← Chapters

အခန်း (၁၁၁၈)

Vol. 80 Ch. 1118

အခန်း (၁၁၁၈)

Vol. 80 Ch. 1118

“ပုံတူကူးမှာလား”

ဟန်မူယဲ့က စီယွမ်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။

“ငါက အဲဒီချပ်ဝတ်တွေထက် သာလွန်နေတဲ့ချပ်ဝတ်ကို ဖန်တီးစေချင်တယ်”

သူက ကမ္ဘာဦးချပ်ဝတ်ကို ထုတ်ပြသည်။

ထို့နောက် ကျောက်စိမ်းပေလွှာတစ်ခုကို စီယွမ်ဆီသို့ ပေးလိုက်သည်။

“တစ်နေ့မှာ မင်းက ငါ့အတွက် ဒီချပ်ဝတ်ကို ပြုပြင်ပေးနိုင်ရမယ်”

ထို့နောက် သူက ရပ်တန့်လိုက်ပြီး နက်ရှိုင်းသောအသံဖြင့် ပြောသည်။

“ပြီးရင် ဒီချပ်ဝတ်ကို ဖန်တီးရမယ်”

ကမ္ဘာဦးချပ်ဝတ်ကို ဖန်တီးရမည်။

ထိုစကားကို ပြောလိုက်သောအခါ ဟန်မူယဲ့က မဟာတာအို၏ ပဲ့တင်သံကို ခံစားရသည်။

သူက ထိုစကားများကို ယခင်က ပြောခဲ့ပုံပေါ်သည်။

“သိပါပြီ”

စီယွမ်၏မျက်လုံးများက တောက်ပနေသည်။

“ကျွန်တော်က ဒီချပ်ဝတ်ကို ပြုပြင်နိုင်ရင် သေဆုံးသွားရလည်း ထိုက်တန်တယ်”

စီယွမ်က ကျောက်စိမ်းပေလွှာကို ဆုပ်ကိုင်ထားပြီး အပြုံးတစ်ခုနှင့်အတူ မေးသည်။

“ဆရာ၊ ဒီချပ်ဝတ်ကို လေ့လာကြည့်လို့ရလား”

“မင်းပြုပြင်နိုင်အောင် စောင့်ပါအုံး”

ဟန်မူယဲ့က စီယွမ်၏ စိတ်ပျက်နေသော အကြည့်အောက်တွင် ထွက်သွားခဲ့သည်။

ဟန်တောင်တန်းတွင် ဟန်မူယဲ့က တံခါးပိတ်ကျင့်ကြံလိုက်သည်။

အမဲလိုက်ပွဲတွင် ဟန်တောင်တန်းကလန်သားများ၏ ခွန်အားက တိုးတက်လာခဲ့သည်။

သူကလည်း အကျိုးအမြတ် ရခဲ့သည်။

လူတိုင်းက အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူနှင့် တိုက်ခိုက်ပြီး အတွေ့အကြုံမယူနိုင်ပေ။

ထိုတိုက်ပွဲက အသက်ရှူကြိမ်ဆယ်ခါသာ ကြာမြင့်ခဲ့သော်လည်း ထိုအချိန်အတွင်း ရရှိခဲ့သော ဉာဏ်အလင်းများက ဆယ်နှစ်ကြာသည်အထိ လုံလောက်သည်။

ဟန်မူယဲ့က ဟန်တောင်တန်းကလန်သို့ ပြန်လာပြီး များသောအားဖြင့် တံခါးပိတ်ကျင့်ကြံနေသည်။

မူချန်ခုံး၏ စီစဉ်မှုအောက်တွင် မူယန်တောင်တန်းကလန်က ဟန်တောင်တန်းကလန်နှင့် ပေါင်းစပ်ခဲ့သည်။

မူချန်ခုံးက အစစ်အမှန်ဝိညာဉ်အဆင့်သို့ ရောက်လာပြီး ကျင့်ကြံရန် အချိန်ပိုလိုအပ်သည်ဟု ပြောခဲ့သည်။

အမှန်ပင်ဖြစ်သည်။ မူချန်ခုံးက အဆင့်တက်ခါစ ဖြစ်သောကြောင့် ကျင်ကြံဆင့်တည်ငြိမ်ပြီး တိုးတက်လာရန် နှစ်ပေါင်းတစ်သိန်းခန့် ကျင့်ကြံရလိမ့်မည်။

