← Chapters

မနေ့က အလင်းရောင်… လေနဲ့ အလောင်းတွေက နေရာတိုင်းမှာ(ခ)

Vol. 65 Ch. 1008

မနေ့က အလင်းရောင်… လေနဲ့ အလောင်းတွေက နေရာတိုင်းမှာ(ခ)

Vol. 65 Ch. 1008

သွေးနီဝဲကတော့က မြည်ဟိန်းလာပြီး လှည့်ပတ်လာသည့်အခါ ရွှီချင်း၏ ပုံရိပ်ကို ဝါးမျိုသွားပြီး သွေးရေအိုင်အဖြစ် ဖွဲ့စည်းသွားသည်။ ယင်းက အရှေ့သို့ မြန်ဆန်စွာ ပျံ့ပွားသွားသည်။

သွေးရေအိုင်ဖြတ်သန်းသွားသည့်နေရာတိုင်း ကျောက်တုံးကြီးများသည် ရေအိုင်ထဲမှာ နစ်မြုပ်သွားကြပြီး သစ်ပင်ပန်းပင်များသည် အနီရောင်ပြောင်းသွားကြလိမ့်မည်။ သွေးရေအိုင်သည် ချောက်ချားဖွယ်ကောင်းသော အသံကို ထုတ်ဖော်လိုက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ယင်းက ဆက်လက် ပျံ့ပွားသွားသည့်အခါ ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပြီး တောင်ပေါ်မှ အနီရောင်လကျင့်ကြံသူများ၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။

“ အဲ့ဒါက ဘာလဲ ”

အနီရောင်လကျင့်ကြံသူများက လှမ်းကြည့်လိုက်သည်နှင့်ချက်ချင်း သူတို့၏ ခန္ဓာကိုယ်သည် ထိန်းချုပ်မရအောင် တုန်ယင်လာသည်။

ထိုတုန်ယင်မှုသည် သူတို့၏ ပင်ကိုယ်ဗီဇနှင့် ကိုးကွယ်ယုံကြည်မှုမှ ဆင်းသက်လာခြင်း ဖြစ်သည်။ သွေးသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ ထိန်းချုပ်မှုကင်းမဲ့စွာ တိုးထွက်လာသည်။

ဤသည်မှာ သွေးက ကိုယ်ပိုင်အသိစိတ်ရှိနေသည့်အလား အပြင်သို့ တိုးထွက်သွားတော့မည့်ဟန် ရသည်။

အကယ်၍ သူတို့၏ ကိုယ်တွင်းအင်္ဂါများက ယင်းကို တားဆီးမည်ဆိုလျှင် သူတို့က လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးကို ချိုးဖောက်ပစ်လိမ့်မည်။ အကယ်၍ သူတို့၏ အသွေးအသားနှင့် အရေပြားက ယင်းကို တားဆီးမည်ဆိုလျှင် ဖျက်ဆီးခံရလိမ့်ပေမည်။ အကယ်၍ သူတို့၏ ဝိညာဉ်က ယင်းကို တားဆီးမည်ဆိုလျှင် ယိုယွင်းပျက်စီးသွားလိမ့်မည်။

ဤအခိုက်အတန့်မှာ ရွှီချင်းက သူတို့တိုက်ရိုက် မကြည့်သင့်သောအရာ ဖြစ်လာသည်။

သို့ဖြစ်၍ ရွှီချင်းကို မြင်တွေ့သွားသည့်အခိုက် ဝိညာဉ်နတ်သူငယ်အဆင့် အနီရောင်လကျင့်ကြံသူအများအပြားသည် နာကျင်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစ အက်ကွဲထွက်သွားပြီး သွေးအများအပြား စီးကျလာသည်။

