← Chapters

အမှတ်လေးအရုပ်က လမ်းပျောက်သွားပြီး ပြန်ရောက်မလာတော့ဘူး

Vol. 65 Ch. 1009

အမှတ်လေးအရုပ်က လမ်းပျောက်သွားပြီး ပြန်ရောက်မလာတော့ဘူး

Vol. 65 Ch. 1009

ရွှီချင်းသည် တုံ့ဆိုင်းသွားသည်။ သူက သစ်သီးနှင့် သူ့အရှေ့မှ တုနှိုင်းမဲ့အောင် လှပသော အမျိုးသမီးကို ကြည့်လိုက်သည်။

အိမ်ရှေ့စံမင်းသား၏ ဘေးတွင် ရပ်နေနိုင်ပြီး ဤနေရာသို့ ရောက်ရှိလာပုံကို ကြည့်ခြင်းအားဖြင့် ထိုအမျိုးသမီးက မည်သူဖြစ်ကြောင်း သူခန့်မှန်းနိုင်သည်။ သို့သော်လည်း တစ်ဖက်လူ၏ ယခု အသွင်ပုံစံနှင့် မြောက်ပိုင်းရေခဲလွင်ပြင်မှာ ပထမဆုံး ထွက်ပေါ်လာခဲ့စဉ်က အသွင်ပုံစံသည် လုံးဝလိုက်ဖက်ညီမှုမရှိပေ။

ကွာခြားမှုသည် အလွန်ကြီးမားသည်။

စောစောက သူသည် ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူနှင့် ကြမ်းတမ်းသော တိုက်ပွဲတစ်ခုကို ဆင်နွှဲရန် ပြင်ဆင်ထားခဲ့သည်။

သို့သော်လည်း ယခုတော့…

ရွှီချင်းသည် သစ်ပင်ကို ကြည့်လိုက်ပြီး သူ၏ စိတ်ဝင်စားမှုအားလုံးကို ဆုံးရှုံးသွားသည်။ ထို့နောက် သူက သစ်သီးကို တရိုတသေ ယူဆောင်လိုက်သည်။

“ ကျေးဇူးတင်ပါတယ်… စီနီယာ ”

ယင်းက မဆိုးဝါးကြောင်း သူခံစားမိသည်။

မင်းသမီးမင်မိန်သည် ခေါင်းညိတ်လိုက်သည်။ သူ့အရှေ့မှ ဂျူနီယာကို မြင့်မြင့် သူမျှော်မှန်းထားသည်။ အကြောင်းအရင်းတစ်ခုမှာ သူ့မောင်လေး၏ အသိအမှတ်ပြုမှုကြောင့် ဖြစ်သည်။ တခြားအကြောင်းအရင်းမှာ သူ၏ လွတ်မြောက်လာမှုက ဤဂျူနီယာနှင့် တစ်မျိုးတစ်ဖုံ ဆက်စပ်နေကြောင်း သိထားသောကြောင့် ဖြစ်သည်။

သို့ဖြစ်၍ ကျေးဇူးတရားနှင့် ရန်ငြိုးကို ကွဲကွဲပြားပြားသိထားသော သူအနေဖြင့် သူ့မောင်လေး၏ လေ့ကျင့်ပေးမှုများကို ရပ်ကြည့်မနေနိုင်ပေ။ ထို့ကြောင့် သူက လက်ဆောင်တစ်ခု ပေးခဲ့ခြင်း ဖြစ်သည်။

အိမ်ရှေ့စံမင်းသားသည် အကူအညီမဲ့မှုကို ခံစားမိသွားသည်။ အစက သူက ရွှီချင်းကို လေ့ကျင့်ပေးရန် ရည်ရွယ်ထားခဲ့သည်။ သို့သော်လည်း တတိယအမတော်က အရင်ဦးစွာ လက်ဆောင်ပေးလိုက်သောကြောင့် သူ့အနေဖြင့် ပြုံးလိုက်ရုံသာ တတ်စွမ်းတော့သည်။

“ ဒါဆို ငါတို့သွားကြရအောင် ”

အိမ်ရှေ့စံမင်းသားသည် တတိယအမတော်ကို ကြည့်လိုက်သည်။

မင်းသမီးမင်မိန်သည် အိမ်ရှေ့စံမင်းသား၏ အဖိုးအိုပုံစံကို မြင်ပြီးနောက် သူ၏ စိတ်ထဲမှာ သက်ပြင်းချလိုက်သည်။ ယင်းက အိမ်ရှေ့စံမင်းသား၏ ရုပ်ဖျက်ထားမှုသက်သက်သာ ဖြစ်သော်လည်း တစ်ဖက်လူ၏ အမူအရာမှတဆင့် သူ၏ မောင်လေးသည် လက်ရှိအသွင်ပုံစံကို အမှန်တကယ် သဘောကျကြောင်း သူပြောနိုင်သည်။

‘ ချောမောခန့်ညားပြီး ဂုဏ်သတင်းကျော်ဇောတဲ့ အိမ်ရှေ့စံမင်းသားက… ဟူး အခု ငါတို့နှစ်ယောက်စလုံး အသက်ကြီးလာကြပြီ ’

