← Chapters

တုန်လှုပ်စရာကောင်းသော ဟိန်းဟောက်သံ

Vol. 60 Ch. 896

တုန်လှုပ်စရာကောင်းသော ဟိန်းဟောက်သံ

Vol. 60 Ch. 896

“မကောင်းတော့ဘူး...”

ထိုစဥ်မှာပင် ရူရွှမ်၏ အမူအရာက ပြောင်းလဲသွားပြီး သူမက အံ့အားတသင့် ရေရွတ်လိုက်၏။

“အဲ့ဒီလူကြမ်းကြီး တိုက်ခိုက်လိုက်တုန်းက မဟူရာဒိုင်းကာပေါ်က ငရဲမီးတွေက ရှိနေသေးတယ်”

“သူ့ရဲ့လက်သီးက ငရဲမီးတွေနဲ့ စွန်းထင်းသွားလောက်ပြီ”

နန်းကုန်လင်းကလည်း တုန်လှုပ်သွားလေသည်။

ငရဲမီး၏စွမ်းအားကို သူက ကောင်းကောင်းသိထားလေသည်။ ခန္ဓာကိုယ်က အဲ့ဒါနှင့်ထိတွေ့မိသည်နှင့် အဲ့ဒါကို ပြန်လည်ဖယ်ရှား၍ မရနိုင်တော့ပေ။

ငရဲမီးသည် အလွန်တရာ စိမ့်ဝင်ပျံ့နှံ့တတ်ပြီး အရိုးများထဲထိ စိမ့်ဝင်ထိုးဖောက်ကာ ကျင့်ကြံသူများကို အတွင်းအပြင်လောင်ကျွမ်းစေနိုင်သည်။ ဒါ့အပြင် ထိုဖြစ်စဥ်က အရမ်းကို နာကျင်ခံစားရလေသည်။

နန်းကုန်လင်းနှင့် ရူရွှမ်သည် အစိမ်းရောင်ဝတ်လူ၏ ညာဘက်လက်ကို အလိုလိုလှမ်းကြည့်လိုက်ကြ၏။

သူတို့နှစ်ယောက်စလုံးက ကြောင်အမှင်တက်သွားရ​လေသည်။

အစိမ်းရောင်ဝတ်လူ၏ ညာဘက်လက်က ဖြူဖွေး၍ သူ၏လက်ချောင်းများက သွယ်လျနေလေသည်။ အဲ့ဒီမှာ မည်သည့်လောင်ကျွမ်းသည့် အမှတ်အသားမှ ရှိမနေပေ။

“ထူးဆန်းတယ်...”

သူတို့နှစ်ယောက်က ပဟေဠိဆန်ဆန် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

သူ့နောက်ဘက်ရှိ အခြားသောအမျိုးသမီးကျင့်ကြံသူ လျှိုဟန်ယန်က သူမ၏ ခေါင်းကိုတိတ်တဆိတ် ငုံ့ထားလေသည်။

သို့သော်လည်း သူမသည် စူးစမ်းချင်စိတ်ဖြင့် အစိမ်းရောင်ဝတ်လူကို မကြာမကြာခိုးကြည့်နေတတ်လေသည်။

နန်းကုန်လင်းနှင့် ရူရွှမ်က အဲ့ဒါကို သတိမထားမိပေ။ သို့သော်လည်း အစိမ်းရောင်ဝတ်လူ၏ လက်သီးက မဟူရာဒိုင်းကာနှင့် အမှန်တစ်ကယ်ပဲ ထိတွေ့ခဲ့ပြီး သူ၏ လက်မှာ ငရဲမီးတစ်စွန်းတစ်စ စွန်းထင်းခဲ့သည်ကို သူမက ရှင်းလင်းစွာမြင်ခဲ့ရလေသည်။

သို့သော်လည်း ငရဲမီးသည် သူတို့မျှော်လင့်ထားသလို အစိမ်းရောင်ဝတ်လူ၏ အသားနှင့်အရိုးထဲသို့ စိမ့်ဝင်ကာ လောင်ကျွမ်းသွားစေခြင်းမရှိပေ။

