← Chapters

ကျောက်ရှာအလင်း၏ အသင်္ချေပညာရပ်များ… ချန်းအားညို၏ ကိစ္စကြီး(ဂ)

Vol. 65 Ch. 1015

ကျောက်ရှာအလင်း၏ အသင်္ချေပညာရပ်များ… ချန်းအားညို၏ ကိစ္စကြီး(ဂ)

Vol. 65 Ch. 1015

ယခင်နှင့်မတူညီသည်မှာ မင်းသမီးမင်မိန်လည်း ဤတစ်ကြိမ်မှာ ရှိနေသည်။

“ ရွှီချင်း… မင်းရဲ့ ကောင်းကင်ဘုံတာအို… တစ္ဆေအင်ပါယာတောင်ကုန်းနဲ့ တားမြစ်အဆိပ်ဝိညာဉ်နတ်သူငယ်တွေက အတော်လေး ထူးခြားကြတယ်… မင်းရဲ့ ကျင့်ကြံခြင်းအခြေခံ အဆင့်မချိုးဖြတ်ခင်အထိ စောင့်ပါ… ပြီးသွားမှ အဲ့ဒီဟာတွေကို ဆင်ခြင်သုံးသပ်ပါ ”

“ ပြီးတော့ အချိန်ပုလင်းနဲ့ ကြွေကျသွားတဲ့ နေလုံးကနေ ဖြစ်ပေါ်လာတဲ့ ကျောက်ရှာအလင်းလည်း ရှိသေးတယ်… အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီး မင်းကို ညွှန်ကြားပေးဖို့ တတိယအမတော်က ငါ့ထက် ပိုပြီးသင့်တော်တယ် ”

ထိုသို့ပြောပြီးနောက် အိမ်ရှေ့စံမင်းသားသည် တတိယအမတော်ကို ကြည့်လိုက်သည်။

ရွှီချင်းသည် အိမ်ရှေ့စံမင်းသားနှင့် ဆန့်ကျင်ဘက်မှာ ထိုင်နေပြီး စိတ်ဝင်တစား နားထောင်နေသည်။ အိမ်ရှေ့စံမင်းသားက သူ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်အား ထွင်းဖောက်မြင်နိုင်ခြင်းကို သူမအံ့ဩပေ။ ဤအခိုက်အတန့်မှာ သူက မင်းသမီးမင်မိန်ကို ကြည့်လိုက်သည်။

“ အချိန်ပုလင်းက တော်ဝင်မိသားစုရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ရတနာတစ်ခုပဲ… အဲ့ဒါရဲ့ ဇစ်မြစ်ကို ငါမသိဘူး… ဒါပေမဲ့ အဲ့ဒီထဲမှာ အချိန်ပညာရပ်ပါရှိတယ်… ဒါပေမဲ့ အဲ့ဒီပညာရပ်က သင်ယူနိုင်တဲ့အရာမဟုတ်ဘူး… မင်းက ထပ်ခါထပ်ခါ ဆင်ခြင်သုံးသပ်ပြီး အဲ့ဒါကို မင်းရဲ့ နှလုံးသားထဲမှာ တံဆိပ်ရိုက်နှိပ်ရမယ်… အချိန်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေက အရမ်းနက်နဲတယ်… လူတိုင်းရဲ့ လမ်းစဉ်တွေက တစ်ယောက်နဲ့တစ်ယောက် မတူညီကြဘူး ”

မင်းသမီးမင်မိန်၏ အကြည့်သည် ရွှီချင်းပေါ်သို့ ကျရောက်လာသည်။

ရွှီချင်း၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားသည်။ ဤသည်မှာ သူနှင့်ပတ်သက်သော အရာအားလုံးက ထွင်းဖောက်ကြည့်ခံလိုက်ရသည့်အလား ခံစားမိသွားသည်။

“ မင်းရဲ့ သက်စောင့်မီးအိမ်တွေက အချိန်တာအိုပေါ် လျှောက်လှမ်းနေပြီးသား… မင်းက ဆက်လျှောက်ဖို့ပဲ လိုတယ်… ငါတို့လို သွေးမျိုးစက်မရှိဘဲ ကိုယ်ပိုင်သက်စောင့်မီးအိမ်ကို ဖွဲ့စည်းနိုင်တယ်ဆိုတာ တော်ရုံကိစ္စမဟုတ်ဘူး… ဒီဟာကြောင့် အိမ်ရှေ့စံမင်းသားက မင်းကို မြင့်မြင့် မျှော်မှန်းထားတာ ဖြစ်မယ်လို့ ငါယုံကြည်တယ် ”

