အငြိုးအတေး အာဃာတ
Vol. 60 Ch. 888
တာအိုအရှင်အဆုံးစွန်မီးက ပြောလိုက်လေသည်။
“သူတို့ရဲ့ ကိုယ်ပွားတွေက သူတို့ရဲ့ နဂိုခန္ဓာကိုယ်တွေနဲ့ အတိအကျတူညီပြီး ဓမ္မပညာရပ်တွေနဲ့ လျှို့ဝှက်အတတ်တွေကို ထုတ်ဖော်နိုင်တယ် ၊ ဓမ္မလက်နက်တွေကို အသုံးပြုနိုင်တယ်ဆိုပေမယ့်လို့ တစ်ကယ်တမ်းမှာတော့ သူတို့ရဲ့ကိုယ်ပွားတွေထဲမှာရှိတာက သန့်စင်တဲ့ စိတ်ဝိညာဥ်အသိစိတ် စီးကြောင်းတစ်ခုသာပဲ ၊ စစ်မှန်တဲ့ အမြုတေစိတ်ဝိညာဥ်တစ်ခု မရှိဘဲနဲ့ သူတို့က သူတို့ရဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်တွေကို ဆင့်ခေါ်နိုင်မဟုတ်ဘူး”
ဆူဇီမိုသည် တုန်လှုပ်သွားပြီး ထိုသတင်းအချက်အလက်ကို လက်ခံယူဖို့အတွက် အချိန်အနည်းငယ်ယူရလေသည်။
“သူတို့ရဲ့ ကောင်းကင်နဲ့မြေကြီး ဓမ္မဝိသေသခန္ဓာကိုယ်တွေမရှိဘဲနဲ့တောင် သူတို့ရဲ့ ကိုယ်ပွားတွေနဲ့တင် ဒီလောက်များပြားတဲ့ သားရဲတွေကို ဆန့်ကျင်တိုက်ခိုက်ပြီး အရှင်သခင် ၆ ပါးကိုတောင် ဖိနှိပ်ထားနိုင်တယ်ဆိုတော့ အဲ့ဒီတာအိုအရှင်သုံးယောက်က သူတို့ရဲ့ နာမည်ဂုဏ်သတင်းနဲ့လိုက်အောင် ရှင်သန်နေထိုင်နေကြတာပဲ”
တာအိုအရှင်အဆုံးစွန်မီးက ဆူဇီမို၏ ချီးကျူးမှုအပေါ် အလေးထားမှုမရှိဘဲ ပြောလိုက်လေသည်။
“သူတို့ ၃ ယောက်ရောက်မလာခင် အရှင်သခင် ၆ ပါးက သူတို့အချင်းချင်း အကြိတ်အနယ် တိုက်ခိုက်ပြီးတော့ သူတို့ရဲ့ သက်လုံအားနဲ့ တိုက်ခိုက်ရည်ခွန်အားက တစ်ဝက်လောက်ထိ လျော့ကျနေတာကို မမေ့လိုက်နဲ့ဦး”
“နောက်ပြီးတော့ သူတို့သုံးယောက်က သားရဲတစ်ထောင်တောကြားထဲကို စွန့်စားဝင်ရောက်လာပြီး လက်ဗလာနဲ့ ပြန်သွားရတယ် ၊ သူတို့ရဲ့ကိုယ်ပွားတွေတောင် ဖျက်ဆီးခံလိုက်ရတယ်... အဲ့ဒါက သူတို့ရဲ့ ခွန်အားအပေါ် ကြီးမားတဲ့ ရိုက်ချက်တစ်ခုပဲ”
“ရုပ်ဒြပ်ရှိတဲ့ ကိုယ်ပွားတစ်ခုကို ကျင့်ကြံဖို့က လွယ်ကူတယ်လို့ မင်းထင်လို့လား...”
