ညီအစ်ကိုများ
Vol. 60 Ch. 889
တစ်လကြာပြီးနောက် သားရဲတစ်ထောင်တွေ့ဆုံပွဲ၏ မုန်တိုင်းက တဖြည်းဖြည်းဆဲသွားခဲ့လေသည်။
ဤအချိန်အတောအတွင်း မိစ္ဆာသားရဲအများစု အသည်းအသန် ဆွေးနွေးနေကြသည်မှာ သွေးပင်လယ်ကျင့်ကြံရေးခရီးစဥ်မဟုတ်ပေ။ အဲ့ဒါက နေ့ဘက်မှာ ထွက်ပေါ်လာသော ကြယ်များ၏ နောက်ဆက်တွဲဖြစ်သော ကမ္ဘာတုန်လောက်ဖွယ်ရာ တိုက်ပွဲအကြောင်းဖြစ်လေသည်။
ထိုတိုက်ပွဲကို မြင်တွေ့ခွင့်ရလောက်အောင် ကံကောင်းခဲ့ကြသော မိစ္ဆာသားရဲများသည် အလွန်တရာ စိတ်လှုပ်ရှားတက်ကြွနေပြီး ဂုဏ်ယူဝံ့ကြွားသော အမူအရာများနှင့်အတူ သူတို့၏ သက်ဆိုင်ရာအဖွဲ့အစည်းများသို့ ပြန်ရောက်လာကြလေသည်။
ဘာဘဲပြောပြောအဲ့ဒါက ထိပ်တန်းအဆင့် ဓမ္မဝိသေသ သားရဲများနှင့် လူသားကျင့်ကြံသူများအကြား တိုက်ပွဲတစ်ပွဲဖြစ်ခဲ့လေသည်။
အဆုံးသတ်မှာတော့ မဟာသားရဲများပင်လျှင် ပေါ်ထွက်လာရလေသည်။
အဲ့ဒါက လူတိုင်းမြင်တွေ့ခွင့်ရနိုင်သော အခွင့်အရေးတစ်ခုမဟုတ်ပေ။
သားရဲတစ်ထောင်တောင်ကြားရှိ မိစ္ဆာသားရဲများအတွက်တော့ သူတို့သည် သူတို့ ဘဝတစ်လျှောက်မှာ အရှင်သခင်တစ်ပါးကို တစ်ကြိမ်မြင်တွေ့ခွင့်ရချင်မှာတောင် ရကောင်းပေလိမ့်မည်။
အရှင်သခင်တစ်ပါး၏ ပြုမူလှုပ်ရှားမှုကို မြင်တွေ့ခွင့်ရဖို့က ပိုလို့တောင်မဖြစ်နိုင်သေးပေ။
ထိုသားရဲများအတွက်တော့ အဲ့ဒါက အစားထိုး၍မရနိုင်သော အတွေ့အကြုံတစ်ခုဖြစ်လေသည်။
မိစ္ဆာသားရဲအချို့သည် ဤအတွေ့အကြုံကနေ နားလည်ဆင်ခြင်မှုကို အသုံးချပြီး သူတို့၏ ကျင့်ကြံမှုမှာ နောက်ထပ် အဆင့်တက်လှမ်းနိုင်ခဲ့ကြလေသည်။
လရောင်ငိုကြွေးတောင်တွင်...
သားရဲတစ်ထောင်တွေ့ဆုံပွဲပြီးနောက် သတင်းတစ်ခုက ပျံ့နှံ့ထွက်ပေါ်လာခဲ့လေသည်။
လရောင်ငိုကြွေးတောင်၏ ပိုင်နက်အရှင်သခင် ၅ ယောက်ထဲမှ တစ်ယောက်သည် မျောက်ဝံမြူးထူးတောင်ရိုးအရှင်သခင်နှင့် မျိုနွယ်ချင်းတူပြီး အရှင်သခင်၏ မြင့်မားစွာ သက်မှတ်ခြင်းကို ခံရလေသည်။
ထိုသို့ဖြင့် လရောင်ငိုကြွေးတောင်၏ အဆင့်အတန်းကလည်း တိုးတက်မြင့်မားလာခဲ့လေသည်။
အစကတော့ အနီးနားတစ်ဝိုက်မှာ လရောင်ငိုကြွေးတောင်ကို မကောင်းကြံလိုကြသော သားရဲအချို့ရှိကြလေသည်။ သို့သော်လည်း နောက်ပိုင်းမှာ သူတို့၏ အစီအစဥ်များကို လက်လျှော့လိုက်ကြလေသည်။
မျောက်နှင့်အခြားသူများ ပြန်ရောက်လာခြင်းအတွက် သားရဲများက ကြီးကျယ်ခမ်းနားသော အောင်ပွဲခံအခမ်းအနားတစ်ခုကို ကျင်းပကြပြီး လူတိုင်းက ပျော်ရွှင်နေကြလေသည်။
ညအချိန်တွင်...
