ဓားအဆောင်
Vol. 30 Ch. 411
Translator - Hsue Htet
ဘုန်း!
ဟိန်းဟောက်သံနှင့်အတူ ယွမ်ဝူတို့နှစ်ဦးမှာ တစ်ဖန်လေထဲသို့ လွင့်ထွက်သွားရပြန်သည်။ လေဟာပြင်တွင် အကြိမ်ပေါင်းများစွာ အထက်အောက်ပြန်လန်ပြီးနောက်တွင်မှ ခန္ဓာကိုယ်ကို ပြန်လည်တည်ငြိမ်စေနိုင်ခဲ့ရသည်။
ထိုအခိုက်အတန့်၏ ယွမ်ဝူတို့နှစ်ဦးမှာ အလွန်သနားချင့်စဖွယ်ကောင်းလှသည်။ ကနဦးက အင်အားကြီးမားစွာသောအဟုန်တို့မှာ အလုံးစုံပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး အချိန်မရွေး ပြိုလဲကျသွားေတာ့မည်ကဲ့သို့သော နှေးကွေးလေးလံမှုတို့သာ ကျန်ရစ်ခဲ့တော့သည်။
နေရာရှိလူအားလုံးမှာ ထိုမြင်ကွင်းကို ကြောင်အစွာကြည့်နေကြသည်။ အလွန်အမင်းအံ့အားသင့်မှုကြောင့် ကြက်သေသေကုန်ကြ၏။ သူတို့မှာ ထိုမြင်ကွင်းကို မျက်မြင်တွေ့ခဲ့ရခြင်းကြောင့် မဟုတ်ပါလျှင် ထျန်းတန့်အဆင့်ကျင့်ကြံသူများမှာ ခွေးသေအလား ရိုက်နှက်ခံရသည်ကို ယုံကြည်နိုင်မည် မဟုတ်ပါချေ။
ယိယွမ်ဘုရားကျောင်းကျင့်ကြံသူများမှာ သူတို့၏ကြမ္မာကို လက်ခံလိုက်ကြပုံရကာ နေရာ၌ပင် ငေးကြောင်ဆွံ့အနေကြလေသည်။ ထွက်ပြေးလွတ်မြောက်ရန်ပင် အတွေးမရှိကြတော့ချေ။ ထိုသို့သော စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီးနှင့် ရင်ဆိုင်ရသည်ဖြစ်ရာ ထွက်ပြေးလွတ်မြောက်ခြင်းမှာ ပြက်လုံးတစ်ခုသာ ဖြစ်ချေရော့မည်။
ရှန်းရွှမ်ဒေသသည် ကြီးမားကျယ်ပြန့်သော်ငြား သူတို့မှာ အဘယ်အရပ်သို့များ ထွက်ပြေးပုန်းရှောင်နိုင်ပါမည်နည်း။ ထျန်းတန့်အဆင့်ကျင့်ကြံသူများသည် ရှန်းရွှမ်ဒေသတစ်ခွင်ကို ချက်ချင်း ဖြတ်ကျော်သွားလာနိုင်စွမ်းရှိသည်။ သူတို့မှာ မည်မျှလျင်မြန်ပါစေဦးတော့ ထိုပုဂ္ဂိုလ်ကြီးများထက် လျင်မြန်နိုင်ပါမည်လော။
“အဟွတ်!”