အခြားတစ်ဖက်မှာတော့ အစိမ်းရောင်ဝတ်လူ၏ လက်နှင့်ထိတွေ့ခဲ့မိသော ငရဲမီးသည် အချိန်မရွေး ငြိမ်းသေတော့မည့်အလား တဖျပ်ဖျပ်ဖြစ်လာလေသည်။

အစိမ်းရောင်ဝတ်လူက အဲ့ဒါကို ဂရုမထားပဲ ဒီတိုင်းခါချလိုက်လေသည်။

ငရဲမီးတစ်စွန်းတစ်စက ထူးဆန်းစွာပင် ငြိမ်းသေသွားခဲ့လေသည်။

အဲ့ဒါက ဘယ်လိုပါလိမ့်...။

လျှိုဟန်ယန်သည် ထိုသည်ကို မြင်သောအခါ သူမ၏လျှာကို ကိုက်မိမတတ် ဖြစ်သွားလေသည်။

ဤအစွမ်းအစက သူမ၏ အသိသညာထက် လုံးဝကျော်လွန်နေခဲ့လေပြီ။

နိုးထဝိညာဥ်တစ်ယောက်၏ ခန္ဓာကိုယ်က ငရဲမီးကို လျစ်လျူရှုနိုင်သည်တဲ့လား...။

နန်းကုန်လင်းနှင့်အခြားနှစ်ယောက်က အကျပ်တွေ့သွားကြလေသည်။

ဝူယွမ်၏ ကြေမွပျက်စီးသွားသော ခန္ဓာကိုယ်ကို ပြန်လည်အဖတ်ဆယ်နိုင်စရာ အကြောင်းမရှိတော့ပေ။

ဝူယွမ်၏နဖူးထဲမှ အမြုတေစိတ်ဝိညာဥ်တစ်ခုက ထိတ်ထိတ်ပျာပျာ အမူအရာတစ်ခုနှင့်အတူ လွင့်မျောထွက်ပေါ်လာခဲ့လေသည်။ သူ၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေပြီး အဝေးတစ်နေရာကို ထွက်ပြေးလိုက်လေသည်။

“မကောင်းတော့ဘူး... သူက ထွက်ပြေးဖို့ ကြိုးစားနေပြီ”

နန်းကုန်လင်းက အဲ့ဒါကို သတိထားမိသွားပြီး နောက်ကနေ ကပျာကယာ ပြေးလိုက်လေသည်။

သို့သော်လည်း ခြေလှမ်းအနည်းငယ်လျှောက်လှမ်းပြီးနောက် နန်းကုန်လင်းက အဲ့ဒါကို လက်လျှော့လိုက်လေသည်။

အစကတည်းက အမြုတေစိတ်ဝိညာဥ်တစ်ခု၏ အမြန်နှုန်းက သူ၏ ခန္ဓာကိုယ်ထက် ပို၍ မြန်ဆန်လေသည်။ ဒါ့အပြင် သူတို့နှစ်ယောက်သည် ပေပေါင်းများစွာ ကွာဝေးနေပြီး ဝူယွမ်၏ အမြုတေစိတ်ဝိညာဥ်က အရင်ဦးစွာ ထွက်ပြေးခဲ့ခြင်းဖြစ်လေသည်။ သူက ထိုအမြုတေစိတ်ဝိညာဥ်ကို လိုက်မီဖို့မဖြစ်နိုင်တော့ပေ။

“အား....”