စိတ်ဝိညာဥ်ကျားသည် မျောက်၏ပုခုံးကို ဖက်ထားပြီး မူးယစ်နေကာ အဓိပ္ပါယ်မရှိ ရောက်တတ်ရာရာများကို ပြောနေလေသည်။
သူက နောင်အနာဂတ်တွင် ဤတောင်ရိုးမှာ ချင်ချင်နှင့်အတူ နေထိုင်ပြီး ကလေးများစွာမွေးထုတ်မည့်အကြောင်း ပြောဆိုနေလေသည်။ ချင်ချင်က စိတ်ဝိညာဥ်ကျားကို မျက်စောင်းထိုးလိုက်လေသည်။ သို့သော်လည်း သူက မူးယစ်နေသည်ကို မြင်သောအခါ သူမက ဒေါသထွက်မနေတော့ပေ။
မျောက်နှင့်တစ်ကိုယ်တော်တိမ်စိုင်သည် ကြီးမားသည့် ပန်းကန်လုံးများဖြင့် အားရပါးရ သောက်စားနေကြလေသည်။ သူတို့နှစ်ယောက်စလုံးက အရိုင်းဆန်ပြီး ဘာကိုမှ ချုပ်တည်းမထားကြပေ။
မြေခွေးလေးက လက်နှစ်ဖက်ဖြင့် ဝိုင်ခွက်တစ်ခွက်ကို ဆုပ်ကိုင်ထားပြီး သူမ၏မျက်လုံးထဲတွင် ဝမ်းနည်းပူဆွေးမှုတစ်စွန်းတစ်စနှင့်အတူ ရံဖန်ရံခါမှသာ နည်းနည်းချင်း စုပ်ယူသောက်လေသည်။
“နင်က အစ်ကိုကြီးကို စိုးရိမ်နေတုန်းပဲလား...”
ချင်ချင်က မြေခွေးလေး စိတ်မပါလက်မပါဖြစ်နေသည်ကို သတိထားမိသွားလေသည်။ သူမက မြေခွေးလေးကို နှစ်သိမ့်လိုက်လေသည်။
“ဘာမှမပူနဲ့... အစ်ကိုကြီးရဲ့ အိတ်ကပ်ထဲမှာ ဝှက်ဖဲတွေအများကြီးရှိတယ် ၊ သူက ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးပြီ မဟုတ်ဘူးလား... သူက သေချာပေါက် အဆင်ပြေမှာပါ”
“အင်း...”
