← Chapters

မနေ့က အလင်းရောင်… လေနဲ့ အလောင်းတွေက နေရာတိုင်းမှာ(က)

Vol. 65 Ch. 1007

မနေ့က အလင်းရောင်… လေနဲ့ အလောင်းတွေက နေရာတိုင်းမှာ(က)

Vol. 65 Ch. 1007

“ နောက်တစ်ကြိမ် ပြုတ်ကျပြန်ပြီ ”

အိမ်ရှေ့စံမင်းသားသည် တွင်း၏ အပြင်ဘက်မှာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

ရွှီချင်းသည် တွင်းထဲမှာ ရှိနေပြီး မည်သည့်စကားမှ မပြောချေ။ သူက ခေါင်းငုံ့လိုက်ပြီး သူရှိနေသော နေရာကို ကြည့်လိုက်သည်။

ယင်းက လှိုင်ဂူတစ်ခုဖြစ်ပြီး စွန့်ပစ်ခံထားရပုံပေါ်သည်။

ဘဝကံကြမ္မာဆိုးတောင်တန်းထဲတွင် ထိုကဲ့သို့ လှိုင်ဂူအများအပြားရှိသည်။ အများစုသည် ရှေးခေတ်ကာလတုန်းက ကျင့်ကြံသူများ၏ ခိုလှုံရာနေရာများ ဖြစ်ကြသည်။

အပြင်ဘက်တွင် ထိုလှိုင်ဂူများကို မမြင်နိုင်ပေ။ ရွှီချင်းကဲ့သို့ အလေးချိန်ရှိသော လူများသာလျှင် မြေပြင်နှင့် သိပ်မဝေးသော လှိုင်ဂူများကို ရှာတွေ့လိမ့်ပေမည်။

“ ဒီလိုလှိုင်ဂူတွေက ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှာ အများကြီးရှိတယ်… မင်း နောက်ထပ်လှိုင်ဂူအများကြီးကို ထပ်ကြုံရဦးမယ် ”

တွင်း၏ အပြင်ဘက်မှာ ဆောင့်ကြောင့်ထိုင်နေသော အိမ်ရှေ့စံမင်းသားသည် ရွှီချင်းကို ကြည့်လိုက်သည်။ သူ၏ နှလုံးသားထဲမှာ စိတ်သက်သာရာရသွားသည်။ ရွှီချင်း၏ ဆိုးဝါးသောပုံစံကို မြင်လိုက်ရခြင်းက သူ့အား အလွန်နွေးထွေးစေဟန် ရသည်။

ယင်းက သူငယ်စဉ်အခါက ခမည်းတော်က သူ့အား ခါးတွင် နေလုံးချည်နှောင်ပေးခဲ့ပုံကို ပြန်အမှတ်ရသွားစေသည်။ ထိုအချိန်တုန်းက သူသည်လည်း ရွှီချင်းနည်းတူ လမ်းလျှောက်သည့်အခါတိုင်း ခဏခဏ လဲကျခဲ့သည်။

“ ဦးထုပ်လိုနေသေးတယ် ”

အိမ်ရှေ့စံမင်းသားသည် တီးတိုးရေရွတ်လိုက်သည်။ သူငယ်စဉ်အခါက သူ၏ ခါးတွင် နေလုံးရှိရုံသာမက သူ၏ ဦးခေါင်းတွင် ဝိညာဉ်ကို ဖိနှိပ်နိုင်သော ဦးထုပ်တစ်လုံးလည်း ရှိသေးသည်။

ရွှီချင်းဆီမှာ ဦးထုပ်မရှိသည်ကို မြင်သောအခါ အိမ်ရှေ့စံမင်းသားသည် အနည်းငယ် နောင်တရသွားသည်။

တွင်းထဲမှ ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။ သူက နေလုံးထံမှ ဖိအားနှင့် အလေးချိန်ကို တောင့်ခံရန် ခရမ်းလဝိညာဉ်နတ်သူငယ်မှလွဲ၍ သူ၏ ခန္ဓာကိုယ်ထဲရှိ တခြားဝိညာဉ်နတ်သူငယ်များကို တိတ်တဆိတ် လှည့်ပတ်လိုက်သည်။