ယွမ်ဝူမှ သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ နှစ်ဦးသားသည် အကြည့်ဖလှယ်လိုက်ကြပြီးနောက် သူတို့၏မျက်လုံးအစုံတို့မှ ဆုံးဖြတ်ချက်ခိုင်မာမှုတို့ကို အချင်းချင်း မြင်တွေ့လိုက်ရသည်။ ယွမ်ဝူ၏ဘိုးဘေးများမှ ပြောလေ့ရှိခဲ့သော ကပ်ဘေးဟူသည်ကို နောက်ဆုံးတော့ သူတို့သိရှိခဲ့လေပြီ။
ထျန်းတန့်အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနိုင်ပါလျှင် ဤကပ်ဘေးကို ကျော်ဖြတ်နိုင်မည်ဟု သူတို့တွေးထင်ခဲ့ကြသည်။ သို့သော်ငြား အဆုံးတွင်တော့ ထိုကပ်ဘေး မဟန့်တားနိုင်ခဲ့ချေ။ သို့ဖြစ်ရာ နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်ရန်သာ တတ်နိုင်တော့မည်။
မည်မျှကြာမြင့်ခဲ့ပြီပင် မသိနိုင်လောက်အောင် သက်တမ်းရှည်ခဲ့ပြီးသော မိစ္ဆာအိုကြီးများအနေဖြင့် ရှန်ရှန့်ကျုံဂိုဏ်း၏ အနေအထားမှာ သူတို့မှ သနားညှာတာပေးပါရန် တောင်းပန်တိုးလျှိုးရုံမျှဖြင့် လွှတ်ပေးလိမ့်မည်မဟုတ်ဟု တွေးမိပါ၏။ ရှန်ရှန့်ကျုံဂိုဏ်းမှာ ယိယွမ်ဘုရားကျောင်းကို မဖျက်ဆီးနိုင်သေးသ၍ လက်မလျှော့မည်ကို စိုးရိမ်ရသည်။
ထို့ပြင် ယွမ်ဝူဘိုးဘေးများ၏ စကားများတွင် သနားညှာတာမှုအတွက် မတောင်းပန်ရန် ထုတ်ဖော်ပြသခဲ့ပြီးဖြစ်ပြီး မိမိတို့၏အသက်ကို ရှန်ရှန့်ကျုံဂိုဏ်းကိုစမ်းသပ်ရန် အသုံးပြုလိုကြသည်။
“ဓား… ဆင့်ခေါ်!”
ယွမ်ဝူတို့နှစ်ဦးသည် ဘေးချင်းယှဉ်ရပ်လျက် သူတို့၏အကျည်းတန်သောမျက်နှာထက်၌ ဆုံးဖြတ်ချက်ခိုင်မာမှုတို့ ထင်ဟပ်နေကြသည်။ သူတို့၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အရှိန်အဝါများ ရုတ်ချည်းဖြာထွက်လာကြ၏။ ယခုထုတ်လွှတ်ေသာစွမ်းအင်များမှာ သူတို့၏အထွတ်အထိပ်ကာလများထက်ပင် ပို၍အားကောင်းနေတော့သည်။ သူတို့ထံမှ ကမ္ဘာတုန်ဟီးစေသော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာခဲ့သည်။
သူတို့၏အသံနှင့်အတူ အင်အားကြီးမားသောစွမ်းအင်၏ နောက်ဆက်တွဲကြောင့် အချိန်ကြာမြင့်စွာ တုန်လှုပ်နေခဲ့ပြီးသော ယိယွမ်ဘုရားကျောင်းနေရာသည် တောင်ထွဋ်သဏ္ဍာန်ပပျောက်ကာ ဓားရောင်ခြည်များ ရုတ်တရက်ဖြာထွက်လာ၏။ ကျင့်ကြံသူများ၏လက်ထဲမှ ဓားများမှာ ဓားဧကရာဇ်ကို ဦးတိုက်ခစားလိုသည့်အလား တုန်ခါလာကြသည်။
ဘုန်း!
အားလုံးအံ့ဩထိတ်လန့်နေကြစဉ်တွင် ပေါက်ကွဲသံနှစ်ခု မြည်ဟီးလာခဲ့သည်။ ယွမ်ဝူတို့နှစ်ဦးမှာ သွေးတိမ်တိုက်များအဖြစ်သို့ ပေါက်ကွဲသွားကြလေပြီ။ သွေးစက်များမှ စုဝေးသွားကာ သွေးပုတီးစေ့လေးများအဖြစ်ဖြင့် လေဟာပြင်ထက်တွင် လှည့်လည်နေကြသည်။
ဟမ်!
