← Chapters

စပ်စပ်စုစု ဝင်ပါတတ်သူ

Vol. 60 Ch. 893

စပ်စပ်စုစု ဝင်ပါတတ်သူ

Vol. 60 Ch. 893

သတ်ဖြတ်ခြင်းနှင့်တိုက်ခိုက်ခြင်းက ကျင့်ကြံရေးလောကမှာ ဖြစ်ပွားနေကြပင်။

ဒါ့အပြင် အလယ်ပိုင်းတိုက်သည် ကျင့်ကြံရေးယဥ်ကျေးမှု စည်ပင်ထွန်းကားသော မဟာနယ်မြေတစ်ခုဖြစ်လေသည်။

လမ်းတစ်လျှောက်တွင် ဆူဇီမိုသည် ဆင်တူသော တိုက်ခိုက်ပွဲများကို များစွာကြုံတွေ့ခဲ့ရလေသည်။

သို့သော်လည်း သူက တစ်ခါမှ ဝင်မပါခဲ့ပေ။ သူက သူတွေ့ကြုံရသမျှ ပြဿနာတိုင်းမှာ ဝင်ပါနေရမည်ဆိုလျှင် နောက်ဆယ့်လေးငါးနှစ်ကြာတာတောင် အသွန်းတစ်ရာဂိုဏ်းကို ရောက်ချင်မှရောက်ပေလိမ့်မည်။

ဒါ့အပြင် ကျင့်ကြံရေးလောကအတွင်း သတ်ဖြတ်ခြင်းနှင့်တိုက်ခိုက်မှု အတော်များများမှာ ​မည်သူက မှန်သည် မည်သူကမှားသည်ကို ပြောရခက်လေသည်။

များသောအားဖြင့် သဘောထားကွဲလွဲမှုတစ်ခုကဖြစ်စေ ရတနာတစ်ခုခုအပေါ်ဖြစ်စေ ခိုက်ရန်ဖြစ်ပွားမှုများက စတင်တတ်လေသည်။

ဆူဇီမိုသည် သူတို့အားလုံးကို အရေးလုပ်မနေနိုင်ပေ။

ယခုအခါ သူသည် ခပ်လှမ်းလှမ်းမှ တိုက်ခိုက်သံများကို ကြားနေရလျှင်တောင် သူက ခဏမျှ ရပ်တန့်ပြီးနောက် ရှေ့သို့ဆက်သွားလိုက်လေသည်။

“ခဏလောက် နေပါဦး...”

ရုတ်တရက် တာအိုအရှင်အဆုံးစွန်မီး၏ အသံက ဆူဇီမို၏စိတ်ထဲမှာ ထွက်ပေါ်လာခဲ့၏။

“ငါတို့က အခု အသွန်းတစ်ရာဂိုဏ်းနဲ့ အရမ်းနီးကပ်နေပြီ... ဒီနေရာကလည်း ဂိုဏ်းရဲ့ပိုင်နက်နယ်မြေ တစ်စိတ်တစ်ပိုင်းပဲ... အဲ့ဒီကို တစ်ချက်လောက်သွားပြီး စစ်ဆေးကြည့်ရအောင် “

“ကောင်းပြီလေ...”

ဆူဇီမိုက ခေါင်းညိတ်လိုက်ပြီး ခိုက်ရန်ဖြစ်ပွားရာဘက်သို့ ဖျတ်ကနဲဆို ပျံသန်းသွားလိုက်လေသည်။

ဤတစ်​ကြိမ်တွင်တော့ ဆူဇီမိုသည် လျှပ်စီးထွက်ပြေးခြင်းကို ချက်ချင်းထုတ်ဖော်လိုက်လေသည်။

သူသည် လျှပ်စီးတန်းတစ်ခုအသွင် ပြောင်းလဲသွားပြီး သိပ်မကြာခင် ထိုနေရာသို့ ရောက်ရှိသွားခဲ့လေသည်။

ဆူဇီမိုက လှမ်းမျှော်ကြည့်လိုက်၏။

နှစ်ဖက်စလုံးမှာ တိုက်ခိုက်နေသောသူများသည် နိုးထဝိညာဥ်များဖြစ်ကြပြီး ဓမ္မအတတ်များက လေဟာနယ်ထဲတွင် တစ်ခုကိုတစ်ခု ရိုက်ခတ်နေကြလေသည်။

