← Chapters

သူက ဘယ်လိုတောင် ရဲတင်းနေတာလဲ

Vol. 60 Ch. 899

သူက ဘယ်လိုတောင် ရဲတင်းနေတာလဲ

Vol. 60 Ch. 899

ခဏကြာ တိတ်ဆိတ်နေပြီးနောက် လျှိုဟန်ယန်က ညင်သာစွာပြုံး၍ ဆူဇီမိုကို ရွှန်းလဲ့နေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်၏။

“တာအိုရောင်းရင်း စကားပြောနေရင်းနဲ့ လမ်းကြောင်းကလွဲလာခဲ့ပြီ.. ရှင်နာမည်ကိုတောင် ကျမတို့ မသိရသေးဘူးနော်”

ဆူဇီမိုသည် ခဏမျှ စဉ်းစားလိုက်၏။

“ငါ့နာမည်က မိုလင်း”

အဲ့ဒါက သူသည် မဟာကျိုးမြို့တော်မှာ နတ်ပန်းပဲဆရာတစ်ယောက်အဖြစ် ကျော်ကြားခဲ့စဉ်က အသုံးပြုခဲ့သော နာမည်တစ်ခု ဖြစ်လေသည်။

ယခုသူက ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ အကြီးမားဆုံး လက်နက်သွန်းလုပ်ခြင်းဂိုဏ်းသို့ ရောက်ရှိတော့မည်ဖြစ်တာကြောင့် ထိုနာမည်ကို ပြန်လည်အသုံးပြုလိုက်ခြင်းက အတော်လေး စိတ်ဝင်စားဖို့ ကောင်းလေသည်။

“မို.လင်း”

လျှိုဟန်ယန်နှင့် ရူရွှမ်က စဉ်းစားကြည့်လိုက်သော်လည်း ထိုနာမည်ကို သူတို့တစ်ခါမှ မကြားဖူးခဲ့ပေ။

အရင်က မိုလင်းသည် မဟာကျိုးအင်ပါယာအတွင်းမှာသာ သူ၏ နာမည်ကို တည်ဆောက်နိုင်ခဲ့ခြင်း ဖြစ်လေသည်။ အလယ်ပိုင်းတိုက်က ကျင့်ကြံသူများကို မပြောနှင့်.. မြောက်ပိုင်းဒေသက ကျင့်ကြံသူများပင်လျှင် သူ့နာမည်ကို ကြားဖူးကြလိမ့်မည် မဟုတ်ပေ။

နှစ်တစ်ရာကျော်ကြာပြီးနောက် ဆူဇီမိုနှင့် မိုလင်းကို ဆက်စပ်ကြည့်နိုင်မည့်သူက အနည်းအကျဉ်းမျှသာ ရှိပေတော့မည်။

နန်းကုန်လင်း၏ အကြည့်က တဖျပ်ဖျပ်ဖြစ်သွားပြီး သာမန်ကာလျှံကာပုံစံဖြင့်ပင် မေးလိုက်၏။

“တာအိုရောင်းရင်း.. ခင်ဗျားကြည့်ရတာ အားမနည်းပါဘူး.. ခင်ဗျားက ဘယ်ဂိုဏ်းက လာတာလဲ မသိဘူး”

နန်းကုန်လင်းက သူ့ကို စမ်းသပ်နေခြင်းဖြစ်ကြောင်း ဆူဇီမိုက ပြောနိုင်လေသည်။ သို့သော်လည်း သူက အဲ့ဒါအတွက် ပြင်ဆင်ထားပြီးဖြစ်ကာ တည်ငြိမ်သောအမူအယာဖြင့်ပင် ပြန်ဖြေလိုက်၏။

“ကျုပ်က ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ပါ.. ဘယ်ဂိုဏ်း၊ ဘယ်အဖွဲ့အစည်းကမှ မဟုတ်ပါဘူး”

နန်းကုန်လင်းက မျက်မှောင်ကြုတ်လိုက်၏။

“သူ့ရဲ့ သရုပ်သကန်က နဲနဲထူးခြားပုံရတယ်.. သူက အမှန်အတိုင်း ပြောမပြတာ သေချာတယ်”

နန်းကုန်လင်းသည် လျှိုဟန်ယန်နှင့် ရူရွှမ်ဆီသို့ အသံတစ်ခုကို တိတ်တဆိတ် ထုတ်လွှင့်ပို့လွှတ်လိုက်၏။