‘ ငါတို့ဘဝရဲ့ အကောင်းဆုံး အချိန်တွေက နေရောင်ခြည်တောင် မတိုးနိုင်တဲ့ နေရာမှာ ချိပ်ပိတ်ခံခဲ့ရတယ် ’

မင်းသမီးမင်မိန်သည် ခေါင်းခါလိုက်ပြီး သူ၏ အသွင်ပုံစံကို ပြောင်းလဲလိုက်သည်။ သူက သနားကြင်နာသော အဖွားအိုတစ်ယောက်ပုံစံ ပြောင်းလဲသွားပြီး တည်ငြိမ်စွာ ပြောသည်။

“ နင်က အဲ့ဆေးဆိုင်ထဲမှာ အရမ်းသက်တောင်သက်သာရှိနေတဲ့ပုံပဲ ”

အိမ်ရှေ့စံမင်းသားသည် ပြုံးလိုက်ပြီး နူးညံ့စွာ ပြောသည်။

“ အဲ့ဆေးဆိုင်က အရမ်းနွေးထွေးတယ် ”

မင်သမီးမင်မိန်သည် နက်နဲစွာ တွေးတောလိုက်သည်။

ရွှီချင်းသည် မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး သူ၏ အရှေ့မှ အဖိုးအိုနှင့် အဖွားအိုကို ကြည့်လိုက်သည်။ သူ၏ ဆေးဆိုင်ထဲမှာ နောက်ထပ်ဆိုင်ပိုင်ရှင်အသစ်တစ်ယောက် ထပ်တိုးလာတော့မည်ဟု ရေးတေးတေး သူခံစားနေမိသည်။

သူ၏ သာမန်ဆေးဆိုင်ထဲမှာ ဝိညာဉ်စုစည်းခြင်းအဆင့် ပုဂ္ဂိုလ်နှစ်ယောက် ရှိနေသည်ဟု စဉ်းစားမိလိုက်သည့်အခါ ရွှီချင်းကဲ့သို့ တည်ငြိမ်သော လူသည်ပင် အနည်းငယ် အံ့ဩသွားရသည်။

“ ပဉ္စမညီမတော်နဲ့ အဌမမောင်တော်ကို ချိပ်ပိတ်ထားတဲ့ နေရာဆီ သွားကြရအောင်… အရင်တစ်ခေါက်က ဘုရားကျောင်းထဲမှာ ငါတို့လုပ်ခဲ့တဲ့ကိစ္စကြောင့် သူတို့ရဲ့ ဝိညာဉ်အချုပ်အနှောင်တွေက တိတ်တဆိတ် ကျိုးပျက်သွားလောက်ပြီ… အခု သူတို့တွေ နိုးထနေလောက်ပြီ ”

မင်းသမီးမင်မိန်က တည်ငြိမ်စွာ ပြောပြီးနောက် အရှေ့သို့ လျှောက်သွားသည်။

အိမ်ရှေ့စံမင်းသားသည် ရွှီချင်းကို လက်ဝှေ့ယမ်းပြလိုက်ပြီး အနောက်မှ လိုက်သွားသည်။

ရွှီချင်းထံမှာ ထူးဆန်းသော အမူအရာရှိနေသည်။ စောစောက သူမှားယွင်းတွက်ချက်မိသွားသည်ဟု ခံစားမိသွားသည်။ အနာဂတ်တွင် သူ၏ ဆေးဆိုင်ထဲမှာ ဝိညာဉ်စုစည်းခြင်းပုဂ္ဂိုလ်က နှစ်ယောက်မကနိုင်ပေ။ လေးယောက်ဖြစ်နိုင်ပေသည်။

‘ တကယ်လို့ အိမ်ရှေ့စံမင်းသားရဲ့ ညီအကိုမောင်နှမတွေအားလုံး ချိပ်ပိတ်ခံထားရတာကနေ လွတ်မြောက်သွားမယ်ဆိုရင် အဲ့ထက် ပိုများလာနိုင်တယ် ’

ရွှီချင်းက ထိုသို့စဉ်းစားမိသွားသောအခါ သူ၏ နှလုံးသည် တုန်ယင်လာသည်။ သူက ဆေးဆိုင်တည်ရှိသော ဦးတည်ရာဘက်သို့ လှမ်းမကြည့်ဘဲ မနေနိုင်ပေ။

အတိတ်တွင် ဆေးဆိုင်ကို ထိုနေရာမှာ သူဖွင့်ခဲ့စဉ်က တစ်နေ့ကျလျှင် ထိုသို့ဖြစ်လာလိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။

ထိုသို့ဖြင့် သူတို့သုံးယောက်က ထွက်ခွာသွားကြသည်။

အဖိုးအိုနှင့် အဖွားအိုသည် ကောင်းကင်ပေါ်မှာ ရွေ့လျားနေကြပြီး ရွှီချင်းသည် မြေပြင်ပေါ်မှ လိုက်ပါလာသည်။

