတ်ဖော်ခြင်းမရှိသော်လည်း ကိုယ်တွင်းရှိစွမ်းအားများမှာ အလိုအလျောက်မြင့်တက်လာခဲ့ရသည်။ ၎င်းမှာ ခွန်အားတိုးဆေးတစ်မျိုးကို စားသုံးလိုက်ရသည့်အလားပင်။
တုကုချိုးပိုင်နှင့် အခြားသူများသည် စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် တစ်ယောက်မျက်နှာတစ်ယောက် လှမ်းကြည့်မိလိုက်ကြသည်။ ယင်ဖုန်းအမတမြို့တော်တွင် မိုးကောင်းကင်ကို အံတုနိုင်သော အစီအရင်ကြီးတစ်ခုရှိနေလိမ့်မည်ဟု သူတို့ထင်မထားခဲ့ကြ။ ၎င်းအစီအရင်၏ ချိတ်ဆက်မှုအားဖြင့် သူတို့သည် ကောင်းကျိုးများကို ခံစားနေရသည်။ ချိတ်ဆက်မှုပိုမိုနက်ရှိုင်းလာသည်နဲ့အမျှ သူတို့ကိုယ်တွင်းရှိ စွမ်းအားများမှာလည်းပို၍ပို၍ သန်မာလာခဲ့သည်။
ဤအချိန်တွင် သူတို့သည် ထျန်းမိန်အဆင့်စွမ်းအားရှင်များနဲ့ ရင်ဆိုင်ရရင်တောင် ရင်ဆိုင်တိုက်ခိုက်နိုင်ကြလိမ့်မည်ဟု ယုံကြည်ကြသည်။
" သတ်ကြ..."
ဒါကို တွေးမိလိုက်ပြီးသည့်နောက်တွင် တုကုချိုးပိုင်တို့က တုံ့ဆိုင်းနေခဲ့ခြင်းမရှိကြပါ။ သူတို့က လက်အတွင်းရှိဓားများကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး အရိုင်းဆန်စွာ ပြေးထွက်သွားကြသည်။ သူတို့ကိုယ်တွင်းရှိစွမ်းအားများမှာ အပြိုင်အဆိုင်ပေါက်ကွဲထွက်ပေါ်လာကြသည်။ ခမ်းနားကြီးကျယ်သောစွမ်းအားများသည် သူတို့၏ပတ်ပတ်လည်၌ မုန်တိုင်းတစ်ခုအလား ဝေ့ဝဲတိုက်ခိုက်နေခဲ့သည်။ ပြိုင်ဖက်ကင်းသော ဓားအရှိန်အဝါများ ထွက်ပေါ်လာခဲ့ကာ အမ္ဘာလောကကြီးကို တုန်လှုပ်စေခဲ့သည်။
တုကုချိုးပိုင်နှင့် အခြာသူများ ပြေးထွက်သွားကြသော်လည်း သူတို့နဲ့ချိတ်ဆက်ထားသော အဖြူရောင်အလင်းတန်းများမှာ အဆက်အသွယ်ပြတ်သွားခြင်းမရှိကြပါ။ နေရာဒေသအကွာအဝေးကို ကျော်လွန်၍ လျို့ဝှက်ဆန်းကြယ်သော သံစဥ်လှိုင်း၏အလင်းတန်းသည် တုကုချိုးပိုင်တို့ကို ကောင်းချီးပေးနေခဲ့သည်။ သူတို့ကိုယ်တွင်းရှိ စွမ်းအားများမှာ အချိန်နဲ့အမျှ ပို၍ ထိတ်လန့်ဖွယ်ကောင်းလာခဲ့သည်။
တုကုချိုးပိုင်တို့သည် လူတန်းကြီးတစ်ခုအဖြစ် အသေအချာနေရာယူလိုက်ကာ လဲ့ပတို့အုပ်စု၏အရှေ့၌ ပိတ်ဆို့ကာရံထားလိုက်သည်။ ထိုမှသာ လဲ့ပတို့သည် လုချင်းတို့ထံ သွားရောက်မတိုက်ခိုက်နိုင်မှာ ဖြစ်သည်။ လုချင်းတို့၏အစီအရင်ကောင်းကျိုးကို တွေ့ကြုံခံစားရပြီးဖြစ်ရာ တုကုချိုးပိုင်နှင့်အခြားသူများသည် ၎င်းအစီအရင်ကြီးကို ဖျက်စီးခွင့်မပေးနိုင်တော့ပါချေ။
ဓားအလင်းတန်းများသည် ဒေါင်လိုက်၊ အလျားလိုက်၊ ဖြတ်ပိုင်းထွက်ပေါ်လာခဲ့ပြီး မိုးကောင်းကင်ကြီးကို ဖျက်စီးလုမတက် ဖြစ်နေခဲ့သည်။
တုကုချိုးပိုင်တို့ခြောက်ယောက်သည် တစ်ညီတစ်ညွတ်တည်း လှုပ်ရှားလိုက်ကြသည်။ ထိတ်လန့်ဖွယ်ကောင်းသောဓားသိုင်းကွက်များသည် လဲ့ပနဲ့ အခြားသူများထံ တိုးဝင်သွားခဲ့သည်။ အဆိုပါမြင်ကွင်းက ယန်လဲ့အမတမြို့တော်၏ ဂိုဏ်းသားများကို ထိတ်လန့်သွားစေခဲ့သည်။
လူခြောက်ယောက်လောက်က ယန်လဲ့အမတမြို့တော်ရဲ့ အန္တိမနတ်မင်းအထွတ်အထိပ်စွမ်းအားရှင် ဆယ့်လေးယောက်ကို တုန်လှုပ်အောင်ပြုလုပ်လိုက်တာလား?