ရူရွှမ်က အလောတကြီး ပြန်ပြောလိုက်၏။

“ငါလဲ အဲ့လို ခံစားနေရတယ်.. သူက ဘယ်ဂိုဏ်း၊ ဘယ်အဖွဲ့ကမှ မဟုတ်ဘူးဆို.. ငါတို့ရဲ့ သွေးနီရောင်မီးတောက်စိတ်နှလုံး လျှို့ဝှက်သုတ္တန်ကို သူက ဘယ်လိုလုပ်ပြီး သိနေရတာလဲ”

သွေးနီရောင်မီးတောက်စိတ်နှလုံးသုတ္တန်က ဒီအတိုင်း ကျင့်ကြံလို့ရသော နည်းစနစ်တစ်ခု မဟုတ်ပေ။

အသွန်းတစ်ရာဂိုဏ်းတွင် မျိုးဆက်များစွာ ရှိကြ၏။ သို့သော် သူတို့မျိုးဆက်သာလျှင် အဲ့ဒါကို ကျင့်ကြံဖို့ အဆင့်မီလေသည်။

ခြေသလုံးအိမ်တိုင်ကျင့်ကြံသူတစ်ယောက်ကို မပြောနှင့်.. အခြားသော ဂိုဏ်း၊ အဖွဲ့အစည်းများမှ ကျင့်ကြံသူများပင်လျှင် အဲ့ဒါကို ကျင့်ကြံရဖို့ အဆင့်မမီပေ။

နန်းကုန်လင်းတို့မျိုးဆက်တွင် ကျင့်ကြံသူများများစားစား မရှိသော်လည်း အသွန်းတစ်ရာဂိုဏ်းတွင် သူတို့၏ အဆင့်အတန်းက အတော်လေး မြင့်မားလေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့မျိုးဆက်သည် သူတို့၏ ဆရာဘိုးဘိုးအဆုံးစွန်မီးထံမှ ဆင်းသက်လာခြင်း ဖြစ်သောကြောင့်ပင်။

သွေးနီရောင်မီးတောက်စိတ်နှလုံးသုတ္တန်ကို သူတို့၏ တည်ထောင်သူဂိုဏ်းသခင်က အမွေအနှစ်အဖြစ် လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်ပြီး အထင်အမြင်သေးလို့ မရပေ။

ကျင့်ကြံသူတစ်ယောက်က ထိုမနောကျင့်ကြံခြင်းနည်းစနစ်ကို ရရှိနိုင်မည်ဆိုလျှင်တောင် အောင်မြင်အောင် ကျင့်ကြံနိုင်ဖို့က ရာခိုင်နှုန်း အတော်နည်းလေသည်။

ဂိုဏ်းအပြင်ဘက်ရှိ မည်သူမည်ဝါ မသိရသော ကျင့်ကြံသူတစ်ယောက်က သွေးနီရောင်မီးတောက်စိတ်နှလုံးသုတ္တန်ကို သိရှိနေသည်ကို မြင်သောအခါ နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က ဘယ်လိုလုပ် မတုန်လှုပ်ဘဲ နေပါမည်နည်း။

တစ်ချိန်တည်းမှာပင် တာအိုအရှင်အဆုံးစွန်မီး၏ အသံက ဆူဇီမို၏ စိတ်ထဲမှာ ထွက်ပေါ်လာ၏။

“ငရဲမီးစံအိမ်အကြောင်း သူတို့ကို မေးလိုက်”

ဆူဇီမိုက ညင်သာစွာ ချောင်းဟန့်၍ မေးလိုက်၏။

“ဟိုလူက ငရဲမီးစံအိမ်ကလို့ ငါကြားလိုက်ပါတယ်.. သူတို့ရဲ့နောက်ခံက ဘာလဲ”

ထိုမေးခွန်းကို ကြားသောအခါ နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က အံ့အားသင့်သွားကြ၏။

ရူရွှမ်က တည့်တည့်ပင် သူ့ကို စိုက်ကြည့်ပြီး မေးလိုက်၏။

“ငရဲမီးစံအိမ်ကို ရှင်တစ်ခါမှ မကြားဖူးဘူးလား”

“ငါက အလယ်ပိုင်းတိုက်က ကျင့်ကြံသူတစ်ယောက် မဟုတ်ဘူးလေ.. တခြားဒေသတစ်ခုက ရောက်လာတာပဲ.. ငရဲမီးစံအိမ်ရဲ့အမည်ကို ငါတစ်ကယ်ပဲ မသိဘူး”

