ကြာရှည်ခဲ့ပြီဖြစ်သော အိမ်လွမ်းနာ
Vol. 60 Ch. 892
တာအိုအရှင်အဆုံးစွန်မီးသည် ဆူဇီမိုပြောသည့်အရာကို ပို၍ တွေးတောကြည့်လေလေ.. သူက ပို၍ စိတ်လှုပ်ရှားရလေလေ ဖြစ်ရလေသည်။
သမာဓိက အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများကို ရည်ညွှန်းနိုင်သည်တဲ့လား..
အဲ့ဒါက မတူညီသောအဆင့်နှင့် မတူညီသော ရှုထောင့်တစ်ခု.... အဲ့ဒါက ရဲဝံ့စွန့်စားမှုတစ်ရပ်လည်း ဖြစ်လေသည်။
တစ်ကယ်တော့ ဆူဇီမိုသည် နိုးထဝိညာဉ်အဆင့်မှာပင် ထိုကဲ့သို့ ကောက်ချက်ချနိုင်ပြီး ထိုအဆင့်သဘောတရားကို ဆင်ခြင်သုံးသပ်နိုင်သည်မှာ နားလည်လက်ခံနိုင်စရာတော့ ရှိလေသည်။
အတိတ်ကာလတုန်းက တာအိုအရှင်အဆုံးစွန်မီးအပါအဝင် မည်သူကမှ သမာဓိ၏ ရှင်းလင်းချက်အပေါ် သံသယတစ်စုံတစ်ရာ သို့မဟုတ် ပြောင်းလဲမှုတစ်စုံတစ်ရာ ရှိကြလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် တာအိုတစ်ခုတည်းအပေါ်တွင်သာ အာရုံစိုက်၍ ကျင့်ကြံကြသောကြောင့် ဖြစ်လေသည်။
သို့သော်လည်း ဆူဇီမို၏ အခြေအနေက တစ်မူထူးခြားလေသည်။ သူက နိုးထဝိညာဉ်အဆင့်သို့ မရောက်ခင်မှာပင် အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာတာအိုများကို ကျင့်ကြံခဲ့ပြီး ဖြစ်လေသည်။
သူက နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းလာပြီးနောက် သူ၏ စိတ်ဝိညာဉ်သန့်စင်ခြင်းကို အင်မော်တယ်နှင့် ဗုဒ္ဓတာအိုများ၏ ကောင်းကင်အဆင့်ကျင့်ကြံမှုနည်းစနစ်နှစ်ခုဖြင့် ထောက်ပံ့ပေးနိုင်ခဲ့လေသည်။
ဒါ့အပြင် သူက သားရဲတာအိုကိုလည်း တစ်ချိန်လုံး ကျင့်ကြံနေခဲ့လေသည်။
ထို့ကြောင့်ပင် သူက ဤအဆင့်ရှုထောင့်ကနေ ရှုမြင်နိုင်ခြင်း ဖြစ်လေသည်။
အဲ့ဒါသည် အတိတ်ကာလတုန်းက မည်သူကမှ စဉ်းပင်မစဉ်းစားရဲသော တစ်စုံတစ်ရာ ဖြစ်လေသည်။
ပို၍ အရေးကြီးသည်မှာ ပြီးခဲ့သည့်နှစ်တစ်ရာအတွင်း ဆူဇီမိုသည် တာအိုတစ်ခုကို တည်ထောင်ချင်သည့်အတွက် ကြီးမားသော အားထုတ်မှုနှင့်အတူ ရှေးဟောင်းကျမ်းစာအုပ်များစွာနှင့် ကျင့်ကြံခြင်းနည်းစနစ်များကို သုတေသန ပြုနေခဲ့လေသည်။ ထိုသို့ဖြင့် သူ၏ နားလည်ဆင်ခြင်နိုင်မှုအတိုင်းအတာက နိုးထဝိညာဉ်အဆင့်ထက် ကျော်လွန်နေခဲ့လေပြီ။
ထို့ကြောင့်ပင် သူက ကမ္ဘာတုန်လောက်ဖွယ်ရာ တစ်စုံတစ်ရာကို ပြောဆိုနိုင်ခဲ့ခြင်း ဖြစ်လေသည်။
