ဆရာဘိုးဘိုး
Vol. 60 Ch. 900
“ဟမ့်...”
နန်းကုန်လင်းနှင့်အခြားနှစ်ယောက်သည် ရုတ်တရက်ထွက်ပေါ်လာသော အော်ရာနှင့်အသံမှာ တုန်လှုပ်သွားကြလေသည်။
မင်းဝမ်ဆုတောင်းပုတီးသည် ဆူဇီမို၏ လက်ကောက်ဝတ်မှာ ချိတ်ဆွဲထားပြီး အဲ့ဒါက သူ၏ အင်္ကျီလက်စအတွင်းမှာ ကွယ်ဝှက်နေလေသည်။
အဲ့ဒီနောက် ကြောက်စရာကောင်းအပူလှိုင်းကို ထုတ်ပေးလိုက်သူမှာ ဆူဇီမိုဖြစ်ရမည်ဟု နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က အလိုလိုတွေးမိလိုက်ကြလေသည်။
သို့သော်လည်း သူတို့သုံးယောက်က တစ်စုံတစ်ရာ လွဲမှားနေသည်ကို ခံစားမိလေသည်။
စောစောကအသံက အနည်းငယ်အိုမင်းနေပုံပေါက်ပြီး အဲ့ဒါက ဆူဇီမို၏အသံနှင့် လုံးဝမတူပေ။
ဒါ့အပြင်သူ၏အသံက အဆုံးမဲ့သော အမျက်ဒေါသဖြင့် ပြည့်နှက်နေလေသည်။
အဲ့ဒီလူက အသွန်းတစ်ရာဂိုဏ်းရဲ့ အရေးကိစ္စနဲ့ဘယ်လိုများ ပက်သက်လို့လဲ။
သူက ဘာလို့အဲ့လောက်တောင် ဒေါသထွက်နေရတာလဲ။
အဲ့ဒါက ရယ်စရာကောင်းလွန်းလေသည်။
ထိုစဥ်မှာပင် အလွန်တရာကြောက်စရာကောင်းသော စိတ်ဝိညာဥ်အသိစိတ်တစ်ခုက ခပ်ဝေးဝေးကနေ ဆင်းသက်လာခဲ့လေသည်။
ဆူဇီမိုသည် ဤအဆင့်မှာရှိသော စိတ်ဝိညာဥ်အသိစိတ်တစ်ခု၏ စွမ်းအားကို သားရဲတစ်ထောင်တောင်ကြားမှာ ကြိမ်ဖန်များစွာ တွေ့ကြုံခံစားခဲ့ဖူးလေသည်။
အဲ့ဒါက ဓမ္မဝိသေသတစ်ယောက်၏ စိတ်ဝိညာဥ်အသိစိတ်ဖြစ်လေသည်။
ထို့နောက်ချက်ချင်းပင်လျင် ဟိန်းဟောက်သံတစ်သံက ထွက်ပေါ်လာပြီး ခပ်ဝေးဝေးကနေ ကြေက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် ချည်းကပ်လာခဲ့လေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် အဲ့ဒါက ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက် ဖြစ်လေသည်။
ဝင်ရောက်လာသူက အသွန်းတစ်ရာဂိုဏ်းဘက်ကနေ လာခြင်းဖြစ်သည်ကို ဆူဇီမိုက သတိထားမိလိုက်ပြီး အနည်းငယ် စိတ်သက်သာရာရသွားလေသည်။
အခြားတစ်ဖက်မှာတော့ နန်းကုန်လင်းနှင့် အခြားနှစ်ယောက်သည် ထိုဟိန်းဟောက်သံကို ကြားသောအခါ ကျေနပ်နှစ်ခြိုက်သွားကြလေသည်။
နန်းကုန်လင်းက လေးနက်သောအသံဖြင့်ပြောလိုက်၏။
“အဲ့ဒါက ဆရာပဲ...”