ဆူဇီမိုက မျက်ခုံးပင့်ပြီး တမင်မေးလိုက်၏။

“ဘာလို့လဲ.. ငရဲမီးစံအိမ်က အရမ်းနာမည်ကြီးပြီး အသွန်းတစ်ရာဂိုဏ်းထက်တောင် ပိုပြီး စွမ်းအားကြီးလို့လား”

တစ်စုံတစ်ယောက်က သူမ၏ အမြီးကို နင်းလိုက်သည့်အလား ရူရွှမ်သည် ထခုန်၍ အော်ပြောလိုက်၏။

“အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”

သူမက ဒေါသတကြီးဖြင့် ပြောလိုက်၏။

“ငရဲမီးစံအိမ်ကို ငါတို့ဂိုဏ်းရဲ့ သစ္စာဖောက်တစ်ယောက်က တည်ထောင်ထားတာပဲ.. သူတို့က သိပ်မကြာသေးခင် နှစ်တွေကမှ နာမည်တစ်ခု ရလာတာ.. သူတို့က ငါတို့ကို ဘယ်လိုလုပ် ယှဉ်နိုင်ပါ့မလဲ”

“သစ္စာဖောက်လား”

ဆူဇီမိုက မေးလိုက်၏။

“ဘယ်သူက အသွန်းတစ်ရာဂိုဏ်းကို သစ္စာဖောက်ခဲ့တာလဲ”

တစ်ကယ်တော့ ထိုမေးခွန်းကို တာအိုအရှင်အဆုံးစွန်မီးက မေးခိုင်းခြင်း ဖြစ်လေသည်။

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်သည် ထိုမေးခွန်းမှာ မှင်တက်သွားပြီး သူတို့၏ မျက်လုံးများထဲတွင် တွေဝေရှုပ်ထွေးမှုအရိပ်အယောင်က ပေါ်လာခဲ့၏။ ထိုကိစ္စနှင့် ပတ်သတ်၍ သူတို့က ရေရေရာရာ မသိသည်မှာ သိသာနေ၏။

ရူရွှမ်က အံကိုကြိတ်လိုက်၏။

“ဘယ်လိုပဲဖြစ်ဖြစ်.. သူက သေချာပေါက် သစ္စာဖောက်တစ်ယောက်ပဲ.. ငါကြားတာ ငရဲမီးစံအိမ်သခင်ရဲ့ အစွမ်းအစတွေက ငါတို့အသွန်းတစ်ရာဂိုဏ်းကနေ သင်ယူသွားခဲ့တာတဲ့”

နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က ငယ်ရွယ်ကြသေးပြီး အဲ့ဒီလျှို့ဝှက်ချက်များနှင့် ပတ်သတ်၍ မသိနိုင်လောက်သည်ကို ဆူဇီမို မြင်သောအခါ သူက ထပ်၍ မေးမနေတော့ပေ။

ဆူဇီမိုသည် ခဏမျှ တွေးတောပြီးနောက် ထပ်၍ မေးလိုက်၏။

“ငရဲမီးစံအိမ်က အဲ့ဒီကျင့်ကြံသူက အန္တရာယ်များမှန်း သိတာတောင် ဒီနေရာထိ မင်းတို့နောက်ကို ဘာလို့ လိုက်လာတာလဲ”

“အဲ့ဒါက တစ်ကယ်တော့....”

ရူရွှမ်က ပြန်ဖြေတော့မည် ပြုစဉ်မှာပင် လေးနက်သော အသံတစ်သံက သူမ၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့၏။

နန်းကုန်လင်းက အသံတစ်ခုကို အလောတကြီး ထုတ်လွှင့်ပိုလွှတ်လိုက်ခြင်း ဖြစ်လေသည်။

“သူ့ရဲ့နောက်ခံနဲ့ သရုပ်မှန်ကို ငါတို့က သိရသေးတာ မဟုတ်ဘူး.. နေရာတကာ အကုန်လျှောက်ပြောပြမနေနဲ့”

“မင်းက စာအုပ်တစ်အုပ်ကို မျက်နှာဖုံးကြည့်ပြီး အကဲဖြတ်လို့ မရဘူး.. ကျင့်ကြံရေးလောကမှာ ကောက်ကျစ်စဉ်းလဲတဲ့လူတွေက နေရာတိုင်းမှာ ရှိနေတာ.. ဘာကိုမှ သေချာမသိရသေးခင် ငါတို့ သတိကြီးကြီးထားရလိမ့်မယ်”