သူတို့နှစ်ယောက်က ကောင်းကင်ပေါ်မှာ တိတ်ဆိတ်စွာ ရွေ့လျားနေကြစဉ် ရွှီချင်းက သဲကန္တာရထဲမှာ ဆူညံမှုများကို ဖြစ်ပေါ်စေသည်။

သဲကန္တာရ၏ ပျော့ပျောင်းမှုသည် ခရမ်းလစွမ်းအားကို ပြန်ရုပ်သိမ်းပြီးသွားသော ရွှီချင်းအတွက် ရွေ့လျားရန် အလွန်အခက်တွေ့စေသည်။ သူက ခြေတစ်လှမ်း လှမ်းရန် ခွန်အားအကုန်ကို ထုတ်သုံးနေရသည်။ သူက အနည်းငယ် ခြေလှမ်းမှားသွားသည်နှင့် သဲကန္တာရထဲမှာ နစ်မြုပ်သွားလိမ့်မည်။

ထို့ပြင် တချို့ဧရိယာများမှာ သဲချိုင့်ကြီးများရှိပြီး ပြင်းထန်သော စုပ်ယူအားက အထဲမှ ထွက်ပေါ်လာတတ်သည်။ ယင်းက ရွှီချင်းကို တွားသွားထွက်လာရန် အလွန်အခက်တွေ့စေသည်။

အိမ်ရှေ့စံမင်းသားသည် သူ၏ အမတော်ရှေ့မှာ အကြီးအကဲဟူသော သူ၏ အကျင့်စရိုက်တချို့ ပျောက်ဆုံးသွားခဲ့သည်။ သူက ငယ်မူပြန်နေသော အဖိုးအိုတစ်ယောက်နှင့် ပိုပြီးတူသည်။ ရက်အနည်းငယ်ကြာ စောင့်ကြည့်ပြီးသည့်နောက် မင်းသမီးမင်မိန်သည် လက်ဝှေ့ယမ်းလိုက်ပြီး သဲချိုင့်ကြီးတစ်ခုထဲမှာ ဒုက္ခရောက်နေသော ရွှီချင်းကို ဆွဲထုတ်ပေးလိုက်သည်။

ရွှီချင်းသည် ရှက်ရွံ့မှုကို အနည်းငယ် ခံစားမိသွားသည်။ သူက သဲချိုင့်ကြီးထဲမှာ နှစ်နာရီကြာ တွယ်တတ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

“ နင်ဘာလို့ လိမ္မာတဲ့ကလေးကို ဒီလိုနှိပ်စက်နေတာလဲ ”

မင်းသမီးမင်မိန်သည် အိမ်ရှေ့စံမင်းသားကို မပျော်ရွှင်စွာ ကြည့်လိုက်သည်။ အိမ်ရှေ့စံမင်းသားက စကားပြောရန် ဟန်ပြင်လိုက်သည်။

“ နင်ငယ်ငယ်က အမှားလုပ်မိလို့ ခမည်းတော် နင့်ကို အပြစ်ပေးခဲ့တာကို တွေးနေတာမလား… အဲ့ဒီသတ္ထုဘောလုံးက နည်းနည်းရင်းနှီးတယ်လို့ ခံစားမိတယ်… အဲ့ဒါ အတိတ်တုန်းက ခမည်းတော် နင့်ခါးမှာ ချည်နှောင်ပေးခဲ့တဲ့ဟာ မဟုတ်လား ”

ရွှီချင်းသည် ခေါင်းမော့လိုက်ပြီး အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။ ဤရက်များတွင် သူက သဲချိုင့်ကြီးများထဲမှာ ယက်ကန်ယက်ကန် တွယ်တတ်နေရသည့်အခါတိုင်း အိမ်ရှေ့စံမင်းသားက သူ့ကို အတိတ်ကို လွမ်းဆွတ်ခြင်းနှင့် ဝမ်းသာပျော်ရွှင်ခြင်းဖြင့် ကြည့်လေ့ရှိကြောင်း သူသတိပြုမိသည်။

အိမ်ရှေ့စံမင်းသားသည် ရယ်မောလိုက်ပြီး စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ တတိယအမတော်… ပဉ္စမညီမတော်ကို ချိပ်ပိတ်ထားတဲ့နေရာက နည်းနည်းထူးခြားတယ်… အဲ့ဒါက ငါတို့နဲ့ ခြားနားတယ်… အရင်က အဲ့ဒီကို ငါသွားပြီး အာရုံခံကြည့်ခဲ့တယ် ”

ရွှီချင်းကို ဖမ်းဆုပ်ထားသော မင်းသမီးမင်မိန်သည် ခေါင်းညိတ်လိုက်သည်။

“ ဘယ်လိုထူးခြားတာလဲ ”

“ ပဉ္စမညီမတော်က အစစ်အမှန်လောကထဲမှာ ချိပ်ပိတ်ခံထားရတာ မဟုတ်ဘူး ”

တည်ကြည်လေးနက်သော အမူအရာသည် အိမ်ရှေ့စံမင်းသား၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပြီးလျှင် အက်ရှရှအသံ ထွက်ပေါ်လာသည်။

