← Chapters

မဟာသားရဲတစ်ပါး ပေါ်ထွက်လာမှု

Vol. 60 Ch. 886

မဟာသားရဲတစ်ပါး ပေါ်ထွက်လာမှု

Vol. 60 Ch. 886

ဘုန်း!

နောက်ထပ်ဓားချက်တစ်ချက်က ဆင်းသက်လာပြီး အလင်းလုံးကို တုန်ခါသွားစေလေသည်။

တာအိုအရှင်အင်မော်တယ်ဓား၏ မျက်လုံးက ဝင်းလက်သွားပြီး သူ၏ သွေးချီနှင့် ဓမ္မစွမ်းအားများကို လှည့်ပတ်လိုက်၏။ သူက အထဲသို့ ပြေးဝင်ပြီး ကောင်းကင်သတ်ဖြတ်ခြင်း ဓားကျမ်းကို အရယူဖို့ ပြင်ဆင်လိုက်လေသည်။

ထိုစဥ်မှာပင် လေထဲရှိအလင်းလုံးက ရုတ်တရက် မှိန်ကျသွားပြီး ဓားချီများကလည်း ပျက်ပြယ်သွားလေသည်။

တစ်ခဏအတွင်းမှာပင် အရာရာတိုင်းက တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားခဲ့လေပြီ။

အလင်းလုံးက မရှိတော့လေပြီ။

လူတိုင်း၏ ရှေ့မှောက်မှာပင် အလင်းလုံးက ပျက်ပြယ်၍ ပျောက်ကွယ်သွားခဲ့လေသည်။

အစက ကောင်းကင်ထက်တွင် ဝရုန်းသုန်းကားဖြင့် ရွေ့လျားနေကြသော ကြယ်များကလည်း ဖျော့တော့သွားခဲ့လေပြီ။

တိုက်ပွဲနယ်မြေအတွင်းရှိ လူတိုင်းက ကြောင်အသွားခဲ့လေသည်။

အစက အကြိတ်အနယ် တိုက်ခိုက်နေကြသော တာအိုအရှင်တိမ်လွှာမိုးစက်၊ နတ်မိမယ်နှင်းပွင့်နှင့် အရှင်သခင် ၆ပါးပင်လျှင် ခဏမျှ ရပ်တန့်သွားကြပြီး ကြောင်အမှင်တက်သော အမူအရာများဖြင့် လှမ်းမျှော်ကြည့်လိုက်ကြ၏။

တာအိုအရှင်တိမ်လွှာမိုးစက်နှင့် နတ်မိမယ်နှင်းပွင့်က တာအိုအရှင်အင်မော်တယ်ဓားကို အလိုလိုလှမ်းကြည့်လိုက်ကြ၏။

ဘာဘဲပြောပြော အလင်းလုံးပျောက်ကွယ်မသွားခင် အဲ့ဒါကို သူ၏ဓားဖြင့် နောက်ဆုံးတိုက်ခိုက်ခဲ့သူမှာ တာအိုအရှင်အင်မော်တယ်ဓား ဖြစ်၏။

အဲ့ဒါဆို တာအိုအရှင်အင်မော်တယ်ဓားက အဲ့ဒါကို အရယူနိုင်သွားပြီဟု ဆိုလိုခြင်းမဟုတ်ပါလား။

သို့သော်လည်း ထိုအခိုက်အတန့်၌ တာအိုအရှင်အင်မော်တယ်ဓား၏ အမူအရာက အလွန်တရာသုန်မှုန်နေလေသည်။

အလင်းလုံး၏ ပျောက်ကွယ်သွားမှုက သူ၏ဓားချက်နှင့် မသက်ဆိုင်ကြောင်း သူက သိထားလေသည်။

အလင်းလုံးပျောက်ကွယ်သွားရခြင်းအတွက် ဖြစ်နိုင်ချေက တစ်ခုတည်းသာ ရှိလေသည်။

အဲ့ဒါက တစ်စွန်းတစ်စမကျန် ပျောက်ကွယ်သွားရခြင်းမှာ တစ်စုံတစ်ယောက်က ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို ရယူသွားနိုင်သောကြောင့်ဖြစ်လေသည်။

