← Chapters

လုပ်နိုင်ရင်လုပ်လိုက် လေမမရှည်နဲ့!

Vol. 29 Ch. 404

လုပ်နိုင်ရင်လုပ်လိုက် လေမမရှည်နဲ့!

Vol. 29 Ch. 404

ယိယွမ်ဘုရားကျောင်းတည်ရှိရာ လျှို့ဝှက်ကမ္ဘာလေး၏ အပြင်ဘက်တွင် ဝမ်ဖုန်းက ယိုဝူမင်၏ဘေး၌ မတ်တပ်ရပ်နေပြီး သူ့ရှေ့ရှိ အဆုံးအစမဲ့သော တောအုပ်ကြီးကို ငေးစိုက်ကြည့်နေခဲ့သည်။ သူ၏ မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခု ဖြတ်သန်းသွားခဲ့သည်။ သာမန်လူများသာ တောအုပ်အတွင်း ဝင်ရောက်သွားပါက ပြန်လမ်းကို ရှာဖွေနိုင်မှာ မဟုတ်ပါ။ ၎င်းမှာ အလယ်ပိုင်းကုန်းမြေကြီး၏ ပထမတန်းစား အင်အားစု ယိယွမ်ဘုရားကျောင်း ဖြစ်လေသည်။

"ယိယွမ်ဘုရားကျောင်းရဲ့ အကာအကွယ်နံရံကို ဖျက်ဆီးဖို့ တာအိုရောင်းရင်းလီပိုင်ကို အကူအညီတောင်းပါရစေ"

ရွှမ်ယွမ်အင်ပါယာမျိုးနွယ်စု၏ အကြီးအကဲရွှမ်ဟန်းက ဝမ်ဖုန်း၏ဘေးတွင် ရှိနေသော လီပိုင်ကို လှမ်းကြည့်လိုက်ပြီး ယဥ်ကျေးစွာ မေးမြန်းလိုက်သည်။

လီပိုင်က ရွှမ်ဟန်းကို လျစ်လျူရှုထားပြီး ဝမ်ဖုန်းဘက်သို့ လှမ်းကြည့်လိုက်သည်။ ဝမ်ဖုန်းက ခေါင်းညိမ့်ပြလိုက်သည့်အခါမှ လီပိုင်က ရွှမ်ဟန်း၏ဘေးနားသို့ လမ်းလျှောက်ထွက်လာခဲ့သည်။

အဆိုပါမြင်ကွင်းက ရွှမ်ဟန်းနှင့် ယိုဝူမင်တို့၏ မျက်ဝန်းများအတွင်း၌ အလင်းတန်းတစ်ခုဖြတ်သန်းသွားစေခဲ့သည်။ သူတို့က ဝမ်ဖုန်းကို စေ့စေ့စပ်စပ်စိုက်ကြည့်လိုက်သည်။ ဂုဏ်သရေကြီးမြတ်တဲ့ ထျန်းကျိအထွတ်အထိပ်စွမ်းအားရှင်ကတောင် ဝမ်ဖုန်းရဲ့ ခွင့်ပြုချက်ကို ယူနေရတာလား?။

ရွှမ်ဟန်းက သူ၏လက်ချောင်းကို ဆန့်ထုတ်လိုက်သည်။ ထျန်းကျိအထွတ်အထိပ်စွမ်းအားများသည် သူ့ခန္ဓာကိုယ်အတွင်းမှ လက်ချောင်းအတွင်းသို့ စီးဆင်းဝင်ရောက်သွားခဲ့သည်။ သူ၏လက်ချောင်းထိပ်မှ မျက်စိကျိန်းလောက်သော အလင်းတန်းတစ်ခု ထိုးထွက်လာခဲ့သည်။

ဘေးတွင်ရှိနေသော လီပိုင်ကလည်း ထပ်တူညီသော လှုပ်ရှားမှုကို ပြုလုပ်ခဲ့သည်။

ထျန်းကျိအထွတ်အထိပ်စွမ်းအားရှင်နှစ်ယောက်၏ ပြင်းထန်သော စွမ်းအင်အဟုန်များသည် ရှည်လျားသော သက်တန့်ကြီးတစ်စင်းကဲ့သို့ ထွက်ပေါ်လာခဲသည်။ ၎င်းသက်တန့်ကြီးဖြတ်သန်းသွားသည့်အခါတိုင်းတွင် လေထုဟာ ပွင့်ဟသွားခဲ့ပြီး ရှည်လျားကျဥ်းမြောင်းသော အက်ကွဲဲကြောင်းကြီးများ ဖြစ်တည်လာခဲ့ရသည်။