သူက လှိုင်ဂူထဲမှ ဖြည်းဖြည်းချင်း တွားသွားထွက်လာသည်။

ထိုခံစားချက်သည် သူက အစွမ်းကုန်သုံး၍ လေထဲသို့ ပျံတတ်ချင်သော်လည်း နေလုံး၏ စွမ်းအားက သူ့အပေါ်ကို ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့်အလားပင်။ အကယ်၍ သူက အစွမ်းကုန်ထုတ်သုံးမည်ဆိုလျှင်ပင် ဟန်ချက်ထိန်းထားနိုင်ရုံမျှသာ စွမ်းဆောင်နိုင်လိမ့်မည်။

ရွှီချင်းက ထိုသို့အတွေ့အကြုံမျိုးကို မရင်းနှီးဖူးခြင်း မဟုတ်ပေ။

အတိတ်တွင် ဖုန်းဟိုင်ဒေသငယ်၏ အကျဉ်းထောင်ဌာနထဲမှာ သူက ထိုသို့တူညီသော ခံစားမှုမျိုး ရရှိခဲ့သည်။ သို့သော်လည်း ထိုအချိန်တုန်းက သူက ကမ္ဘာငယ်တစ်ခု၏ ဖျစ်ညှစ်ခံခဲ့ရခြင်း ဖြစ်သည်။

အမည်အရဆိုလျှင် ကမ္ဘာငယ်သည် ဤသတ္ထုနေဘောလုံးထက် ပိုပြီးလေးလံမည့်ဟန် ထင်ရသည်။ သို့သော်လည်း ယင်းက ဆန့်ကျင်ဘက်ဖြစ်ကြောင်း ရွှီချင်း၏ ပင်ကိုယ်ဗီဇက သူ့အား ပြောနေသည်။

ယင်းက ခေါင်းဆောင်ပြောကြားခဲ့သော ဤသတ္ထုနေဘောလုံးအကြောင်းကို သူ့အား ပြန်တွေးမိသွားစေသည်။

ဤသည်မှာ လဝတ်ပြုဒေသကြီးတွင် ပထမဆုံးဖန်တီးခဲ့သော အတုယောင်နေလုံးဖြစ်သည်။ ယင်းက ရှေးဟောင်းအုပ်ချုပ်သူခေတ်မှ ဆင်းသက်လာခြင်းဖြစ်ပြီး နှစ်ကာလပေါင်းများစွာကြာအောင် တည်တံ့နေခဲ့သည်။ ယင်းကို မည်သူက ဖန်တီးခဲ့ကြောင်းကိုတော့ မှတ်တမ်းမှတ်စုများ မရှိပေ။

“ ဒီဟာလေးရဲ့ ဖိနှိပ်တာကို ကောင်းကောင်း ခံစားကြည့်ပါ… အဲ့ဒါက အတိတ်တုန်းက ရှေးဘုရင်ရွှမ်ယုံ ငါ့ကိုပေးခဲ့တဲ့ ကစားစရာတစ်ခုပါ ”

အိမ်ရှေ့စံမင်းသားသည် လှိုင်ဂူထဲမှ ခက်ခက်ခဲခဲ တွားသွားတတ်လာနေသော ရွှီချင်းကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

ဤသည်ကို ရွှီချင်းကြားသောအခါ သူက ခေါင်းငုံ့လိုက်ပြီး သူ၏ ခါးမှ သတ္ထုဘောလုံးကို ကြည့်လိုက်သည်။

“ စီနီယာ… အလေးချိန်နဲ့ ဖိအားကလွဲရင် ဒီပစ္စည်းမှာ တခြားစွမ်းရည်တွေ ရှိပါသေးလား ”

အိမ်ရှေ့စံမင်းသားသည် မတ်တတ်ရပ်လိုက်ပြီး အရှေ့သို့ လျှောက်သွားသည်။ သူ၏ အသံသည် လေနှင့်အတူ ပျံ့လွင့်လာသည်။