သူနှင့် များစွာသောဓမ္မဝိသေသပညာရှင်များ၏ စောင့်ကြည့်မှုအောက်ကနေ တစ်စုံတစ်ယောက်က ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို အရယူနိုင်ခဲ့လေသည်။

အဲ့ဒါက စတုရန်းကြေးမီးဖိုထဲက လူများလား....

သို့သော်လည်း အဲ့ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ။

အဲ့ဒီလူက အကန့်အသတ်မဲ့သော ဓားချီပင်လယ်အတွင်း ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို ရှာဖွေတွေ့ရှိနိုင်မည်ဆိုလျှင်တောင် သူက တစ်စွန်းတစ်စမကျန် ဘယ်လိုပျောက်ကွယ်သွားနိုင်ပါ့မလဲ။

ဖုံးကွယ်ခြင်းနည်းစနစ်တစ်ခု...

ထိုအတွေးက တာအိုအရှင်အင်မော်တယ်ဓား၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။

အဲ့ဒီလူက ဖုံးကွယ်ခြင်းနည်းစနစ်တစ်ခုခုကို ကျင့်ကြံထားတာ ဖြစ်ရပေမည်။

ကျင့်ကြံရေးလောကအတွင်းတွင် ဖုံးကွယ်ခြင်းနည်းစနစ်များမှာ အထူးပြုသော ဂိုဏ်းများရှိလေသည်။

မိစ္ဆာဂိုဏ်း ၇ ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သော လျှို့ဝှက်မရဏဂိုဏ်းက ထိုနေရာမှာ အတော်ဆုံးဖြစ်လေသည်။

တစ်ကယ်ဆို ကျင့်ကြံသူများသည် သူတို့၏ အထွတ်အထိပ်သို့ ကျင့်ကြံပြီးသည့်အခါ နတ်ဘုရားစွမ်းအားတစ်ခုဖြစ်သော ကိုယ်ဖျောက်ခြင်းကို ဖန်တီးလာနိုင်ကြလေသည်။

ဒဏ္ဍာရီအရဆို အဲ့ဒီမှာ အထွတ်အထိပ်နတ်ဘုရားစွမ်းအားတစ်ခုအဖြစ် သတ်မှတ်၍ရသော ကိုယ်ဖောက်စွမ်းရည်၏ အထက်မှာရှိသော မဟာကိုယ်ဖျောက်စွမ်းရည် နည်းစနစ်တစ်ခုပင်လျင် ရှိလေသည်။ တစ်ကယ်ဆို အဲ့ဒါက အံမခန်းဖြစ်ပြီး မဟာယာနမျိုးနွယ်စုခေါင်းဆောင် တစ်ယောက်၏ ထောက်လှမ်းမှုကနေတောင် ဖုံးကွယ်ထားနိုင်လေသည်။

သားရဲလောကအတွင်းတွင် အချို့သော မိစ္ဆာသားရဲများသည် ဖုံးကွယ်ခြင်းနည်းစနစ်များမှာ အထူးပြုကြလေသည်။

အချို့သော အဆင့်မြင့်မ်ိစ္ဆာသားရဲများ၏ ပင်ကိုနတ်ဘုရားစွမ်းအားကကို ဖုံးကွယ်ခြင်းနည်းစနစ်တစ်ရပ် ဖြစ်နေတတ်လေသည်။