ယခုအချိန်တွင် သူက လျင်မြန်စွာ တိုးတက်လာနိုင်သောကြောင့် အချိန်မဖြုန်းချင်ပေ။

မူယန်တောင်တန်းကလန်၏ ရွှေကျီးကလန်သားများကလည်း ဟန်တောင်တန်းကလန်နှင့် ပေါင်းစပ်ရန် မငြင်းခဲ့ကြပေ။

အမဲလိုက်ပွဲသို့ လိုက်သွားသော လူအားလုံးက ကျိုးယွမ်ကလန် ပျက်စီးတော့မည့်အချိန်တွင် အခြေအနေ ပြောင်းလဲပေးခဲ့သော ဟန်မူယဲ့၏လုပ်ရပ်ကို မြင်တွေ့ခဲ့ကြသည်။

ထိုလူရှိနေသ၍ ကလန်တစ်ခုလုံးက တိုးတက်လာလိမ့်မည်။

ထို့အပြင် ဟန်မူယဲ့က အလွန်သန်မာပြီး အဆီအနှစ်ဝိညာဉ် နဝမအဆင့် ခွန်အားဖြင့် အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူကို တိုက်ခိုက်ခဲ့သည်။ ထိုသတင်းက နေရာတိုင်းတွင် ပျံ့နှံ့နေသည်။

ဟန်တောင်တန်းကလန်၏ ခေါင်းဆောင် ဟန်မူယဲ့က အစစ်အမှန်ဝိညာဉ်အဆင့်သို့ သေချာပေါက် ရောက်သွားလိမ့်မည်ဖြစ်ကြောင်း လူတိုင်းက သိနေခဲ့သည်။

ဟန်မူယဲ့က ဟန်ချောင်ဟူနှင့် တခြားလူများကို မူယန်တောင်တန်းကလန်နှင့် ပတ်သတ်ပြီး စီစဉ်စေခဲ့သည်။

ဟန်တောင်တန်းကလန်က ပထမဆုံးအကြိမ်အဖြစ် တခြားကလန်များကို လက်ခံခဲ့ခြင်းမဟုတ်ပေ။ ဟန်ချောင်ဟူနှင့် တခြားလူများက အတွေ့အကြုံ ပြည့်ဝနေကြသည်။

ဟန်မူယဲ့ကတော့ ကျင့်ကြံခြင်းတွင် အာရုံစိုက်ပြီး နည်းစနစ်များကို တွက်ချက်နေသည်။

ကောင်းကင်ဖိနှိပ်ခြင်းနည်းစနစ် ....

ကျိုးယွမ်ကလန်၏ အကြီးအကဲကျိုးကျန်းယု ရောက်လာပြီး လိုအပ်နေသောအရာကို မေးမြန်းခဲ့သည်။

ဟန်မူယဲ့က စဉ်းစားလိုက်ပြီး ပြုပြင်ထားသော နည်းစနစ်များကို ထုတ်ပေးသည်။ ထို့နောက် ကျိုးယွမ်ကလန်၏ ကောင်းကင်ဖိနှိပ်ခြင်းနည်းစနစ်နှင့် တခြားနည်းစနစ်များကို လဲလှယ်ရန် ပြောခဲ့သည်။

ဟန်မူယဲ့ တွက်ချက်ထားသော နည်းစနစ်များက သွေးမျိုးဆက် နိုးထရန်အတွက် အခွင့်အရေးများကို ဖန်တီးပေးနိုင်သည်။

သုံးနှစ်အကြာတွင် ကျိုးယွီက ဟန်တောင်တန်းသို့ ကိုယ်တိုင်ရောက်လာပြီး တစ်လအကြာတွင် ပြန်ထွက်သွားခဲ့သည်။