သွေးသည် မြေပြင်ပေါ်မှ သွေးရေအိုင်ဆီသို့ ဝမ်းမြောက်ဝမ်းသာ ဦးတည်သွားသည်။

ထိုမြင်ကွင်းသည် ဤနေရာကို စစ်ဆေးနေကြသော အနီရောင်လကျင့်ကြံသူများကို ချက်ချင်း ထိတ်လန့်တုန်လှုပ်သွားစေသည်။ သူတို့သည် ချက်ချင်း အနောက်ဆုတ်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်ထဲမှ သွေးကို ဖိနှိပ်လိုက်ကြသည်။ သို့သော်လည်း သူတို့၏ ကြိုးစားမှုက အချည်းနှီးသာ ဖြစ်၏။ သူတို့က အနောက်ဆုတ်သွားကြစဉ် တစ်ယောက်ပြီးတစ်ယောက် ယိုယွင်းပျက်စီးသွားကြသည်။

အဝေးမှကြည့်လျှင် သွေးနီပန်းပွင့်များက ကောင်းကင်ယံမှာ ပွင့်လန်းလာသည့်အလား အောက်မေ့ရပေသည်။

အနီရောင်လကျင့်ကြံသူများထဲမှ တာအိုပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူအဖိုးအိုသည်လည်း ထိတ်လန့်သွားသည်။ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ သွေးသည် ရူးသွပ်စွာ စီးဆင်းလာသည်။

ပြီးပြည့်စုံသော လျှို့ဝှက်ရတနာသိုက်တစ်ခုကို ပိုင်ဆိုင်ထားသော သက်လတ်ပိုင်းနတ်အစေခံတစ်ယောက်လည်း ရှိသည်။ သူ၏ အမူအရာသည် ဖော်မပြနိုင်အောင် တည်ကြည်လေးနက်နေသည်။

သူတို့က အနောက်ဆုတ်သွားသည်နှင့်ချက်ချင်း တောင်တန်းပေါ်မှ သွေးရေအိုင်သည် ရုတ်တရက် လေထဲသို့ မြှောက်တတ်သွားသည်။

ဝုန်းခနဲ မြည်ဟိန်းသံများ ပဲ့တင်ထပ်သွားသောအခါ သွေးရေအိုင်သည် လေထဲသို့ တစ်ဟုန်ထိုး ပျံတတ်သွားသည်။

သွေးစက်တိုင်းမှာ ရွှီချင်း၏ မျက်နှာက ထွက်ပေါ်လာသည်။ မရေမတွက်နိုင်သော ထိုမျက်နှာများသည် ပေါင်းစုစည်းသွားပြီး ဆယ်ပေခန့်ကျယ်ပြောသော လူသားမျက်နှာအသွင်သို့ ပြောင်းလဲသွားသည်။ ထိုမျက်နှာသည် မထူးမခြားနား အမူအရာ ရှိသည်။ တစ်ချိန်တည်းမှာ နတ်ဘုရားရတနာသိုက်တစ်ခုသည် သွေးရေအိုင်ထဲမှာ ဝေဝေဝါးဝါး ထွက်ပေါ်လာသည်။

ယင်းက အနီရောင်လကျင့်ကြံသူအုပ်စုကို ဖိနှိပ်လိုက်သည်။

အော်ဟစ်ညည်းညူသံများသည် အဆုံးမဲ့စွာ ထွက်ပေါ်လာသည်။ ထိုဝိညာဉ်နတ်သူငယ်ကျင့်ကြံသူများသည် သူတို့၏ ခန္ဓာကိုယ်ထဲမှ သွေးကို မဖိနှိပ်နိုင်ကြတော့ပေ။

အဆုံးမဲ့သော သွေးသည် သူတို့၏ ဒွါရခုနစ်ပေါက်နှင့် မွေးညင်းပေါက်များထံမှ ပန်းထွက်လာသည်။ ထို့နောက် သွေးသည် အနီရောင်ဓားသွားများအဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားကြသည်။

သွေးများ ပန်းထွက်လာသည်နှင့် အနီရောင်ဓားသွားများပါဝင်သော သွေးပင်လယ်သည် တာအိုပျိုးထောင်ခြင်းအဆင့် ကျင့်ကြံသူအဖိုးအိုနှင့် ဝိညာဉ်သိုက်အဆင့် သက်လတ်ပိုင်းကျင့်ကြံသူထံသို့ ဦးတည်ပျံသန်းသွားပြီး သူတို့ကို ဝိုင်းရံထားလိုက်သည်။