တာအိုအရှင်အဆုံးစွန်မီးက ဆက်ပြောလိုက်၏။
“အစကတည်းက ကိုယ်ပွားခြင်းနည်းစနစ်တွေက အရမ်းကိုရှားပါးတယ်... ကိုယ်ပွားခြင်းနည်းစနစ်တစ်ခု ရှိမယ်ဆိုရင်တောင် ကျင့်ကြံမှုမှာ နှစ်တစ်ထောင်ကျော်လောက် နှစ်မြှုပ်ထားမှုမရှိပဲနဲ့ ကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်မှာ မဟုတ်ဘူး”
“အဲ့လိုဆိုရင် တာအိုအရှင်သုံးယောက်က အကြီးအကျယ် ဆုံးရှုံးနစ်နာသွားရတာပေါ့” ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။
တာအိုအရှင်အဆုံးစွန်မီးက ခေါင်းညိတ်လိုက်လေသည်။
“တာအိုအရှင်အင်မော်တယ်ဓားကတော့ ထိခိုက်နစ်နာမှုအကြီးမားဆုံးပဲ... သူက အရာရာတိုင်းကို လက်လွတ်ဆုံးရှုံးခဲ့ရတယ် ၊ သူ့ရဲ့ သားရဲချိပ်စည်းကားချပ်နဲ့ ကိုယ်ပွားကို ဆုံးရှုံးခဲ့ရရုံတင်မကဘူး သူက တိမ်လွှာမိုးစက်နဲ့ နှင်းပွင့်ကို ကြီးကြီးမားမား အကျိုးပြန်ဆောင်ပေးမယ်လို့ ကတိပါပေးခဲ့ရတယ်”
“အဲ့ဒါက နက်ရှိုင်းတဲ့ အငြိုးအတေး အာဃာတတစ်ခုကို စိုက်ပျိုးမိလိုက်တာပဲ ၊ ဒါပေမယ့်လို့ မင်းက အဲ့ဒါကို ပူပန်နေစရာမလိုဘူး... ပထမတစ်ချက်အနေနဲ့ ကောင်းကင်သတ်ဖြတ်ခြင်းဓားကျမ်းကို ဘယ်သူယူသွားလည်းဆိုတာ သူမသိဘူး ၊ သူက မင်းဘယ်သူလဲဆိုတာ သိခဲ့ရင်တောင် ကိစ္စမရှိဘူး.. ဒီအဆင့်မှာရှိတဲ့ ရှေးဟောင်းလျှို့ဝှက်ပညာရပ်တစ်ခုက ပိုင်ရှင်မရှိသေးတဲ့အတွက် ဘယ်သူမဆို ဖွင့်ကြည့်လို့ရတယ်”
တစ်ချိန်တည်းမှာပင်...
အလယ်ပိုင်းတိုက် ဓားဂိုဏ်းရှိ အင်မော်ဓား၏ တာအိုစံအိမ်တွင်...
“သေစမ်းကွာ!”
တာအိုစံအိမ်ထဲမှ ရူးသွပ်သွားသော ဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာပြီး အနီးနားဝန်းကျင်တွင် လှုပ်ရှားသွားလာနေသော ဓားဂိုဏ်းကျင့်ကြံသူများစွာကို ရပ်တန့်သွားစေလေသည်။
“စီနီယာအစ်ကို အင်မော်တယ်ဓားက ဘာတွေဖြစ်နေတာပါလိမ့်”
“ငါလည်းမပြောတတ်ဘူး... ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်လောက်ကတော့ သူက တခြား မည်ကာမတ္တတပည့်နှစ်ယောက်နဲ့အတူ သူ့ရဲ့ တာအိုစံအိမ်ထဲကို ဝင်ရောက်သွားခဲ့တယ် ၊ အဲ့ဒီတည်းက သူတို့က ပြန်ထွက်မလာကြတော့ဘူး”
“စီနီယာအစ်ကိုအင်မော်တယ်ဓားရဲ့ မိတ်ဆွေတွေကလဲ ပြိုင်စံရှားတွေနဲ့ ပြန်ဝင်စားမွန်းစတားတွေပဲ ဖြစ်ရမယ် ၊ အဲ့ဒါက ဘယ်လောက်တောင် လေးစားအားကျဖို့ကောင်းလိုက်သလဲ...”