သက်တန့်ရောင်အလင်းတန်းကြီးနှစ်ခုသည် တောအုပ်၏ အလယ်ဗဟိုသို့ ထိုးဖောက်ဝင်ရောက်သွားလိုက်သည်။ ထိုအခါ လေထုအတွင်းမှ အကာအရံတစ်ခုသည် ထွက်ပေါ်လာခဲ့ရသည်။ သက်တန့်ရောင် စွမ်းအားကြီးနှစ်ခုသည် အကာအရံနှင့် ဝင်တိုက်မိလိုက်သည့်အခါ အကာအရံအလွှာ၌ လှိုင်းထန်သွားခဲ့ရသည်။

"ခရက်!"

ကွဲအက်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။ အကာအရံကြီးသည် မျက်စိဖြင့် တွေ့မြင်နိုင်သောနှုန်းဖြင့် တစ်လက်မပြီးတစ်လက်မ ကွဲအက်လာခဲ့ရသည်။ ယိယွမ်ဘုရားကျောင်းတည်ရှိရာ လျှို့ဝှက်နယ်မြေ၏ အစစ်အမှန်မြင်ကွင်းကို ထုတ်ဖော်ပြသခဲ့သည်။

အရှေ့ဘက်တွင် မိုးထိအောင်မြင့်မားနေသော တောင် ထိပ်ကြီးတစ်ခု ရှိနေခဲ့သည်။ ရှေးဟောင်းတောအုပ်ကြီးက ၎င်းတောင်ထိပ်ကြီး၏ အရှေ့ဘက်ရှိ မြက်ခင်းပြင်ကြီးအလား သေးနုပ်လှသည်။ တောင်ခါးပန်းလောက်တွင် နန်းတော်ကြီးတစ်ခုတည်ရှိနေသည်။ ၎င်းနန်းတော်ကြီးကို တိမ်စိုင်တိမ်လိပ်များနှင့် မြူခိုးမြူငွေ့များ ရစ်သိုင်းထားပြီး နတ်ဘုံတမျှ ခမ်းနားလှပါသည်။

တစ်ချက်စိုက်ကြည့်ရုံမျှဖြင့် လူအများကို အံ့ဩသွားစေနိုင်သည်။

သို့ပါသော်လည်း ယိုဝူမင်ရော ဝမ်ဖုန်းကပါ သာမန်လူများမဟုတ်ကြပါ။ သူတို့၏ အမူအရာများက အင်မတန်မှ တည်ငြိမ်နေကြသည်။

"တာအိုရောင်းရင်းတို့ အဘယ်အကြောင်းကြောင့်များ ကျုပ်ရဲ့ ယိယွမ်ဘုရားကျောင်းကို ရောက်လာရသလဲ?"

ကမ္ဘာလောကကြီးအတွင်း၌ ခမ်းနားကြီးကျယ်သော အသံကြီးတစ်သံ ထွက်ပေါ်လာခဲ့ပြီး လီပိုင်တို့အရှေ့ရှိ လေထုအတွင်း၌ လူဒါဇင်ကျော် ထွက်ပေါ်လာခဲ့သည်။ခေါင်းဆောင်လာသူမှာ ယိယွမ်ဘုရားကျောင်း၏ ဂိုဏ်းချုပ်ယွမ်ကုန်းဖြစ်သည်။

သူ၏အနောက်မှာတော့ ယိယွမ်ဘုရားကျောင်း၏ အစောင့်အရှောက်အကြီးအကဲ အုပ်စုရှိနေခဲ့သည်။ သူတို့တစ်ယောက်ချင်းစီတိုင်းက အန္တိမနတ်မင်းအထွတ်အထိပ်အဆင့်သို့ ရောက်နေခဲ့ကြသည်။ ဘုရားကျောင်း၏ ဂိုဏ်းချုပ် ယွမ်ကုန်းကတော့ ထျန်းမိန်အထွတ်အထိပ်ကို ရောက်နေခဲ့သည်။