ကျိုးယွီနှင့် ဟန်မူယဲ့၏ ဆွေးနွေးမှုကို တခြားလူများက မသိနိုင်ပေ။

သို့သော် ကျိုးယွီပြန်သွားသောအချိန်တွင် ဟန်မူယဲ့က ထပ်မံ၍ တံခါးပိတ်ကျင့်ကြံနေသည်။

“ငါက ကောင်းကင်ဖိနှိပ်ခြင်းနည်းစနစ်ရဲ့ အပိုင်း ၃၂ခုကို စုစည်းထားခဲ့တယ်။ တူညီနေတဲ့အပိုင်းတွေကို ဖယ်ထုတ်လိုက်ရင် ကျန်တာက ပြီးပြည့်စုံတယ်လို့ ပြောနိုင်တယ်”

“မဟုတ်သေးဘူး။ ခေါင်းဆောင်ကျိုးယွီရဲ့ စကားအတိုင်းဆိုရင် ဒါက ပထမပိုင်းပဲ ရှိသေးတယ်”

ကောင်းကင်ဖိနှိပ်ခြင်းနည်းစနစ်က အလွန်အားကောင်းသောကြောင့် အပိုင်းသုံးပိုင်းခွဲပြီး သီးခြားသိမ်းဆည်းထားသည်။

ထိုနည်းစနစ်၏ ပထမပိုင်းကသာ မျိုးနွယ်စုများကြားတွင် လှည့်ပတ်နေသည်။

ဒုတိယအပိုင်းကို ရွှေကျီးကလန်၏ နေဖမ်းပွဲတွင် အကြီးအကဲများ၏ အစစ်အမှန်ဝိညာဉ်စွမ်းအားမှတစ်ဆင့် ရရှိနိုင်သည်။

နောက်ဆုံးအပိုင်းကိုတော့ မဟာတောရိုင်းကမ္ဘာ၏ မျိုးနွယ်စုကြီးသုံးခုတွင်သာ တွေ့နိုင်လိမ့်မည်။

“ရှန်းထန်”

“မဟာရှ”

“ချင်းဝူ”

ထိုရွှေကျီးကလန်ကြီးသုံးခုက ခွန်အားကြီးပြီး ကောင်းကင်တစ်သောင်းတိုင်းပြည်နှင့် တိုက်ရိုက် တိုက်ခိုက်နေကြသည်။

ထိုကလန်ကြီးသုံးခုက ကြားတွင် ခံနေသောကြောင့် ကောင်းကင်တစ်သောင်းတိုင်းပြည်က ပြန့်ကျဲနေသော တခြားရွှေကျီးကလန်များကို ရှင်းထုတ်ရန် ခွန်အားမရှိခဲ့ပေ။

ထိုသို့မဟုတ်လျှင် လူဦးရေနည်းပါးသော ရွှေကျီးကလန်များက မည်သို့ ရှင်သန်နိုင်မည်နည်း။

ကျိုးယွီက နှစ်တစ်ရာတစ်ကြိမ် ကျင်းပမည့် နေဖမ်းပွဲတွင် ပါဝင်ရန် ဟန်မူယဲ့ကို ဖိတ်ခေါ်ခဲ့သည်။

ယခုအချိန်တွင် သူက ကောင်းကင်ဖိနှိပ်ခြင်းနည်းစနစ်ကို တွက်ချက်ရန်သာ လိုတော့သည်။

သူက အဆီအနှစ်ဝိညာဉ် နဝမအဆင့်တွင် ရှိနေသည်။ နောက်တစ်ဆင့်က အစစ်အမှန်ဝိညာဉ်အဆင့် ဖြစ်သည်။

အစစ်အမှန်ဝိညာဉ်အဆင့်သို့ ရောက်ရှိရန် ကြိုးစားကျင့်ကြံရုံဖြင့် မဖြစ်နိုင်ပေ။

ဟန်မူယဲ့က နည်းစနစ်ကို တွက်ချက်နေသောအချိန်တွင် ကလန်ကို ကြိုးစားပြီး ထောက်ပံ့ပေးခဲ့သည်။

ထိုသို့ဖြင့် နှစ်တစ်ရာကုန်ဆုံးသွားသည်။

မဟာတောရိုင်းကမ္ဘာသို့ ဟန်မူယဲ့ရောက်လာပြီး နှစ်ပေါင်းနှစ်ရာကျော်သွားသည်။

ထိုနှစ်များအတွက် ဟန်တောင်တန်းကလန်က လူဦးရေနှစ်သန်းအထိ တိုးပွာလာသည်။ ရွှေကျီးကန်းများ၏ အရေအတွက်က တစ်သန်းခန့် ရှိသည်။