ဒီလိုရူးနှမ်းတဲ့အရာမျိုး ပြုလုပ်ဖို့ဆိုရင် ဘယ်လောက်တောင်မှ ယုံကြည်မှုရှိရမလဲ။
" သေချင်နေတာပဲ။ "
လဲ့ပနဲ့ သူ့လူများကလည်း လှောင်ရယ်လိုက်ကြသည်။ ယန်လဲ့အမတမြို့တော် ဘိုးဘေးသုံးယောက်၏ ဦးဆောင်တိုက်ခိုက်မှုနဲ့အတူ သူတို့က စွမ်းအားကြီးတိုက်ကွက်များကို တစ်ယောက်ပြီးတစ်ယောက် ထုတ်ဖော်လိုက်ကြသည်။ လူနှစ်ဆခန့်ပိုများသည့် အုပ်စုဖြစ်လေရာ လဲ့ပတို့အုပ်စုမှာ အလွန်အမင်းယုံကြည်မှုရှိနေကြသည်။
သူတို့ယန်လဲ့အမတမြို့တော်သည် ကြီးကြီးမားမားဆုံးရှုံးခဲ့ရသော်လည်း သူတို့သာ ယင်ဖုန်းအမတမြို့တော်ကို ဖျက်စီးနိုင်လိုက်လျှင် ၎င်းက ထိုက်တန်သော ဆုံးရှုံးမှုဖြစ်၏။
ဘုန်း....
နားကွဲလုမတတ် ကျယ်လောင်သောအသံကြီးသည် အရပ်လေးမျက်နှာ၌ မြည်ဟီးထွက်ပေါ်လာခဲ့သည်။လဲ့ပနဲ့အခြားသူများဟာ ဖြစ်ပေါ်လာသည့်မြင်ကွင်းကို မျှော်လင့်မထားခဲ့ကြပါ။ သူတို့၏တိုက်ခိုက်မှုများက တုကုချိုးပိုင်နှင့် အခြားသူများ၏ ရှေ့မှောက်တွင် စက္ကူစတစ်ရွက်လိုမျိုး ဆုတ်ဖြဲခံလိုက်ရသည်။ဘိုးဘေးသုံးယောက်၏ တိုက်ခိုက်မှုများကသာ အချိန်အနည်းငယ်ကြာအောင် ခုခံထားနိုင်ခဲ့သည်။
" ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ "
အဆိုပါမြင်ကွင်းက လဲ့ပတို့အုပ်စုကို မယုံကြည်နိုင်စွာ ရေရွတ်လိုက်မိစေသည်။ ယန်လဲ့အမတမြို့တော်ဘိုးဘေးသုံးယောက်၏ အမူအရာများမှာလည်း ပျက်ယွင်းသွားကြသည်။
အစမှစတင်၍ သူတို့ဟာ တုကုချိုးပိုင်နှင့်စုန့်ချယ်တို့ထံမှ ကြီးစွာသောဖိအားကြီးကို ခံစားနေရသည်။ ယင်ဖုန်းအမတမြို့တော်၏ ဗျပ်စောင်းတာအိုအစီအရင်နဲ့ ပူးပေါင်းလိုက်သည့်အခါ သူတို့ကိုယ်တွင်းရှိ စွမ်းအားအရှိန်အဝါများမှာ ပိုလို့တောင် ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းလာခဲ့သည်။
" မင်းတို့က ယင်ဖုန်းအမတမြို့တော်က မဟုတ်ဘူး။ မင်းတို့ဘာကြောင့် ဒီတိုက်ပွဲကို ကြားဝင်လာရတာလဲ။ "
ဘိုးဘေးလဲ့မင်၏ အိုမင်းနေသော မျက်ဝန်းများသည် တုကုချိုးပိုင်တို့ကို စူးစိုက်ကြည့်လိုက်ကာ ကျယ်လောင်စွာ မေးမြန်းလိုက်သည်။
ယင်ဖုန်းအမတမြို့တော်၏ စွမ်းအားရှင်များမှာ ဗျပ်စောင်းတာအိုကို အခြေခံထား လေ့ကျင့်ကြသည်။ သူတို့က တည်နေရာကျယ်ဝန်းသော တိုက်ခိုက်မှုများအသုံးပြုပြီး လူပေါင်းများစွာနဲ့ရင်ဆိုင်ရာတွင် အားသာမှုရှိကြပါသည်။ သို့ပါသော်လည်း တစ်ဦးချင်းတိုက်ခိုက်မှုတွင် ဗျပ်စောင်းတာအိုက အားနည်းလေသည်။
သို့ပါသော်လည်း တုကုချိုးပိုင်နဲ့အခြားသူများကတော့ တစ်ဦးချင်းတိုက်ခိုက်မှု၌ အင်မတန်မှ ထိတ်လန့်ဖွယ်ကောင်းနေခဲ့သည်။ ယန်လဲ့အမတမြို့တော်ဟာလည်း တစ်ဦးချင်းတိုက်ခိုက်မှုတွင် အားသာသော်လည်း သူတို့ကိုဖြင့် မယှဥ်သာခဲ့ပါ။
" ဘုန်း......"
သို့ပေသော်ငြားလည်း သူ၏မေးခွန်းကို ခွန်းတုန့်ပြန်လိုက်သည်က တုကုချိုးပိုင်နှင့် အခြားသူများ၏ ထက်မြသော ဓားတိုက်ကွက်များပင် ဖြစ်တော့သည်...