“ဆရာက ငါတို့ကို လာခေါ်ပြီဟေ့”
ရူရွှမ်က ဝမ်းသာပျော်ရွှင်စွာဖြင့် လက်ခုပ်လက်ဝါးတီးလိုက်လေသည်။
လျှိုဟန်ယန်က ဆူဇီမိုဘက်သို့ လှည့်ပြီးတီးတိုးပြောလိုက်လေသည်။
“အဲ့ဒါက ကျွန်မတို့ရဲ့ ဆရာပဲ... သူ့ရဲ့တာအိုဘွဲ့က ကြယ်သွေးနီ... သူက ဓမ္မဝိသေသ တာအိုအရှင်တစ်ယောက်ပဲ”
ဆူဇီမိုက ခေါင်းညိတ်လိုက်လေသည်။
တစ်ခဏအတွင်းမှာပင် အရပ်ရှည်ရှည်နှင့် သန်မာအားကောင်းသော ပုံရိပ်တစ်ခုက ဆင်းသက်လာခဲ့လေသည်။
ဝင်ရောက်လာသူက ဆူဇီမိုထက် ခေါင်းတစ်လုံးစာ ပိုမြင့်လေသည်။ သူက တောက်လောင်တော့မည့်အလား မီးတောက်အင်းကွက်များနှင့် သွေးနီရောင်တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ခမ်းနားထည်ဝါစွာဖြင့် လျှောက်လှမ်းလာခဲ့လေသည်။
“ဆရာ...”
နန်းကုန်လင်းနှင့် လျှိုဟန်ယန်က ဦးညွတ်လိုက်လေသည်။
ရူရွှမ်က သွားဖြီး၍ ရှေ့သို့ပြေးတက်သွားပြီး ထိုသူ၏ လက်ကို ကိုင်လှုပ်ခါကာ ချွဲချွဲနွဲ့နွဲ့လေသံဖြင့် ပြောလိုက်လေသည်။
“ဆရာ... ဆရာက ဒီကို ဘာလို့ရောက်လာတာလဲ...”
တာအိုအရှင်ကြယ်သွေးနီက တစ်ချက်ဝှေ့ကြည့်ပြီး စီးပိုးခြယ်လှယ်သော ပုံစံဖြင့် နှာတစ်ချက်မှုတ်လိုက်လေသည်။
ရူရွှမ်က ကြောက်ရွံ့သွားပြီး သူမ၏လက်ကိုချက်ချင်းရုတ်ကာ တည်တံ့သော အမူအရာဖြင့်ဦးညွတ်လိုက်လေသည်။
“ဆရာ့ကိုနှုတ်ဆက်ပါတယ်...”
တာအိုအရှင်ကြယ်သွေးနီက လေးနက်သောအသံဖြင့်ပြောလိုက်လေသည်။
“အစကတော့ ငါက တံခါးပိတ်ကျင့်ကြံမလို့ပဲ... ဒါပေမယ့်လို့ ငါ့စိတ်ထဲမှာ တစ်ခုခုကို ခံစားမိလိုက်လို့... ငါ ဂိုဏ်းကနေထွက်လာပြီး သိပ်မကြာခင် ဒီမှာတိုက်ပွဲတစ်ပွဲဖြစ်နေတာကို အာရုံခံမိလို့ အမြန်ရောက်ချလာတာပဲ”
ခဏမျှရပ်တန့်ပြီးနောက် သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုကာ မြေပြင်ပေါ်တွင် လဲကျနေသော အလောင်းများကိုကြည့်လိုက်လေသည်။ နောက်ဆုံးမှာတော့ သူ၏အကြည့်က ဆူဇီမိုအပေါ် ရောက်ရှိသွားလေသည်။
“ကြည့်ရတာ ငါက နောက်ကျသွားပြီနဲ့တူတယ်”
ဆူဇီမိုက လက်နှစ်ဖက်ကို ဆုပ်ပြီးအနည်းငယ်ဦးညွတ်လိုက်လေသည်။
“ဒီက စီနီယာကို နှုတ်ဆက်ပါတယ်... ကျုပ်က မိုလင်းပါ”
“ငါ့ရဲ့သုံးစားမရတဲ့ တပည့်သုံးယောက်ကို ကယ်တင်ပေးခဲ့တာက မင်းလား...”