သူတို့နှစ်ယောက်သည် နှလုံးခုန်မြန်လာကြသည်။ သူတို့၏ ဝိညာဉ်ထဲမှ ဖြစ်ပေါ်လာသော အကြောက်တရားကြောင့် သူတို့သည် မြန်ဆန်စွာ အနောက်ဆုတ်သွားကြသည်။

သို့သော်လည်း တာအိုပျိုးထောင်ခြင်းသည် ပြီးပြည့်စုံသော ဝိညာဉ်သိုက်တစ်ခုအား ပိုင်ဆိုင်ထားသောသူနှင့် အတော်လေး ခြားနားပေသည်။ နောက်အခိုက်အတန့်မှာ ဝိညာဉ်သိုက်အဆင့် သက်လတ်ပိုင်းကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး သူ၏ လျှို့ဝှက်ရတနာသိုက်က ထွက်ပေါ်လာသည်။ လျှို့ဝှက်ရတနာသိုက်က အရှေ့သို့ ဆက်လက် ကျယ်ပြန့်လာသောအခါ သူ၏ ကောင်းကင်ဘုံတာအိုသည် နက်ရှိုင်းသော ဟိန်းသံကို ရတနာသိုက်ထဲမှ ထုတ်ဖော်လိုက်သည်။ ဟိန်းသံထွက်ပေါ်လာသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ ဥပဒေသများသည် သက်ရောက်ခံလိုက်ရသည်။

ကျယ်လောင်သော မြည်ဟိန်းသံနှင့်အတူ ဝိညာဉ်သိုက်အဆင့် သက်လတ်ပိုင်းကျင့်ကြံသူသည် ရွှီချင်း၏ သွေးပင်လယ်ဖြင့် ဝိုင်းရံမခံရမီ ခုန်ထွက်သွားခဲ့သည်။

သို့သော်လည်း တာအိုပျိုးထောင်ခြင်းအဆင့် အဖိုးအိုသည် အများကြီး နှေးကွေးနေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာ သူက ရွှီချင်း၏ သွေးပင်လယ်ဖြင့် ဝိုင်းရံခံလိုက်ရသည်။ သူက အစွမ်းကုန်သုံး၍ ခုခံနေလေရာ သူ၏ လျှို့ဝှက်ရတနာသိုက်ပုံရိပ်ယောင်ပင် ထွက်ပေါ်လာသည်။ သို့သော်လည်း ယင်းက အသုံးမဝင်ပေ။

သူ့ခန္ဓာကိုယ်၏ အပြင်ဘက်ရှိ သွေးပင်လယ်ထဲတွင် ဝဲကတော့တစ်ခု ဖြစ်ပေါ်လာသည်။ သွေးဝဲကတော့က မြန်ဆန်စွာ လှည့်ပတ်လာသည်နှင့် အဖိုးအို၏ ခန္ဓာကိုယ်ကို စုပ်ယူဝါးမျိုလိုက်သည်။

အဖိုးအိုသည် ချောက်ချားသွားသည်။ သူက လက်နှစ်ဖက်ဖြင့် ချိပ်တံဆိပ်လက်သင်္ကေတများကို ဖွဲ့စည်းလိုက်ပြီး နတ်ဘုရားအစွမ်းကို လှုံ့ဆော်လိုက်သည်။ သူက သွေးဝဲကတော့ကို ခုခံရန် ဓမ္မရတနာတစ်ခုကိုပင် ထုတ်ယူလိုက်သည်။

သို့သော်လည်း သူ၏ ကြိုးစားမှုအားလုံးသည် အချည်းနှီးသာ ဖြစ်သွားသည်။

အဆုံးမဲ့သွေးပင်လယ်သည် သူ့ကို ဝါးမျိုသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ အလွန်ပြင်းထန်သော နာကျင်မှုကြောင့် သူက ကျယ်လောင်စွာ အော်ဟစ်ညည်းညူလိုက်သည်။