“ သူက ကလေးကဗျာတေးထဲမှာ ချိပ်ပိတ်ခံထားရတယ် ”

မင်းသမီးမင်မိန်သည် နက်နဲစွာ တွေးတောလိုက်သည်။ ရွှီချင်းသည် ဤသည်ကိုကြားသောအခါ ထူးဆန်းမှုကို ခံစားမိသွားသည်။ သူသည် ကိစ္စအများအပြားကို တွေ့ကြုံခဲ့ဖူးသော်လည်း ကလေးကဗျာတေးကို ချိပ်ပိတ်ရန် အသုံးပြုနိုင်ကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

“ တောင်ပိုင်းဒေသက ကင်းခြေနက်တောင်ကုန်းအောက်ခြေမှာ ရွာငယ်တစ်ရွာ ရှိတယ် ”

“ အဲ့ဒီရွာက အချိန်အတော်ကြာ တည်ရှိနေခဲ့တယ်… တကယ်လို့ ကဒ်ဘေးတစ်ခုခုကို တွေ့ဆုံပြီး ရွာလုံးကျွတ် သေဆုံးသွားမယ်ဆိုရင်တောင် အချိန်ကာလတစ်ခုကြာပြီးသွားရင် အဲ့ဒီရွာက တဖန်ပေါ်ပေါက်လာတယ် ”

“ အဲ့ဒီရွာမှာ အမြဲရွတ်ဆိုလေ့ရှိတဲ့ ကလေးကဗျာတေးတစ်ပုဒ်ရှိတယ်… ”

အိမ်ရှေ့စံမင်းသားက အရှေ့သို့ ဆက်လျှောက်သွားစဉ် လောကဓံ၏ အနိမ့်အမြင့်ပါသော သူ၏ အက်ရှရှအသံက ဘေးပတ်ဝန်းကျင်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။

“ ပဉ္စမညီမတော်က အဲ့ဒီကလေးကဗျာတေးထဲမှာ ချိပ်ပိတ်ခံထားရတယ်… ဒီလောကထဲမှာ အဲ့ဒီကဗျာကို ဘယ်သူမှ မမှတ်မိတော့တဲ့တစ်နေ့ကျရင် ပဉ္စမညီမတော်က လုံးဝသေဆုံးသွားလိမ့်မယ် ”

“ ဒါပေမဲ့ ငါတို့ရဲ့ စတုတ္ထညီတော်ဖြစ်တဲ့ နတ်ဘုရားသားတော်က ပဉ္စမညီမတော်ကို ညှဉ်းပန်းနှိပ်စက်ချင်သေးတယ်… ဒီတော့ သူက ပဉ္စမညီမတော်ကို ဘယ်လိုလုပ် လွယ်လွယ်ပေးသေမှာလဲ… သူက ကဗျာကို ကိုယ်တိုင်မှတ်ထားတဲ့အပြင် တခြားလူတွေ မှတ်မိနေအောင်လည်း အမြဲစီစဉ်ထားတယ်… ”

“ တစ်ချိန်တည်းမှာ သူက နီလာနတ်သမီးရဲ့ စွမ်းအားကို ငှားယူပြီး အဲ့ဒီကလေးကဗျာတေးကို ရွတ်ဆိုတဲ့အခါတိုင်း ပဉ္စမညီမတော်ကို ပြင်းပြင်းထန်ထန် နာကျင်ခံစားစေတယ်… တစ်ယောက်ယောက်က ကဗျာရွတ်ဆိုတဲ့အခါတိုင်း သူ့အသွေးအသားတွေက လှီးဖြတ်ခံလိုက်ရသလိုမျိုး နာကျင်ခံစားရလိမ့်မယ်… အဲ့ဒီရွာကို ဘယ်ဖြစ်လို့ သူရွေးချယ်ခဲ့တာလဲဆိုတော့ ပဉ္စမညီမတော်ရဲ့ သွေးမျိုးစက်အမွေအနှစ်ကြောင့်ပဲ… အဲ့ဒီရွာမှာ နေထိုင်ကြတဲ့ ရွာသားတွေက သူ့ရဲ့ နောင်သားမျိုးဆက်တွေ ဖြစ်တယ် ”

ရွှီချင်းသည် အံ့ဩသွားသည်။

မင်းသမီးမင်မိန်သည် နှုတ်ဆိတ်သွားသည်။ သူ၏ မျက်လုံးထဲမှာ ဝမ်းနည်းခြင်းနှင့် ဒေါသအရိပ်အယောင် ထွက်ပေါ်လာသည်။ အဘယ့်ကြောင့်ဆိုသော် အိမ်ရှေ့စံမင်းသား၏ စကားထဲမှ လျှို့ဝှက်အဓိပ္ပာယ်တစ်ခုကို သူနားလည်သောကြောင့် ဖြစ်သည်။