တစ်ပြိုင်နက်တည်း၌ ဓားထိခတ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြီး အလင်းတန်းတစ်ခုမှ ၎င်းသွေးပုတီးစေ့စက်ဝန်းကို ခုတ်ပိုင်းလိုက်သည်။ အလင်းတစ်စနှင့်အတူ သွေးပုတီးစေ့များသည် ယွမ်ဝူတို့ရပ်နေခဲ့သည့် လေဟာပြင်နေရာသို့ ကျဆင်းသွားပြီးနောက် တစ်စုံတစ်ခုမှ ဆွဲငင်ခြင်းကို ခံလိုက်ရသည့်ပမာ ဓားရှည်ရှိရာသို့ ဦးတည်သွားလေသည်။
ထိုဓားရှည်မှာ ယွမ်ဝူဘိုးဘေး ထွက်သွားခဲ့ချိန်၌ တောင်ထိပ်တွင် ချန်ထားရစ်ခဲ့သည့် အဆောင်လက်ဖွဲ့ဖြစ်သည်။
သွေးပုတီးစေ့များသည် ဓားအဆောင်သို့ စီးဝင်သွားကြပြီးနောက်၌ ဓားအဆောင်ထံမှ ကြောက်ခမန်းလိလိသော ပြင်းထန်သည့်အဟုန်ကြီး ထွက်ပေါ်လာခဲ့၏။ ထိုအဟုန်၏ဖိနှိပ်မှုကြောင့် ရှီကန်းတန့်နှင့် တောက်တျဲသည်ပင် ချွင်းချက်မရှိ သက်ရောက်မှုကို ခံစားကြရလေသည်။
ရှီကန်းတန့်နှင့် တောက်တျဲတို့သည် မျက်လုံးအိမ်တို့ မှေးကျုံ့လျက် ခန္ဓာကိုယ်တွင်းစွမ်းအင်တို့ကို စီဆင်းစေခြင်းဖြင့် ဓားရောင်ခြည်၏ဖိအားကို ခုခံနေရသည်။ သို့သော် မည်သို့ကြိုးစားပါစေ ထိုဓားရောင်ခြည်၏သက်ရောက်မှုမှ မလွတ်မြောက်နိုင်ချေ။ ထိုကြောက်မက်ဖွယ်ဓားအဟုန်သည် သူတို့ကို သေလုနီးပါး ဖိနှိပ်နေခဲ့၏။
ထိုအခိုက်အတန့်၌ လောကတစ်ခွင်မှာ အံ့ဩဖွယ်ကောင်းလောက်အောင် တည်ငြိမ်နေခဲ့လေသည်။ အားလုံးမှာ မျက်လုံးအပြူးသားဖြင့် သွေးနီရောင်ပြောင်းလာနေသည့် ဓားအဆောင်ကို ကြည့်နေကြ၏။ ပို၍ပို၍ ကြောက်မက်ဖွယ်ကောင်းလာနေသော ဓားအဆောင်ကိုကြည့်ရင်းဖြင့် နှလုံးအိမ်တို့မှာလည်း ထိတ်လန့်ချောက်ချားလာရသည်။
“စနစ် အဲဒါဘာကြီးလဲ?”
ထိုအခိုက်အတန့်တွင် ဝမ်ဖုန်းသည်ပင် စိတ်နှလုံး၌ ကြောက်စိတ်အနည်းငယ် ဝင်ရောက်လာခဲ့၍ မေးမြန်းလိုက်သည်။
စနစ်၏စွမ်းအားဖြင့် ကာကွယ်ပေးထားခြင်းကြောင့် ဝမ်ဖုန်းသည် ၎င်းဓားအဟုန်၏ ဖိနှိပ်မှုကို မခံစားရပါ။ သို့သော် ထိုဓားအဟုန်မှ ရရှိနေသည့်ခံစားချက်သည် အလွန်ကြောက်မက်ဖွယ်ကောင်း၏။ ထို့ကြောင့် ဝမ်ဖုန်းမှာ ဖိနှိပ်ခြင်းကို မခံစားရသော်ငြား အလျင်စလို မလှုပ်ရှားဝံ့ပါချေ။
ထိုဓားအဟုန်၏အောက်၌ မိမိ၏ကျင့်ကြံမှုဓားရောင်ခြည်မှာ ၎င်း၏ဧကရာဇ်ကို ဖူးမြော်လိုက်ရသည့်အလား မှေးမှိန်လာလျက် ဦးဆောင်ထောင်မတ်နိုင်စွမ်းလျော့နည်းလာသည်ကို ဝမ်ဖုန်း ခံစားမိသည်။
“ဒင်! အဲဒါက လျှို့ဝှက်ဆန်းကြယ်သော တည်ရှိမှုဖြစ်တဲ့ ဝူမှ ချန်ထားရစ်ခဲ့တဲ့ ဓားအဆောင်ပါ။ အဲဒီ့ဓားအဆောင်ကို ကောင်းကင်ဘုံက ဖိနှိပ်ထားခဲ့ပါတယ်။ အဲဒီ့ဓားအဆောင် စွမ်းအင်ထုတ်လွှတ်တဲ့အခါ ထျန်းကျုံအဆင့်စွမ်းအင်ကို အပြည့်အဝထုတ်လွှတ်ပါလိမ့်မယ်!”