ဤအခြေအနေတွင် ယွမ်ကုန်း၏ စိတ်နေစိတ်ထားက အင်မတန်မှ ယဥ်ကျေးပျူငှာနေသည်။ ယိယွမ်ဘုရားကျောင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည့်အတွက် ယွမ်ကုန်းက ဒေါသထွက်နေသင့်သည်။ သို့ပါသော်လည်း ထိုလူများမှာ ယိယွမ်ဘုရားကျောင်း၏ အကာအရံအလွှာကို အသံတစ်သံမှ မထွက်ဘဲ ဖျက်ဆီးနိုင်ခဲ့ရာ မေ့လျော့ခံအာကာပြင်အဆင့် စွမ်းအားရှင်များဖြစ်ကြောင်း ယွမ်ကုန်းတစ်ယောက် သိရှိလိုက်ရသည်။

ထိုကဲ့သို့ တည်ရှိမှုများနှင့် ရင်ဆိုင်ရသည့်အခါ အခြေအနေကို ရေရေရာရာမသိဘဲ တဇွတ်တိုး မပြုလုပ်သင့်ပါ။

လက်ရှိယိယွမ်ဘုရားကျောင်း ထုတ်ဖော်ပြသထားသော ခွန်အားမှာ အင်မတန်မှ သန်မာလှသည်။ အလယ်ပိုင်းကုန်းမြေကြီးအတွင်းသို့ လမ်းလျှောက်သွားပါက အလယ်ပိုင်းကုန်းမြေကြီးတစ်ခုလုံးကိုတောင် ဖိနှိပ်ထားနိုင်လောက်သည်။

ဝမ်ဖုန်းက ယွမ်ကုန်းနှင့် သူ့လူများကိုလှမ်းကြည့်လိုက်ပြီး နှလုံးသားအတွင်းမှ တီးတိုးစွာသက်ပြင်းချလိုက်သည်။ ရန်သူ့ဘက်တွင် အန္တိမနတ်မင်းအထွတ်အထိပ် ၁၀ ယောက်နှင့် ထျန်းမိန်အထွတ်အထိပ်အဆင့် တစ်ယောက်သာ ရှိနေသည်။ ထိုအင်အားမှာ ယိယွမ်ဘုရားကျောင်း၏ အစစ်အမှန်အင်အားမဟုတ်ကြောင်း သူသိပါသည်။

"သတ်ကြ!"

ဝမ်ဖုန်း၏ မျက်ဝန်းများမှာ အေးစက်သွားပြီး လီပိုင်ကို အော်ဟစ်သတိပေးလိုက်သည်။

"ကမ္ဘာအဆုံးထိ ဓါးတစ်ချောင်းနှင့် ခရီးနှင်ခြင်း ၊ လူပေါင်းများစွာကို သတ်ဖြတ်သုတ်သင်ခြင်း!"

ဝမ်ဖုန်း၏ ညွှန်ကြားမှုကို ကြားလိုက်ရသည့်အခါ လီပိုင်က တိုးညင်းစွာ ရေရွတ်လိုက်သည်။ သူ၏လက်ချောင်းများကို လှုပ်ရှားလိုက်သည့်အခါ သူ့နောက်တွင် လွယ်ထားသော ဓါးရှည်သည် ရုတ်တရက် ပျံသန်းထွက်လာခဲ့သည်။ ထက်မြပြီးအေးစက်သော ဓါးဆန္ဒအရှိန်အဝါများသည် လီပိုင်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့သည်။

ဓါးစွမ်းအင်များသည် သူ၏ ပတ်ပတ်လည်၌ ပြင်းထန်သော လေပွေတစ်ခုအလား လှုပ်ရှားနေခဲ့သည်။ လီပိုင် ဓါးရှည်ကို လွှဲယမ်းလိုက်သည့်အခါ ပတ်ဝန်းကျင်ရှိ ဓါးစွမ်းအင်များမှာ ဓါးရှည်ထံသို့ ရစ်သိုင်းလွှမ်းခြုံသွားခဲ့ကာ ကြီးမားသော ဓါးစွမ်းအင်မုန်တိုင်းကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။ ၎င်းဓါးစွမ်းအင်မုန်တိုင်းကြီးက မိုးကောင်းကင်၏ ပိုက်ကွန်ကြီးတစ်ခုအလား ယွမ်ကုန်းနှင့် အခြားသူများအပေါ် လွှမ်းခြုံထားခဲ့သည်။

"သေစမ်း!"