ထိုရွာသည် ကလေးကဗျာတေးမှတဆင့် ပဉ္စမညီမတော်၏ အသွေးအသားများကို လှီးထုတ်ပစ်နေသောနေရာ ဖြစ်သည်။ ထို့နောက် ယင်းတို့ကို နတ်ဘုရားသားတော်၏ စေခိုင်းမှုအရ သူတို့ဆီသို့ ပေးပို့လာခဲ့ပြီး ဤနှစ်များတွင် သူတို့အတွက် အစားအစာ ဖြစ်လာစေခဲ့သည်။

အိမ်ရှေ့စံမင်းသားသည် နှုတ်ဆိတ်သွားသည်။

တိတ်ဆိတ်နေစဉ် ဝမ်းနည်းပူဆွေးမှုသည် တဖြည်းဖြည်း ပိုနက်ရှိုင်းလာသည်။ လမ်းတစ်လျှောက်တွင် မင်းသမီးမင်မိန်သည် စကားထပ်မပြောတော့ပေ။ အိမ်ရှေ့စံမင်းသားသည်လည်း စကားမပြောပေ။ သူတို့သုံးယောက်သည် အစိမ်းရောင်သဲကန္တာရနှင့် ချင်းရှဒေသငယ်ထဲမှ ထွက်သွားကြသည်။ သူတို့သည် သတ်မှတ်ထားသော ဦးတည်ရာဆီသို့ရောက်ရန် အနောက်ပိုင်းဒေသကို ဖြတ်ကျော်သွားပြီး လဝတ်ပြုဒေသကြီး၏ တောင်ပိုင်းဒေသဆီသို့ ဦးတည်သွားကြသည်။

သာမန်ကျင့်ကြံသူများအတွက် တည်နေရာပြောင်းရွှေ့အစီအရင်ကို အသုံးမပြုဘဲ ထိုမျှအကွာအဝေးကို ခရီးသွားလာမည်ဆိုလျှင် သူတို့၏ တစ်ဘဝလုံးစာ ကြာမြင့်သွားနိုင်ပေသည်။ သို့သော်လည်း အိမ်ရှေ့စံမင်းသားနှင့် မင်းသမီးမင်မိန်၏ ခြေလှမ်းအောက်မှာ ထိုမျှအကွာအဝေးကို ဖြတ်သန်းသွားလာရန် တစ်ရက်မျှသာ ကြာမြင့်ခဲ့သည်။

ထို့ပြင် သူတို့က ရွှီချင်း၏ ခံနိုင်ရည်ကိုလည်း ထည့်သွင်းစဉ်းစားခဲ့သေးသည်။ သို့မဟုတ်လျှင် လျှပ်တစ်ပြက်သာ ကြာမြင့်လိမ့်ပေမည်။

သူတို့၏ ဦးတည်ရာသည်တော့ ပျက်စီးဆွေးမြေ့မှုဖြင့် ပြည့်နှက်နေသော အဆုံးမရှိသည့် တောအုပ်ကြီးတစ်ခု ဖြစ်သည်။ ယင်းက အပျက်အစီးနှင့် သေခြင်းအငွေ့အသက်ကို ပေးစွမ်းနေသည်။

တောအုပ်ကြီး၏ အနက်ပိုင်းထဲတွင် ရွှီချင်းသည် ထူးခြားသော တောင်ကုန်းတစ်ခုကို မြင်သွားသည်။

ထိုတောင်ကုန်းသည် ပေပေါင်းရှစ်ရာနီးပါး ရှည်လျားပြီး ဧရာမကင်းခြေများတစ်ကောင်က ၎င်း၏ အစွယ်များကို ကောင်းကင်ဆီသို့ ဆန့်ထုတ်ထားသည့်နှယ် ထင်မှတ်ရသည်။

ကင်းခြေများ၏ လက်တံများသည် အလွန်ထင်ရှားလေရာ တကယ်အသက်ဝင်နေဟန် အောက်မေ့ရသည်။

ထိုတောင်ကုန်းကို မြင်လိုက်သည်နှင့်ချက်ချင်း ရက်စက်ကြမ်းကြုတ်သော ခံစားမှုက သူ၏ နှလုံးသားထဲသို့ တိုးဝင်လာနေကြောင်း ရွှီချင်း ခံစားမိသွားသည်။

သူက ထိုတောင်ကုန်းထံမှ မိစ္ဆာအရှိန်အဝါနှင့် နှစ်ပေါင်းများစွာကြာအောင် စုစည်းရှိနေခဲ့သော မကျေမချမ်းစိတ်ဆန္ဒကို အာရုံခံမိသွားသည်။

ထိုတောင်ကုန်းသည် အိမ်ရှေ့စံမင်းသားပြောသွားခဲ့သော ကင်းခြေနက်တောင်ကုန်း ဖြစ်သည်။

ဤနေရာတွင် ကောင်းကင်သည် အနက်ရောင်ဖြစ်ပြီး မည်သူမဆို လေထဲမှာ ရစ်ဝဲနေသော အနက်ရောင်တိမ်တိုက်များကို မြင်နိုင်လိမ့်ပေမည်။ ထိုအနက်ရောင်တိမ်တိုက်များသည် ဤနေရာမှာ စုစည်းရှိနေသော မကျေမချမ်းစိတ်ဆန္ဒမှ ဖြစ်ပေါ်လာကြခြင်း ဖြစ်သည်။