ဤသည်ကိုကြားသောအခါ အိမ်ရှေ့စံမင်းသားသည် ပြုံးလိုက်သည်။

“ ငါတို့ရဲ့ လက်ရှိစွမ်းအင်တွေနဲ့ နဝမညီတော် ချိပ်ပိတ်ခံထားရတဲ့နေရာကို တိတ်တဆိတ် မဖွင့်နိုင်တာ ဝမ်းနည်းစရာပဲ… မဟုတ်ရင် နဝမညီတော် လွတ်မြောက်လာတဲ့အခါ သူ့ရဲ့ သက်စောင့်မီးအိမ်နတ်မီးလျှံအတတ်ပညာက ဒီကောင်လေးအတွက် အရမ်းသင့်တော်တယ် ”

တတိယအမတော်သည် ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။

“ ကျောက်ရှာအလင်းကတော့ အဲ့ဒီအလင်းက ရှားပါးပြီး ငါမလေ့လာဖူးဘူး ”

“ ဒါပေမဲ့ အတိတ်တုန်းက ရှေးဘုရင်ရွှမ်ယုံရဲ့ နန်းတော်ထဲမှာ ကျောက်ရှာအလင်းကို ပိုင်ဆိုင်ဖူးတဲ့ မင်းသားတစ်ပါးကို ငါမြင်ဖူးတယ်… အဲ့ဒီမင်းသားက ကျောက်ရှာအလင်းကို ဖြန့်ကြက်လိုက်ပြီး သူ့ကိုယ်သူ နေလုံးတစ်လုံးအသွင် ချက်ချင်း ပြောင်းလဲနိုင်တယ် ”

“ အဲ့ဒါက နေလုံးရဲ့ စွမ်းအင်ကို အပြည့်အဝ မထုတ်လွှတ်နိုင်ပေမဲ့ နေလုံးရဲ့ အစွမ်းအစတချို့ကို ပိုင်ဆိုင်ထားတုန်းပဲ… အဲ့ဒါရဲ့ အလင်းရောင်က အရမ်းတောက်ပပြီး အံ့ဖွယ်ကောင်းတယ်… ဘယ်အတတ်ပညာမှ သူ့ကို ထိခိုက်အောင် မလုပ်ဆောင်နိုင်ဘူး ”

“ ဒါကြောင့် ကောင်လေး… မင်းရဲ့ အတွေးတွေကို ကန့်သတ်မထားပါနဲ့… တစ်ခါတစ်ရံ တချို့နတ်ဘုရားစွမ်းအင်တွေက စိတ်ကူးနိုင်စွမ်းအပေါ် အခြေခံတယ်… မင်းက တခြားစွမ်းအင်တွေကို အချင်းချင်း ပေါင်းစပ်နိုင်တယ် ”

မင်းသမီးမင်မိန်သည် ရွှီချင်းကို မျှော်လင့်ချက်ကြီးစွာ ကြည့်လိုက်သည်။ တချို့ကိစ္စများသည် အပြောလွယ်သော်လည်း အမှန်တကယ် နားလည်ပြီး တစ်စုံတစ်ယောက်၏ အသိအမြင်ထဲသို့ ပေါင်းစပ်နိုင်ခြင်းသည် အလွန်ခက်ခဲသော အလုပ်ဖြစ်ကြောင်း သူသိသည်။

ယနေ့ သူပြောချင်သည့်အရာမှာ ကျောက်ရှာအလင်းနှင့် ရွှေကျီးကန်းသည် အပြန်အလှန် လိုက်လျောညီထွေမှုရှိကြောင်း ရွှီချင်းကို နားလည်စေချင်သည်။ ထိုသို့ပေါင်းစပ်မှုက ပိုပြီးကြီးမားသော စွမ်းအင်ကို ထုတ်လွှတ်လာနိုင်ပြီး အစွမ်းထက်သော ဝှက်ဖဲကတ်တစ်ခု ဖြစ်လာလိမ့်မည်။

သို့သော်လည်း သူက ရွှီချင်းကို ချက်ချင်း မပြောပေ။ သူက ရွှီချင်းကို စဉ်းစားချိန်ပေးပြီး ကိုယ်တိုင်အဖြေရှာစေချင်သည်။ သူက ထိုအချက်ကို ကိုယ်တိုင်သတိပြုမိမှသာလျှင် ယင်းကို အမှန်တကယ် နားလည်နိုင်လိမ့်မည်။

ထိုသို့ချဉ်းကပ်မှုသည် တိုက်ရိုက် လမ်းညွှန်ပေးခြင်းထက် အများကြီး ပိုနက်နဲပြီး ပိုထိရောက်သည်။