“ထူးဆန်းတယ်... စီနီယာအစ်ကိုအင်မော်တယ်ဓားက အမြဲတမ်းရင့်ကျက်ပြီးတော့ တည်ငြိမ်ပါတယ်.. သူက ရုတ်တရက် ဘာလို့ထပြီး ပေါက်ကွဲနေရတာပါလိမ့်”
လူတိုင်းက ဆွေးနွေးနေစဥ်မှာပင် ခပ်လှမ်းလှမ်းကနေ ကြည်လင်သော ဆောင်းဦးရေကဲ့သို့ ဓားအလင်းတစ်ခုက ထွက်ပေါ်လာခဲ့လေသည်။
လူတိုင်း၏ အမူအရာက ပြောင်းလဲသွားခဲ့ကြ၏။
“စီနီယာအစ်မချင်...”
စီနီယာအစ်မချင်ကို နှုတ်ဆက်ပါတယ်!”
ဓားကျင့်ကြံသူများအားလုံးသည် အသစ်ဝင်ရောက်လာသောသူကို စိုးရိမ်ထိတ်လန့်နေသည့်အလား တလက်လက်ထနေသော အကြည့်များနှင့်အတူ ကပျာကယာ ဦးညွတ်လိုက်ကြလေသည်။
အသစ်ဝင်ရောက်လာသူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ အင်္ကျီလက်စက တဖျတ်ဖျတ်လှုပ်ခါကာ သူမ၏ ဆံနွယ်ရှည်များက သူမ၏ မျက်နှာပေါ်ကို အုပ်မိုးကျနေလေသည်။
သူမ၏ နောက်ကျောတွင် ဓားတစ်လက်ရှိပြီး သူမက မာ်တယ်လောကသို့ ဆင်းသက်လာသော နတ်မိမယ်တစ်ပါးကဲ့သို့ နုနယ်သိမ်မွေ့နေလေသည်။
ဤစီနီယာအစ်မချင်သည် ငယ်ရွယ်သည့်ပုံပေါက်ပြီး ကျော့ရှင်းတင့်တယ်နေလေသည်။ သူမ၏ အသားအရည်က ချောမွေ့နေပြီး သူမ၏ မျက်လုံးများက တောက်ပကြည်လင်ကာ သူမ၏ မျက်ခုံးနှစ်ဖက်ကို ခံ့ညားစွာဖြင့် အနည်းငယ် ပင့်တင်ထားလေသည်။
သူမက တစ်ချက်ဝှေ့ကြည့်ပြီးနောက် သူမ၏ မျက်ခုံးနှစ်ဖက်ကို အနည်းငယ်ကြုတ်လိုက်၏။ ဒေါသသံ တစ်စွန်းတစ်စနှင့်အတူ သူမက တည်တံ့သောအမူအရာနှင့် ငေါက်ငမ်းလိုက်လေသည်။
“နင်တို့တွေက ကျင့်ကြံပြီးတော့ လက်ရည်စမ်းကြရမယ့်အစား ဒီနေရာမှာလာပြီး အတင်းအဖျင်းပြောနေကြတယ်ပေါ့ ၊ စီနီယာအစ်ကိုအင်မော်တယ်ဓားက နင်တို့တွေ အတင်းအဖျင်းပြောနိုင်တယ့် လူတစ်ယောက်လို့ ထင်လို့လား...”