အဝေးမှ ကြည့်လျှင် ထိုမြင်ကွင်းသည် အလွန်ထိတ်လန့်ဖွယ်ကောင်းသည်။

နောက်တစ်စက္ကန့်မှာ သွေးပင်လယ်သည် အဖိုးအို၏ ခန္ဓာကိုယ်ထဲသို့ အပြည့်အဝ ဝင်ရောက်သွားသည်။ အဖိုးအို၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး သူ၏ မျက်လုံးထဲမှာ စိတ်ပျက်မှုဖြင့် ပြည့်နှက်နေသည်။ သူ၏ ခန္ဓာကိုယ်သည် သွေးများဖြင့် ပြည့်လျှံလာပြီး နောက်ဆုံးမှာတော့ ဗုန်းဟူသော မြည်သံနှင့်အတူ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်သွားသည်။

သွေးပင်လယ်သည် တအိအိလှိုင်းထလာပြီး ရွှီချင်း၏ မထူးမခြားနားမျက်နှာသို့ ပြောင်းလဲသွားသည်။ သူက အဝေးမှ ဝိညာဉ်သိုက်အဆင့် သက်လတ်ပိုင်းကျင့်ကြံသူကို ကြည့်လိုက်သည်။

“ ဒီတိုက်ပွဲက ကြမ်းတမ်းလိမ့်မယ်… လက်ရှိ ငါက အစစ်အမှန် ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အနိုင်ယူနိုင်ပြီလားဆိုတာ သိချင်မိတယ် ”

ရွှီချင်း၏ တိုက်ပွဲဆန္ဒက ပေါ်လျှိုးလာသည်။ သွေးပင်လယ်သည် တအိအိလှိုင်းထသွားပြိး ဘေးပတ်ဝန်းကျင်ကို ဖိနှိပ်လိုက်သည်။ သူ၏ နတ်ဘုရားရတနာသိုက်က လှုပ်ခါသွားပြီး ဝိညာဉ်သိုက်အဆင့် သက်လတ်ပိုင်းကျင့်ကြံသူဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ ယင်းက လမ်းကြောင်းတစ်လျှောက်မှာရှိသော အရာအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။

ထိုအခိုက်အတန့်မှာ ခရီးပျော်သစ်ပင်မှ ဖြစ်ပေါ်လာသည့် တောင်ပေါ်တွင် အကြည့်နှစ်ခုသည် အပြင်လောကကို ကြည့်ရှုနေကြသည်။

ထိုအကြည့်နှစ်ခု၏ ဇစ်မြစ်သည် ဧရာမလှိုင်ဂူကြီးတစ်ခုထံမှ ဖြစ်သည်။

မရေမတွက်နိုင်သော သစ်ပင်အမြစ်များသည် လှိုင်ဂူအထက်ရှိ လေထဲမှာ စုဝေးနေကြပြီး ဧရာမပိုးအိမ်တစ်ခုကို ဖွဲ့စည်းနေသည်။

ထွန်းလင်းတောက်ပသော အလင်းတန်းများသည် ပိုးအိမ်၏ အက်ကြောင်းများထဲမှ ထွက်ပေါ်နေကြသည်။ ယင်းက လှိုင်ဂူတစ်ခုလုံးကို ရောင်စုံအလင်းဖြင့် ပြည့်နှက်သွားစေသည်။

အိမ်ရှေ့စံမင်းသားသည် ရောင်စုံအလင်းပိုးအိမ်၏ ဘေးမှာ ရပ်နေပြီး အဝေးသို့ ကြည့်နေသည်။

“ တတိယအမတော်… မင်း အတိတ်တုန်းက ကောင်းကင်အရွေးချယ်ခံအများကြီးကို မြင်ဖူးတယ်မလား… ငါ့ရဲ့ ဒီတပည့်တစ်ပိုင်းကို ဘယ်လိုမြင်လဲ ”