ထိုကဲ့သို့သော တစ်စုံတစ်ရာကို ပြောဆိုနိုင်သည့် တစ်ဦးတည်းသောသူလည်း ဖြစ်လေသည်။
တာအိုအရှင်အဆုံးစွန်မီးက မနေနိုင်ဘဲ ပြောလိုက်လေသည်။
“မင်းရဲ့နည်းလမ်းကသာ အလုပ်ဖြစ်မယ်ဆို.. သမာဓိတာအိုမီးက အဆုံးသတ် မဟုတ်လောက်ဘူး”
“မင်းက သားရဲတာအိုကို ကျင့်ကြံပြီးတော့ နတ်ဖီးနစ်အရိုးကိုလည်း ပိုင်ဆိုင်ထားတယ်မလား.. မင်းက သားရဲတာအိုမီးကို စုဖွဲ့လာနိုင်ပြီး အဲ့ဒါကိုပါ ပေါင်းထည့်နိုင်မယ်ဆို.. အဲ့ဒါက မကြုံစဖူး အံ့မခန်း စတုရတီတာအိုမီး ဖြစ်လာလိမ့်မယ်”
တာအိုအရှင်အဆုံးစွန်မီးက အလွန်တရာ စိတ်အားထက်သန်လာပြီး သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့သည့်ပုံပင်။
ဆူဇီမိုက အတွေးနက်နေပုံရပြီး သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်၏။
“စတုရတီတာအိုမီး.. .. အဲ့ဒါကလဲ အဆုံးသတ် မဟုတ်လောက်သေးဘူး”
တာအိုအရှင်အဆုံးစွန်မီးသည် ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ သူက တုန်လှုပ်ရလွန်း၍ စကားတောင် မပြောနိုင်တော့ပေ။
စတုရတီကလဲ အဆုံးသတ် မဟုတ်သေးဘူးလား..
ဒီကောင်လေးရဲ့ စိတ်ထဲမှာ ကမ္ဘာတုန်လောက်စရာ အတွေးတွေ ဘယ်လောက်တောင် ရှိနေတာပါလိမ့်..
သူက ဆူဇီမို၏ စိတ်ကို မဖတ်နိုင်တော့ဘူးဆိုတာ တာအိုအရှင်အဆုံးစွန်မီးသည် ပထမဆုံးအကြိမ်အဖြစ် စတင်နားလည်လာခဲ့လေသည်။
ဆူဇီမိုက တာအိုတစ်ခုကို တည်ထောင်ချင်လေသည်။
အဲ့ဒါက တာအိုအရှင်အဆုံးစွန်မီး သိထားသော တစ်စုံတစ်ရာလည်း ဖြစ်လေသည်။
ဆူဇီမို၏ ကြိုးစားအားထုတ်မှုများအားလုံးကို သူသည် တစ်ချိန်လုံး မြင်တွေ့နေခဲ့ရ၏။
သူက ဆူဇီမို၏ မဆုတ်မနစ်ကြိုးပမ်းမှုများကို ချီးကျူးမိလေသည်။
သို့သော်လည်း သူက အဲ့ဒါကို ဆူဇီမို လုပ်နိုင်လိမ့်မည်ဟု သူ့နှလုံးသားထဲကနေ လုံးလုံးလျားလျား သဘောမတူနိုင်ခဲ့ပေ။
အဘယ်ကြောင့်ဆိုသော မော်တယ်များအားလုံး ကျင့်ကြံနိုင်မည့် တာအိုတစ်ခုကို တည်ထောင်နိုင်ဖို့ဆိုသည်မှာ တစ်ကယ့်ကို အံ့မခန်း.... မဖြစ်နိုင်သလောက်ရှိကြောင်း တာအိုအရှင်အဆုံးစွန်မီးက သိထားသောကြောင့်ပင်။
အဲ့ဒါက အင်မော်တယ်တစ်ပါး ဖြစ်လာဖို့အတွက် ကောင်းကင်ဘုံသို့ တက်လှမ်းရခြင်းထက်ပင် ပို၍ ခက်ခဲသော တစ်စုံတစ်ရာဖြစ်သည် မဟုတ်ပါလား...