တာအိုအရှင်ကြယ်သွေးနီက ဖိနှိမ်နိုင်သော အော်ရာတစ်ခုနှင့် ဖြည်းဖြည်းချင်းမေးလိုက်လေသည်။
တာအိုအရှင်ကြယ်သွေးနီ၏ စွမ်းပကားနှင့်ရင်ဆိုင်ရချိန်တွင် ဆူဇီမိုက ပေါ့ပေါ့ပါးပါးရှိနေပြီး တည်ငြိမ်သော အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။
“ကျုပ်က ဒီနားကို ဖြတ်သွားရင်းနဲ့ ကြုံကြိုက်လို့ ကူညီပေးလိုက်တာပါ”
“ဟုတ်ပြီလေ...”
တာအိုအရှင်ကြယ်သွေးနီက စိတ်ထဲကနေ ချီူကျူးလိုက်လေသည်။
နိုးထဝိညာဥ်တစ်ယောက်အနေဖြင့် သူ၏ဖိနှိမ်နိုင်သော အော်ရာအောက်မှာ တည်ငြိမ်၍ ဣန္ဒြေရနေနိုင်သည်က ရှားရှားပါးပါးဖြစ်လေသည်။
တာအိုအရှင်ကြယ်သွေးနီက သူ၏ ဖိအားကို ရုပ်သိမ်းလိုက်ပြီး ရင်းနှီးဖော်ရွေသော ပုံစံဖြင့် မေးလိုက်လေသည်။
“ငါ့ရဲ့ မိတ်ဆွေလေး... မင်းက ငါ့ရဲ့သုံးစားမရတဲ့ တပည့်သုံးယောက်ကို ငါ့အစား ကူညီပြီးတော့ ကယ်တင်ပေးလိုက်တာပဲ... မင်းက ဆုလာဘ်အဖြစ် ဘာကိုလိုချင်လဲ အဲ့ဒါက ငါတတ်နိုင်တဲ့ နယ်ပယ်အတွင်းမှာ ရှိမယ်ဆိုရင် ငါက ငြင်းမှာမဟုတ်ဘူး”
ဆူဇီမိုက ငြင်းပယ်မည် ပြုစဥ်မှာပင် နန်းကုန်လင်းက မကျေမနပ်ဖြင့် အော်ပြောလိုက်လေသည်။
“ဆရာ...”
“ဟမ့်...”
တာအိုအရှင်ကြယ်သွေးနီက မျက်မှောင်ကြုတ်ပြီး ဘေးဘက်သို့ လှည့်ကြည့်လိုက်လေသည်။
နန်းကုန်လင်းက တစ်စုံတစ်ရာကို ပြောဆိုခြင်းမရှိသော်လည်း သူက စိတ်ဝိညာဥ်အသိစိတ်ဖြင့် အသံတစ်ခုကို ထုတ်လွင့်ပို့လွှတ်နေသည်မှာ သိသာလေသည်။
တာအိုအရှင်ကြယ်သွေးနီ၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများက နတ်ဘုရားဆန်ဆန်အလင်းဖြင့် တောက်ပလာကာ တာအိုအရှင်တစ်ယောက်၏ အော်ရာက တစ်ဖန်ပြန်လည်ဆင်းသက်လာခဲ့လေသည်။
သူက မျက်လုံးကို မှေးကျဥ်းလိုက်ပြီး လျှိုဟန်ယန်နှင့် ရူရွှမ်ဘက်သို့ လှည့်ကြည့်ကာ လေးနက်သော အသံဖြင့်မေးလိုက်လေသည်။
“လင်းအာပြောတာက အမှန်ပဲလား...”