“ဟုတ်... ဟုတ်ပါတယ်... စီနီယာအစ်မချင်... စီနီယာအစ်မချင်က ကျုပ်တို့က သွန်သင်ဆုံးမနိုင်ပါတယ်”
“အခု ကျုပ်တို့ရဲ့ အမှားကို ကျုပ်တို့သိပါပြီ... ကျုပ်တို့က အခုချက်ချင်းပဲ သွားပြီး တစ်စိုက်မတ်မတ် ကျင့်ကြံပါတော့မယ်”
မည်သူကမှ ခေါင်းမဖော်ရဲပဲ သူတို့၏အမှားကို ချက်ချင်းဝန်ခံကာ ဦးညွတ်၍ ထွက်ခွာသွားကြလေသည်။
သူတို့သည် လုံခြုံစိတ်ချရသော ခပ်ဝေးဝေးသို့ ရောက်သည့်အခါ တစ်ဖန်ထပ်၍ အတင်းအဖျင်းပြောလိုက်ကြပြန်လေသည်။
“စီနီယာအစ်မချင်နဲ့... စီနီယာအစ်ကိုအင်မော်တယ်ဓားအကြား ပက်သက်ဆက်နွယ်မှုက ဘယ်လိုပါလိမ့် ၊ သူမက ဘာလို့ သူ့ကိုအရမ်းကာကွယ်ပေးချင်နေရတာလဲ...”
“သူတို့နှစ်ယောက်က ဂိုဏ်းထဲကို တစ်ပြိုင်နက်တည်း ဝင်ရောက်ခဲ့ကြပြီး အတူတကွကျင့်ကြံခဲ့ကြတယ်လို့ ငါးကြားတယ်... သူတို့ကို ငယ်ကျွမ်းဆွေတွေလို့ သတ်မှတ်လို့ရတယ် နောက်ပြီး စီနီယာအစ်ကိုအင်မော်တယ်ဓားက အရမ်းကိုထူးချွန်လွန်းတယ် ၊ စီနီယာအစ်မချင်ကိုမပြောနဲ့ ငါတို့ဂိုဏ်းမှာရှိတဲ့ တခြားမိန်းကလေးတွေနဲ့ တခြားဂိုဏ်းက နတ်မိမယ်လေးတွေကပါ သူ့အပေါ်တိမ်းညွတ်နေကြတယ်”
“အဲ့ဒါအမှန်ပဲ... စီနီယာအစ်ကိုအင်မော်တယ်ဓား ဒီတစ်ခေါက် တံခါးပိတ်ဝင်ရောက်သွားတုန်းက နတ်မိမယ်နှင်းပွင့်ပါ သူနဲ့အတူလိုက်ပါဝင်ရောက်သွားတယ်လို့ ငါကြားတယ်”
အခြားတစ်ဖက်မှာတော့ စီနီယာအစ်မချင်သည် တာအိုစံအိမ်ရှေ့သို့ ရောက်ရှိလာခဲ့လေသည်။ သူမ၏ အမူအရာက တွေဝေနေပြီး တံခါးကို ခေါက်ချင်သော်လည်း သူမက ထိုသို့လုပ်သင့်ရဲ့လား မသိပေ။
ခဏနေပြီးနောက် သူမက စိတ်ပိုင်းဖြတ်လိုက်လိုက်ကာ တံခါးကိုညင်သာစွာခေါက်၍ နူးညံ့သောအသံဖြင့် မေးလိုက်လေသည်။
“စီနီယာအစ်ကိုချန်... ရှင်အဆင်ပြေရဲ့လား”
တာအိုအရှင်အင်မော်တယ်ဓား၏ မျိုးရိုးအမည်က ချန် ဖြစ်လေသည်။ သို့သော်လည်း သူက ဓားဂိုဏ်း၏ မည်ကာမတ္တတပည့်ဖြစ်လာခဲ့သည်မှာ နှစ်တစ်ထောင်ကျော် ကြာခဲ့လေပြီ။ ဂိုဏ်းသို့ အစောပိုင်းဝင်ရောက်ခဲ့သော သူများကလွဲလျှင် မည်သူကမှ ထိုနာမည်ကို မသိကြပေ။
တာအိုစံအိမ်အတွင်းက တိတ်ဆိတ်ငြိမ်သက်နေလေသည်။