“ အတိတ်တုန်းက အဲ့ဒါက ဂြိုလ်တစ်လုံးအဖြစ် ရှိနေခဲ့ချိန်တုန်းက တခြားစွမ်းအင်တွေ ရှိခဲ့တယ်… အဲ့ဒါက ဝမ်ကူးကုန်းမြေတစ်ခုလုံး လွှမ်းခြုံသွားနိုင်တဲ့ အင်မော်တယ်ကွန်ချာနဲ့အတူ အဖျက်စွမ်းအားကို ထုတ်လွှတ်နိုင်တယ်… ဒါပေမဲ့ အခုတော့ ရှေးဘုရင်ရွှမ်ယုံရဲ့ ထွက်ခွာသွားမှုနဲ့ အင်မော်တယ်ကွန်ချာရဲ့ ပျက်စီးသွားမှုကြောင့် အဲ့ဒါရဲ့ အသုံးဝင်မှုက အားနည်းလာတယ် ”

သူ၏ အသံထဲမှာ အတိတ်ကို လွမ်းဆွေးတမ်းတခြင်းဖြင့် ပြည့်နှက်နေသည်။

ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်ပြီး အနောက်မှ လိုက်သွားသည်။ လမ်းတစ်လျှောက်တွင် ပေါက်ကွဲသံများက ပဲ့တင်ထပ်သွားသည်။

လေသည် တအင့်အင့်ညည်းသံနှင့်အတူ တိုက်ခတ်နေပြီး ထိုနှစ်ယောက်၏ အနောက်သို့ လိုက်ပါလာသည်။ ထို့အတူ သူတို့၏ စကားသံများသည် လေလမ်းကြောင်းနှင့်အတူ အရပ်မျက်နှာအဘက်ဘက်သို့ ပျံ့လွင့်သွားပြီး ဘေးပတ်ဝန်းတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

“ စီနီယာ… ရှေးဘုရင်ရွှမ်ယုံက မြင့်မြတ်ကုန်းမြေလို့ခေါ်တဲ့နေရာကို ထွက်သွားတယ်လို့ ငါကြားဖူးပါတယ်… အဲ့ဒါဟုတ်ပါသလား ”

“ ငကြောက်အုပ်စုတွေ စုဝေးနေတဲ့နေရာကို မြင့်မြတ်ကုန်းမြေလို့ ခေါ်ထိုက်လို့လား… ရှေးဘုရင်က… အသက်ကြီးလာပြီလေ… အသက်ကြီးလာတဲ့အခါကျတော့ အသက်တွေကို ပိုပြီးတန်ဖိုးထားလာကြတယ် ”

“ အို… ဒါဆို ငကြောက်တွေနေတဲ့ ကုန်းမြေက ဘယ်မှာရှိပါလဲ ”

“ ဟား ဟား… လူသားပြက္ခဒိန်အရဆို နှစ်တစ်နှစ်ရဲ့ ဇွန်လ ဆယ့်နှစ်ရက်မြောက်နေ့ကိုရောက်တဲ့အခါ မင်းက ကောင်းကင်ရဲ့ မြောက်ဘက်ကို ကြည့်နိုင်တယ်… အဲ့ဒီမှာ တခြားကြယ်တွေနဲ့ ကွဲထွက်နေတဲ့ ကြယ်တစ်လုံးရှိလိမ့်မယ်… အဲ့ဒါက ဝမ်ကူးကုန်းမြေနဲ့ အနီးဆုံးမှာရှိတဲ့ ငကြောက်ကုန်းမြေပဲ ”

“ ဒါဆို ငကြောက်ကုန်းမြေတွေက ဘယ်လောက်တောင် များပြားပါလဲ ”