“ယိယွမ်ဘုရားကျောင်းဟာ ဝူ ကျင့်ကြံဖန်တီးထားတဲ့ ကျားစေ့တစ်စေ့ပါ။ မူရင်းဇာစ်မြစ်ကို မသိရဘဲ အင်အားဟာ ကြောက်မက်ဖွယ်ကောင်းပါတယ်။ နတ်ဘုရားတွေထက်တောင် အင်အားကြီးမားပြီး ကောင်းကင်ဘုံလက်အောက်မှာ အင်အားအကြီးဆုံးလို့ သတ်မှတ်နိုင်ပါတယ်”
စိတ်ထဲမှ စနစ်၏ရှင်းပြချက်ကြောင့် ဝမ်ဖုန်း မျက်လုံးအိမ်တို့ မှေးကျုံ့သွားလျက် စိတ်နှလုံးတွင် မုန်တိုင်းထန်သွားရသည်။ မိမိမှာ ရှန်းရွှမ်ဒေသကို စီမံအုပ်ချုပ်ခွင့် ရရှိလိုခြင်းသာဖြစ်သည်ကို ဘယ်လိုလုပ်ပြီး အဲ့လို ထောက်မမီအောင်နက်နဲလွန်းတဲ့ တည်ရှိမှုကြီးကို ထိပါးပြစ်မှားမိသွားရတာလဲ?!
ကောင်းကင်ဘုံလက်အောက် အင်အားအကြီးမားဆုံးတဲ့!
ဝမ်ဖုန်းသည် ရှန်ရှန့်ကျုံဂိုဏ်းဘိုးဘေးများ၏ အင်အားကြီးမားပုံကို အမြဲလိုလို ကြွားဝါပြောဆိုနေခဲ့သော်ငြား ၎င်းမှာ ကြွားဝါခြင်းသာဖြစ်၏။ စွန်းဝူခုန်း၏ အထွတ်အထိပ်ဆုံးသောအခြေအနေသည်ပင် ထိုမျှအဆင့်သို့ မရောက်ရှိနိုင်ချေ။
ဤယိယွမ်ဘုရားကျောင်းသည် ထိုပုဂ္ဂိုလ်၏ တစ်ပိုင်းတစ်စသော ကျားကွက်စေ့လေးသာ ဖြစ်သော်ငြား အဆုံးသတ်တွင်တော့ ထိုပုဂ္ဂိုလ်နှင့် ဆက်စပ်နေသည်သာဖြစ်ပြီး ယိယွမ်ဘုရားကျောင်းကို ထိပါးခဲ့ပြီးဖြစ်ရာ အနာဂတ်တွင် ထိုပုဂ္ဂိုလ်နှင့် သေချာပေါက် ဆန့်ကျင်ရမည်ပင်။
စနစ်ကြောင့်သာ မဟုတ်ပါလျှင် ဝမ်ဖုန်းသည်လည်း စိတ်ပျက်လက်ပျက် ဖြစ်သွားမိမည်ဖြစ်သည်။
“စနစ် ဒီတိုက်ခိုက်မှုကို ရပ်ပေးနိုင်လား?”