ဓားပျံများနှင့် ဓမ္မလက်နက်များက နေရာတိုင်းမှာ ယှက်ဖြာနေပြီး အလင်းများက တဖျတ်ဖျတ်လက်ကာ ဓမ္မစွမ်းအားများက တလိပ်လိပ်တက်နေလေသည်။ အဲ့ဒါက အရမ်းကိုအကြိတ်အနယ်ရှိနေကြ၏။

တစ်ဖက်တွင်တော့ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်ရှိလေသည်။ သူတို့က ငယ်ရွယ်သည့်ပုံပေါက်ပြီး အားလုံးက အစောပိုင်းအဆင့်မှာ ဖြစ်ကြလေသည်။ သူတို့က မကြာသေးခင်ကမှ နိုးထဝိညာဥ်အဆင့်သို့ တက်လှမ်းထားသည်မှာ သိသာလေသည်။

အခြားတစ်ဖက်မှာတော့ မျက်နှာဖုံးတပ်ထားသော နိုးထဝိညာဥ် ၁၀ ယောက်ရှိလေသည်။ သို့သော်လည်း သူတို့၏ ကျင့်ကြံမှုအဆင့်များက အတော်လေးကောင်းမွန်ပြီး သူတို့ထဲမှ အများစုက နောက်ပိုင်းအဆင့်မှာ ဖြစ်ကြလေသည်။

သူတို့ထဲမှ တစ်ယောက်၏ ဓမ္မပညာရပ်သည် အလွန်တရာ လွှမ်းမိုးခြယ်လှယ်နိုင်မှုရှိပြီး သူ၏ စိတ်ဝိညာဥ်အသိစိတ်ထဲတွင် သန့်စင်သော ယန်တစ်စွန်းတစ်စကို ပိုင်ဆိုင်ထားလေသည်။ ဤလူက ပကတိနိုးထဝိညာဥ်အဆင့်သို့ ရောက်ရှိနေသည်မှာ သိသာလေသည်။

သူက အခွင့်အလမ်းတစ်ခုကို ဖမ်းဆုပ်နိုင်သည်နှင့် မူလနတ္ထိအဆင့်သို့ တက်လှမ်းနိုင်ပေတော့မည်။

တစ်ဖက်တွင်ရှိသော လူသုံးယောက်က အရေးနိမ့်နေသည်မှာ သိသာလေသည်။

သူတို့သုံးယောက်၏ ဘေးပတ်လည်တွင် အလံတိုင်တော်တော်များများကို စိုက်ထူထားလေသည်။ သူတို့က ဒီတိုင်း သာမန်ကာလျှံကာပုံစံဖြင့် ခင်းကျင်းထားသည်ဟု ထင်ရသော်လည်း တစ်ကယ်တော့ အဲ့ဒါက ကြီးမားသည့်ဝင်္ကပါတစ်ခု ဖြစ်လေသည်။

အလံတိုင်တစ်ခုချင်းစီပေါ်တွင် ရှုပ်ထွေးနက်နဲသည့် ဝင်္ကပါအင်းကွက်များကို ခတ်နှိပ်ထားလေသည်။

အလံများရှိရာနေရာတဝိုက်မှ အနက်ရောင်မီးခိုးများက အူထွက်နေပြီး အထဲမှာရှိနေသောလူများကို အပြင်လောကနှင့် ပိုင်းခြားထားလေသည်။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် အနက်ရောင်မြူခိုးများသည် ပြင်ပကျင့်ကြံသူများ၏ အမြင်အာရုံကိုပိုင်ခြားပေးနိုင်ရုံသာမက အဲ့ဒါက သူတို့၏ စိတ်ဝိညာဥ်အသိစိတ်ကိုပါ ပိတ်ဆို့တားဆီးပေးနိုင်လေသည်။

သို့သော်လည်း ဆူဇီမိုက အန္တိမသားရဲနတ်ဆိုးကျင့်စဥ်ကို ကျင့်ကြံထားပြီး ထိုအနက်ရောင်မီးခိုးများက သူ့အတွက် ဘာမှမပြောပလောက်ပဲ ထွင်းဖောက်မတတ် ကြည်လင်နေလေသည်။

ဝင်္ကပါအတွင်းမှာပိတ်မိနေသော အမျိုးသားနှင့် အမျိုးသမီးနှစ်ယောက်သည် မသည်းအသန်ရုန်းကန်၍ ခုခံနေရသည်။