ဆူဇီမိုအနေဖြင့် သူတစ်ယောက်တည်းဖြင့် အဲ့ဒါကို လုပ်ဆောင်နိုင်ဖို့က လုံးဝကို ယုတ္တိမရှိဟု သူထင်မြင်ထားခဲ့၏။
သို့သော် ယနေ့အခါမှသာ တာအိုအရှင်အဆုံးစွန်မီးသည် သူမှားခဲ့တယ်ဆိုတာကို နားလည်သဘောပေါက်လာခဲ့၏။
ဆူဇီမိုထံမှ မကြုံစဖူး အံ့မခန်း ထွန်းတောက်ပြောင်သော ခေတ်တစ်ခေတ်က ဖြာထွက်လာနေသည်ဟု သူထင်မိလေသည်။
အဲ့ဒါက စိတ်ဝိညာဉ်ရင်းမြစ်မရှိသော သူများပင်လျှင် ကျင့်ကြံနိုင်ပြီး သူတို့၏ ကံကြမ္မာကို ပြောင်းလဲနိုင်မည့် မဟာခေတ်တစ်ခေတ် ဖြစ်ပေလိမ့်မည်။
လူတိုင်းက အံ့မခန်း ထူးခြားမှုရှိလာပြီး အခြားသူများ၏ နင်းခြေခြင်းကနေ လွတ်မြောက်လာနိုင်ပေလိမ့်မည်။
အဲ့ဒါကမှ လူသားမျိုးနွယ်၏ အစစ်အမှန် မြင့်မားတိုးတက်လာမှု ဖြစ်ပေလိမ့်မည်။
တာအိုအရှင်အဆုံးစွန်မီးသည် သူ့ဘာသာသူ စိတ်ထဲကနေ ရေရွတ်လိုက်၏။
‘ငါက ဒီနေ့ဒီခေတ်အထိ အသက်ရှင်နိုင်သေးတာ တော်တော်ကံကောင်းတာပဲ.. အဲ့ဒီဂုဏ်ကျက်သရေထွန်းတောက်ပြောင်တဲ့ခေတ် ရောက်ရှိလာတာကို ငါကိုယ်တိုင် မျက်မြင်တွေ့ရဖို့ မျှော်လင့်ရတာပဲ’
အဲ့ဒီနောက် အချိန်အတိုင်းအတာတစ်ခုအထိ တာအိုအရှင်အဆုံးစွန်မီးက နည်းစနစ်များ သင်ကြားပေးခြင်း အပေါ်တွင်သာ အာရုံစိုက်ခဲ့လေသည်။ တဖြည်းဖြည်းနှင့် သူရှင်းလင်းပြရသော မေးခွန်းများကလည်း လျော့နည်းလာခဲ့၏။
အကြောင်းမှာ ဆူဇီမိုသည် များစွာသော ဓမ္မတာအိုများအပေါ် သူ၏ တစ်မူထူးခြားသော ကိုယ်ပိုင်နားလည်မှုအမြင်ကို ပိုင်ဆိုင်ထားသည်ဆိုတာကို သူသိထားသောကြောင့်ပင်။
ဆူဇီမိုက သူ့ကိုယ်ပိုင်တာအိုတစ်ခု ဖန်တီးနိုင်ဖို့ သူက မျှော်လင့်မိလေသည်။
သူက ထိုမျှော်လင့်ချက်အပေါ် ခိုင်မာစွာ ယုံကြည်ထားလေသည်။
နောက်ထပ်တစ်လကြာပြီးနောက် ဆူဇီမိုသည် သားရဲနယ်မြေကနေ အမှန်တစ်ကယ်ပင် ထွက်လာနိုင်ခဲ့၏။
သားရဲတစ်ထောင်တောင်ကြားက အလွန်တရာ ကျယ်ပြန့်လေသည်။ ဆူဇီမိုက မနားမနေ ခရီးဆက်ခဲ့တာတောင် သူက အဲ့ဒီကနေထွက်ဖို့ နှစ်လလုံးလုံး အချိန်ယူခဲ့ရလေသည်။