မြေခွေးလေးက ခေါင်းညိတ်လိုက်သော်လည်း တစ်ဖန်ထပ်၍ သက်ပြင်းချလိုက်လေသည်။
“ဒါပေမယ့်လို့ သူတို့က မဟာသားရဲတွေပဲ... သခင်လေးက မဟာသားရဲတွေရဲ့ ထောက်လှမ်းမှုကနေ လွတ်မြောက်နိုင်ပါ့မလား”
ရုတ်တရက် သူတို့ ၅ ယောက်၏ စိတ်အာရုံထဲတွင် အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
“မင်းတို့တွေအကုန်လုံး ငါ့ရဲ့ လှိုဏ်ဂူခန်းဝထဲကို လာခဲ့ကြ.. ဘာမှ ဟန်မပျက်စေနဲ့”
မြေခွေးလေးက ဘေးဖက်သို့ ချာကနဲလှည့်ကြည့်ပြီး သူမ၏ ဝမ်းနည်းပူဆွေးမှုများက ပျော်ရွှင်မှုအဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့လေသည်။ သူမက ပြုံးလိုက်လေသည်။
“အဲ့ဒါ အစ်ကိုကြိးပဲ”
စိတ်ဝိညာဥ်ကျားက ဆတ်ကနဲတုန်ယင်သွားပြီး အမူးပြေသွားခဲ့လေသည်။ သူ့မျက်လုံးထဲရှိ ထိုင်းမှိုင်းမှုများကလည်း ပျောက်ကွယ်သွားခဲ့လေပြီ။
မျောက်နှင့်အခြားသူများသည် မတ်တက်ထရပ်လိုက်ပြီး တွေဝေခြင်းမရှိပဲ တောင်ထိပ်တွင်ရှိသော ဆူဇီမို၏ လှိုဏ်ဂူခန်းဝဆီသို့ ချီတက်သွားကြလေသည်။
သူတို့တံခါးမခေါက်ခင်မှာပင် လှိုဏ်ဂူခန်းဝ၏ တံခါးက ပွင့်ဟသွားခဲ့လေသည်။
မည်သူကမှ အံ့အားသင့်ခြင်းမရှိပဲ ရှေ့သို့ လှမ်းဝင်လိုက်ကြ၏။
လှိုဏ်ဂူခန်းဝက အလင်းရောင်မှိန်ဖျော့နေသော်လည်း သူတို့ ၅ ယောက်က ရှင်းလင်းစွာမြင်နေရလေသည်။
သူတို့၏ရှေ့တွင် ပုခုံးထောက်သွေးနီရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ်ဆုံကို ဝတ်ဆင်ထားသော လူတစ်ယောက်ရှိလေသည်။ သူကတော့ လူတိုင်းကို ပြုံးစစဖြင့် ကြည့်နေသော ဆူဇီမိုပင်ဖြစ်လေသည်။
မသိလိုက်မသိဘာသာနှင့်ပင် ဆူဇီမိုသည် မည်သူမှ မသိရစေပဲ ဤနေရာသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့ပြီးဖြစ်လေသည်။
“သခင်လေး...”
မြေခွေးလေးက ညင်သာစွာ အော်ခေါ်၍ ဆူဇီမို၏ရင်ခွင်ထဲသို့ ပြေးဝင်လိုက်လေသည်။
“ငါအဆင်ပြေပါတယ်... လူတိုင်းကို စိတ်ပူစေမိတဲ့အတွက် တောင်းပန်ပါတယ်”
ဆူဇီမိုက ပြုံး၍ မြေခွေးလေး၏ ပုခုံးကို ပုတ်ပေးလိုက်လေသည်။
မျောက်နှင့်အခြားသူများက ထိုသည်ကို မြင်သောအခါ အကြည့်ချင်းဖလှယ်၍ ဟားတိုက်ရယ်မောလိုက်ကြ၏။
ချင်ချင်က ကျီစယ်လိုက်လေသည်။
“ငါတို့က စိုးရိမ်ပူပန်မနေပါဘူး... ဒါပေမယ့် မြေခွေးလေးကတော့ ဟိုဟိုဒီဒီလျှောက်တွေးပြီးတော့ နေ့စဥ်နဲ့အမျှ မအိပ်နိုင်မစားနိုင်နဲ့…”
ထိုစကားများကို ကြားရသောအခါ မြေခွေးလေး၏ ပါးနှစ်ဖက်က နီမြန်းသွားခဲ့လေသည်။