အမျိုးသမီးနှစ်ယောက်သည် အရမ်းကိုလှပသော်လည်း သူတို့က ချွေးများဖြင့်စိုရွှဲနေပြီး ဆိုးဆိုးဝါးဝါးပုံပေါက်နေလေသည်။ သူတို့၏ ဝတ်ရုံများက အချို့နေရာများမှာ စုတ်ပြဲနေပြီး သူတို့၏ ဖြူဖွေးသော အသားအရည်များကို ဆွဲဆောင်မှုရှိစွာဖြင့် တစ်စိတ်တစ်ပိုင်း ဖော်ပြမိနေလေသည်။

အမျိုးသားနှင့် အမျိုးသမီးနှစ်ယောက်က အစောပိုင်းနိုးထဝိညာဉ်အဆင့်မှာ ဖြစ်ကြသော်လည်း သူတို့အကြား တိုက်ခိုက်ရေးခွန်အား ကွာဟချက်က ကြီးမားလေသည်။

အမျိုးသမီးကျင့်ကြံသူနှစ်ယောက်ကို သာမန်နိုးထဝိညာဥ်များဟုသာ သတ်မှတ်နိုင်ပြီး သူတို့၏ တိုက်ခိုက်မှုက အတော်​​လေး​သေသပ်မှုတော့ရှိလေသည်။ သို့သော်လည်းအမျိုးသားကတော့ သူတို့နှစ်ယောက်နှင့် များစွာသိသာခြားနားလေသည်။

ဆူဇီမို၏ အတွေ့အကြုံအရ ဤလူက ပြိုင်စံရှားတစ်ယောက်ဟု သတ်မှတ်၍ရကြောင်း သူကပြောနိုင်လေသည်။

သူက ဝင်္ကပါအတွင်း ကျဆင်းပြီး မြေပြင်အနေအထား အရေးနိမ့်မှုရှိနေတာတောင် နောက်ပိုင်းအဆင့်နှင့် ပကတိအဆင့် နိုးထဝိညာဥ်များကို တိုက်ခိုက်နိုင်နေသေးသည်က တော်လှသည်ဟု ဆိုရပေမည်။

ဤလူ၏ အသည်းအသန်ကြိုးစားရုန်းကန်ပေးနေမှုကြောင့် မဟုတ်လျှင် သူတို့သုံးယောက်က အချိန်အတန်ကြာကတည်းက ရှုံးနိမ့်သွားပြီး ဖမ်းဆီးခြင်းခံနေရလောက်လေပြီ။

ဆူဇီမိုက မည်သည့်အဖွဲ့ကိုမှ မှတ်မိခြင်းမရှိပေ။

သူ၏အကြည့်က နှစ်ဖက်စလုံးရှိ ကျင့်ကြံသူများ၏ အင်္ကျီလက်များပေါ်သို့ ရွေ့လျားသွားလေသည်။

ပုံမှန်အားဖြင့်ဆိုလျှင် ဂိုဏ်းများ၏အမှတ်တံဆိပ်နှင့် အမှတ်သင်္ကေတများကို ကျင့်ကြံသူများ၏ ခါးမှာဖြစ်စေ ၊ သူတို့ဝတ်ရုံများ၏ အင်္ကျီလက်စများမှာဖြစ်စေ ခတ်နှိပ်ထားတက်လေသည်။

နိုးထဝိညာဥ် ၁၀ ယောက်ဘက်မှ အင်္ကျီလက်များပေါ်တွင် နက်မှောင်နေသော မီးတောက်ပုံတစ်ခုကို ခတ်နှိပ်ထားလေသည်။ အဲ့ဒါက အလွန်တရာ မကောင်းဆိုးဝါးဆန်ပြီး ချောက်ချားဖွယ်ရာအော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။

အမျိုးသားနှင့် အမျိုးသမီးနှစ်ယောက်ဘက်ရှိ အင်္ကျီလက်များပေါ်တွင်တော့ အဲ့ဒီမှာ ဧရာမရှေးဟောင်းမီးဖိုကြီးတစ်ခုပုံကို ခတ်နှိပ်ထားလေသည်။

“ဒီမီးဖိုက...”

ဆူဇီမိုက တိုးတိတ်စွာရေရွတ်လိုက်ပြီး ပြန်ပြောင်းစဥ်းစားကြည်လိုက်လေသည်။ ထိုအမှတ်တံဆိပ်က ရင်းနှီးနေသည့်ပုံပေါ်ပြီး သူက အဲ့ဒါကို တစ်နေရာရာမှာ မြင်ဖူးခဲ့ပုံပင်။

“အဲ့ဒီမီးဖိုက အသွန်းတစ်ရာဂိုဏ်းရဲ့ အမှတ်တံဆိပ်ပဲ...”.