မူလက ယဥ်ကျေးပျူငှာနေသော ယွမ်ကုန်းသည် ရုတ်တရက်ဒေါသထွက်လာခဲ့သည်။ ထိုလူစိမ်းများက ယိယွမ်ဘုရားကျောင်းကို ဘာစကားတစ်ခွန်းမှမပြောဘဲ စတင်တိုက်ခိုက်လိမ့်မည်ဟု သူထင်မထားခဲ့။

ရွှမ်ယွမ်မျိုးနွယ်စု၏ စွမ်းအားရှင်များဖြစ်သော ယိုဝူမင်တို့ကတောင် အံအားသင့်သွားကြသည်။

"ဘာအတွက် စောင့်ဆိုင်းနေမှာလဲ? သူတို့ခွန်အားစုပေါင်းပြီး ကျုပ်တို့ကို ရင်ဆိုင်နိုင်တဲ့အချိန်ထိ စောင့်ဆိုင်းနေရမှာလား?"

ဝမ်ဖုန်းက ယိုဝူမင်၏ အတွေးများကို ထွင်းဖောက်တွေ့မြင်လိုက်ရပုံပေါ်ပြီး အထင်အမြင်သေးစွာ ပြောဆိုလိုက်သည်။

ဝမ်ဖုန်း၏ ရိုင်းပြသော စကားများကို ကြားလိုက်ရသည့်အခါ ယိုဝူမင်၏ မျက်လုံးအနက်ပိုင်း၌ ရက်စက်ကြမ်းကြုတ်မှုများ ထွက်ပေါ်လာခဲ့သည်။ သို့ပါသော်လည်း သူဟာ ဘာကိုမှ ထုတ်မပြောခဲ့ပါ။

ဒီကလေးလေးကို လေကျယ်ခိုင်းလိုက်မယ် ၊ ဘာဘဲဖြစ်ဖြစ် မင်းတို့ လုပ်သမျှအရာတိုင်းက သူတို့ ရွှမ်ယွမ်မျိုးနွယ်စုအတွက် ခန်းဝင်လက်ဆောင်ကြီးပဲကွ!

ဘုန်း!

ယွမ်ကုန်းဦးဆောင်လာသော ယိယွမ်ဘုရားကျောင်း စွမ်းအားရှင်များ၏ ခန္ဓာကိုယ်မှ စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။ သူတို့ဟာ ထိတ်လန့်ဖွယ်ကောင်းသော တိုက်ကွက်များကို ဖော်ဆောင်လိုက်ပြီး ဓါးချီမုန်တိုင်းကြီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ယွမ်ကုန်းပင်ဖြစ်စေ ဘုရားကျောင်းအစောင့်အရှောက် အကြီးအကဲများပင် ဖြစ်စေ သူတို့အားလုံးဟာ အဆိုပါ ဓါးချီမုန်တိုင်းကြီးအတွင်း ကိန်းဝပ်နေသည့် ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားများကို ခံစားနိုင်သည်။ ၎င်းစွမ်းအားက သူတို့ကို သေမင်းနှင့်ထိတွေ့နေရသည့်အလား ခြိမ်းခြောက်နေခဲ့သည်။

"ဟာ!"

နောက်တဒင်္ဂအကြာတွင် ယွမ်ကုန်းနှင့် သူ့လူများ၏ မျက်ဝန်းသူငယ်အိမ်များမှာ တုန်လှုပ်သွားကြသည်။ သူတို့၏ မျက်ဝန်းအနက်ပိုင်း၌ အကြောက်တရား အရိပ်အ ယောင်များ ထင်ဟပ်လာခဲ့သည်။ သူတို့က ခွန်အားအပြည့်တိုက်ကွက်များကို ဖော်ဆောင်ခဲ့သော်လည်း ဓါးချီမုန်တိုင်း၏ ရှေ့မှောက်တွင် သူတို့၏ တိုက်ကွက်များမှာ စက္ကူတစ်စအလား ဆုတ်ဖြဲခံလိုက်ရသည်။

ထျန်းမိန်အထွတ်အထိပ်စွမ်းအားရှင်တစ်ယောက်နဲ့ ဒါဇင်ချီတဲ့ အန္တိမနတ်မင်းအထွတ်အထိပ်စွမ်းအားရှင်များစွာ ရဲ့ တိုက်ကွက်တွေက ဒီဓါးချီမုန်တိုင်းကို တစ်ခဏတာတောင် မထိန်းသိမ်းနိုင်ဘူးလား?။ အဲ့ဒီလူက အနည်းဆုံးတော့ ထျန်းကျိအထွတ်အထိပ်စွမ်းအားရှင် ဖြစ်ရမယ်!