စီနီယာအစ်မချင်က ခဏကြာစောင့်ဆိုင်းပြီးနောက် သူမ၏ မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက်သည့်ပုံက ထင်ဟပ်လာလေသည်။ သူမက ထွက်ခွာတော့မည့် ဆဲဆဲမှာပင် အိမ်ထဲကနေ အသံတစ်သံက ထွက်ပေါ်လာခဲ့၏။
“ဖျန့်ရန်လား... ငါက မင်းကို စိတ်ပူစေမိပြီ ငါ အဆင်ပြေပါတယ်”
တာအိုအရှင်အင်မော်တယ်ဓား၏ အသံက သူ၏ တည်ငြိမ်မှုကို ပြန်လည်ရရှိသွားသည့်အလား ထွက်ပေါ်လာခဲ့လေသည်။
သို့သော်လည်း ချင်ဖျန့်ရန်သည် သူ၏လေသံတွင် အေးစက်မှုတစ်စွန်းတစ်စကို တွေ့မြင်လိုက်ရလေသည်။
သူမက အတန်ကြာတုံ့ဆိုင်းနေပြီးနောက် မေးမြန်းလိုက်လေသည်။
“စီနီယာအစ်ကိုချန် ရှင့်ရဲ့စံအိမ်ထဲမှာ နတ်မိမယ်နှင်းပွင့်ရှိတယ်လို့ ကျွန်မကြားတယ်... အဲ့ဒါက တစ်ကယ်ပဲ...”
“ဖျန့်ရန် အဲ့ဒါက ဘာမှမဟုတ်ဘူး နင်အရင်ပြန်နှင့်ပါတော့”
တာအိုအရှင်အင်မော်တယ်ဓား၏အသံက ချင်ဖျန့်ရန်၏ စကားကိုဖြတ်၍ ထွက်ပေါ်လာလေသည်။ သူ့အသံက ယခုအခါ သိသာစွာ အေးစက်နေခဲ့လေသည်။
ချင်ဖျန့်ရန်က သူမ၏ ချယ်ရီနှုတ်ခမ်းကို ညင်သာစွာကိုက်ပြီး သူမ၏ မျက်လုံးများက နီရဲလာလေသည်။ သူမက ဖနှောင့်တစ်ချက်စောင့်ကာ လှည့်ထွက်သွားခဲ့လေသည်။
တာအိုစံအိမ်အတွင်းတွင် အလင်းရောင်က မှိန်ဖျော့နေပြီး ပုံရိပ်သုံးခုက ခပ်ဖျော့ဖျော့ ဖြာလက်နေလေသည်။ တာအိုအရှင်တိမ်လွှာမိုးစက်က သူ၏နှုတ်ခမ်းကို ကွေးညွတ်ပြီး တာအိုအရှင်အင်မော်တယ်ဓားနှင့် နတ်မိမယ်နှင်းပွင့်ကို ဝေ့ကြည့်လိုက်လေသည်။ သူက ကျီစယ်လိုမှုတစ်စွန်းတစ်စနှင့်အတူ ပြောလိုက်လေသည်။
“ညီကိုအင်မော်တယ်ဓား... ခင်ဗျားက တော်တော်လေး စန်းပွင့်တာပဲ”
တာအိုအရှင်အင်မော်တယ်ဓားက တည်ငြိမ်နေသော အမူ အရာတစ်ခုရှိနေပြီး သူက ဂရုမထားဟန်ဖြင့် ပြန်ပြောလိုက်လေသည်။
“ဖျန့်ရန်က ကျုပ်ရဲ့ ဂျူနီယာညီမလေးပဲ ကျုပ်တို့ကြားမှာ ဘာမှမရှိဘူး ၊ နှင်းပွင့် မင်းက အဲ့ဒါကို စိတ်ထဲမှာ ထည့်ထားစရာမလိုဘူး”
နတ်မိမယ်နှင်းပွင့်က တိတ်ဆိတ်ငြိမ်သက်နေလေသည်။
ခဏကြာပြီးနောက် သူမက စကားလမ်းကြောင်းပြောင်းကာ မေးလိုက်လေသည်။
“ရှင်တို့တွေက အဲ့ဒီရတနာကို လုယူသွားတဲ့သူရဲ့ သရုပ်မှန်ကို ရှာဖွေဖော်ထုတ်နိုင်ကြပြီလား...”