တာအိုအရှင်အဆုံးစွန်မီး၏အသံက ထွက်ပေါ်လာပြီး ဆူဇီမိုက နားလည်းဘောပေါက်သွားခဲ့လေသည်။

သူက ဤအမှတိတံဆိပ်ကို ယခင်ကမြင်ဖူးခဲ့သည်မှာ ကန်းလန်ရိုးမရှိ အေးစက်ရေကန်အောက်ခြေမှာ တာအိုအရှင်အဆုံးစွန်မီး၏ ခန္ဓာကိုယ်ပေါ်တွင်ဖြစ်လေသည်။

“နန်ကုန်းလင်... ရုန်းကန်မနေနဲ့တော့”

ဝင်္ကပါအတွင်းရှိ တစ်ဦးတည်းသော ပကတိနိုးထဝိညာဥ်က အူးမြူးအားရစွာပြုံး၍ စိတ်လက်ပေါ့ပါးစွာဖြင့် ပြောလိုက်လေသည်။

“ငါက ဒီဂျူနီယာညီမလေးနှစ်ယောက် ဟန်ယန်နဲ့ ရူရွှမ်ကို အရမ်းချစ်လို့သာ မဟုတ်ရင် မင်းက သေပြီးတာအတော်ကြာနေလောက်ပြီ”

“ဟားဟားဟားဟား...”

ကျန်ရှိနေသော နိုးထဝိညာဥ် ၉ ယောက်က ဝါးလုံးကွဲရယ်ချလိုက်ပြီး သူတို့၏ မျက်လုံးများက အမျိုးသမီးကျင့်ကြံသူနှစ်ယောက်ပေါ်တွင် ပြောင်ပြောင်တင်းတင်း ကျရောက်သွားလေသည်။

အမျိုးသမီးကျင့်ကြံသူနှစ်ယောက်၏ အဝတ်များ၏ တစ်စိတ်တစ်ပိုင်းက စုတ်ပြဲနေလေသည်။

ယခုသူတို့က အကြည့်များစွာ၏ ပြောင်ပြောင်တင်းတင်း စိုက်ကြည့်ခြင်းကို ခံရသောအခါ သူမတို့၏ ရှက်ရွံ့မှုက ဒေါသအဖြစ်ပြောင်းလဲသွားပြီး သူမတို့၏ ဣန္ဒြေက ပျက်ပြားသွားခဲ့လေသည်။ သူမတို့ ထုတ်လွှတ်ထားသော ဓမ္မစွမ်းအားများက ပျက်ပြယ်လုနီးပါးဖြစ်သွားပြီး သူမတို့က အဖမ်းခံရလုမတက် ဖြစ်သွားခဲ့လေသည်။

ထိုသည်ကို နန်ကုန်းလင်ကမြင်သောအခါ သူက အလောတကြီး ပြောလိုက်လေသည်။

“ဂျူနီယာညီမတို့ အဲ့ဒီလှည့်ကွက်အောက်မှာ ကျရောက်မသွားစေနဲ့... ဝူယွမ်က ငါတို့ကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု လာလုပ်နေတာပဲ”

“ငါတို့က ဂိုဏ်းနဲ့သိပ်ဝေးတာမဟုတ်ဘူး... ငါတို့ရဲ့ ဂိုဏ်းသားတွေက အနားကနေ ဖြတ်သွားပြီး ဒီကိစ္စကို ဂိုဏ်းကိုတင်ပြပေးတာနဲ့ ငါတို့က ကယ်တင်ခံရလိမ့်မယ်”

ထိုအခါ အမျိုးသမီးကျင့်ကြံသူနှစ်ယောက်က ပို၍တည်ငြိမ်လာပြီး သူတို့၏အကြည့်များကလည်း ခိုင်မာလာခဲ့လေသည်။

“ဟီးဟီး...”