ဖုံးကွယ်ခြင်းနည်းစနစ်များက လျှို့ဝှက်ဆန်းကြယ်သော်လည်း သူတို့မှာ အားနည်းချက်တစ်ခုရှိလေသည်။ ထိုသူက သိပ်ပြီးတော့ လျင်လျင်မြန်မြန် လှုပ်ရှားသွားလာလို့ ရလိမ့်မည်မဟုတ်ပေ။ မဟုတ်ပါက သူတို့က ဟာကွက်များကို ထုတ်ဖော်မိပြီး သူတို့၏ တည်နေရာက ပေါက်ကြားသွားပေလိမ့်မည်။

တစ်နည်းအားဖြင့်ဆိုလျင် ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို ရယူသွားသောသူက ဤအနီးနားတစ်ဝိုက်တွင်ပင် ရှိရဦးပေမည်။

ထိုသို့အတွေးဖြင့် တာအိုအရှင်အင်မော်တယ်ဓားသည် သူ၏ ကြီးမားသည့် စိတ်ဝိညာဥ်အသိစိတ်ကို ထုတ်ဖော်ပြီး သူ၏ပတ်ဝန်းကျင်ကို အဆက်မပြတ် စစ်ဆေးကာ သဲလွန်စများကို ရှာဖွေဖို့ကြိုးစားလိုက်လေသည်။

ထိုစဥ်မှာပင် ထူးဆန်းသော တစ်စုံတစ်ရာက ဖြစ်ပေါ်လာခဲ့၏။

ကောင်းကင်ထက်တွင် နက်မှောင်နေသော လေဟာနယ်အက်ကွဲကြောင်းတစ်ခုက ပွင့်ဟလာပြီး ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက ထွက်ပေါ်လာခဲ့လေသည်။ နေရာတစ်ခုလုံးက တိတ်ဆိတ်ငြိမ်သက်သွားပြိး သားရဲများအားလုံးက ကြောက်ရွံ့မှုဖြင့် ငြိမ်သက်နေကြလေသည်။

အရှင်သခင် ၆ ပါး၏ အမူအရာက ပြောင်းလဲသွားပြီး သူတို့ပင်လျှင် ထိုအော်ရာ၏ လွှမ်းခြုံမှုအောက်မှာ အနည်းငယ် တုန်ယင်နေကြလေသည်။

တာအိုအရှင်သုံးယောက်က ကြက်သေသေနေကြပြီး ထိတ်ထိတ်ပျာပျာ အမူအရာများဖြင့် မလှုပ်မယှက်ရှိနေကြ၏။

အဲ့ဒါက မဟာသားရဲတစ်ပါး၏ အော်ရာဖြစ်လေသည်။

မဟားသားရဲများသည် လူသားမျိုးနွယ်မှာဆိုလျှင် ပေါင်စည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် တူညီလေသည်။

ဤနေရာတွင် ဖြစ်ပွားခဲ့သော အုံးအုံးကျက်ကျက်အခြေအနေက နောက်ဆုံးမှာတော့ သားရဲတစ်ထောင်တောင်ကြားရှိ မဟာသားရဲတစ်ပါး၏ အာရုံကို ဆွဲဆောင်မိသွားလေသည်။

မဟာသားရဲများသည် သူတို့၏ လက်တစ်ဖက်ကို မ,တင်ရုံဖြင့် ကောင်းကင်နှင့်မြေကြီးကို ကိုင်လှုပ်နိုင်လေသည်။ မဟာသားရဲတစ်ပါး၏ရှေ့တွင် အရှင်သခင် ၆ ပါးနှင့် တာအိုအရှင်သုံးယောက်က လက်တစ်ချက် ဖိခြေလိုက်ရုံဖြင့် သတ်ဖြတ်​ခြင်းခံရနိုင်သော ပုရွက်ဆိတ်များကဲ့သို့ ဖြစ်လာကြလေသည်။