သို့သော်လည်း သားရဲတစ်ထောင်တောင်ကြားက အလယ်ပိုင်းတိုက်၏ အစိတ်အပိုင်းတစ်ခုသာလျှင် ဖြစ်လေသည်။ အလယ်ပိုင်းတစ်ခုလုံးဆို ဘယ်လောက်တောင် ကျယ်ပြောလိုက်မလဲ စဉ်းစားကြည့်နိုင်လေသည်။
ဆူဇီမိုသည် အလယ်ပိုင်းတိုက်သို့ တစ်ခါမှ မရောက်ဖူးသည့်အတွက် ထိုနေရာ၏ မြေပြင်အနေအထားနှင့် ပတ်သတ်၍ ဘာမှ မသိပေ။
တာအိုအရှင်အဆုံးစွန်မီးက အလယ်ပိုင်းတိုက်၏ မြေပုံတစ်ခုကို ထုတ်ယူပြီး ဆူဇီမိုကို ကမ်းပေးလိုက်၏။
ဆူဇီမိုက တာအိုအရှင်အဆုံးစွန်မီး၏ သိုလှောင်အိတ်ကို သူနှင့်အတူ တစ်ချိန်လုံး ဆောင်ထားခဲ့၏။
သို့သော်လည်း ၎င်းအပေါ်မှာ တာအိုအရှင်အဆုံးစွန်မီး၏ စိတ်ဝိညာဉ်အသိစိတ်ကို ခပ်နှိပ်ထားသည့်အတွက် သူက အဲ့ဒါကို တစ်ခါမှ ဖွင့်မကြည့်နိုင်ခဲ့ပေ။
နောက်ပိုင်း.. တာအိုအရှင်အဆုံးစွန်မီးက အသက်ရှိနေသေးသည်ကို သူသိသောအခါ သူက ထိုသိုလှောင်အိတ်ကို လုံးဝမထိတော့ဘဲ ထိုသူကို ပြန်ပေးခဲ့လေသည်။
တာအိုအရှင်အဆုံးစွန်မီးက ပြောလိုက်၏။
“ဒီမြေပုံက လွန်ခဲ့တဲ့ နှစ်ငါးထောင်ကပဲ.. ဒါပေမယ့်လို့ ဂိုဏ်းကြီးတွေနဲ့ အဖွဲ့အစည်းကြီးတွေရဲ့ တည်နေရာတွေကတော့ များများစားစား ပြောင်းလဲလိမ့်မှာ မဟုတ်ဘူးလို့ ငါထင်တာပဲ”
“အင်း”
ဆူဇီမိုက ခေါင်းညိတ်ပြီး သူ့လက်ဖဝါးပေါ်ရှိ မြေပုံကို ငေးကြည့်ကာ သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ၎င်းအထဲသို့ ပို့လွှတ်လိုက်၏။
အရင်ဟာတွေနှင့်မတူဘဲ ဤမြေပုံက အပေါ်ယံမှာ သိပ်ကြီးသည်ဟု မထင်ရပေ။ သို့သော်လည်း သူတို့၏ စိတ်ဝိညာဉ်အသိစိတ်ကို အထဲသို့ ပို့လွှတ်လိုက်သည်နှင့် သူတို့မြင်ရသည့် ရှုထောင့်က ကျယ်ပြန့်စွာ ပွင့်ထွက်သွားပေလိမ့်မည်။
အမည်တစ်ခုကို စိတ်ထဲကနေ ရေရွတ်လိုက်သည်နှင့် သက်ဆိုင်ရာနယ်မြေက လင်းထိန်သွားမည်ဖြစ်၏။ အဲ့ဒါက အရမ်းကို ဆန်းကြယ်သိမ်မွေ့လေသည်။
ခဏနေပြီးနောက် တာအိုအရှင်အဆုံးစွန်မီးက ဆူဇီမို၏ တိတ်ဆိတ်နေမှုကို မြင်သောအခါ ထိုသူက သူ၏ ညီမကို စိုးရိမ်ပူပန်နေခြင်းဖြစ်မည်ဟု တွေးလိုက်လေသည်။
“အသွန်းတစ်ရာဂိုဏ်းကို အခုချက်ချင်း ပြန်သွားစရာ မလိုသေးပါဘူး.. ငါတို့ ယန်ဆေးဂိုဏ်းကို အရင်သွားကြည့်ကြမယ်လေ.. ဘယ်လိုလဲ”