နန်းကုန်လင်းက မချင့်မရဲ အမူအရာတစ်ခုနှင့်အတူ သက်ပြင်းချလိုက်လေသည်။ သို့သော်လည်း အဲ့ဒါက သူ့အမှားတော့ မဟုတ်ပေ။

ဝူယွမ်၏ အမြုတေစိတ်ဝိညာဥ်က အပြင်ဘက်သို့ ထွက်ပြေးလွတ်မြောက်နိုင်လိမ့်မည်ဟု သူက မျှော်လင့်မထားမိပေ။

ပုံမှန်အားဖြင့်ပြောရလျှင် နိုးထဝိညာဥ်တစ်ယောက်၏ အမြုတေစိတ်ဝိညာဥ်က အလွန်တရာနုနယ်ပြီး အရာများစွာကို ကြောက်ရွံ့ရလေသည်။

အဲ့ဒါက တောက်လောင်နေသော နေရောင်ဖြစ်စေ အေးစက်စက် လေပြင်းတစ်ချက်ဖြစ်စေ သူတို့က နိုးထဝိညာဥ်များ၏ အမြုတေစိတ်ဝိညာဥ်ကို ဖျက်​ဆီးပစ်နိုင်လေသည်။

သို့သော်လည်း ဝူယွမ်သည် ပကတိနိုးထဝိညာဥ်အဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်ပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို သန့်စင်သော ယန်တစ်စွန်းတစ်စက ရစ်ပတ်လွှမ်းခြုံထားပြီး သူ့ကို အပြင်ဘက်မှာ အတန်ကြာထိ ကာကွယ်ပေးထားနိုင်လေသည်။

အနည်းဆုံးသော သူက သူ့ဂိုဏ်းသို့ ပြန်လည်ရောက်ရှိနိုင်ဖို့ ပြဿနာတစ်ခုမဟုတ်ပေ။

ထိုသည်ကို မြင်သောအခါ ရူရွှမ်ကလည်း နားလည်သွားခဲ့လေသည်။ သူမက အစိမ်းရောင်ဝတ်လူကို မျက်လုံးစွေကြည့်ပြီး တစ်တွတ်တွတ်ပြောဆိုလိုက်လေသည်။

“တစ်ကယ့်ကိုရှင်က လူရိုင်းလူကြမ်းပဲ... သူ့ကို အဲ့လောက်ထိဝေးဝေး လွင့်စင်ထွက်သွားအောင် ခွန်အားသုံးရမယ်လို့ ရှင့်ကို ဘယ်သူက ပြောလဲ တစ်ကယ်ပါပဲ... သူက သူ့ဂိုဏ်းကို ပြန်ရောက်သွားတော့မယ်”

လျှိုဟန်ယန်က မျက်မှောင်အနည်းငယ်ကြုတ်ပြီး တင်းမာသော အကြည့်တစ်ချက်နှင့် အော်လိုက်လေသည်။

“ရူရွှမ်ရေ...”

မည်သို့ပင်ဆိုစေ အစိမ်းရောင်ဝတ်လူက သူတို့၏ ကယ်တင်ရှင်ဖြစ်လေသည်။ သူမက ထိုသို့ မပြောသင့်ပေ။

ရူရွှမ်ကလည်း သူမ၏အမှားကို သိရှိသွားပြီး ဘာမှထပ်မပြောတော့ပဲ လျှာကို တစ်လစ်ထုတ်လိုက်လေသည်။

လျှိုဟန်ယန်က အစိမ်းရောင်ဝတ်လူဘက်သို့ လှည့်ပြီး ဦးညွတ်ကာ တောင်းပန်သည့် လေသံဖြင့်ပြောလိုက်လေသည်။

“ဂျူနီယာညီမ ရူရွှမ်က အဲ့ဒါကို အမှတ်တမဲ့ ပြောမိသွားတာပါ... ကျေးဇူးပြုပြီး အဲ့ဒါကို စိတ််ထဲမထားပါနဲ့”

အစိမ်းရောင်ဝတ်လူက ဂရုမထားဟန်ဖြင့် ပြုံး၍ အဝေးတစ်နေရာသို့ ထွက်ပြေးသွားသော ဝူယွမ်၏ အမြုတေစိတ်ဝိညာဥ်ကိုသာ သူက ကြည့်နေသည်။ ရုတ်တရက် သူကပါးစပ်ကိုဟပြီး ထူးဆန်းသည့်အသံတစ်သံကို အော်ထုတ်လိုက်လေသည်။

“ဥုံ...”