အိမ်ရှေ့စံမင်းသားက ပြုံးလိုက်သည်။

“ အဲ့ဒါ နင့်တပည့်လား… သူက နင့်ကို ဆရာအဖြစ် သဘောတူလို့လား… နင်က အသက်ကြီးနေပြီ ဘာလို့များ တခြားလူရဲ့ တပည့်ကို လုယက်ချင်နေတာလဲ… နင့်မှာ အရှက်မရှိတော့ဘူးလား ”

အေးတိအေးစက် စကားသံသည် အလင်းပိုးအိမ်ထဲမှ ပျံ့လွင့်လာသည်။

လူအနည်းစုသာလျှင် အိမ်ရှေ့စံမင်းသားကို ထိုသို့စကားမျိုး ပြောဝံ့ကြလိမ့်မည်။ သိသာစွာပင် တတိယအမတော်သည် ထိုလူများထဲမှ တစ်ယောက်ဖြစ်သည်။

တတိယအမတော်၏ စကားကို အိမ်ရှေ့စံမင်းသား ကြားသောအခါ ယင်းက ပုံမှန်ဖြစ်သည်ဟု ခံစားမိသည်။ သူ၏ အမတော်သည် ထိုသို့အကျင့်စရိုက်ရှိသည်။ သူ၏ အပြင်ပန်းက အေးတိအေးစက်ပုံစံ ပေါ်လွင်သော်လည်း အတွင်းစိတ်သည် နွေးထွေးသည်။

“ ဒီနေရာမှာ သင်ကြားတဲ့နည်းလမ်းက အဓိက အရေးကြီးဆုံးပဲ… ငါက သူ့ကို အရင်ကထက် အများကြီး ပိုသန်မာလာအောင် ညွှန်ကြားပေးခဲ့တယ်… ကျင့်ကြံခြင်းအဆင့်တတ်သွားတဲ့အတွက် အခုလိုလက်ဆောင်တောင် သူ့ကို ငါပေးခဲ့တယ်လေ ”

အိမ်ရှေ့စံမင်းသားသည် ပြုံးလိုက်ပြီး ရွှီချင်း၏ တိုက်ခိုက်မှုကို ဆက်လက် ကြည့်ရှုသည်။ ထို့နောက် သူ၏ မျက်လုံးထဲမှာ ချီးမွမ်းသော အရိပ်အယောင် ထွက်ပေါ်လာသည်။

“ ဒီဟာကို လက်ဆောင်လို့ နင်က ပြောတယ် ”

အေးတိအေးစက် စကားသံသည် အလင်းပိုးအိမ်ထဲမှ ပျံ့လွင့်လာသည်။ နောက်အခိုက်အတန့်မှာ အလင်းပိုးအိမ်သည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး တိုက်ရိုက် ပေါက်ကွဲထွက်သွားသည်။ ပုံရိပ်တစ်ခုသည် ပိုးအိမ်ထဲမှ ထွက်လျှောက်လာပြီး ခြေတစ်လှမ်းဖြင့် တောင်ပေါ်မှ ထွက်ခွာသွားသည်။ ထို့နောက် သူက ရွှီချင်းလိုက်ဖမ်းနေသော ဝိညာဉ်သိုက်အဆင့် သက်လတ်ပိုင်းကျင့်ကြံသူ၏ အရှေ့မှာ ဘွားခနဲ ထွက်ပေါ်လာသည်။

ဝိညာဉ်သိုက်အဆင့် သက်လတ်ပိုင်းကျင့်ကြံသူက မတုံ့ပြန်နိုင်ခင် ကျောက်စိမ်းသဖွယ်ဖြူဖွေးသော လက်ချောင်းတစ်ချောင်းသည် သူ၏ မျက်ခုံးနှစ်ခုကြားမှ နေရာဆီသို့ ကျရောက်လာသည်။