“ ဝမ်ကူးကုန်းမြေကနေ ထွက်သွားကြတဲ့ ရှေးဘုရင်တွေနဲ့ ရှေးဟောင်းအုပ်ချုပ်သူတွေရဲ့ အရေအတွက်လောက် များပြားတယ်… တကယ်လို့ မင်းက သူတို့ကို ရေတွက်ချင်တယ်ဆိုရင် မျိုးနွယ်စုတွေအားလုံးကို စုပေါင်းလိုက်တဲ့အခါ တစ်ရာကျော်တယ်… အတိတ်တုန်းက ရှေးဘုရင်ရွှမ်ယုံက ငါ့ခမည်းတော်ကို နေရာတစ်နေရာ ကမ်းလှမ်းလာတယ်… ဒါပေမဲ့ ငါတို့က ငြင်းပယ်ခဲ့တယ် ”

ပေါက်ကွဲသံများနောက်မှ လိုက်ပါလာသော ည၏ အမှောင်ထုသည် အဖိုးအိုနှင့် လူငယ်တစ်ယောက်၏ စကားသံအောက်မှာ တဖြည်းဖြည်း လွင့်ပြယ်သွားသည်။

နံနက်ခင်းအချိန်သို့ ကျရောက်လာသည်။

အနီရောင်လ၏ အလင်းရောင်သည် မိုးကုပ်စက်ဝိုင်းတစ်လျှောက် ပျံ့နှံ့လာသည်။ ယင်းက ဤလောက၏ ကံကြမ္မာဆိုးအတွက် အချိန်ရေတွက်နေခြင်းဖြစ်သော်လည်း လဝတ်ပြုဒေသကြီး၏ ကောင်းကင်ယံတွင် တခြားအလင်းရောင်ကို ထွန်းလင်းလာစေသည်။

ယင်းက သွေးနီရောင်ဖြစ်လျှင်ပင် အလင်းရောင်ကို ပေးစွမ်းနေဆဲဖြစ်သည်။

သို့ဖြစ်၍ မနက်ခင်းအချိန်ဝယ် ဘဝကံကြမ္မာဆိုးတောင်တန်းထဲတွင် နေရာတိုင်းနီးပါးမှ သွေးနီရောင်အလင်း ထွက်ပေါ်နေသည်။

မှိန်ဖျော့သော ထိုအလင်းရောင်အောက်မှာ ဘဝကံကြမ္မာဆိုးတောင်တန်း၏ အဆုံးပိုင်းကို မည်သူမဆို မြင်နိုင်ပေသည်။ ထိုနေရာတွင် ထူးခြားသော တောင်တစ်လုံး ရှိသည်။

ထိုတောင်သည် ဘဝကံကြမ္မာဆိုးတောင်တန်းထဲမှ တောင်များကဲ့သို့ မြင့်မားပြီး တစ်တောင်နှင့်တစ်တောင် သွယ်တန်းတည်ရှိနေသော်လည်း ရွှီချင်းက အနားကပ်သွားသည့်အခါ ထိုအရာက တောင်မဟုတ်ကြောင်း သတိပြုမိသွားသည်။

ယင်းက တောင်အသွင် ပြောင်းလဲသွားသော ဧရာမသစ်ပင်ကြီးနှင့် ပိုပြီးဆင်တူသည်။

သစ်ပင်၏ ထိပ်ဖျားပိုင်းမှလွဲ၍ ကျန်အစိတ်အပိုင်းအားလုံးသည် သဲကန္တာရထဲမှာ နစ်မြုပ်နေသည်။ သစ်ပင်၏ ထိပ်ဖျားသည်တော့ သဲများ၊ ကျောက်ဆောင်ကျောက်တုံးများဖြင့် ပြည့်နှက်နေပြီး တောင်ကုန်းတစ်ခုအသွင် ပြောင်းလဲသွားသည်။

“ ဒီသစ်ပင်ကို ခရီးပျော်သစ်ပင်လို့ ခေါ်တယ်… အဲ့ဒါကို ရှေးခေတ်အချိန်တုန်းက သန္ဓေပြောင်းသစ်ပင်တစ်ပင်လို့ သတ်မှတ်နိုင်တယ် ”

အိမ်ရှေ့စံမင်းသားသည် တောင်အသွင် ဖြစ်ပေါ်နေသော ဧရာမသစ်ပင်ကြီးကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