လေဟာနယ်တစ်ခုလုံးက တုန်ခါသွားသည်ဟု ထင်ရလေသည်။

အချိန်တိုအတွင်း ဝူယွမ်က ပေပေါင်းများစွာအကွာအဝေးသို့ ထွက်ပြေးနိုင်ခဲ့ပြီ ဖြစ်လေသည်။

ကပ်ဘေးကနေ လွတ်မြောက်လာနိုင်ခဲ့သော ဝမ်းသာပျော်ရွှင်မှုက သူ့ရင်ထဲသို့ လှိုက်တက်လာစဥ်မှာပင် သူ့နားထဲမှာ အသံတစ်သံကို ကြားလိုက်ရလေသည်။

ထိုအသံက ခမ်းနားထည်ဝါ၍ နတ်ဘုရားဆန်ပြီး ဧရာမခေါင်းလောင်းသံတစ်သံကဲ့သို့ သူ့စိတ်အာရုံထဲမှာ လှုပ်ခါသွားစေလေသည်။

ထိုအသံက လောကတစ်ခွင်မှာ အဆက်မပြတ် မြည်ဟည်းနေသည်ဟု ထင်ရလေသည်။

ဝူယွမ်၏ အမြုတေစိတ်ဝိညာဥ်က တဆတ်ဆတ် တုန်လှုပ်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဥ်ကို လွှမ်းခြုံထားသော သန့်စင်သော ယန်တစ်စွန်းတစ်စကလည်း ချက်ချင်းပင် အသံကြောင့် ကြေမွပျက်စီးသွားလေသည်။

သန့်စင်သော ယန်ချီ၏ ကာကွယ်မှုမရှိပဲ ဝူယွမ်၏ အမြုတေစိတ်ဝိညာဥ်က အပြင်လောကနှင့် ထိတွေ့သွားလေသည်။ အေးစက်စက်လေတစ်ချက် အဝှေ့မှာ အဲ့ဒါက တဖျပ်ဖျပ်ဖြစ်သွားပြီး သူ၏ အော်ရာက အလွန်တရာအားနည်းလာကာ လေထဲကနေ ပြုတ်ကျလာခဲ့လေသည်။

ထိုသည်ကိုမြင်သောအခါ ရူရွှမ်က ဘဲဥတစ်လုံးကို မြိုချလိုက်ရသည့်အလား သူမ၏ ပါးစပ်က အထိန်းအကွပ်မဲ့စွာ ပွင့်ဟသွား​လေသည်။

အစိမ်းရောင်ဝတ်လူက တစ်စုံတစ်ရာ ထူးခြားနေသည့်ပုံ မရှိသော်လည်း သူက တုန်လှုပ်ဖွယ်ရာ ကိစ္စများကို ထပ်တလဲလဲ ပြုလုပ်ပြနေလေသည်။

ဤလှုပ်ရှားကွက်ကလည်း ထို့အတူပင်။ သူ၏ ဟိန်းဟောက်သံကြောင့် အမြုတေစိတ်ဝိညာဥ်တစ်ခုက ကျဆုံးသွားခဲ့ရလေသည်။

နန်းကုန်လင်း၏ အသိသညာက အမျိုးသမီးကျင့်ကြံသူနှစ်ယောက်ထက် သာလွန်ပုံရပြီး သူက လေးနက်သော အသံဖြင့် ပြောလိုက်လေသည်။

“အဲ့ဒါက ဗုဒ္ဓကျောင်းတော်တွေရဲ့ ဂါထာမန္တာန်တစ်ခုပဲ”

အစိမ်းရောင်ဝတ်လူက သူ့ကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။

နန်းကုန်လင်းက မျက်မှောင်ကြုတ်၍ စဥ်းစားတွေးတောလိုက်လေသည်။

အသံပိုင်းဆိုင်ရာ လျှို့ဝှက်အတတ်များသည် အလွန်တရာရှားပါးပြီး သူ၏ နောက်ခံနှင့်ပင်လျှင် သူက အဲ့ဒါမျိုး တစ်ခုကိုမှ ကျင့်ကြံထားဖူးခြင်းမရှိပေ။