သွေးနီရောင်ဓားအဆောင်ကိုကြည့်၍ ဝမ်ဖုန်းမှ ထိတ်လန့်မှုဖြင့် အလျင်စလို မေးမြန်းလိုက်သည်။
ဓားအဆောင်၏အဟုန်သည် ပို၍ပို၍ ကြောက်မက်ဖွယ်ကောင်းလာနေ၏။ ယွမ်ဝူတို့နှစ်ဦး၏ စွမ်းအင်များကို ထိုဓားအဆောင်မှ အလုံးစုံ စုပ်ယူပြီးသွားခဲ့မည်ကို ဝမ်ဖုန်း စိုးရိမ်မိသည်။ အလုံးစုံစုပ်ယူပြီးသွားသည်နှင့် ၎င်းဓားအဆောင်ကို တန်ပြန်တိုက်ခိုက်နိုင်လိမ့်မည် မဟုတ်တော့ပေ။ သူတို့အားလုံးအတွက် သေခြင်းတရားကိုသာ ဆောင်ကြဉ်းခဲ့ပေလိမ့်မည်။
ယိယွမ်ဘုရားကျောင်း၌ ဤသို့ဝှက်ဖဲမျိုး ရှိနေကြောင်းကို သိခဲ့ပါလျှင် ဝမ်ဖုန်းသည် ဂိုဏ်းအမှတ်၁၀၀ဘီလီယံကို အသုံးပြုခဲ့မည် မဟုတ်ပါ။ ထိုဂိုဏ်းအမှတ်၁၀၀ဘီလီယံကို ရှီကန်းတန့်အပေါ်၌သာ အသုံးပြုစုပ်ယူစေကာ တစ်ခါသုံးအင်အားအဖြစ် ပြောင်းလဲပစ်ခဲ့ပေမည်။
ဂိုဏ်းအမှတ်၁၀၀ဘီလီယံမှ ပြောင်းလဲပေးနိုင်သောအင်အားသည် ရှီကန်းတန့်အား ထျန်းယုအထွတ်အထိပ်အဆင့်၏ စွမ်းအင်အပြည့်အဝကို ရရှိစေနိုင်ကောင်း၏။
“ဒင်! ကျေးဇူးပြုပြီး စိတ်ချထားပါ သခင်! ရှန်ရှန့်ကျုံဂိုဏ်း အပြင်စည်းအကြီးအကဲချုပ် မဟာနတ်ဆိုးရွှမ်ရှ အွန်လိုင်းရှိပါတယ်!”
ဟမ်?
စနစ်၏အချက်ပေးသံတွင် ဝမ်ဖုန်း၏မျက်နှာမှာ သံသယများ ဖြတ်ပြေးသွားရသည်။
မဟာနတ်ဆိုးရွှမ်ရှ ရောက်လာမှာလား? သူက အဲဒီ့ဓားအဆောင်ကို ရပ်တန့်နိုင်တယ်လား? သူက အဲဒီ့လောက်တောင် အင်အားကြီးနေပြီလား?!
ဝမ်ဖုန်းမှာ မပျော်ရွှင်နိုင်ပါ။ အနည်းငယ် ရှက်ရွံ့မိရ၏။ မိမိမှာ ဂိုဏ်းတိုးတက်ရေးအတွက် အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့သော်ငြား ချင်အာ၏ လေ့ကျင့်စီမံ့မှုကို မမီနိုင်ချေ။
ထီလက်မှတ်လဲလှယ်ရမယ်! စနစ်အဆင့်မြှင့်တင်ပြီးရင် ထီလက်မှတ်ကလည်း ရူးလောက်အောင် ကောင်းမွန်လာမှာ!
ဘုန်း!