“ငါမသိဘူး”
တာအိုအရှင်တိမ်လွှာမိုးစက်က သူ့နှုတ်ခမ်းကို စုဝိုင်းလိုက်လေသည်။
“အဲ့ဒီလူက အမှတ်သင်္ကေတတစ်ခုကို ဖော်ပြနိုင်တဲ့ ဘယ်နည်းလမ်း ဘယ်ဓမ္မပညာရပ်ကိုမှ မသုံးခဲ့ဘူး... အဲ့ဒါကြောင့် ငါက သူ့နောက်ခံကို ဘယ်လိုမှမပြောနိုင်ဘူး”
နတ်မိမယ်နှင်းပွင့်က သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
သူမကသည် ထိုသူ၏နောက်ခံကို ဖော်ထုတ်ဖို့နေနေသာ ထိုသူက သားရဲတစ်ကောင်လား လူသားတစ်ယောက်လားဆိုတာကိုပင် သူမက မပြောတတ်ပေ။
“ဒါပေမယ့်လို့... “
ရုတ်တရက် တာအိုအရှင်တိမ်လွှာမိုးစက်က စကားစ၍ တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား ရပ်တန့်လိုက်လေသည်။
“ညီကို တိမ်လွှာမိုးစက် ခင်ဗျားက တစ်ခုခုကို ထိန်ချန်ထားချင်နေတုန်းလား”
တာအိုအရှင်အင်မော်တယ်ဓားက ညင်သာစွာ မျက်မှောင်ကြုတ်လိုက်၏။
“ဘယ်ဟုတ်ပါ့မလဲ”
တာအိုအရှင်တိမ်လွှာမိုးစက်က ရယ်မောလိုက်လေသည်။
“တစ်ကယ်တော့ အဲ့ဒီအမြုတေလျှို့ဝှက်အတတ်က ငါ့ရဲ့မိတ်ဆွေဟောင်းတစ်ယောက်ကို သတိရသွားစေတယ်... ဒါပေမယ့်လို့ အဲ့ဒီမိတ်ဆွေဟောင်းက လွန်ခဲ့တဲ့ နှစ်ငါးထောင်က ကျဆုံးသွားခဲ့တဲ့ တာအိုအရှင်တစ်ယောက်ပဲ”
“အဲ့ဒါက ဘယ်သူလဲ...”
တာအိုအရှင်အင်မော်တယ်ဓားက ထပ်၍မေးလိုက်လေသည်။
တာအိုအရှင်တိမ်လွှာမိုးစက်က ဂရုမထားဟန်ဖြင့် ပြောလိုက်လေသည်။
“သူ့ရဲ့တာအိုဘွဲ့က အဆုံးစွန်မီး”
“တာအိုအရှင်အဆုံးစွန်မီး... အဲ့ဒီနာမည်က ရင်းနှီးနေသလိုပဲ ငါက အဲ့ဒါကို ဘယ်နေရာမှာ ကြားဖူးတာပါလိမ့်”
နတ်မိမယ်နှင်းပွင့်က အတွေးနက်စွာဖြင့် မျက်မှောင် ကြုတ်လိုက်လေသည်။
တာအိုအရှင်တိမ်လွှာမိုးစက်က ဖြည်းဖြည်းချင်းပြောလိုက်လေသည်။
“လွန်ခဲ့တဲ့နှစ်ငါးထောင်က ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်မှာ ငါက နံပါတ် ၂ ၊ နံပါတ် ၁ ကတော့ တာအိုအရှင်အဆုံးစွန်မီးပဲ”
“သူကိုး...”