“ ဒေသကြီးထဲမှာ ဒီလိုသစ်ပင်တွေ အများကြီး ရှိတယ်… ဒါကြောင့် လူအများစုက အဲ့ဒါကို သိပ်အာရုံမစိုက်ကြဘူး… ဒီသစ်ပင်ကိုတော့ ငါ့တတိယအမတော်က လျှို့ဝှက်ပြီး စိုက်ပျိုးထားခဲ့တယ်ဆိုတာ လူအနည်းစုပဲ သိကြတယ်… အတိတ်တုန်းက ငါက အမတော်နောက်ကိုလိုက်ပြီး ဒီနေရာကို ရောက်မလာခဲ့ရင် အဲ့ဒါကို သိခဲ့မှာမဟုတ်ဘူး ”

“ ဒါပေမဲ့ အခုတော့… အားလုံးက ပြောင်းလဲသွားခဲ့ပြီ… ဒီသစ်ပင်လည်း နှစ်တွေအကြာကြီး ဖြတ်သန်းပြီးပြီဆိုတော့ ခြောက်သွေ့လာပြီ ”

ရွှီချင်းသည် အဝေးမှ တောင်ကို ကြည့်လိုက်သည်။ တောင်၏ ဘေးပတ်ဝန်းကျင်တွင် ဝတ်ရုံနီဝတ်ဆင်ထားသော လူတချို့က ယင်ကောင်များသဖွယ် လှည့်ပတ်နေကြကြောင်း သူသတိပြုမိသွားသည်။ သူတို့က တစ်စုံတစ်ခုကို စစ်ဆေးနေဟန် ရသည်။

အများစုသည် ဝိညာဉ်နတ်သူငယ်အဆင့်မှာ ဖြစ်သည်။ သူတို့ထဲမှာ တာအိုပျိုးထောင်ခြင်းအဆင့် ပညာရှင်ကျင့်ကြံသူတစ်ယောက်နှင့် ဝိညာဉ်သိုက်အဆင့် ပညာရှင်ကျင့်ကြံသူတစ်ယောက် ရှိသည်။

သူတို့သည် ဘဝကံကြမ္မာဆိုးတောင်တန်းထဲရှိ အနီရောင်လဗိမာန်၏ ဘုရားကျောင်းထဲမှ ရောက်ရှိလာကြခြင်း ဖြစ်သည်။

“ အစက ဗလာနတ္ထိအဆင့် နတ်တမန်တော်တစ်ပါးရှိတယ်… ဒါပေမဲ့ သူက ငါ့တတိယအမတော်ရဲ့ အစားခံလိုက်ရပြီထင်တယ် ”

“ ကျန်တဲ့လူတွေကိုတော့ မင်းရဲ့ အခွင့်အာဏာကို စမ်းသပ်နိုင်ဖို့ ငါထားရစ်ခဲ့မယ် ”

“ တတိယအမတော်နဲ့ ငါထွက်လာတဲ့အခါ သူတို့အားလုံးကို မင်းရှင်းလင်းပြီးမယ်လို့ ငါမျှော်လင့်တယ် ”

အိမ်ရှေ့စံမင်းသားက စကားပြောလိုက်သည့်အခါ သူ၏ ခန္ဓာကိုယ်သည် ဝေဝါးလာသည်။ သူက ရွှီချင်း၏ ဘေးမှ ပျောက်ကွယ်သွားပြီး တောင်ဆီသို့ ဦးစွာဝင်ရောက်သွားသည်။

ရွှီချင်းသည် သူ၏ ခါးမှ သတ္ထုဘောလုံးကို အမြန်ကြည့်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ သူက ခရမ်းလစွမ်းအားကို လှည့်ပတ်လိုက်သည်။ သွေးစက်များသည် သူ၏ ခန္ဓာကိုယ်ထဲမှ ပျံ့နှံ့ထွက်လာကြပြီး ဘေးပတ်ဝန်းကျင်တစ်လျှောက် လွှမ်းခြုံသွားသည်။ မကြာမီ ရွှီချင်း၏ တစ်ကိုယ်လုံးသည် သွေးနီဝဲကတော့အဖြစ် ပြောင်းလဲသွားသည်။

All Chapters