ရူရွှမ်က ခေါင်းညိတ်ပြလိုက်လေသည်။
လျှိုဟန်ယန်က ဆူဇီမိုကို စိုးရိမ်ပူပန်စွာကြည့်ပြီး သူမကလည်း ခေါင်းညိတ်ပြလိုက်လေသည်။
ရုတ်တရက် တာအိုအရှင်ကြယ်သွေးနီက ဆူဇီမိုဘက်သို့ လှည့်ပြီး ချစ်ချစ်တောက်ပူလောင်သော အော်ရာတစ်ခုနှင့်အတူ လျှောက်လှမ်းသွားလေသည်။ သူ၏အကြည့်က အေးစက်ခက်ထန်နေလေသည်။
“ပြောစမ်း... မင်းက သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်ကို ဘယ်ကနေ သင်လာခဲ့တာလဲ”
“မင်းက ဘယ်သူလဲ...”
တာအိုအရှင်ကြယ်သွေးနီက ဆူဇီမိုကို လောင်ကျွမ်းပြာချပစ်ချင်သည့်အလား သူ၏အကြည့်က တောက်လောင်၍ ခြိမ်းခြောက်ဖွယ်ရာကောင်းနေလေသည်။
“ဆရာ...”
လျှိုဟန်ယန်က အလောတကြီးပြောလိုက်လေသည်။
“ဒီက တာအိုရောင်းရင်းက ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှမရှိပဲ ကျွန်မတို့ သုံးယောက်ကို ကယ်တင်ပေးခဲ့တာ... ကျေးဇူးပြုပြီး သနားညှာတာပေးပါဦးဆရာ”
“ဟမ့်...”
တာအိုအရှင်ကြယ်သွေးနီက သူမကို ပြန်လှည့်ကြည့်ခြင်းမရှိပဲ ဆူဇီမိုကိုသာ အေးစက်စွာဖြင့် စိုက်ကြည့်နေလေသည်။
“အဲ့ဒါကတော့ သူက ရိုးသားမှုရှိလား မရှိဘူးလားဆိုတာပေါ်ပဲ မူတည်တယ်... သူက ငါ့ကို အကြောင်းပြချက်ကောင်းတစ်ခု ပေးနိုင်မယ်ဆိုရင် ငါက သူ့ကို သတ်မှာမဟုတ်ဘူး”
“သွေးနီရောင်မီးတောက် စိတ်နှလုံးသုတ္တန်က ငါတို့ရဲ့ ဆရာဘိုးဘိုး အမွေပေးထားခဲ့တာ... အဲ့ဒါက ငါတို့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်ပဲ... အဲ့ဒါကို မင်းတို့သိထားရမယ် ငါတို့က အဲ့ဒါကို ပေါက်ကြားခံလို့မဖြစ်ဘူး”
“သူက ကောင်းကောင်းရှင်းမပြနိုင်ဘူးဆိုရင် သူက ဒီနေ့သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာမဟုတ်ဘူး”
တာအိုအရှင်ကြယ်သွေးနီက ကြမ်းကြုတ်ခက်ထန်နေပြီး မည်သို့မျှ ညှိနှိုင်း၍မရတော့မည့်ပုံပင်။
ရုတ်တရက် သူ့စိတ်ထဲတွင် သက်ပြင်းချသံတစ်သံက ထွက်ပေါ်လာခဲ့၏။
ထိုသက်ပြင်းချသံက ဖော်မပြနိုင်သော ဝမ်းနည်းမှုနှင့် လောကဓံတရားကို သယ်ဆောင်ထားလေသည်။
“မင်းက... ကျားလေးမလား...”