ရုတ်တရက် လေထဲတွင် အက်ကွဲကြောင်းတစ်ခုက ပွင့်ဟလာပြီး တောက်ပသော အလင်းတန်းတစ်ခုက ထွက်ပေါ်လာကာ နေရာတစ်ခွင် လွှမ်းခြုံကျဆင်းလာလေသည်။ အဲ့ဒါက ရေခဲတစ်မျှအေးစက်နေသော မျက်လုံးတစ်စုံနှင့်ဆင်တူပြီး နေရာတစ်ခွင်ကို စစ်ဆေးကြည့်ရှုနေလေသည်။

မဟာသားရဲတစ်ပါးက ဤနေရာကို စစ်ဆေးကြည့်ရှုဖို့အတွက် နတ်ဘုရားနည်းလမ်းတစ်ခုကို အသုံးပြုနေလေသည်။

ဝုန်း!

အခြားတစ်ဖက်တွင် လေဟာနယ်အက်ကွဲကြောင်းတစ်ခုက ကောင်းကင်ထက်တွင် နောက်တစ်ဖန် ပွင့်ဟလာပြီး အဲ့ဒါက မကောင်းဆိုးဝါးဆန်ဆန် အရောင်အဝါဖြင့် တောက်ပနေလေသည်။

နောက်ထပ် မဟာသားရဲတစ်ပါးက ပေါ်ထွက်လာခဲ့ပြန်လေပြီ။

ရွှစ်!

နောက်ထပ်ကြောက်စရာကောင်းသော စိတ်ဝိညာဥ်အသိစိတ်တစ်ခုကလည်း ဤနေရာသို့ ဆင်းသက်လာခဲ့လေသည်။

ထိုစိတ်ဝိညာဥ်အသိစိတ်နှင့် ရင်ဆိုင်ရချိန်တွင် လက်ရှိ ဓမ္မဝိ​သေသ ပညာရှင်များသည် မွေးကင်းစကလေးငယ်များနှင့် တူလာလေသည်။ သူတို့က စာအုပ်များကဲ့သို့ နှဖူးမှ ခြေဖျားအထိ စစ်ဆေးကြည့်ရှုခြင်းခံနေရလေသည်။

နောက်ထပ်မဟာသားရဲတစ်ပါး...

မဟာသားရဲသုံးပါးက ဆက်တိုက်ပေါ်ထွက်လာခဲ့လေပြီ။

တာအိုအရှင်အင်မော်တယ်ဓားသာလျှင် မဟုတ်ပေ မဟားသားရဲသုံးပါးကလည်း တူညီသော ဖြစ်နိုင်ခြေကို တွေးထင်ခဲ့ကြပြီး ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို အရယူသွားသောသူက ဖုံးကွယ်ခြင်းနည်းစနစ်တစ်ခုခုကို ထုတ်ဖော်ပြီး ဤနေရာဝန်းကျင်မှာပင် ရှိနေဦးမည်ဟု သူတို့က ယူဆကြလေသည်။

သို့သော်လည်း ခဏနေပြီးနောက် မဟာသားရဲ သုံးပါးက ဘာကိုမှ ရှာမတွေ့နိုင်ကြသေးပေ။

တာအိုအရှင်အင်မော်တယ်ဓားက သူ့ဘာသာသူ မျက်မှောင်ကြုတ်လိုက်၏။

သူသည် ထိုလူနှင့် စောစောက ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးပြီး ထိုသူ၏ ကျင့်ကြံမှုအဆင့်က အလွန်ဆုံး ဓမ္မဝိသေသအဆင့်ထက် မပိုနိုင်ပေ။

ဓမ္မဝိသေသအဆင့်ပညာရှင်တစ်ယောက် ကျင့်ကြံထားသော ဖုံးကွယ်ခြင်းနည်းစနစ်တစ်ခုက မဟာသားရဲတစ်ပါး၏ ထောက်လှမ်းမှုကနေ ရှောင်လွှဲနိုင်စရာအကြောင်းမရှိပေ။