ဝူယွမ်က သူ့မျက်လုံးထဲမှ တလိပ်လိပ်တက်လာသော သတ်ဖြတ်လိုစိတ်နဲ့အတူ လှောင်ရယ်လိုက်လေသည်။

“နန်ကုန်းလင်... ငါမင်းကို ပြောပြမယ် ဒါက ငရဲမီးဝင်္ကပါပဲ... အခုချိန်မှာ ငါက ဝင်္ကပါရဲ့ ပထမအဆင့်ဖြစ်တဲ့ မဟူရာမီးခိုးကိုပဲ အသက်သွင်းရသေးတယ်”

“ငါက ဒုတိယအဆင့်ငရဲမီးကို အသက်သွင်းလိုက်တာနဲ့ မင်းတို့သုံးယောက်က အသက်ရှုချိန် ဆယ်ကြိမ်စာအတွင်း လောင်ကျွမ်းပြာကျသွားလိမ့်မယ်”

နန်ကုန်းလင်၏ အမူအရာက ပြောင်းလဲသွားခဲ့လေသည်။

ဝူယွမ်က ကြွားလုံးထုတ်နေခြင်းမဟုတ်ကြောင်း သူက သိထားလေသည်။

ငရဲမီးဝင်္ကပါကို အသက်သွင်းလိုက်သည်နှင့် သူတို့က အဲ့ဒါကို သေချာပေါက် ခုခံနိုင်လိမ့်မည်မဟုတ်ပေ။

ယခုချိန်မှာတောင် ဝင်္ကပါထဲမှာ တဝုန်းဝုန်းထနေသော အနက်ရောင်မီးခိုးများက မွန်းကျပ်ဖွယ်ရာကောင်းနေ​လေသည်။ သူတို့က တိုက်ခိုက်နေစဥ်အတွင်း တစ်ချိန်လုံးအသက်အောင့်ထားဖို့က ခက်ခဲပြီး သူတို့က မိးခိုးအချို့ကို မလွှဲမသွေ ရှုရှိုက်မိကြလေသည်။

အခြားတစ်ဖက်မှာရှိသော လူဆယ်ယောက်ကတော့ သူတို့၏ နှာခေါင်းများကို အဝတ်များဖြင့် စည်းထားပြီး လုံးဝသက်ရောက်ခံရခြင်းမရှိပေ။

အချိန်ကြာလာသည်နှင့်အမျှ သူတို့ရှုရှိုက်မိသော အနက်ရောင်မီးခိုးများ၏ ပမာဏက တိုးလာပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားက လျော့ကျလာခဲ့လေသည်။ သူတို့က အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်နိုင်စရာအကြောင်းမရှိတော့ပေ။

နန်ကုန်းလင်က အော်ပြောလိုက်၏။

“ဝူယွမ်... မင်းက အငြိုးအတေးတစ်စုံတစ်ရာရှိတယ်ဆိုလည်း ငါ့ဆီကိုပဲ လာခဲ့လေ... ဘာလို့သူတို့နှစ်ယောက်ကိုပါ ခက်ခဲအောင်လုပ်နေရတာလဲ”

“သူတို့နှစ်ယောက်ကို လွှတ်ပေးမယ်ဆိုရင် ငါက မတိုက်ခိုက်တော့ပဲနဲ့ အသာတကြည်အဖမ်းခံပေးမယ်”

“ဟားဟားဟားဟား... “

သူက အရယ်ရဆုံးဟာသကို ကြားလိုက်ရသည့်အလား ဝူယွမ်က ရယ်မောလိုက်လေသည်။

“နန်ကုန်းလင်... မင်းက ငါနဲ့ညှိနှိုင်းဖို့အတွက် အဆင့်မမီတော့ဘူး... ဒီနေ့မင်းသေရဖို့က သေချာနေပြီ”

သူ၏အကြည့်က အမျိုးသမီးကျင့်ကြံသူနှစ်ယောက်၏ ချောမောလှပ၍ ကွေးညွှတ်သော ခန္ဓာကိုယ်များအပေါ် ရောက်ရှိသွားပြီး သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်ကာ ရယ်မောလိုက်လေသည်။

“ငါက သူတို့ပိုင်ဆိုင်ထားတဲ့ ပစ္စည်းနှစ်ခုကို လိုချင်ရုံတင်မကဘူး... သူတို့ခန္ဓာကိုယ်ကိုပါ လိုချင်နေတာလေ”

“နန်ကုန်းလင်... အဲ့ဒီအချိန်ကျရင် ငါကမင်းကို ဘေးကနေစောင့်ကြည့်ခိုင်းမယ် ဟားဟားဟားဟား...”