ဗုဒ္ဓဂိုဏ်းများ၏ အသံလျှို့ဝှက်အတတ်များမှာဆိုလျှင် စိန်ကျောင်းတော်၏ ခြင်္သေ့ဟိန်းသံက နာမည်ကြီးကျော်ကြားလေသည်။

သို့သော်လည်း စောစောက မန္တာန်အသံသည် သန်မာ၍ မြင့်မြတ်ထည်ဝါပြီး ခက်ထန်ကြမ်းကြုတ်သော ခြင်္သေ့ဟိန်းသံနှင့်မတူသည်မှာ သိသာလေသည်။

သူက အဲ့ဒါသည် ဗုဒ္ဓကျောင်းတော်များ၏ ဂါထာမန္တာန်ဖြစ်သည်ဟု ပြောဆိုနိုင်သော်လည်း သူက ဘယ်ကျောင်းတော်၏ အသံလျှို့ဝှက်အတတ်ဖြစ်သည်ကိုတော့ မခွဲခြားနိုင်ပေ။

အစိမ်းရောင်ဝတ်လူက ခပ်လှမ်းလှမ်းတွင်ရှိသော ဝူယွမ်၏ အမြုတေစိတ်ဝိညာဥ်ရှိရာသို့ လျှောက်လှမ်းသွားလေပြီ။

သူက ဝူယွမ်ထွက်ပြေးလွတ်မြောက်သွားမှာကို စိုးရိမ်ပူပန်မနေပေ။

ဝူယွမ်၏ အမြုတေစိတ်ဝိညာဥ်အပြင်ဘက်ရှိ သန့်စင်သောယန်ချီက မန္တာန်အသံကြောင့် ပျက်စီးကြေမွသွားပြီ ဖြစ်လေသည်။

သူက မတိုက်ခိုက်ဘူးဆိုလျှင်တောင် ဝူယွမ်က အပြင်ဘက်မှာ သိပ်ကြာကြာတောင့်ခံနိုင်မည်မဟု​တ်ပဲ သေဆုံးရမည်​ဖြစ်လေသည်။

နန်းကုန်လင်း ၊ လျှိုဟန်ယန်နှင့် ရူရွှမ်က ကပျာကယာ နောက်ကနေ လိုက်ပါသွားခဲ့၏။

ရူရွှမ်က သူမနှုတ်ခမ်းကို တင်းတင်းစေ့ပြီး နှာတစ်ချက်မှုတ်ကာ တစ်တွတ်တွတ်ပြောဆိုလိုက်လေသည်။

“တစ်ကယ်ပါပဲ... ရှင်က အဲ့ဒီအသံလျှို့ဝှက်အတတ်ကို စောစောကတည်းက ဘာလို့ထုတ်မသုံးတာလဲ... ရှင်က ကျွန်မတို့ကို သက်သက်အထင်လွဲအောင်လုပ်နေတာပဲ”

အစိမ်းရောင်ဝတ်လူက ပြန်လည်ပြောဆိုခြင်းမရှိပေ။

ရူရွှမ်က မျက်လုံးစွေကြည့်ပြီးနောက် သွားဖြီးကာ လိုက်ပါလာခဲ့လေသည်။

“ဟေး... ရှင်က မိန်းမချော​လေးနှစ်ယောက်ရှေ့မှာ ဟိတ်ဟန်လုပ်ပြီး စိတ်ဝင်စားခံချင်နေတာမလား...”