ရှောင်းနင်သည် ယန်ဆေးဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်ဖြစ်၏။ အသင်္ချေနယ်မြေမြို့တော်မှာ သူတို့ နှုတ်ဆက်ကြတုန်းက သူမသည် မြောက်ပိုင်းဒေသသို့ ပြန်ကာ သူတို့၏ အစ်ကိုကြီးဆူဟုန်ကို အရိုအသေသွားပေးမည်ဟု ပြောခဲ့လေသည်။
အခုဆို နှစ်တစ်ရာ ကြာသွားပြီဖြစ်သည့်အတွက် သူမက ယန်ဆေးဂိုဏ်းသို့ ပြန်ရောက်နေလောက်ပေပြီ။
ဆူဇီမိုက ခေါင်းခါလိုက်၏။
“အဲ့ဒါ မလိုပါဘူး.. ကျုပ်တို့က အလယ်ပိုင်းတိုက်ကို ရောက်နေပြီဆိုမှတော့ သူတို့နဲ့ တွေ့ဖို့ လောနေစရာ မလိုပါဘူး.. ကျုပ်တို့ အသွန်းတစ်ရာဂိုဏ်းကိုပဲ အရင်သွားကြတာပေါ့”
တစ်သီးပုဂ္ဂလလေးအုပ်စုက အလယ်ပိုင်းတိုက်မှာ တည်ရှိပြီး တစ်ခုနှင့်တစ်ခု သိပ်မကွာဝေးကြပေ။
ရှောင်းနင်ဖြစ်စေ၊ ကျိချန်းရှန်နှင့် လမ့်ရိုတို့လို ဆန်းကြယ်တောင်ထွတ်မှ မိတ်ဆွေဟောင်းများဖြစ်စေ.. သူတို့အားလုံးဆီကို အလည်သွားဖို့က အဆင်ပြေလမ်းကြောင်းသင့်လေသည်။
ညဝိညာဉ်ပါသွားသည့်အတွက် ဆူဇီမိုသည် ရှောင်းနင်ကို စိုးရိမ်မနေပေ။
သူစိုးရိမ်သည်မှာ ကျိချန်းရှန်၊ လမ့်ရိုနှင့် အခြာသူများကိုသာ ဖြစ်လေသည်။
သီယင်းသည် ဆူဇီမိုကိုသာ သတ်ချင်သည်မဟုတ်ဘဲ သူနှင့် နီးစပ်မှုရှိသည်လူတိုင်းကိုပါ သတ်ချင်သည်ဟု ကြေညာခဲ့လေသည်။
ထို့ကြောင့်ပင် ဆူဇီမိုက သီယင်းကို မဖြစ်မနေ သတ်ပစ်ဖို့အတွက် ဆုံးဖြတ်ခဲ့ပြီး ထိုသူနှင့် အသေအကြေ အကြိတ်အနယ် တိုက်ခိုက်ခဲ့လေသည်။
ကံမကောင်းစွာနှင့်ပင် နောက်ဆုံးမှာ ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်တို့က ပေါ်ထွက်လာခဲ့ပြီး သီယင်းကို လွတ်မြောက်သွားစေလေသည်။
သီယင်းသည် အငြိုးအတေးကြီးသော သဘာဝရှိပြီး ထိုရန်ငြိုးရန်စကို သေချာပေါက် လက်လွှတ်လိမ့်မည် မဟုတ်ပေ။ သူက တတ်နိုင်သမျှ နည်းလမ်းများဖြင့် ကြံဆ၍ ပြုလုပ်ဖို့ ကြိုးပမ်းပေလိမ့်မည်။
“နှစ်တစ်ရာတောင် ကြာသွားပြီဆိုတော့ မင်းဘာတွေများ လုပ်နေမလဲ ငါသိချင်လိုက်တာ”
ဆူဇီမိုသည် အေးစက်စက်မျက်လုံးများနှင့်အတူ သွားကြားက လေသံဖြင့် ရေရွတ်လိုက်၏။