တစ်နည်းအားဖြင့်ဆိုလျှင် ထိုလူက ဖုံးကွယ်ခြင်းနည်းစနစ် တစ်ခုခုဖြင့် ဤအနီးနားတစ်ဝိုက်မှာ ဖုံးကွယ်နေခြင်းမဟုတ်နိုင်တော့ပေ။ ထိုလူက ဤနားတစ်ဝိုက်မှာ မရှိတော့တာ ဖြစ်ဖို့များလေသည်။

တာအိုအရှင်အင်မော်တယ်ဓား၏ စိတ်ထဲတွင် နောက်ထပ်ခန့်မှန်းချက်တစ်ခုက ပေါ်ထွက်လာခဲ့၏။

ရုတ်တရက် သူက တစ်စုံတစ်ရာကို အမှတ်ရသွားခဲ့လေသည်။ စောစောက အလင်းလုံးပျောက်ကွယ်သွားခဲ့စဥ်က မူလအလင်းလုံးရှိသော နေရာတွင် လေဟာနယ်အက်ကွဲကြောင်းတစ်ခု ပေါ်ထွက်လာခဲ့သည်ဟု ထင်ခဲ့ရပြီး အဲ့ဒါက လျင်မြန်စွာပင် ပြန်လည်ပိတ်ဆို့သွားပုံရလေသည်။

“အဲ့ဒီအက်ကွဲကြောင်းက...”

တာအိုအရှင်အင်မော်တယ်ဓားက ခပ်တိုးတိုးရေရွတ်လိုက်၏။

“အဲ့ဒါက...”

“တည်နေရာရွှေ့ပြောင်းအဆောင်..”

ရုတ်တရက် ကောင်းကင်ထက်မှာ ဝုန်းကနဲမြည်သံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။ အဲ့ဒါကအရိုးထဲထိ ချမ်းစိမ့်သွားစေပြီး အကန့်အသတ်မဲ့သော အမျက်ဒေါသကို ပိုင်ဆိုင်ထားလေသည်။

အဲ့ဒါက တာအိုအရှင်အင်မော်တယ်ဓား တွေးထင်ထားသည်နှင့်အတူတူပင် ဖြစ်လေသည်။

ရောက်ရှိလာသော မဟာသားရဲများကလည်း တူညီသော ကောက်ချက်ကို ချလိုက်ကြလေသည်။

မဟာသားရဲတစ်ပါး၏ အမျက်ဒေါသက ကောင်းကင်နှင့်မြေကြီးကိုပင် ကိုင်လှုပ်နိုင်လေသည်။

တာအိုအရှင်သုံးယောက်က မှိန်ကျသွားသော အကြည့်များနှင့် အကြည့်ချင်းဖလှယ်ပြီးနောက် သူတို့၏ ခေါင်းကိုခါလိုက်ကြ၏။

သူတို့သုံးယောက်က မဟာသားရဲတစ်ပါး၏ အမျက်ဒေါသကို အရင်ဆုံးခံစားရပေတော့မည်။

ကီလိုမီတာ ၅ထောင်အဝေးတွင် တောအုပ်အတွင်းမှာ စိတ်ဝိညာဥ်သားရဲနှစ်ကောင်က အကြိတ်အနယ်တိုက်ခိုက်နေကြလေသည်။ သူတို့နှစ်ယောက်စလုံးက နဖူမှ ခြေဖျားထိ ဒဏ်ရာများဖြင့် ပြည့်နှက်နေကြ၏။

ရုတ်တရက်ဆိုသလို ထိုစိတ်ဝိညာဥ်သားရဲနှစ်ယောက်၏ ဘေးတွင် မကောင်းဆိုဝါးဆန်ဆန် အက်ကွဲကြောင်းတစ်ခုက ပွင့်ဟလာခဲ့၏။