ရွှေကျီးကန်းသွေးမျိုးဆက်ကို နိုးထခဲ့သော မျိုးဆက်သစ်များ နှစ်သောင်းခန့်ရှိသည်။

သူတို့က ဟန်မူယဲ့ပြုပြင်ထားသော နည်းစနစ်များကို လေ့ကျင့်ပြီး သွေးမျိုးဆက်ကို နိုးထစေခဲ့သည်။

ကောင်းကင်တာအိုက ရွှေကျီးကလန်ကို ပစ်ပယ်ထားခြင်းမဟုတ်ပေ။ ‌ရွှေကျီးကလန်၏ ကျင့်ကြံခြင်းနည်းစနစ်များက လောက၏ ပြောင်းလဲမှုနှင့် မကိုက်ညီခြင်း ဖြစ်သည်။

မိုင်တစ်သန်းပတ်ဝန်းကျင်တွင် ရှိနေသော ရွှေကျီးကလန်၏ လက်ရွေးစင်များအားလုံးက ဟန်တောင်တန်းတွင် ကျင့်ကြံရန်အတွက် ရောက်လာကြသည်။

ဟန်တောင်တန်းကလန်တွင် သူတို့က လူငယ်ကျွမ်းကျင်သူများနှင့် တိုက်ခိုက်ပြီး မတူညီသော နည်းစနစ်များကို ခံစားကြည့်နိုင်သည်။

ဤနေရာတွင် နေ့ရက်တိုင်းက သစ်လွင်နေသည်။

ကောင်းကင်ဖိနှိပ်ခြင်းနည်းစနစ်သည် ဟန်မူယဲ့၏ စိတ်ထဲတွင် လည်ပတ်နေသည်။ သူ့မျက်လုံးများက ရွှေအလင်းဖြင့် တောက်ပနေသည်။

ကောင်းကင်ဖိနှိပ်ခြင်းနည်းစနစ်၊ နေမင်းစွမ်းအားသည် လောကကို ဖိနှိပ်နိုင်သည်။

ထိုစွမ်းအားက ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားထက် အဆင့်မြင့်ပြီး လောကကို ဖိနှိပ်ထားသည်။

ရွှေကျီးကလန်သားများက ကောင်းကင်နှင့်မြေကြီး၏ ဖိနှိပ်ခြင်းကို မခံရသင့်ပေ။ အနည်းဆုံး သူတို့က တူညီသောနေရာတွင် ရှိရမည်။

မဟာတောရိုင်းကမ္ဘာ၏ ကလန်သားအများစုက ထိုသို့ နားမလည်နိုင်ဘဲ ကောင်းကင်တာအို၏အောက်တွင် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချထားကြသည်။

ထို့ကြောင့် သူတို့၏ သွေးမျိုးဆက်က နိုးထမလာခဲ့ပေ။

ဟန်မူယဲ့က ကောင်းကင်ဖိနှိပ်ခြင်းနည်းစနစ်ကို ကြည့်လိုက်ပြီး နားလည်သွားသည်။

ကောင်းကင်ဖိနှိပ်ခြင်းနည်းစနစ်၏ ပထမပိုင်းက ရွှေကျီးကန်းသွေးမျိုးဆက်ကို တိုးမြှင့်ပေးရန် ဖြစ်သည်။ ရွှေကျီးကန်း၏စွမ်းအားကို ဆက်တိုက်စုဆောင်းပြီး ရွှေကျီးကန်းနတ်ဘုရားမီးတောက်ကို ထွန်းညှိရမည်။

လူတစ်ယောက်၏ သွေးမျိုးဆက်က လောင်ကျွမ်းနေမင်းအဆင့်သို့ ရောက်နေလျှင် အစစ်အမှန်ဝိညာဉ်အဆင့်သို့ တက်လှမ်းရန် အခွင့်အရေးရလိမ့်မည်။

အစစ်အမှန်ဝိညာဉ်အဆင့်တွင် လူတစ်ယောက်က မီးနေမင်းသွေးမျိုးဆက်ကို လေ့ကျင့်နိုင်မည်။

မီးနေမင်းသွေးမျိုးဆက်၏ အထက်တွင်ရှိသော ထာဝရတောက်ပခြင်းကို ကျင့်ကြံရန်အတွက် ကောင်းကင်ဖိနှိပ်ခြင်းနည်းစနစ်၏ ဒုတိယအပိုင်းကို လိုအပ်သည်။