ထို့ပြင် လျှပ်စီးသည် တဝင်းဝင်း လက်လက်နေပြီး မိုးခြိမ်းသံသည် အရပ်မျက်နှာအသီးသီးသို့ ပဲ့တင်ထပ်နေသည်။

ဤသည်မှာ သက်ရှိအားလုံးက သူတို့၏ ဆန္ဒမရှိမှုကို မိုးနတ်မင်းကြီးကြားအောင် အော်ဟစ်ညည်းညူပြနေသည့်အလားပင်။

တောင်အောက်ခြေတွင်တော့ ခြံစည်းရိုးခတ်ထားသော ရွာငယ်တစ်ရွာ ရှိသည်။

တောင်ကို အမှီပြု၍ တည်ဆောက်ထားသော ထိုရွာလေးသည် မကြီးမားပေ။ ရွာထဲမှ နေအိမ်အများစုသည် မီးခိုးရောင်ဖြစ်ပြီး အမင်္ဂလာနိမိတ်ကို ပေးသည်။ ထို့ပြင် မြေပြင်သည်လည်း ညစ်ပတ်ရှုပ်ပွနေသည်။

ထိုသို့ဖြစ်ရခြင်းမှာ ဤရွာလေးက ဤလောကကြီးထဲမှ သီးခြားကွဲထွက်နေဟန်ရသောကြောင့် ဖြစ်နိုင်ပေသည်။ ထို့ပြင် ကောင်းကင်နှင့်မြေပြင်ကြားမှ ဝုန်းခနဲ မြည်ဟိန်းသံများကလည်း အပြင်လူများ ရောက်ရှိမလာအောင် တားဆီးထားသည့်အလားပင်။ သို့ဖြစ်၍ သက်ဝင်လှုပ်ရှားမှု ကင်းမဲ့ခြင်းသည် ဤရွာလေးထဲမှာ နေထိုင်သူများအတွက် စံသတ်မှတ်ချက်ဖြစ်လာသည်။

ထို့ပြင် သူတို့က စွန့်ပစ်ဒေသမှာ နေထိုင်ကြသောကြောင့် ညှိုးမှိုင်ခြင်းသည် သူတို့အတွက် အဓိက စိတ်ခံစားချက် ဖြစ်လာသည်။

ထိုအချက်အားလုံးကို စုပေါင်းလိုက်သည့်အခါ စိတ်ခံစားချက်များသည် အချိန်ကာလ၏ တိုက်စားမှုကြောင့် ယိုယွင်းပျက်စီးသွားခဲ့သည်။

ကလေးငယ်များသာလျှင် သူတို့၏ သဘာဝကြောင့် စိုးရိမ်ပူပန်မှုအများကြီး မရှိသည့်ပုံပေါ်သည်။ သူတို့က လျှပ်စီးလက်ခြင်းကို မီးရှူးမီးပန်းများ ထွက်ပေါ်လာခြင်းအဖြစ် သဘောထားကြသည်။ သို့ဖြစ်၍ လျှပ်စီးရောင်က ကောင်းကင်တစ်ခွင် ဖြတ်သန်းသွားသည့်အခါတိုင်း သူတို့သည် ဝမ်းသာပျော်ရွှင်စွာ ကခုန်လိုက်ကြပြီး ကလေးကဗျာတေးကို ရွတ်ဆိုလိုက်ကြသည်။

သူတို့သည် အသက်ငါးနှစ်ခြောက်နှစ်မျှသာ ရှိသေးသော်လည်း သူတို့၏ အသံသည် အဝေးနေရာထိ ထူးဆန်းစွာ ပျံ့လွင့်သွားသည်။

“ တစ်ခါတုန်းက အရုပ်ကြီးတစ်ရုပ်ရှိတယ်… အရုပ်သေးသေးလေးကိုးရုပ်က အရုပ်ကြီးနောက်ကနေ တန်းစီလိုက်သွားကြတယ်… အရုပ်ဆယ်ရုပ်ထဲမှာ အမှတ်ခြောက်၊ အမှတ်ခုနစ်၊ အမှတ်ရှစ်က မျက်လုံးနီတွေနဲ့ အညိုရောင်ဆံပင်ရှိကြတယ်… သူတို့က တစ်ချိန်လုံး တိတ်ဆိတ်နေကြတယ်… အဲ့ဒါကို တခြားအရုပ်တွေက မြင်သွားတော့ ကလေးတွေ ဘာမှမကြောက်ကြနဲ့လို့ အော်ပြောလိုက်တယ်… ”