ထိုအခိုက်အတန့်၌ ကမ္ဘာလောကတစ်ခုလုံးကို အရောင်ပြောင်းသွားစေသော ကြောက်မက်ဖွယ်စွမ်းအင်ကြီး ဓားအဆောင်မှ ရုတ်တရက် ထွက်ပေါ်လာပြန်သည်။ ဓားအဆောင်မှ ဧရာမဓားပုံရိပ်ကြီးထွက်ပေါ်လာခဲ့ပြီး အထက်ကောင်းကင်သို့ တန်းတန်းမတ်မတ်ပစ်လွှတ်၏။
ရှန်းရွှမ်ဒေသတစ်ခုလုံးမှာ ကြောက်ခမန်းလိလိသော ဓားစွမ်းအင်ကြီးကို ခံစားလိုက်ရသည်။ အရှေ့ပိုင်းနယ်မြေဖြစ်စေ၊ အနောက်ပိုင်းနယ်မြေဖြစ်စေ၊ အလယ်ပိုင်းတိုက်မကြီး၏ ကျင့်ကြံသူများဖြစ်စေ ဓားစွမ်းအင်ကို ခံစားမိရကာ အထက်ကောင်းကင်သို့ တစ်ဟုန်ထိုးတက်နေသည့် ဓားပုံရိပ်ကြီးကို ထိတ်လန့်တကြား မော့ကြည့်မိကြလေသည်။
ယန်လဲ့အင်မော်တယ်မြို့တော်၏ အပျက်အစီးများအထက်တွင် တိုက်ပွဲနေရာကို ရှင်းလင်းနေသော တုကူချိုးပိုင်နှင့် အခြားသူများသည်လည်း မျက်နှာအမူအရာများ ပြောင်းလဲသွားကြပြီး မျက်လုံးအကြည့်တို့မှာ ဓားပုံရိပ်ထံသို့ တည်မြဲကျရောက်သွားရသည်။
“အဲဒါက ယိယွမ်ဘုရားကျောင်းရှိတဲ့ဘက်ပဲ။ ဂိုဏ်းချုပ်ဝမ်နဲ့ အခြားသူတွေများ…?”
ယင်ဖုန်းနတ်ဘုရားမြို့တော်၏ မြို့သခင်လုချင်းသည် ဧရာမဓားပုံရိပ်ကို ကြည့်နေရင်းမှ သူ၏မျက်နှာလှလှထက်တွင် စိုးရိမ်ပူပန်မှုအချို့ ထင်ဟပ်လာကာ တီးတိုးရေရွတ်၏။ ယန်လဲ့မြို့တော်ကို ဖျက်ဆီးနိုင်ခဲ့သော ပျော်ရွှင်မှုမှာ ရုတ်ချည်းပျောက်ကွယ်သွားလေသည်။
ယန်လဲ့မြို့တော်ကို ဖျက်ဆီးနိုင်ခဲ့ခြင်းမှာ အောင်ပွဲခံရန် ထိုက်တန်ပါ၏။ သို့သော် ရှန်ရှန့်ကျုံဂိုဏ်းမှ ယိယွမ်ဘုရားကျောင်းကို မဟန့်တားနိုင်ခဲ့ပါလျှင် သူ၏ ယင်ဖုန်းနတ်ဘုရားမြို့တော်သည်လည်း ဒုက္ခခံစားရပေလိမ့်မည်။ သို့ဖြစ်ပါက ယန်လဲ့မြို့တော်ကို ဖျက်ဆီးနိုင်ခဲ့ခြင်းမှာ ဘာများ အသုံးဝင်ပါတော့အံ့နည်း။
“မစိုးရိမ်နဲ့ နတ်ဆိုးအိုကြီးရှိနေရင် ဂိုဏ်းချုပ် လုံခြုံနေမှာပါ!”