ဒုတိယအပိုင်းက ပထမအပိုင်းနှင့် ကွဲပြားနေကြောင်း ဟန်မူယဲ့က တွက်ချက်ကြည့်နိုင်ခဲ့သည်။

သူက ကောင်းကင်ဖိနှိပ်ခြင်းနည်းစနစ်၏ ပထမအပိုင်းကို အဆုံးစွန်အထိ ကျင့်ကြံထားခဲ့သည်။

ဒုတိယအပိုင်းကို ရရှိရန်အတွက် နေဖမ်းပွဲတွင် ပါဝင်ရမည်။

နေဖမ်းပွဲက သူ့အတွက် မခက်ပေ။

သို့သော် ပြင်ဆင်ရဦးမည်။

သူက ပြင်ပလောကမှ ယူလာသော အင်မော်တယ်ရတနာများကို အသုံးပြုနိုင်သည်။ သို့သော် ကောင်းကင်နှင့်မြေကြီး၏ ဖိနှိပ်မှုကြောင့် လက်နက်၏ စွမ်းအားအစစ်အမှန်ကို ဖော်ထုတ်ရန် ခက်ခဲသည်။

အဆုံးမဲ့ညီညွတ်ခြင်းဓားအိမ်၏ လက်နက်အများစုကို သေချာသန့်စင်ထားခဲ့သည်။ အသန်မာဆုံး ဓားရှည်များက အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူကိုပင် တိုက်ခိုက်နိုင်သည်။

သို့သော် နေဖမ်းပွဲတွင် ထိုနည်းလမ်းများကို ထုတ်သုံးရန် မသင့်တော်ပေ။

နေဖမ်းပွဲက ရွှေကျီးကန်းမျိုးနွယ်အတွက် ခမ်းနားသောပွဲတစ်ခု ဖြစ်သည်။ ထို့ကြောင့် ရွှေကျီးကန်းမျိုးနွယ်၏ အမွေဆက်ခံထားသော နည်းလမ်းများကိုသာ အသုံးပြုသင့်သည်။

တခြားနည်းလမ်းများကို အသုံးပြုပြီး အနိုင်ရခဲ့လျှင် မျိုးနွယ်စုက အသိအမှတ်ပြုမည်မဟုတ်ပေ။ အကြီးအကဲများ၏ အစစ်အမှန်ဝိညာဉ်ကလည်း ကောင်းချီးပေးမည်မဟုတ်ပေ။

ဟန်မူယဲ့က ရွှေကျီးကလန်၏ အမွေဆက်ခံထားသော နည်းစနစ်များကို လေ့ကျင့်ခဲ့သည်။

လက်သီးနည်းစနစ်များကို ပေါင်းစပ်ထားသော ကောင်းကင်ဖျက်ဆီးနည်းစနစ်သည် လွန်ခဲ့သော နှစ်တစ်ရာတွင် လှုပ်ရှားမှု ၆၄ခုအထိ တိုးသွားခဲ့သည်။

လက်ရှိအချိန်တွင် ထိုနည်းစနစ်၏ နောက်ပိုင်းလှုပ်ရှားမှုများကို ဟန်မူယဲ့ကိုယ်တိုင်ကပင် ထိန်းချုပ်ရန် ခက်ခဲနေသည်။

လက်သီးနည်းစနစ်အပြင် ဘုံကိုးဆင့်လှံနည်းစနစ်ကိုလည်း တခြားလှံနည်းစနစ်များနှင့် ပေါင်းစပ်ပြီး ပြုပြင်ခဲ့သည်။

လက်သီးနည်းစနစ်၊ လှံနည်းစနစ်၊ မြားနည်းစနစ်၊ အဆီအနှစ်ဝိညာဉ်ကို အသုံးပြုသော နည်းစနစ် .... ဟန်မူယဲ့က အားလုံးကို အဆုံးစွန်အထိ ‌လေ့ကျင့်ထားခဲ့သည်။