“ တစ်နေ့မှာ အရုပ်ကြီးက နေမကောင်းဖြစ်လာတယ်… အမှတ်နှစ်အရုပ်က အရုပ်ကြီးကို ပြုစုပေးတယ်… အမှတ်သုံးအရုပ်က ဆေးသွားဝယ်တယ်… အမှတ်ငါးအရုပ်က ရေနွေးကျိုတယ်… အမှတ်ခြောက်အရုပ်က သေဆုံးသွားတယ်… အမှတ်ခုနစ်အရုပ်က ရယ်မောလိုက်တယ်… အမှတ်ရှစ်အရုပ်က တွင်းတစ်ခုတူးတယ်… အမှတ်ကိုးအရုပ်က တွင်းထဲ ခုန်ချသွားတယ်… အမှတ်တစ်ဆယ်အရုပ်က ငိုကြွေးနေတယ်… ဘာလို့ ငိုနေတာလဲလို့ ငါသွားမေးလိုက်တော့… ”

“ အမှတ်လေးအရုပ်က လမ်းပျောက်သွားပြီး ပြန်ရောက်မလာတော့လို့တဲ့ ”

ကလေးကဗျာတေးသည် လေနှင့်အတူ ပျံ့လွင့်လာသည်။ ယင်းက ထူးခြားသော အစွမ်းတစ်မျိုးကို ပိုင်ဆိုင်ထားသည့်အလား မိုးခြိမ်းသံသည်ပင် ထိုအသံကို မဖုံးလွှမ်းနိုင်ပေ။ ယင်းက ရွာအပြင်ဘက်သို့ ပျံ့လွင့်သွားပြီး ရွာအဝင်ဝဆီသို့ ယခုလေးတင် ရောက်ရှိလာကြသော ရွှီချင်းနှင့် တခြားလူနှစ်ယောက်၏ နားထဲသို့ ဝင်ရောက်သွားလေသည်။

မင်းသမီးမင်မိန်ဆီမှာ ရှုပ်ထွေးသော အမူအရာရှိသည်။ အိမ်ရှေ့စံမင်းသားသည် နာကျင်မှုကို ဖုံးကွယ်ရန် မျက်လုံးမှိတ်ထားလိုက်သည်။

ရွှီချင်းသည် စိတ်ထဲမှာ နူးညံ့စွာ အသက်ရှူသွင်းလိုက်သည်။

လဝတ်ပြုဒေသကြီး၏ အုပ်ချုပ်သူဆီမှာ သမီးတော်ငါးယောက်နှင့် သားတော်ဆယ်ယောက် ရှိသည်။ တော်ဝင်မျိုးနွယ်၏ ဓလေ့ထုံးစံအရဆိုလျှင် သားတော်များသည် တစ်အုပ်စုဖြစ်ပြီး သမီးတော်များသည် သက်သက်တစ်အုပ်စု ဖြစ်သည်။

ဤကလေးကဗျာတေးသည် အတိတ်တုန်းက အုပ်ချုပ်သူ၏ သားတော်ဆယ်ယောက်ကို ရည်ညွှန်းထားခြင်း ဖြစ်သည်။ ထိုထဲတွင် စတုတ္ထမြောက်သားတော်သည် အနီရောင်လဗိမာန်၏ နတ်ဘုရားသားတော်ဖြစ်ကြောင်း ရွှီချင်းသိထားသည်။

အရုပ်ကြီးသည်တော့ အိမ်ရှေ့စံမင်းသားဖြစ်သည်။

အိမ်ရှေ့စံမင်းသား၏ မျက်နှာအမူအရာမှတဆင့် အတိတ်အကြောင်းကို ရွှီချင်း အနည်းငယ် ခန့်မှန်းကြည့်နိုင်သည်။ အိမ်ရှေ့စံမင်းသားသည် ထိုအချိန်တုန်းက အမှန်တကယ် နေမကောင်းဖြစ်ခဲ့ဟန် ရသည်။

နေမကောင်းဖြစ်ရသည့် အကြောင်းအရင်းကိုတော့ ရွှီချင်းမသိသော်လည်း ယင်းက အနီရောင်လနှင့် နီလနတ်သမီးဖြင့် ပတ်သက်နေလိမ့်မည်ဟု သူတွေးမိသည်။

“ အမှတ်လေးအရုပ်က ဘာလို့လမ်းပျောက်သွားလဲ မင်းသိချင်ရင် အရုပ်ကြီးကို မေးကြည့်ပါ… သူက အသိဆုံးပါ ”

ရွှီချင်းသည် နှုတ်ဆိတ်သွားပြီး အိမ်ရှေ့စံမင်းသားကို ကြည့်လိုက်သည်။

အိမ်ရှေ့စံမင်းသားသည် မျက်လုံးပြန်ဖွင့်လိုက်ပြီး ရွာကို စိုက်ကြည့်လိုက်သည်။ သူက နူးညံ့စွာ ပြောသည်။

“ ပဉ္စမညီမတော်ရဲ့ ဝိညာဉ်က နိုးထနေပြီ… ချိပ်တံဆိပ်ကို ဖြေလျှော့ဖို့အတွက်ကတော့… တတိယအမတော်… မင်းက မင်းရဲ့ အခွင့်အာဏာကို အသုံးပြုပြီး ဒီနေရာမှာ ပေါ်လာဖူးတဲ့ လူတိုင်းရဲ့ ခြေရာလက်ရာအားလုံးကို ဟိုးရှေးခေတ်ကနေ ယခုအချိန်အထိ တည်ရှိနေအောင် ပြုလုပ်ပါ… ကလေးကဗျာတေးက ဒီနေရာမှာ နှစ်ပေါင်းများစွာကြာအောင် ပဲ့တင်ထပ်နေရမယ် ”