အချိန်မှီရှောင်တိမ်းနိုင်ခြင်းမရှိဘဲ စိတ်ဝိညာဥ်သားရဲနှစ်ယောက်သည် ထိုအက်ကွဲကြောင်း၏ စုပ်ယူခြင်းကို ခံလိုက်ရလေသည်။ အခြားတစ်ဖက်မှာတော့ ချွေးများဖြင့်စိုရွှဲနေသော ပုံရိပ်တစ်ခုက ခုန်ထွက်လာပြီး မောဟိုက်နေခဲ့လေသည်။

ဤပုဂ္ဂိုလ်က အခုလေးတင် ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို အရယူလာခဲ့သော ဆူဇီမိုပင် ဖြစ်လေသည်။

တာအိုအရှင်အင်မော်တယ်ဓား၏ ခန့်မှန်းချက်က မမှားပေ။ ဆူဇီမိုသည် အားလုံး၏ စောင့်ကြည့်​မှု အောက်ကနေ လွတ်မြောက်လာခဲ့ရသည့် အကြောင်းရင်းမှာ တည်နေရာရွှေ့ပြောင်းအဆောင်အသေးကြောင့်ပင် ဖြစ်လေသည်။

တည်နေရာရွှေ့ပြောင်းအဆောင်အသစ်၏ ဆုတ်ဖြဲမှုက ကျင့်ကြံသူတစ်ယောက်ကို ကျပန်းဦးတည်းချက်တစ်ခုဖြင့် ကီလိုမီတာ ၅ ထောင်အကွာအဝေးသို့ ပို့ပေးနိုင်လေသည်။

ဆူဇီမိုသည် တောထဲသို့ ရောက်လာခါစဖြစ်ပြီး ခပ်လှမ်းလှမ်းမိုးကုပ်စက်ဝိုင်းဆီမှ တုန်လှုပ်ချောက်ချားဖွယ်ရာ အော်ရာတစ်ခုထွက်ပေါ်လာသည်ကို ခံစားမိလိုက်လေသည်။

ဘယ်လောက်တောင်​ကြောက်စရာကောင်းလိုက်တဲ့ အော်ရာအမျိုးအစားလဲ။

“မဟာသားရဲတစ်ပါးက ပေါ်ထွက်လာခဲ့ပြီ”

ဆူဇီမိုက ငူငိုင်နေရာကနေ နိုးထမလာခင်မှာပင် တာအိုအရှင်အဆုံးစွန်မီး၏ အသံက စိတ်သောကတစ်စွန်းတစ်စနှင့်အတူ ထွက်ပေါ်လာပြီး သူက အလောတကြီး ပြောလိုက်လေသည်။

“မြန်မြန်... မြန်မြန်လုပ် မင်းရဲ့ မူလသွင်ပြင်ပုံစံနဲ့ သားရဲပုံစံကို ပြန်ပြောင်းလိုက် ၊ မင်းရဲ့အော်ရာကို တည်​ငြိမ်အောင်လုပ်ပြီး စိတ်ကိုလျှော့ထား... မင်းက တစ်ခုခု ထူးခြားတာ ထုတ်ဖော်ပြသထားလို့မဖြစ်ဘူး”

ဆူဇီမိုက တွေဝေမနေဘဲ အနက်ရောင်ဆံပင်နှင့် အမြုတေစိတ်ဝိညာဥ်က သူ၏အသိစိတ်ထဲကနေ နောက်ဆုတ်သွားပြီး သွေးနီရောင်ဆံပင်နှင့် ယင်စိတ်ဝိညာဥ်က စိတ်ဝိညာဉ်အသိစိတ်၏ အလယ်နေရာသို့ဝင်ရောက်လာခဲ့လေသည်။

တစ်ခဏအတွင်းမှာပင် သူ၏အနက်ရောင်ဆံပင်က သွေးနီရောင်အဖြစ်ပြောင်းလဲသွားခဲ့လေသည်။

သူ၏မျက်နှာပေါ်ရှိ ကြွက်သားများက တွန့်လိမ်သွားပြီး သိပ်မကြာမီ သူ၏ မူလရုပ်ရည်သွင်ပြင်ကို ရရှိသွားလေသည်။ သူ၏ ကြော့ရှင်းသောသွင်ပြင်နှင့်အတူ သူက အစိမ်းရောင်ဝတ်ရုံအသစ်တစ်ခုကို ဝတ်ဆင်လိုက်ပြီး သူ့လက်ထဲရှိ ရှေးဟောင်းစာလိပ်ကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်လေသည်။