သီယင်းသည် ကံကြမ္မာ၏ ကောင်းချီးပေးခံရသူဖြစ်ပြီး ကြောက်စရာကောင်းသော ပါရမီကို ပိုင်ဆိုင်ထားလေသည်။ သူက လူသားဧကရာဇ်၏ အမွေအနှစ်ကိုလည်း လက်ခံရရှိခဲ့ပြီး သမိုင်းမှာ မှတ်ကျောက်တင်ခံရမည့် အံ့မခန်းကစဉ့်ကလျားအစိမ်းရောင်ကြာပန်းအမြုတေနယ်မြေကို ဖန်တီးနိုင်ခဲ့လေသည်။
သူ၏ ကျင့်ကြံခြင်းလမ်းတစ်လျှောက်မှာ လူတစ်ယောက်တည်းကိုသာ ရှုံးနိမ့်ဖူးပြီး ထိုသူက ဆူဇီမို ဖြစ်လေသည်။
သီယင်းသည် ထိုစဉ်က ရှုံးနိမ့်သွားခဲ့သော်လည်း မျှော်လင့်ချက်ပျက်သုန်းကာ သာမန်အညတရအဖြစ်သို့ လျှောကျသွားမည့်သူ မဟုတ်ကြောင်း ဆူဇီမို ယုံကြည်လေသည်။
ယခုအချိန်အထိကို.. ယက္ခမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်အပါအဝင် သီယင်းက ဆူဇီမို၏ ဘဝမှာ မကြံစဖူးအသန်မာဆုံးရန်သူတော်တစ်ယောက် ဖြစ်နေဆဲပင်။
ကျိချန်းရှန်၊ ဖက်တီးလေးနှင့် အခြားသူများက သီယင်းကို သေချာပေါက် ယှဉ်နိုင်လိမ့်မည်မဟုတ် ဆိုတာကိုလည်း ဆူဇီမိုက ကောင်းကောင်းသိထားသောကြောင့် ဖြစ်လေသည်။
ဆူဇီမိုသည် တာအိုအရှင်အဆုံးစွန်မီးကို အသွန်းတစ်ရာဂိုဏ်းသို့ ပို့ဆောင်ပေးပြီးမှသာ ယန်ဆေးဂိုဏ်းဆီသို့ သွားရောက်ဖို့ ဆုံးဖြတ်လိုက်၏။
ထိုသို့အတွေးဖြင့်.. သူက အသွန်းတစ်ရာဂိုဏ်း၏ တည်နေရာကို စိတ်ထဲကနေ မှတ်သားပြီး မြေပုံကို သိမ်းကာ ခရီးဆက်လိုက်လေသည်။
သားရဲတစ်ထောင်တောင်ကြားကနေ ထွက်လာပြီးနောက် သူသည် နောက်ထပ်သုံးရက်သုံးည ခရီးသွားပြီးမှ လူသူလှုပ်ရှားသွားလာမှုရှိသော နေရာဝန်းကျင်သို့ ရောက်ရှိလာခဲ့၏။
သူကြည့်လိုက်သည့်နေရာတိုင်းတွင် မီးဖိုချောင်များမှ မီးခိုးများအူထွက်နေသော ရွာငယ်လေးများကို တွေ့မြင်ရလေသည်။
ဆူဇီမိုသည် အခြားကမ္ဘာတစ်ခုသို့ ရောက်ရှိနေသည့်အလား အိပ်မက်ဆန်ဆန်ခံစားချက်တစ်ခုကို ရနေ၏။
နောက်ထပ်နေ့တစ်ဝက်လောက် ဆက်သွားပြီးနောက် ရှေ့တွင် မြို့တစ်မြို့ကို မြင်လိုက်ရ၏။ အဲ့ဒီမှာ ရထားလုံးများ၊ မြင်းများ၊ ဓါးပျံများနှင့် ကျင့်ကြံသူများကို နေရာတိုင်းမှာ မြင်တွေ့နေရပြီး စည်းကားသိုက်မြိုက်နေလေသည်။