“ ရွှီချင်း… ဒီလိုလုပ်ဆောင်နေချိန်အတွင်း မင်းရဲ့ ခရမ်းလစွမ်းအားကို ငါတို့လိုအပ်တယ်… အဲ့ဒါက ချိပ်တံဆိပ်ကို ဖွင့်လှစ်ဖို့ သော့ချက်ပဲ ”

“ ငါကတော့ ဒီနေရာက အားလှိုင်းအတတ်အကျတွေနဲ့ လောကကြီးရဲ့ အသိအမြင်ကို ပြောင်းလဲပစ်ဖို့ အကောင်းဆုံး ကြိုးစားမယ်… တကယ်လို့ အနီရောင်လဗိမာန်က ငါ့ကို အချိန်တိုင်း အာရုံမစိုက်ထားဘူးဆိုရင် အသက်ဆယ်ခါရှူချိန်အတွင်းမှာ သူတို့တွေ ဘာမှအာရုံခံမိမှာ မဟုတ်ဘူးလို့ ငါအာမခံတယ် ”

“ ဒါပေမဲ့ အချိန်က အသက်ဆယ်ခါရှူချိန်ပဲရတယ် ”

အိမ်ရှေ့စံမင်းသားသည် ခေါင်းလှည့်လိုက်ပြီး မင်းသမီးမင်မိန်ကို ကြည့်လိုက်သည်။

“ အဲ့ဒါ လုံလောက်ပါတယ် ”

မင်းသမီးမင်မိန်က စကားပြောပြီးနောက် အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ သူက ညာလက်ကို မြှောက်တင်လိုက်ပြီး ရွာဆီသို့ လက်ညှိုးညွှန်လိုက်သည်။ ချက်ချင်းဆိုသလို ကောင်းကင်၏ အရောင်သည် ပြောင်းလဲသွားပြီး မုန်တိုင်းတစ်ခု အစပျိုးလာသည်။ ကောင်းကင်ပေါ်မှ လျှပ်စီးသည်ပင် ဤအခိုက်အတန့်မှာ ရပ်တန့်သွားသည်။

အချိန်မြစ်သည် လေထဲမှာ ရုတ်တရက် ဒြပ်ထည်ဖြစ်တည်လာပြီး ရွာတစ်လျှောက် ဖြတ်သန်းစီးဆင်းသွားသည်။

အချိန်မြစ်သည် လှုပ်ရှားထကြွလာပြီး လှိုင်းလုံးများ ထွက်ပေါ်လာကြသည်။ မရေမတွက်နိုင်သော ရေလှိုင်းလုံးများက လောကတစ်ခွင် ဖုံးလွှမ်းသွားသောအခါ ပုံရိပ်အများအပြား ဖြစ်ပေါ်လာကြသည်။

ဤရွာထဲမှာ မွေးဖွားခဲ့ဖူးသော မည်သူမဆို သူတို့၏ အချိန်ကာလအပိုင်းအခြားသည် မင်းသမီးမင်မိန်၏ ဆင့်ခေါ်ခြင်းခံရလိမ့်မည်။ အချိန်ကာလအများအပြားသည် ရွာထဲမှာ ဖြတ်သန်းသွားသည်။

အသက်သုံးခါရှူချိန်ကြာပြီးသွားသောအခါ မရေမတွက်နိုင်သော ပုံရိပ်များသည် ရွာထဲမှာ ဖြစ်ပေါ်လာကြသည်။

ရွာထဲမှာ နေထိုင်ကြသော လူများသည် အိမ်အပြင်သို့ မိန်းမောတွေဝေစွာ ထွက်လျှောက်လာကြသည်။

ဤအခိုက်အတန့်မှာ သက်ရှိဝိညာဉ်များသည် ရွာထဲမှာ စုဝေးသွားကြသည်။

လောကသည် ဝုန်းခနဲ မြည်ဟိန်းသွားပြီး ဟင်းလင်းပြင်သည် တုန်ရီသွားသည်။ အချိန်မြစ်က စီးဆင်းနေသည်နှင့်အမျှ သေခြင်းရှင်ခြင်း၏ သံပြိုင်ရွတ်ဆိုမှုများ၊ အတိတ်နှင့် ပစ္စုပ္ပန်၏ ချီးမွမ်းမှုများသည် အရပ်မျက်နှာတစ်လျှောက် ပဲ့တင်ထပ်သွားသည်။

“ တစ်ခါတုန်းက အရုပ်ကြီးတစ်ရုပ်ရှိတယ်… အရုပ်သေးသေးလေးကိုးရုပ်က အရုပ်ကြီးနောက်ကနေ တန်းစီလိုက်သွားကြတယ်… ”

“ တစ်နေ့မှာ အရုပ်ကြီးက… ”

All Chapters