သို့သော်လည်း ထို့နောက် ချက်ချင်းပင် ဆူဇီမို၏ အမူအယာက တောင့်တင်းသွားခဲ့လေသည်။

သူက ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို သူ၏သိုလှောင်အိတ်ထဲသို့ ထည့်လို့မရနိုင်ပေ။

“ဘာ..ဘာလဲဟ”

ဆူဇီမိုက အကျပ်တွေ့သွားလေသည်။ သူက ဤကဲ့သို့သော တစ်စုံတစ်ရာနှင့် တွေ့ကြုံရခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်လေသည်။

တာအိုအရှင်အဆုံးစွန်မီးက ပြောလိုက်၏။

“ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းက မဟာရှေးဟောင်းဓားပညာရပ် ၃ ခုထဲက တစ်ခုပဲ ၊ အဲ့ဒါက အရမ်းကို ကြီးမားပြင်းထန်တဲ့ သတ်ဖြတ်ခြင်းအော်ရာတစ်ခုကိုပိုင်ဆိုင်ထားတယ် ၊ အဲ့ဒါက ထုတ်ဖော်ပြသမထားပေမယ့်လို့ မင်းရဲ့သိုလှောင်အိတ်က အဲ့ဒါကို လက်ခံဝင်ဆံ့နိုင်မှာ မဟုတ်ဘူး”

သူ၏ သိုလှောင်အိတ်ပင်လျှင် အဲ့ဒါကို လက်ခံဝင်ဆံ့နိုင်ခြင်းမရှိဘူးတဲ့လား...။

“အဲ့ဒါကို အရင်ဆုံးမင်းရဲ့ ဝတ်ရုံအောက်မှာဝှက်ထားလိုက်... ဘာမှကြောက်မနေနဲ့”

တာအိုအရှင်အဆုံးစွန်မီးက လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

“ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကိုအရင်က ဘယ်သူကမှ မြင်ဖူးတာမဟုတ်ဘူး ၊ မဟာသားရဲတစ်ပါးတောင် အဲ့ဒါကို မြင်တွေ့မယ်ဆိုရင် မှတ်မိလိမ့်မှာ မဟုတ်ဘူး

ဆူဇီမိုက ခေါင်းညိတ်လိုက်ပြီး ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို သူ၏ ဝတ်ရုံထဲသို့ ထိုးထည့်လိုက်၏။ သူက အသက်ပြင်းပြင်းတစ်ချက် ရှိုက်ပြီးနောက် လက်တစ်ဖက်ကို နောက်ပစ်ကာ ရှေ့သို့လျှောက်လှမ်းလိုက်လေသည်။

ထိုသို့သူပြုလုပ်ပြီးသည့်ခဏမှာပင် အလွန်တရာကြောက်စရာကောင်းသော စိတ်ဝိညာဥ်အသိစိတ်တစ်ခုက ဖြန့်ကြက်လာပြီး ဆူဇီမိုအပါအဝင် တောအုပ်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့လေသည်။

ထို့နောက်ချက်ချင်းပင်လျှင် ဆင်တူသော ကြောက်စရာကောင်းသည့် အသိစိတ်နှစ်ခုကလည်း ဖြန့်ကြက်ထွက်ပေါ်လာပြီး ဆင်းသက်လာခဲ့လေသည်။

မဟာသားရဲများက အရိပ်ပမာ တစ်ယောက်ပြီးတစ်ယောက် ချက်ချင်းပေါ်ထွက်လာခဲ့လေသည်။

All Chapters