သူတို့ယိယွမ်ဘုရားကျောင်းက အဲ့ဒီအဆင့်ရှိတဲ့ စွမ်းအားရှင်မျိုးကို ဘယ်တုန်းက ရန်စလိုက်မိတာလဲ?။

ဓါးချီမုန်တိုင်း သက်ဆင်းမလာခင်ကတည်းက ယွမ်ကုန်းနှင့် သူ့လူများသည် တစ်ကိုယ်လုံးတုန်ရင်နေကြကာ အသက်ရှုနှုန်းများ မြန်ဆန်လာခဲ့သည်။ ဓါးချီမုန်တိုင်း၏ အရိပ်အငွေ့လေးကတောင် သူတို့၏အရေပြားကို ဆုတ်ပြဲစေခဲ့ပြီး သူတို့၏ စိတ်ဝိညာဥ်များကလည်း စဥ်ဆက်မပြတ် တုန်လှုပ်နေကြသည်။

ယွန်ကုန်းက အံကိုတင်းတင်းကြိတ်လိုက်ပြီး သူ့နှလုံးသားအတွင်းရှိ အကြောက်တရားများကို ဖိနှိပ်လိုက်သည်။ သူက ဓါးချီမုန်တိုင်းအတွင်းမှ ရှောင်တိမ်းထွက်ပြေးရန် ပြင်ဆင်လိုက်သည်။ သို့ပါသော်လည်း ဓါးချီမုန်တိုင်းပတ်လည်တွင် မမြင်တွေ့နိုင်သော ဓါးနယ်မြေတစ်ခု ကိန်းဝပ်နေခဲ့သည်။ ၎င်းဓါးနယ်မြေအတွင်းတွင် ယွမ်ကုန်းနှင့် သူ့လူများ၏ အမြန်နှုန်းက သေမျိုးများ လမ်းလျှောက်နေသည့်အလား နှေးကွေးနေခဲ့သည်။

သူတို့က သူတို့အားလုံးကို ဖျက်ဆီးနိုင်သည့် ဓါးချီမုန်တိုင်းကြီး တဖြည်းဖြည်းနီးကပ်လာတာကို စောင့်ကြည့်နေရုံသာ တတ်နိုင်ကြသည်။

ယိယွမ်ဘုရားကျောင်း၏ ဂိုဏ်းချုပ်ယွမ်ကုန်းကတောင် ဤအချိန်တွင် စိတ်ပျက်အားငယ်နေမိသည်။

သူ၊ ယိယွမ်ဘုရားကျောင်းရဲ့ ဂိုဏ်းချုပ်ယွမ်ကုန်းဟာ ကမ္ဘာလောကကြီးအတွင်းရှိ လူများအားလုံး၏ လေးစားအားကျရခြင်းကိုတောင် မခံရသေးပါ ၊ ဒီလိုပဲ သေဆုံးရတော့မှာလား? ဒီဂိုဏ်းချုပ် လက်မခံနိုင်ဘူး!

ဤကဲ့သို့ သေရေးရှင်ရေးကာလတွင် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူအိုကြီးတစ်ယောက်သည် ယွမ်ကုန်းနှင့် သူ့လူများ၏ အရှေ့၌ ထွက်ပေါ်လာခဲ့သည်။ သူ၏အက်ရှသော အသံကြီးမှာ ကမ္ဘာလောကကြီးအတွင်း ပဲ့တင်ထပ်သွားခဲ့သည်။

"ဒီဓါးကွက်က တစ်ကယ့်ကို ကောင်းမွန်ပါတယ်လေ။ ဒါပေမယ့် ငါတို့ယိယွမ်ဘုရားကျောင်းကို ဖျက်ဆီးဖို့ဆိုရင်တော့ မလုံလောက်သေးဘူး ၊ ဂျူနီယာလေး.... ဒီလူအိုကြီးရဲ့ ဓါးကွက်ကို မြည်းစမ်းကြည့်လိုက်ပါ"

ထိုသို့ပြောဆိုလိုက်ပြီးနောက် လူအိုကြီးက လေထုအတွင်း ဖမ်းဆုပ်လိုက်သည့်အခါ မိုးပြာရောင် တလက်လက်တောက်ပနေသော ဓါးရှည်တစ်လက်သည် သူ၏လက်အတွင်း၌ ပေါ်လာခဲ့သည်။ လူအိုကြီးထံမှ အင်မတန်ပြင်းထန်းသော ဓါးစွမ်းအင်အရှိန်အဝါများ လွင့်ပျံထွက်ပေါ်လာကာ သူက ဓါးရှည်ကို လွှဲယမ်းခုတ်ပိုင်းလိုက်သည်။