သူက ရွှေကျီးကလန်၏ မျိုးဆက်သစ်များသာမက အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်ရလျှင်ပင် ရှုံးနိမ့်သွားမည်မဟုတ်ပေ။

သို့သော် နေဖမ်းပွဲတွင် ရွှေကျီးကလန်၏ လက်ရွေးစင်တချို့က အလွန်အားကောင်းသော စွမ်းရည်များကို ထုတ်ပြတတ်သည်ဟု ကျိုးယွီက ပြောခဲ့သည်။

ဟန်မူယဲ့က လွှမ်းမိုးခံရသောလူ မဖြစ်ချင်ပေ။

သူက လက်မြှောက်လိုက်ပြီး မီးတောက်တစ်ခုကို ထုတ်ဖော်သည်။

မဟာနေမင်းရွှေကျီးကန်း၏ နတ်ဘုရားမီးတောက် ဖြစ်သည်။

သူ၏ သွေးမျိုးဆက်က မီးနေမင်းအဆင့်သို့ ရောက်နေပြီး လက်ရှိအချိန်တွင် အကန့်အသတ် ဖြစ်သည်။

သို့သော် နတ်ဘုရားမီးတောက်က အကန့်အသတ်သို့ မရောက်သေးပေ။

ရွှေကျီးကန်းမျိုးနွယ်၏ ကျွမ်းကျင်သူများက နတ်ဘုရားမီးတောက်၏အဆင့်ကို မသိပဲ တစ်သက်လုံး နေထိုင်သွားကြသည်။

အစစ်အမှန်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများကပင် နတ်ဘုရားမီးတောက်၏ အရည်အသွေး တိုးတက်လာအောင် တမင်သက်သက် မကြိုးစားကြပေ။

ပထမအချက်အနေဖြင့် သူတို့က ရွှေကျီးကန်းနတ်ဘုရားမီးတောက်၏ မတူညီသောအဆင့်များကို မသိကြပေ။

ဒုတိယအချက်အနေဖြင့် သူတို့က အရည်အသွေးမြင့်မားသော တခြားနတ်ဘုရားမီးတောက်ကို မမြင်ဖူးပေ။

ထို့အပြင် နတ်ဘုရားမီးတောက်အား အားဖြည့်ပေးရမည့်နည်းလမ်းကိုလည်း နားမလည်ကြပေ။

သို့သော် ဟန်မူယဲ့က သိနေသည်။

အဆင့်နိမ့်မီးတောက်များကို အသုံးပြု၍ မီးတောက်ကို အားဖြည့်ပေးရမည်။ ထို့နောက် အဆင့်တူမီးတောက်များနှင့် မီးတောက်ကို အဆင့်မြှင့်ရမည်။ နောက်ဆုံးတွင် အဆင့်မြင့်မီးတောက်များကို စုပ်ယူရမည်။

မဟာနေမင်းရွှေကျီးကန်း၏ နတ်ဘုရားမီးတောက်ထက် အဆင့်နိမ့်သော မီးတောက်များ မရေမတွက်နိုင်အောင် ရှိသည်။ သို့သော် သူတို့က ရွှေကျီးကန်းမီးတောက်ကို ကောင်းမွန်စွာ အားဖြည့်မပေးနိုင်ကြပေ။

အနည်းငယ် တိုးတက်လာရန်အတွက် အလွန်များပြားသော ပမာဏကို လိုအပ်သည်။

အရေအတွက်က အရည်အသွေးကို ပြောင်းလဲစေနိုင်သည်။ သို့သော် အရည်အသွေး ပြောင်းလဲသွားရန် မရေမတွက်နိုင်သော ပမာဏကို လိုအပ်သည်။

“ဘန်း”

ဟန်မူယဲ့က တခြားမီးတောက်ကို ထုတ်ဖော်သည်။

အံ့ဖွယ်ကောင်းကင်မီးတောက် ဖြစ်သည်။

ထိုမီးတောက်က ရွှေကျီးကန်းမီးတောက်နှင့် အဆင့်တူသည်။

မီးတောက်နှစ်ခုက သွယ်ယှက်နေသည်။ ဟန်မူယဲ့က မီးတောက်များမှ ထွက်ပေါ်လာသော ပြင်းထန်သည့် စွမ်းအင်လှိုင်းကို ခံစားမိသည်။

All Chapters