ပေါက်ကွဲသံနှင့်အတူ ဝိညာဉ်သိုက်အဆင့် သက်လတ်ပိုင်းကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် တုန်ရီလာပြီး သူက သစ်ပင်အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားသည်။ သစ်ပင်သည် မြန်ဆန်စွာ ကြီးထွားလာပြီး သစ်သီးကို မွေးဖွားလာသည်။

ရွှီချင်းက အသွင်ပြောင်းလဲထားသော သွေးပင်လယ်သည် ရပ်တန့်သွားပြီး လူအသွင်သဏ္ဍာန်သို့ ပြန်ဖွဲ့စည်းသွားသည်။ ထို့နောက် သူ၏ အကြည့်က သူ့အရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာသော အမျိုးသမီးထံသို့ ကျရောက်သွားသည်။

ထိုအမျိုးသမီးသည် တုနှိုင်းမဲ့အောင် လှပပြီး သူ၏ မျက်နှာသည် ပြည်ပျက်စေနိုင်သည်။ သူက လှပရုံသာမက သူရဲကောင်းဆန်သော အငွေ့အသက်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ယင်းက သူ့ကို ပိုပြီးအရောင်အဝါတောက်ပစေဟန် ရသည်။

သူ၏ နှင်းဆီရောင်ပါးပြင်နှစ်ဖက်သည် ကြည်လင်သော ရေကန်ပေါ်မှာ အလင်းပြန်နေသည့် နေဝင်ဆည်းဆာ၏ အလင်းရောင်နှင့် ဆင်တူသည်။ သူက ဆံပင်ကို ရတနာဆံထိုးနှင့်အတူ ရိုးရှင်းစွာ ဆံထုံးထုံးဖွဲ့ထားသည်။ ရတနာဆံထိုးတွင် စီခြယ်ထားသော ပုတီးစေ့များသည် လုံးဝန်းပြီး ရွှန်းလဲ့တောက်ပသော်လည်း ယင်းက သူ၏ မျက်လုံးများကိုတော့ မယှဉ်နိုင်ပေ။

ပင်လယ်ပြာပမာ ထင်မှတ်ရသော ထိုမျက်လုံးပြာများသည် ကြယ်ကလေးများသဖွယ် တလက်လက်တောက်ပသည်။

သူ၏ မျက်နှာအသွင်သည် နွေဦးရာသီ၏ နှင်းမကုန်ခင်မှာ ပွင့်လန်းသော ဇီးပန်းပွင့်များနှယ် အောက်မေ့ရသည်။ သူ၏ အမူအကျင့်သည် နှင်းတောထဲမှာ ပွင့်လန်းနေသော ဆောင်းသစ်ခွများပမာ ကြော့ရှင်းတင့်တယ်သည်။ ယင်းက ယောင်္ကျားသားအများစုကို သူ့အား မြင်လိုက်သည်နှင့်ချက်ချင်း အသိစိတ်ကင်းမဲ့သွားစေနိုင်သည်။

ဤအခိုက်အတန့်မှာ သူက ကျောက်စိမ်းသဖွယ် ဖြူဖွေးသော လက်ကို မြှောက်လိုက်ပြီး သူ၏ ဘေးရှိ ဝိညာဉ်သိုက်အဆင့်သစ်ပင်ပေါ်မှ သစ်သီးကို ခူးဆွတ်လိုက်သည်။ သူက အနောက်မှ လိုက်လာသော အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်ပြီး ရွှီချင်းကို သစ်သီးပေးလိုက်သည်။

“ လက်ဆောင်ပေးတယ်ဆိုတာ ဒီလိုဟာမျိုးကို ပြောတာ ”

“ ကောင်လေး… အရင်တစ်ခေါက်က ငါ အလျှင်စလို ထွက်သွားတာကြောင့် မင်းကို ဘာမှမပေးနိုင်ခဲ့ဘူး… ဒီတော့ ဒီဟာကို တွေ့ဆုံခြင်းလက်ဆောင်အဖြစ် လက်ခံယူပါ ”

ပေ။

All Chapters