အဲ့ဒီနောက် တာအိုအရှင်ကြယ်သွေးနီ၏ စိတ်ထဲတွင် သေချာအတည်မပြုနိုင်သေးသည့်အလား မေးခွန်းတစ််ခုက ထွက်ပေါ်လာလေသည်။
“ဟမ်.... “
တာအိုအရှင်ကြယ်သွေးနီ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး သူက နောက်သို့ ဒယီးဒယိုင်ဖြင့် ခြေနှစ်လမ်းဆုတ်လိုက်လေသည်။ သူက တစ္ဆေတစ်ကောင်ကိုမြင်ရသည့်အလား ဆူဇီမိုကို ကြည့်နေလေသည်။
“ဆရာ... ဘာဖြစ်လို့လဲ”
နန်းကုန်လင်းနှင့် အခြားနှစ်ယောက်က တာအိုအရှင်ကြယ်သွေးနီ၏ ထူးဆန်းသော တုံ့ပြန်မှုကို မြင်သောအခါ ပို၍ပင် စိတ်ရှုပ်ထွေးသွားပြီး အနားသို့ချည်းကပ်ကာ စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်လေသည်။
တာအိုအရှင်ကြယ်သွေးနီ၏ တုံ့ပြန်မှုက တင်းကျပ်ပြင်းထန်နေပြီး သူက နန်းကုန်လင်းနှင့် အခြားနှစ်ယောက်ကို အဝေးသို့တွန်းထုတ်ကာ ငေါက်ငမ်းလိုက်လေသည်။
“ဝေးဝေးသွားနေစမ်း...”
သူက မလှမ်းမကမ်းတွင်ရှိသော ဆူဇီမိုကို ချောက်ချားနေသော အမူအရာဖြင့် စိုက်ကြည့်နေလေသည်။
ထိုအခိုက်အတန့်တွင် သူခံစားနေရသော ကြောက်ရွံ့မှုကို မည်သူကမှ နားမလည်နိုင်ကြပေ။
သူ၏ နာမည်အရင်းက လင်းဟူဖြစ်ပြီး သူက လွန်ခဲ့သည့်နှစ်ငါးထောင်က အသွန်းတစ်ရာဂိုဏ်းသို့ ဝင်ရောက်ခဲ့လေသည်။
သူသည် မူလနတ္ထိအဆင့်သို့ ဝင်ရောက်ပြီးကတည်းက သူ၏ တာအိုဘွဲ့ကို ကြယ်သွေးနီအဖြစ် တည်ဆောက်ခဲ့လေသည်။ အချိန်အတော်ကြာသည့်အထိ ဂိုဏ်းကနေ ထွက်ခွာသွားခြင်းမရှိသော မဟာအကြီးအကဲအချို့မှလွဲလျှင် သူ၏ နာမည်အရင်းကို မည်သူကမှ မသိကြတော့ပေ။
ကျားလေးဆိုသော ဝေါဟာရသည် လွန်ခဲ့သည့် နှစ်ငါးထောင် သူ ဂိုဏ်းသို့ဝင်ရောက်ခါစ ကလေးဘဝတုန်းက အသုံးပြုခဲ့သော နာမည်ဖြစ်လေသည်။
ထိုအချိန်က သူသည် ခေါင်းမာတတ်ပြီး သူလုပ်သမျှအရာရာတိုင်းက တလွဲတချော်ဖြစ်နေတတ်လေသည်။
သို့သော်လည်း သူ၏ဆရာနှင့် ဆရာဘိုးဘိုးတို့က သူ့ကို ချစ်မြတ်နိုးပြီး ဂရုစိုက်ကြလေသည်။
အတိတ်ကာလတုန်းက သူ၏ဆရာအပြင် သူ၏ ဆရာဦးလေးတို့နှင့် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ကိုင်လှုပ်နိုင်ခဲ့သော သူ၏ ဆရာဘိုးဘိုးတို့ကသာလျှင် သူ့ကို ထိုနာမည်ဖြင့် ခေါ်ကြလေသည်။
နှစ်ပေါင်းများစွာကြာပြီးနောက် သူက ကျားလေးဆိုသော ထိုနာမည်ကို တစ်ဖန်ပြန်ကြားရသောအခါ လက်ရှိ တာအိုအရှင်ကြယ်သွေးနီက ကြောင်အမှင်တက်သွားခဲ့လေသည်။ သူက အချိန်ခရီးသွား၍ အတိတ်ကာလသို့ ပြန်လည်ရောက်ရှိသွားသည့်အလား ထင်ရလေသည်။
“မင်း... မင်းက ဘယ်သူလဲ...”