ဝူယွမ်၏စကားလုံးများက အလွန်တရာစက်ဆုပ်ဖွယ်ရာကောင်းလေသည်။ နန်ကုန်းလင်က သုန်မှုန်နေသော အမူအရာရှိနေပြီး သူက နေရာမှာပင် ထခုန်ကာ သူ၏ အစွမ်းကုန်ကို ထုတ်ဖော်၍ အော်ဟစ်လိုက်လေသည်။

“ဝူယွမ် ခွေးမသား... ငါက မင်းတို့ရဲ့ ဘိုးဘင်ဘောင်ဆက် ၁၈ ဆက်စလုံးကို ….လုပ်ပစ်မယ်...”

“မင်းမှာ ဘောရှိတယ်ဆို ငါနဲ့တစ်ယောက်ချင်းလာချလေ... ငါက လက်တစ်ဖက်တည်းနဲ့ မင်းကို ချီးထွက်အောင် ရိုက်ပစ်လိုက်မယ်”

ဝူယွမ်နှင့် အခြားသူများကိုမပြောနှင့် အမျိုးသမီးကျင့်ကြံသူနှစ်ယောက်ပင် ကြောင်အမှင်တက်သွားခဲ့လေသည်။

နန်ကုန်းလင်၏ အပြုအမူက အင်မော်တယ်တစ်ယောက်၏ ကာဣန္ဒြေနှင့် မကိုက်ညီတော့ပေ။ သူက အရပ်ထဲရှိ လူမိုက်လူရမ်းကားတစ်ယောက်နှင့်တူနေလေသည်။

“အား.....”

နန်ကုန်းလင်သည် အော်ဟစ်ရယ်မောရင်း စိတ်အာရုံပျက်ယွင်းသွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် ပြတ်ရှရာတစ်ခုက ပေါ်လာကာ သွေးများက စီးထွက်လာခဲ့လေသည်။

“မင်းမေကို…ငါ.....ပဲ”

သူက သူ့ကိုဒဏ်ရာရစေသော လူကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်ပြီး ကျိန်ဆဲလိုက်လေသည်။

“ဒီနေ့ ငါက သေရတော့မယ်ဆိုမှတော့ မင်းတို့ကို ကျေနပ်အားရတဲ့အထိ ဆဲသွားမယ်”

ဝူယွမ်က မျက်မှောင်ကြုတ်ပြီး ပြုံးစစဖြင့် ပြောလိုက်လေသည်။

“မင်းက... အဆုတ်ကွဲမတက်အော်ဟစ်ပြီး ဒီနားတဝိုက်မှာရှိတဲ့သူတွေကို မင်းအော်သံကို ကြားစေချင်နေတာမလား”

“မင်းကို လက်လျှော့လိုက်ပါလို့ ငါအကြံပေးလိုက်မယ်... ဒီဝင်္ကပါက အသံကိုမပြောနဲ့ စိတ်ဝိညာဥ်အသိစိတ်တစ်ခုရဲ့ ထောက်လှမ်းမှုကိုပါ တားဆီးပိတ်ဆို့ပေးနိုင်တယ်”

“ပွင့်ပွင့်လင်းလင်းပြောမယ်ကွာ... မင်းတို့ စောစောက ခိုးကြောင်ခိုးဝှက်နဲ့ ထုတ်လွှတ်လိုက်တဲ့ ဆက်သွယ်ရေးတာအိုအဆောင်ကပါ ငရဲမီးဝင်္ကပါရဲ့ ဝါးမြိုခြင်းကို ခံသွားရပြီ”

နန်ကုန်းလင်တို့အုပ်စု၏ အမူအရာက ပြောင်းလဲသွားခဲ့လေသည်။

ဝူယွမ်က အေးစက်စွာဖြင့်ပြောလိုက်၏။

“နောက်ပြီး တစ်စုံတစ်ယောက်က ဒီနားကနေ ဖြတ်သွားမယ်ဆိုရင်တောင် ဒီမှာဘာတွေဖြစ်နေလဲဆိုတာကို သူတို့က သိမှာမဟုတ်ဘူး... သူတို့က သိရင်တောင် ဘယ်လိုစပ်စပ်စုစုသူကများ ပြဿနာအတက်ခံပြီး ဝင်ပါပါ့မလဲ”

ဝူယွမ်ထိုသို့ပြောလိုက်သည့်ခဏမှပင် ဝင်္ကပါ၏အပြင်ဘက်ကနေ နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။

“ငါက အမြဲတမ်းစပ်စပ်စုစု လုပ်ရတာကို သဘောတွေ့တဲ့သူပဲ”

All Chapters