ခမ်းနားကြီးကျယ်သော စွမ်းအားများသည် ဓါးရှည်တစ်လျှောက် စီးဆင်းသွားခဲ့သည်။ ၎င်းဓါးရှည်ထံမှ မိုးပြာရောင်အလင်းတန်းများ ကျိန်းစပ်လောက်အောင် တောက်ပနေခဲ့ပြီး မကောင်းဆိုးဝါးဆန်သော ဓါးဆန္ဒများကလည်း ၎င်းအလင်းတန်းများအတွင်း၌ ပါဝင်နေခဲ့သည်။ ယင်းဓါးကွက်ဟာ ကြီးမားသော လေပွေကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး ကမ္ဘာလောကကြီးကို ထိတ်လန့်သွားစေခဲ့သည်။

"ဘုန်း!"

ဓါးချီလေပွေနှင့် ဓါးချီမုန်တိုင်းတို့သည် လူတိုင်း၏ အကြည့်များအောက်တွင် ထိတွေ့မိလိုက်ကြသည်။ ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအားလှိုင်းကြီး ထွက်ပေါ်လာခဲ့သည်။ ၎င်းစွမ်းအားလှိုင်းကြီးဖြတ်သန်းသွားသည့်အခါတိုင်း လေထုဟာ တစ်လက်မပြီးတစ်လက်မ အက်ကွဲသွားခဲ့ရသည်။ တောအုပ်ကြီး၏ ကြီးမားသောဧရိယာကြီးကလည်း ပျက်စီးသွားခဲ့ရသည်။

ကံကောင်းထောက်မစွာဖြင့် နှစ်ဖက်စလုံးကို ထျန်းကျိအထွတ်အထိပ်စွမ်းအားရှင်များက စောင့်ကြပ်နေခဲ့ကြသည်။ ဒီလိုမှမဟုတ်ပါက တိုက်ကွက်နှစ်ခု ထိတွေ့မိရာမှ ဖြစ်ပေါ်လာသော ပြင်းအားသည် ယိယွမ်ဘုရားကျောင်း စွမ်းအားရှင်များ၏ ထက်ဝက်ကျော်ခန့်ကို သေဆုံးဒဏ်ရာရသွားစေရန် လုံလောက်ပါသည်။ ဝမ်ဖုန်းနှင့် အခြားသူများကိုလည်း သက်ရောက်မိမှာဖြစ်သည်။

"ဘိုးဘေးယွမ်အောင်းကို တွေ့ဆုံပါတယ်"

ပြင်းထန်သော စွမ်းအားအဟုန် ပြယ်လွင့်ပျောက်ကွယ်သွားပြီးနောက် ယိယွမ်ဘုရားကျောင်း၏ စွမ်းအားရှင်များက လူအိုကြီးရှိရာဘက်သို့ ဂါရဝပြုလိုက်ပြီး လေးလေးစားစား ပြောဆိုလိုက်သည်။

ယွမ်အောင်းက လက်ကို အသာအယာဝှေ့ယမ်းလိုက်ကာ လီပိုင်ကို အိုမင်းရင့်ရော်နေသော မျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်သည်။ ဒီဂျူနီယာက ထျန်းကျိအထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့သော်လည်း သူ့လို နှစ်ပေါင်းများစွာကြာ ကျင့်ကြံခဲ့သည့် လူအိုကြီးတစ်ယောက်ကို ယှဥ်နိုင်မှာ မဟုတ်ဘူးလို့ တွေးထင်ခဲ့သည်။

သို့ပါသော်လည်း စောနက တိုက်ကွက်အပြီးတွင် သူဟာ လီပိုင်၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ခံစားသိရှိလိုက်ရသည်။ သူ၏အမူအရာဟာ အနည်းငယ်လေးနက်လာခဲ့သည်။

ဟွမ်!