အစကတော့ နန်းကုန်လင်းသည် သူ့ဘာသူ အတွေးနက်နေခြင်း ဖြစ်လေသည်။ ထိုအသံကိုကြားသောအခါ သူက ခေါင်းကို မော့လိုက်ပြီး အစိမ်းရောင်ဝတ်လူကို ရန်လိုစိတ် တစ်စွန်းတစ်စနှင့် လှမ်းကြည့်လိုက်လေသည်။

သူက လျှိုဟန်ယန်၏ ရှေ့မှာ တမင်ပင်သွားရပ်ပြီး သူမကို အစိမ်းရောင်ဝတ်လူထံမှ ပိုင်းခြားထားလိုက်လေသည်။

အစိမ်းရောင်ဝတ်လူက သူတို့ကို အရေးမလုပ်သည့်အလား လက်နှစ်ဖက်ကို နောက်ပစ်ပြီး ရှေ့သို့ ဆက်လျှောက်သွားလေသည်။

သို့သော်လည်း ရူရွှမ်က အလျှော့မပေးပဲ သူ့နောက်သို့ အမီလိုက်သွားခဲ့လေသည်။

“ရှင်က ဘာမှပြန်မပြောဘူးဆိုတော့ အဲ့ဒါကို ဝန်ခံလိုက်တာပေါ့လေ... ဟုတ်တယ်မလား”

“ပြောပါဦး ရှင်က ဘယ်တစ်ယောက်ကို ကြိုက်တာလဲ... ကျွန်မကိုလား စီနီယာအစ်မလျှိုကိုလား”

“ရူရွှမ်...”

လျှိုဟန်ယန်က ကူကယ်ရာမဲ့သော အမူအရာဖြင့် ငေါက်ငမ်းလိုက်လေသည်။

ထိုစဥ်မှာပင် သူတို့လေးယောက်သည် ဝူယွမ်၏ အမြုတေစိတ်ဝိညာဥ်ရှိရာသို့ ရောက်ရှိလာခဲ့၏။

အချိန်လဏလေးအတွင်းမှာပင် ဝူယွမ်၏.အမြုတေစိတ်ဝိညာဥ်အော်ရာက အလွန်တရာအားနည်းလာပြီး အချိန်မရွေး သေဆုံးတော့မည်ကဲ့သို့ ဖြစ်လာလေသည်။

အစိမ်းရောင်ဝတ်လူက ရူရွှမ်ချည်းကပ်လာသည်ကို မြင်သောအခါ ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။

“ငါက သူ့ကိုအသက်ရှင်လျက် လိုချင်တာ... ငါသူ့ကို တစ်ခုခုမေးစရာရှိသေးတယ်”

“ငါက စောစောက မန္တန်အသံကို ချက်ချင်းမထုတ်ဖော်ဘူးဆိုတာ သူက အဲ့ဒီတုန်ခါလှိုင်းကနေ ချက်ချင်းသေဆုံးသွားမှာကို ငါစိုးရိမ်လို့ပဲ”

ရူရွှမ်က ကြောင်အမှင်တက်သွားခဲ့လေသည်။

အစိမ်းရောင်ဝတ်လူ၏ လေသံက တည်ငြိမ်နေသော်လည်း သူ၏အော်ရာက လွှမ်းမိုးခြယ်လှယ်မှု ရှိနေလေသည်။

ဒါ့အပြင် သူမက သူ၏စကားကို ခွန်းတုံ့ပြန်နိုင်ခြင်းမရှိပေ။

ဝူယွမ်၏ အမြုတေစိတ်ဝိညာဥ်က ပေပေါင်းများစွာ အကွာအဝေးသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့တာတောင် သူက ထိုဟိန်းဟောက်သံကြောင့် ဤအခြေအနေသို့ ကျဆင်းသွားခဲ့ရလေသည်။

အစိမ်းရောင်ဝတ်လူက သူ၏ အသံလျှို့ဝှက်အတတ်ကို ချက်ချင်းထုတ်ဖော်လိုက်မည်ဆိုလျှင် ဝူယွမ်၏ အမြုတေစိတ်ဝိညာဥ်က နေရာမှာပင် ချက်ချင်းပျက်စီးသွားရမည်မှာ စဥ်းစားကြည့်ဖို့မခက်ခဲပေ။

All Chapters