ဤသည်ကို ရွှီချင်းကြားသောအခါ သူ၏ နှလုံးသားသည် လှုပ်ခါလာသည်။ မင်းသမီးမင်မိန်၏ စကားလုံးတိုင်းသည် သူ၏ စိတ်ထဲမှာ အချိန်အတော်ကြာအောင် ပဲ့တင်ထပ်နေခဲ့သည်။

ဉာဏ်အလင်းရသော ခံစားမှုက သူ၏ နှလုံးသားထဲမှာ ပေါ်လျှိုးလာသည်။

အတွေးများစွာသည် သူ၏ စိတ်ထဲမှာ ထင်ပေါ်လာသည်။ ယင်းတို့က တစ်ခုနှင့်တစ်ခု တွေ့ဆုံသွားပြီး ပေါင်းစပ်သွားကာ အတွေးသစ်အမြင်သစ်များကို မွေးထုတ်ပေးလာသည်။

အချိန်အတော်ကြာပြီးနောက် ရွှီချင်းသည် ဉာဏ်အလင်းရသွားသည်။ သူ၏ အတွေးများက ကြည်လင်လာပြီး ရုတ်တရက် ခေါင်းမော့လိုက်သည်။ ထူးဆန်းသော အလင်းရောင်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသောအခါ သူ၏ အမူအရာသည် တည်ကြည်လေးနက်လာသည်။

“ ကျေးဇူးတင်ပါတယ် စီနီယာ… ငါနားလည်ပါပြီ ”

ရွှီချင်း၏ အကြည့်သည် ဝင်းလက်တောက်ပနေသည်။ သူက စကားပြောလိုက်သည်နှင့်ချက်ချင်း လက်ဖက်ရည်သောက်နေသော အိမ်ရှေ့စံမင်းသားသည် နှလုံးခုန်မြန်လာသည်။

ထိုစကားများသည် သူ့အား ဆိုးဝါးသော ခံစားမှုကို ပေးသည်။ သို့ဖြစ်၍ သူက စကားပြောတော့မည့်အချိန် မင်းသမီးမင်မိန်က တည်ငြိမ်စွာ ပြောသည်။

“ ဟမ်… မင်းက ဘာကို နားလည်တာလဲ ”

သူက မေးပြီးနောက် လက်ဖက်ရည်ခွက်ကို လက်လှမ်းယူလိုက်သည်။

“ စီနီယာ… မင်းပြောချင်တာကို ငါနားလည်ပါတယ်… မင်းငါ့ကို ပြောချင်တာက အလင်းရောင်ဆိုတာ… ပုံစံတစ်ခုတည်းမှာ မရှိနိုင်ဘူး ”

ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။

“ တကယ်တော့ အလင်းရောင်က စိတ်ဆန္ဒပေါ်မူတည်ပြီး ပုံသဏ္ဍာန်မျိုးစုံပြောင်းလဲနိုင်တယ်… ဒီတော့ အသွင်ပြောင်းလဲခြင်းဆိုတာ အလင်းရဲ့ စွမ်းအင်တစ်မျိုးပဲ… ဒါ့အပြင် အဲ့ဒါက အရမ်းအစွမ်းထက်တဲ့ စွမ်းအင်တစ်မျိုးပဲ ”

လက်ဖက်ရည်ခွက်ဆီရောက်တော့မည့် မင်းသမီးမင်မိန်၏ လက်က မသိမသာ ရပ်တန့်သွားသည်။

ရွှီချင်းသည် စိတ်လှုပ်ရှားလာပြီး ဆက်လက် ပြောသည်။

“ ဒီတော့… ကျောက်ရှာအလင်းက အသင်္ချေအတတ်ပညာတွေကို ဖျက်ဆီးပစ်နိုင်တယ်ဆိုရင် အဲ့ဒါက အသင်္ချေအတတ်ပညာတွေအဖြစ် ပြန်ပြောင်းလဲနိုင်ရမယ် ”

“ အဲ့ဒါမှန်တယ်… ငါ့ရဲ့ နတ်ဘုရားအတတ်ပညာတွေကို ကန့်သတ်ထားတာက ငါ့ရဲ့ စိတ်ကူးနိုင်စွမ်းဖြစ်တယ်လို့ စီနီယာက သတိပေးချင်တာ… တကယ်ပဲ အရင်က ငါ့ကိုယ်ငါ ကန့်သတ်ထားမိတယ် ”

“ ကျောက်ရှာအလင်းကို အသုံးပြုနိုင်တဲ့ နည်းလမ်းက တစ်ခုထက်ပိုကြောင်း အခု ငါနားလည်သွားပါပြီ ”