ရူရွှမ်က သူမ၏ လျှာကို တစ်လစ်ထုတ်ပြီး သတိထားသော အမူအယာဖြင့် ဆူဇီမိုကို စိုးရွံ့စွာ ကြည့်လိုက်၏။

ဆူဇီမိုက ပေါ့ပါးစွာ ပြုံးလိုက်၏။

“မင်းက အဲ့ဒါကို ပြောပြဖို့ အဆင်မပြေဘူးဆိုလဲ ရပါတယ်”

ဘာကြောင့်ရယ်မသိ.. လျှိုဟန်ယန်သည် ဆူဇီမိုအပေါ် ဖော်မပြတတ်သော ယုံကြည်မှုတစ်ခု ရှိနေလေသည်။

ဤလူက ကြမ်းတမ်းသော ရုပ်ရည်သွင်ပြင်ရှိပြီး တင့်တယ်ကြည့်ကောင်းသည်ဟု သတ်မှတ်လို့ မရနိုင်ပေ။ သို့သော်လည်း သူက ပွင့်လင်း၍ ရိုးဖြောင့်၏။ သူ၏ လှုပ်ရှားမှုတစ်ခုစီတိုင်းက ကန့်သတ်ချုပ်နှောင်မှုမရှိသော အော်ရာတစ်ခုကို ထုတ်ပေးနေလေသည်။

ဒါ့အပြင် ထိုလူက အခုလေးတင် သူတို့ကို ကယ်တင်ခဲ့လေသည်။

“ငရဲမီးစံအိမ်ကလူတွေ ကျမတို့နောက် လိုက်လာရတာက.. ကျမတို့ ရရှိခဲ့တဲ့ ပစ္စည်းနှစ်ခုကြောင့်ပဲ”

လျှိုဟန်ယန်က နန်းကုန်လင်း၏ အကြည့်ကို လျစ်လျူရှုပြီး ပြောလိုက်၏။

“အဲ့ဒါက ဥက္ကာခဲနဲ့ ဆိုးယုတ်မြေကမ္ဘာကြေးနက်ပဲ”

အဲ့ဒါတွေက ဓမ္မလက်နက်များ သွန်းလုပ်ဖို့အတွက် ထိပ်တန်းအဆင့် ပစ္စည်းနှစ်မျိုး ဖြစ်လေသည်။

သူက ဥက္ကာခဲကိုသုံးပြီး ဓမ္မလက်နက်များကို သန့်စင်သွန်းလုပ်မည်ဆိုလျှင် သူက ဓမ္မအင်းကွက်ခြောက်ခုနှင့် မူလဓမ္မလက်နက်တစ်ခုကိုပင် ဖန်တီးနိုင်ဖို့ အခွင့်ရှိကြောင်း တာအိုအရှင်အဆုံးစွန်မီးက ဆူဇီမိုကို တစ်ခါ ပြောခဲ့ဖူးလေသည်။

ဆိုးယုတ်မြေကမ္ဘာကြေးနက်ကတော့.. အဲ့ဒါကလည်း ကြွယ်ဝသော ကောင်းကင်နှင့် မြေကြီးစွမ်းအားများ ပါရှိသည့် ထိပ်တန်းအဆင့်ရတနာတစ်ခု ဖြစ်လေသည်။

ကြေးနက်သည် အစကတည်းက ရှားရှားပါးပါး စိတ်ဝိညာဉ်ပစ္စည်းတစ်ခု ဖြစ်၏။ သူက သေးငယ်သော ဆိုးယုတ်မြေကမ္ဘာကြေးနက်ပိုင်းတစ်စကို သိပ်သည်းစုဖွဲ့ချင်သည်ဆိုလျှင် သူက ဆိုးယုတ်ချီဖြင့် ဝန်းရံထားသောနေရာတွင် အဲ့ဒါကို နှစ် ၁၀၀၀၀ကြာအောင် အားဖြည့်ပေးရမည် ဖြစ်လေသည်။

ထိုပစ္စည်းနှစ်မျိုးက တန်ဖိုးဖြတ်လို့ မရနိုင်ဘဲ တစ်ခုပေါ်ထွက်လာလျှင်တောင် များစွာသော ပညာရှင်များက အဲ့ဒါအတွက် တိုက်ခိုက်သတ်ဖြတ်ကြပေလိမ့်မည်။

လျှိုဟန်ယန်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူမ၏ မျက်ခုံးနှစ်ဖက်ကို စိုးရိမ်ပူပန်စွာ တွန့်လိုက်၏။