အသံနှစ်သံထွက်ပေါ်လာခြင်းနှင့်အတူ ယွမ်အောင်း၏ ဘေးနား၌ လူအိုကြီးနှစ်ယောက် ထပ်မံထွက်ပေါ်လာခဲ့သည်။ ထိုသူများမှာ ပဉ္စမဘိုးဘေး ယွမ်လင်းနှင့် ဆဋ္ဌမဘိုးဘေးယွမ်ကျိတို့ဖြစ်ကြသည်။

တစ်ချိန်တည်းမှာပဲ ယွမ်ကုန်း၏ ဘေးနား၌ လူအယောက် ၂၀ ကျော်ထွက်ပေါ်လာခဲ့ကြသည်။ သူတို့အတွင်းတွင် ၁၅ ယောက်ဟာ ထျန်းမိန်အဆင့်သို့ ရောက်ရှိနေကြသော ယိယွမ်ဘုရားကျောင်း၏ မဟာအကြီးအကဲများ ဖြစ်ကြသည်။ ၁၀ ယောက်ကတော့ အန္တိမနတ်မင်းအထွတ်အထိပ်တွင် ရှိသော အစောင့်အရှောက်အကြီးအကဲများ ဖြစ်ကြသည်။

ဤသည်မှာ ယိယွမ်ဘုရားကျောင်းအနေဖြင့် သူတို့၏ ခွန်အားကို အပြင်လောကအား ထုတ်ဖော်ပြသလိုက်သည့် ပထမဆုံးအကြိမ်ပင် ဖြစ်ပါသည်။

"ရွှမ်ယွမ်မဟာအင်အားစုက လူတွေလား? မင်းတို့က ကျုပ်တို့ရဲ့ ယိယွမ်ဘုရားကျောင်းကို ဘာကြောင့်များ လာရောက်ထိပါးရသလဲ?"

ဘိုးဘေးယွမ်လင်းက ယိုဝူမင်တို့အုပ်စုကို လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။

"မင်းတို့ကတော့... ဘယ်သူတွေလဲ?"

နောက်တစ်ခဏအကြာတွင် သူက လီပိုင် ၊ ဝမ်ဖုန်းနှင့် သူ့လူများကို လှမ်းကြည့်လိုက်ပြီး ထပ်မံမေးမြန်းလိုက်သည်။

"အဓိပ္ပါယ်မရှိတာတွေ ပြောမနေနဲ့ တိုက်ခိုက်ကြ!"

ယိုဝူမင်က ခွန်းတုံ့ပြန် ပြောဆိုတော့မှာကို တွေ့မြင်လိုက်ရသည့်အခါ ဝမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး လေးနက်စွာ ပြောဆိုလိုက်သည်။

ယိုဝူမင်၏ အမူအရာမှာ ပျက်ယွင်းသွားခဲ့ပြီး ဝမ်ဖုန်းကို လှမ်းကြည့်လိုက်သည်။ သို့ပါသော်လည်း သူဟာ မြိုသိပ်သည်းခံခဲ့ပြီး သူ့အနောက်ဘက်ရှိ ထျန်းမိန်အထွတ်အထိပ်အဆင့် စွမ်းအားရှင် ၅ ယောက်ကို လှုပ်ရှားရန် အချက်ပြလိုက်သည်။

"မင်းတို့လည်း တိုက်ခိုက်ကြ"

ဝမ်ဖုန်းက သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး အမည်မဲ့ဓါးသမားတို့ကိုလည်း တိုက်ခိုက်ရန် အချက်ပေးလိုက်သည်။

ဝမ်ဖုန်း၏ စကားဆုံးသွားသည့်အခါ အမည်မဲ့ဓါးသမားတို့မှာ တုံ့ဆိုင်းနေခဲ့ခြင်းမရှိကြပါ။ သူတို့က တစ်ကိုယ်လုံးရှိ စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး ယိယွမ်ဘုရားကျောင်း၏ စွမ်းအားရှင်များထံပြေးဝင်သွားခဲ့သည်။ အမည်မဲ့ဓါးသမား ၊ ဖောင့်ပန်း ၊ မန်ချီရှင်း နှင့် ရှန်ရှန့်ကျုံဂိုဏ်း၏ အကြီးအကဲများမှာ သူတို့၏ ကိုယ်ပိုင်ခွန်အားအပေါ် ယုံကြည်မှုရှိကြသည်။ သူတို့အားလုံးက ယိယွမ်ဘုရားကျောင်း၏ ထျန်းမိန်အဆင့် စွမ်းအားရှင်များနှင့် ရင်ဆိုင်ရန် ထွက်ခွာလာခဲ့ကြသည်။