လုချင်းအပြင် တုကူချိုးပိုင်နှင့် အခြားသူများသည်လည်း စိုးရိမ်ပူပန်နေကြသော်ငြား ထိုမျှမဟုတ်ပါချေ။ သူတို့သည် မဟာနတ်ဆိုးရွှမ်ရှ၏ ကြောက်မက်ဖွယ်စွမ်းအားကို မျက်မြင်တွေ့ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် မဟာနတ်ဆိုးရွှမ်ရှကို အလိုအလျောက် ယုံကြည်ထားပေသည်။
တုကူချိုးပိုင်၏စကားတွင် လုချင်းနှင့်အခြားသူများသည် မဟာနတ်ဆိုးရွှမ်ရှ၏ စွမ်းအားကို ပြန်လည်တွေးတောမိကြ၍ စိုးရိမ်ပူပန်မှုများ အတော်လေး ပြေလျော့သွားရသည်။ ထိုနတ်ဆိုးအိုကြီး ရှိနေပါလျှင် မျှော်လင့်ချက်ရာခိုင်နှုန်း အမှန်တကယ် များပြားပါ၏။
တစ်ပြိုင်နက်တည်း၌ ရှန်းရွှမ်ဒေသအပြင်ဘက် ညဉ့်ကောင်းကင်ယံတွင်ဖြစ်သည်။
မြေအောက်ဘုံလောက၏ အဓိကအင်အားစုတည်ရှိရာ လှေပျံကြီးပေါ်၌ စစ်သူကြီးယုံတောက်နှင့် စစ်သည်တော်များစွာတို့သည် ကြီးမားဟန်ရှိသော ရှန်းရွှမ်ဒေသကို အလင်းဘောလုံးတစ်ခုကဲ့သို့ ရပ်ကြည့်နေကြ၏။
ထိုအလင်းလုံးကြီးမှ ဓားပုံရိပ်တစ်ခု ထိုးတက်လာသောအခါ သူတို့နှင့် အလွန်ဝေးကွာသော်ငြား ယုံတောက်နှင့် အခြားသူများမှာ ၎င်းဓားပုံရိပ်ထံမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားမိပေသည်။
“ဒါ.. ဒါက?”
ထျန်းကျိအထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သူမှာ မျက်လုံးအိမ်တို့ပြူးကျယ်လျက် မယုံကြည်နိုင်စွာ ရေရွတ်မိရ၏။
“ဒီအရှိန်အဝါက ထျန်းယုအဆင့်ထက်တောင် ကျော်လွန်နေမှာ စိုးရတယ်။ ရှန်းရွှမ်ဒေသမှာ ဘယ်လိုလုပ်ပြီး အဲဒီ့လိုစွမ်းအားမြင့်ပုဂ္ဂိုလ်ကြီး ရှိနေရတာလဲ?”
အနက်ရောင်ဝတ်ရုံတို့ဖြင့် လွှမ်းခြုံထားသော ပုံရိပ်သုံးခုသည် ယုံတောက်၏ဘေး၌ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ဦးဆောင်လာသည့်ပုံရိပ်ထံမှ ကြမ္မာပြောင်းလဲစေအပ်သော အသံထွက်ပေါ်လာ၏။
“ဧကရာဇ်သုံးပါးကို ဂါရဝပြုပါတယ်!”
အံ့ဩထိတ်လန့်နေကြသည့် ယုံတောက်နှင့် အခြားသူများသည် ပုံရိပ်သုံးခုကို မြင်သောအခါ စိတ်နှလုံးမှ ကြောက်ရွံ့စိတ်တို့ကို ဖိနှိပ်၍ ရိုသေကျိုးနွံစွာဖြင့် ဂါရဝပြုလိုက်ကြသည်။
“ဧကရာဇ်မင်းလန်က ဒီဓားပုံရိပ်ရဲ့စွမ်းအင်ကို ထျန်းယုအဆင့်ထက် သာလွန်တယ်လို့ ထင်ပါသလား?”