“ ငါက ကျောက်ရှာအလင်းကို အသုံးပြုပြီး တခြားလူတွေရဲ့ မန္တန်တွေကို ပုံတူဖန်တီးနိုင်လောက်တယ် ”

“ အလင်းမှာ အသွင်ပြောင်းလဲနိုင်တဲ့စွမ်းအင် ရှိတယ်… ဒီတော့ အဲ့ဒီနည်းလမ်းက အလုပ်ဖြစ်လောက်တယ်… ပြီးတော့ အဲ့ဒါက ကျောက်ရှာအလင်းကို အသုံးပြုနိုင်မယ့် အမှန်ကန်ဆုံး နည်းလမ်းပဲ ”

ရွှီချင်းသည် ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ သူ၏ နှလုံးသည် တုန်လှုပ်နေသည်။ သူက မင်းသမီးမင်မိန်ကို ကြည့်လိုက်ပြီး တစ်ဖက်လူ၏ မှတ်ချက်ပေးမှုကို စောင့်ဆိုင်းသည်။

အိမ်ရှေ့စံမင်းသားသည် နှုတ်ဆိတ်သွားသည်။

မင်းသမီးမင်မိန်သည် ပိုပြီးတိတ်ဆိတ်နေသည်။ ဤသည်မှာ သူက တွေးတောနေသည့်အလားပင်။ အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် သူက လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး ခေါင်းညိတ်လိုက်သည်။

တစ်ဖက်လူက သူ၏ အတွေးအား အသိအမှတ်ပြုသည်ကို မြင်သောအခါ ရွှီချင်းသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ၏ အရှေ့မှ မင်းသမီးမင်မိန်က အိမ်ရှေ့စံမင်းသားကပင် လေးစားရသောလူ အမှန်တကယ် ဖြစ်ထိုက်သည်ဟု သူခံစားမိသည်။ တစ်ဖက်လူ၏ စကားသည် သူ့ကို ဉာဏ်အလင်းရသွားစေသည်။

ရွှီချင်းသည် ထိုသို့ခံစားမှုမျိုးကို အလွန်သဘောကျသည်။ သူက လက်သီးဆုပ်လိုက်ပြီး မင်းသမီးမင်မိန်ကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး သူ၏ အတွေးကို ဆက်လက် ဆင်ခြင်သုံးသပ်ရန် နောက်ဖေးခန်းဆီသို့ တန်းမတ်စွာ ပြန်သွားသည်။

သူထွက်သွားပြီးနောက် မင်းသမီးမင်မိန်သည် လက်ဖက်ရည်ခွက်ကို ပြန်အောက်ချလိုက်ပြီး အိမ်ရှေ့စံမင်းသားကို လေးနက်စွာ ကြည့်လိုက်သည်။

အိမ်ရှေ့စံမင်းသားသည် ခါးသီးစွာ ပြုံးလိုက်ပြီး အသံပို့လွှတ်လိုက်သည်။

“ ငါ့တပည့်တစ်ပိုင်းရဲ့ နားလည်နိုင်စွမ်းက ဘယ်လိုလဲ… ကြောက်စရာမကောင်းဘူးလား ”

မင်းသမီးမင်မိန်သည် တည်ငြိမ်စွာ ပြောသည်။

“ စကားကို ဆင်ခြင်ပြောပါ… သူက နင့်ရဲ့ တပည့်တစ်ပိုင်းမဟုတ်ဘူး… တကယ်လို့ ဒီကောင်လေးက အခု သူနားလည်သွားတာကို သုံးလအတွင်း ပြီးမြောက်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင် နင်သူ့ကို ဆက်သင်ပေးစရာ မလိုတော့ဘူး ”

“ ငါကိုယ်တိုင် သူ့ကို သင်ကြားပေးမယ် ”

အချိန်သည် တရွေ့ရွေ့ ကုန်ဆုံးသွားပြီး သုံးရက်ကုန်လွန်သွားသည်။

ဤသုံးရက်အတွင်းမှာ ရွှီချင်းသည် ကျောက်ရှာအလင်းအပေါ် ဆင်ခြင်သုံးသပ်နေခဲ့သည်။ သူက နောက်ဖေးခန်းထဲမှာ ကျောက်ရှာအလင်းကို ဆက်လက် ဖြန့်ကြက်လိုက်ပြီး အသွင်ပြောင်းလဲရန် ကြိုးစားသည်။

ထိုလုပ်ငန်းစဉ်သည် အဆင်မချောမွေ့သော်လည်း ရွှီချင်းသည် အလျှော့မပေးပေ။ သူက ဆက်လက် စဉ်းစားနေပြီး မှတ်တင်တင်ကျောက်စိမ်းပြားကိုပင် တွေးမိသွားသည်။

All Chapters