သူမက တဟင့်ဟင့်ရှိုက်၍ သူမ၏ အစစ်အမှန်ပုံစံသို့ပြောင်းလဲကာ ဆူဇီမို၏ ရင်ခွင်ထဲသို့ တိုးဝင်သွားလေသည်။
သူမသည် သူ၏ဝတ်ရုံစကို သူမ၏လက်ဖဝါးလေးနှစ်ဖက်ဖြင့် ဆွဲယူပြီး သူမ၏ မျက်လုံးနှစ်ဖက်ကိုသာ ထုတ်ဖော်ကာ လူတိုင်းကို မျက်တောင်ခတ်၍ ကြည့်နေလေသည်။
ထိုသည်ကိုမြင်သောအခါ လူတိုင်းက ပို၍ကျယ်လောင်စွာ ရယ်မောလိုက်ကြလေသည်။
သူတို့၏ ရယ်သံနှင့်အပြုံးများသည် သူတို့၏ နှလုံးသားထဲကနေလာခြင်းဖြစ်ပြီး စစ်မှန်၍ အပြစ်ကင်းစင်နေလေသည်။ သူတို့က မြေခွေးလေးကို ကျီစယ်ရသည့်အပြင် ဆူဇီမို ဘေးကင်းလုံခြုံသည်ကို မြင်ရသည့်အတွက်လည်း ကျေနပ်နှစ်ခြိုက်သွားကြလေသည်။
အစကတော့ ဆူဇီမိုသည် လူတိုင်းကို တစ်ခုခုပြောချင်မိလေသည်။ သို့သော်လည်း သူတို့၏ အပြုံးများကို မြင်သောအခါ သူက ထိုစကားများကို ပြောမထွက်တော့ပေ။
“ပြီးခဲ့တဲ့တစ်လအတွင်း မင်းတို့တွေ ဘယ်လိုနေကြလဲ”
ခဏနေပြီးနောက် ဆူဇီမိုက မေးလိုက်လေသည်။
“အဲ့ဒီမှာ ငါ့ကိုလာရှာတဲ့ တစ်ယောက်ယောက်ရှိသေးလား”
“မရှိဘူး...”
စိတ်ဝိညာဥ်ကျားက ဒီအတိုင်းလက်ကာပြပြီး ဂရုမထားဟန်ဖြင့် ပြောလိုက်လေသည်။
“သားရဲတစ်ထောင်တောင်တွေ့ဆုံပွဲမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေက များလွန်းလို့ အစ်ကိုကြီးကို ဘယ်သူကမှ အရေးလုပ်မနေတော့ဘူး”
“အစ်ကိုကြီး ခင်ဗျားနောက်ကို လိုက်သွားခဲ့တဲ့ ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်က အသတ်ခံလိုက်ရတာ ခင်ဗျားသိလား”
စိတ်ဝိညာဥ်ကျားက အူးမြူးအားရသော အမူအရာတစ်ခုနှင့်အတူ လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်လေသည်။
တစ်ကိုယ်တော်တိမ်စိုင်ကလည်း ခေါင်းညိတ်လိုက်လေသည်။
“ဈာန်ပျံဆိတ်တောင်ထွတ်မှာဆိုရင် အရှင်သခင်နေရာအတွက် တိုက်ခိုက်ကြရင်းနဲ့ အခုဆို ဝရုန်းသုန်းကားဖြစ်နေကြပြီ ၊ အဲ့ဒီမှာ ကျင့်ကြံရေးလောကကို ထွက်ခွာပြီး သူတို့ရဲ့ ကျဆုံးသွားတဲ့ အရှင်သခင်အတွက် လက်စားချေမယ်လို့ ဟောင်ဖွာဟောင်ဖွာပြောနေကြတဲ့ မိစ္ဆာသားရဲတွေတောင် ရှိကြတယ်”
“ကျင့်ကြံရေးလောကကိုသွားပြီး လက်စားချေမယ် ဟုတ်လား...”
ဆူဇီမိုက တွေဝေစွာဖြင့် မျက်ခုံးပင့်လိုက်လေသည်။
“အဲ့ဒါ ဟုတ်တယ်”
စိတ်ဝိညာဥ်ကျားက ပြန်ပြောလိုက်လေသည်။
“ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင်ကို ဓမ္မဝိသေသတာအိုအရှင် သုံးယောက်က သတ်ဖြတ်သွားတာလို့ သားရဲတွေက ပြောနေကြတယ်”
“ဟားဟားဟားဟား...”