ဂါရဝပြုပြီးနောက် ယုံတောက်မှ ဦးဆောင်သူပုံရိပ်ကို အလျင်စလို မေးမြန်းလိုက်သည်။ သူ၏အသံအနေအထားမှာ ကြောက်ရွံ့ထိတ်လန့်မှုကို ခက်ခက်ခဲခဲ ဖုံးကွယ်ထားရ၏။ ထိုမျှသောစွမ်းအင်သည် မြေအောက်ဘုံလောက၌ပင် မတည်ရှိလေရာ ထိုပျက်စီးယိုယွင်းနေသော ရှန်းရွှမ်ဒေသတွင် အဘယ်သို့များ တည်ရှိနေရသနည်း။
“အတိအကျမသိနိုင်ပေမယ့် သေချာပေါက် ထျန်းယုအဆင့်ထက် သာလွန်တယ်။ ဒါပေမဲ့ ဒီစွမ်းအင်ကို သက်ရှိလူသားကနေ ထုတ်လွှတ်တာမဟုတ်ဘူး။ ငါကိုယ်တော့်အထင် မှော်လက်နက်တစ်ခုခု ဒါမှမဟုတ် စွမ်းအားမြင့်ပုဂ္ဂိုလ်ကြီး တစ်ယောက်ယောက်ကနေ ချန်ရစ်ခဲ့တဲ့ အဆောင်တစ်ခုခုကြောင့် ထွက်ပေါ်လာတဲ့စွမ်းအင်ဖြစ်နိုင်တယ်”
ဧကရာဇ်မင်းလန်မှ ဓားပုံရိပ်ကိုကြည့်ရင်းဖြင့် ရေရွတ်ပြောဆို၏။
ထိုစကားကြောင့် ယုံတောက်နှင့် အခြားသူများမှာ စိတ်သက်သာရာရသွားရသည်။ ရှန်းရွှမ်ဒေသတွင် ထျန်းယုအဆင့်အထက်ရှိ ကျင့်ကြံသူရှိနေသည်ဟု သူတို့တွေးထင်မိခဲ့ကြသည်။ အမှန်တကယ် ထိုသို့တည်ရှိမှု ရှိနေခဲ့ပါလျှင် သူတို့မှာ နောက်ပြန်လှည့်ရနိုင်ပေသည်။
“ဒီတစ်ကြိမ်က ထျန်းတုမြို့အရှင်ဂုသင်္ချိုင်းအတွက်ပဲ။ ဘာမှ သောင်းသောင်းဖြဖြလုပ်နေဖို့ မလိုဘူး။ ထျန်းကျိအထွတ်အထိပ်အဆင့်နဲ့အထက်တွေ လိုက်ခဲ့ရမယ်။ ကျန်တဲ့သူတွေက ငါကိုယ်တော် ထျန်းတုမြို့အရှင်ဂူသင်္ချိုင်းကို အောင်နိုင်ပြီးတဲ့အထိ ဒီမှာပဲ နေရစ်ခဲ့မယ်။ အဲဒါပြီးရင် အဲဒီ့ပျက်စီးယိုယွင်းနေတဲ့ ရှန်းရွှမ်ဒေသကို တစ်ချီတည်းအနိုင်ယူပစ်မယ်!”
ထိုစကားနှ့င်အတူ ဧကရာဇ်မင်းလန်နှင့် ဧကရာဇ်သုံးပါးလုံးမှာ လှေပျံကြီးပေါ်မှ ပျောက်ကွယ်သွားခဲ့လေသည်။
…..
တိုက်ပွဲနေရာ၌ ဧရာမဓားပုံရိပ်ကြီး ထွက်ပေါ်လာပြီးနောက်တွင် ဓားအဆောင်သည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် တုန်ခါနေ၏။
အဆုံးသတ်တွင် ထိုဧရာမဓားပုံရိပ်ကြီးနှင့် သွေးနီရောင်ဓားအဆောင်တို့သည် တစ်ထပ်တည်းကျသွားပြီး ထုတ်လွှတ်သည့်စွမ်းအင်မှာလည်း ပို၍ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
နေရာရှိလူအားလုံးမှာ ဝိဉာဉ်ထိတိုင် တုန်လှုပ်နေခြင်းကို မထိန်းချုပ်နိုင်ကြပေ။ လက်ရှိတွင် ဓားအဆောင်မှာ စွမ်းအင်ကို အပြည့်အဝထုတ်လွှတ်ခြင်း မဟုတ်သေးသော်ငြား သေခြင်းတရား၏ခေါ်ယူခြင်းကို ခံစားမိကြပါ၏။ ထက်ရှသည့်အရှိန်အဝါသည် အလွန်တရာ မသက်မသာ ခံစားရစေလျက်ဖြင့် ထိုထက်ရှသည့်အရှိန်အဝါ၏ တိုက်ခိုက်မှုကို အချိန်မရွေးခံယူရပြီး နုပ်နုပ်စဉ်းခံရမည်ဟု ခံစားနေရပေသည်။
တုနှိုင်းမဲ့ဂိုဏ်းတော်ကြီး
အပိုင်း ၄၁၁