တာအိုအရှင်ကြယ်သွေးနီက တူညီသောမေးခွန်းကိုပင် ထပ်မံ၍ မေးလိုက်လေသည်။ သို့သော်လည်း ယခုအခါသူ၏လေသံက စောစောကလို ကြမ်းကြုတ်ခက်ထန်ခြင်း ဖိနှိမ်နိုင်ခြင်းမရှိတော့ပေ။
ထိုအစား အဲ့ဒီမှာ စိုးတထိတ်ထိတ်နှင့် မျှော်တလင့်လင့် အရိပ်အယောင်များက ပါဝင်လာခဲ့လေသည်။
“ဟား.....”
သူ့စိတ်ထဲတွင် သက်ပြင်းချသံတစ်သံက ထပ်မံ၍ ထွက်ပေါ်လာခဲ့လေသည်။
အစကတော့ တာအိုအရှင်အဆုံးစွန်မီးက မသေမချာဖြစ်နေခဲ့လေသည်။
ဘာပဲပြောပြော သူပျောက်ကွယ်သွားခဲ့တုန်းက တာအိုအရှင်ကြယ်သွေးနီက ကလေးတစ်ယောက်အဖြစ်သာ ရှိနေသေးပြီး သူ၏နာမည်က ကြယ်သွေးနီမဟုတ်ပေ။
သို့သော်လည်း တာအိုအရှင်ကြယ်သွေးနီ၏ တုံ့ပြန်မှုကို မြင်ရပြီးနောက် တာအိုအရှင်အဆုံးစွန်မီးက ဆက်လက်၍ သံသယမရှိတော့ပေ။
တာအိုအရှင်အဆုံးစွန်မီးက သူ၏စိတ်ဝိညာဥ်အသိစိတ်တစ်ခုကို ထုတ်လွှတ်ပြီး ချစ်ချစ်တောက်နီရဲနေသော အကာအရံအလွှာတစ်ခုကို ဖန်တီးကာ နန်းကုန်လင်းနှင့် အခြားနှစ်ယောက်ကို ပိုင်းခြားထားလိုက်လေသည်။
အဲ့ဒီနောက် သွေးနီရောင်အမြုတေစိတ်ဝိညာဥ်တစ်ခုက ဆူဇီမို၏ ဘယ်ဘက်လက်ကောက်ဝတ်ကနေ လွင့်မျောထွက်ပေါ်လာခဲ့လေသည်။ အဲ့ဒါက လေထဲမှာ ရပ်တန့်၍ တာအိုအရှင်ကြယ်သွေးနီကို ဝမ်းနည်းပူဆွေး၍ မေတ္တာဂရုဏာသက်သော အကြည့်ဖြင့် ငေးကြည့်နေလေသည်။
တာအိုအရှင်ကြယ်သွေးနီက ချက်ချင်းပင် အံ့ဩမှင်တက်သွားခဲ့လေသည်။
သူက မလှမ်းမကမ်းတွင်ရှိသော အမြုတေစိတ်ဝိညာဥ်ကို မယုံကြည်နိုင်မှုဖြင့် ငေးကြည့်နေလေသည်။
အဲ့ဒီနောက် အဲ့ဒါက မျှော်လင့်စောင့်စားခြင်းနှင့်အတူ ဝမ်နည်းပူဆွေးမှုက နောက်ကနေလိုက်ပါလာပြီး နောက်ဆုံးမှာတော့ အဆုံးမဲ့သော မကျေမနပ်မှုတို့က ထွက်ပေါ်လာခဲ့လေသည်။
ဓမ္မဝိသေသပညာရှင် ကြယ်သွေးနီသည် မြေပြင်ပေါ်မှာ ဒုတ်ကနဲ ဒူးထောက်ချလိုက်ပြီး သူက သူ၏ဆွေမျိုးများနှင့် ပြန်လည်ဆုံစည်းရသော ကလေးငယ်တစ်ယောက်ကဲ့သို့ သူ့နှုတ်ခမ်းများက တဆတ်ဆတ်တုန်ယင်နေလေသည်။ သူ၏မျက်နှာပေါ်တွင် မျက်ရည်များက စီးကျလာပြီး ညည်းတွားအော်ခေါ်လိုက်လေသည်။
“ဆရာဘိုးဘိုး...”