အလယ်ပိုင်းတိုက်က ကျင့်ကြံရေးလောကတွင် စည်ပင်ဝပြောမှုအရှိဆုံးဒေသတစ်ခု ဖြစ်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ နယ်မြေအစွန်အစပ်မှာပင် အတော်လေး စည်ကားသိုက်မြိုက်နေပြီဖြစ်၏။
သူသည် သားရဲတစ်ထောင်တောင်ကြားကနေ ထွက်လာပြီးနောက် ဆူဇီမိုသည် သူ၏ အနက်ရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ်ရုံသို့ ပြန်ပြောင်းထားပြီးဖြစ်၏။ သူ၏ ရုပ်ရည်သွင်ပြင်ကိုလည်း ပြောင်းလဲထားပြီး ယခုသူက ဗလတောင့်တောင့်လူတစ်ယောက် ဖြစ်နေလေပြီ။
ဆူဇီမိုသည် လေနှင့်အတူ အလွန်တရာလျင်မြန်စွာ ပျံသန်းနေ၏။ မြေပြင်ပေါ်မှာရှိသော ကျင့်ကြံသူများအတွက်တော့ သူ့ကို အလင်းတန်းတစ်ခုအဖြစ်သာ မြင်လိုက်ရလေသည်။
ဆူဇီမို၏ သက်လုံအားက သန်မာအားကောင်းပြီး မည်မျှဝေးဝေး ခရီးသွားရပါစေ.. သူလုပ်ဖို့လိုအပ်သည်မှာ တစ်ညတာ အနားယူလိုက်ရုံနှင့် အင်အားပြန်လည်ပြည့်ဝသွားမည် ဖြစ်လေသည်။
နောက်ထပ်သုံးလကုန်ဆုံးသွားပြီး နောက်ဆုံးမှာတော့ သူသည် အသွန်းတစ်ရာဂိုဏ်းနယ်မြေအစပ်သို့ ချဉ်းကပ်လာခဲ့လေသည်။
ဤအချိန်အတောအတွင်း တာအိုအရှင်အဆုံးစွန်မီးက တိတ်ဆိတ်ငြိမ်သက်နေ၏။
အဲ့ဒါက ရှုပ်ထွေးနက်နဲသော ခံစားချက်တစ်ခုဖြစ်ကြောင်း ဆူဇီမိုသိလေသည်။ အဲ့ဒါက အချိန်ကြာမြင့်စွာ အိမ်လွမ်းနာကျခြင်းမှ အစပျိုးဖြစ်ပေါ်လာသော.. ဆိုးရွားတာ တစ်စုံတစ်ရာ ဖြစ်ပျက်နေမှာကို စိုးရိမ်ပူပန်နေသော.. မအီမသာခံစားချက်တစ်ခု ဖြစ်လေသည်။
ဘာပဲပြောပြော အဲ့ဒါက နှစ် ၅၀၀၀ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အတော်ရှည်ကြာသောကာလတစ်ခု ဖြစ်လေသည်။ အသွန်းတစ်ရာဂိုဏ်းက အခုချိန် ဘယ်လိုဖြစ်နေမလဲ.. တာအိုအရှင်အဆုံးစွန်မီး၏ မိတ်ဆွေဟောင်းများကရော အဆင်ပြေကြရဲ့လား မသိနိုင်ကြပေ။
ရုတ်တရက်ဆိုသလို..
ဆူဇီမို၏ နားရွက်က လှုပ်သွားပြီး လက်နက်ချင်းထိခတ်သံအချို့ကို မပီမသ ကြားလိုက်ရ၏။ အဲ့ဒီမှာ ဒေါသတကြီး အော်ဟစ်သံအချို့ပါ ရောစွက်လာခဲ့လေသည်။