ဆူဇီမိုက ရယ်မောလိုက်လေသည်။
သူရယ်မိသည်မှာ နားလည်လက်ခံ၍ ရလေသည်။ တာအိုအရှင်သုံးယောက်က တိုက်တိုက်ဆိုင်ဆိုင်နဲ့ ရောက်ရှိလာပြီး သူ့အစားအပြစ်တင်ခံနေရလေသည်။
ဘာဘဲပြောပြော မည်သူမဆို ဦးနှောက်ခေါက်မတတ် စဥ်းစားကြည့်လျင်တောင် အရှင်သခင်တစ်ပါးသည် အဆင့်နိမ့်မိစ္ဆာသားရဲတစ်ယောက်၏ လက်ထဲမှ သေဆုံးခဲ့ရသည်ဟု မည်သူကမှ တွေးထင်ကြလိမ့်မည်မဟုတ်ပေ။
တိုက်တိုက်ဆိုင်ဆိုင်ပင် တာအိုအရှင်သုံးယောက်သည် ရတနာကို လုယူဖို့အတွက် သားရဲတစ်ထောင်တောင်ကြားမှာ ပေါ်ထွက်လာခဲ့ပြီး သူတို့က သားရဲများအားလုံးနှင့်ပင် တိုက်ခိုက်ခဲ့လေသည်။ ထိုသို့ဖြင့် ဈာန်ပျံဆိတ်တောင်ထွတ်အရှင်သခင် သေဆုံးရခြင်း၏ လက်သည်တရားခံက သူတို့သုံးယောက်ဖြစ်သည်ဟု ထင်မိကြသည်မှာ မထူးဆန်းတော့ပေ။
ယခုအချိန်မှာ ဆူဇီမိုက ထွက်ပြီးရှင်းပြမည်ဆိုလျှင်တောင် မည်သူကမှ သူ့ကိုယုံကြည်ကြလိမ့်မည် မဟုတ်ပေ။
သူက အဓိပ္ပါယ်မရှိ ကြွားလုံးထုတ်ဖို့ ကြိုးစားနေသည်ဟုပင် လူတိုင်းက တွေးထင်ကြမည်ဖြစ်လေသည်။
သူတို့ ၆ ယောက်စလုံးသည် အတန်ကြာသည့်အထိ စကားပြောဆိုနေကြပြီး လေထဲတွင် ထူးဆန်းသည့်ခံစားချက်တစ်ချို့က ပျံ့လွင့်လာခဲ့လေသည်။
သူတို့၏ ရယ်သံများကြားမှာ ခွဲခွာမှု၏ ဝမ်းနည်းပူဆွေးမှုအရိပ်အယောင်တစ်ခုက ရှိလာခဲ့လေသည်။
တဖြည်းဖြည်းနှင့် လူတိုင်းက တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။
နောက်ဆုံးမှာတော့ မျောက်သည် တိတ်ဆိတ်မှုကို အရင်ဆုံးဖြိုခွဲ၍ မေးမြန်းလိုက်လေသည်။
“မင်းက... ထွက်သွားတော့မှာလား”
“အင်း”
ဆူဇီမိုက ထိုအချက်ကို ဖုံးကွယ်ထားခြင်းမရှိပဲ ခေါင်း ညိတ်ပြလိုက်၏။
“ကျင့်ကြံရေးလောကမှာ ငါ့ရဲ့ဆွေမျိုးနဲ့ မိတ်ဆွေဟောင်းတွေရှိနေသေးတယ်... ငါက ဒီမှာနေတာ နှစ်တစ်ရာရှိသွားပြီဆိုတော့ သူတို့ကို လွမ်းနေပြီ ၊ ငါသူတို့ဆီကို အလည်သွားချင်တယ်”
“နောက်ပြီး အဲ့ဒီမှာ ငါ မဖြစ်မနေလုပ်ရမယ့် တစ်စုံတစ်ရာလည်း ရှိနေသေးတယ်”
ဆူဇီမိုရည်ညွှန်းသည့်အရာမှာ တာအိုအရှင်အဆုံးစွန်မီးကို အသွန်းတစ်ရာဂိုဏ်းသို့ ဘေးကင်းလုံခြုံစွာ ပြန်ပို့ပေးနိုင်ဖို့ ဖြစ်လေသည်။
တာအိုအရှင်အဆုံးစွန်မီးက သူ၏အသက်ကို နှစ်ကြိမ်ကယ်တင်ခဲ့ပြီး များပြားသည့် အသိပညာများကိုလည်း သူ့အားသင်ကြားပေးခဲ့လေသည်။