ယိယွမ်ဘုရားကျောင်းဘက်တွင် ထျန်းမိန်အဆင့် စွမ်းအားရှင် ၁၅ ယောက်ရှိနေကြသော်လည်း သူတို့ထဲတွင် ၇ ယောက်ကသာ ထျန်းမိန်အထွတ်အထိပ်အဆင့်၌ ရှိကြသည်။ ကျန်သောလူများမှာ ထျန်းမိန်အစောပိုင်းအဆင့်၌သာ ရှိနေသေးသည်။

လီပိုင်နှင့် ရွှမ်ဟန်းတို့ကလည်း လှုပ်ရှားလိုက်ကြသည်။ သူတို့က ခမ်းနားကြီးကျယ်သော တိုက်ကွက်နှစ်ခုကို ထုတ်ဖော်လိုက်ပြီး ယိယွမ်ဘုရားကျောင်း၏ ဘိုးဘေး ၃ ယောက်ကို ပိတ်ဆို့ရင်ဆိုင်လိုက်သည်။

"ချင်းလျန်ဓါးတေးသံ"

ကောင်းကင်နှင့်ကမ္ဘာမြေပြင်အတွင်းတွင် မိုးကောင်း ကင်၏ အသံကြီးကဲ့သို့ ခမ်းနားကြီးကျယ်သော အသံကြီးကျယ်သော အသံကြီးထွက်ပေါ်လာခဲ့ကာ လီပိုင့်လက်ထဲရှိ ဓါး၏ထိပ်ဖျားတွင် တောက်ပသောအလင်းတန်းများ ထုတ်လွှတ်နေသော အစိမ်းရောင်ကြာပွင့်ကြီးတစ်ပွင့် ဖူးပွင့်လာခဲ့သည်။ ၎င်းအစိမ်းရောင်ကြာပွင့်ကြီး၏ အလယ်ဗဟိုတွင် ရှည်လျားသော ဓါးတစ်ချောင်း ဖြစ်တည်နေခဲ့သည်။ ၎င်းဓါး၏ ပတ်ပတ်လည်တွင် ဓါးငယ်ကလေးများ ဆက်လက်ဝန်းရံနေကြသည်။

ချင်းလျန်ကြာပန်းဖူးပွင့်လာခြင်းနှင့်အတူ လီပိုင့်လက်ထဲရှိ ဓါးရှည်မှာ ခပ်ဖွဖွ တုန်ရင်လာခဲ့ပြီး လရောင်ကဲ့သို့ ဖြူဖွေးတောက်ပသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။

ဤအချိန်တွင် လီပိုင်ဟာ မသေမျိုးကမ္ဘာမှ နတ်ဘုရားတစ်ပါးအလား ဖြစ်နေခဲ့သည်။ သူဟာ ရှိနေသော လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်လိုက်သည်။ ယွမ်အောင်းတို့ ဘိုးဘေး ၃ ယောက်၏ မျက်နှာများပေါ်တွင်တောင် တည်ကြည်လေးနက်သော အမူအရာများ ဖြစ်ပေါ်လာကြ၏။

လီပိုင်ဟာ မျက်ဝန်းများကို မှေးကျဥ်းလိုက်ပြီး သူ့လက်ထဲရှိ ဓါးရှည်ကို လွှဲယမ်းခုတ်ပိုင်းလိုက်သည့်အခါ ဓါး၏ ထိပ်ဖျားတွင်ရှိနေသော အစိမ်းရောင်ကြာပွင့်ကလေးသည် ရုတ်တရက်ဆိုသလို ပွင့်အာသွားခဲ့သည်။ အစိမ်းကြာပွင့်လေး၏ အထက်တွင် ဝဲပျံနေသော ဓါး ၇ ချောင်းဟာ ခုနှစ်စင်ကြယ်ကဲ့သို့ လှည့်ပတ်လိုက်သည်။ အစိမ်းရောင်ကြာပွင့်ကလေးကို ရှုမြင်ရသည်မှာ ၎င်းအထဲတွင် ခုနှစ်စင်ကြယ်၏ စွမ်းအားများ ပါဝင်နေသည့်အတိုင်းပင်။ ၎င်းဟာ ကောင်းကင်နှင့်ကမ္ဘာမြေကို ဖျက်ဆီးနိုင်သော စွမ်းအင်များကို သိုဝှက်သိမ်းဆည်းထားပါ၏။

All Chapters