“နောက်ထပ် အချိန်နဲနဲကြာရင်.. ကျမတို့အသွန်းတစ်ရာဂိုဏ်းက ငရဲမီးစံအိမ်နဲ့ လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲတစ်ပွဲ ဆင်နွှဲရဖို့ရှိတယ်.. အဲ့အချိန်ကျရင် ဂိုဏ်းကြီးတွေအကုန်လုံးက တက်ရောက်ကြလိမ့်မယ်.. အသွန်းတစ်ရာဂိုဏ်းက ဘယ်လိုမှ ရှုံးလို့ မဖြစ်ဘူး”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

ငရဲမီးစံအိမ်က ကြီးမားသည့်အင်အားစုတစ်ခုကို စေလွှတ်၍ နန်းကုန်လင်းနှင့် အခြားနှစ်ယောက်ကို သတ်ဖြတ်ကာ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်ပစ္စည်းနှစ်ခုကို လုယူခိုင်းလိုက်လေသည်။ ထိုသို့ဖြင့် သူတို့က လာမည့်လက်နက်သွန်းလုပ်ခြင်းပြိုင်ပွဲမှာ အနည်းငယ် ပို၍ အသာစီးရရှိလာပေလိမ့်မည်။

လျှိုဟန်ယန်၏ မျက်လုံးများထဲမှ စိုးရိမ်ပူပန်နေမှုကို သတိထားမိသွားပြီး ဆူဇီမိုက မနေနိုင်ဘဲ မေးလိုက်၏။

“မင်းက စိတ်ဝိညာဉ်ပစ္စည်းနှစ်ခုကို ရနေပြီးတာတောင် စိုးရိမ်နေတုန်းပဲလား”

လျှိုဟန်ယန်က ခေါင်းညိတ်၍ ပြောလိုက်၏။

“အဲ့ဒီပြိုင်ပွဲအတွက် ငရဲမီးစံအိမ်က စေလွှတ်မယ့်သူက လက်နက်သွန်းလုပ်တဲ့နေရာမှာ ပါရမီရှင်တစ်ယောက်ပဲ.. သူက တစ်ခါတုန်းက မူလပကတိအရှင်ဓမ္မလက်နက်တစ်ခုကိုတောင် ကိုယ်တိုင်သွန်းလုပ်နိုင်ခဲ့တယ်.. ကျမက အဲ့ဒီနေရာမှာ သူ့ကို မယှဉ်နိုင်လောက်ဘူး”

မူလဓမ္မလက်နက်များကို သွန်းလုပ်ရခြင်းက အရမ်းကို ခက်ခဲလေသည်။

သည့်အရင်က သူ၏ အာရုံခံသတိစိတ်နှင့်ပင် ဆူဇီမိုက ပကတိအဆင့်စိတ်ဝိညာဉ်လက်များကိုသာ သွန်းလုပ်နိုင်ခဲ့လေသည်။

သူ၏ မူလစိတ်ဝိညာဉ်လက်နက်အချို့က ပျက်စီးထားသောလက်နက်များကို ပြန်ပြင်ထားခြင်းသာ ဖြစ်လေသည်။

အဲ့ဒါက မူလဓမ္မလက်နက်တစ်ခုကို ဖန်တီးရခြင်းထက် များစွာပို၍ လွယ်ကူလေသည်။

ဆူဇီမိုက မေးလိုက်၏။

“မင်းရှုံးသွားမယ်ဆို ဘာဖြစ်မလဲ”

လျှိုဟန်ယန်က သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့၍ အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ ခါးသက်စွာဖြင့် ပြောလိုက်၏။

“တစ်သီးပုဂ္ဂလေးအုပ်စုကြားမှာ အသွန်းတစ်ရာဂိုဏ်းက အစားထိုးခံရလိမ့်မယ်”

“သူက ဘယ်လိုတောင် ရဲတင်းနေတာလဲ!”

မင်းဝမ်ဆုတောင်းပုတီးအတွင်းကနေ ဒေါသတကြီး အသံတစ်သံက ထွက်ပေါ်လာလေသည်။

ချက်ချင်းပင်.. ကောင်းကင်ကိုပင် လောင်ကျွမ်းပစ်တော့မည့်အလား ချစ်ချစ်တောက်ပူပြင်းသော အော်ရာတစ်ခုက ဖြန့်ကျက်ထွက်ပေါ်လာခဲ့၏။

All Chapters