တာအိုအရှင်အင်မော်တယ်ဓားနှင့် နတ်မိမယ်နှင်းပွင့်တို့က ရင်တစ်ချက်ထိတ်သွားကြလေသည်။
တာအိုအရှင်အဆုံးစွန်မီးသည် ထိုစဥ်က ကျင့်ကြံရေးလောကမှာ ကျော်ကြားခဲ့လေသည်။ အသွန်းတစ်ရာဂိုဏ်းမှာ ထိပ်တန်းမဟာ နတ်ပန်းပဲဆရာတစ်ယောက် ဖြစ်ခဲ့ရုံသာမက သူ၏ တိုက်ခိုက်ရေးခွန်အားကလည်း ပြိုင်ဘက်ကင်းခဲ့ပြီး ဓမ္မဝိသေသအဆင့်သတ်မှတ်ချက်မှာ နံပါတ်တစ်နေရာကို ရယူခဲ့လေသည်။ နှစ်တစ်သောင်းအတွင်း နံပါတ် ၁ မီးထိန်းချုပ်သူအဖြစ် ချီးမြှောက်ခံရပြီး သူ၏ ဂုဏ်သတင်းက လောကတစ်ခုလုံးကို ကိုင်လှုပ်နိုင်ခဲ့လေသည်။
နတ်မိမယ်နှင်းပွင့်က ခေါင်းခါလိုက်၏။
“အဲ့ဒါက သူမဖြစ်နိုင်ဘူး... သူက နှစ်ငါးထောင်ကြာအောင်ပျောက်နေခဲ့တာဆိုတော့ သူက ကျဆုံးသွားခဲ့တာ ကြာနေလောက်ပြီ”
“နောက်ပြီးတော့ အဲ့ဒါက သူသာဆိုရင် သူ့ရဲ့ခွန်အားနဲ့ဆို ငါတို့ရဲ့ကိုယ်ပွားတွေကို ကိုင်တွယ်ဖို့အတွက် ဘာလို့အဲ့လောက်ကြာကြာ အချိန်ယူရပါ့မလဲ”
တာအိုအရှင်တိမ်လွှာမိုးစက်က ပုခုံးတွန့်လိုက်၏။
“သူမဟုတ်ဘူးဆိုတာတော့ ငါလည်းသိပါတယ် ငါက ဒီတိုင်းပြောလိုက်ရုံပဲ”
တာအိုအရှင်အင်မော်တယ်ဓားက သတ်ဖြတ်လိုသော အမူအရာဖြင့် မတ်တက်ထရပ်ပြီး အေးစက်ခက်ထန်သောအကြည့်နှင့်အတူ ပြောလိုက်လေသည်။
“သူဘယ်သူလဲ ငါဂရုမစိုက်ဘူး.. သူဘယ်သူလဲဆိုတာ ငါရှာဖွေဖော်ထုတ်နိုင်တာနဲ့ ငါက သူ့ကို ရေဆုံးမြေဆုံးအမဲလိုက်ပြီး သတ်ပစ်မယ်”
“သားရဲတစ်ထောင်တောင်ကြားမှာ သူလုပ်ခဲ့တဲ့အရာအတွက် အကြီးအကျယ်နောင်တရသွားစေရမယ်”
တာအိုအရှင်တိမ်လွှာမိုးစက်က သူ့မျက်လုံးကို မှေးကျဥ်းပြီးမေးမြန်းလိုက်လေသည်။
“အင်မော်တယ်ဓား ဒီအချိန်ထိ ရောက်လာတာတောင် အဲ့ဒီအလင်းလုံးထဲမှာ ဘာရှိတယ်ဆိုတာကိုတောင် ငါတို့ကို မပြောပြတော့ဘူးလား”
“အဲ့ဒါက ကျုပ်တို့ဓားဂိုဏ်းနဲ့ပက်သက်ဆက်နွယ်တဲ့ လျှို့ဝှက်ချက်တစ်ခုပဲ... တောင်းပန်ပါတယ်”
တာအိုအရှင်အင်မော်တယ်ဓားက သာမန်ကာလျှံကာ အကြောင်းပြချက်တစ်ခုဖြင့် ထိုမေးခွန်းကို ပယ်ချလိုက်လေသည်။