ဆူဇီမိုအတွက်တော့ တာအိုအရှင်အဆုံးစွန်မီးက ဆရာတစ်ယောက်ဖြစ်သလို မိတ်ဆွေတစ်ယောက်လည်းဖြစ်လေသည်။ အဲ့ဒါက သူမဖြစ်မနေ ပြုလုပ်ရမည့် တစ်စုံတစ်ရာဖြစ်လေသည်။
မျောက်နှင့်အခြားသူများက ကန့်ကွက်ခြင်းမရှိကြပေ။ ဆူဇီမိုက တစ်စုံတစ်ရာကို ဆုံးဖြတ်ချက်ချပြီးလျှင် ပြန်ပြင်လိမ့်မည်မဟုတ်ကြောင်း သူတို့က သိထားလေသည်။
စိတ်ဝိညာဥ်ကျားက သူ့ရင်ဘတ်ကို ပုတ်လိုက်၏။
“အစ်ကိုကြီး... ငါတို့က ညီကိုတွေပဲ.. ငါတို့က အတူရှိနေရမယ် ၊ မင်းဘယ်သွားသွား ငါတို့က လိုက်မှာပဲ... အလွန်ဆုံး ငါတို့က မင်းမွေးထားတဲ့ စိတ်ဝိညာဥ်တောကောင်တွေလို့ လူတိုင်းကို ပြောလိုက်ရုံပဲ”
မျောက်ကလည်း ခေါင်းညိတ်လိုက်လေသည်။
“ငါတို့တွေ အတူရှိနေမှပဲ ဘဝကပျော်စရာကောင်းလိမ့်မယ်... မဟုတ်ရင် ဒီတောင်တန်းကို အုပ်စိုးရမယ်ဆိုရင်တောင် အဲ့ဒါက အဓိပ္ပါယ်မဲ့တယ်”
ချင်ချင်နှင့်မြေခွေးလေးကလည်း သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်ကြလေသည်။
ဆူဇီမိုသည် လူတိုင်းကိုကြည့်ပြီး ရင်ထဲမှာတစ်ဆို့လာခဲလေသည်။ သူ၏မျက်လုံးများကလည်း နီရဲလာခဲ့၏။
မိစ္ဆာသားရဲများသည် ကျင့်ကြံရေးလောကမှာ သွားလာမည်ဆိုလျှင် အလွန်တရာ အန္တရာယ်ကြီးမားလေသည်။
စိတ်ဝိညာဥ်ကျားကလည်း ထိုအချက်ကိုသိထားလေသည်။ သို့သော်လည်း သူက တွေဝေခြင်းမရှိပဲ သူ၏ဂုဏ်အဆင့်အတန်းကို နှိမ့်ချကာ လူတစ်ယောက်မွေးမြူထားသည့် စိတ်ဝိညာဥ်တောကောင်အဖြစ်ပင်ခံယူလိုစိတ်ရှိလေသည်။
မျောက်၏အိမ်မက်သည် တောင်တန်းတစ်ခု၏ ဘုရင်လုပ်ကာ ထိုနေရာကို အပြည့်အဝ အုပ်စိုးနိုင်ဖို့ ဖြစ်လေသည်။
ယခုအချိန်တွင် သူက အဲ့ဒါကို ရရှိထားပြီးလေပြီ။
သို့သော်လည်း သူတို့၏ ညီကိုစိတ်ဓာတ်အတွက်နှင့် သူက အဲ့ဒါကို လက်လွှတ်ဖို့ ဆန္ဒရှိလေသည်။ ဆူဇီမို၏ စိတ်ထဲတွင် အတွေးများစွာရှိနေသော်လည်း သူက သူတို့ကို ခေါ်မသွားရက်ပေ။
မင်းဝမ်ဆုတောင်းပုတီးအတွင်း သက်ပြင်းချသံတစ်သံက ထွက်ပေါ်လာခဲ့၏။
တာအိုအရှင်အဆုံးစွန်မီးပင်လျှင် သူတို့နှင့် မျိုးနွယ်ခြင်းမတူသော်လည်း သူက အဲ့ဒါကို အသိအမှတ်ပြုလိုက်ရလေသည်။ ဤသားရဲများ၏ စိတ်ရင်းက စစ်မှန်မှုရှိလေသည်။ သူတို့က တစ်ယောက်အတွက်တစ်ယောက် အသက်ပေး၍ တိုက်ခိုက်ကြမည့်သူများဖြစ်လေသည်။